အဆုံးမဲ့ စောင့်ဆိုင်းခြင်း
Vol. 88 Ch. 1224
သူမ ဖျော်ဖြေခဲ့သည့်အကက တကယ့်ကိုစိတ်ဝင်စားစရာဟု ပြောရမည်ပင်။
သို့သော် စွန်းယွီလော့က ထိုမိန်းကလေးတစ္ဆေကို သူ့ဓားဖြင့်အနိုင်ယူပြီး အောင်ပွဲခံနေသင့်သည် မဟုတ်ဘူးလား။
ယခု သူနှင့် စကားစမြည်ပြောနေသည်က ဘာသဘောများလဲ။
စွန်းယွီလော့က သရဲတစ္ဆေများကို အမှန်တကယ် ကြောက်ရွံ့ခြင်း မဟုတ်ပေ။ သူက ရုပ်ဆိုးသည့်အရာများကိုသာ ကြောက်ရွံ့ခြင်းဖြစ်၏။
အန်လင်းနှင့် တပိုင်တို့နှစ်ယောက်လုံး စွန်းယွီလော့နှင့် ပတ်သက်ပြီး အထင်မှားသွားသလို ခံစားလိုက်ရသည်။
အမျိုးသမီးတစ္ဆေ၏ မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာသည်။
" ရှင်.. ကျွန်မနောက်ထပ်အကဖျော်ဖြေတာကြည့်ချင်လား"
စွန်းယွီလော့ ပြန်ဖြေခါနီးတွင် အန်လင်းက ရုတ်တရက် ကြားဖြတ်ဝင်ပြောလိုက်တယ်
" အို .. မင်းကမယ်ဆို အကခန်းမမှာ ကနေရမှာမို့လား ဘာလို့ မြို့ရိုးပေါ်မှာ ကနေရတာလဲ "
တပိုင်က အံ့ဩသော အမူအရာဖြင့် အန်လင်းကို လှည့်ကြည့်ပြီး “ဘာလို့ ဒီလိုပြောလဲ” ဟု တွေးလိုက်မိသည်။
မိန်းမလှတစ်ယောက်က သူကချင်လျှင် ဘယ်နေရာမှာမဆို ကလို့ရသည်ပဲ။ မြို့ရိုးမပြောနှင့် ၊ သင်္ချိုင်းမှာပင် ကချင်ကနိုင်လေရာ ဤသို့မေးစရာအကြောင်းမရှိပေ။
သို့သော် အန်လင်း၏မေးခွန်းကိုကြားပြီး မိန်းကလေးတစ္ဆေငြိမ်သက်သွားသည်ကို တပိုင် အံ့သြစွာ တွေ့လိုက်ရသည်။
"ဘာ… ဘာလို့ ကျွန်မ မြို့ရိုးပေါ်မှာ ကနေရတာလဲ"
အမျိုးသမီးတစ္ဆေသည်လည်း သူ့ကိုသူ အံ့ဩမှင်သက်သွားသည်။
"ကျွန်မမှတ်မိပြီ အဲဒီလူက အမှောင်ဂိုဏ်းကို တိုက်ခိုက်ပြီးရင် ကျွန်မကို လက်ထပ်ဖို့ ပြန်လာမယ်လို့ ပြောခဲ့တယ်…”
"ကျွန်မ သူ့ကိုစောင့်ဖို့ မြို့ရိုးမှာရပ်နေတာ၊ သူ ကျွန်မကိုမြင်နိုင်အောင် ကနေတာပါ ၊ ကျွန်မအကကို ရှင်ဘယ်လိုထင်လဲ၊ သူ ကျွန်မကို သတိထားမိမှာလား ၊ ကျွန်မအကကိုမြင်ပြီး သူ ကျွန်မဆီပြန်လာမှာလားဟင်”
စွန်းယွီလော့ မျက်ရည်များကျလာပြီး...
