← Chapters

စနစ်၏ဆုလာဘ်၊ အတားအဆီးအတွင်းသို့ ဝင်ရောက်လာခြင်း

Vol. 49 Ch. 921

စနစ်၏ဆုလာဘ်၊ အတားအဆီးအတွင်းသို့ ဝင်ရောက်လာခြင်း

Vol. 49 Ch. 921

ကျန်းချန်ရွှမ်၏ စိတ်အားထက်သန်သော မျှော်မှန်းချက်အောက်တွင် စနစ် ၏ အသံသည် ဆက်လက်ထွက်ပေါ်နေသည် ။

[သင်သည်စနစ်ကဆုလာဘ်ကို လက်ခံရရှိပါသည်။ တွက်ချက်ခြင်းပုတီးတစ်ခု။]

[သင်သည်စနစ်ကဆုလာဘ်ကို လက်ခံရရှိပါသည်။ ကောင်းကင်ဆက်ဝိညာဉ်ရတနာ အစူရာကောင်းကင်တံဆိပ်တစ်ခု။ ဤရတနာသည် ခုခံကာကွယ်ခြင်းဝိညာဉ်ရတနာတစ်ခုဖြစ်ပြီး နည်းစနစ်အားလုံးကို ခုခံနိုင်သော လက္ခဏာရပ်ကိုပိုင်ဆိုင်ထားပါသည်။]

ဤနောက်ဆုံးဆုသည် ကျန်းချန်ရွှမ်အား လှုပ်ခတ်သွားပြီး သူ၏နှလုံးသားသည် တစ်ချက်ခုန်သွားခဲ့သည်။

သူ၏ကောင်းကင်ဘုံတွက်ချက်မှုနည်းစနစ်ကို တိုးတက်စေရန်အတွက်အရေးကြီးသည့် အလွန်ရှားပါးသော တွက်ချက်ခြင်းပုတီးအပြင် သူသည် ကောင်းကင်ဆက်ဝိညာဉ်ရတနာတစ်ခု ကိုလည်း ချီးမြင့်ခံခဲ့ရပါသည်။

အမှန်ပင် ၎င်းသည် ကြီးကျယ်သည့်ဆုတစ်ခုဖြစ်သည်။

ထိုအတွေးဖြင့် သူသည် အစူရာကောင်းကင်တံဆိပ်ကို သူ့လက်ထဲသို့ ဆင့်ခေါ်လိုက်ပြီး အနီးကပ် စူးစမ်းလိုက်သည် ။

၎င်းသည် သိမ်မွေ့နူးညံ့သောရတနာအလင်းဖြင့်တောက်ပနေပြီး အကြမ်းဖျင်းလက်ဖဝါးဆိုဒ်ရှိပြီး ပဥ္စဂံပုံစံရှိကာ မင်္ဂလာသားရဲက အမျိုးမျိုးသောအနေအထားဖြင့် ပျံဝဲနေပုံများ ရေးထိုးထားပြီး ရှေးဟောင်းကျ၍ လွှမ်းမိုးနိုင်သောပုံစံနှင့် အလယ်ဗဟိုတွင် အစူရာကောင်းကင်ဟု ပုံဖော်ထားလေသည်။

ကျန်းချန်ရွှမ်သည် ပေါ့ပါးစွာဖြင့် သူ၏ဝိညာဉ်ချီဖြင့် အစူရာကောင်းကင်တံဆိပ်ကို အသက်သွင်း လိုက်သည်။

ရုတ်တရက် တံဆိပ်သည် ရောင်ခြည်ဖြင့်ပေါက်ထွက်လာ၍ မင်္ဂလာသားရဲများ၏ စိတ်ကူးယဉ်ပုံရိပ်များ ပေါ်ထွက်လာကာ သူ့ပတ်ပတ်လည် လှည့်ပတ်နေပြီး အကာအကွယ်ဒိုင်းတစ်ခု ဖွဲ့စည်းလိုက်သည်။

