လျှို့ဝှက်ဆန်းကြယ်သော ကလေးငယ်
Vol. 88 Ch. 1229
မည်သို့ပင်ကြည့်ကြည့် ဤသို့သောမြို့ကြီးတစ်မြို့၏ လမ်းမထက်တွင် စက်ဝိုင်းပုံရေးဆွဲနေသည့်ကလေးငယ်က ထူးဆန်းသည် အမှန်ပင်။
စွန်းယွီလော့သည် အန်လင်း၏ သင်ကြားချက်များကို ထပ်ခါထပ်ခါ တွေးနေသည်။ ဓားသူရဲကောင်းဆိုသည်မှာ သူတို့၏ကြောက်ရွံ့မှုများကို ရင်ဆိုင်ကာ အနိုင်ယူသင့်သည်။
ထို့ကြောင့် စွန်းယွီလော့သည် တုန်ရီသောလက်များဖြင့် ဓားရှည်ကို ဆွဲထုတ်ကာ အန်လင်းနှင့် တပိုင်ရှေ့တွင် ရပ်လိုက်သည်။
သူက မြေပြင်ပေါ်တွင် စက်ဝိုင်းပုံဆွဲနေသော ကလေးလေးကို လက်ညှိုးထိုးပြပြီး
"ဘာလို့ လမ်းတွေကို ဖျက်ဆီးနေတာလဲ"
ဤကိစ္စ တစ်ခုခုမှားယွင်းနေကြောင်း သူတို့ခံစားနေရသည်။
ကလေးငယ်၏လက်များ ရုတ်တရတ် တုန်ခါသွားသည်။
ကလေးငယ်က ဖြည်းဖြည်းချင်း ငြိမ်သက်စွာထလိုက်ပြီး နောက်သို့လှည့်ကြည့်လာသည်။
အံ့သြစရာကောင်းသည်မှာ အဝါရောင်ဝတ်ဆင်ထားသည့်ကလေးငယ်က အလွန်နူးညံ့သိမ်မွေ့ပြီး စိတ်ကိုဆွဲဆောင်နိုင်သည့် မျက်နှာမျိုး ပိုင်ဆိုင်ထားခြင်းပင်။
“အစ်ကိုကြီး…”
ကလေးငယ်၏အသံသည် သာယာနာပျော်ဖွယ် နားထဲသို့ ဝင်ရောက်လာသည်။
စွန်းယွီလော့ကြောက်ရွံ့တုန်လှုပ်သွားသည်။
"ဟာ... ဒီကို မလာနဲ့ ၊ မင်း လာရင် ငါ မင်းကို သတ်ပစ်မယ်"
သေမင်းတမန် တိတ်ဆိတ်မှုတစ်ခု ပေါ်ပေါက်လာသည်။
ကလေးငယ်က တုတ်တုတ်မျှမလှုပ်ဘဲ ရုပ်တုတစ်ခုလို နေရာတွင် ရပ်နေသည်။
သူတကယ် လုံး၀ ချုပ်နှောင်ခံထားရသလိုပါပဲ။
စွန်းယွီလော့ အလွန်ပင် အံ့အားသင့်သွားရသည်။
သူက ကလေးငယ်ကို “မလှုပ်နဲ့” ဟု သတိပေးလိုက်ရုံဖြင့် အံ့အားသင့်စရာကောင်းလောက်အောင် ကလေးငယ်က မလှုပ်ဘဲ မတ်တတ်ရပ်နေခဲ့သည်။
ဘယ်လိုတောင် စကားနားထေင်သည့် ကလေးပါလိမ့်။
ထိုအချိန်မှာပင် ကလေး၏မျက်လုံးများက တဖြည်းဖြည်း ပြူးထွက်လာသည်။
သူ့မျက်လုံးနှစ်လုံးက မြေပြင်ပေါ်သို့ လိမ့်ကျပြီး သွေးများ ပြန့်ကျဲသွားတယ်။ သွေးမျက်ရည်များ အဆက်မပြတ် စီးကျနေသည့် ဆိုးရွားလှသော မျက်စိနှစ်ဖက်သာ ကျန်နေခဲ့တော့သည်။
“အာ… မျက်လုံးတွေ ကျသွားပြီ…”
အံ့ဩဖွယ် အပြုံးတစ်ခုနဲ့ ကလေးငယ်က ပြောလိုက်သည်။
စွန်းယွီလော့က မျက်စိရှေ့တွင်ဖြစ်ပျက်သမျှကို အသက်ရှူရန်ပင်မေ့နေပြီး ပါးစပ်အဟောင်းသားဖြင့် ငြိမ်သက်စွာ ကြည့်နေမိသည်။
“အား... အား”
နောက်ဆုံး စွန်းယွီလော့ အော်ဟစ်လိုက်ပြီး နောက်ပြန်လဲကျတော့မလိုဖြစ်ကာ တပိုင်ကို တင်းတင်းကျပ်ကျပ် မကိုင်လိုက်နိုင်ခင် သူ့ဓားပင်လွတ်ကျတော့မလို ဖြစ်သွားသည်။
