← Chapters

ကောင်းကင်ဓားဂိုဏ်းသားမဟုတ်တော့ပြီ

Vol. 88 Ch. 1235

ကောင်းကင်ဓားဂိုဏ်းသားမဟုတ်တော့ပြီ

Vol. 88 Ch. 1235

ရှဲ့လေးသည် စွန်းယွီလော့ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

“ရှဲ့လေး... ငါ့ကို ကယ်ပါဦး”

ကလေးငယ်က သူ၏ခန္ဓာကိုယ်တွင်တွယ်ကပ်နေသဖြင့် စွန်းယွီလော့မှာ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထနေပြီး မျက်ရည်များပင်ဝဲလို့နေသည်။

ရှဲ့လေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“ကယ်ရမယ် ဟုတ်လား ၊ ဘာလို့ကယ်ရမှာလဲ ၊ မင်းရဲ့ လက်ရှိအခြေအနေကို မင်း မသိဘူးလား”

စွန်းယွီလော့က တည်ကြည်သည့်မျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး… မဟုတ်ဘူး…”

ရှဲ့လေးက စွန်းယွီလော့ကို လက်ညှိုးထိုးပြီး လေးနက်သောအမူအရာဖြင့်...

“ဒီဓားဝိညာဉ်က ကောင်းကင်ဓားဂိုဏ်းက ရှေးဟောင်းဓားရဲ့ဝိညာဉ်ပဲ ၊ သူတို့တစ်ဂိုဏ်းလုံး ရှာဖွေနေကြတဲ့အိပ်မက်ပြာရှေးဟောင်းဓား... သူက... မင်းကို သူ့သခင်အဖြစ် လက်ခံချင်နေတယ်”

စွန်းယွီလော့ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ရှေးဟောင်းဓားက သူ့ကို သခင်အဖြစ် လက်ခံချင်နေသလား။ တကယ့်ကို ဟာသတစ်ခုဖြစ်သည်။

အချိန်အတန်ကြာမှ စွန်းယွီလော့ သတိပြန်ဝင်လာပြီး...

“ဘာလို့လဲ…”

ရှဲ့လေးက...

“မင်းက ပျော်စရာကောင်းတယ်လို့ သူက ထင်တယ်လေ ၊ မင်းသာ သူ့ရဲ့သခင်ဆိုရင် အရမ်းစိတ်ဝင်စားစရာကောင်းမယ်လို့ သူကတွေးနေတာ”

ကလေးငယ်ပြောပြသောအကြောင်းပြချက်ကို ရှဲ့လေးက စွန်းယွီလော့အား ပြောပြလိုက်ခြင်းပင်။

"ဓားဝိဥာဉ်အားလုံးရဲ့ ဆန္ဒကို ကျွန်တော် လေးစားပါတယ်။ ဒါကြောင့် သူ့ကို လက်ခံဖို့ သဘောတူရင် သူလည်း ကျွန်တော့်ကို လွှတ်ပေးမှာလား”

စွန်းယွီလော့မှာ သူ့ကျောထက်မှကောင်လေးကို မှင်တက်စွာဖြင့် စူးစိုက်ကြည့်လိုက်သည်။

ကောင်လေးက သူ့ကို ပြုံးပြပြီး သူ့မျက်နှာကို ချောမွတ်သောလျှာဖြင့် ထပ်မံနမ်းသည်။

စွန်းယွီလော့ : “.....”

ဓားဝိညာဉ်တစ်ခု၏ အရှင်သခင်အဖြစ်ရွေးချယ်ခံရခြင်းက အိပ်မက်ပင် မမက်ဝံ့သည့်ကိစ္စတစ်ခုပင်။ ဤမျှထူးခြားသောကံကောင်းခြင်းကို စွန်းယွီလော့လည်း လိုချင်မိပါသည်။

သို့ပေသိ အိပ်မက်ပြာရှေးဟောင်းဓားကို သူ လက်ခံသင့်ရဲ့လား...။

စွန်းယွီလော့ တုံ့ဆိုင်းနေချိန် အိုးယန်ရှ၏ ဒေါသတကြီး အော်ဟစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

“စွန်းယွီလော့... မင်းက ရှေးဟောင်းဓားရဲ့အရှင်သခင်ဖြစ်ချင်တယ်ဆိုရင် ကောင်းကင်ဓားဂိုဏ်းက မင်းကိုဆက်ပြီး လက်ခံမထားနိုင်တော့ဘူး”

