← Chapters

ရုတ်တရက်သတင်းစကား၊ ပြင်ပမှခြိမ်းခြောက်မှု

Vol. 48 Ch. 893

ရုတ်တရက်သတင်းစကား၊ ပြင်ပမှခြိမ်းခြောက်မှု

Vol. 48 Ch. 893

ထွက်ပေါ်လာသောလူများသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ပင်ဖြစ်ပါသည်။

ကျန်းယွင်ချန်း၊ ဟွမ်းဝမ်ယုနှင့် ဟွမ်းလင်းအာတို့ရောက်ရှိလာသည်ကိုမြင်သောအခါ သူတို့ ၏ မျက်နှာများသည်ပျော်ရွှင်သောအမူအရာများ ဖြစ်သွားခဲ့လေသည်။

"ယွင်ချန်း၊ ညီအစ်ကို ဟွမ်းနဲ့ လင်းအာ မင်းတို့နောက်ဆုံးတော့ရောက်လာပြီ။"

"အကြီးအကဲတို့။"

"ညီအစ်ကိုကျန်း။"

"ညီအစ်ကိုကျန်း၊ ညီမရှန်း။"

မိတ်ဆွေဟောင်းများ ၏ ပြန်လည်ဆုံတွေ့မှုသည် သဘာဝအတိုင်း နွေးထွေးသော နှုတ်ခွန်းဆက် စကားများ ဖလှယ်ခြင်းကို ဖြစ်စေခဲ့သည် ။

စကားစမြည်ပြောပြီးနောက်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့နေထိုင်ရာ တိမ်တိုက်မြူ တောင်ထိပ်ဆီသို့ ခေါ်သွားခဲ့လေသည်။

စကားစမြည်ပြောဆိုခြင်းမှတဆင့်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နှစ်ပေါင်းများစွာအတွင်း အောက်နယ်ပယ်၏အခြေအနေကို လျှင်မြန်စွာသိခဲ့ရလေသည်။

အထူးသဖြင့် ကျန်းမိသားစုသည် ၎င်းတို့၏ မျိုးဆက်ငယ်အတွင်းတွင် အရည်အချင်းပြည့်ဝသော ကျင့်ကြံသူများစွာ ပေါ်ထွက်လာသည်ကို မြင်တွေ့ခဲ့ရပြီး တစ်ဦး သို့မဟုတ် နှစ်ဦးသည် တက်လှမ်းနိုင်သည့် အလားအလာရှိသည်ဟုဆိုသည်။

ကျန်းမိသားစုအပြင် အခြားအဓိကသန့်စင်သောမြေများသည်လည်း ထူးခြားသောလူငယ်မျိုးဆက် များကို ထွက်ပေါ်လာစေနိုင်ခဲ့သည်။

သို့သော် ဤလူပုဂ္ဂိုလ်များသည် ဝိညာဉ်ဖွဲ့စည်းမှု ၏ နှောင်းပိုင်းအဆင့်အထိ ကျင့်ကြံနိုင်ခြင်းရှိမရှိ နှင့် တက်ရောက်နိုင်ခြင်းသည် ၎င်းတို့၏ ကံကြမ္မာအပေါ်တွင် မူတည်သည် ။

နောက်ဆုံးတွင် အောက်နယ်ပယ်များတွင် အနည်းငယ်မျှသာ ဝိညာဉ်ဖွဲ့စည်းခြင်း၏ နောက်ပိုင်း အဆင့်သို့ ရောက်ရှိနိုင်ခဲ့ပြီး တက်လှမ်းနိုင်ခဲ့ပါသည် ။

နှစ်ပေါင်းများစွာအတွင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှလွဲ၍ ၎င်းတို့ ၏ နေရာမှ လူလေးဦးသာ တက်ရောက်နိုင်ခဲ့သည် ။

ကောင်းကင်အရှင်အဆုံးမဲ့ပင်လယ်နှင့် ရုန်ဟန်ကျီရှန်းတို့ကဲ့သို့ မိတ်ဆွေများသည် ယခုမူ သက်တမ်းကုန်ဆုံးခါနီးဖြစ်နေပြီး တက်ရောက်ခြင်းသည် မဖြစ်နိုင်တော့ပါ။

ဤသဘောပေါက်မှုသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား စိတ်ရှုပ်ထွေးစေခဲ့သည်။