"ငါ့ကို လွှတ်၊ မင်းက သရဲဘောကြောင်တဲ့ ကောင်ပဲ ၊ မင်းငါ့ကို ကိုင်ထားတာ နှိပ်စက်နေသလိုပဲ "
တပိုင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
အန်လင်းသည် ကလေးလေး၏ ထူးထူးဆန်းဆန်း မြင်ကွင်းကြောင့် ထိတ်လန့်သွားသော်လည်း စွန်းယွီလော့ကဲ့သို့ ပြင်းထန်သော အပြုအမူ မဖြစ်ခဲ့ပေ။
စွန်းယွီလော့၏ တုံ့ပြန်မှုကြောင့် ကလေးငယ်လေးပင် လန့်ဖျပ်သွားပြီး စကားပြောရန် ခေတ္တမေ့သွားခဲ့သည်။
ကလေးငယ်သည် သူ၏မျက်လုံးများကို ကောက်ယူကာ မျက်စိထဲ ပြန်ထည့်ကာ သူ့မျက်နှာပေါ်မှာ စိတ်လှုပ်ရှားစွာဖြင့် စွန်းယွီလော့ကို လှည့်မကြည့်မီတွင် စိတ်ဝင်စားစရာကောင်းသည့် အရုပ်တစ်ရုပ်ကို တွေ့ရှိသွားပုံရသည်။
စွန်းယွီလော့သည် သူ့အား တစ္ဆေ၏ လှောင်ပြောင်ခြင်းကို ခံရသကဲ့သို့ ခံစားလိုက်ရပြီး ဓားကိုထုတ်ကာ ကလေးငယ်ကို ရွယ်လိုက်သည်။
“ဒါကို ယူလိုက်စမ်း”
ထက်ရှသောဓားက လေထဲသို့ လွင့်ပျံသွားသည်။
ကလေးငယ်က လက်ဗလာဖြင့် ပြုံးလျှက်ပင် စွန်းယွီလော့၏ဓားချက်ကို ရင်ဆိုင်လိုက်သည်။
စွန်းယွီလော့လက်ထဲမှဓားရှည်က ကလေးငယ် လက်ထဲသို့ တိုးဝင်လာပြီး စူးရှစွာ ဟစ်အော်သံတစ်ခု ထွက်ပေါ်လာကာ ဓားရှည်ထက်ပိုင်းပြတ်သွားကာ မီးပွားများ ထွက်ပေါ်လာသည်။
“ဘယ်လို…ဒါက ဘယ်လိုဖြစ်ရတာလဲ၊ ငါ့ဓားက စိတ်ဝိညာဉ်ဓားပဲ”
စွန်းယွီလော့၏ မျက်လုံးများသည် ထိတ်လန့်စွာဖြင့် ပြူးကျယ်သွားသည်။
ကလေးငယ်၏မျက်ဝန်းများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာပြီး သူက အံ့အားသင့်စွာဖြင့် ပါးစပ်ဟလိုက်သည်။ ထိုအခါ ကလေးငယ်၏လျှာက သွေးစုတ်ကောင်တစ်ကောင်ပမာ စွန်းယွီလော့၏ လည်ပင်းကို ရစ်ပတ်လိုက်သည်။
စွန်းယွီလော့မှာ ရွှဲစိုသော ခံစားမှုတစ်ခုကြောင့် ထိတ်လန့်သွားကာ ထပ်မံအော်ဟစ်လိုက်တော့သည်။
"ကျွန်တော့်ကိုကယ်ပါဦး ဓားအင်မော်တယ်အန်လင်း ၊ ဘာလို့ ဒီလျှာက ဒီလောက်ရှည်ပြီး စိုစွတ်နေရတာလဲ၊ ကျွန်တော်အရမ်းကြောက်တယ်! "
စွန်းယွီလော့၏ ခြေထောက်များ တုန်ခါနေပြီး လျှာသည် လည်ပင်းတစ်ဝိုက်တွင် တင်းတင်းကျပ်ကျပ် ဖြစ်နေသောကြောင့် သူ့မျက်လုံးများတွင် မျက်ရည်များ စီးကျလာသည်။
သူသည် ကလေးငယ်၏လျှာကို ဓားဖြင့်အရူးအမူးတိုက်ခိုက်ခဲ့သော်လည်း လျှာပေါ်တွင် ခြစ်ရာတစ်ချက်ပင် မထင်ခဲ့ပေ။
“ဟီးဟီး…ဟီးဟီး…”
