← Chapters

ဓားဝိဉာဉ်ကို မနှောက်ယှက်နဲ့

Vol. 88 Ch. 1230

ဓားဝိဉာဉ်ကို မနှောက်ယှက်နဲ့

Vol. 88 Ch. 1230

“ဒီငတုံးကောင်က ငါ့ကို သရဲလို့ခေါ်တယ်လား ၊ ငါ သူ့ကို ဓားနဲ့ခုတ်ပစ်ရမလား”

ရှဲ့လေးက ပြောလိုက်သည်။

"မလုပ်နဲ့၊ စိတ်အေးအေးထားပါ၊ သူ အကြောက်လွန်ပြီး စိတ်လှုပ်ရှားနေတာပါ ၊ အချိန်တန်ရင် သူသိသွားပါလိမ့်မယ်”

ရှဲ့လေး၏ ပျော့ပျောင်းသောလက်ဖဝါးလေးကို တင်းတင်းဆုပ်ကိုင်ရင်း အန်လင်းပြောလိုက်သည်။

အန်လင်းသာ သူမကိုမတားပါက ရှဲ့လေးက ဒေါသဖြင့် စွန်းယွီလော့အား အမှန်တကယ်တိုက်ခိုက်မည်ကို သူကောင်းကောင်းသိသည်။

“ခဏနေပါဦး ၊ ခင်ဗျားက သူ့ကိုသိလို့လား”

စွန်းယွီလော့၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ရှဲ့လေးသည် စွန်းယွီလော့ကို အေးစက်စွာ စိုက်ကြည့်ပြီး ဘာမှပြန်မပြောပေ။

ထိုအချိန်တွင် ကျောက်စစ်မင်နှင့် အခြားသူများက စွန်းယွီလော့ အနီးတစ်ဝိုက်တွင် စုရုံးရောက်ရှိလာကြပြီး အားလုံးက သူတို့ရှေ့မှ ချစ်စဖွယ်ကောင်းသော ကလေးမလေးကို စပ်စုသောမျက်လုံးများဖြင့် ကြည့်နေကြသည်။

"ဟုတ်တယ် ငါသူ့ကိုသိတယ်"

အန်လင်းက ပြုံးရင်း သူ့လက်ထဲမှာဓားကိုညွှန်ပြလိုက်ပြီး...

“သူက ငါ့ဓားရဲ့ဓားဝိညာဉ် ၊ နာမည်က ရှဲ့လေးလို့ခေါ်တယ်”

ထိုစကားကြားတော့ လူတိုင်း ငြိမ်သွားကြသည်။

ကောင်းကင်ဓားဂိုဏ်းသားအားလုံးသည် ပြူးကျယ်သော မျက်လုံးများဖြင့် ရှဲ့လေးကို လှမ်းကြည့်လိုက်ကြသည်။

“ဓားဝိဉာဉ်ပဲ ဝိဉာဉ်ကိုယ်ခန္ဓာကို အောင်မြင်စွာ ပုံဖော်နိုင်သော ဓားဝိဉာဉ်တစ်ခုပဲ "

“ဘုရားရေ.. ပျောက်သွားတဲ့ ရှေးဟောင်းဓားကိုပါ ထည့်တွက်ရင် ငါတို့ဂိုဏ်းတစ်ခုလုံးမှာ ဓားဝိညာဉ်ရှိတဲ့ ဓားနှစ်လက်ပဲရှိတာ”

ဓားပိုင်ရှင်များက သူတို့ အစွမ်းတွေအင်အားမကြီးခင် နှစ်ပေါင်းများစွာကတည်းက ထိုဓားများကို တန်ဖိုးထားခဲ့ကြသည်။ အန်လင်းသည် ဤသို့ငယ်ရွယ်စဉ်မှာပင် ဒီဓားဝိဉာဉ်ကို ပိုင်ဆိုင်မည်ဟု မည်သူထင်ခဲ့မည်နည်း။

“ဒါက အရမ်းချစ်စရာကောင်းတဲ့ ဓားဝိညာဉ်ပဲ ၊ မနာလိုတောင်ဖြစ်မိတယ်”

ကောင်းကင်ဓားဂိုဏ်းသားအားလုံးသည် တောက်ပသောမျက်လုံးများဖြင့် ရှဲ့လေးကို စိုက်ကြည့်နေကြသည်။

ဓားသူရဲကောင်းတစ်ယောက်၏ အကြီးမားဆုံးအိပ်မက်က ဘာများလဲ။

ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် အိပ်မက်များအပြင် ဓားသူရဲကောင်း(၉၉)ရာခိုင်နှုန်း၏ အကြီးမားဆုံးအိပ်မက်မှာ ဓားဝိညာဉ် ပိုင်ဆိုင်ရန်ဖြစ်သည်။ ဓားဝိညာဉ်သည် မည်သည့်ရတနာများထက်မဆို ပို၍ အဖိုးတန်ပါသည်။

ရှဲ့လေးက အန်လင်း၏လက်ကိုဆွဲကိုင်လိုက်ပြီး နူးညံ့အေးစက်သောအသံဖြင့်...

