← Chapters

မျိုးနွယ်ခြားများ၏ ဆွေးနွေးညှိနှိုင်းမှု၊ လူသားများအားသတ်ဖြတ်ခြင်း

Vol. 48 Ch. 904

မျိုးနွယ်ခြားများ၏ ဆွေးနွေးညှိနှိုင်းမှု၊ လူသားများအားသတ်ဖြတ်ခြင်း

Vol. 48 Ch. 904

ကျန်းချန်ရွှမ် နှင့် သူ၏အဖွဲ့သည် မျိုးနွယ်ခြားများ ၏ နယ်မြေကို သတိကြီးစွာဖြင့် ဖြတ်သန်းသွား နေချိန်တွင် အဓိကမျိုးနွယ်ခြားအင်အားကြီးနယ်မြေအချို့ ၏ အဓိကနေရာများသည် လှုပ်ရှားမှုများဖြင့် စည်ကားနေခဲ့သည်။

ပြင်ပနယ်ပယ်သုံးခုမှ ရေတံခွန်ဂိတ်နယ်မြေကို ကျူးကျော်ဝင်ရောက်ခဲ့သော်လည်း ဤမျိုးနွယ်ခြားများ၏ နယ်မြေများတွင် နေထိုင်မှုသည် မည်သည့်နေ့မှ မပြောင်းလဲခဲ့ဟု ထင်ရပါသည် ။

မျိုးနွယ်ခြားများ၏ အုပ်ချုပ်မှုအဓိကနေရာတွင် မဟာကောင်စီခန်းမတစ်ခုရှီပြီး မျိုးနွယ်စု တစ်ခုဆီကမှ မပိုင်ဆိုင်ဘဲ သုံးခုပူးပေါင်းပိုင်ဆိုင်ခြင်းဖြစ်သည်။

လွန်ခဲ့သော ထောင်စုနှစ်က ၎င်းတို့ ၏ ဘိုးဘေးများသည် ၎င်းတို့ ၏ ပြည်တွင်းပဋိပက္ခများကို အဆုံးသတ်ပြီး ဤသုံးမျိုးစပ်ကောင်စီ ခန်းမကို တည်ထောင်ခဲ့ပြီး အလယ်ပိုင်းဒေသအတွင်း ပဋိပက္ခများကို တားမြစ်သည့် စည်းမျဉ်းတစ်ခုကို ချမှတ်ခဲ့သည် ။

လူမျိုးစုများအကြား ကြီးမားသောဆုံးဖြတ်ချက်များ သို့မဟုတ် အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများ ဖြစ်ပွားသည့်အခါတိုင်း ၊ သုံးဦးစလုံး ၏ အဆင့်မြင့်အဖွဲ့ဝင်များသည် ၎င်းတို့ကို ဤနေရာတွင် ဦးစွာဆွေးနွေးရမည် ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ဤနေရာသည် နတ်ဆိုးသားရဲများ ၊ပင်လယ်နက်လေလွင့်သူများနှင့် သွေးနှောများအကြား သဟဇာတဖြစ်မှုကို ထိန်းသိမ်းပေးသည့် ရေတံခွန်ဂိတ်၏ မျိုးနွယ်ခြားများ အတွက် မြင့်မြတ်သောနေရာတစ်ခုဖြစ်လာခဲ့သည် ။

ယနေ့တွင် ခန်းမသည် ၎င်းတို့ ၏ အနာဂတ်အတွက် အရေးပါသော ကိစ္စရပ်များကို ဆွေးနွေးရန် မျိုးနွယ်စုအသီးသီးမှ ထိပ်တန်းအဖွဲ့ဝင်များဖြင့် ပြည့်နေခဲ့လေသည်။

ခန်းမသည် မျိုးနွယ်စု တစ်ခုဆီမှ ကိုယ်စားလှယ်များနှင့် ပြည့်နေကာ သိသာစွာပင် တြိဂံစားပွဲ၏ တစ်ဘက်ဆီတွင် နေရာယူထားကြလေသည်။