ကျင်ကြံခြင်းလမ်းစဉ်သည် လူတိုင်းပြီးမြောက်နိုင်ခြင်းမရှိပေ။

ထိုသို့ စမ်းသပ်မှုနှင့်ခက်ခဲမှုများကို မကျော်ဖြတ်လျှင် သူတို့သည် လက်ရှိရာထူးကို ရရှိမည် မဟုတ်ပါ။

ထိုသို့ဆိုလျှင်ပင်၊ ထိုခရီးသည် မသေမျိုးနယ်ပယ်သို့တက်ရောက်ခြင်းသည် စိန်ခေါ်မှုများစွာ ရှိနေပါသေးသည်။

.....

ထိုနေ့တွင်။

ကျန်းချန်ရွှမ်၊ ဟွမ်းဝမ်ယုနှင့် အခြားသူများသည် အချိန်ကြာမြင့်စွာစကားပြောခဲ့ကြပြီး နောက်တစ်နေ့မနက် အာရုံတက်ချိန်မှသာ ရပ်ခဲ့ကြသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏အနာဂတ်အစီအစဉ်များကို မေးခွန်းထုတ်ခဲ့ကြပြီး ဟောက်ရန်ဂိုဏ်းတွင် ပါဝင်လိုခြင်းရှိမရှိမေးခဲ့သည်။ ကျန်းယွင်ချန်၊ ဟွမ်းဝမ်ယုနှင့် ဟွမ်းလင်းအာ တို့သည် တုံ့ဆိုင်းမနေတော့ဘဲ သူတို့၏ အကြံပြုချက်ကိုလိုက်နာလိုကြကြောင်းနှင့် ဟောက်ရန်ဂိုဏ်းသို့ ဝင်လိုကြောင်း ပြောကြားခဲ့သည်။

သူတို့ဆုံးဖြတ်ချက်ချပြီး သိပ်မကြာခင်ပင် သတင်းစကားတစ်ခုသည် ဟောက်ရန်ဂိုဏ်း၏ မဟာခန်းမအတွင်းသို့ ရောက်ရှိလာသည်။

အကြောင်းအရာများကို ဖတ်လိုက်သောအခါ ဂိုဏ်းချုပ်ရွယ်ပင်းသည် သူ၏ရှေ့မှ စားပွဲကိုရိုက်ခွဲသည်အထိ ဒေါသထွက်သွားခဲ့လေသည်။

သူသည် ချက်ချင်းပင် ကျန်းချန်ရွှမ်နှင့် အခြားသူများအား ထိုသတင်းကိုမျှဝေရန် ဆင့်ခေါ်လိုက်လေသည်။

ကျန်းချန်ရွှမ်နှင့်အခြားသူများသည် ၎င်းကိုဖတ်သောအခါအလွန်အံ့သြသွားကြသည် ။

ထိုသတင်းသည် ထျန်းယောင်နယ်မြေရှိ နတ်ဆိုးသားရဲများ၊ ချန်းဟိုင်နယ်မြေရှိ ပင်လယ်နက် လေလွင့်သူ များနှင့် ထျန်းလင်းနယ်မြေရှိ သွေးနှောများက ပူးပေါင်းကာ အသစ်ရှာဖွေ တွေ့ရှိထားသည့် လောကသစ်အား သူတို့အားလည်းဖွင့်ပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။

မလိုက်နာပါက ထိုနယ်မြေများမှ ရေတံခွန်ဂိတ်နယ်မြေအား ပူးပေါင်းတိုက်ခိုက်မည်ဟု ဆိုလေသည်။

၎င်းသည် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။

ထို့ပြင် ထိုသူများထံသို့ ဤသတင်းကို မည်သူက ပေါက်ကြားစေခဲ့ပါသနည်း?

