ကောင်းကင်ဓားဂိုဏ်း၏ဂိုဏ်းသားများနှင့် ကြုံတွေ့ရခြင်း
Vol. 88 Ch. 1225
တစ်ဖက်ကမ်းရှိ အနီရောင်ပန်းပွင့်များသည် အမှောင်ကမ္ဘာ၏ မှောင်မိုက်သောလေထဲတွင် ညင်သာစွာ ယိမ်းထိုးနေကြသည်။
အနီရောင်ပန်းတို့သည် အမှောင်ထုထဲတွင် ပတ္တမြားများကဲ့သို့ ကြက်သွေးရောင်တောက်နေပြီး လီလီပင်လယ်ကြီးတစ်ခုအဖြစ် ကြီးထွားလာကာ ပျံ့နှံ့သွားကြသည်။
ထိုအချိန် ပန်းပင်လယ်ပြင်တွင် ပြင်းထန်သောပေါက်ကွဲသံများက အထပ်ထပ်အခါခါ ဖြစ်ပွားလျှက်ရှိသည်။
ပြိုးပြိုးပြက်ပြက်လက်နေသော ဓားများက အမှောင်ထုကို ဖြတ်ကျော်သွားကာ အနီရောင်ပန်းပွင့်ချပ်များက လေထဲတွင် ကခုန်နေသကဲ့သို့ ပန်းပင်လယ်ပြင်ကို ဖြတ်သွားကြသည်။
အနီရောင်ပန်းပွင့်များထဲမှ စွမ်းအားထက်သန်သည့် လူများပေါ်ထွက်လာကြပြီး မိမိတို့အသက်ကို ဂရုမစိုက်ဘဲ မကြောက်ရွံ့သော စစ်သည်တော်များကဲ့သို့ လေထဲမှပုံရိပ်များဆီသို့ ဝင်ရောက်တိုက်ခိုက်ကြသည်။
လေထဲတွင်ရှိသော လူတစ်စု၏ရှေ့ဆုံးတွင် စူးရဲတောက်ပသော မျက်လုံးများပိုင်ဆိုင်သည့်လူတစ်ယောက်က ပြင်းထန်သည့်ဓားများကို လေထဲသို့လွှတ်ထုတ်လိုက်ကာ အနီရောင်လူသားများကို ချေမှုန်းပစ်လိုက်သည်။
သို့သော် ပန်းပင်လယ်အတွင်းမှစွမ်းအားများက အဆုံးမရှိ ဆက်လက်ထွက်ပေါ်လာပြီး အနီရောင်လူသားများစွာ ထပ်ဖန်တီးပြီး လေထဲရှိ လူစုကို ထိုးစီးတိုက်ခိုက်လိုက်သည်။
“ငါတို့ ဒီမှာအချိန်ဖြုန်းနေလို့မဖြစ်ဘူး ၊ အစီအစဉ်တစ်ခုခုစဉ်းစားပြီး ဒီကျိန်စာသင့်နေတဲ့နေရာကနေ ထွက်သွားရအောင်။"
ဓားရှည်ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ယောက်က ပြောလိုက်သည်။
"ဒီပန်းပွင့်တွေက အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လို သဘာဝအတိုင်းသတ်ပစ်တဲ့ပုံစံမျိုးပဲ ၊ ပြေးလေ တိုက်ခိုက်ခံရလေပဲ”
လူစုရှေ့မှ ခေါင်းဆောင်အမျိုးသားက လေးနက်သည့်အမူအရာဖြင့် ပြောလိုက်သည်။
အလွန်ချောမောလှပသောမိန်းမပျိုတစ်ယောက်က အလောတကြီးလေသံဖြင့်...
