တာအိုနက်နဲသူတော်စင်ရောက်ရှိလာခြင်း၊ နတ်သတ်ကောင်းကင်ပုတီး
Vol. 49 Ch. 910
အစီအရင်အတွင်းတွင် ကျန်းချန်ရွှမ် နှင့်အခြားသူများသည် မတတ်နိုင်ဘဲ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
သိသာထင်ရှားစွာပင် သူတို့သည် အသစ်လာရောက်သူကို အသိအမှတ်ပြုခဲ့ကြသည်။
သူတော်စင်သေမင်းမှင်သည် ပင်လယ်နက်မျိုးနွယ်၏ တာအိုနက်နဲအကြီးအကဲဖြစ်ပေသည်။
ထိုအချိန်တွင် သူရောက်ရှိလာခြင်းသည် အကြောင်းမဲ့ မဟုတ်သည်မှာ သေချာပါသည် ။
သူတော်စင်အသူရာမြွေ၏ သေဆုံးခြင်းအတွက် ကလဲ့စားချေရန် လာခြင်းဖြစ်နိုင်ပါသည်။
အကယ်၍ သူတို့သည် ယခုအချိန်တွင် အစီအရင်ထဲတွင် ပိတ်မိမနေခဲ့လျှင် ပြန်လည်တိုက်ခိုက်ရန် အခွင့်အလမ်း ရှိကောင်းရှိလိမ့်မည် ။
သို့သော် ယခုမူ သူတို့သည် ပိုက်ကွန်ထဲမှငါးများ ဖြစ်နေခဲ့ပါသည်။
"ကောင်းကင်ထိုးခွဲသူ။ သူတော်စင်အသူရာမြွေက ဘယ်လိုသေသွားတာလဲ? ဘာဖြစ်ခဲ့တာလဲ?"
သူတော်စင်သေမင်းမှင်ပေါ်လာသည့်အချိန်တွင် သူသည် မေးခွန်းများစွာမေးခဲ့ပြီး သူ၏ မျက်နှာသည် မုန်တိုင်းတိမ်တိုက်များကဲ့သို့ မှောင်မိုက်နေသည် ။
၎င်းသည် မြင့်မြတ်သောမြေနှင့် နီးသောနေရာတွင်မဟုတ်လျှင် သူသည် သူ့ကိုယ်သူမထိန်းနိုင်ဘဲ သူတော်စင်ကောင်းကင်ထိုးခွဲသူအား တိုက်ခိုက်မည်ဖြစ်သည်။
တာအိုပေါင်းစည်းခြင်းသူတော်စင်တစ်ဦးဖြစ်သည့် သူတော်စင် အသူရာမြွေ၏သေခြင်းသည် ပင်လယ်နက်မျိုးနွယ်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်ပါသည်။
တာအိုပေါင်းစည်းခြင်းအဆင့်တွင်ပင်ဖြစ်သော သူတော်စင် ကောင်းကင်ထိုးခွဲသူကမူ အဆင်ပြေ နေလေသည်။ သူသည် ၎င်းကို မည်သို့သည်းခံနိုင်မည်နည်း?
