ကယ်တင်ရှင်အန်လင်း
Vol. 88 Ch. 1228
ကောင်းကင်ဓားဂိုဏ်းမှ ဂိုဏ်သားများအားလုံး အံ့အားသင့်ဖွယ်မြင်ကွင်းကို စူးစိုက်လျှက် ကြည့်နေကြသည်။
ရွှေရောင်ဓားရှည်များ အနီရောင်လူသားတို့အပေါ်သို့ ကျရောက်သွားသည်။ ဤဓားများက မြင့်မြတ်သောလက်နက်မူလစွမ်းအင်၏ စွမ်းအားဖြင့် ချည်နှောင်ထားကာ အနီရောင်လူသားအားလုံးကို ပိုင်းဖြတ်လိုက်ကြသည်။
အနီရောင်လူသားများ အများအပြားရှိနေခဲ့သည့်တိုင် ပိုမိုများပြားသော ရွှေရောင်ဓာရှည်များကြောင့် အနီရောင်လူများများ စိတ်ပျက်သွားကြပြီး အံ့အားသင့်မှုနှင့် ဒေါသတရားကို ခံစားလိုက်ကြရသည်။
သူတို့အားလုံးကို အဆုံးမဲ့ ရွှေရောင်ဓားရှည်များက လုံးဝ ဖုံးလွှမ်းသွားသည်။
ထိုမျှမက ရွှေရောင်ဓားရှည်များသည် မြေပြင်ပေါ်သို့ ဆင်းချသွားကာ အနီရောင်လီလီပန်းပင်လယ်ပြင်ကို ဖြိုခွဲပစ်လိုက်သည်။
" ဝုန်း!!!! "
မြေကြီး ပြင်းထန်စွာ တုန်လှုပ်သွားသည်။
အဆုံးမဲ့ ရွှေရောင်ဓားရှည်သမုဒ္ဒရာက မရပ်တန့်ဘဲ အနီရောင်လူသားများကို လွှမ်းခြုံသွားပြီး တိုက်ပွဲတစ်ခုလုံး ပျက်ဆီးသွားကာ နောက်ဆုံးမေပြင်တစ်ခုလုံး ရွှေရောင်ဓားရှည်ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို ကောင်းကင်ဓားဂိုဏ်းသားများ တွေ့မြင်နေရသည်။
တစ်စုံတစ်ခု အက်ကွဲသွားသည့်ပမာ ပေါက်ကွဲသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ကျောက်စစ်မင်နှင့် ဂိုဏ်းသားများ ထိတ်လန့်သွားကြသည်။
“အန်လင်းက ဒီလောက် ရက်စက်ကြမ်းတမ်းတဲ့ခွန်အားနဲ့ တိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့တယ် ၊ အတော်ကြောက်စရာကောင်းတဲ့ တန်ခိုးစွမ်းအားပဲ”
အစစ်အမှန် ပြင်းထန်သောစွမ်းအားဖြင့် တိုက်ပွဲကို လုံးဝ ချေဖျက်နိုင်မည်ဆိုလျှင် အားနည်းချက်များကို လေ့လာရန် အဘယ်မှာ လိုတော့ပါမည်နည်း။
အဆုံးမဲ့ဓားသိုင်းကြောင့် မြေပြင်တစ်ခုလုံး ဖျက်ဆီးခံရပြီး ယခင်က ရှိခဲ့ဖူးသော ပုံသဏ္ဌန်ကိုပင် မမှတ်မိနိုင်အောင် ဖြစ်သွားရသည်။
ဓားရှည်များက နီလာရောင်တွင်းနက်ကြီးဆီသို့ ပြန်လည် ပျံသန်းလာကြသည်။
တွင်းနက်ကြီးက အသွေးအရောင်လျော့သွားပြီး နောက်ဆုံး မီးငှက်ကြေးမုံမှန်အဖြစ် ပြန်လည်ပြောင်းလဲသွားသည်။
“အင်း... နှမျောစရာပဲ”
အန်လင်းက လည်ဆွဲကိုသိမ်းဆည်းလိုက်ပြီး အခြားသူများကို လှည့်မကြည့်ခင် ခေါင်းခါယမ်းလိုက်သည်။
ကောင်းကင်ဓားဂိုဏ်းမှ ဂိုဏ်းသားများအားလုံး တုန်လှုပ်ခြောက်ခြားနေပြီး စိတ်မသက်မသာ ဖြစ်နေကြဆဲပင်။ သူတို့က သူ့ကို အံ့အားသင့်စွာဖြင့် စူးစိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။
“အရမ်းတော်တာပဲ...”
