သွေးထွက်တောင်
Vol. 88 Ch. 1231
တောင်မြင့်ကြီးမှ သွေးများထွက်လာပြီး ကောင်းကင်ဓားဂိုဏ်းသားများဆီသို့ တိုးဝင်လာသည်။ ကောင်းကင်ဓားဂိုဏ်းသားများသည် ဓားများဖြင့် ခုခံတိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
သွေးရည်များက ခုခံရန်ပြင်ဆင်ထားသော ဓားများကို အဝေးသို့တွန်းပို့လိုက်သဖြင့် ကောင်းကင်ဓားဂိုဏ်းသားတို့ နာကျင်စွာခံစားလိုက်ကြရသည်။
"ဘယ်လောက်ကြောက်စရာကောင်းတဲ့ ယင်စွမ်းအားလဲ "
ကျောက်စစ်မင်သည် လေးနက်သောအမူအရာဖြင့်ပြောပြီး ပြန်ဆုတ်ရန် စဉ်းစားနေပြီဖြစ်သည်။
တောင်ကိုတူးဆွလိုက်သူက တပိုင်ဖြစ်သော်လည်း တောင်၏တိုက်ခိုက်ခြင်းကိုခံလိုက်ရသူများကတော့ ကောင်းကင်ဓားဂိုဏ်းသားများဖြစ်သည်။
တပိုင်နှင့် အန်လင်းနှစ်ယောက်လုံး အံသြသွားကြသည်။
“အင်း… ဒါက ဒဏ္ဍာရီထဲက သွေးထွက်တောင်ပဲ "
"ဘာလို့ စိတ်ကူးထဲကနဲ့ မတူတာလဲ”
သူတို့က တောင်ထိပ်မှသွေးများထွက်နေသော မီးတောင်တစ်ခုပမာ ထင်ခဲ့ကြခြင်းဖြစ်၏။
သို့သော် တောင်မြင့်ကြီး၏အပေါက်တစ်ခုမှ သွေးများထွက်နေမည်ဟု မထင်ခဲ့ကြပေ။
"ပုရွက်ဆိတ်လိုကောင်က ငါ့ကို နှောင့်ယှက်ဝံ့သလား၊ မင်းရဲ့ မိုက်မဲမှုကြောင့် အားလုံး သေသွားနိုင်တယ်!"
တောင်မြင့်ကြီးက ပြင်းထန်သော အသံနှင့် ပြောဆိုလိုက်သည်။
"ဒါက တောင်ပေါ်က ဘီလူးကောင်ပဲ၊ ကျွန်တော် အာရုံခံရတဲ့ သိပ်သည်းတဲ့ ယင်စွမ်းအား ဒီကနေ ထွက်လာတာပဲ ဝူး!"
တပိုင်အံ့သြသွားသည်။
ထိုအချိန် တောင်ထိပ်မှ မရေမတွက်နိုင်သောကျောက်တုံးများက တပိုင်ဆီသို့ ပြုတ်ကျလာသည်။
တပိုင် ချက်ချင်းပင် အန်လင်းကိုကျောခိုင်းပြီး အဝေးသို့ထွက်ပြေးတော့သည်။
"အဲ့ဒါတွေကို ကျွန်တော်ချေမှုန်းမယ် ဓားအင်မော်တယ်အန်လင်း..."