“ဒါဖြင့် ကျွန်မတို့ ဘာလုပ်ကြမလဲ”
သူမ၏မျက်နှာထက် မျှော်လင့်ချက် ၊ လေးစားမှု အရိပ်အမြွက်တို့ဖြင့် လူစု၏ရှေ့ဆုံးမှ အမျိုးသားကို စူးစိုက်ကြည့်နေသည်။
ထိုအမျိုးသားက သူတို့အုပ်စုတွင် သြဇာအရှိဆုံးနှင့် အားအကိုးရဆုံးသူပင်။
ခေါင်းဆောင်အမျိုးသားက
"ဒီပန်းပွင့်တွေရဲ့ ချို့ယွင်းချက်တစ်ခုကို ရှာပြီး ပန်းပင်လယ်တစ်ခုလုံးကို ချိုးဖျက်ဖို့ ကြံစည်တာက ငါတို့အတွက်အကောင်းဆုံးနည်းလမ်းပဲ”
ထိုအချိန် အဖြူရောင်ပုံရိပ်တစ်ခုက အလွန်လျှင်မြန်သောအရှိန်အဟုန်ဖြင့် အဝေးဆီတစ်နေရာမှ သူတို့ဆီသို့ ပျံသန်းလာသည်။
"ဒီပန်းပွင့်တွေကို တိုက်တဲ့ပွဲမှာ ပါဝင်တဲ့သူတွေ ပိုများလာပြီ "
"ဒီငမိုက်သားတွေက သေချင်နေတာလား "
"ဒီတိုက်ပွဲမှာ ပါဝင်ဖို့ လွယ်ကူရင်တောင် ပြန်ထွက်ဖို့ ခက်လိမ့်မယ် "
လူတိုင်း၏အမူအရာမှာ ရုတ်တရက်ငြိမ်သက်သွားသည်။
အဖြူရောင်အရိပ်ထက်တွင်ထိုင်နေသူမှာ လူငယ်တစ်ယောက်ဖြစ်ပြီး ဓားတစ်လက်ပေါ်တွင် ပျံသန်းနေသည့် အခြားသူတစ်ယောက် ရှိနေသည်ကိုလည်း တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်လုံးက အနီရောင်လူသားများကို ရှောင်လွှဲနိုင်ရန် လေထဲတွင် ပျံသန်းနေကြခြင်းပင်။
လူစုထဲမှတစ်ယောက်က အော်ဟစ်လိုက်သည်။
“အဲဒါ... စွန်းယွီလော့လား”
အပြာရောင်ဝတ်လူငယ်က ဓားပျံစီးနင်းရင်း ကျင့်ကြံသူ(၆)ယောက်ကိုမြင်တော့ အံ့အားသင့်သွားသည်။
“အစ်ကိုကျောက်စစ်မင် ၊ ညီမရွှယ်ရှန်း...”
"ဘုရားရေ… အဲ့ဒါ စွန်းယွီလော့ မဟုတ်လား "
" ဟဲဟဲ… ဘယ်လိုလဲ၊ ငါတို့ဂိုဏ်းထဲမှာ ဘယ်သူက သူ့ကို ချဉ်းကပ်ဝံ့လို့လဲ”
" သူ့ကို လွှတ်ထားလိုက်စမ်းပါ ၊ ငါတို့ဂိုဏ်းချုပ်က သူ့ကို ဂိုဏ်းထဲက ထုတ်မပစ်တာပဲ အတော်ကရုဏာပြပြီးနေပြီ”
"သူနဲ့ ဝေးဝေး ရှောင်ရအောင်"
အန်လင်းက သူ့ရှေ့မှ လူစု၏မျက်နှာများထက် မထီမဲ့မြင်အမူအရာများကိုမြင်ရတော့ အနည်းငယ် အံ့အားသင့်သွားသည်။
စွန်းယွီလော့ကို အဘယ့်ကြောင့် ဤသို့ဝိုင်းပယ်ထားရပါသနည်း။ သူ၏ပင်ကိုယ်စရိုက်က အနည်းငယ်ထူးခြားသော်လည်း ဤသို့ပြုမူခြင်းကိုတော့ လက်မခံနိုင်ပေ။
သူတို့စကားကို ကြားသော်လည်း စွန်းယွီလော့၏ အမူအရာမှာ မပြောင်းလဲပေ။
သူက သူ၏ဓားကိုကိုင်လျက် သူတို့ဆီသို့ ပျံသန်းသွားရင်း...
“ငါ ကူညီပေးပါ့မယ်”
စွန်းယွီလော့က ကမ်းလှမ်းလိုက်သော်လည်း မည်သူမှ ကျေးဇူးတင်စကား မပြောကြပေ။
သူတို့အဖွဲ့ထဲမှ တစ်ယောက်က ရယ်မောလိုက်ပြီး...
"အစ်ကိုကျောက်စစ်မင်တောင် ဒီပန်းပွင့်တွေကို မနှိမ်နင်းနိုင်တာ မင်းကဘာလုပ်မှာလဲ"
နောက်ထပ် မိန်းကလေးတစ်ယောက်က...