"ဒီကောင်တွေက မင်းထက်တောင် ပိုရွံရှာစရာကောင်းတာပဲ "

ကောင်းကင်ဓားဂိုဏ်းမှတပည့်များ : “.....”

အန်လင်း : “.....”

ရှဲ့လေးက အားလုံးကို အထင်သေးစကား ပြောလိုက်သည်။

စွန်းယွီလော့သည် စိတ်လှုပ်ရှားစွာဖြင့် အန်လင်းဆီသို့ လျှောက်သွားပြီး...

"ဓားအင်မော်တယ်အန်လင်း၊ ခင်ဗျားရဲ့ ဓားဝိဉာဉ်က ချစ်စရာကောင်းလိုက်တာ။ ခင်ဗျားမှာ အစွမ်းထက်ဓားတင်မဟုတ်ပဲ ချစ်စရာကောင်းတဲ့ ဓားဝိဉာဉ်ပါ ရှိနေတာပဲ "

စွန်းယွီလော့သည် အန်လင်းအနားကပ်သွားပြီး တီးတိုးပြောလိုက်သည်။

"... ခင်ဗျားရဲ့ ချစ်စရာကောင်းတဲ့ ဓားဝိညာဉ်ကို ကျွန်တော်ပွေ့ဖက်လို့ရနိုင်မလား"

"တိတ်စမ်း "

အန်လင်း ဘာမှမပြောခင်မှာပင် ရှဲ့လေးက အော်ဟစ်လိုက်သည်။

ထို့နောက် ရှဲ့လေးက လက်ထဲမှဓားဖြင့် စွန်းယွီလော့ရင်ဘတ်အား ချက်ချင်းထိုးစိုက်ချလိုက်သည်။

စွန်းယွီလော့ သူ၏ရင်ဘတ် ပြင်းထန်စုတ်ပြဲသွားသည်ကို ခံစားလိုက်ရကာ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။

ကောင်းကင်ဓားဂိုဏ်းသားများမှာ မြင်ကွင်းကိုကြည့်ရင်း ထိတ်လန့်သွားကြသည်။ စွန်းယွီလော့က အန်လင်းမိတ်ဆွေဖြစ်ပါလျှက် ဓားဝိညာဉ်က ဒေါသတကြီး အဘယ့်ကြောင့် တိုက်ခိုက်ရပါသနည်း။

အန်လင်း စကားမပြောနိုင်ဖြစ်သွားပြီး မျက်ခုံးများကို နှိပ်နယ်လိုက်သည်။ ရှဲ့လေးက သူမ၏သခင်ကိုပင် တိုက်ခိုက်ဝံ့သူဖြစ်ရာ စွန်းယွီလော့တိုက်ခိုက်ခံရသည်မှာ အံ့သြစရာမဟုတ်ပေ။

အခြားသူများအတွက် ရှဲ့လေး၏အလှတရားက ထိချင်ကိုင်ချင်စရာပင်။ သို့သော် စွန်းယွီလော့၏ တောင်းဆိုမှုက တရားလွန်သွားသည်။ ထို့ကြောင့် အန်လင်းသည်လည်း ရှဲ့လေး၏တုန့်ပြန်မှုကို မတားနိုင်ခဲ့ပေ။

“ထိပ်တန်းဓားဆန္ဒပဲ”

ရှဲ့လေး၏တိုက်ခိုက်မှုမှ သန့်စင်ပြီး စွမ်းအားကြီးမားသော ဓားဆန္ဒကိုတွေ့ရှိပြီးနောက် ကျောက်စစ်မင် အမူအရာပြောင်းလဲသွားသည်။

ကောင်းကင်ဓားဂိုဏ်သားတို့မှာ လက်လွတ်စပယ် တိုက်ခိုက်မှု မပြုမိစေရန် သတိထားနေကြသည်။

စွန်းယွီလော့က အန်လင်းနှင့် မိတ်ဆွေတစ်ယောက်ဖြစ်သည့်တိုင် ဓားဝိညာဉ်၏ ထိုးနှက်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထိုအခြေအနေတွင် အခြားဘယ်သူမျှ စွန့်စားရန် သတ္တိမရှိကြပေ။

အန်လင်းက ကျောက်စစ်မင်နှင့် အခြားသူများများကို လှည့်ကြည့်လိုက်ပြီး...

