ရှဲ့လေးကအနောက်နန်းဆောင်လိုချင်နေပြီ
Vol. 88 Ch. 1232
ကောင်းကင်ဓားဂိုဏ်းသားများ ရှုပ်ထွေးသော စိတ်ခံစားမှုများနှင့် အန်လင်းကို ကြည့်လိုက်ကြသည်။
အန်လင်းက သူ့ပရိတ်သတ်များ အံ့အားသင့်သွားအောင်လုပ်ပြရုံကလွဲပြီး ဘာမှမလုပ်ခဲ့ပေ။
"အန်လင်းက တကယ်ကို ထူးခြားတဲ့ ဓားပညာရှင်ဆိုတာ လက်ခံရလိမ့်မယ် "
အန်လင်းကို ကြည့်ရင်း ရွှယ်ရှန်း၏ မျက်လုံးများ အရောင်တောက်ပလာသည်။
အန်လင်းက သူတို့အတွက် အတုယူစရာ ဓားပညာရှင်အဖြစ် သူ၏ပြင်းထန်သော စွမ်းအားကို အကြိမ်ကြိမ်ပြသခဲ့ပြီး ကောင်းကင်ဓားဂိုဏ်းသားများ၏ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက် အကြိမ်ကြိမ် ဖော်ထုတ်ပေးခဲ့သည်။
ကျောက်စစ်မင်က သက်ပြင်းတစ်ချက်ချရင်း...
“ထားလိုက်တော့ ၊ ရှေးဟောင်းဓားကို ဆက်ရှာရအောင် ၊ အဲဒါကိုရှာမတွေ့ရင် အချိန်ကြာလေ ငါတို့အတွက် ပိုဆိုးလာလေဖြစ်လိမ့်မယ်။"
ထိုစကားကြားတော့ အားလုံး ခေါင်းညိတ်လိုက်ကြသည်။
“အိမ်ပြန်ချိန်ရောက်ပြီ တပိုင်"
အန်လင်းက ရွှင်လန်းသောအမူအရာဖြင့် ပြောလိုက်သည်။
"ခင်ဗျား အခုသွားတော့မှာလား ဓားအင်မော်တယ်အန်လင်း"
စွန်းယွီလော့သည် အန်လင်းနှင့် လမ်းခွဲရန် တွန့်ဆုတ်နေခဲ့သည်။
သူသည်လည်း သူ၏ဂိုဏ်းမှ ပျောက်ဆုံးသွားသော ရှေးဟောင်းဓားကို ဆက်လက်ရှာဖွေရဦးမည်။
အန်လင်းက အခုချိန် ထွက်သွားဖို့ ဆုံးဖြတ်ရင် သူအားကျရသော ပညာရှင်နှင့် လမ်းခွဲရပေဦးမည်။
"ငါတို့ခရီးစဉ်ရဲ့ ရည်ရွယ်ချက် ပြီးမြောက်ပြီမို့ အခုပြန်သွားရတော့မယ်။"
အန်လင်းက သူ့ကိုလက်ကမ်းလိုက်ပြီး...
"ကြိုးစား ကျင့်ကြံပါ ညီငယ်စွန်းလေး"
စွန်းယွီလော့သည် ရင်ဘတ်ကို ပုတ်လိုက်ပြီး စိတ်မကောင်းစွာ ခေါင်းညိတ်လိုက်သည်။
"စိတ်မပူပါနဲ့ ၊ ခင်ဗျားရဲ့ဆန္ဒအတိုင်း ကျွန်တော် ကျင့်ကြံမှာပါ"
အန်လင်းပြုံးလျှက် ခေါင်းညိတ်လိုက်သည်။
“မင်းက သရဲကြောက်တတ်ပေမယ့် နောက်ဆို ဓားပညာရှင်တစ်ယောက် ဖြစ်လာမှာပါ”
ရွှယ်ရှန်းက သူမ၏မြေပုံကိုဆွဲထုတ်လိုက်ပြီး...