ကလေးငယ်က စွန်းယွီလော့ကို ပြုံးပြလိုက်သည်။ စွန်းယွီလော့ ကြောက်လန့်တကြားဖြင့် ရုန်းကန်နေသည်မှာ သူ့အတွက် အလွန်ပင်စိတ်ဝင်စားဖွယ်ရာ ဖြစ်နေသည်။
ကလေးငယ်က ထင်သလောက်မရိုးရှင်းကြောင်း သဘောပေါက်သွားပြီး အန်လင်းနှင့် တပိုင်တို့ ချက်ချင်း တုန်လှုပ်သွားကြသည်။
ထို့နောက် တပိုင်နှင့် အန်လင်းတို့က ကလေးငယ်ကို ဝင်ရောက်တိုက်ခိုက်ကြသည်။
ငွေရောင်လေပွေသည် ရူးသွပ်စွာ ကလေးငယ်ဆီသို့ တိုးဝင်လာသည်။
အန်လင်းသည် တစ်ချိန်တည်းတွင် သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။
ကလေးငယ်၏ အမူအရာ ပြောင်းသွားကာ စွန်းယွီလော့ရဲ့ လည်ပင်းကို လျှာဖြင့် တစ်ချိန်လုံး တင်းတင်းရစ်ပတ်ထားရင်း အန်လင်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
စွန်းယွီလော့မှာ သူ၏လည်ပင်းကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသောကြောင့် မလွတ်မြောက်နိုင်သဖြင့် အသက်မရှူနိုင်တော့ဘဲ သေလုမျောပါး ဖြစ်နေပုံရသည်။
တပိုင်၏ တိုက်ခိုက်မှုသည် ကလေးငယ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း သူ့အပေါ် တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ပေ။
" စွန်းယွီလော့ကို ချက်ခြင်းလွှတ်လိုက်"
အဝေးမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။
အပြာရောင်ဝတ်ရုံနှင့် လူတစ်ယောက်ထွက်ပေါ်လာပြီး ကလေးငယ်ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
“ကောင်းကင်ဓားဂိုဏ်းကလူတွေ ဘာလို့ ဒီကိုရောက်နေတာလဲ ၊ ဒါက တိုက်ဆိုင်မှုလား”
အန်လင်း၏ အမူအရာသည် ခေတ္တခဏ ပြောင်းလဲသွားသည်။
ကလေးငယ်၏ မျက်နှာတွင် ဂရုမစိုက်မှု မထီမဲ့မြင် အပြုအမူတို့ကို တွေ့လိုက်ရပြီး ပါးစပ်မှ သွားရည်တချို့ လွင့်စင်သွားသည်။
လွင့်စင်လာသော သွားရည်များသည် ပြင်းထန်သော အရှိန်ဖြင့် လေထဲသို့ ထိုးဖောက်လာသော အနီရောင်ဓားများအဖြစ် ပြောင်းလဲသွားသည်။
"သတိထား"
ကျောက်စစ်မင်က သူ့ဆီသို့ရောက်လာသော အနီရောင်ဓားကို ထိန်းထားရင်း ကျယ်လောင်သော အသံဖြင့် သတိပေးလိုက်သည်။
" ဝုန်း … ဝုန်း "
ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
အနီရောင်ဓားများ၏ ကြောက်မက်ဖွယ်၇ာစွမ်းအားက ကောင်းကင်ဓားဂိုဏ်းမှ တပည့်များကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
"ဘယ်သူမှ သူ့ကိုမကယ်နိုင်ပါဘူး၊ သူက ငါ့အပိုင်ပဲ "
ကောင်လေးက ရယ်လိုက်သည်။
စွန်းယွီလော့က ဒေါသထွက်သွားပြီး...