ထို့ပြင် ပင်လယ်နက်မျိုးနွယ်မှ ဆုံးရှုံးခဲ့ရသည်မှာ တာအိုပေါင်းစည်းခြင်းသူတော်စင်တစ်ဦးတည်းမဟုတ်ပါ။
သူတို့၏မျိုးနွယ်အတွင်း ဝိညာဉ်မီးအိမ်လေးလုံးငြိမ်းသွားခဲ့ပြီဖြစ်သည်။
ထိုဆုံးရှုံးမှုသည် ပင်လယ်နက်မျိုးနွယ်၏ အင်အားကို နှစ်ပေါင်းတစ်သောင်းအထိ ဆုတ်ယုတ်စေခဲ့ခြင်း ဖြစ်သည်။
သူတော်စင်သေမင်းမှင်၏ ဒေါသမေးခွန်းများနှင့် ရင်ဆိုင်ရသောအခါ သူတော်စင်ကောင်းကင်ထိုးခွဲသူသည် လျစ်လျူရှုမနေရဲပါ။
ထိုအစား သူသည် ဖြစ်ပျက်ခဲ့သမျှကို အမှန်အတိုင်းပြန်ပြောပြလိုက်လေသည်။
ထိုအချိန်တွင် သူတော်စင်သေမင်းမှင်၏ အမူအရာက ပို၍ ဆိုးရွားလာခဲ့သည်။
လူသားကျင့်ကြံသူများသည် အမှန်တကယ်ပင် သူတို့၏မြင့်မြတ်သောမြေအား ကျူးကျော်ကာ ပင်လယ်နက်မျိုးနွယ်၏ တာအိုဖွဲ့စည်းခြင်းနှင့် ဗလာနယ်ပြန်ကျင့်ကြံသူများကိုသတ်ဖြတ်ခဲ့ကြသည်။
"ဒီလိုသတ္တိမျိုးက လူသားတွေအားလုံး သေခြင်းနဲ့ ထိုက်တန်တယ်။"
သူတော်စင်သေမင်းမှင်သည် ရုတ်တရက် ဒေါသထွက်ကာ အော်လိုက်ပြီး သူ၏ တာအိုနက်နဲခြင်းရောင်ဝါ သည် ထွက်ပေါ်လာကာ ရှိနေသူတိုင်းကို အသက်ရှူကြပ်သလို ခံစားရစေခဲ့သည် ။
ပြီးနောက် သူသည် သွေးပင်လယ်ကောင်းကင်သတ်ဖြတ်ခြင်းအစီအရင်သို့ ကြည့်လိုက်လေသည်။
အစီအရင်အတွင်း၌ပင် ကျန်းချန်ရွှမ် နှင့်အခြားသူများသည် အေးစက်သည့် လေထုနှင့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို ခံစားနိုင်လေသည်။
အချို့သည် သူတို့၏နှလုံးသားထဲတွင် စိတ်ပျက်အားလျော့သွားခဲ့သည်။
တာအိုနက်နဲအဆင့်ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီး ၏ တာအိုကိုကျွမ်းကျင်ပြီးဖြစ်သည် ။
သွေးပင်လယ်ကောင်းကင်သတ်ဖြတ်ခြင်းအစီအရင်နှင့် အတူ သူတို့အား သတ်ဖြတ်ရန်မှာ ပုရွက်ဆိတ်သတ်သကဲ့သို့ လွယ်ကူနေမည်ဖြစ်သည်။
သူတော်စင်သေမင်းမှင်သည်ထိုအစီအရင်ဆီသို့ ချဉ်းကပ်လာခဲ့သည်။
ကျန်းချန်ရွှမ်နှင့် အခြားသူများကို မုန်းတီးစွာကြည့်ကာ သူက ပြောလိုက်သည်။
"မင်းကိုသေချင်သွားအောင်လို့ငါလုပ်ပြမယ်။ အခုကစပြီး ငါမြင်တဲ့ လူသားတိုင်းကို ငါသတ်ပစ်မယ်!"
ထိုသို့ဖြင့် သူသည် မိုင်တစ်ရာရှည်သော ကင်းမြီးကောက် အမြီးကို အစီအရင်ထဲသို့ထည့်လိုက်လေသည်။
ချက်ချင်းပဲ အစီအရင်က ပိုမိုကြမ်းကြုတ်လာသည်။
မူလက သန့်စင်သော သွေးနီပင်လယ်တွင် ယခုမူ ကမ္ဘာပျက်ကပ်ဘေးကဲ့သို့ အနက်ရောင်မှင်များ ဝင်လာခဲ့လေသည်။
ထို့အပြင် ဖျက်ဆီးတတ်ပြီး သေစေနိုင်သော စည်းမျဉ်းများအတွင်းတွင် နာကျင်မှုနှင့် အဆိပ်အတောက်များ ပိုမိုများပြားလာလေသည် ။
အသက်ရှူသွင်းလိုက်ရုံနှင့်ပင် အဆိပ်အတောက်က သူတို့၏ကိုယ်တွင်းအင်္ဂါများကို ဝင်ရောက် စေနိုင်ပါသည်။
ဘာလုပ်ရမလဲ?
ထိုအချိန်တွင် အမျိုးမျိုးသောဂိုဏ်းများ၏ကျင့်ကြံသူများသည် စိတ်ဓာတ်ကျသွားကြသည်။
သူတို့၏မျက်လုံးများသည် သေခြင်းတရားကို ရင်ဆိုင်ရန် ဆုံးဖြတ်ချက်တစ်ခုနှင့် ပြည့်နှက်နေပြီး အခြားသူများအတွက် ရှင်သန်ရန် အခွင့်အလမ်းအနည်းငယ်ကို ဖန်တီးရန် ကိုယ့်ကိုယ်ကို ဖျက်ဆီးဖို့ အသင့်ရှိနေခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ကောင်းကင်သို့ ရုတ်တရက် အော်ဟစ်လိုက်သည် ။
"ဒါက ငါတို့ကို သေစေလိမ့်မယ်လို့ မင်းတကယ်ထင်နေတာလား?"