"ဝမ်းနည်းစရာ ဇာတ်လမ်းပါပဲ "
အန်လင်းနဲ့ တပိုင်တို့မျက်နှာပျက်သွားပြီး...
"ဒီကိစ္စမှာ ဘယ်လိုထိခိုက်စရာတွေ ရှိခဲ့တာလဲ"
ဟု မေးလိုက်ကြသည်။
အမှောင်ဂိုဏ်းဆိုသည်က လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ရှိခဲ့သည်ဖြစ်ရာ ဤမိန်းကလေးကို လက်ထပ်မည့်သူက ဘယ်တော့မှ ပြန်လာနိုင်မည် မဟုတ်တော့ပေ။
တိုက်ပွဲမှာကျဆုံးခဲ့ခြင်းမဟုတ်လျှင်တောင် အသက်အရွယ်ကြီးရင့်ပြီး သေဆုံးသွားလောက်ပေပြီ။
မြို့ရိုးပေါ်မှ အမျိုးသမီးက အင်အားကြီးသူတစ်ဦးတစ်ယောက်၏ ယစ်ပူဇော်ခြင်းကို ခံခဲ့ရဟန်ရှိပြီး သူမ၏ဝိညာဉ်က အစွဲအလန်းတစ်ခုကြောင့် ဤနေရာတွင်ရှိနေခြင်း ဖြစ်နိုင်သည်။
အန်လင်းက သက်ပြင်းချရင်း...
"စွန်းယွီလော့ သူ့ကို စိတ်ဒဏ်ရာတွေကနေ လွတ်မြောက်အောင် လုပ်ပေးလိုက်ပါ"
စွန်းယွီလော့၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။
"ဘာလို့လဲ၊ သနားစရာကောင်းတဲ့ အမျိုးသမီးကို တစ်ဖက်ပို့ဖို့ မကူညီခင် သူ့ဆန္ဒကို မဖြည့်ဆည်းသင့်ဘူးလား"
"မင်းက သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးချင်လို့လား" အန်လင်းက သူ့မျက်လုံးများလှန်ရင်း ပြောလိုက်သည်။
"ဒါဆို မင်းက သူနဲ့စေ့စပ်ထားသူအဖြစ် သရုပ်ဆောင်ပြီး လူသားနဲ့ သရဲတစ္ဆေကြားက အချစ်ဇာတ်လမ်းကို ဖန်တီးမလို့လား”
“ အာ … "
စွန်းယွီလော့က ရှက်သွားပြီး ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။
" ဒင်းန်… “
သူကဓားကိုဆွဲထုတ်ပြီး မိန်းကလေး၏လည်ပင်းထက်သို့တင်လိုက်သည်။
မိန်းကလေးက စွန်းယွီလော့ကို ဝမ်းနည်း စိတ်ရှုပ်ထွေးသော ဒေါသမျက်လုံးဖြင့် စိုက်ကြည့်ရင်း...
" ရှင်… ကျွန်မကို သတ်မလို့လား "
စွန်းယွီလော့ ဓားကိုကိုင်ထားရင်း တုန်လှုပ်သွားသည်။
"မင်းက သေပြီးနေပြီ၊ မင်းရဲ့ရည်းစားလည်း ဒီလိုပဲ။ မင်း ဒီကမ္ဘာမှာ မနေသင့်တော့ဘူး"
ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းရင်း အမျိုးသမီး၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။
"ကျွန်မ ရှင့်ကိုမယုံဘူး။ သူပြန်လာမယ်လို့ပြောထားတယ် သူပြန်လာမှာသေချာတယ်... ကျွန်မစောင့်နေတာကြာပြီ။ ကျွန်မဘာလုပ်ရမလဲ..."