“ဒါနဲ့ မင်းတို့က ဘာလို့ ဒီကိုရောက်နေတာလဲ”

ကျောက်စစ်မင်သည် တစ်ခုခုကို တုံ့ဆိုင်းနေသကဲ့သို့ ခဏမျှတုံ့ဆိုင်းသွားသည်။

ရှီးရှန်းသည် အပြာရောင်စာလိပ်တစ်ခုကို ဆွဲထုတ်ပြီး ရှင်းပြလိုက်သည်။

" ဒီမြေပုံအတိုင်း ကျွန်မတို့ လိုက်လာတာပါ မြေပုံက ယင်စွမ်းအားရှိတဲ့ အရပ်ကို ညွှန်ပြနေပါတယ်။"

ထိုစကားကြားတော့ ဖြစ်နိုင်ကြောင်း အန်လင်းသဘောပေါက်သွားသည်။ ဤသည်က အဓိပ္ပါယ်ရှိပေသည်။

ဓားဝိညာဉ်ပျိုးထောင်ခဲ့သော ကောင်းကင်ဓားဂိုဏ်း၏ ရှေးဟောင်းဓားက ယင်စွမ်းအားဓားတစ်လက် ဖြစ်သောကြောင့် ယင်စွမ်းအားပေါများသောအရပ်တွင် နေထိုင်ချင်စိတ်ရှိသည်။

ထိုမြေပုံက ရှေးဟောင်းဓားကို ရှာဖွေရန် အကောင်းဆုံးမြေပုံဟု ဆိုနိုင်သည်။

သို့သော် အန်လင်းက သူတို့အပေါ် မနာလိုမရှိခဲ့ပေ။ တပိုင်၏နှာခေါင်းက ထိုမြေပုံထက် အများကြီးပိုပြီး ထိရောက်ပေသည်။

"တောင်းပန်ပါတယ် ဓားဝိညာဉ် ရှဲ့လေး၊ ကျွန်တော် ဒီလောက် ရိုင်းစိုင်းတာမျိုး မလုပ်သင့်ပါဘူး"

စွန်းယွီလော့သည် ရင်ဘတ်ပေါ် လက်တစ်ဖက်အုပ်ထားရင်း ဖြူဖျော့သော အသွင်အပြင်ဖြင့် တောင်းပန်စကား ဆိုလိုက်သည်။

ရှဲ့လေးက ဘာမှပြန်မပြောပဲ ဓားထဲသို့ သူ့ဝိဉာဉ်သည် ပြန်ဝင်သွားခဲ့သည်။

"အားလုံးအဆင်ပြေပြီမို့ ဆက်သွားကြရအောင်။"

အန်လင်းသည် တပိုင်ကိုစီးကာ အဝေးဆီမှ မှင်ရောင်ပမာ နက်မှောင်နေသည့်တောင်တန်းဆီသို့ ခရီးဆက်သွားသည်။

အန်လင်းသည် သွေးထွက်တောင်ကို ရှာဖွေနေသောကြောင့် ဤမြို့၌ အကြောင်းပြချက်မရှိဘဲ နေမည်မဟုတ်ပေ။

ရွှယ်ရှန်းက မြေပုံကိုဆွဲထုတ်လိုက်ပြီး အရှေ့ဘက်ရှိ တူညီသည့်တောင်ဆီသို့ပင် လက်ညှိုးညွှန်ပြလိုက်သည်။

သူမသည် ကျောက်စစ်မင်နှင့် အခြားလူများကို လှည့်ကြည့်လိုက်ရာ သူမကို အူကြောင်ကြောင်အမူအရာများနှင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထို့နောက်ကောင်းကင်ဓားဂိုဏ်းသား ခြောက်ယောက်သည် ထိုတောင်ဆီသို့ ဦးတည်ထွက်ခွာသွားကြလေသည်။

အန်လင်းက ခေါင်းကို ခါယမ်းရင်း သူတို့ကို ကြည့်လိုက်သည်။

ရွှယ်ရှန်းနှင့် အခြားသူများက အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ သူတို့က အန်လင်းနောက်သို့ လိုက်နေခြင်း မဟုတ်ကြောင်း ရှင်းပြချင်ခဲ့ကြသည်။

သို့သော် ဤသည်က မြေပုံက ညွှန်ပြသည့်နေရာဖြစ်သဖြင့် သူတို့တွင် ရွေးချယ်စရာမရှိခဲ့ပေ။

မြို့ပြင်ရှိတောင်က မီတာ(၁၀၀၀)ခန့် မြင့်မားပြီး တောင်တန်းက ဘေးဘက်သို့ အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့်သည်။