ထိုဒိုင်းသည် ကျန်းချန်ရွှမ်အား နယ်မြေနံရံကဲ့သို့ခံစားချက်မျိုးပေးကာ ဆန်းကြယ်နက်နဲပါသည်။

သူ့စိတ်နှလုံးထဲမှ ချီးမွမ်းလိုက်သည်။ ဤသည်မှာ အမှန်တကယ် ထိပ်တန်း ဝိညာဉ်ရတနာတစ်ခု ဖြစ်ပါသည် ။

ရေတံခွန်ဂိတ်နယ်မြေတွင် ကောင်းကင်ဆက်ဝိညာဉ်ရတနာများသည် အလွန်ရှားပါးသည်ကို သိရှိရမည်ဖြစ်သည်။

ပို၍ ရှားပါးသည်မှာ ၎င်းတို့၏ အသုံးပြုသူနှင့် ပဲ့တင်ထပ်၍ သဟဇာတဖြစ်သောပစ္စည်းပင် ဖြစ်သည်။

တာအိုဖွဲ့စည်းခြင်းကျင့်ကြံသူများ ကိုင်ဆောင်သောကောင်းကင်ဆက်ဝိညာဉ်ရတနာများကို ပုံမှန်ဝိညာဉ်ရေးရာဘဏ္ဍာများအား စဉ်ဆက်မပြတ်ပြုပြင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ခြင်းမှ တစ်ဆင့် ပြောင်းလဲလေ့ရှိသည်။

ဤနည်းဖြင့်သာ ၎င်းတို့သည် ၎င်းတို့ ၏ ပိုင်ရှင်နှင့် အမှန်တကယ်အတူတကွဖြစ်လာနိုင်သည်။

စနစ်ကပေးအပ်သည့် အစူရာကောင်းကင်တံဆိပ်ကမူ ကျန်းချန်ရွှမ်အတွက်တားမြစ်ချက်မရှိပေ။

၎င်းသည် ရာစုနှစ်များစွာကပင် သူ၏ကံကြမ္မာနှင်ံဆိုင်သည့် ဝိညာဉ်ရတနာကဲ့သို့ဖြစ်နေ‌လေသည်။

၎င်းသည် စနစ်၏ထူးခြားချက်ပင်ဖြစ်သည်။

အဇူရာကောင်းကင်တံဆိပ်နှင့် ရင်းနှီးအောင်လုပ်ပြီးနောက် ကျန်းချန်ရွှမ်သည် သိမ်းဆည်းလိုက်လေသည်။

ပြီးနောက် တွက်ချက်ခြင်းပုတီးစေ့ကိုမူ မကြည့်တော့ဘဲသိမ်းလိုက်ကာ သူအချိန်ရလျှင် သူ၏ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်ကို အဆင့်မြင့်မည်ဖြစ်သည်။

ပဉ္စမအဆင့်ကောင်းကင်တွက်ချက်မှုနည်းပညာသည် ဝိညာဉ်နယ်ပယ်ရှိ အရာအများစုကို ကြိုတင်ခန့်မှန်းနိုင်ပြီးဖြစ်သည် ။

အကယ်၍ ၎င်းကိုအဆင့် ၆ အထိအဆင့်မြှင့်တင်နိုင်ပါက ၎င်းတွင်မည်မျှရှိန်လောက်မည့် အကျိုးသက်ရောက်မှုများ ရှိနိုင်သည်ကို မည်သူသိသနည်း။

ကျန်းချန်ရွှမ်သည် မျှော်လင့်ချက်နှင့် ပြည့်နေသည် ။

သို့သော် ယခုအချိန်သည် သူ၏ ကောင်းကင်တွက်ချက်မှုနည်းစနစ်ကို အဆင့်မြှင့်တင်ရန် အကောင်းဆုံးအချိန်မဟုတ်ခဲ့ပေ ။