ရွှယ်ရှန်း၏ နှုတ်မှ ချီးကျူးစကားသံ ထွက်ပေါ်လာသည်။
အန်လင်းကို သတ်ပစ်မည်ဟု ကြွေးကြော်ထားသည့် ဂိုဏ်းသားသည် အန်လင်း၏ မျက်လုံးများကို တိုက်ရိုက်ကြည့်ရန်ပင် ရှက်ရွံ့နေသည်။ သူ့စိတ်ထဲမှာ မြူမှုန်တစ်ခုလို့ လွင့်ပျောက်သွားချင်စိတ်သာ ဖြစ်နေတော့သည်။
ကျန်လူများမှာလည်း အချို့က အရှက်ရွံ့နေပြီး၊ အချို့က အံ့အားသင့်လေးစားနေကြသည်။ အချို့ကတော့ ကျေးဇူးတင်နေကြသည်…။
အဘယ်ကြောင့်ဆိုသော် အန်လင်းက သူတို့အသက်ကို ကယ်တင်လိုက်သည် မဟုတ်ပါလား။
“ကျေးဇူးတင်ပါတယ်…”
ဂိုဏ်းသားတစ်ဦးက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ကျေးဇူးတင်စကားကြားရတော့ အန်လင်းက ပြုံးလိုက်သည်။
ထို့နောက် သူက ဒဏ်ရာရနေသော စွန်းယွီလော့ဘက်သို့လှည့်ကာ အဆင့်မြင့် စိတ်ဝိညာဉ်ဆေးလုံးကို သူ့ထံပစ်ပေးလိုက်သည်။
“မင်း အကောင်းဆုံး တိုက်ပွဲဝင်ခဲ့တာပဲ ၊ မင်းရဲ့ ညီအစ်ကိုတွေက မင်းကို နှိမ့်ချပြီး စော်ကားခဲ့ပေမယ့် မင်းက အနီရောင်လူသားတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ် ၊ ဒီဝိညာဉ်ဆေးလုံးက မင်းအတွက် ဆုလာဘ်ပဲ”
စွန်းယွီလော့က ဆေးပြားကို သောက်ပြီးနောက် တောက်ပသောမျက်လုံးနဲ့ အန်လက်းကို ကြည့်လိုက်သည်။
"ဓားအင်မော်တယ်အန်လင်း... ခင်ဗျား … ခုနက အရမ်းတော်တာပဲ"
စွန်းယွီလော့သည် အန်လင်းကို အမြဲလေးစားအားကျခဲ့သော်လည်း ယခုအဖြစ်အပျက် မြင်ကွင်းများကို မြင်ပြီးမှသာ သူ့လေးစားအားကျမှု မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
"ဒါကြောင့် စွန်းယွီလော့က အလေးစားဆုံး ဓားသူရဲကောင်းလို့ ပြောတာကိုး "
ကျောက်စစ်မင်က တီးတိုးပြောလိုက်သည်။
“ဒီလိုအစွမ်းထက်တဲ့ ဓားသိုင်းစွမ်းအားက ဂိုဏ်းချုပ် လျိုမင်ရွှမ်က လွဲပြီး ကောင်းကင်ဓားဂိုဏ်းမှာ ဘယ်သူမှ ယှဉ်နိုင်မှာမဟုတ်ဘူး”
သူသည် အစွမ်းထက်လက်နက် စွမ်းအင်မှ ထူးခြားသောဓားသိုင်းကို ခံစားသိရှိခဲ့သည်။
ကောင်းကင်ဓားဂိုဏ်းသားအားလုံး ဘာလုပ်ရမှန်းမသိဘဲ ငြိမ်သက်နေကြသည်။
အန်လင်းကိုကြည့်ပြီး ရှက်နေကြပေမယ့် စွန်းယွီလော့ကို လှည့်ကြည့်လိုက်မိတော့ ပိုရှက်သွားကြတယ်။
စွန်းယွီလော့ကို သူတို့ အထင်သေးခဲ့ကြပြီး အန်လင်းအပေါ် လေးစားအားကျမှုကိုလည်း ရှုံ့ချခဲ့ကြသေးသည်။
စွန်းယွီလော့သည် သူ့အား အထင်အမြင်သေးမှုတွေကို တကယ်အရေးကြီးနေချိန်မှာ ကောင်းကင်ဓားဂိုဏ်းသားများကို ကယ်တင်ရန် အသက်ကိုရင်းပြီး ကြိုးစားမှုဖြင့် အမြင်ပြောင်းလဲစေခဲ့သည်။
