ဓားသူရဲကောင်းအစစ်အမှန်၏စွမ်းအားကို ပြသခြင်း
Vol. 88 Ch. 1227
" အားလုံး စုနေကြ "
ကျောက်စစ်မင်က အော်လိုက်သည်။
ဂိုဏ်းသားခြောက်ဦး အမြန်အလျင်နေရာယူပြီးနောက် ထူးဆန်းသည့် ဓားသိုင်းအစီအရင်တစ်ခု ဖွဲ့စည်းလိုက်သည်။
ဓားသိုင်းအစီအရင်နားသို့ချဉ်းကပ်လာသည့် အနီရောင်လူများမှာ အလွန်ကြီးမားသည့်ဓားစွမ်းအာကြောင်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားကြရသည်။
အနီရောင်လူများက ကြောက်မက်ဖွယ်ရာကြမ်းတမ်းကြသည်။
ဓားသိုင်းက ကြောက်မက်ဖွယ်ရာစွမ်းအားကြီးသော်လည်း သူတို့က မရပ်မနား လှိုင်းလုံးများပမာ တိုက်ခိုက်လာနေသည်။
သနားစရာ စွန်းယွီလော့မှာ ကောင်းကင်ဓားဂိုဏ်းမှ ဂိုဏ်းသားများ၏ နောက်တစ်ကြိမ် ဝိုင်းပယ်ခြင်းကိုခံထားရသည့်တိုင် အနီရောင်လူများကိုခုခံရန် အစွမ်းကုန်တိုက်ပွဲဝင်နေဆဲပင်။
ထိုအချိန် အန်လင်းက သူနှင့် တပိုင်ကို ကာကွယ်ရန် သူ၏သိုင်းမီးတောက်ကို ထုတ်လွှတ်လိုက်သည်။ သူတို့ဆီသို့ပြေးလာနေသော အနီရောင်လူသားများမှာ သူနှင့်လက်တစ်ကွမ်းအကွာသို့ပင် မရောက်နိုင်ဘဲ အငွေ့ပျံပျောက်ကွယ်သွားကြသည်။
အန်လင်းက တပိုင်၏ ကျောပြင်ထက်တွင် လှဲလျောင်းရင်း တိုက်ခိုက်နေသော ကောင်းကင်ဓားဂိုဏ်းသားများကို မေးထောက်လျှက် ကြည့်နေသည်။
ဓားသိုင်းက အလွန်အားကောင်းသဖြင့် အနီရောင်လူသားများကို ခဏမျှအနိုင်ရသွားသည်။
သို့သော် ဤအခြေအနေကို ထိန်းသိမ်းရန်မှာ အလွန်ပင်ပန်းမည်မှာ သေချာပါသည်။
ဟုတ်ပေ၏။
အနီရောင်လူသား တစ်သောင်းလောက်ကို သတ်ပြီးနောက် နောက်ဆုံးမှာတော့ နည်းလမ်းတစ်ခုကို တွေ့ရှိလာသည်။
ဂိုဏ်းသားတစ်ဦး၏ဝမ်းဗိုက်သို့ အနီရောင်လူသားတစ်ယောက်က ထိုးနှက်လိုက်ရာ ထိုသူ၏သွေးများက လေထဲတွင် ပျံ့လွင့်သွားသည်။
"အား..."