ဒါကိုကြားတော့ စွန်းယွီလော့ရဲ့ အမူအရာ တုန်လှုပ်သွားသည်။

ထိုခဏတွင် အဖြူရောင်ယူနီကွန်းကြီးကိုစီးပြီး အဝေးတစ်နေရာမှ ပျံသန်းလာသော ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရသည်။

"စွန်းယွီလော့ မင်းအခုလုပ်နေတာကို ရပ်လိုက်ပါ ၊ မင်းက ရှေးဟောင်းဓားနဲ့ မထိုက်တန်ဘူး"

ထိုအသံက မြူခိုးတိမ်တိုက်များကြားမှ ထွက်ပေါ်လာသည့်ပမာ လျှို့ဝှက်ဆန်းကျယ်သည်။

ကျယ်လောင်သည်မဟုတ်သော်လည်း ထုထည်ကြီးမားသည့် မောင်းသံတစ်သံပမာ နားစည်ကိုထိခိုက်သွားစေသည်။

"ဆုံးဖြတ်ချက်မချခင် မင်းမှာ ဒီလိုရတနာမျိုးရထိုက်ဖို့ အစွမ်းရှိသလားဆိုတာ စဉ်းစားပါ။ မင်းမစွမ်းဘူးဆိုရင် ဓားဟာ မင်းအတွက် ကံကောင်းခြင်းထက် ဘေးသင့်စေလိမ့်မယ်”

“အဲဒါ တတိယအကြီးအကဲပဲ”

“တတိယအကြီးအကဲ 'ကျူးယွင်ရှန်း' ရဲ့ တိမ်လွှာအမြင့်ဓားသိုင်းက ငါတို့ဂိုဏ်းရဲ့ နံပါတ်(၁) ထောင်ချောက်အစီအရင်ပဲ”

ကောင်းကင်ဓားဂိုဏ်းသားများအားလုံး တောက်ပသည့်မျက်ဝန်းများဖြင့် အဝေးမှရောက်လာသူကို စူးစိုက်ကြည့်နေကြသည်။

ကျူးယွင်ရှန်းက ကောင်းကင်ဓားဂိုဏ်းမှ အင်အားကြီးသူတစ်ဦး ဖြစ်သည်။ အန်လင်းက ယခု အိုးယန်ရှနှင့် ပြင်းထန်သော တိုက်ပွဲတွင် ပါဝင်နေသောကြောင့် ကျူးယွင်ရှန်းကို မည်သူက တားနိုင်မည်နည်း။

“စွန်းယွီလော့... ရှေးဟောင်းဓားကိုလွှဲပေးဖို့ မင်းကို (၁၀)စက္ကန့် အချိန်ပေးမယ် ၊ မဟုတ်ရင် ငါက ဓားကို အတင်းအကျပ်လုယူရလိမ့်မယ် ၊ ပြီးရင် မင်းကို ကောင်းကင်ဓားဂိုဏ်းကနေ ထုတ်ပစ်မယ်”

ကျူးယွင်ရှန်း၏ တင်းမာသောအသံ ထွက်ပေါ်လာသည်။

သူစကားပြောနေစဉ်တွင် အကန့်အသတ်မရှိသော ဘုရားကျောင်းတစ်ဝိုက်တွင် ရှောင်လွှဲမရနိုင်သော ထောင်ချောက်တစ်ခု ဖန်တီးထားသည်။

တစ်ချိန်တည်းမှာပင် စွန်းယွီလော့သည် အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသလို ခံစားလိုက်ရပြီး ဂရုမပြုပဲ လုပ်လိုက်လျှင် ထိုစွမ်းအားကြောင့် သူချက်ချင်း အသတ်ခံရမည်ဖြစ်ကြောင်း အာရုံခံလိုက်မိသည်.

“မဟုတ်ဘူး… ငါ မင်းကိုပဲ လိုချင်တာ တခြားဘယ်သူမှ မလိုချင်ဘူး "

စွန်းယွီလော့၏နောက်ကျောမှ ကလေးငယ်၏ အသံ ထွက်ပေါ်လာသည်။

စွန်းယွီလော့က အပြစ်ကင်းစင်ပြီး ရိုးသားသောမျက်လုံးများဖြင့် သူ့ကိုကြည့်နေသော ကောင်လေးကို လှည့်ကြည့်လိုက်သည်။

