← Chapters

စွန်းယွီလော့ နိုးထလာခြင်း 

Vol. 88 Ch. 1223

စွန်းယွီလော့ နိုးထလာခြင်း 

Vol. 88 Ch. 1223

"အား …"

စွန်းယွီလော့ တုန်ယင်စွာဖြင့် သားသတ်သမားလက်ထဲမှ ခေါင်းကို လက်ညှိုးညွှန်ပြရင်း အော်ဟစ်လိုက်သည်။

"ခင်.. ခင်.. ခင်ဗျားရဲ့ခေါင်း … "

"ခေါင်း "

သားသတ်သမားက ခေါင်းပြတ်ကြီးကိုကိုင်လျှက်ပင် ခန္ဓာကိုယ်လှည့်ပတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"ဘယ်မှာလဲ... ဘယ်မှာလဲ ငါ့ခေါင်း... ဘာလို့ ငါ့ခေါင်းကို ငါမမြင်ရတာလဲ"

ဒီတစ္ဆေက နောက်နေတာလား။

မှန်မပါဘဲ ဘယ်သူက ကိုယ့်ခေါင်းကိုယ် မြင်နိုင်မှာလဲ။

မြင်နိုင်မယ်ဆိုရင် တကယ့်ကို အံ့ဩစရာပဲ။

သားသတ်သမားက သူ့ခေါင်းကို မမြင်နိုင်သဖြင့် စွန်းယွီလော့ဘက်လှည့်လာပြီး...

“မင်း လိမ်နေတာ”

စွန်းယွီလော့က ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းရင်း သားသတ်သမားလက်ထဲသို့ညွှန်ပြပြီး အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

“ခင်... ခင်ဗျားရဲ့ခေါင်းက ခင်ဗျားလက်ထဲမှာ”

သားသတ်သမား၏ဦးခေါင်းက သူ၏ဦးခေါင်းမဲ့ခန္ဓာကိုယ်ကြီးကို ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်သည်။

“လခွမ်း... အဲဒါကို ငါမမြင်ရဘူး ၊ မင်း ငါ့ကိုလိမ်နေတာ ၊ ဒီတော့ မင်းကို အပြစ်ပေးရမယ် ၊ မင်းရဲ့ခေါင်းကိုဖြတ်ပြီး ငါ့လည်ပင်းမှာ ဆက်ပစ်မယ်”

ထိုစကားကြားသည်နှင့် စွန်းယွီလော့ခြေထောက်များအားနည်းသွားပြီး ဓားပေါ်တက်ကာ ချက်ချင်း ထွက်ပြေးသွားသည်။

ထိုအချိန် တပိုင်က တိုက်ခိုက်ရန် တက်ကြွလာသည်။

“တိုက်မယ်ဆိုလည်း စကားတွေနဲ့ အချိန်ကုန်ခံမနေနဲ့တော့... ဝုတ်”

သူစကားပြောလိုက်စဉ်မှာပင် အားပြင်းသော လေဓားတစ်ချောင်းက လေကိုဖြတ်သန်းပြီး သားသတ်သမားဆီ ဝင်ရောက်သွားသည်။

သားသတ်သမားကလည်း လျှင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ဓားသတ်ဓားဖြင့် လေဓားကိုရိုက်ချလိုက်သည်။

ဘမ်း!

စွမ်းအားတို့ ပြင်းထန်စွာပေါက်ကွဲသွားသည်။

တပိုင်၏တိုက်ခိုက်မှုကို သားသတ်သမားက ဓားတစ်ချက်တည်းဖြင့် ပြန်လည်ခုခံလိုက်သည်။

သို့သော် ထိပ်တိုက်ရင်ဆိုင်မှုတွင် သားသတ်သမား ဒဏ်ရာအပြင်းအထန်ရသွားပြီး သွေးများနှင့်အူများ ပြေပြင်အနှံ့ပြန့်ကျဲသွားသည်။ သားသတ်သမား နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး သွေးစွန်းနေသော သားသတ်ဓားထက်တွင် အက်ကွဲကြောင်းတစ်ခု သိသာထင်ရှားစွာ ထွက်ပေါ်လာသည်။

အန်လင်းက ရယ်မောရင်း...