ပင်လယ်နက်လေလွင်သူများမှ ဘီလူးကဲ့သို့ဖြစ်ကာ ကြမ်းကြုတ်သည့်အကြေးခွံများနှင့် ချွန်ထက်သောသွားများဖြင့် ပြည့်နေသည့် တာအိုဖွဲ့စည်းခြင်းသူတော်စင်တစ်ဦး ရှိပါသည်။

အခြားပင်လယ်နက်လေလွင့်သူမှာ ရေယက်များ၊ အမြီးများနှင့် လက်များရှိနေကြကာ သန်မာသည့် ရေဒြပ်စင်ချီက လည့်ပတ်နေလေသည်။

ပင်လယ်နက်လေလွင့်သူများ၏ဆန့်ကျင်ဘက်တွင် သာမန်အသွင်အပြင်ရှိသည့် သွေးနှောမျိုးနွယ် ကျင့်ကြံသူရှိပြီး လူသားများနှင့် ပုံပန်းသွင်ပြင်အနည်းငယ်ကွာခြားကာ အေးစက်သောမျက်လုံး များနှင့် ရောင်ဝါများသည် ရစ်ပတ်နေပြီး သူတို့၏ပုစံအစစ်အမှန်ကို ဖုံးကွယ်ထားပုံရပါသည်။

သူတို့၏ ခိုးယူမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများကြောင့်လူသိများကာ သွေးနှောများ သတ်ခဲ့သည့် သူကသာ သူတို့၏မျက်နှာအစစ်အမှန်ကိုမြင်နိုင်သည်ဟု ဆိုကြသည်။

သူတို့ထဲတွင် များစွာသော တာအိုဖွဲ့စည်းခြင်းသက်ရှိများစွာရှိကာ အထင်သေး၍မရပါ။

နောက်ဆုံးတွင် နတ်ဆိုးသားရဲမျိုးနွယ်၏ အဖွဲ့ဝင်များဖြစ်ပြီး သူတို့၏ မကောင်းဆိုးဝါးဆန်သည့် ပုံစံများသည် ကောင်စီခန်းမထဲတွင်ဝင်ဆံ့စေရန်အတွက် အရွယ်အစားများကို သေးထားကြလေသည်။

နတ်ဆိုးသားရဲမျိုးနွယ်သည် ၎င်း၏ ရိုးရှင်းပြီးထူးဆန်းသောသဘာဝကြောင့်လူသိများပြီး လူသားပုံစံများသို့ ပြောင်းလဲခြင်းကို မနှစ်သက်ပါ ။

ထိုမျိုးနွယ်သုံးခုအနက် နတ်ဆိုးသားရဲမျိုးနွယ်စုသည် အလွန်ကျယ်ပြန့်သည့်စွမ်းအားများရှိကာ အထူးသဖြင့် ရေတံခွန်ဂိတ်နယ်မြေရှိ နတ်ဆိုးသားရဲအများစုသည် အာရုံခံစားသိမြင်တတ်ပါသည်။

ထို့ကြောင့် မျိုးနွယ်ခြားဖြစ်သော်လည်း နတ်ဆိုးသားရဲများသည် လျှင်မြန်စွာ ပြန့်ပွားလာပြီး မျိုးနွယ်စုသုံးခုထဲတွင် အင်အားအကြီးဆုံးဖြစ်ကာ တာအိုပေါင်းစည်းခြင်းသူတော်စင်များစွာရှိပြီး တာအိုနက်နဲအဆင့် ခေါင်းဆောင်များပင်ရှိပါသည်။

သူတို့၏ခေါင်းဆောင်များသည် မဟာယနသို့ ချိုးဖောက်သည့်အခါ ချက်ခြင်းပင် သူတို့အား အရှင်သခင်အင်အားစုအဖြစ် အဆင့်မြင့်သွားနိုင်မည်ဖြစ်သည်။

