ငါ့အိပ်မက်ထဲကလူ
Vol. 88 Ch. 1234
ရှဲ့လေး၏အစီအရင် အကြမ်းတမ်းဆုံးပုံစံဖြင့် ပေါက်ကွဲထွက်သွားသည်။
သူတို့ရန်သူက ‘ဟင်းလင်းပြင်သို့အပြန်’ နောက်ဆုံးအဆင့် သို့မဟုတ် ထို့ထက်မြင့်မားသည့် တန်ခိုးစွမ်းအားရှင်တစ်ခုဖြစ်ပြီး စကြာဝဠာတာအိုစွမ်းအားကို ရရှိထားသူ ဖြစ်ရပေမည်။
သူတို့အားလုံး အဝေးတစ်နေရာမှ ပျံသန်းလာနေသည့် အပြာရောင်ဝတ်ဓားအင်မော်တယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
သူ၏လက်တစ်ဖက်တွင် ရွှေဓားတစ်လက်ကိုင်ဆောင်ထားပြီး ကျန်တစ်ဖက်တွင် ရွှယ်ရှန်းကိုင်ထားသည်နှင့်ဆင်တူသည့် မြေပုံချပ်ပြားတစ်ခုကို ကိုင်ဆောင်ထားသည်။
ထိုသူ၏မျက်နှာက လေးထောင့်စပ်စပ် ထက်ရှသည့်အသွင်ရှိပြီး ချောမောသူဖြစ်သော်လည်း အမူအရာအေးစက်လွန်းသည်။ သူ၏မျက်ဝန်းများက အေးစိမ့်ည့်အလင်းရောင်များဖြင့် တောက်ပနေသည်။
ထိုသူ၏ရောင်ဝါမှတစ်ဆင့် အလွန်စွမ်းအားကြီးသော ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း အန်လင်း ခန့်မှန်းလိုက်နိုင်သည်။
ထိုသူကိုတွေ့တော့ ကောင်းကင်ဓားဂိုဏ်းမှဂိုဏ်းသားများ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။
"ဒါက အစ်ကို’အိုးယန်ရှ’ ပဲ...”
“ကောင်းလိုက်တာ ၊ အစ်ကိုအိုးယန်ရှက ဟင်းလင်းပြင်သို့အပြန် အထွတ်ထိပ်အဆင့်ရှိတဲ့ ဓားအင်မော်တယ်တစ်ယောက်ပဲ ၊ သူ ဒီနေရာကကိစ္စတွေကို ကိုင်တွယ်နိုင်မှာပါ”
“ငါတို့ရဲ့ အိပ်မက်ပြာရှေးဟောင်းဓားကို အခု ပြန်ယူနိုင်တော့မယ်”
အိုးယန်ရှက ရှဲ့လေးဆီသို့သွားနေစဉ် ဂိုဏ်းသားများက အသံပို့လွှတ်စနစ်ဖြင့် စကားပြောဆိုနေကြသည်။
သူက ရှဲ့လေးကို လက်ညှိုးထိုးလိုက်ပြီး အေးစက်သောလေသံဖြင့်...
“ရှေးဟောင်းဓားကို လွှတ်လိုက်စမ်း ၊ အဲဒါက ငါတို့ကောင်းကင်ဓားဂိုဏ်းက ဓားပဲ”
အန်လင်းက...
“အိုး... ဒီအိပ်မက်ပြာရှေးဟောင်းဓားက ဓားဝိညာဉ်ဖြစ်တည်လာခဲ့တယ် ၊ ဒါကြောင့် သူ့ကို သီးခြားလွတ်လပ်တဲ့ သက်ရှိတစ်ခုအဖြစ် သတ်မှတ်နိုင်တယ် ၊ ထိုက်ချူးကုန်းမြေက ဂိုဏ်းအားလုံးရဲ့ မပြောဘဲသိတဲ့စည်းကမ်းတွေအရ ဓားက ထွက်ပြေးသွားပြီဆိုတာနဲ့ ဒီဓားကို မင်းတို့ ကောင်းကင်ဓားဂိုဏ်းက မပိုင်တော့ဘူး ၊ အဲဒီဓားကို အရင်ဆုံးရယူနိုင်တဲ့သူ ဘယ်သူမဆို ပိုင်ဆိုင်မှာဖြစ်တယ် ၊ အဲဒီလူကိုလည်း ဒီရှေးဟောင်းဓားက သူ့အရှင်သခင်အဖြစ် ဆန္ဒအလျောက် လက်ခံဖို့လိုတယ်”
အိုးယန်ရှက အန်လင်းကို အေးစက်စွာစိုက်ကြည့်ရင်း...