"ယွင်ထျန်း "
ကြောက်မက်ဖွယ်ရာစွမ်းအားများနှင့် အနီရောင်ပုံရိပ်များက မရပ်မနားလှိုင်းလုံးများပမာ သူတို့ဆီသို တိုက်ခိုက်လာသည်။
မကြာမီပင် အနီရောင်လူသားတစ်ယောက်လက်ချက်ဖြင့် ရွှယ်ရှန်း၏ခြေထောက် ဒဏ်ရာရသွားခဲ့သည်။
ရွှယ်ရှန်း နာကျင်နေသည့်တိုင် ကြိုစားပြီး အသက်ရှင်ရန် ကာကွယ်နေဆဲပင်။
အနီရောင်လူများစွာကြောင့် သူတို့အားလုံး စိတ်ဓာတ်ကျသွားရပြီး လေထဲတွင် ဓားများ မရပ်မနား ထိုးဖောက်တိုက်ခိုက်နိုင်ခြင်းသာ တတ်နိုင်ခဲ့သည်။
သိပ်မကြာခင် ကျောက်စစ်မင်မှလွဲ၍ ဂိုဏ်းသားခြောက်ဦးစလုံး ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိခဲ့ကြသည်။ စွန်းယွီလော့မှာ ဒဏ်ရာများစွာ ရရှိထားသော်လည်း အံကြိတ်ကာ ဆက်လက်တိုက်ပွဲဝင်နေဆဲပင်။
ထိုအချိန် ကျောက်စစ်မင်က ရုတ်တရက် သူ၏လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်ပြီး သွေးနီရောင်တောက်ပနေသည့် နဂါးအသွင်ဓားကို အပေါ်သို့ရစ်ပတ်ကာ တစ်ချိန်တည်းပင် သူ၏စွမ်းအားများက တစ်ဆင့်မြင့်ကာ ပေါက်ကွဲထွက်လာသည်။
“ပြေးကြ... ငါ မင်းတို့အားလုံးကို ကာကွယ်ပေးထားမယ်”
ကျောက်စစ်မင် အော်ဟစ်လိုက်သည်။
သူက သွေးဓားကိုလက်ထဲတွင်ကိုင်ထားပြီး အန်လင်းဘက်သို့ စွမ်းအားပြင်းထန်သည့် ဓားချက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။
အန်လင်းရှိသည့်နေရာက တိုက်ပွဲနှင့် အနည်းငယ်ဝေးကွာသဖြင့် လူတိုင်းလွတ်မြောက်ရန် အကောင်းဆုံး လမ်းကြောင်းဖြစ်သည်။
အလွန်ပြင်းထန်သော ဓားချက်က လေထဲသို့ ပျံ့လွင့်သွားပြီး အရှေ့ရှိ အနီရောင်လူသားအားလုံးကို လွင့်စင်သွားစေကာ ယာယီဘေးကင်းရေးလမ်းကြောင်းတစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။
"အစ်ကိုကြီး... "
အားလုံးက မျက်ရည်များဖြင့် ကျောက်စစ်မင်ကို ငေးကြည့်နေကြသည်။
အန်လင်း ကျောက်စစ်မင်ကို အထင်ကြီးသွားခဲ့သည်။
ဂိုဏ်းသားငါးယောက်က ဓားချက်ကြောင့်ပွင့်သွားသော လမ်းဆီသို့ ချက်ချင်း ပြေးသွားကြသည်။
ကျောက်စစ်မင်က သူ၏စွမ်းအားကို အပြင်းအထန်မြှင့်တင်ပြီး သူ၏ဂိုဏ်းသားများအတွက် ဖန်တီးပေးခဲ့သော လမ်းကြောင်းဖြစ်သည်။
"မင်းဘာလုပ်နေတာလဲ ဒီကနေထွက်သွားတော့"
ကျောက်စစ်မင်က စွန်းယွီလော့အား အော်ဟစ်လိုက်သည်။