တာအိုပေါင်းစည်းခြင်းအဆင့်သို့ဝင်ရောက်လာသော သူ့အတွက်မူ သူ၏နယ်ပယ်အား ခိုင်မာအောင်ပြုလုပ်ရန်မှာ အဓိကဦးစားပေးဖြစ်ပါသည်။

ထို့ကြောင့် တုံ့ဆိုင်းခြင်းမရှိဘဲ ကျန်းချန်ရွှမ်သည် သူ၏အဆင့်ခိုင်မာစေရန်အတွက် တရားထိုင်ခြင်းကို ထပ်မံစတင်ခဲ့သည်။

ဒြပ်စင်ငါးပါးတာအိုသည် သူ၏ပတ်ပတ်လည်၌ စတင်၍ ထင်ရှားလာကာ နေရာလပ်ထဲ၌ လောကသစ်တစ်ခု ပျံ့နှံ့လာခဲ့သည်။

ထိုအချိန်တွင် သူ၏နောက်မှ ဒြပ်စင်ငါးပါးသည် သီးသန့်မဟုတ်တော့ဘဲ သူနှင့် တသားတည်း ဖြစ်လာခဲ့သည်။

အသက်ရှူသွင်းရှူထုတ်တိုင်း ဒြပ်စင်ငါးခု၏ လောကသည် ပြောင်းလဲသွားပြီး နေ့ရောညပါ လည့်ပတ်ကာ ကြီးကျယ်၍ ခမ်းနားနေလေသည်။

ထိုမြင်ကွင်းမှတဆင့် အရှေ့ကောင်းကင်ပိုင်နက်သို့ရောက်ရှိသွားသည်။

စစ်မြေပြင်တွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများသည် လနဲ့ချီ ကြာမြင့်နေခဲ့ပြီဖြစ်သည်။

တစ်ဖက်တွင် နတ်ဆိုးသားရဲသုံးကောင်သည် သူတို့၏မျက်လုံးများနီရဲကာ သူတို့၏ခန္ဓာကိုယ်များသည် နတ်ဆိုးစွမ်းအားများမြင့်တက်လာပြီး ကောင်းကင်ထိမြင့်တက်နေသော သတ်ဖြတ်ခြင်းရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။

ထိုမတိုင်မီ အရှေ့ကောင်းကင်ပိုင်နက်၏အတားအဆီးသည် တစ်သျူးကဲ့သို့အလွန်ပါးလွှာ မှေးမှိန်နေပြီ ဖြစ်သည်။

"ချိုးဖျက်ကြ။"

နတ်ဆိုးသားရဲသူတော်စင်သုံးယောက်သည် တပြိုင်နက်တည်းဖြင့် သူတို့၏အတားအဆီးဖောက် ရတနာများကို ထုတ်လွတ်လိုက်ကာ အတားအဆီးတစ်လျှောက်အစိမ်း၊ အဝါနှင့် အနီရောင် အလင်းတန်းများ ပေါက်ထွက်လာခဲ့သည်။

ဝုန်း....!

ထိုအချိန်တွင် ၎င်းသည် ကောင်းကင်က ပြိုကျလုနီးပါးဖြစ်နေကာ နက်ရှိုင်းသော ခေါင်းလောင်းကဲ့သို့ မိုးချိုန်းသံသည် ချက်ခြင်းပင် အရှေ့ကောင်းကင်ပိုင်နက်တစ်လျှောက် ပျံ့နှံ့သွားသည်။

ခဏအကြာတွင် ထိုနေရာကို အားလုံးက အာရုံစိုက်လာကြပြီး တိုက်ပွဲဝင်နေကြသူများက ၎ င်းတို့ ၏ တိုက်ပွဲများကို ခဏရပ်တန့်လိုက်ကြသည် ။