“ဒီဓားက ကောင်းကင်ဓားဂိုဏ်းက ပိုင်တာမို့ ဘယ်သူမှ ယူလို့မရဘူး”
အန်လင်းမျက်နှာ မည်းမှောင်သွားပြီး...
“မင်းက ဓားကိုပြန်လိုချင်တာနဲ့ ဂုဏ်သိက္ခာကိုတောင် စတေးတော့မလို့လား”
“ဓားဝိညာဉ်ပျိုးထောင်ထားတဲ့ ရှေးဟောင်းဓားဆိုတာ အရမ်းရှားပါးတယ် ၊ ငါက အတင်းပြန်ယူမယ်ဆိုရင် မင်းဘာတတ်နိုင်မှာလဲ”
အိုးယန်ရှမျက်ဝန်းများထဲတွင် မာန်မာနအရိပ်အယောင်များ ထင်ဟပ်လာသည်။
ဤအခိုက်တွင် ရှဲ့လေးထံမှထွက်ပေါ်လာသော အနက်ရောင်အလင်းတန်းမှ နတ်ဘုရားသင်္ကေတတစ်ခုသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်အတက်အကျနှင့်လေထဲသို့ ပျံ့နှံ့သွားသည်။
ဒါကိုမြင်တော့ အိုးယန်ရှ မျက်နှာအမူအရာပြောင်းလဲသွားသည်။
“ရပ်လိုက်...”
အန်လင်းမျက်နှာထက် အပြုံးတစ်ချက်တောက်ပသွားပြီး သူက ရှဲ့လေးရှေ့တွင် ချက်ချင်းဝင်ရပ်လိုက်သည်။
“ဓားကိုလိုချင်ရင် ငါ့ကိုအရင်တိုက်ရလိမ့်မယ်”
“မင်းက အောက်မန်လို အမှိုက်ကောင်ကို အနိုင်ယူဖူးတာနဲ့ ဟင်းလင်းပြင်သို့အပြန် အထွတ်ထိပ်အဆင့် တန်ခိုးစွမ်းအားရှင်အားလုံးကို အစွမ်းမထက်ဘူးလို့ မထင်လိုက်နဲ့ ၊ မင်းက ငါ့အတွက် ဘာကောင်မှမဟုတ်တဲ့ အားနည်းတဲ့လူတစ်ယောက်ဆိုတာ မင်းနားလည်အောင် ငါပြပေးမယ်”
အိုးယန်ရှ၏ ရွှေရောင်ဓားမှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလုံးအား လှိုင်းထသွားစေသည်။
“စာချုပ်ကိုလက်ခံလိုက်”
ရှဲ့လေးက တိုက်တွန်းလိုက်သည်။
အိပ်မက်ပြာရှေးဟောင်းဓား တုန်ခါသွားပြီး အိုးယန်ရှရောက်လာသည်ကို သတိပြုလိုက်မိသည်နှင့် သူက စိတ်ဆုံးဖြတ်လိုက်ဟန်ဖြင့် အနက်ရောင် နတ်ဘုရားသင်္ကေတဆီသို့ ချက်ချင်းပင် အလောတကြီး ထွက်ခွာသွားသည်။
“သွားစမ်း...”