ရေတံခွန်ဂိတ်နယ်မြေမှ အမျိုးမျိုးသော လူသားမဟုတ်သည့်မျိုးနွယ်များပါဝင်နေသည်မှာ ရှင်းလင်းပါသည်။

သူတို့သည် တိုက်ရိုက်တာဝန်မရှိလျှင်ပင် တစ်နည်းနည်းနှင့် ဆက်နွယ်နေခဲ့ကြပါသည်။

သိပ်မကြာခင်၌ပင် နတ်ဗိမာန်ဂိုဏ်း၊ နတ်ဘုရားအရိပ်ဂိတ်နှင့် ချင်မိသားစု စသည့် အခြားဂိုဏ်းနှင့် မိသားစုများသည် ဟောက်ရန်ဂိုဏ်းသို့ သတင်းစကားပေးပို့ကာ အလားတူ သတင်းများရရှိခဲ့ကြောင်း ပြောခဲ့ကြသည်။

ဤသည်မှာ ရေတံခွန်ဂိတ်နယ်မြေမှ ကျင့်ကြံသူအားလုံးအတွက် သည်းမခံနိုင်သော အခြေအနေဖြစ်သည် ။

ရေတံခွန်ဂိတ်နယ်မြေသည် အလွယ်တကူအနိုင်ကျင့်ကြံ၍ရသော နယ်မြေဟု အခြားသူများက ထင်နေပါသလား?

တုံ့ပြန်မှုအနေဖြင့် ဂိုဏ်းချုပ်ရွယ်ပင်းသည် ချက်ခြင်းပင် အကြီးအကဲကောင်စီအား ခေါ်လိုက်လေသည်။

သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းမှ ကိုယ်စားလှယ်များ အဖြစ် နတ်ဗိမာန်ဂိုဏ်းသို့စေလွှတ်ခဲ့သည် ။

နတ်ဗိမာန်ဂိုဏ်းသို့ ရောက်သောအခါ ၎င်းတို့ ၏ အသိမိတ်ဆွေ ကောင်းပိုင်ယွဲ့က ကြိုဆိုနှုတ်ဆက်လေသည် ။

မကြာခင်ပင် ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များနှင့် မိသားစုများသည် နတ်ဗိမာန်ဂိုဏ်း၏ ကောင်စီခန်းမ၌ စုဝေးခဲ့ကြပါသည်။

နတ်ဗိမာန်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်က လူစုအား လေးနက်သည့်အသံဖြင့်ပြောလိုက်သည်။

"အားလုံးပဲ၊ ခင်ဗျားတို့အားလုံး နတ်ဆိုးသားရဲတွေ၊ ပင်လယ်နက်လေလွင့်သူတွေနဲ့ သွေးနှောတွေ ဆီက သတင်ကို သိပြီးကြပြီလို့ထင်ပါတယ်။

သူတို့တွေက ကျွန်တော်တို့တွေ့ထားတဲ့လောကသစ်ကို မျှဝေပေးစေချင်နေကြတာ ဒါပေမဲ့ ဒါက လုံးဝမဖြစ်နိုင်တဲ့မေးခွန်းပါ။"

ထိုနယ်မြေများအား ရေတံခွန်ဂိတ်နယ်မြေနှင့် ဆက်စပ်နေသည့် လောကသစ်အားပေးလိုက်လျှင် သူတို့၏နယ်မြေအတွက် ချိန်းခြောက်မှုဖြစ်လာစေနိုင်ပါသည်။

ဤသည်မှာ ပါဝင်သူအားလုံးအတွက် အနီရောင်မျဉ်းပင်ဖြစ်သည်။

ထို့ကြောင့် ဝမ်ရှန်းထျန်း၏ ကြေငြာချက်အပြီးတွင် သူသည် ကျင့်ကြံသူများထံမှများပြားသောထောက်ခံမှုကို ချက်ချင်းရရှိခဲ့သည် ။

"ဂိုဏ်းချုပ်ဝမ် မှန်တယ်။ ဘယ်အခြေအနေမှာမှ သူတို့တောင်းဆိုချက်တွေကို သဘောမတူနိုင်ဘူး။"

"ကျွန်တော့်အမြင်အရဆိုရင် ကျွန်တော်တို့ရဲ့ ရေတံခွန်ဂိတ်မှာရှိတဲ့ လူသားမဟုတ်တဲ့ လူမျိုးအားလုံးကို အရင်ဆုံးသတ်ပစ်ရမယ်။"

“စစ်ဖြစ်ရင်လည်း ဖြစ်တယ် ။ ကျွန်တော်တို့ ရေတံခွန်ဂိတ်နယ်ပယ်အနေအထားနဲ့ ကျွန်တော်တို့ တကယ်ပဲ သူတို့ကိုကြောက်ရမှာလား?"