သူ ခဏမျှမှင်တက်သွားစဉ် အဖြူရောင်မြူခိုးဓား ပုံရိပ်ယောင်တစ်ခုက ကောင်းကင်ထက်မှ ကျဆင်းလာသည်။

"ဆယ်စက္ကန့်ပြီးသွားပြီ။ စွန်းယွီလော့ မင်းက ငါတို့ရဲ့ ကောင်းကင်ဓားဂိုဏ်းဝင် မဟုတ်တော့ဘူး။"

ကျူးယွင်ရှန်းက ရှေးဟောင်းဓားကို ပြန်ယူချင်နေပြီး စွန်းယွီလော့ကို လုံးဝ အရေးမစိုက်တော့ပေ။

ဓားရှည်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ဆင်းသက်လာသည်။ စွန်းယွီလော့က မတ်တပ်ထရပ်ပြီး သူ့ဓားကို ဆွဲထုတ်ပြီး အော်ဟစ်လိုက်သည်။

"ငါ... မပေးဘူး "

ဓားနှစ်ခု ထိပ်တိုက်တွေ့ပြီး စွန်းယွီလော့၏ဓားမှာ အဖြူရောင်ဓားကြောင့် ပျက်စီးသွားသည်။

ဓားရှည်က သူ့အပေါ်သို့ ဆက်လက်ဆင်းသက်လာသည်။

စွန်းယွီလော့သည် သူ့အပေါ်သို့ ကျဆင်းလာနေသော ဓားကို ကြည့်ကာ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအရိပ်အမြွက်မျှပင် မပြဘဲ နေရာတွင်ပင် ပြတ်ပြတ်သားသား ရပ်နေလေသည်။

ဤအခိုက်အတန့်တွင် အနက်ရောင်ဝတ် မိန်းကလေးက လက်ထဲတွင် ဓားကိုကိုင်လျက် သူ့ရှေ့တွင် နေရာယူလိုက်သည်။

သူမက သတိမထားမိခင်မှာပင် ဓားတစ်လက်ထုတ်လွှတ်ပြီး ကျူးယွင်ရှန်း၏ ဓားသွားကို ချက်ချင်း အနိုင်ယူလိုက်သည်။

"မင်းမပေးချင်ရင် မြန်မြန်ဆုံးဖြတ်ပါ"

ရှဲ့လေးက အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

စွန်းယွီလော့က အသက်ပြင်းပြင်းရှူလိုက်သည်။

"ကျွန်တော်က အသိဥာဏ်ကင်းမဲ့တဲ့လူမဟုတ်ဘူး။ ဓားဝိညာဉ်ရှိနေတဲ့ ရှေးဟောင်းဓားနဲ့ မထိုက်တန်ဘူးဆိုတာ သိပါတယ်”

ထိုစကားကြားတော့ စွန်းယွီလော့၏ကျောထက်မှ ကလေးငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

“ဒါပေမဲ့ ရှေးဟောင်းဓားက ကျွန်တော့်ကို ရွေးချယ်ခဲ့တာ”

စွန်းယွီလော့က သူ့ခေါင်းကို မော့လိုက်ပြီး သူ့မျက်နှာထက် စိတ်ပိုင်းဖြတ်ထားသည့် အမူအရာ ပေါ်လာသည်။

“ဓားအင်မော်တယ်တစ်ယောက်အနေနဲ့ ဒီလိုအခွင့်အရေးမျိုးရဖို့ မကြိုးစားရင် ဘာဆက်လုပ်ရမလဲ။"

ဘုန်း...။

မာန်ဟုန်ပြင်းပြီး အလျှော့မပေးသော ဓားဆန္ဒတစ်ခု ကောင်းကင်ထက်သို့ ပစ်လွှတ်သွားသည်။

စွန်းယွီလော့က ကလေးငယ်၏ နူးညံ့အေးစက်သောလက်ကို လေးနက်သောအမူအရာဖြင့် ဆုပ်ကိုင်လိုက်သည်။

"မင်း ငါ့ကိုရွေးထားပြီးပြီ၊ ဒါကြောင့် ဒီယုံကြည်မှုကို ငါသစ္စာမဖောက်ဘူး။ မင်းနဲ့ထိုက်တန်ကြောင်း သက်သေပြဖို့ ငါအတတ်နိုင်ဆုံးကြိုးစားမယ်။"

စွန်းယွီလော့၏ စကားများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် တုန်လှုပ်သွားခဲ့သည်။