စွန်းယွီလော့က ကျောက်စစ်မင်နှင့်အတူ အခြားဂိုဏ်းသားများအတွက် ကူညီပြီး လမ်းကြောင်းဖွင့်ပေးခဲ့သည်။
“ကျွန်တော့်အတွက် စိတ်မပူပါနဲ့ ၊ ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်နိုင်ပါတယ်”
မြေပြင်ထက်မှ အနီရောင်လီလီပန်းများက ဂိုဏ်းသားများ ထွက်ပြေးရန်ကြိုးစားနေကြောင်း သတိပြုမိသည်နှင့် ပိုမို ပြင်းထန်စွာ လှုပ်ရှားလာကြသည်။
ထိုအချိန် အနီရောင်လူများကလည်း ပိုမိုကြမ်းတမ်းစွာ တိုက်ခိုက်လာကြသည်။
တိုက်ပွဲမှထွက်ပြေးရန်ကြိုးစားသူတိုင်း ပိုမိုကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများကို ခံစားကြရပေမည်။
အခြေအနေက အလွန်အန္တရာယ်များလာသည်။ ကျောက်စစ်မင်သည် အခြားသူများကို လွတ်မြောက်အောင် ကူညီရန် ကြိုးပမ်းစဉ်တွင် အာရုံပြောင်းသွားသဖြင့် ဒဏ်ရာများရရှိသွားသည်။
ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းသားများအားလုံး အန္တရာယ်နှင့် မငြိမ်သက်မှုပင်လယ်ကြားတွင် သူတို့၏အသက်ကို ရုန်းကန်ခဲ့ကြရသည်။
ဤသည်က အလွန်အန္တရယ်များသော တိုက်ပွဲတစ်ခုဖြစ်သည်။ သူတို့အားလုံး လွတ်မြောက်ရန် နည်းလမ်းရှာမတွေ့သောကြောင့် အသက်အန္တရာယ်နှင့် တိုက်ပွဲကြားမှ ရုန်းထွက်ရန် ကြိုးစားနေကြသည်။
"ညီမရွှယ်ရှန်း"
ဂိုဏ်းသားတစ်ယောက် ရုတ်တရက် ထိတ်လန့်တကြား အော်လိုက်သည်။
ရွှယ်ရှန်းမှာ သူမအား တိုက်ခိုက်ရန် ဝင်ရောက်လာသော အနီရောင်လူသားများကို အလျှင်အမြန် ရှောင်တိမ်းလိုက်ရသည်။
ရွှယ်ရှန်းရဲ့ မျက်နှာအမူအယာ အနည်းငယ်ပြောင်းသွားပြီး ဓားကိုဆွဲထုတ်ကာ အနီရောင်လူသားများကို တိုက်ခိုက်လိုက်သည်။
အနီရောင်လူသားတစ်ယောက် ဓားချက်ထိမှန်ပြီး စူးရှသောအော်ဟစ်သံ ထွက်ပေါ်လာသည်။
ရွှယ်ရှန်းမျက်နှာပျက်သွားပြီး...
“မသေသေးဘူးလား”
ထိုအနီရောင်လူသားက ချပ်ဝတ်ဝတ်ဆင်ထားပြီး ဓားချက်ကို ချပ်ဝတ်က ကာကွယ်ထားသောကြောင့် သေဆုံးခြင်း မရှိခဲ့ပေ။
အနီရောင်လူသား၏လက်များက ဓားသွားအသွင်ပြောင်းလဲသွားပြီး ရွှယ်ရှန်းထံသို့ ကျရောက်လာသည်။ ရွှယ်ရှန်း အံ့အားသင့်နေပြီး ရှောင်တိမ်းရန် အချိန်မရခဲ့ပေ။
ပြီးသွားပြီ…
ဒီကြောက်စရာကောင်းတဲ့ တိုက်ပွဲထဲမှာ ငါသေသွားတော့မယ်…