စွန်းယွီလော့က ကျောက်တုံးများကို ချေမှုန်းရန် ဓားကို ဆွဲထုတ်လိုက်သည်။
ဤသရဲတစ္ဆေက လုံးဝကြောက်စရာမကောင်းသည့် တောင်မြင့်ကြီးဖြစ်နေသဖြင့် စွန်းယွီလော့က ထပ်ပြီး သတ္တိရှိရှိတိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
ဧရာမတောင်မြင့်ကြီးထက်တွင် မရေမတွက်နိုင်သောအပေါက်များပေါ်လာသည်။
ထိုအပေါက်များက ပထမဆုံးအပေါက်လောက် မကြီးမားသော်လည်း အတွင်းမှ အပြင်သို့ထွက်နေသည့် ကြောက်မက်ဖွယ် ယင်စွမ်းအားက လူတိုင်းကို ကြောက်ရွံ့ထိတ်လန့်သွားစေသည်။
မရေမတွက်နိုင်သော သွေးမျက်လုံးများသည် အမှောင်ထုကြားတွင် လူတိုင်းကို စူးစမ်းနေသကဲ့သို့ ကြည့်နေသယောင်ပင်။
"ငါ့ခန္ဓာကိုယ်နဲ့ ငါ့ရဲ့သွေးကို အနှစ်တစ်သောင်းလောက်သန့်စင်ပြီး အစွမ်းကြီးတဲ့အဆင့်ကိုမရောက်ခင် အနှစ်တစ်သောင်းလောက် စိတ်ကိုချိုးနှိမ်ခဲ့ရတယ် ၊ မင်းတို့လို ပုရွက်ဆိတ်သာသာလူတွေနဲ့တိုက်ခိုက်ဖို့ ငါ့အတွက် မတန်ဘူး”
သောင်းနှင့်ချီသော သရဲတစ္ဆေများ၏အော်ဟစ်သံများ တောင်ထဲမှ ထွက်ပေါ်လာသည်။
စွန်းယွီလော့၏ ခြေထောက်များ တဖန်တုန်ခါလာသည်။
" ဝုန်း .. ဝုန်း "
အကန့်အသတ်မဲ့ သွေးအရည်များသည် တောင်ပေါ်ရှိ တွင်းများမှ ထွက်လာသည်။
အဝေးမှကြည့်လျှင် ဧရာမတောင်ကြီးတစ်ခုလုံးမှ သွေးများစီးကျနေပုံရသည်။
သွေးစီးကျနေပုံက အလွန်ကြောက်စရာကောင်းပြီး ကြောက်မက်ဖွယ်ရာ ယင်စွမ်းအားဖြင့် ထိတွေ့မိသမျှအရာအားလုံးကို အေးခဲသွားစေနိုင်သည်။
စွန်းယွီလော့က သူ၏ဓားဖြင့် သွေးအစင်းကြောင်းများကို ချေမှုန်းလိုက်သောအခါ ယင်စွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်သွားပြီး သူ့အားသွေးများစွန်းထင်းသွားသလိုခံစားရကာ သူ၏ဓားသည်လည်း တောက်ပသည့်သတ္တုအပိုင်းအစတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"နောက်ဆုတ်"
ကျောက်စစ်မင်က အော်လိုက်တယ်။
ဤအရာက သူတို့အနိုင်ယူနိုင်သည့်အရာမဟုတ်ကြောင်း သူသိလိုက်သည်။
သွေးရည်များက မညှာမတာ စီးဆင်းထွက်လာသည်။
ကောင်းကင်ဓားဂိုဏ်းသားများ အားလုံး အသက်လု ထွက်ပြေးကြတော့သည်။
စွန်းယွီလော့မျက်နှာက ထိတ်လန့်တကြား ဖြူဖျော့နေပြီး သူ့ဆီသို့ သွေးများစီးကျလာသောကြောင့် တုန်လှုပ်သွားကာ ပြန်ဆုတ်သွားခဲ့သည်။
ရုတ်တရက် သူ့ရှေ့တွင် အဖြူရောင်ပုံရိပ်တစ်ခု ပေါ်လာသည်။
သူတို့က အန်လင်းနှင့် တပိုင်ပင်။
အန်လင်းက စွမ်းအားကုန်ထုတ်လိုက်သဖြင့် သူ၏စွမ်းအား လျော့နည်းသွားသည့်အဆင့်သို့ ရောက်ရှိသွားသည်။ သူ၏ဓားမှ အနက်ရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ထိုအရာက ကောင်းကင်တစ်ခွင်သို့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေခဲ့သည်။
အဖြူရောင်ကောင်းကင်ဓားကိုးဆယ့်ကိုးစင်းသည် ကောင်းကင်တွင်တန်းစီကာ တလက်လက်တောက်ပနေသော ဥက္ကာခဲများပမာ အရှိန်ပြင်းပြင်းဖြင့် ပေါ်ထွက်လာကာ သွေးများအားလုံးကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။