နတ်ဆိုးသားရဲမျိုးနွယ်၏ ခေါင်းဆောင်နေရာကို မျက်လုံးလေးလုံးနှင့် ကြီးမားသော ကျားကြီးက ရရှိထားပြီး အလောင်းကောင်များနှင့် သွေးများဖြင့် ပေကျံနေသည့်နေရာတစ်ခုအဖြစ် ရောင်ဝါများ ထွက်ပေါ်နေပါသည်။

"လူတိုင်းရောက်လာကြပြီလား?" မျက်လုံးလေးလုံးနှင့်ကျားက လည့်ပတ်ကြည့်ကာ ဖြည်းဖြည်းမေးလိုက်သည်။

“ပင်လယ်နက်လေလွင့်သူတွေရောက်ပါပြီ။" အပြာရောင်အကြေးခံများနှင့် သူ၏ပုခုံး၌ မြွေခေါင်းနှစ်ခုပါဝင်သော ပင်လယ်နက်သူတော်စင်က ဖြေဆိုလိုက်လေသည်။

"ကောင်းတယ်။"

မြူမျက်နှာဖုံး၏အောက်မှ မျက်နှာပုံစံအမျိုးမျိုးပြောင်းလဲနေသည့် သွေးနှောအကြီးအကဲ သည်လည်း တုံ့ပြန်လိုက်သည်။

"ပထမဆုံးခေါင်းစဉ်ကို ဆွေးနွေးကြတာပေါ့။" မျက်လုံးလေးလုံးနှင့် ကျားသည် တည့်ပင် တုံ့ဆိုင်းခြင်းမရှိဘဲ ပြောကြားလိုက်သည်။

"မကြာခင်က ကျုပ်တို့ ရေတံခွန်ဂိတ်နယ်မြေရဲ့ ခုခံရေးအတားအဆီးတွေကို နှောက်ယှက်ဖို့ လူတွေခန ခနပို့ခဲ့တယ်။

ဒါက လူသားကျင့်ကြံသူတွေဆီကနေတုံ့ပြန်တာကို ခံလာရနိုင်တယ်။ ခင်ဗျားတို့အတွေးကကော ဘယ်လိုရှိလဲ?"

"ဒီလူသားတွေက ပြင်ပက အင်အားသုံးခုကိုရင်ဆိုင်ရတာနဲ့တင် ကြံရာမရဖြစ်နေလောက်ပါပြီ။ လက်တုံ့ပြန်မှုအကြောင်း ပြောမလား? ကျုပ်ထင်တာကတော့ သူတို့အကျပ်အတည်းဖြစ်နေမှာပါ။" ပုခုံး၌မြွေနှစ်ကောင်ရှိသော ပင်လယ်နက်လေလွင့်သူက မှတ်ချက်ပြုလိုက်သည်။

"အင်း။" ကျားနတ်ဆိုးသည် ဤစကားကိုကြားလျှင် တွေးတောဆင်ခြင်ကာ သွေးနှောအကြီးအကဲကို လှည့်ကြည့်လိုက်သည် ။

“လူသားတွေက ဒါကို ဒီအတိုင်းထားမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ် ။ သူတို့က အခွင့်အရေးရရင် ကျုပ်တို့ကို ပြဿနာ ရှာကြလိမ့်မယ်။” စဉ်းစား ဆင်ခြင် ပြီး နောက် သွေးနောအဖွဲ့၏ အကြီးအကဲက ပြောလိုက်သည်။

"အိုး? နယ်မြေသုံးခုက လူသားတွေကို ဒီလိုအခွင့်အရေးပေးလိမ့်မယ်လို့ မင်းတကယ်ထင်သလား ။" ပင်လယ်နက်သူတော်စင်က ချက်ချင်းဆိုသလို မေးလိုက်သည် ။

"ကျုပ်သိတာက အကယ်၍ ကျုပ်မျိုးနွယ်သာဆိုရင် ကျုပ်ရဲ့ရန်သူကို လွယ်လွယ်နဲ့ ခွင့်လွတ်ပေးမှာ မဟုတ်ဘူး။" သွေးနှောမျိုးနွယ်က အေးစက်စွာ တုံ့ပြန်လိုက်လေသည်။