အိုးယန်ရှ ဒေါသတကြီးအော်ဟစ်လိုက်ပြီး ဓားဖြင့် ရှဲ့လေးကို ခုတ်ပိုင်းချလိက်သည်။
ရွှေရောင်ဓားက ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားကာ ကြောက်မက်ဖွယ်စွမ်းအားများ ပါရှိသော ရွှေလခြမ်းသဏ္ဍာန်ထွက်ပေါ်လာပြီး လမ်းကြောင်းတစ်လျှောက် အရာခပ်သိမ်းကို ဖျက်ဆီးပစ်လိုက်သည်။
ဤတိုက်ကွက်က ရှဲ့လေး၏ခံစစ်အစီအရင်ကိုဖျက်ဆီးရန် သူထုတ်လွှတ်ခဲ့သော ဓားချက်ထက်ပင် ပိုမိုကြောက်မက်ဖွယ်ရာကောင်းသည်။ ဤသည်က အိုးယန်ရှ၏ အင်အားအပြည့် ထိုးနှက်ချက်ပင် ဖြစ်၏။
ရှဲ့လေးက ဤတိုက်ကွက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
အန်လင်းက အလွန်တည်ငြိမ်သော အမူအရာဖြင့် ရှဲ့လေး၏ ရှေ့တွင် ရပ်နေသည်။
သူက မီးငှက်ကြေးမုံမှန်ကို ထုတ်လိုက်ပြီး ရှဲ့လေးကို လှည့်ပြောလိုက်သည်။
“အမြန်လုပ် ၊ စာချုပ်တစ်ခုချုပ်ဖို့ကို အချိန်အများကြီးမဖြုန်းနဲ့”
ဒါကိုမြင်တော့ အိုးယန်ရှ အလွန်ဒေါသထွက်သွားသည်။ စော်ကားခံလိုက်ရသလိုလည်း ခံစားရသည်။
သတိကင်းမဲ့ခြင်းနှင့် မောက်မာခြင်း၏အဖိုးအခက သေခြင်းသားဖြစ်နိုင်သည်။
သို့သော် အန်လင်း၏ မီးငှက်ကြေးမုံမှန်မှ ရောင်ပြန်ဟပ်သောမျက်နှာပြင်နှင့် ထိတွေ့လိုက်သည်နှင့် အိုးယန်ရှ၏ ပြင်းထန်သောဓားကွက်က လူတိုင်း၏မျက်စိရှေ့တွင် အံ့သြစရာကောင်းစွာပင် အိုးယန်ရှထံသို့ ပြန်လည်လမ်းကြောင်းပြောင်းသွားသည်။
အိုးယန်ရှသည် ထိတ်လန့်တုန်လှုပ်သွားပြီး သူ့ကိုယ်သူ ဓားဖြင့် ချက်ချင်းခုခံရန် ကြိုးစားခဲ့သည်။
သို့သော်လည်း သူ၏ အင်အားအပြည့် တိုက်ခိုက်မှုသည် ခုခံကာကွယ်ရန် မလုံလောက်ပေ။
ရွှေဓားသွားက အတားအဆီးမရှိ အရှိန်ပြင်းပြင်းနဲ့ သူ့ဆီ ပြေးလာနေသည်။
အိုးယန်ရှမှာ ကိုယ့်ဓားဖြင့် ပြန်လည်ထိမှန်ခံလိုက်ရပြီး အနောက်သို့ ကီလိုမီတာများစွာလွင့်ထွက်သွားကာ ခန္ဓာကိုယ်ထဲမှသွေးများပြောင်းပြန်လန်သွားပြီး နှုတ်ခမ်းထောင့်မှပင် သွေးများစီးကျလာသည်။
ကောင်းကင်ဓားဂိုဏ်းသားများအားလုံး အံသြသွားကြသည်။ သူတို့၏ ပြိုင်ဘက်ကင်း စီနီယာအစ်ကိုက သူ့တိုက်ကွက်သူပြန်ထိပြီး ဒဏ်ရာရသွားသည်တဲ့လား။
“အဲဒါ ဘာပစ္စည်းလဲ”
အိုးယန်ရှသည် အန်းလင်း၏လက်ထဲမှ ကြေးမုံမှန်ကိုသတိထားကာ စိုက်ကြည့်နေသည်။
ထိုအချိန်၌ပင် စူးရှသော မြည်သံတစ်ခု ထွက်ပေါ်လာသည်။
ရှေးဟောင်းဓားက ရှဲ့လေး၏လက်အောက်ခံ ဖြစ်သွားပေပြီ။
“မဟုတ်ဘူး!”