တပိုင်က တောင်ထိပ်မှ အလွန်အစွမ်းထက်သော ယင်စွမ်းအားကို ခံစားသိရှိနိုင်သောကြောင့် ထိုနေရာသို့ ဦးတည်သွားရန် ဆုံးဖြတ်ခဲ့သည်။

ထိုအချိန် စွန်းယွီလော့ကလည်း သူတို့နောက်သို့လိုက်လာသည်။

" ဓားသူရဲကောင်းအန်လင်း၊ ခင်ဗျားရဲ့ဓားက ဓားဝိညာဉ်ကို ဘယ်လို လေ့ကျင့်ပေးခဲ့တာလဲ။ "

စူးစမ်းလိုစိတ်ဖြင့် စွန်းယွီလော့ မေးလိုက်သည်။

“မင်းကိုပြောစရာလား”

အန်လင်း မျက်လုံးဖြင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။

"ဒါဆို ဓားသူရဲကောင်းအန်လင်း၊ ခင်ဗျားရဲ့ဓားကို ဘယ်ကရခဲ့တာလဲ၊ ထူးဆန်းတဲ့ ဓားတစ်လက်နဲ့ တူတယ်၊ ဒါကြောင့် ထူးခြားတဲ့ ဇစ်မြစ်ရှိရမယ်။"

စွန်းယွီလော့က ဆက်ပြောသည် ။

အန်လင်း၏ မျက်နှာ မည်းမှောင်သွားသည်။

"မင်း ပါးစပ်ပိတ်ထားလို့မရဘူးလား"

စွန်းယွီလော့သည် တုန်လှုပ်သွားကာ နောက်ဆုံးတွင် သူက အန်လင်းရဲ့ဓားကို ကြည့်ပြီး ဆက်ပြောရန် သတ္တိ မရှိတော့ပေ။

သူတို့သည် တောင်ထိပ်ဆီသို့ ဆက်လက်ဦးတည်သွားကြသည်။

သူတို့ နီးကပ်လာသည်နှင့်အမျှ အန်လင်းသည် အနည်းငယ်စိတ်ပျက်စပြုလာသည်။ သွေးထွက်ဖို့ အဖွင့်အပိတ်တောင် မရှိတဲ့အတွက် ဒီတောင်ဟာ သွေးထွက်တောင် မဟုတ်ဘူးဆိုတာ ထင်ရှားသည်။

ဟုတ်ပေ၏။

တောင်ထိပ်တွင် အနက်ရောင်ကျောက်တုံးများဖြင့် ပြည့်နက်နေသည်။

အ‌ပေါက်သေးသေးလေးပင်မရှိသဖြင့် သွေးက မည်သည့်နေရာက ထွက်ပါမည်နည်း။

နှစ်ယောက်သား တောင်ထိပ်ပေါ်သို့ ဆင်းသက်ခဲ့ကြသည်။

"ဒီမှာ ဘာမှမရှိဘူး ၊ ဒါဆို ဘာလို့ ယင်စွမ်းအားက ဒီလောက်သိပ်သည်းနေတာလဲ”

အန်လင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒီမှာ တစ်ခုခု ခံစားလို့ရတယ်။ တောင်ထဲမှာ ဖြစ်နိုင်တယ်၊ ဝူး!"

တပိုင်သည် သူ၏ အနံ့ခံစွမ်းအားကို အသက်သွင်းပြီး သူ၏ ခြေသည်းများဖြင့် တောင်ပေါ်သို့ နက်ရှိုင်းသော ကတုတ်ကျင်းတစ်ခုကို တူးဆွလိုက်သည်။

ကြီးမားသော ကတုတ်ကျင်းကြီး ပေါ်လာသည်နှင့်အမျှ တောင်တစ်ခုလုံး အပြင်းအထန် တုန်လှုပ်သွားသည်။

ကျောက်စစ်မင်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။

"အားလုံးသတိထားကြ..."

တောင်အလယ်တွင် အပေါက်တစ်ခု ရုတ်ချည်း ပွင့်ထွက်လာသည်။ ကြီးမားသော အပေါက်အတွင်းမှ အနီရောင် အရည်များ ထွက်ကျလာသည်။

အနီရောင်အရည်များသည် လှိုင်းထန်နေသော ရေတံခွန်ကဲ့သို့ ကောင်းကင်ကို ဖြတ်ကျော်ကာ အလွန်ခမ်းနားသော မြင်ကွင်းကို ဖန်တီးပေးသည်။

တောင်မြင့်ကြီးမှ သွေးများထွက်နေပြီဖြစ်လေသည်။

All Chapters