မိုးကောင်းကင်အထက်တွင် ရောင်ခြည်အလင်းနောက်သို့ လိုက်သော ကျယ်ပြန့်သော အပိုင်းအစတစ်ခု မြေကြီးပေါ်သို့ ပြုတ်ကျသွားသည် ။

အရှေ့ကောင်းကင်ပိုင်နက်၏ အတားအဆီးတွင် ကြီးမားသော ကျိုးပေါက်ရာတစ်ခု သိသာထင်ရှားနေခဲ့သည်။

မှောင်မိုက်သော နတ်ဆိုးချီသည် အနက်ရောင်မုန်တိုင်းတစ်ခုကဲ့သို့ လေဖြင့် အရှေ့ကောင်းကင်နယ်မြေထဲသို့ ပြေးဝင်သွားခဲ့သည်။

နတ်ဆိုးသားရဲများ၏ မဆုတ်မနစ်တိုက်ခိုက်မှုအောက်တွင်အရှေ့ကောင်းကင်ပိုင်နက်၏ အတားအဆီးနံရံသည် နောက်ဆုံးတွင် ကျိုးပေါက်သွားခဲ့သည်။

ထိုအခါ နတ်ဆိုးသားရဲတို့၏သွေးများဆူပွက်လာကြကာ တစ်ကောင်ချင်းဆီသည် ကောင်းကင်သို့မော့ကာ ဟိန်းလိုက်ကြသည်။

နတ်ဆိုးသားရဲသူတော်စင်ငါးဦးသည် ရက်စက်ကြမ်းကြုတ်ကာ စိတ်လှုပ်ရှားစွာ လှောင်နေကြသည်။

"ကောင်းတယ်။ ကောင်းပြီ။ နောက်ဆုံးတော့ အပေါက်ကြီးတစ်ခုလုပ်ပြီးပြီ။ ငါကအရင်ဝင်မယ့်သူ ဖြစ်လိမ့်မယ်။"

တောင်ရွေ့လျားသူမျိုးနွယ်မှ သူတော်စင်တိုက်တန်သည်ချက်ချင်းပြောင်းလဲသွားပြီး ၁၀ ပေအရွယ်အစားသို့ကျုံ့သွားကာ အတားအဆီးအတွင်းသို့ ၀င်ရောက်ရန် ရည်ရွယ်နေသည် ။

"ဟမ်၊ သဘာဝကျကျဆို ငါက ပထမဖြစ်သင့်တယ်! ငါ့လမ်းကနေ ဖယ်စမ်း!"

သူတော်စင်ငရဲမင်းသည် ဓားသွားအဖြစ်ပြောင်းလဲကာ ချက်ခြင်းပင် မီတာရာချီဖုံးလွှမ်းလိုက်ပြီး အတားအဆီး၏အပေါက်ဆီသို့ ဦးတည်သွားခဲ့လေသည်။

ထိုနှစ်ဦးမှ ဦးဆောင်၍ များစွာသော နတ်ဆိုးသားရဲများသည် သွေးများဆူပွက်၍ အတားအဆီးသို့ ဦတည်ကာ ပျံသန်းနေကြသည်။

အရှေ့ကောင်းကင်ပိုင်နက်မြေမှ သူတို့ရန်သူ၏လတ်ဆတ်သော သွေးကိုသောက်နိုင်ရန် စိတ်အားထက်သန်နေကြသည်။

ထိုမြင်ကွင်းကိုမြင်လျှင် အရှေ့ကောင်းကင်ပိုင်နက်ကို ကာကွယ်နေကြသည့် ကျင့်ကြံသူများသည် ဒေါသဖြင့်ပြည့်နေကြလေသည်။

သူတို့အထဲ၌ စိတ်ဆုံးဖြတ်ချက် တိုးမြင့်လာခဲ့သည် ။

ယခု စတင်ခဲ့သောအရာသည် အရှေ့ကောင်းကင်ပိုင်နက်အတွက် အရေးအကြီးဆုံးနှင့် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲဖြစ်သည် ။