လူစုလူဝေးကြားတွင် စိတ်ရှုပ်ထွေးစေခဲ့ပြီး အပြင်ဘက်တွင် နတ်ဆိုးသားရဲများသည် ပြက်ရယ်ပြုရယ်မောသံများဖြင့် ပြည့်သွားခဲ့လေသည်။
"မင်းက သေပဲ သေတော့မယ် ၊ ဒါပေမယ့် မင်းက အရမ်း မာနကြီးနေတုန်းပဲ။"
သူတော်စင်သေမင်းမှင်မျက်မှောင်ကုပ်လိုက်ကာ ထေ့ငေါ့လိုက်လေသည်။
သို့သော် တစ်ခုခုကိုလွတ်နေကြောင်း ကြိုတင်သိစိတ်က သူ့အား တိုးတိုးပြောခဲ့သည်။
သို့သော် တာအိုဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ဦးကိုသာ ရင်ဆိုင်နေရသည့် အခြေအနေသည် မည်သို့ပြောင်းလဲသွားနိုင်မည်နည်း ။
"ဒီနယ်မြေကို သစ္စာဖောက်တဲ့သူတွေ၊ ရေတံခွန်ဂိတ်နယ်မြေရဲ့သစ္စာဖောက်တွေက ဘာနဲ့မှမထိုက်တန်ဘူး သေခြင်းနဲ့ပဲထိုက်တန်တယ်။"
ကျန်းချန်ရွှမ်က ဒေါသတကြီး ပြုံးလိုက်သည် ။
ထို့နောက် သူ၏ဝတ်ရုံအတွင်းမှ စက်လုံးတစ်ခုကိုထုတ်လိုက်သည်။
၎င်း ၏ အရောင်များသည် ဖရိုဖရဲဖြစ်နေကာ ပုံရိပ်ယောင်နှင့်အစစ်အမှန်ကြားတည်ရှိနေလေသည်။
သူတော်စင်ကောင်းကင်ထိုးခွဲသူနှင့် သူတော်စင်သေမင်းမှင်တို့သည် ဤစက်လုံးကို မြင်လိုက်ရချိန်တွင် ထိတ်လန့်မှုတစ်ခု မြင့်တက်လာခဲ့သည် ။
သူတို့သည် အတည်မပြုနိုင်သော်လည်း သူတို့၏သိစိတ်က အန္တရာယ်ရှိကြောင်း ဖော်ပြနေပါသည်။
သို့သော် သူတို့တုံ့ပြန်နိုင်ခြင်းမရှိခင်၌ပင် ကျန်းချန်ရွှမ်သည် စက်လုံးကို ရှေ့ကို ပစ်ချလိုက်ပြီးဖြစ်သည်။
"နတ်သတ်ကောင်းကင်ဘုံပုတီး၊ ရှေ့ကိုသွား။"
၎င်းသည် ကျန်းချန်ရွှမ်၏ ဝှက်ဖဲဖြစ်ကာ မစ်ရှင်တစ်ခုအောင်မြင်ခြင်းအတွက် စနစ်မှဆုချထားသော နတ်သတ်ကောင်းကင်ပုတီးဖြစ်ပြီး အကွာအဝေးတစ်ခုအတွင်းမှ ရန်သူများအား တခဏအတွင်း သုတ်သင်ရှင်းလင်းနိုင်ပါသည်။
ထိုပုတီးသည် ကျန်းချန်ရွှမ် ညွှန်ပြသည့် ဦးတည်ရာသို့ ပျံသန်းခဲ့ပြီး အစီအရင်အားထိုးဖောက်ကာ ကျော်လွန်သွားပြီး အံ့အားသင့်နေသည့်ရန်သူ သူတော်စင်များ၏အကြည့်အောက်တွင် ၎င်း၏ ဖျက်ဆီးနိုင်သည့် စွမ်းအားကို ထုတ်လွတ်လိုက်လေသည်။
ထိုအချိန်တွင် သူတော်စင်သေမင်းမှင်သည် သတိလက်လွတ်ဖြစ်သွားကာ သူ၏အကာအကွယ်ရတနာကိုပင် ဆင့်ခေါ်လိုက်နိုင်ခြင်းမရှိပေ။
နတ်သတ်ကောင်းကင်ပုတီး၏ ပေါက်ကွဲစွမ်းအားသည် ကျန်းချန်ရွှမ်၏ ထိန်းချုပ်မှုကိုပင် ကျော်လွန်နေလေသည်။