“အိုး... သူက တပိုင်ရဲ့တိုက်ကွက်ကို ခုခုံလိုက်တာလား ၊ အတော်ထူးချွန်တဲ့တစ္ဆေပဲ”

“မင်းက ငါ့ကိုတိုက်ခိုက်ရဲတယ်လား ၊ ငါ မင်းကိုစားပစ်မယ်”

သားသတ်သမား၏မျက်နှာထက် ရက်စက်ကြမ်းတမ်းသည့်အမူအရာပေါ်လာသည်။ သူက ကောင်းကင်ထက်ခုန်တက်လိုက်ပြီး လက်ထဲမှ တစ္ဆေစွမ်းအားများ ထွက်ပေါ်လာသည်။

တစ္ဆေအော်သံများထွက်ပေါ်လာပြီး မှောင်မိုက်သောလေတိုက်သံများလည်း ထွက်ပေါ်လာသည်။

ထို့နောက် ကြီးမားပြီး သွေးများစွန်းထင်းနေသည့် နောက်ထပ်ဦးခေါင်းတစ်လုံး ထပ်ပေါ်လာသည်။

တစ္ဆေသရဲများမှာ မျက်နှာပုံပန်းမတူညီသော်လည်း အားလုံးက သားသတ်သမား၏သတ်ဖြတ်ခြင်းခံခဲ့ရသဖြင့် ဒေါသထွက်နေသော ဝိညာဉ်များဖြစ်ကြသည်။

ထိုဝိညာဉ်များက အပြုံးကင်းမဲ့သောမျက်နှာများဖြင့် သွားဖြူဖြူကြီးများကို ဖြဲပြရင်း အန်လင်းတို့အုပ်စုကို တရကြမ်း တိုက်ခိုက်တော့သည်။

“ဒါက တစ္ဆေတိုက်ပွဲပဲ... ဝုတ်”

တပိုင်သည် ချက်ချင်းပင် တိုက်ခိုက်မည့်နေရာကို တိုးချဲ့လိုက်သည်။

မရေမတွက်နိုင်သော ငွေရောင်ဓားသွားများ လေထဲသို့တိုးဝင်လာပြီး ကျူးကျော်သူအားလုံးကို ကြေမွစေမည့် အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။

ငွေရောင်ဓားသွားများက တစ္ဆေများ၏ဦးခေါင်းကို ထိုးခွဲသွားသည်။

စွန်းယွီလော့က အန်လင်းနောက်ကျောတွင်ပုန်းနေပြီး အထိန်းအချုပ်မဲ့စွာ တုန်လှုပ်လျှက်ရှိသည်။

အန်လင်းက စွန်းယွီလော့ကို ဒေါသတကြီးဖြင့် လှည့်ကြည့်ရင်း...

“မင်း ဘာလို့ ဒီလောက်အသုံးမကျရတာလဲ ၊ မင်း သူတို့ကိုကြောက်တယ်ဆိုရင် ဓားနဲ့ခုတ်လေ ၊ ဘာလို့ ဒီလောက်သူရဲဘောကြောင်နေရတာလဲ”

“ဒါ... ဒါပေမဲ့ သူတို့ကိုတိုက်ရမှာကြောက်လို့...”

ကြောက်စရာကောင်းသော တစ္ဆေဦးခေါင်းများကိုတွေ့သည်နှင့် စွန်းယွီလော့ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။

“ငါ့စကားနားထောင် ၊ မင်း အကြောက်တရားကိုအနိုင်ယူပြီး ဓားနဲ့ခုတ်စမ်း”

အန်လင်းက တပိုင်ကို တိတ်တဆိတ် မျက်လုံးမှိတ်ပြလိုက်ပြီး စွန်းယွီလော့ကို တွန်းအားပေးလိုက်သည်။

တပိုင်က အန်လင်းအချက်ပြသည်ကို ချက်ချင်းသဘောပေါက်ပြီး တိုက်ပွဲမှ နောက်ဆုတ်သွားသည်။

အန်လင်းက စွန်းယွီလော့လက်ကိုဆွဲပြီး တိုက်ခိုက်ရန် လေထဲသို့ ပစ်ချလိုက်သည်။

“တိုက်စမ်း...”