စွန်းယွီလော့ တစ်ခုခုပြောတော့မည့် အချိန်မှာ တစ်စုံတစ်ခုက သူ့ရင်ဘတ်ကို ထိုးစိုက်လိုက်သလို နာကျင်သွားသည်။
လေထုထဲတွင် သွေးများ ပြန့်ကျဲနေပြီး သူ၏အပြာရောင် ၀တ်ရုံကို အနီရောင်သွေးတွေ စွန်းထင်းသွားသည်။
စွန်းယွီလော့သည် သူ့ရင်ဘတ်ကို မယုံကြည်နိုင်စွာ ငုံ့ကြည့်လိုက်ချိန် မိန်းမပျို၏ အနီရောင်လက်စွပ်က သူ့ရင်ဘတ်ကိုထိုးဖောက်နေသည့် ချွန်ထက်သောလှံရှည်အဖြစ်သို့ ပြောင်းလဲသွားသည်။
"စွန်းလေး…"
အန်လင်းနှင့် တပိုင် တစ်ပြိုင်ထဲ အော်ဟစ်လိုက်သည်။
အရာအားလုံးက သူ့အလိုလိုဖြစ်သွားခဲ့ပြီး ပြန်လည်တုံ့ပြန်ဖို့ အချိန်မရခဲ့ပါ။
“ မင်း…”
စွန်းယွီလော့၏ မျက်လုံးများ ပြူးကျယ်လာပြီး သူ့ရှေ့မှ အမျိုးသမီးကို စိုက်ကြည့်ရင်း သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။
“ဟီးဟီး…”
အမျိုးသမီး၏ လှပသောအသွင်အပြင်က ချက်ချင်းပင် ဒေါသထွက်သည့်အမူအရာအဖြစ် ပြောင်းလဲသွားသည်။
“ကျွန်မ သူပြန်လာတာကိုစောင့်နေတာ ၊ ဘယ်သူမှ ကျွန်မကို တားလို့မရဘူး ၊ ရှင် ကျွန်မကို သတ်ချင်ရင် ရှင့်ကို အရင် သင်္ချိုင်းကို ပို့လိုက်မယ်"
ထိုအချိန်တွင် ကောင်းကင်မှ အဖြူရောင်အရိပ်တစ်ခု ဆင်းသက်လာသည်။
"လေဓား..."
အန်လင်းက ရုတ်တရက် သူတို့ဆီသို့ လျှပ်တပြက်ဝင်လာပြီး သူ၏ဓားက အမျိုးသမီး၏ ရင်ဘတ်ကို ချက်ခြင်း ထိုးဖောက်သွားသည်။
“ငါတို့က မင်းကိုသတ်ဖို့ကြိုးစားတာ မဟုတ်ဘူး ၊ မင်းက သေနှင့်နေပြီးသား ၊ ဒီကမ္ဘာက မင်းနဲ့မသက်ဆိုင်ဘူး ၊ မင်းစောင့်နေတဲ့သူကလည်း မင်းကို တမလွန်မှာပြန်စောင့်နေလောက်ပြီ”
" တ… တကယ်လား..."
မိန်းမပျို၏မျက်နှာထက်မှာ ဒေါသရိပ်များ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
“ဓားအင်မော်တယ်အန်လင်းရဲ့ စကားတွေက အရမ်းလေးနက်ပြီး အဓိပ္ပာယ်ရှိတယ်”
စွန်းယွီလော့ ပြောရင်း ချောင်းဆိုးလိုက်ရာ သွေးများအန်ထွက်လာသည်။
အန်လင်းမျက်နှာ သုန်မှုံသွားပြီး...
“မင်း ဒီလိုအခြေအနေနဲ့ ငါ့ကိုဆက်ပြီး အရေးစိုက်နေစရာ မလိုတော့ဘူး ၊ မင်း ဒီအလုပ်က အနားယူလို့ရပြီ”
အန်လင်း၏ဓားက အမျိုးသမီး၏ ခံစားချက်ကို ဂရုမပြုဘဲ အဆက်မပြတ် ထိုးသတ်နေသည်။
အမျိုးသမီး၏ အနီရောင်လက်စွပ်က တဖြည်းဖြည်းနှင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး အန်လင်းကို စိုက်ကြည့်ရင်း ပီတိအပြုံးတစ်ခု ပေါ်လာသည်။
"ဒါအမှန်ပဲလား.. သူ ကျွန်မကို တခြားနေရာမှာစောင့်နေမှာလား..တော်တော်ကြာနေပြီ...သူ ကျွန်မကို မေ့သွားပြီဆိုရင်ကော"
အန်လင်းက ပြုံးရင်း...