ဝမ်ရှန်းထျန်း၊ ကျန်းချန်ရွှမ် နှင့်အခြားသူများသည် လူတိုင်း၏ တုံ့ပြန်မှုကိုအတော်လေး ကျေနပ်ကြပါသည် ။

စေ့စပ်ညှိနှိုင်းဖို့ရန် နေရာသိပ်မရှိသည်မှာ သိသာပါသည်။

ဤအခြားနယ်မြေမှလူများသည် သူတို့၏လောက၏အခြေခံအုတ်မြစ်ကို ဝင်ရောက်စွက်ဖက်ရန် ကြိုးစားခြင်းကြောင့် ထိပ်တိုက်ရင်ဆိုင်ရန်မှာ ရှောင်လွဲ၍မရနိုင်ပါ။

ဝမ်ရှန်းထျန်းက ပြောကြားခဲ့သည် ။

"ခင်ဗျားတို့ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော်နားလည်ပါတယ် ။

လူတိုင်းကို ခေါ်ယူရတဲ့ အဓိကအကြောင်းရင်းကတော့ ကြုံတွေ့ရမဲ့ ပဋိပက္ခအတွက် မဟာဗျူဟာချမှတ်ဖို့ ဖြစ်ပါတယ်။"

ထိုသို့ဖြင့် ဝမ်ကျန်းချန်က အမျိုးမျိုးသောအင်အားစုများ၏ တာအိုများကို စတင်၍ ပြောပြလိုက်သည်။

အသက်အရွယ်အကြီးဆုံးနှင့် ရေတံခွန်ဂိတ်နယ်မြေတွင် စွမ်းအားအရှိဆုံးဂိုဏ်းအနေဖြင့် သူ၏စီစဉ်မှုသည် အကြောင်းရင်းနှင့် တရားမျှတမှုရှိပါသည်။

အမှန်ပင် ဝမ်ရှန်းထျန်းသည် လက်ရှိအခြေအနေအတိုင်းစီစဉ်ထားပြီး ဂိုဏ်းအသီးသီးနှင့် မိသားစုများအား သူတို့နှင့် နီးစပ်ရာဒေသများအလိုက် တာဝန်များ ပေးအပ်ခဲ့ပါသည် ။

အခြေအနေအား အားလုံး ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပြီးသည့်နောက်တွင် အစည်းအဝေးကို အပြီးသတ်ခဲ့သည်။

......

တစ်ချိန်တည်းတွင်။

ရေတံခွန်ဂိတ်နယ်မြေ၏ တံတိုင်းများအပြင်ဘက်၌ ကြမ်းတမ်းရက်စက်သည့် သက်ရှိများသည် ရှိနေပြီး သူတို့၏အေးစက်နေသည့်မျက်လုံးများသည် သူတို့၏ရှေ့ရှိ ရေတံခွန်ဂိတ်နယ်မြေပေါ်တွင် ရှိနေခဲ့သည်။

မြွေတစ်ကောင်က တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်သည်။

"အားလုံးပဲ၊ ရေတံခွန်ဂိတ်နယ်ပယ်ဟာ တူညီတဲ့လောကသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။

အသူရာနတ်ဆိုးတွေလည်း ရှိနေတယ်လို့ ကောလဟသလည်း ရှိနေပေမဲ့ မထိရသေးတဲ့ သယံဇာတတွေကလည်း မတွေးနိုင်လောက်အောင်ကြွယ်ဝစွာရှိနေပါသေးတယ်။

သူတို့ဟာ အဲ့ဒီသယံဇာတကို အပြည့်အဝအသုံးချနိုင်ခဲ့ရင် ငါတို့နယ်မြေတွေကို ချိန်းခြောက်မှု ပြန်ဖြစ်လာနိုင်စေတယ်။

ငါတို့ရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ ငါတို့ကသူတို့၏အခြေခံအုတ်မြစ်နဲ့ခွန်အားကို ပျောက်ပျက်သွားစေဖို့ အမြန်လုပ်ရမယ်။

သူတို့ကို အသူရာနတ်ဆိုးတွေနဲ့ ပြသနာတွေထဲကိုဆွဲသွင်းနိုင်ရင် ငါတို့ရဲ့ရည်ရွယ်ချက်တွေကို အဆင်ပြေစေလိမ့်မယ်။

ဘယ်လိုထင်လဲ?"

All Chapters