စွန်းယွီလော့ လေထဲလွင့်သွားပြီး သားသတ်သမားဆီ တိုးဝင်သွားသည်။

"အား… "

စွန်းယွီလော့က ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

မရေမတွက်နိုင်သော ဦးခေါင်းများသည် ပါးစပ်ကိုဖွင့်ကာ စွန်းယွီလော့ဆီသို့ ရွှင်မြူးစွာ ပျံသန်းလာနေကြသည်။

"တိုက်..."

အန်လင်း အော်လိုက်သည်။

စွန်းယွီလော့ သူ့ထံပျံသန်းလာသည့် တစ္ဆေဦးခေါင်းများကိုကြည့်လိုက်ပြီး နောက်ဆုံးတော့ ဓားကိုဆွဲထုတ်ကာ အော်ဟစ်လိုက်သည်။

တောက်ပသည့်အဖြူရောင်ဓားအလင်းတန်းက ရုတ်တရက်ပင် ကောင်းကင်နှင့်မြေကြီးတစ်ခွင် လင်းထိန်သွားသည်။

ဓားအလင်းတန်းတစ်ခုက ကောင်းကင်ကိုပိုင်းခြားလျှက် မရေမတွက်နိုင်သော တစ္ဆေဦးခေါင်းများကို ဖြတ်တောက်ပစ်လိုက်သည်။

ဓားသွားကလျှင်မြန်လွန်းသဖြင့် ကောင်းကင်ထက်တွင်ရှိနေသော ဦးခေါင်းများမှာ ထိတ်လန့်ရန်ပင် အချိန်မရခဲ့ပေ။

အဖြူရောင်ဓားအလင်းတန်းက မဖြစ်မနေတွန်းအားဖြင့် ရှေ့သို့တဟုန်ထိုးဝင်ရောက်သွားပြီး သတ်သမား၏ဓားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

“ခရက်...”

ဓားအလင်းတန်းက တဟုန်ထိုး ရှေ့သို့ဝင်ရောက်သွားပြီး သားသတ်ဓားကိုအက်ကွဲသွားစေကာ သားသတ်သမားကို ထက်ပိုင်းခုတ်ပစ်လိုက်သည်။

"ငါလုပ်ခဲ့ပြီ… ငါလုပ်နိုင်ခဲ့ပြီ"

စွန်းယွီလော့ မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်ရင်း မယုံကြည်နိုင်စွာ ပြောဆိုလိုက်သည်။

အန်လင်းနှင့် တပိုင်တို့ နှစ်ယောက်လုံး အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။

တပိုင်က...

"အစ်ကိုကြီး အန်၊ ဒီ စွန်းယွီလော့မှာ လုပ်နိုင်တာတွေရှိသားပဲ”

“တွေ့တယ်မလား စွန်းလေး ၊ မင်းရဲ့ အကြောက်တရားကို အောင်နိုင်သရွေ့ ဘယ်အရာမဆို မင်း ကျော်ဖြတ်ပစ်နိုင်တယ်"

အန်လင်းက ကျေနပ်သည့်အမူအရာဖြင့် ချီးကျူးလိုက်သည်။

သားသတ်သမားခန္ဓာကိုယ် ထက်ပိုင်းကွဲသွားပြီး သွေးများနှင့် ကိုယ်တွင်းအင်္ဂါများက မြေပြင်အနှံ့ ပြန့်ကျဲသွားသည်။ သူ့လက်ထဲမှဦးခေါင်းကြီးသည်လည်း မြေပြင်ထက်သို့ တဖြည်းဖြည်းပြုတ်ကျသွားသည်။

"ဟား... ငါက သရဲတစ္ဆေတွေကို ချေမှုန်းနိုင်စွမ်းရှိတယ်... အိုး..."

