ကလေးငယ်အကြောင်း အမှန်တရား
Vol. 88 Ch. 1233
အန်လင်း၏စကားကိုကြားတော့ ရှဲ့လေး ထခုန်မတတ် ဖြစ်သွားသည်။
အန်လင်းနှင့်တိုက်ခိုက်ရန် ကလေးငယ်ကိုထားခဲ့ရမည်လားဟု သူမစိတ်ကူးမိလုနီးပါးဖြစ်သွားသည်။
ကလေးငယ်က ပိတ်ဆို့ထားသည့်ဓားကို ခပ်ပြင်းပြင်းဆောင့်ကန်ပြီး ခုန်ထွက်သွားခဲ့သည်။
ထို့နောက် သူက ဒေါသတကြီးဖြင့် ရှဲ့လေးဆီသို့ပြေးလွှားသွားပြီး သူ၏လက်များက အပြာရောင်ပြောင်းသွားသည်။ သူ၏တိုက်ခိုက်မှုများသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ဖုံးလွှမ်းထားသည်။
ရှဲ့လေးက တစ်ချက်အမူအရာပြောင်းလဲခြင်း မရှိပေ။
သူမက ကလေးငယ်၏တိုက်ခိုက်မှုကိုရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်ပင် သူမ၏လက်များက ကလေးငယ်၏လက်များကိုချုပ်ကိုင်ကာ ဝမ်းဗိုက်ကို ခြေထောက်ဖြင့် ရက်စက်စွာ ကန်ပစ်လိုက်၏။
ဝုန်း….
ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုက လေထုအတွင်း လှိုင်းလုံးကြီးများကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
ဝမ်းဗိုက်သို့ပြင်းထန်စွာအကန်ခံလိုက်ရသည်နှင့် ကလေးငယ်၏မျက်လုံးများပြူးထွက်လာပြီး သူက ဘုရားကျောင်းနှင့်ရိုက်မိသွားရာ ထိုနေရာတွင် ကြီးမားသောတွင်းပေါက်ကြီးတစ်ခုဖြစ်သွားလျှက် ကလေးငယ်က အပြာရောင်သွေးတစ်ပွက် အန်ထုတ်လိုက်သည်။
ရှဲ့လေးက ကလေးငယ်ကို ခေါင်းငုံ့ကြည့်ရင်း...
“နင့်အစွမ်းက ဒီလောက်ပဲလား ၊ ဒါဆိုရင်တော့ ငါ နင့်ကို မလိုချင်တော့ဘူး”
သူမပုံစံက ကလေးဆန်ပြီးနူးညံ့သော်လည်း သူမခန္ဓာကိုယ်ထက်မှ ဘုရင်မတစ်ပါး၏အငွေ့အသက်မျိုး ထွက်ပေါ်လာသည်။
ကလေးငယ်ထံမှ ရက်စက်သောအမူအရာတစ်ခုထွက်ပေါ်လာပြီး သူ၏လက်မှအရေပြားများကွာကျကာ အရိုးများထွက်ပေါ်လာသည်။
ဒါကိုမြင်တော့ စွန်းယွီလော့ ထိတ်လန့်သွားသည်။
ကလေးငယ်က အော်ဟစ်လိုက်ပြီး ရှဲ့လေးထံသို့ ခုန်ဝင်လိုက်စဉ် သူ၏အရိုးများက အလွန်အမင်း ချွန်ထက်လာသည်။
ရှဲ့လေးတုန်လှုပ်သွားပြီး သူမ၏ပျော့ပြောင်းသောလက်များကိုပင့်မြှောက်ကာ ကလေးငယ်၏ လက်နှစ်ဖက်ကိုဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။
“သူက သူ့ခန္ဓာကိုယ်ကိုအသုံးပြုပြီး ဒီတိုက်ကွက်ကိုခုခံဖို့ ကြိုစားနေတာလား”
စွန်းယွီလော့၏ မျက်လုံးများ အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားသည်။
အန်လင်းက နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်း...
“အဲဒါ ဘာမှားတာရှိလို့လဲ ၊ ရှဲ့လေးက ထိပ်တန်းအဆင့် အင်မော်တယ်လက်နက်တစ်ခုဆိုတာ မမေ့နဲ့လေ”
ချွန်ထက်သောအရိုးလက်များက ပျော့ပြောင်းသောလက်များနှင့်ထိတွေ့မိသည်နှင့် သတ္တုသံများထွက်ပေါ်လာကာ မီးပွားများက နေရာတိုင်းသို့ပျံ့နှံ့သွားပြီး ကလေးငယ်၏ ချွန်ထက်သောအရိုးများ အက်ကွဲသွားသည်။
ရှဲ့လေးက ကောင်လေးကိုကြည့်လိုက်ပြီး ရက်စက်စွာပင် ခြေထောက်ဖြင့် နောက်တစ်ချက် ကန်ထုတ်လိုက်သည်။
ဝုန်း…. !!!