အန်လင်း နှင့် ရှဲ့လေးတို့ နှစ်ယောက်စလုံး တစ်ချိန်တည်း ပြုံးလိုက်ကြသည်။

ဆန့်ကျင်ဘက်အားဖြင့် ကောင်းကင်ဓားဂိုဏ်းသားများ အားလုံးက စွန်းယွီလော့အား ထိတ်လန့်စွာ စိုက်ကြည့်နေကြပြီး တတိယအကြီးအကဲကတော့ ဒေါသချောင်းချောင်းထွက်လျှက်ပင်။

"မိုက်မဲလိုက်တာ”

နောက်ထပ် ကြီးမားသော တိမ်တိုက်မြူခိုး ဓားအရိပ်တစ်ခု ကောင်းကင်ထက်မှ ထပ်မံဆင်းသက်လာသည်။

ရှဲ့လေးကလည်း နောက်တစ်ကြိမ် ထပ်မံရင်ဆိုင်လိုက်ရာ အနက်ရောင်ဓားအရိပ်က ကြီးမားသော မြူခိုးတိမ်တိုက်ဓားအရိပ်ကို ဖျက်ဆီးပစ်လိုက်သည်။

စွန်းယွီလော့၏ကျောပေါ်ရှိ အေးစက်သောခံစားမှု ရုတ်တရက် ပျောက်ကွယ်သွားသည်။

သူ လှည့်မကြည့်နိုင်ခင်မှာပင် နက်ပြာရောင်ရှေးဟောင်းဓားတစ်လက်က သူ့အရှေ့သို့ ရုတ်ချည်းရောက်ရှိလာသည်။

ဓားက ဘာဖြစ်ချင်ကြောင်း စွန်းယွီလော့ ချက်ချင်းနားလည်သွားပြီး အိပ်မက်ပြာ‌ရှေးဟောင်းဓားကိုသန့်စင်ရန် သူ၏ သွေးအနှစ်သာရတစ်စက်ကို ထုတ်လွှတ်လိုက်သည်။

ကောင်းကင်ဓားဂိုဏ်းဝင်များအားလုံး ထိတ်လန့်စပြုလာသည်။

သို့သော် အန်လင်းနှင့် ရှဲ့လေးတို့က သူတို့ရှေ့တွင် ဖြတ်ကျော်မရနိုင်သော တောင်(၂)လုံးပမာ ရပ်တည်နေပြီး သူတို့ကို စွမ်းအားမဲ့သွားစေသည်။

ဓားသန့်စင်သည့်ဖြစ်စဉ်က အလွန်မြန်ဆန်သည်။

နောက်ဆုံးမှာတော့ စွန်းယွီလော့က ရှေးဟေင်းဓား၏သခင် ဖြစ်လာခဲ့သည်။

ခမ်းနားသည့်ဓားက ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ထက်သို့ပျံသန်းသွားကာ လေနှင့်တိမ်များကို ခုတ်ပိုင်းချလိုက်သည်။

နှင်းများကျဆင်းလာပြီး နှင်းခဲများစုစည်းသွားသည်။

အားလုံး အရိုးထဲအထိ အေးစိမ့်ခြင်းကို ခံစားလိုက်ကြရသည်။

"စွန်းယွီလော့ မင်းဘာလို့ ရှေးဟောင်းဓားကို လက်ခံရဲတာလဲ။ မင်း ဒီလိုလုပ်တဲ့အတွက် ငါ မင်းကို သတ်ပစ်မယ်”

ကျူးယွင်ရှန်းက အော်လိုက်သည်။

ဓားဝိဉာဉ်ပါသော ရှေးဓားတစ်လက်သည် လက်ရှိသခင်သေဆုံးသွားမှသာ သခင်အသစ်ကို ရွေးချယ်နိုင်မည်ဖြစ်သည်။

သို့သော် ကောင်းကင်ဓားဂိုဏ်း၏ တတိယအကြီးအကဲက ရှေးဟောင်းဓားကို ပြန်လည်ရယူချင်နေဆဲပင်။

ကျောက်စစ်မင်သည် စိတ်မကောင်းစွာ သက်ပြင်းကို ချလိုက်သည် ။

"စွန်းယွီလော့၊ မင်း နားမလည်သေးဘူးလား ၊ တတိယအကြီးအကဲက မင်းကို ဂိုဏ်းထဲက ထုတ်ပယ်လိုက်ပြီ။ ရှေးဟောင်းဓားကို လက်ခံပြီးတာနဲ့ မင်းဟာ ကောင်းကင်ဓားဂိုဏ်းရဲ့ ရန်သူဖြစ်လာလိမ့်မယ်။ မသေမချင်း မင်းကို လိုက်ရှာကြလိမ့်မယ်။"