အိုးယန်ရှသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် ဒေါသစိတ်ဖြင့် ရှဲ့လေးဆီသို့လှည့်ကြည့်လိုက်သည်။
သူက ရှဲ့လေးကို အားယူတိုက်ခိုက်ရန်ပြင်ဆင်ရင်း လက်ထဲရှိဓားမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
စကြာဝဠာမီးတောက်နှင့် သူတော်စင်မီးတောက်က အန်လင်းခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သူက မီးနတ်ဘုရားနည်းလမ်းကို အသက်သွင်းကာ အိုးယန်ရှကို တိုက်ခိုက်လိုက်သည်။
“လေးကြိမ် ၊ မီးနတ်ဘုရားလက်သီး”
သူ၏လက်သီးက နေကဲ့သို့တောက်ပနေကာ ၎င်းပတ်ပတ်လည်ရှိ နေရာလွတ်များကို လုံး၀ လုံးလုံးလျားလျား အရည်ပျော်သွားသကဲ့သို့ ကွဲအက်ကာ ကျိုးသွားစေသည်။
အိုးယန်ရှသည် အန်လင်း၏ လက်သီးမှ လွန်ကဲသော အန္တရာယ်ကို တွေ့ရှိနိုင်သည်။
သူက ပစ်မှတ်ပြောင်းလဲပြီး အန်လင်းကို ဓားဖြင့်တိုက်ခိုက်ရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ထို့ကြောင့် သူက စကြာဝဠာတာအိုစွမ်းအားကို ထုတ်ဖော်ပြီး ရွှေရောင်ဓားအလင်းတန်းတစ်ခု ဖန်တီးလိုက်သည်။
သို့သော် အန်လင်း၏လက်သီးချက်က အိုးယန်ရှ၏ဓားကို ချေဖျက်လိုက်ပြီး ခန္ဓာကိုယ်အား ထိုးစိုက်ချလိုက်သည်။
“ဝေါ့...”
အိုးယန်ရှ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
ကောင်းကင်ဓားဂိုဏ်းသားများအားလုံး အံသြသွားကြသည်။ သူတို့၏ စီနီယာအစ်ကိုမှာ အန်လင်း၏တိုက်ခိုက်ခြင်းကို ခံနေရသည် မဟုတ်ပါလား။
"ဓားအင်မော်တယ်အန်လင်းက ဓားအင်မော်တယ် မဟုတ်ဘူးလား ၊ ဘာလို့ သူ့လက်သီးက ဒီလောက်အစွမ်းထက်နေရတာလဲ”
စွန်းယွီလော့က တီးတိုးရေရွတ်လိုက်သည်။
အန်လင်း၏ရောင်ဝါက မြင့်တက်လာပြီး စစ်မှန်သောမီးနတ်ဘုရားကဲ့သို့ အိုးယန်ရှဆီသို့ လျှောက်သွားခဲ့သည်။
“မင်းနဲ့ယှဉ်ရင် ငါက ဘာကောင်မှမဟုတ်ဘူးလို့ ပြောခဲ့တယ်မလား ၊ မင်းဘာလို့ သွေးတွေအန်နေရတာလဲ ၊ မင်းက ဒီလောက်လေးနဲ့ ဒဏ်ရာရသွားပြီလား”
အိုးယန်ရှ အံတင်းတင်းကြိတ်လိုက်ပြီး ကြုံးဝါးသံတစ်ချက်ပြုလိုက်သည်။
“ထပ်တိုက်မယ်...”