သူ့ရှေ့တွင် ရွံရှာဖွယ်ရာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မမြင်မီ စွန်းယွီလော့၏ မျက်နှာထက်တွင် ကျေနပ်နေခဲ့သည်။

“ဒီလောက်သရဲဘောကြောင်တဲ့ကောင်က ဘယ်လိုလုပ် ဓားအင်မော်တယ်ဖြစ်လာတာလဲ”

တပိုင်စိတ်ရှုပ်သွားသည်။

“သူက ဓားလမ်းစဉ်ကို နားလည်တာ နှေးတဲ့သူဖြစ်နိုင်တယ်”

အန်လင်းက မေးစေ့ကိုပွတ်သပ်ရင်း မှန်းဆလိုက်သည်။

အန်လင်းပြောသည်ကိုကြားတော့ စွန်းယွီလော့မျက်နှာထက် စိတ်ပျက်အားငယ်နေသည့်အမူအရာ ပေါ်လာသည်။

တပိုင်က သူ့ကိုလှောင်ပြောင်သည်ကို အရေးမစိုက်သော်လည်း အန်လင်း၏နှိမ့်ချပြောဆိုမှုကြောင့် အတော်လေး စိတ်ပျက်သွားရသည်။

သူ ပိုတော်ကြောင်း အန်လင်းကို သက်သေပြရမည်။

စွန်းယွီလော့ လက်ထဲမှ အဖြူရောင်ဓားရှည်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

"ဓားအင်မော်တယ် အန်လင်း၊ ကျွန်တော်လည်း တိုက်ခိုက်ချင်တယ် ၊ သရဲတစ္ဆေတွေကို နှိမ်နင်းတဲ့နေရာမှာပါဝင်မယ်”

သူ ကြောက်ရွံ့နေဆဲဖြစ်သည့်တိုင် တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။

စွန်းလေး ကြီးလာပြီပဲ…

အန်လင်းက သဘောတူပြီး ခေါင်းညိတ်လိုက်သည်။

ထို့နောက် စွန်းယွီလော့ ပို၍ ရဲရင့်လာခဲ့သည်။

ဘယ်လောက်ပဲ ကြောက်ရွံ့တုန်လှုပ်နေပါစေ ၊ သူ့မျက်နှာမှာ ကြောက်ရွံ့မှုတွေနဲ့ ဖြူဖျော့နေပါစေ ၊ ဓားကို လက်ထဲတွင်ဆုပ်ကိုင်ထားပြီး တစ္ဆေသရဲများကို တိုက်ခိုက်နေခဲ့သည်။

စွန်းယွီလော့ရဲ့ အကူအညီဖြင့် တပိုင်၏တိုက်ခိုက်သည့်အလုပ် ပိုမိုလွယ်ကူလာခဲ့သည်။

သူတို့ ဤမြို့ကို သိမ်းပိုက်လိုက်ကြ၏။

အဖိုးတန်ပစ္စည်း ဘာတစ်ခုမှ ရှာမတွေ့ခဲ့သော်လည်း ကြောက်မက်ဖွယ်ရာ သရဲတစ္ဆေများနှင့်သာ တွေ့ဆုံခဲ့ရသည်။ ဤလုပ်ငန်းစဉ်အတွင်း ယင်စွမ်းအားအမျိုးအစား ဝိညာဉ်ဆေးပင်တစ်မျိုး ရှာတွေ့ခဲ့သဖြင့် စွန်းယွီလော့က ပျော်ရွှင်နေသော်လည်း အန်လင်းနှင့် တာ့ပိုင်ကတော့ မထူးဆန်းသလိုပင် နေခဲ့ကြသည်။

ဝိညာဉ်အဆင့် ရတနာပစ္စည်းများက သူတို့အာရုံစိုက်လောက်စရာ မရှိပေ။

စွန်းယွီလော့က အတော်လေးစိတ်လှုပ်ရှားပျော်ရွှင်နေသော်လည်း ပထမဆုံးအခွင့်အရေးအနေဖြင့် ယင်စွမ်းအားဝိညာဉ်ဆေးပင်ကို အန်လင်းအားလက်ဆောင်ပေးလိုက်သည်။

အန်လင်းက စွန်းယွီလော့၏လက်ဆောင်အား အသိအမှတ်ပြုလိုက်ပြီး ဆေးပင်ကို သူ့ကိုပဲ သိမ်းဆည်းထားခိုင်းလိုက်သည်။

အန်လင်းက...