လေထုက ရုတ်တရက် တင်းမာသွားကာ ထိုစကားလုံးများသည် များစွာသောကျင့်ကြံသူများအား ဖြတ်သွားခဲ့သည်။

တကယ်ပင် အကယ်၍ တူညီသော အခြေအနေတွင်ဖြစ်ပါက သူတို့သည် ရန်ငြိုးအားလွယ်ကူစွာ လွတ်ပေးနိုင်မည်မဟုတ်ပေ။

ထိုကြောင့်၊ လူသားများသည် ထိုဝမ်းနည်းစရာကိစ္စအား မျိုသိပ်နေမည်လား?

မည်သူမှ အာမ,မခံနိုင်တော့ပေ။

ထို့ကြောင့် ပင်လယ်နက် လေလွင့်သူများသည်ပင် တိတ်ဆိတ်သွားကြသည်။

"သူတော်စင်အရိပ်ရဲ့စကားတွေက အကြောင်အရင်းမရှိတာမဟုတ်ဘူး။ ဒါ့အပြင် ၊ လူသားများ လာသည်ဖြစ်စေ ၊ မလာသည်ဖြစ်စေ ကျုပ်တို့က ကျုပ်တို့ရဲ့ ခုခံကာကွယ်မှုကို ခိုင်မာအောင် လုပ်သင့်တယ်။" ကျားသစ် နတ်ဆိုးသားရဲက ဖြည်းဖြည်းချင်းပြောခဲ့သည် ။

ဤတစ်ခေါက်တွင် ဘယ်သူမှ မငြင်းဆန်ကြဘဲ အားလုံးက သဘောတူလက်ခံခဲ့ကြပါသည်။

ဘေးအန္တရာယ်ကျရောက်တော့မည့်ခံစားချက်က လူတိုင်းကို ပြင်ဆင်နိုင်စေပြီး အန္တရာယ်ကို လျော့ချနိုင်ပါသည်။

တာအိုပေါင်းစည်းခြင်းသို့ရောက်ရှိလာသော ကျင့်ကြံသူများအနေဖြင့်သူတို့အားလုံးသည် ဤမူကိုရှင်းရှင်းလင်းလင်းနားလည်ကြသည် ။

“ကြိုတင်ပြင်ဆင်ထားရုံနဲ့ မလုံလောက်ဘူးလို့ ငါထင်တယ် ။ အကယ်၍ ကျွန်တော်တို့သာ ကင်းပုန်းချထားနိုင်ရင် လာမဲ့ကျင့်ကြံသူတွေကို ရှင်းလင်းလို့ရတယ်။ အဲ့တာက ပိုမကောင်းဘူးလား?" ရုတ်တရက် ပင်လယ်နက်လေလွင့်သူ သန့်ရှင်းသူတစ် ဦး ကအကြံပြုသည် ။

ထိုသို့ ဆိုးယုတ်သည့်ကြံစည်မှုအား အကြံပြုချက်က နတ်ဆိုးသားရဲများကြား ချက်ခြင်ပင် ဆွေးနွေးငြင်းခုံမှုကို ဖြစ်ပေါ်စေခဲ့သည်။

"ဟုတ်တယ် ၊ လူသားကျင့်ကြံသူတွေလာရင်တောင် ငါတို့မျိုးနွယ်သုံးခုက ကြောက်ရမှာလား ။

အဲ့ဒီအစား ငါတို့ သူ့တို့လူသားကျင့်ကြံသူတွေ သတိမထားမိတဲ့အချိန်မှာ စပြီးတိုက်ခိုက်သင့်တယ်။

လူသားမျိုးနွယ်ရဲ့ အင်အားကို အားနည်းအောင်လုပ်လိုက်ရင် ၊ အဲ့တာက ကျုပ်တို့ကို ပိုပြီးကောင်းမွန်တဲ့ အခွင့်အလမ်းကို ပေးနိုင်တယ်မဟုတ်လား?"