“အခု သွေးထွက်တောင်ကို ဖယ်ရှားလိုက်ပြီဆိုတော့ ယင်စွမ်းအားအကြီးဆုံးနေရာက အဲဒီဘက်ကိုဦးတည်နေတယ်”
သူမက တိကျသောဦးတည်ရာတစ်ခုဆီ ညွှန်ပြလိုက်သည်။
သို့သော် သူတို့ မထွက်ခွါခင်မှာပဲ အံ့ဩစရာတစ်ခု ဖြစ်လာခဲ့သည်။
အန်လင်း၏ဓား ရုတ်တရက် တုန်လှုပ်လာသည်။
အိုး!
ဓားက အန်လင်း၏လက်မှ သူ့အလိုလို လွတ်ထွက်သွားသည်။
"ဘာဖြစ်တာလဲ "
အန်လင်း၏ အမူအရာ ပြောင်းသွားသည်။
“သူ့ဓားက ဘယ်ကိုသွားနေတာလဲ။”
" တပိုင် လိုက်သွား...”
"စိတ်မပူပါနဲ့ အစ်ကိုကြီးအန် ခင်ဗျားအတွက် ရှဲ့လေးကို ကျွန်တော် ရှာလိုက်မယ် "
" ကျွန်တော့်ကိုစောင့်ပါဦး၊ ဓားအင်မော်တယ်အန်လင်း”
အန်လင်း ၊ တပိုင်နှင့် စွန်းယွီလော့တို့ တူညီသည့်ဦးတည်ရာသို့ ပျံသန်းထွက်ခွာသွားကြသည်။
သူတို့ပျံသန်းသွားရာနေရာက ရွှယ်ရှန်းညွှန်ပြသည့်ဦးတည်ရာပဲဖြစ်သည်။
ရွှယ်ရှန်းသည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ရင်း...
"ဘာလို့ ငါတို့က သူတို့နောက်ကို လိုက်နေကြတာလဲ"
ကျောက်စစ်မင် နှုတ်ခမ်းများ လှုပ်ခတ်သွားပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"ဒါအချိန်ကောင်းပဲ သူတို့နောက်ကို မြန်မြန်လိုက်ရအောင်”
ကောင်းကင်ဓားဂိုဏ်းသား ခြောက်ယောက် အန်လင်းတို့နောက်သို့ လိုက်သွားကြလေသည်။
အန်လင်း၏ဓားက အိမ်မှထွက်ပြေးသွားသော ကလေးမလေးနှင့်တူပြီး တစ်ချက်နောက်ပြန်မလှည့်ဘဲ တောင်တန်းများဆီသို့ ဦးတည်နေသည်။
"ဝုန်း"
အုတ်နီရောင်ဘုရားကျောင်းတစ်ခု၏တံခါးကို ဓားက ထိုးခွဲလိုက်သည်။
"ရှဲ့လေး မင်း ဒီနေရာကို ဘာလာလုပ်တာလဲ"
အန်လင်းသည် စိတ်ရှုပ်သောအမူအရာဖြင့် သူမအနားသို့ရောက်လာသည်။
တပိုင်မှာလည်း ရှဲ့လေးကိုလိုက်ဖမ်းရသဖြင့် ပြင်းပြင်းထန်ထန် မောဟိုက်နေလေသည်။
"ရှဲ့လေး မင်းငါ့ကိုသေအောင်သတ်ဖို့ကြိုးစားနေတာလား "
ရှဲ့လေးက ဘာမှပြန်မပြော။ သူမ တစ်ခုခုအတွက် ပြင်ဆင်နေပုံရသည်။
အန်လင်း ဘုရားကျောင်းကိုအကဲခတ်လိုက်တော့ အတော်လေးပျက်ဆီးနေကြောင်း တွေ့ရသည်။ တိုင်လုံးနှစ်ခုက အုတ်နီခဲများဖြင့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ ဆွေးမြေ့နေသည့် သစ်သားတိုင်များဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
"ဒီဘုရားကျောင်းမှာ တစ်ခုခုရှိနေတာလား"
အန်လင်း အထဲသို့ဝင်ရင်း ရေရွတ်လိုက်သည်။