ဧရာမတစ္ဆေတောင်ကြီး ကြီးမားသောထိတ်လန့်မှု ခံစားလိုက်ရပြီး တိုက်ခိုက်မှုကို တားဆီးရန် ၎င်း၏သရဲတစ္ဆေစွမ်းအားကို ဆင့်ခေါ်လိုက်သည်။
သို့သော် အန်လင်း ထုတ်သုံးလိုက်သော ဓားတစ်ရာသိုင်းပညာက စွမ်းအားအပြည့်ဖြင့် သူ့ကိုထိုးနှက်နေပြီဖြစ်သည်။ မည်သို့သောရန်သူဖြစ်ပါစေ ထိုဓားသိုင်းကို ခုခံကာကွယ်ရန် အခွင့်အရေးမရှိနိုင်ပေ။
အဖြူရောင်ကောင်းကင်ဓားရှည်များက သွေးထွက်တောင်၏ကြီးမားသောခန္ဓာကိုယ်ကို မထိမီ တောင်၏ ခုခံမှုကို တိုက်ခိုက်ပစ်လိုက်သည်။
သွေးထွက်တောင် နာကျင်စွာ အော်ဟစ်လိုက်သည်။
ကြီးမားသောကောင်းကင်ဓားများက တောင်ကြီး၏ခန္ဓာကိုယ်မှ ကြီးမားသော အပေါက်(၉၉)ပေါက်ကို ထိုးဖောက်သွားပြီး စမ်းရေတွင်းများပမာ သွေးများစီးဆင်းကျလာကာ အလွန်ကြောက်စရာကောင်းသည့်မြင်ကွင်းကို ဖန်တီးပေးခဲ့သည်။
သွေးထွက်တောင်၏ကြီးမားသော ခန္ဓာကိုယ်သည် ဓားတစ်ရာသိုင်းပညာ၏ကြီးမားသော ပစ်မှတ်တစ်ခု ဖြစ်စေခဲ့သည်။
ဤသည်မှာ ဓားတစ်ရာသိုင်းပညာ၏ နောက်ဆုံးဓားချက်ဖြစ်၏။
တော်ကပသည့် ဓားချက်လှုပ်ရှားမှုတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်သွားစေသည်။
အန်လင်းက သွေးထွက်တောင်အား ဓားဖြင့်ခုတ်ပိုင်းလူဆဲဆဲတွင် အနက်ရောင်ဝတ်မိန်းကလေးငယ်တစ်ယောက် ရုတ်တရက်ပေါ်လာပြီး နူးညံ့သောလက်သေးသေးလေးများဖြင့် ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ရှဲ့လေးက သွေးထွက်တောင်ကို ဓားဖြင့်မခုတ်ပိုင်းမီ ချီးကျူးမှုဖြင့်ပြည့်နက်သောအကြည့်ဖြင့် ကြည့်လိုက်၏။
နက်မှောင်သောဓားစွမ်းအားက ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားကာ အရာခပ်သိမ်းကို လွှမ်းခြုံထားသည်။
ထိုအချိန် တောင်မြင့်ကြီးဆီမှ မိုးခြိမ်းသံများ ၊ အော်ဟစ်သံများထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး မည်းမှောင်သွားသည်။
အမှောင်ထုပျောက်ကွယ်သွားချိန်မှာတော့ ဧရာမတောင်ကြီးမှ ထက်ပိုင်းဖြတ်ခံထားရပြီကိုတွေ့ရသည်။
သွေးထွက်တောင်သည် အသက်ဝင်မှု လုံးဝမရှိတော့ဘဲ ၎င်း၏သွေးများသည် မြစ်ကဲ့သို့ စီးသွားခဲ့သည်။
"သွေးထွက်တောင်က ဒီအတိုင်းသေသွားတာလား"
ရွှယ်ရှန်းက ရေရွတ်လိုက်သည်။
“ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ဓားနဲ့ခုတ်လိုက်တာလဲ…”
ကျောက်စစ်မင် အံ့ဩတကြီး ပြောလိုက်သည်။
သူတို့အတွက် တိုက်ခိုက်ဖို့မဖြစ်နိုင်တဲ့ ဘီလူးသရဲတစ်ကောင်လို ဖြစ်နေသည့် သွေးထွက်တောင်သည် အန်လင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ကောင်းကင်ဓားဂိုဏ်းသားများအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။
အန်လင်းက စိတ်လှုပ်ရှားစွာဖြင့် ရှဲ့လေးဆီသို့ ပျံသန်းလာသည်။
"တော်တယ် ရှဲ့လေး... ငါ့ဓားတစ်ရာသိုင်းပညာက မင်းဝင်ပြီးခုတ်ပိုင်းလိုက်တော့ ပိုပြီးကြောက်စရာကောင်းသွားသလို ခံစားရတယ်”
ရှဲ့လေးက အန်လင်း၏ ဓားထဲသို့ပြန်မဝင်မှီ လက်ကိုဆုပ်ကိုင်လိုက်သည်။
အန်လင်းက ချစ်စဖွယ်မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အသာဆုပ်ကိုင်လိုက်ရင်း...