"ဟုတ်တယ်၊ သူက မင်းကို စောင့်နေတာ။ မင်းကို မေ့သွားရင် သူ့အတွက် ကပြပြီး သတိရအောင် မင်းလုပ်ရမယ်"
ဤသည်မှာ အန်လင်းဘဝတွင် သရဲတစ္ဆေကို ပထမဆုံးအကြိမ် ကျေအေးစေခြင်းပင်။
အမျိုးသမီးတစ္ဆေသည် ဤစကားကိုကြားသောအခါတွင် သူမသည် အမှန်တကယ် စိတ်ချသွားသကဲ့သို့ ဖြေးညှင်းစွာ ခေါင်းညိတ်လိုက်သည်။ သူမသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ ဤကမ္ဘာကို နှုတ်ဆက်ရန် သူမ၏ နောက်ဆုံးအကကို ဖျော်ဖြေလိုက်သည်။
သူမ၏အကက အလွန်ပြေပြစ်လှပပြီး အုံ့မှိုင်းနေသော မြို့တစ်မြို့လုံးကို လင်းထိန်စေသည်။
“အရမ်းလှတယ်…”
အန်လင်းနှင့် တပိုင်တို့ နှစ်ယောက်လုံး သဘောကျစွာရေရွတ်လိုက်သည်။
ထိုအချိန် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
"အာ…. ဓားအင်မော်တယ်အန်လင်း၊ ကျွန်တော် အရေးပေါ် ကုသဖို့ လိုမယ်ထင်တယ်…”
ထစ်ထစ်ငေါ့ငေါ့နှင့် နာကျင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအခါမှ အန်လင်းနှင့်တပိုင်မှာ စွန်းယွီလော့ရင်ဘတ်ကို လှံဖြင့်အထိုးခံထားရကြောင်း သတိရမိကြသည်။
"စွန်းလေး… မင်းအဆင်ပြေရဲ့လား"
အန်လင်းက ချက်ချင်းပင် စိုးရိမ်စွာဖြင့် သွေးထွက်နေသော စွန်းယွီလော့ကို သူ့ရင်ခွင်ထဲ ထိန်းထားပေးလိုက်သည်။
“ကျွန်…. ကျွန်တော်သေတော့မယ်လို့ ခံစားနေရတယ်…”
စွန်းယွီလော့ ရှိုက်လိုက်သည်။
စွန်းယွီလော့၏ အခြေအနေကို သိရှိနိုင်ရန် အန်လင်းသည် သူ၏ နတ်အာရုံကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ကံကော်းသည်မှာ သူ၏ရင်ဘတ်ကို ထိုးဖောက်ခံရသော်လည်း ကယ်တင်နိုင်သေးသည်။ စွန်းယွီလော့၏ ဒဏ်ရာကို ကုသရန်အတွက် အန်လင်းက တန်ခိုးစွမ်းအား ချက်ချင်းထုတ်ဖော်လိုက်သည်။
"အရင်က အရုပ်ဆိုးတဲ့ သရဲတစ္ဆေတွေက ကြောက်စရာကောင်းတယ်လို့ ကျွန်တော်ထင်ခဲ့တယ်၊ ဒါပေမယ့် လှပတဲ့ သရဲတစ္ဆေတွေက ပိုတောင် ကြောက်စရာကောင်းတယ်လို့ ဘယ်သူက ထင်မှာလဲ..."
စွန်းယွီလော့က နောင်တရသောအမူအရာဖြင့် ပြောလိုက်သည်။
အန်လင်းက...