"စိတ်မပူပါနဲ့၊ ဓားအင်မော်တယ်အန်လင်း၊ သရဲတစ္ဆေတွေက အစစ်အမှန်မဟုတ်ဘူး"
စွန်းယွီလော့သည် တုန်တုန်ယင်ယင်ဖြင့် အန်လင်း၏ နံဘေးသို့ အမြန်ရောက်လာသည်။
ထိုစကားများသည် အန်လင်းအား နှစ်သိမ့်ရန်မဟုတ်ဘဲ သူ့ကိုယ်သူ နှစ်သိမ့်ရန်သာ ဖြစ်သည်။
နှစ်ယောက်သား ဘုရားကျောင်းထဲသို့ ဝင်ကြရာ ပြိုကျပျက်စီးသော အနံ့ကို ရလိုက်သည်။
စွန်းယွီလော့သည် တင်းမာသောအမူအရာဖြင့် သူ့ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရင်း တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
ရုတ်တရက် တစ်ဖက်တစ်ချက်ဆီမှ ဆီမီးခွက်များနှင့် ဖယောင်းတိုင်များ လင်းထိန်သွားသည် ။
“အား…"
စွန်းယွီလော့အော်ဟစ်ပြီး သူ့တစ်ကိုယ်လုံး တုန်တက်လာသည်။
အန်လင်းသည် ဒေါသတကြီးမျက်နှာဖြင့် စွန်းယွီလော့ရဲ့ ပခုံးကို လက်တစ်ဖက်ဖြင့် ဖိလိုက်သည်။
"စိတ်ကို အေးအေးထားစမ်း။ မင်းက တခြားလူတွေကို စိတ်ရှုပ်အောင်လုပ်နေတာပဲ"
"တောင်း…. တောင်းပန်ပါတယ်... "
ရုတ်တရက် ထအော်မိသဖြင့် စွန်းယွီလော့က တောင်းပန်လိုက်ခြင်းပင်။
သူ့အော်သံက ရုတ်တရက်ဆန်လှသဖြင့် အန်လင်းပင် လန့်သွားရသည်။
"မင်းက ဘာဖြစ်နေတာလဲ"
စွန်းယွီလော့သည် တုန်လှုပ်သောအသံဖြင့် ရှေ့ကို ညွှန်ပြပြီး...
“နတ်ဘုရားရုပ်တုကိုကြည့်လိုက် ၊ ခင်ဗျား သိမယ့်ပုံပဲ "
အန်လင်းက စွန်းယွီလော့ညွှန်ပြရာသို့လှမ်းကြည့်လိုက်ရာ နူးညံ့သိမ်မွေ့ဟန်ရှိသော ကလေးတစ်ယောက်ဖြစ်ကြောင်း တွေ့ရသည်။
ဤသည်က အံ့သြစရာမြင်ကွင်းတစ်ခုပင်။
ထိုကလေးက သူတို့ရောက်ခဲ့သည့်မြို့ထဲရှိ လမ်းမထက်မှ သူကြောက်ရွံ့ခဲ့သော ကလေးငယ်ဖြစ်နေသည်။
အန်လင်း အနည်းငယ် ထိတ်လန့်သွားပြီး ထူးဆန်းစွာပြုံးလိုက်သည်။
ဝိညာဉ်မြွေကဲ့သို့သော လျှာသည် စွန်းယွီလော့၏ လည်ပင်းကို ရစ်ပတ်လိုက်သည်။
“အား...”
“ကယ်ကြပါ...”
စွန်းယွီလော့သည် အကူအညီအတွက် စိတ်အားထက်သန်စွာ အော်ဟစ်လိုက်ပြန်သည်။
အန်လင်းသည် ရုတ်တရက် အငိုက်မိသွားခဲ့သည်။
ဤတစ်ကြိမ်တွင် စွန်းယွီလော့ လုံးလုံးပြင်ဆင်မထားသောကြောင့် ကြောက်လန့်ကာ မူးလဲလုနီးပါးဖြစ်ခဲ့သည်။
“ဟီးဟီး…ဟီးဟီး…”
နူးညံ့သော်လည်း ကြောက်စရာကောင်းသော ရယ်မောသံများ ထွက်ပေါ်လာသည်။
ကလေးငယ် အလွန်ပျော်ရွှင်နေကြောင်း ထင်ရှားသည်။
အန်လင်းက...