“ဒီမှာ လူတွေအများကြီးရှိတာကို မင်းက ဘာလို့ ငါ့ကိုပစ်မှတ်ထားနေရတာလဲ”
ကလေးငယ်က သူ့ခေါင်းကို ဘေးသို့ စောင်းလိုက်ရင်း...
“ဘာလို့လဲဆိုတော့ မင်းက သရဲကြောက်တတ်လို့”
စွန်းယွီလော့ ပါးစပ်အဟောင်းသားနှင့် ထိတ်လန့်သွားသည်။
သူက သရဲကြောက်တတ်လို့ ဒီသရဲက သူ့ကိုအနိုင်ကျင့်တာတဲ့လား။
ဘယ်လောက်တောင် စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ကလေးလေးလဲ။
အန်လင်းသည် ထပ်မံ၍ ကလေးငယ်အား ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ထိုအချိန် သူ၏ အနက်ရောင်ဓားမှ အလင်းရောင်တစ်ချက်လက်သွားပြီး မျက်နှာဖောင်းဖောင်းလေးဖြင့် အလွန်ချစ်စရာကောင်းသည့် အနက်ရောင်အဝတ်အစားဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ယောက်၏ပုံရိပ် ထင်ဟပ်လာသည်။
ရှဲ့လေးက အန်လင်းထက်ပင် လျှင်မြန်သောအရှိန်ဖြင့် ကလေးငယ်ထံ ခုန်ဝင်လိုက်ပြီး သူမ၏ လက်တုတ်တုတ်လေးများက ကောင်လေး၏လျှာဆီသို့ လျှပ်စီးလက်သလို ရောက်ရှိသွားကာ စိတ်လှုပ်ရှားနေသော အပြုံးတစ်ခု ပေါ်လာသည်။
“အား...”
ကလေးငယ်မှာ ရှဲ့လေးကိုတွေ့လိုက်ရချိန်တွင် ပထမဆုံးအကြိမ် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
ကလေးငယ်က စွန်းယွီလော့၏လည်ပင်းမှ သူ၏လျှာကို ချက်ချင်းဖယ်လိုက်ပြီး လျှာကိုပြန်ဆွဲယူရန် ကြိုးစားလိုက်ရာ ရှဲ့လေးသည် သူ့လျှာကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသဖြင့် ရုန်းကန်ရန် မဖြစ်နိုင်တော့ပေ။
အပြစ်ကင်းစင်သောအပြုံးတစ်ခုနှင့် စူးစမ်းချင်စိတ်နှင့် စိတ်လှုပ်ရှားမှုများဖြင့် ရှဲ့လေး၏မျက်ဝန်းများက တလက်လက်တောက်ပနေသည်။
ရက်စက်ကြမ်းကြုတ်သောအမူအရာတစ်ခုသည် ကလေးငယ်၏မျက်နှာပေါ်တွင် ပေါ်လာပြီး ရုတ်တရက် သူ့လျှာကို ကိုက်ဖြတ်ပစ်လိုက်သည်။
လျှာကိုကိုက်ဖြတ်ပြီးသည်နှင့် လျှပ်စီးကဲ့သို့လျှင်မြန်စွာဖြင့် ချက်ချင်း ထွက်ပြေးသွားခဲ့လေသည်။
ရှဲ့လေးသည် ကလေးငယ်၏ ပြတ်ကျန်ခဲ့သောလျှာကို ဆုပ်ကိုင်ကာ အဝေးသို့ ပြေးသွားသည်ကို ကြည့်ရင်း တခဏမျှ တုန်လှုပ်သွားသည်။
သူမသည် ယခုအချိန်တွင် သူ့ကိုအမီလိုက်နိုင်တော့မည်မဟုတ်ကြောင်း သိလိုက်ပြီး ဒေါသများထွက်လာသည်။
" အား… "
နောက်ထပ် အော်သံတစ်ခု ထွက်ပေါ်လာသည်။
ရှဲ့လေး လှည့်ကြည့်လိုက်တော့ စွန်းယွီလော့က သူမကို ကြောက်ရွံ့တုန်လှုပ်စွာ လက်ညှိုးထိုးနေကြောင်း တွေ့လိုက်ရသည်။
"ဒါက ဘယ်လို သရဲမျိုးလဲ”
"ဒါက ပိုအဆင့်မြင့်တဲ့ သရဲလား"
"ကျွန်တော့်ကို ကယ်ပါဦး ဓားအင်မော်တယ်အန်လင်း "