ဤအဆိုပြုချက်သည် နတ်ဆိုးသားရဲမျိုးနွယ်စုမှ အများ ၏ ထောက်ခံမှုကို ရရှိရန် အချိန်မကြာခဲ့ပေ ။

သူတို့သည် ဇာတိအရ ရန်လိုပြီး ပုန်းကွယ်ခြင်းကိုမနှစ်သက်ကာ သတ်ဖြတ်ခြင်းကို ပိုနှစ်သက်ကြသည် ။

"အင်း၊ ချုံခိုတိုက်ခိုက်ဖို့ စီစဉ်တာက သွေးနှောတွေရဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီတယ်။" သွေးနှောသူတော်စင်တစ်ဦးက တည်ငြိမ်စွာဖြင့်ပြောလိုက်လေသည်။

"ကျုပ်တို့ ထောင်ချောက်တွေချထားသရွေ့ လူသားအင်အားစုတွေ ဖိအားပေးနေရင်တောင် ကျုပ်တို့ရဲ့ ခုခံကာကွယ်မှုတွေကို ချိုးဖောက်ဖို့ ရုန်းကန်ရလိမ့်မယ် ။"

သို့သော် ထိုအချိန်တွင် မျက်လုံးလေးလုံးရှိသော ကျားသားရဲသည် မျက်ခုံးများကို ကုပ်လိုက်သည်။

အမှန်မှာ သူသည် နတ်ဆိုးသားရဲမျိုးနွယ်စု၏ ခေါင်းဆောင်အစစ်မဟုတ်ခဲ့ပါ။

သူရရှိခဲ့သော ညွှန်ကြားချက်က သူ၏ မျိုးနွယ်ကို သတိထားရန် သေချာစေဖို့သာ ဖြစ်ပေသည် ။

လူသားများကိုသတ်ဖို့ရန်ထောင်ချောက်ဆင်ခြင်းမှာ ထိုအကြံပြုချက်အား ဆုံးဖြတ်ရန် သူ့ဆီ၌ အခွင့်မရှိပါ။

လူသားများ စေလွတ်ထားသည့်ကျင့်ကြံသူများအား ခုံခိုတိုက်ခိုက်ခြင်းက သူတို့နှင့် ပွင့်ပွင့်လင်းလင်း ကျူးလွန်သည့် လုပ်ရပ်တစ်ခုဖြစ်ပါလိမ့်မည်။

ရေတံခွန်ဂိတ်နယ်မြေမှ မျိုးနွယ်ခြားများ နှင့် လူသားများ အကြား အမြဲ ပွတ်တိုက်မှုများရှိကာ ရံဖန်ရံခါ လူတစ် ဦး သို့မဟုတ် နှစ် ဦး သေဆုံးခဲ့ရသော်လည်း ၎င်းသည် ဂိုဏ်းများအကြား ပြသနာဟုသာဆုံးဖြတ်နိုင်ပါသည်။

သို့သော် အဆင့်မြင့်ကျင့်ကြံသူအုပ်စုတစ်စုကို ချုံခိုတိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်အတွက် လုံးဝလက်မခံနိုင်သောအရာတစ်ခု ဖြစ်လာပါလိမ့်မည် ။

ထိုအချိန်တွင် မျိုးနွယ်ခြားသုံးခုသည် လူသားများနှင့် စစ်ပွဲဖြစ်ရန်မှလွဲ၍ ရွေးချယ်စရာရှိတော့မည် မဟုတ်ပါ။

ပြင်ပမှ နတ်ဆိုးသားရဲများ ပင်လယ်နက်လေလွင့်သူများနှင့် သွေးနှောများသည် ယခုအခါလူများနှင့် စစ်တိုက်နေသော်လည်း သူတို့အား အမှန်တကယ်ယုံကြည်စိတ်ချနိုင်ပါသလား?

ပြီးနောက် အကယ်၍ မျိုးနွယ်သုံးခုတည်းသာ လူသားများအားရင်ဆိုင်လျှင် အောင်ပွဲက မဖြစ်နိုင်ပါ။

All Chapters