“ရှင့်ပုံစံကိုလည်းပြန်ကြည့်စမ်းပါဦး ၊ လီလီပန်းတွေတိုက်ခိုက်တာတောင် ထိခိုက်မိနေတာ ၊ ရှင့်ကိုယ်ရှင်တောင် မကယ်နိုင်တာ ကျွန်မတို့ကို ဘယ်လိုကူညီမှာလဲ”
ဒေါသပေါက်ကွဲမည်ကိုထိန်းထားသော လူငယ်တစ်ယောက်က...
“ဘာပဲဖြစ်ဖြစ် မင်းရဲ့အကူအညီကို ငါတို့ မလိုအပ်ဘူး။ မင်းကို ငါတို့ဂိုဏ်းဝင်တစ်ယောက်အနေနဲ့ အသိအမှတ်မပြုဘူး။ မင်း ငါတို့ဆီကနေ ထွက်သွားပါ”
စွန်းယွီလော့က နှုတ်ခမ်းထက်မှသွေးများကိုသုတ်လိုက်ပြီး ပန်းပင်လယ်မှ အနီရောင်လူသားများဖြင့် တိုက်ခိုက်နေဆဲပင်။
"စကားမစပ်... သူ့ဘေးကလူကို ရင်းရင်းနှီးနှီး သိနေသလိုပဲ "
ထိုအခါမှသာ သူတို့အားလုံး ကြီးမားသည့်ခွေးဖြူကြီးပေါ်တွင်ထိုင်နေသော လူထူးလူဆန်းအား သတိထားလိုက်မိကြပြီး ချက်ချင်းပင် အသက်ရှူရပ်သွားကြသည်။
အချို့က လက်ထဲမှဓားများ ပြုတ်ကျလုနီးပါး ဖြစ်သွားကြသည်။
"အန်.. အန်.. အန်လင်း..."
"ဘုရားရေ…. တကယ်ပဲ အန်လင်းလား "
ထိုခဏတွင် ကျောက်စစ်မင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး...
“တကယ် အန်လင်းပဲ ၊ သူ ဘာလို့ ဒီကိုရောက်လာတာလဲ”
အန်လင်း၏ ထူးဆန်းသောအပြုအမူကြောင့် လူတိုင်းက အန်လင်းကိုတွေ့တော့ ပို၍ပင် ဒေါသထွက်သွားကြသည်။
“စွန်းယွီလော့က အန်လင်းနဲ့ မိတ်ဆွေဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ”
“ငါတို့ဂိုဏ်းချုပ်က ဒီအမှိုက်ကောင်ကို ငါတို့ဂိုဏ်းမှာ လုံးဝမထားသင့်ဘူး”
“စွန်းယွီလော့က အန်လင်းရှိနေလို့ ငါတို့ကိုလှောင်ရယ်နေတာလား”
“အတော်ရွံစရာကောင်းတာပဲ”
အန်လင်း ချက်ချင်းပင် အံ့သြသွားရသည်။
ဒီရန်ငြိုးတွေက ဘယ်ကလာတာလဲ။
သူနှင့် စွန်းယွီလော့က ရက်စက်ကြမ်းကြုတ်သော ရန်ငြိုးများတွင် ပါဝင်ပတ်သက်နေပုံရသည်။
အန်လင်းက..
“ညီလေးစွန်း ၊ ဒီကိစ္စ ငါ့ကို ရှင်းပြဖို့လိုနေပြီ”
ထိုစကားကြားတော့ စွန်းယွီလော့က မဲ့ပြုံးတစ်ချက်ပြုံးရင်း...