ဤသည်က ရွှယ်ရှန်းစိတ်ထဲမှ တစ်ခုတည်းသောအတွေးသာပင်။
ထိုအချိန်ခဏတွင် အနီရောင်လူသား ရုတ်တရက် အေးခဲသွားသည်။
ရွှယ်ရှန်းက ဘာဖြစ်သွားမှန်းမသိဘဲ အံ့အားသင့်နေစဉ် အနီရောင်လူသားက ရုတ်တရက် အပိုင်းပိုင်းပြတ်သွားပြီး လေထဲတွင် ပြန့်ကြဲသွားသည်။
"ဝိုး.. ငါ သူ့ကို အတုံးလေးတွေတုံးပြီး ဟင်းအိုးထဲထည့်ချက်ချင်စိတ်တောင် ဖြစ်မိတယ် "
ရွှယ်ရှန်းက တွေးလိုက်သည်။
ထိုအချိန်တွင် သက်ပြင်းချသံတစ်ချက်ရုတ်တရက်ထွက်ပေါ်လာသည်။
"အန်း...အန်လင်း"
ရွှယ်ရှန်းက ထိတ်လန့်စွာ အော်လိုက်သည်။
သူမရှေ့တွင်ရပ်နေသူက အန်လင်းမှလွဲပြီး အခြားသူ မဟုတ်ပေ။
အနီရောင်လူသားများက မရပ်မနား ကြမ်းတမ်းစွာ သူတို့ထံ ဝင်ရောက်တိုက်ခိုက်ကြသော်လည်း သူတို့ဆီ မရောက်ခင်မှာပင် တညီတညာတည်း အပိုင်းပိုင်းပြတ်တောက်ကုန်ကြသည်။
အန်လင်းလက်ချက်ဖြစ်ကြောင်း ရွှယ်ရှန်း သဘောပေါက်သွားသည်။
"ဒါ အန်လင်း တိုက်ခိုက်တာပဲ "
"သူက ညီမရွှယ်ရှန်းကို ကယ်လိုက်တာ"
ကောင်းကင်ဓားဂိုဏ်းသားအားလုံး အံ့အားသင့်သွားပြီး စိတ်လှုပ်ရှားစွာ ၊ မတူညီသော မျက်လုံးများဖြင့် သူ့ကိုလှည့်ကြည့်လိုက်ကြသည်။
အန်လင်းက ခိုင်မာသောလေသံဖြင့်...
“မပြေးနဲ့တော့ ၊ ဓားသူရဲကောင်းတွေဆိုတာ ရှေ့ကိုပဲဆက်သွားတယ် ၊ ဘယ်တော့မှ နောက်ဆုတ်တာမျိုး မလုပ်သင့်ဘူး”
ဂိုဏ်းသားတစ်ယောက်က ဒေါသတကြီး ရှေ့ထွက်လာပြီး...
“မပြေးရဘူး ဟုတ်လား ၊ မပြေးရင် ငါတို့အားလုံး သေမှာပေါ့”
“ငါလည်း အဓိပ္ပါယ်မရှိတဲ့စကားတွေ လျှောက်ပြောလို့ရတာပဲ ၊ ဒီမှာ ရန်သူ အနီရောင်လူသားတွေ အများကြီးပဲ ၊ ထွက်မပြေးရင် ငါတို့ ဘယ်လိုအသက်ရှင်နိုင်မှာလဲ ၊ မင်း မပြေးရင် မင်းလည်း အသက်ရှင်နိုင်မှာမဟုတ်ဘူး”
နောက်ထပ်ဂိုဏ်းသားတစ်ယောက်ကလည်း အော်ဟစ်ပြောဆိုလိုက်သည်။
ဤတိုက်ခိုက်မှုပုံစံက သူတို့စိတ်ကူးထားသည်ထက် ပိုပြီးကြောက်စရာကောင်းသည်။
မရေမတွက်နိုင်သော အနီရောင်လူသားများနှင့် ပြင်းထန်သော တိုက်ပွဲက သူတို့အားလုံးကို ကြေမွကာ အသက်ရှုကြပ်စေသည့် ခံစားချက်ကို ရစေခဲ့သည်။
ထွက်ပြေးရန်ပင် အလွန်ခက်ခဲနေသည်ဖြစ်ရာ သူတို့ မည်သို့ ရပ်တည်ပြီး တိုက်ခိုက်နိုင်ပါနည်နည်း။ ထိုအစား ကိုယ့်လည်ပင်းကိုယ် လှီးဖြတ်ပြီး သတ်သေလိုက်သည်က ပိုကောင်းပေမည်။