ထိုမျှမက စွန်းယွီလော့၏ သူရဲကောင်းဖြစ်သော အန်လင်းကလည်း ရန်သူများကို သူ၏ တုနှိုင်းမရသောစွမ်းအားဖြင့် ဖယ်ရှားပြီး လူတိုင်း၏အသက်ကို ကယ်တင်ခဲ့သည်။
သူတို့အားလုံး မျက်နှာဖြတ်ရိုက်သလို ခံစားလိုက်ကြရသည်။
အန်လင်းနှင့် စွန်းယွီလော့တို့က ဘာမှ မပြောကြသော်လည်း သူတို့၏ နှလုံးသားထဲတွင် အရှက်တရားက လွန်စွာ စိတ်မသက်မသာ ဖြစ်စေသည်။
"မင်းတို့ အခု အန္တရာယ်ကင်းသွားကြပြီ၊ သွားကြရအောင်။"
အန်လင်းသည် တပိုင်ပေါ်သို့ စီးကာထွက်သွားသည်။
"ကျွန်တော့်ကို စောင့်ပါဦး၊ အန်လင်း"
စွန်းယွီလော့က ချက်ချင်းပြေးလိုက်သွားသည်။
ကောင်းကင်ဓားဂိုဏ်းသားတို့သည် အန်လင်းနှင့် စွန်းယွီလော့ ထွက်ခွါသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
"သူတို့ ဒီအတိုင်း ထွက်သွားကြပြီ"
"သူတို့ ထွက်မသွားခင်မှာ ငါတို့ကို လှောင်ပြောင်သွားလိမ့်မယ်လို့ ထင်ခဲ့တာ"
"ဘာမှ မပြောဘဲ ထွက်သွားတာ တကယ်ကို အရက်စက်ဆုံး လှောင်ပြောင်မှုလို့ မထင်ဘူးလား"
“ဟူး…. "
ကျောက်စစ်မင်က သက်ပြင်းတစ်ချက်ချလိုက်သည်။
"ငါတို့အလုပ်ကိုပဲ အာရုံစိုက်ကြရအောင်၊ ငါတို့ ရှေးဟောင်းဓားကို တတ်နိုင်သမျှ မြန်မြန်ပြန်ယူရမယ်"
ဂိုဏ်းသားအားလုံး ခေါင်းညိတ်လိုက်ကြသည်။ ရှေးဟောင်းဓားကို ရှာဖွေခြင်းက သူတို့၏ ဦးစားပေးအလုပ်ဖြစ်သည်။
ထိုအချိန် အန်လင်းနှင့် တပိုင်သည် ရုတ်တရက် ရပ်တန့်သွားသည်။
"ဘာလို့ ရပ်လိုက်တာလဲ ဓားအင်မော်တယ်အန်လင်း "
စွန်းယွီလော့က မေးသည်။
“ဒါက လူသတ်ပန်းပွင့်အစီအရင်ရဲ့ ဗဟိုချက်ပဲ”
ပြန်ဖြေရင်း အန်လင်း၏မျက်ဝန်းများ အရောင်တောက်သွားသည်။
“လူသတ်ပန်းပွင့်အစီအရင်ကို ခင်ဗျားဖျက်ဆီးလိုက်ပြီ မဟုတ်ဘူးလား ၊ ဗဟိုချက်ဆိုတာက ဘာလဲ”
စွန်းယွီလော့က အံ့ဩစွာနဲ့မေးလိုက်သည်။
“ဒါက သဘာဝကဖန်တီးထားတဲ့ အစီအရင်ပဲ ၊ အနီရောင်လီလီပန်းတွေကပဲ အဲဒီကြောက်စရာအစီအရင်ကို ထုတ်ဖော်နိုင်မယ်ထင်လို့လား”
အန်လင်းက ဖြေးညှင်းစွာ တပိုင်အပေါ်မှ ဆင်းလိုက်သည်။
စွန်းယွီလော့ မျက်လုံးများ စိတ်လှုပ်ရှားစွာဖြင့် တောက်ပလာသည်။
အန်လင်းသည် လေကို ဆုပ်ကိုင်လိုက်သည်နှင့် မြေပြင်ပေါ်ရှိ မြေဆီလွှာသည် ရုတ်တရက် အက်ကွဲစပြုလာသည်။
တဟုန်ထိုးအက်ကွဲ ပြီးနောက်၊ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝတ်ဆံဖိုရုပ်ပုံသဏ္ဍာန်ရှိသည့် အရာဝတ္ထုတစ်ခုသည် အန်လင်းဆီသို့ ပျံဝဲသွားသည်။ ၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ရှိသည်။