နတ်ဆိုးသားရဲများသည် အနီးကပ်တိုက်ခိုက်ရာတွင် သဘာဝအလျောက် အသာစီးရခဲ့ကြပြီး ရန်သူဝင်လာပြီးနောက် အစီအရင်တော်တော်များများသည် ထိရောက်မှုမရှိတော့ပေ။

နတ်ဆိုးစစ်တပ်ကို ဆန့်ကျင်မည့် သွေးစွန်းသည့် အဆုံးစွန်ဆုံးစစ်ပွဲတစ်ခုသာကျန်ရှိတော့ပေသည်။

"အတားအဆီးပေါ်က ကျိုးပေါက်နေတဲ့နေရာကို တိုက်ခိုက်ကြ။ သူတို့ကို ဝင်ခွင့်မပြုနဲ့။"

ရှန်းရူယန်သည် ရှေ့သို့ရွေ့သွားပြီး သူမ၏ လက်ဖြင့် မန္တာန်များဖွဲ့ကာ ဖျက်ဆီးခြင်းဆန္ဒဖြင့် ကျိုးပေါက်နေသည့်နေရာဆီသို့ ဒြပ်စင်ငါးပါးနတ်မိုးကြိုးကို ပို့လွှတ်လိုက်သည်။

ကျင့်ကြံသူများသည် ရန်သူများကို ဤမျှလွယ်ကူစွာဝင်ခွင့်ပြုနိုင်ခြင်းမရှိကြောင်း သတိပြုမိသွားသည်။

သူတို့သည်လည်း သူတို့၏နတ်ဘုရားစွမ်းအားများကိုထုတ်ကာ ကျိုးပေါက်နေသည့်နေရာသို့ ပစ်လွှတ်လိုက်လေသည်။

ဂျုန်း...

ဦးဆောင်လာကြသော သူတော်စင်ငရဲမင်းနှင့် သူတော်စင်တိုက်တန်တို့သည် တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်းသိလိုက်ရပြီး ထွက်ပြေးသွားကြသည် ။

သို့သော်လည်း ၎င်းတို့နောက်လိုက်သည့် နတ်ဆိုးဗိုလ်ချုပ်များသည် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ များစွာသော မန္တာန်များကြောင့် အပိုင်းအစများအဖြစ်သို့ ပေါက်ကွဲသွားခဲ့သည် ။

နတ်ဆိုးနှစ်ဦး၏ ထိုလုပ်ရပ်သည် မငြင်းဆန်နိုင်စွာပင် များစွာသောနတ်ဆိုးများအား ထောင်ချောက်မိစေခဲ့သည်။

သူတော်စင်နှင်းဆီတိမ်တိုက်၏ မျက်မှောင်ကုပ်သွားပြီး သူမ၏ ကြီးမားသော မြွေမျက်လုံးများ ထဲတွင် ရောင်စုံအလင်းရောင် တောက်ပလာလေသည် ။

သူမ၏ ပါးစပ်ကိုဖွင့်လိုက်သောအခါ ရောင်စုံအဆိပ်အတောက်များနှင့်ထူထပ်သော တိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီး ၎ င်းသည် အလင်းတန်းအဖြစ်စုစည်းသွားကာ အတားအဆီး၏ အခြားတစ်ဖက်သို့ ပစ်ခတ်ရန် ရည်ရွယ်ထားလေသည်။

"လူခွဲကြ။"

လူအုပ်ထဲမှ တစ်ဦးက အော်ဟစ်လိုက်ပြီး ကျင့်ကြံသူများက တိုက်ခိုက်မှုကို ရှောင်ရှားရန် ချက်ချင်းပင် လူခွဲသွားခဲ့သည်။