“ကောင်းပြီ၊ မင်းတို့ကို ဓားသူရဲကောင်းအစစ်က ဘယ်လိုလဲဆိုတာ ငါပြမယ်"
အန်လင်းက ရယ်မောလိုက်ပြီး သိုလှောင်လက်စွပ်အတွင်းမှ မီးငှက်ကြေးမုံမှန် ထုတ်ယူကာ လေထဲသို့ပစ်လွှတ်လိုက်သည်။
“ရန်သူ အနီရောင်လူသားတွေ အများကြီး ဟုတ်လား ၊ ငါ သတိတစ်ချက်လွတ်သွားတာ ခွင့်လွှတ်ပါ ၊ ဒီလည်ဆွဲ တစ်ချက်လှုပ်လိုက်တာနဲ့ အနီရောင်လူသားတွေ မရှိသလောက် ပျောက်သွားလိမ့်မယ်”
အန်လင်းပြောသည့်အတိုင်း မီးငှက်ကြေးမုံမှန်က တွင်းနက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဂိုဏ်းသားများ မတုံ့ပြန်နိုင်ခင်မှာပင် ဆိုးရွားသောတွင်းပေါက်ကြီးက တိုက်ပွဲတစ်ခုလုံး ငြိမ်သက်သွားစေပြီး မိုးနဲ့မြေအပြည့် ဖုံးလွှမ်းသွားသည်။
သူတို့တိုက်ခိုက်နေသော ဓားချက်တိုင်းက ရေတစ်စက်ဖြစ်သည်ဆိုလျှင် ထိုနီလာရောင်တွင်းနက်ကြီးကတော့ သမုဒ္ဒရာတစ်ခုပမာ ဖြစ်သည်။
[ မီးငှက်ကြေးမုံမှန်: ကြယ်တစ်လုံးကို အဓိက အစွမ်းအမြစ်အဖြစ် သုံး၍ ဖန်တီးထားသော လက်နက်ဖြစ်သည်။ ဓာတ်အား ဖြည့်သွင်းပြီးနောက် “သေပြီးသား” ဝိဉာဉ်များကို စုပ်ယူသိုလှောင်နိုင်ပြီး ပြန်လည် တိုက်ခိုက်နိုင်သည်။ ]
ထိုလက်နက်ကိုကိုင်ဆောင်သူ၏ ရည်ရွယ်ချက်နှင့် ကျင့်ကြံခြင်းအခြေခံ ပိုပြီးအားကောင်းလေ တိုက်ခိုက်နေသောဓားများကလည်း ပိုပြီးအားကောင်းလေ ဖြစ်သည်။
ဤလည်ဆွဲထဲတွင် သေပြီးသားဝိညာဉ်များ သန်းနှင့်ချီရှိနေပြီး သူတို့အားလုံးကလည်း အန်လင်း၏တန်ခိုးစွမ်းအား စိတ်အာရုံဖြင့် ကျင့်ကြံထားသဖြင့် အားလုံး သန့်စင်သောရွှေပမာ ပြောင်းလဲသွားခဲ့သည်။
အန်လင်းကိုယ်တိုင်ပင် သူတို့ ဘယ်လောက်အစွမ်းထက်ကြောင်း မခန့်မှန်းနိုင်ပေ။
ရုတ်တရက်ဆိုသလိုပင် နီလာရောင်တွင်းနက်ကြီးမှ ရွှေရောင်ဓားရှည်များ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ကျဆင်းလာသည်။
မရေတွက်နိုင်သော ရွှေရောင်ဓားရှည်များက ရေတံခွန်ကဲ့သို့ စီးဆင်းလာသည်။
အနီရောင်ပန်းပင်လယ်သည် အကန့်အသတ်မဲ့ ရွှေပင်လယ်အဖြစ် ပြောင်းလဲသွားသည်။
အားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။
လည်ဆွဲအစွမ်းက ကောင်းကင်ကိုလှုပ်ရှားစေပြီး ဓားသွားများစုပေါင်းကာ သမုဒ္ဒရာတစ်ခုအဖြစ် ပေါင်းစည်းသွားလေသည်။