မြေကြီးပြိုကျသည့်ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး ကလေးငယ်မှာ ဓားဆန္ဒအစီအရင်ထံသို့ ကန်ထုတ်ခံလိုက်ရပြီး နောက်ထပ်သွေးတစ်ပွက် အန်ကျလာသည်။
ဝုန်း !!!!
မြေကြီးက ပြင်းထန်စွာတုန်ခါသွားသည်။
ကလေးငယ် မြေပြင်ထက်လဲကျနေပြီး ပြန်ထမလာနိုင်ခင် ရှဲ့လေး၏လက်သီးချက်များက သူ့ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာပြန်သည်။
ဝုန်း … ဝုန်း … ဝုန်း
အန်လင်း ၊ တပိုင်နှင့် စွန်းယွီလော့တို့ သူတို့မျက်စိရှေ့မှမြင်ကွင်းကို မှင်တက်စွာကြည့်နေမိကြသည်။
မာနကြီးသည့်ကော်လေးမှာ ရှဲ့လေးထံမှ သေလောက်အောင် အပြင်းအထန် အရိုက်ခံနေရတော့သည်။
အန်လင်းက ရှဲ့လေးကို ထိတ်လန့်စွာကြည့်ရင်း...
“ရှဲ့လေးက သူ့ကိုခေါ်ထားချင်နေတာ မဟုတ်ဘူးလား ၊ အခု ဘာလို့ သူ့ကိုသတ်ချင်တဲ့ပုံပေါက်နေရတာလဲ”
စွန်းယွီလော့မှာလည်း ရှဲ့လေး၏ ရက်စက်ကြမ်းတမ်းသည့်အပြုအမူများကြောင့် လုံးဝ အံ့အားသင့်လျှက် ရှိသည်။
“အတော်ရက်စက်တာပဲ ၊ ဒီလောက်ချစ်စရာကောင်းတဲ့ကောင်မလေးက ဘာလို့ ဒီလောက်ရက်စက်ရတာလဲ”
ကြည့်ရသည်မှာ ရှဲ့လေးက သူ့ကို အလွတ်ပေးခဲ့ဟန်ပင်။
အနည်းဆုံးတော့ ဒီကလေးက သူ့ထက် ပိုဆိုးတဲ့ ကံကြမ္မာကို ခံစားနေရသည်။
ထိုစဉ် ကျောက်စစ်မင်နှင့် ကောင်းကင်ဓားဂိုဏ်းသား(၅)ယောက် ရောက်ရှိလာပြီး မြင်ကွင်းကိုကြည့်ရင်း ထိတ်လန့်သွားကြသည်။
"အန်လင်းရဲ့ဓားဝိဥာဉ်က လုံးဝကြောက်စရာကောင်းတယ်”
“သူ့ကို ဘယ်တော့မှ ဒေါသထွက်အောင် သွားမလုပ်မိစေနဲ့”
"စာအုပ်တစ်အုပ်ကို စာအုပ်အဖုံးနဲ့အကဲဖြတ်လို့မရဘူး..."
လက်ရှိတွင် ရှဲ့လေး၏ လက်သီးများကြောင့် ကောင်လေးက လုံးဝရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်ပြီး သူ့တစ်ကိုယ်လုံးပင် ယောင်ကိုင်းလာနေသည်။
"ငါ့ကို ခွင့်လွှတ်ပါ... ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ... မင်းကို တိုက်ခိုက်မိတာ ငါမှားသွားတယ်၊ ငါ ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး..."
ကလေးငယ်က ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်သည်။
အန်လင်းက...
“တော်လောက်ပြီ ရှဲ့လေး ၊ မင်းဆက်ရိုက်ကနေရင် ဒီကလေးသရဲတကယ်သေသွားလိမ့်မယ်"
“သရဲ ဟုတ်လား”
ရှဲ့လေးက ခေါင်းခါယမ်းလိုက်သည်။
“သူ့ကို သရဲလို့ ဘယ်သူပြောတာလဲ”
“ဟမ်...”
ရှဲ့လေးစကားသံကြောင့် အန်လင်း အနည်းငယ် စိတ်ရှုပ်သွားသည်။
ထိုခဏမှာပင် ရှဲ့လေးက ကလေးငယ်မျက်နှာထက်သို့ နောက်ထပ် မညှာမတာ လက်သီးချက်တစ်ချက် ထိုးချလိုက်သည်။
ဝုန်း!!!!
ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ကလေးငယ် ပေါက်ကွဲသွားပြီဖြစ်သည်။
လူတိုင်းက မလှုပ်မယှက် အံ့အားသင့်နေသည့်မျက်နှာထားဖြင့်ကြည့်နေကြပြီး ကောင်လေး အရိုက်ခံရပြီး သေသွားပြီဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် ရှဲ့လေး၏ရှေ့တွင် နက်ပြာရောင်ဓားရှည်တစ်လက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။
ဓားဆီမှ ကြောက်မက်ဖွယ်ရာဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။
ဤသည်က လေထုကိုပင်အေးခဲသွားစေနိုင်သည့် ရေခဲဓားဝိညာဉ် ဖြစ်သည်။
ရုတ်တရက်နားလည်လာသည်နှင့်အမျှ အားလုံး မျက်လုံးများ ပြူးကျယ်သွားသည်။
ရှဲ့လေးက ဒီကောင်လေးကို ဘာလို့စိတ်ဝင်စားတာလဲ။
ရှဲ့လေးက သူ့ကို ဘာကြောင့် ရှာတွေ့နိုင်တာလဲ။
သူက သရဲတစ္ဆေမဟုတ်ဘူးလား…. ။
ဒီကလေးက သရဲတစ္ဆေအဖြစ် ဟန်ဆောင်ရတာ ကြိုက်တဲ့ကလေးပဲလား…။
အမှန်တော့ သူက ဓားဝိညာဉ်တစ်ခု ဖြစ်သည်။
“ဒါက ဓားဝိညာဉ်ဖြစ်တည်လာပြီး ငါတို့ဂိုဏ်းကထွက်ပြေးသွားတဲ့ အိပ်မက်ပြာရှေးဟောင်းဓားပဲ”
ကျောက်စစ်မင် အော်ဟစ်လိုက်သည်။
“ဒီကလေး အပြေးမြန်တာ မအံ့သြတော့ပါဘူး ၊ သူက ဂိုဏ်းကထွက်ပြေးသွားတဲ့ ရှေးဟောင်းဓားပဲ ၊ ထူးခြားတဲ့ထွက်ပြေးနိုင်စွမ်းရှိတဲ့ ရှေးဟောင်းဓားတစ်ခုကသာ ငါတို့ရဲ့ ကောင်းကင်ဓားဂိုဏ်းထဲက ရုန်းထွက်နိုင်တယ်။"
ရွှယ်ရှန်း ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။
ဒါကိုမြင်တော့ ကောင်းကင်ဓားဂိုဏ်းသားများအားလုံး မျက်လုံးများ တောက်ပလာခဲ့သည်။
သို့သော် ရှဲ့လေးသည် အေးစက်သောလေသံဖြင့်ရှေးဟောင်းဓားကို ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး...
“နင်က ငါ့ဟာ...”
“အွန်...”
ဒါကိုမြင်တော့ ကောင်းကင်ဓားဂိုဏ်းသားများအားလုံး အလွန်ထိတ်လန့်သွားကြသည်။
အန်လင်းလည်း အလွန်တရာအံ့အားသင့်သွားသည့်တိုင် သူက ရှဲ့လေး၏တိုက်ခိုက်မှုကို ချီးကျူးလိုက်သည်။
ရှဲ့လေးက ကောင်လေးကို သူမ၏အဆောင်ထဲသို့မထည့်ခင် ဓားဝိညာဉ်ကို နှိမ်နင်းပစ်လိုက်သည်။
ရှဲ့လေးက လေထုထဲတွင် နတ်ဘုရားသင်္ကေတတစ်ခု ရေးထွင်းလိုက်ပြီး...
“ဒါက ငါ့ရဲ့ကျွန်စာချုပ်ပဲ ၊ နင်က အခုချိန်ကစပြီး ငါ့ရဲ့လက်အောက်ခံဖြစ်လာရမယ်”
အန်လင်း၏ မျက်နှာပေါ်တွင် အံ့ဩဖွယ်ရာ အမူအရာ ပေါ်လာသည်။ ဓားဝိဥာဉ်များအချင်းချင်း ကျွန်စာချုပ်ချုပ်ဆိုနိုင်မည်ဟု ထင်မထားခဲ့ပေ။
"မင်း လုပ်လို့မရဘူး အဲဒါ ငါတို့ရဲ့ ကောင်းကင်ဓားဂိုဏ်းပိုင် ရှေးဟောင်းဓားပဲ။ ဒါကို မင်းမှာ လုပ်ပိုင်ခွင့်မရှိဘူး!"