သူသည် ၎င်းကို အလွန်အခြေခံကျသည့်ညွှန်ကြားချက်ကိုပင် ပေးရလေသည်။
နတ်သတ်ကောင်းကင်ပုတီးသည် ၎င်း၏စွမ်းအားကုန်ကို ထုတ်လွတ်လိုက်သောအခါ အရာအားလုံးသည် ရပ်တန့်သွားလေသည်။
နေရာလပ်သည်ပင် ဖရိုဖရဲအခြေနေကြားတွင် တုန်လှုပ်သွားပုံရသည်။
သူတော်စင်သေမင်းမှင်နှင့် အခြားသူများ ၏ မျက်လုံးထဲတွင် ၎င်းတို့သည် တွင်းနက်တစ်ခုထဲသို့ စုပ်ယူခံနေရသလို ခံစားရပြီး ၎င်းတို့ ၏ ဘဝများအပါအဝင် အရာအားလုံးသည် မပျောက်ကွယ်မီ အဆုံးမဲ့ ဆွဲဆန့်ခြင်းခံနေရလေသည်။။
၎င်းသည် အခြေခံအဆင့် ဖျက်ဆီးခြင်းဖြစ်ကာ စည်းမျဉ်များ၏တွန်းအားဖြစ်ပြီး သူတော်စင်သေမင်းမှင် ကဲ့သို့ တာအိုနက်နဲသူတော်စင်ပင် လက်လှမ်းမမီနိုင်ပါ။
၎င်းသည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်ခုလုံးကို ရှင်းလင်းခြင်းဖြစ်သည် ။
ကျန်းချန်ရွှမ်နှင့် သူ၏အဖော်များအတွက်မူ လောကသည်အဖြူရောင်ဖြစ်သွားကာ မျက်လုံးပြန်ဖွင့် လိုက်သောအခါ သွေးပင်လယ်သည် ပျောက်ကွယ်သွားပြီဖြစ်သည်။
အမှန်မှာ မြင့်မြတ်သောမြေရှိ မျိုးနွယ်ခြား တစ်ဝက်ခန်သည့် မတည်ရှိတော့ပါ။
သူတော်စင်ကောင်းကင်ထိုးခွဲသူ၊ သူတော်စင်သေမင်းမှင် နှင့် သူတို့အဖွဲများသည် ထိုနေရာတွင် အစကပင် မရှိခဲ့သလိုပင် သူတို့၏ ကျကျန်ခဲ့သည့် ရတနာများသည်ပင် သူတို့၏တည်ရှိမှုသက်သေအဖြစ် ကျန်ခဲ့လေသည်။
မိုးကြိုးချိုင့်ဝှမ်းမှ ကျင့်ကြံသူများနှင့် အခြားသူများသည် ကြောင်အသွားကြသည်။ ကျန်းချန်ရွှမ် ကိုယ်တိုင်ကပင် နတ်သတ်ကောင်းကင်ပုတီး ၏ ပြင်းထန်သောအစွမ်းသတ္တိကြောင့် အံ့အားသင့်ခဲ့ရသည် ။
သူ၏မူလအစီအစဉ်မှာ အကယ်၍ နတ်သတ်ကောင်းကင်ပုတီးက သတ်ဖြတ်ခြင်းကောင်းကင်အစီအရင်ကို ချိုးဖောက်ပြီး ရန်သူကျင့်ကြံသူအချို့အားသတ်ဖြတ်ပြီးလျှင် အခြေအနေကိုအလှည့်အပြောင်းလုပ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
သို့သော် နတ်သတ်ကောင်းကင်ပုတီးသည် ရန်သူများကိုချေမှုန်းခဲ့ရုံသာမက တာအိုနက်နဲသူတော်စင် သေမင်းမှင်အပါအဝင် သူတို့အားအပြီးသတ်ရှင်းလင်းခဲ့ပေသည်။
သို့သော် ထိုရလဒ်သည် သူတော်စင်သေမင်းမှင်၏ ကွပ်ကဲမှုကြောင့်ဖြစ်သည်။