“မကြာသေးခင်က ကျွန်တော်တို့ ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းသားတွေက လေးစားအားကျရတဲ့ ဓားသူရဲကောင်းရွေးပွဲ ကျင်းပခဲ့တယ် ၊ တပည့်အများစုက ကျွန်တော်တို့ ဂိုဏ်းချုပ်ကို ရွေးခဲ့ကြတယ် ၊ ဒါပေမဲ့ ကျွန်တော်ကတော့ ခင်ဗျားကို ရွေးခဲ့တယ်လေ”
သူက ရှင်းပြရင်း အန်လင်းကို လှည့်ကြည့်လိုက်သည်။
အန်လင်းသာမက တပိုင်သည်ပင် အံ့အားသင့်သွားရသည်။
ထို့ကြောင့် ကောင်းကင်ဓားဂိုဏ်းမှတပည့်များက စွန်းယွီလော့ကို ရန်ငြိုးထားကြခြင်းပင်။
လျိုမင်ရွှမ်းကို စုကျိုးအင်မော်တယ်ဂိုဏ်းမှနှင်ထုတ်လိုက်သောသတင်းက ကိုးပြည်တောင်တစ်ခုလုံးတွင် ပျံ့နှံ့ခဲ့သည်ပင်။
ဒါတောင် စွန်းယွီလော့က အန်လင်းကို လေးစားနေသေးသည်။
သူ ရူးများနေသလား...။
လျိုမင်ရွှမ်းက သူ့ကို ပွဲချင်းပြီးသေအောင် မသတ်ခဲ့သည်မှာ ကံကောင်းသည်။
ထို့ကြောင့် စွန်းယွီလော့ပြောသမျှ အမှန်ဖြစ်နိုင်သည်။ အန်လင်းက အမှန်ပင် သူအလေးစားဆုံး ဓားသူရဲကောင်း ဖြစ်ရမည်။
အန်လင်းက ထူးခြားသူတစ်ယောက်ဖြစ်ပြီး စွန်းယွီလော့ ရူးသွပ်စွာ လေးစားရသည့် သူရဲကောင်းများထဲမှတစ်ယောက်ဆိုလျှင် မမှားနိုင်ပေ။
အန်လင်းက အံ့အားသင့်စွာဖြင့် စွန်းယွီလော့ကို စကားဆိုလိုက်သည်။
“မင်း... မင်း သေချင်နေတာလား ၊ မင်း အဲဒီတုန်းက လိမ်ညာပြောလိုက်လို့ မရဘူးလား”
စွန်းယွီလော့က လေးနက်သော အမူအရာဖြင့် ချက်ချင်း ခေါင်းယမ်းလိုက်သည်။
“ကျွန်တော့်ဓားက ကျွန်တော့်နှလုံးသားပဲ ၊ မုသားပြောရင် ကျွန်တော့်ဓား အစွမ်းမဲ့သွားလိမ့်မယ် ၊ ကျွန်တော် ဘယ်အချိန်မဆိုပြောရဲတယ် ၊ ဒါက ကျွန်တော့်ဓားရဲ့ ရွေးချယ်မှုပဲ”
အန်လင်းနှင့် တပိုင်တို့ နှစ်ယောက်စလုံး စွန်းယွီလော့ကို သဘောကျနှစ်ခြိုက်သွားကြသည်။
ကောင်းကင်ဓားဂိုဏ်းတစ်ခုလုံးတွင် ချီးကျူးခံရသော လူသားဖြစ်ရသည်ကို သူတို့ အံ့သြနေကြသည်။
ကောင်းကင်ဓားဂိုဏ်းမှ ဂိုဏ်းသားခြောက်ဦးစလုံးသည် ဒေါသနှင့် သတိထားလျက် အန်လင်းကို စောင့်ကြည့်နေကြသည်။ အန်လင်း မည်မျှအစွမ်းထက်သည်ကို မသိနိုင်သဖြင့် သူတို့ တိုက်ပွဲအတွက် အဆင်သင့်ပြင်ထားခဲ့ကြသည်။
အန်လင်းက သူတို့ကို အနိုင်ကျင့်မည် မဟုတ်ပါ။ သူ့ကို တိုက်ခိုက်ရန်စဖို့ ဘာမျှ မလုပ်သရွေ့ သူ့လက်သွေးစွန်းအောင် စိတ်အားထက်သန်စွာဖြင့် သတ်ဖြတ်မည် မဟုတ်ပေ။
“အန်လင်းကို ကြည့်လိုက် ၊ သူက အဲဒီမှာရပ်နေပြီး ငါတို့ကို အကြည့်တွေနဲ့လှောင်ပြောင်နေတာပဲ”
“သူ ရုတ်တရက် တိုက်ခိုက်လာမှာကိုလည်း ငါတို့သတိထားရမယ်”
“ကေလဟလတွေ တကယ်မှန်တာပဲ ၊ သူက တကယ် အရှက်မရှိတဲ့ ငတုံးပဲ”
ဂိုဏ်းသားခြောက်ယောက်က ဒေါသသံများဖြင့် အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးလိုက်ကြသည်။
အစကတော့ အန်လင်းက သူတို့ကို ကူညီပေးဖို့ စီစဉ်ခဲ့သည်ပင်။
ယခုတော့ စိတ်ပြောင်းသွားခဲ့ပြီ ဖြစ်၏။