နတ်ဘုရားစစ်ဆေးမှုနည်းစနစ်။
[အနက်ရောင်သွေးဘုရင်ပန်း : သဘာဝဖွဲ့စည်းထားသောဝတ်ဆံက အဆုးမရှိသော သွေးများထဲတွင် နှစ်ပေါင်းများစွာ ပျိုးထောင်ခံထားရသဖြင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် မြှုပ်နှံခံထားရသည်။ ဤသည်က နတ်ဘုရားအဆင့် ပစ္စည်းတစ်ခုဖြစ်သည်။]
အန်လင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“ဆက်သွားရအောင် တပိုင်"
အန်လင်းက ပြောလိုက်သည်။
တပိုင်သည် အံ့သြဖွယ်ကောင်းသော အနံ့အာရုံနှင့် ပြီးပြည့်စုံသော လမ်းပြသူဖြစ်သည်။ ဤနေရာ၌ သူသည် တန်ခိုးရှင်ကဲ့သို့ အစွမ်းရှိသည်။
"အစ်ကိုကြီးအန်၊ အဲဒီ ပစ္စည်းရှိတဲ့နေရာကို ကျွန်တော်သိတယ်။ "
တပိုင်သည် သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားစွာဖြင့် အာရုံခံကာ ဦးတည်ရာသို့ လမ်းပြခေါ်ဆောင်သွားသည်။
စွန်းယွီလော့က မျက်နှာတည်လိုက်ပြီး မြေပုံကို စစ်ဆေးလိုက်သည်။
“အဲဒီနေရာကို မြေပုံပေါ်မှာ ဖော်ပြထားပါတယ်။ အဲဒီနေရာက ပိုင်ရန်မြို့ဖြစ်ပြီး၊ အန္တရာယ်အဆင့်အမြင့်ဆုံးလို့ မှတ်သားထားတယ်”
သူတို့က ဝိဉာဉ်မိစ္ဆာနယ်မြေ၏ အဓိကအစိတ်အပိုင်းထဲသို့ ရောက်နေပြီးသားဖြစ်သဖြင့် ယခုမှစတင်ပြီး နောက်ပိုင်းတစ်လျှောက် အလွန်သတိထားပြီး လှုပ်ရှားရမည် ဖြစ်သည်။
"အန္တရာယ်နဲ့ အခွင့်အလမ်းက လက်တစ်ကမ်းမှာ ရှိနေတယ်။ နောက်ပြီး အဲဒီနေရာမှာ မြင့်မားတဲ့ တောင်ကြီးတစ်ခု ရှိနေတယ်ဆိုတာကို မြေပုံက ညွှန်ပြတယ်။ အဲဒါက ငါတို့ရှာနေတဲ့ တောင်ဖြစ်နိုင်တယ်”
အန်လင်းက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
ခဏအကြာတွင် အလွန်ခမ်းနားသော မြို့ကြီးတစ်မြို့ ပေါ်လာသည်။
ထိုမြို့တွင် အပျက်အဆီးများနှင့် အဆက်မပြတ်တိုက်ခတ်နေသော အေးစက်မှောင်မိုက်သည့်လေမှလွဲပြီး တခြားဘာမှ မရှိပေ။
စွန်းယွီလော့သည် တုန်ရီသောလက်များဖြင့် တပိုင်၏အမြီးကို ဖမ်းဆုပ်ကာ မြို့ထဲကို ဖြတ်သန်းသွားခဲ့သည်။
ရုတ်တရက် အဝါရောင်ပိတ်အဝတ်အစားဝတ်ထားသည့် ကလေးလေးတစ်ယောက်ကို သူတို့တွေ့လိုက်သည်။ ကလေးငယ်သည် မြေပြင်ပေါ်တွင် စက်ဝိုင်းများဆွဲနေသည်။
“ ဟား ဟား ဟား … "
ရယ်မောသံများက လေထဲတွင် တဟုန်ထိုး ထွက်ပေါ်လာသည်။
အန်လင်း၏ အစွမ်းထက်သော နတ်အာရုံသည်ပင် ဤကလေးငယ်၏ စွမ်းအားအဆင့်ကို မတွေ့နိုင်ပေ။
“တပိုင် သွားကြည့်ရအောင်”
အန်လင်းက ပြောလိုက်သည်။
အန်လင်း၏အမိန့်အတိုင်း တပိုင်က ကလေးငယ်နောက်သို့ ဂရုတစိုက်ဆင်းသက်လိုက်သည်။