သူသည် နတ်သတ်ကောင်းကင်ပုတီးအား တူညီစွာဆက်ခံပြီး သူ၏မူလနတ်စွမ်းအားနှင့် ဝိညာဉ်ရတနာများအား ပြင်ဆင်ခဲ့လျှင် သူသည် ချက်ခြင်းရှုံးနိမ့်ခြင်းမှ ရှောင်လွဲနိုင်လောက်ပါသည်။
ဝမ်းနည်းစရာကောင်းသည်မှာ သူသည် တာအိုဖွဲ့စည်းခြင်းကျင့်ကြံသူ ကျန်းချန်ရွှမ်ကို လျှော့တွက်ခဲ့ပြီး ဤဆိုးရွားသောအကျိုးဆက်ကို ဖြစ်စေခဲ့သည် ။
"ငါတို့... ငါတို့ရဲ့ ရည်မှန်းချက်ကို အောင်မြင်ခဲ့ပြီလား?" သူတော်စင် အထွတ်ထိပ်က ရေရွတ်လိုက်သည်။
သူတို့သည် ပင်လယ်နက်မျိုးနွယ်စု၏ စွမ်းအားရှင် တာအိုနက်နဲအဆင့် သူတော်စင်တစ်ဦးအပါအဝင် မျိုးနွယ်စုသုံးခု၏ ခေါင်းဆောင်များနှင့်အတူ များစွာသောတာအိုဖွဲ့စည်းခြင်းကျင့်ကြံသူများအား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။
အလွန်ကြီးသောအောင်ပွဲ မဟုတ်ပါလား။
တာအိုဖွဲ့စည်းခြင်းကျင့်ကြံသူအများအပြားကို ဆုံးရှုံးမှုသည် မျိုးနွယ်စုသုံးခု၏ အခြေခံအုတ်မြစ်များကို ပျက်စီးစေခဲ့သည်မှာ သေချာပါသည်။
၎င်းသည် သူတို့အား ပြန်လည်ထူထောင်နိုင်ရန် နှစ်သောင်းချီကြာမြင့်လိမ့်မည်ဖြစ်သည်။
သေခြင်းနှင့် ရှင်ခြင်းကြားတွင် တိုက်ပွဲဝင်ခဲ့ပြီးနောက် ထိုအုပ်စုသည် တိတ်ဆိတ်သွားခဲ့လေသည်။
သူတို့သည် သူတို့၏ တာဝန်ကို ပြီးမြောက်ခဲ့သော်လည်း သူတို့၏ ခံစားချက် များမှာ ရှုပ်ထွေးနေခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ? ကောင်းကင်ထိုးခွဲသူ?"
ထိုအချိန်၌ပင် သူတို့ရှေ့တွင် ရုတ်တရက် အသံတစ်သံ ထွက်လာခဲ့သည်။
ကျန်းချန်ရွှမ်နှင့် အခြားသူများက အံ့အားသင့်စွာ လှည့်ကြည့်လိုက်ကြပြီး မြေကြီးပေါ်မှ ကြီးမားသော အဖြူရောင် ပုံရိပ်ကို မြင်လိုက်ရလေသည်။
သူသည် ကြယ်တစ်စင်းကဲ့သို့ ကျယ်ဝန်းပြီး ဧရာမငှက်ကြီးတစ်ကောင်ကဲ့သို့ ပုံသဏ္ဌာန်ရှိကာ နေကဲ့သို့ အနီရောင်ရှိသော မျက်လုံးများ ရှိပါသည် ။
သူ ၏ တည်ရှိမှုသည် ကြောက်မက်ဖွယ်ကောင်းပြီး အစောပိုင်း သူတော်စင်သေမင်းမှင်နှင့် တူပါသည်။
သူသည် တာအိုနက်နဲအဆင့် နတ်ဆိုးသားရဲသူတော်စင်ဖြစ်သည်။
ထိုသူသည် အခြားသူမဟုတ်ဘဲ သူတော်စင်ကောင်းကင်ထိုးခွဲသူ၏နောက်ကွယ်မှ အကြီးအကဲ သူတော်စင် ကောင်းကင်သတ်ဖြတ်သူဖြစ်သည်။