ကောင်းကင်နှင့်မြေကြီးတစ်ခွင် ရွှေရောင်ဓားအလင်းတန်းများ တောက်ပသွားပြီး စကြာဝဠာမီးလျှံများလောင်ကျွမ်းသွားကာ သူတို့နှစ်ယောက် လေထံတွင် ထပ်မံရင်ဆိုင်လိုက်ကြသည်။
တိုက်ပွဲလှိုင်းလုံးများ ပြင်းထန်လာပြီး ဓားအလင်းတန်းများက သေမင်းဝိညာဉ် နတ်ဆိုးပြည်သို့ ပြန်သွားသကဲ့သို့ ဖြစ်နေသည်။
ရှဲ့လေးက အန်လင်းကို ခေါင်းမော့ကြည့်လိုက်ပြီး သူမ၏မျက်နှာဝိုင်းဝိုင်းလေးထက်တွင် အပြုံးရိပ်တစ်ခု ထင်ဟပ်လာသည်။
“သူက အတော်တော့ စိတ်ချရတာပဲ”
ထို့နောက် သူမသည် ရှေးဟောင်းဓားကို လှည့်ကြည့်လိုက်သည်။
အိပ်မက်ပြာရှေးဟောင်းဓားက အနည်းငယ်တုန်လှုပ်နေပြီး လေထဲတွင် စက်ဝိုင်းပုံသဏ္ဌန်လှည့်ပတ်သွားသည်။ ဓားက သူမထံမှ မျက်နှာသာရရန် ကြိုးစားနေသည့်အလားပင်။
ရှဲ့လေးက ပြုံးလိုက်ပြီး...
“မင်းနဲ့ငါကြားမှာ ဓားဝိညာဉ်တွေကြားက ကျွန်စာချုပ် ချုပ်ဆိုထားပေမယ့် မင်းကို လူတစ်ယောက်က သန့်စင်ပေးမှ အဆင်ပြေမှာ ၊ ငါ့ရဲ့အန်လင်းကို မင်းရဲ့သခင်အဖြစ် လက်ခံလိုက်ပါ”
ရှေးဟောင်းဓားသည် အနည်းငယ် တွန့်ဆုတ်သွားသည်။
“ချွင်...”
"အိုး အန်လင်းက မင်းရဲ့နှလုံးသားကို မသိဘူးလို့ မင်းထင်နေတာလား ၊ မင်းအိပ်မက်ထဲမှာ လူတစ်ယောက်ရှိနေပြီလား။"
ရှဲ့လေးက ရယ်မောကာ ပြောလိုက်သည်။
ရှေးဟောင်းဓားက သဘောတူစွာ ခေါင်းညိတ်သည့်အလား ဓားရိုးကို လှုပ်ခါပြလိုက်သည်။
"သူက ဘယ်သူလဲ"
ရှဲ့လေးက စပ်စုလိုက်သည်။
သူ့လေးစားရသူ၏တိုက်ပွဲကို ပျော်ရွှင်စွာကြည့်ရှုနေစဉ် စွန်းယွီလော့ကျောပြင်ထက် ရုတ်တရက် အေးစက်မှုတစ်ခု ခံစားလိုက်ရသည်။
အဲဒါဘာလဲ?
လှည့်ကြည့်လိုက်တော့ သူ့ကျောပြင်ထက်တွင် ကောင်ငယ်လေးကိုတွေ့လိုက်ရသည်။ ကောင်လေးက ပြုံးလျှက် အပြာရောင်လျှာဖြင့် စွန်းယွီလော့ပါးပြင်ကို လျက်လိုက်၏။
“အား....”
စွန်းယွီလော့ပါးစပ်မှ အော်ဟစ်သံထွက်ပေါ်လာပြီး သူ၏လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ဖြစ်သွားရသည်။
“ကယ်ကြပါ”
သူ၏ခြေထောက်များ အားလျော့ယိုင်နဲ့သွားပြီး မြေပြင်ထက်သို့လဲကျသွားကာ ရှဲ့လေးထံမှ အကူအညီတောင်းခံလိုက်သည်။
ရှဲ့လေးသည် စန်းယွီးလော့ကို ထူးထူးခြားခြား အမူအရာဖြင့် ကြည့်လိုက်ပြီး...
“မင်းက သူ့ကိုသဘောကျတာလား”
ကလေးငယ်သည် စွန်းယွီလော့ရဲ့ လည်ပင်းကို ထပ်မံ၍ နမ်းရန် လျှာကို မထုတ်မီ ခေါင်းညိတ်လိုက်သည်။
စွန်းယွီလော့ အထိန်းအကွပ်မဲ့ တုန်လှုပ်သွားသည်။ ရင်းနှီးသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ခံစားမှုက သူ့ကို စိတ်ပျက်သွားစေသည်။
ရှဲ့လေး : “မင်းက တကယ်စိတ်ဝင်စားစရာကောင်းတာပဲ”