“အခု ငါ မင်းကိုဆေးကုပေးနေတယ် ၊ အသက်ရှင်ချင်ရင် ပါးစပ်ပိတ်ထားစမ်း”
စွန်းယွီလော့သည် ချက်ချင်းပင် ပါးစပ်ကိုပိတ်ကာ မျက်နှာငယ်လေးနှင့် အန်လင်းကို စိုက်ကြည့်နေသည်။
"စာအုပ်တစ်အုပ်ကို မျက်နှာဖုံးကြည့်ပြီး အကဲမဖြတ်ဖို့ ငါလေ့လာထားသင့်ပြီ”
“ မိန်းမတွေက ပိုလှလေ၊ ရက်စက်ကြမ်းကြုတ်လေပဲ… "
စွန်းယွီလော့ ရေရွတ်နေလေသည်။
ဖြစ်နိုင်လျှင် အန်လင်းက စွန်းယွီလော့ကို ဥပက္ခာပြုလိုက်ချင်သည်။
ကံကောင်းထောက်မစွာဖြင့် အန်လင်း စွန်းယွီလော့အသက်ကို ကယ်တင်နိုင်ခဲ့သည်။
စွန်းယွီလော့က အန်လင်းကို ဒူးထောက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ဓားအင်မော်တယ် အန်လင်း၊ ကျွန်တော့်အသက်ကို ကယ်တင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးကို ကျွန်တော့်အသက် ၊ ကျွန်တော့်ခန္ဓာကိုယ်နဲ့ ပြန်ဆပ်ပါ့မယ်”
" နေစမ်းပါ … "
အန်လင်း စွန်းယွီလော့ကို ခပ်ပြင်းပြင်းလေး ကန်ထုတ်လိုက်သည်။
စွန်းယွီလော့က ကန်ချက်ကို ရှောင်တိမ်းလိုက်သော်လည်း စူးရှသည့်မျက်ဝန်းများဖြင့် အန်လင်းကို ကြည့်နေလေသည်။
သူတို့အားလုံ မြို့ထဲမှ ထွက်ခွါလာကြပြီး အဆုံးမရှိသော ကမ္ဘာကြီးကို ကြည့်လိုက်သောအခါ အနည်းငယ် လမ်းပျောက်သလို ခံစားလိုက်ကြရသည်။
ကံကောင်းစွာဖြင့်ပင် သူတို့က လမ်းညွှန်ပစ္စည်းများ ပြင်ဆင်ထားခဲ့သဖြင့် လမ်းမပျောက်ဘဲ ရှေ့ဆက်နိုင်ခဲ့ကြသည်။
" ကျွန်တော်တို့ ဘယ်ကိုသွားမှာလဲ"
စွန်းယွီလော့က မေးလိုက်သည်။
တပိုင်သည် နှာခေါင်းဖြင့် လေကို ရှူရှိုက်လိုက်ပြီး …
"အရှေ့မြောက်ကို"
စွန်းယွီလော့ အံ့သြသွားသည်။
"တစ္ဆေတွေတောင် အနံ့ခံနိုင်ပြီလား"
"အဲဒီမှာ ယင်းစွမ်းအင်က သိပ်ကြီးမားတယ်၊ ဒါကြောင့် အဲဒီမှာ အရေးကြီးတဲ့ အရာတစ်ခု ရှိကောင်းရှိနိုင်ပါတယ်၊ ဝူး!"
တပိုင်က စိတ်လှုပ်ရှားနေသော အသံဖြင့် ပြောလိုက်သည်။
“ ဟုတ်တယ်… အဲဒါက အရှေ့မြောက်ဘက်မှာ”
အန်လင်းသည်လည်း ထိုအရပ်တွင် သာမန်မဟုတ်သည့်အရာတစ်ခုကို ခံစားလိုက်ရပြီး တပိုင်၏နောက်ကျောပေါ်သို့တက်ပြီး ဆက်သွားခဲ့သည်။