ကျူးယွင်ရှန်းက စွန်းယွီလော့ကို တိုက်ခိုက်ရန် ပြင်နေချိန်၌ အနက်ရောင်ဓားရိပ်တစ်ခု ရုတ်တရက်ပေါ်လာသည်။ ရှဲ့လေး၏ဓားသွားက ကျူးယွင်ရှန်းရင်ဝသို့ ထိုးစိုက်ချလိုက်သည်။

ကျူးယွင်ရှန်း၏ အမူအရာ ပြောင်းသွားကာ သူ၏ဓားဖြင့် ရှဲ့လေးအား ခုတ်ပိုင်းချလိုက်၏။ အံ့သြစရာကောင်းသည်မှာ ရှဲ့လေးက အလွန်လျှင်မြန်ခြင်းပင်။

ကျူးယွင်ရှန်းက သူမ၏ မတိုက်ခိုက်ခင် မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ရိပ်ခနဲလှုပ်ရှားပြီး ရှောင်တိမ်းသွားခဲ့သည်။ မှင်ရည်ပမာ နက်မှောင်သောဓားအရိပ်က မိုးမြေတစ်ခွင်လွှမ်းခြုံသွားပြီး ကျူးယွင်ရှန်း ဒဏ်ရာရသွားသည်။

အလင်းတန်းပျောက်ကွယ်သွားသည်နှင့် ကျူးယွင်ရှန်းရင်ဘတ်ထက်တွင် ကြီးမားသောဓားဒဏ်ရာတစ်ခု ထွက်ပေါ်လာသည်။ မြင်ကွင်းကိုကြည့်ရင်း ဂိုဏ်းသားများ မှင်တက်သွားကြ၏။

ရှဲ့လေးက အေးစက်သည့်လေသံဖြင့်...

“မင်းက အပြောကြီးသလောက် အသုံးမကျတဲ့ကောင်ပဲ”

ထို့နောက် သူမ၏ အေးစက်သောအကြည့်က ကျောက်စစ်မင်နှင့်အခြားသူများထံ ကျရောက်သွားသည်။

ကျောက်စစ်မင်နှင့် အခြားသူများမှာ ကြောက်ရွံ့လွန်းသဖြင့် တုန်ယင်နေကြသည်။

“ကျွန်တော်က ကောင်းကင်ဓားဂိုဏ်းသားမဟုတ်တော့ဘူးဆိုတော့... ဒီလောက်ကျယ်တဲ့ကမ္ဘာကြီးမှာ ဘယ်နေရာကိုသွားရမလဲ”

စွန်းယွီလော့၏ မျက်နှာပေါ်တွင် မကျေမနပ်အမူအရာတစ်ခု ပေါ်လာသည်။

ယခု သူသည် ရှေးဟောင်းဓားကို လက်ခံခဲ့ပြီး သူ့ကို စောင့်ကြိုနေသည့်အရာမှာ ဓားကို ပြန်ယူရန် လိုက်ရှာသူများနှင့် သူသေကိုယ်သေ အဆုံးမရှိတိုက်ပွဲများ ဆင်နွှဲရပေတော့မည်။

ကောင်းကင်ဓားဂိုဏ်းသည် အလွန်ကြောက်စရာကောင်းသောဂိုဏ်းဖြစ်သည်။ သူတကယ်လွတ်မြောက်နိုင်ပါ့မည်လား။

စွန်းယွီလော့မသိသော်လည်း သူ့ဆုံးဖြတ်ချက်ကို နောင်တမရခဲ့ပါ။

ထိုအချိန်တွင် အန်လင်း၏ အသံသည် အပေါ်စီးမှ ထွက်ပေါ်လာသည်။

"စွန်းလေး မင်းသွားစရာနေရာမရှိရင် စုကျိုးအင်မော်တယ်ဂိုဏ်းကိုလာခဲ့လေ ၊ စုကျိုးအင်မော်တယ်ဂိုဏ်းက ကောင်းကင်ဓားဂိုဏ်းကို မကြောက်ဘူး။ မင်းကို ကောင်းကင်ဓားဂိုဏ်းကကောင်တွေ လိုက်ဖမ်းရဲရင် ငါတို့က မင်းအတွက် အားလုံးကို ချေမှုန်းပစ်မယ်”

All Chapters