ကျောက်စစ်မင်သည် အပြင်ဘက်မှ ထိတ်လန့်တကြား အော်လိုက်သည်။
"ဒါက ငါတို့ဂိုဏ်းပိုင်ဓားပဲ။ မင်းယူရင် ငါတို့ဂိုဏ်းတစ်ခုလုံးရဲ့ အမျက်ဒေါသကို ခံရလိမ့်မယ်။ ကျေးဇူးပြုပြီး ပြန်စဉ်းစားကြည့်ပါ၊ အန်လင်း"
ရွှယ်ရှန်းက ပြောလိုက်သည်။
"ခုချက်ချင်း ရပ်လိုက်ပါ၊ ငါတို့ရဲ့ ကောင်းကင်ဓားဂိုဏ်းရဲ့ အမျက်ဒေါသကို မင်း မခံနိုင်လောက်ဘူး!"
နောက်ဂိုဏ်းသားတစ်ယောက်က အော်လိုက်သည်။။
ဒါကိုကြားတော့ အန်လင်း ချက်ချင်း ရယ်မောလိုက်သည် ။
"မင်းတို့ရဲ့ ကောင်းကင်ဓားဂိုဏ်းက ကြောက်စရာကောင်းတဲ့ဂိုဏ်းလား။ လျှိုမင်ရွှမ်းကို ငါ့ရဲ့ ဓားဂိုဏ်းထဲက ထုတ်ပစ်ခဲ့ပြီးပြီ၊ မင်းတို့ ဘာလုပ်မှာလဲ"
အန်လင်းသည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကောင်းကင်ဓားဂိုဏ်းသားများဆီသို့ လှည့်ကြည့်လိုက်သည်။
"နောက်ပြီး ရှေးဓားက ကောင်းကင်ဓားဂိုဏ်းကနေ လွတ်မြောက်သွားပြီဆိုတော့၊ မင်းတို့ရဲ့ဂိုဏ်းပိုင်ပစ္စည်းမဟုတ်တော့ဘူး။ ရှဲ့လေးက သူ့ကိုယ်ပိုင်စွမ်းအားနဲ့ အနိုင်ယူခဲ့ပြီး၊ ဒါကြောင့် အဲ့ဒါက ရှဲ့လေး အပိုင်ပဲ "
စွန်းယွီလော့က ခေါင်းညိတ်ရင်း...
"ဒါဖြစ်သင့်တယ် လွတ်မြောက်ပြီးသား ဝိဉာဉ်တစ်ခုကို ဂိုဏ်းတစ်ခုဆီ ပြန်မခိုင်းသင့်ဘူး ၊ ဒါက ကိုးပြည်ထောင်တိုင်းပြည်မှာရှိတဲ့ ဂိုဏ်းအားလုံးကြားက စည်းမျဉ်းတစ်ခုပဲ”
ကျောက်စစ်မင် အံ့အားသင့်သွားပြီး...
"စွန်းယွီလော့ မင်းက ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းသားလား ၊ ဒါမှမဟုတ် စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းသားလား”
စွန်းယွီလော့မှာ ကျောက်စစ်မင်၏ ဒေါသတကြီးအော်သံကြားမှ သတိပြန်ဝင်လာခဲ့သည်။
ရှဲ့လေးက လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် အမူအရာဖြင့်...
“သူတို့နဲ့ အချိန်ဖြုန်းနေစရာမလိုဘူး ၊ ငါတို့လုပ်စရာရှိတာလုပ်ရမယ် ၊ သူတို့ ပြောချင်တာရှိရင် ငါ့ရဲ့ဓားအစီအရင်ကို အရင်ချိုးဖျက်နိုင်မှရမယ်”
ကျောက်စစ်မင်တို့အုပ်စုမှာ ဒေါသထွက်လွန်းသဖြင့် တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။
ရှဲ့လေးစကားများက ထက်ရှလွန်းသည်ဖြစ်ရာ သူတို့တကယ်ပင် ဘာမှမတတ်နိုင်ခဲ့ကြပေ။
ထိုအချိန် အဝေးမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ငါတို့ ကောင်းကင်ဓားဂိုဏ်းရဲ့ ပိုင်ဆိုင်မှုကို ဘယ်သူမှ ခိုးယူလို့မရဘူး”
“ဒီလောက်ဓားအစီအရင်လေးကို ငါ့လက်နဲ့တောင် ဖျက်ပစ်လိုက်လို့ရတယ်”
အသံပျောက်ကွယ်သွားသည်နှင့် တောက်ပနေသည့် ရွှေရောင်ဓားအလင်းတန်းတစ်ခုက မင်ရောင်ပမာနက်မှောင်သည့် ဓားအစီအရင်ထက်သို့ ဆင်းသက်ကျရောက်လာသည်။
အရုဏ်ဦးအလင်းရောင်က အမှောင်ထုကိုထိုးခွင်းလိုက်သည့်ပမာ ရှဲ့လေး ကြိုးစားပန်းစားတည်ဆောက်ထားသော အစီအရင်တွင် ကြီးမားသောအပေါက်ကြီးတစ်ခုဖြစ်ပေါ်လာပြီး စုတ်ပြဲသွားရတော့သည်။