“ပြောကြည့်... မင်းရဲ့စွမ်းဆောင်ရည်အတွက် ဘာဆုလိုချင်လဲ”
ရှဲ့လေးက အန်လင်း၏မျက်နှာကိုမကြည့်ဘဲ...
“ရှင့်ရဲ့နံနေတဲ့လက်တွေကို ကျွန်မမျက်နှာပေါ်က ဖယ်လိုက်စမ်းပါ”
အန်လင်းက သူမစကားကို မကြားချင်ယောင်ဆောင်ပြီး မျက်နှာကိုဆက်ကိုင်ထားသည်။
စွန်းယွီလော့ ဘေးမှ ကြည့်ရင်း မျက်ရည်ကျလုမတတ် ဖြစ်နေသည်။
ရှဲ့လေးက သူ့ကိုတိုက်ခိုက်တော့မည်ဖြစ်ရာ အန်လင်းက သူ၏ နတ်ဘုရားလက်နက် မူလစွမ်းအားကို သူ့ထံသို့ ပို့လွှတ်လိုက်သည်။
“ဟင်း… "
ရှဲ့လေးသည် နူးညံ့စွာ ညည်းညူလိုက်ပြီး ဓားကို ဖြည်းညှင်းစွာ ချလိုက်ရင်း သူမ၏ပါးပြင်များ နီမြန်းလာသည်။ သူမက ဓားထဲသို့ပြန်မဝင်ခင် အန်လင်း၏လက်များကိုဆုပ်ကိုင်ရင်း သူ့ကို စူးစိုက်ကြည့်လိုက်သည်။
အန်လင်း အနည်းငယ် စိတ်ပျက်သွားသည်။
ပွင့်ပွင့်လင်းလင်းပြောရင်လျှင် ဤမျက်နှာလေးကို (၁၀)နှစ်ခန့်ကြာအောင်ပင် ပွတ်သပ်နေနိုင်ပေသည်။
"အစ်ကိုကြီးအန် ၊ တောင်ပေါ်ကနေ တစ်ခုခု ထွက်လာနေပြီ၊ ဝူး!"
တပိုင်ကရုတ်တရက် အော်လိုက်သည်။
အနီရောင် ပုတီးစေ့တစ်စေ့ တောင်ပေါ်မှ ခုန်ထွက်ပြီး အဝေးကို ထွက်ပြေးရန် ကြိုးစားနေသည်။
အန်းလင်း၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။
“မင်း ငါ့လက်က မလွတ်ပါဘူး”
သူက သူ၏မြန်နှုန်းနှင့်ဓားကို အသံ၏(၁၀)ဆအထိ အရှိန်မြှင့်လိုက်သည်။ သူက စွမ်းအားတစ်ခုဖန်တီးပြီး လက်တစ်ဖက်ကိုဖြန့်လျှက် ပုတီးစေ့ကိုဖမ်းယူလိုက်၏။
ဒါကိုမြင်တော့ အန်လင်းရဲ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာခဲ့သည်။
သူသည် ဆဋ္ဌမမြောက် အမှောင်ဘုရင် ပုတီးစေ့ကို ပြန်လည်ရရှိခဲ့သည်။
ဒီခရီးစဉ်အတွက် မစ်ရှင်ပြီးပါပြီ။