“ ဒီမြို့မှာ ထူးထူးခြားခြား ရှာကြည့်စရာမရှိတော့ဘူး သွားကြရအောင် "

တပိုင်က အန်လင်းကို သယ်ဆောင်ပြီး နောက်ထပ်မြို့တံခါးတစ်ခုဆီကို ဆက်သွားကြတော့သည်။

ရုတ်တရက် မြင့်မားသည့်မြို့ရိုးထက်မှ သာယာနာပျော်ဖွယ် သီချင်းသံတစ်သံက သူတို့ရှိရာသို့ လွင့်ပျံလာသည်။

အန်လင်းတို့အုပ်စုလည်း စူးစမ်းလိုစိတ်ဖြင့် မြို့ရိုးဆီသို့ ပျံသန်းလာကြလေသည်။

ထိုနေရာတွင် ညအချိန် အနီရောင်လိပ်ပြာတစ်ကောင်ပမာ အနီရောင်ဝတ်စုံဖြင့် လှပစွာ ကခုန်နေသည့် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။

“အရမ်းလှတာပဲ...”

စွန်းယွီလော့ သဘောကျစွာဖြင့် မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။

တပိုင်က စွန်းယွီလော့ကို တစ်ချက်ကြည့်လိုက်သည်။

“မင်းပဲ သရဲတွေကိုကြောက်တယ်ဆို ၊ အခု လန့်ပြီး မအော်တော့ဘူးလား”

အန်လင်းက ပေါ့ပေါ့ပါးပါး ရယ်မောရင်း...

“သူ သရဲတစ္ဆေတွေကိုကြောက်တယ်ဆိုတာ ငါအထင်မှားသွားပုံရတယ် ၊ စွန်းလေး… မင်းဟာ ရုပ်ရည်ကိုပဲ အာရုံစိုက်တဲ့လူပဲ"

စွန်းယွီလော့ အန်လင်း၏ စကားကြောင့် ရှက်သွားသည်။

“အဲဒါ…အဲလိုမဟုတ်ပါဘူး ၊ ကျွန်… ကျွန်တော်…. ဒါပေမယ့် ဒီမိန်းကလေးက တကယ်ကြောက်စရာမကောင်းဘူး"

သူ ဘာပြောရမှန်းပင် မသိတော့ပေ။

အန်လင်းပြောသလို မဟုတ်ကြောင်း သက်သေပြဖို့အတွက် စွန်းယွီလော့က အမျိုးသမီးတစ္ဆေကို တိုက်ခိုက်ရန် ဓားကိုကိုင်မြှောက်လိုက်သည်။

မိန်းမပျိုက စွန်းယွီလော့ကို ခေါင်းမော့ကြည့်လိုက်သည်။

သူမ၏အသားအရေက နှင်းပွင့်ပမာ ဖြူစင်လွန်းသည်။

သူက နူးညံ့ညင်သာသောအသံဖြင့်...

“ကျွန်မကတာ လှတယ်မလား”

သူမ၏ မျက်လုံးများတွင်လည်း နူးညံ့သောအလင်းရောင်များဖြင့် ပြည့်နေသည်။

“ကျွန်တော်…. အဲဒါ…”

စွန်းယွီလော့က မသိမသာ အလိုအလျောက် ပြန်ဖြေမိသလို ဖြစ်သွားသည်။

စွန်းယွီလော့က သရဲတစ္ဆေများကို ကြောက်ရွံ့သော်လည်း ယခုတော့ မိန်းမပျိုတစ္ဆေ၏ဖြားယောင်းမှုကို ခံနေရပေပြီ။

All Chapters