“အဲဒီကလေးငယ်နဲ့တူတာ မဆန်းပါဘူး ၊ သူက အဲဒီကလေးငယ်ပဲ”
အန်လင်း၏ဓား ဤနေရာသို့ ပျံသန်းလာသည်မှာ အံ့သြစရာမရှိပေ။ ဓားက ဤကလေးငယ်၏တည်ရှိမှုကို အာရုံခံမိသောကြောင့် ဖြစ်သည်။
ထို့နောက် ရုပ်တုက အဝတ်အစားများဝတ်ထားသည့် ကလေးငယ်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။
ကလေးငယ်၏လျှာသည် စွန်းယွီလော့ရဲ့လည်ပင်းကို တင်းကျပ်စွာ ရစ်ပတ်ထားသဖြင့် ဒဏ်ရာရရှိနေပြီဖြစ်သည်။
စွန်းယွီလော့သည် လေထဲ၌ တွဲလောင်းကျနေသော သူ၏ခြေထောက်များကို ရုန်းကန်ရင်း အသက်ရှုရန် ကြိုးပမ်းနေရသည်။ လည်ပင်းတစ်ဝိုက်သည် လျှာ၏ တင်းကျပ်စွာ ချည်နှောင်ထားမှုကြောင့် စကားတစ်ခွန်းမှပင် မပြောနိုင်တော့ပေ။
ထိုအချက်က အန်လင်းအတွက် ကောင်းသည်ပင်။
အန်လင်းက ဓားကိုဆွဲထုတ်ရင်း...
"ငါ့ မိတ်ဆွေကို ချက်ချင်းလွှတ်”
ယခု သူက အလယ်ဆင့်အင်မော်တယ်ဓားကိုသာ အသုံးပြုနိုင်သည်။
ဓားရှေ့တဝိုက်တွင် ရွှေရောင်လျှပ်စီးကြောင်းတစ်ခုလည်ပတ်နေပြီး ဘုရားကျောင်းတစ်ခုလုံးအား ရွှေရောင်အလင်းတန်းများဖြင့် တောက်ပသွားစေသည်။
အန်းလင်း၏ဓားတွင် လျှပ်စီးကြောင်းစွမ်းအားများ စီးဝင်နေပြီး ကလေးငယ်၏လျှာကို အတိုင်းအဆမရှိသောစွမ်းအားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ကလေးငယ်၏လျှာကို နောက်တစ်ကြိမ် ဖြတ်လိုက်သည်။
ကလေးငယ်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး အန်လင်းနှင့် မယှဉ်နိုင်မှန်းသိ၍ ဘုရားကျောင်းမှ အရှိန်ပြင်းပြင်းဖြင့် ထွက်ပြေးသွားလေသည်။
အန်လင်းက သူ့အရှိန်အဟုန်ဖြင့် ကလေးငယ်နောက်သို့ မလိုက်နိုင်ခဲ့ပေ။
ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးကြားတွင် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။
အန်လင်း၏ဓားက ထူထပ်သောအနက်ရောင်ဓားပိုက်ကွန်တစ်ခုဖန်တီးကာ ဘုရားကျောင်းတစ်ခုလုံးအားလွှမ်းခြုံလိုက်ပြီး ကလေးငယ်အတွက် လွတ်မြောက်ရာလမ်းအားလုံးကို ပိတ်ဆို့လိုက်သည်။
ရှဲ့လေးသည် ရွှင်လန်းသောလေသံဖြင့်...
“နင် အခု ထွက်ပြေးလို့မရတော့ဘူး”
သူမ၏အမူအရာက ရုတ်ချည်းပင် လွှမ်းမိုးနိုင်စွမ်းမြင့်မားသောအသွင်သို့ ပြောင်းလဲသွားသည်။
“နင်က ငါ့အပိုင်ပဲ”
ဒါကိုမြင်တော့ အန်လင်း အသက်ရှူကျပ်သွားသည်။
"ဘုရားရေ… ရှဲ့လေးက သူ့အတွက် အဖွဲ့ဝင်တွေ စုဆောင်းနေပြီလား။"