သူတော်စင်နှင်းဆီတိမ်တိုက်နှင့် ဆန့်ကျင်တိုက်ခိုက်ရာတွင် သူတို့ယခုထိ မည်သည့် သက်ရောက်မှုမှ မလုပ်နိုင်သေးပေ။ အဆုံး၌ သူမသည် တာအိုနက်နဲကျင့်ကြံသူတစ်ဦးဖြစ်သည်။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး နတ်ဆိုးသားရဲသူတော်စင်များသည် လျှင်မြန်စွာဖြင့် အရှေ့ကောင်းကင်ပိုင်နက်သို့ လျှင်မြန်စွာ ဆင်းသက်လိုက်ကြသည်။

ကျင့်ကြံသူများသည် ပြန်လည်၍ အုပ်စုဖွဲ့ကာ သူတို့အားနောက်ပြန်ဆုတ်စေလိုသော်လည်း ထိုအချိန်တွင် သူတော်စင်ပင်းနန်က ဦးဆောင်တိုက်ခိုက်လိုက်လေသည်။

ထိုနတ်ဆိုးသားရဲမျိုးနွယ်သည် ၎င်း၏ခုခံခြင်းစွမ်းအားအတွက် လူသိများပါသည်။

နေရာလပ်ထဲသို့ သူ၏လက်သီးတစ်ချက်ထိုးထည့်လိုက်ရာ မမြင်ရသည့် အတားအဆီးက ဖြစ်ပေါ်လာပြီး ကျင့်ကြံသူများ၏တိုက်ခိုက်ခြင်းဒုတိယလှိုင်းအား တားဆီးလိုက်သည်။

ထို့နောက် နတ်ဆိုးသားရဲစစ်တပ်သည် အရှေ့ကောင်းကင်ပိုင်နက်သို့ လုံးဝ လွှမ်းမိုးသွားခဲ့သည်။

တာအိုပေါင်းစည်းခြင်းနှင့် တာအိုဖွဲ့စည်းခြင်းနတ်ဆိုးသားရဲသူတော်စင်များသည် တစ်ဦးပြီးတစ်ဦး အရှေ့ကောင်းကင်ပိုင်နက်ဆီသို့ဝင်လာကာ သူတို့ ပုံစံအစစ်များကို ပြသခဲ့ကြသည်။

ဧရာမအရိပ်ကြီးများသည် မျက်နှာပြင်ပေါ်တွင် ချက်ချင်းပေါ်လာပြီး နေရောင်ခြည်ကို ကွယ်လိုက်လေသည်။

နတ်ဆိုးတစ်ကောင်ချင်းဆီသည် ကြီးမားလာကာ ရေတံခွန်နယ်မြေမှကျင့်ကြံသူများအပေါ် တောင်ကဲ့သို့ လွမ်းမိုးနေလေသည်။

သို့သော်လည်း နောက်တစ်ကြိမ်တွင် မျှော်မှန်းထားသည့်အတိုင်း ကျင့်ကြံသူများထံတိုက်ခိုက်ခြင်း မပြုလုပ်ဘဲ အတားအဆီးကို ပစ်ခတ်တိုက်ခိုက်ကြလေသည်။

အတားအဆီး၏အကာအကွယ်အစီအရင်အား ထိန်းချုပ်နေသောလန်ယွဲ့ဟွားသည် ရုတ်တရက် ချိန်းခြောက်မှုကိုခံစားလိုက်ရကာ သွေးများပါးစပ်အပြည့်အန်လိုက်လေသည်။

"မကောင်းဘူး၊ သူတို့က အတားအဆီးကို အတွင်းကနေ လုံးဝဖြိုခွဲချင်ကြတယ်။"

အချို့သော အကြီးအကဲများသည် ရန်သူများ၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည် သဘောပေါက်လိုက်ကြသည်။

ပြင်ပခြိမ်းခြောက်မှုများကို ကာကွယ်ရန် အဓိကရည်ရွယ်ထားသော အတားအဆီးသည် အတွင်းပိုင်းမှဆိုလျှင် အနည်းငယ် ပို၍ အားနည်းပါသည် ။

All Chapters