← Chapters

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း ၃၄၀ - နံချပ်ကူ

စက်ရုပ်သည် သူ၏ဓားကြီးကိုဝှေ့ယမ်းကာ ဧရာမအောစ့်ကိုတိုက်ခိုက်လိုက်သည်။

ဧရာမအောစ့်သည် ကျယ်လောင်စွာဟိန်းဟောက်ကာ ထိုတိုက်ခိုက်မှုအားဟန့်တားရန်အတွက် သူကိုင်ဆောင်ထားသော ဧရာမတူကြီးကိုမြှောက်လိုက်သည်။ သို့သော်လည်း ခဏအကြာတွင်တူနှင့်ဧရာမအောစ့်နှစ်ကောင်လုံးသည် နှစ်ခြမ်းကွဲသွားခဲ့သည်။

" ဘာတွေဖြစ်နေတာလဲ ... ဒီစက်ရုပ်တွေကဘာလို့ ဒီလောက်သန်မာလာရတာလဲ "

ရောဘတ်သည် မြို့ရိုးပေါ်မှတိုက်ပွဲကို စောင့်ကြည့်နေရင်းအံ့သြသွားခဲ့သည်။

ကချာ ... ရွှီ ...

စက်ရုပ်၁၀၀ကျော်သည် မြို့ရိုးပေါ်၌လျင်မြန်စွာရွေ့လျားသွားလာနေရင်း မြို့ရိုးပေါ်တက်လာသည့်ရန်သူများကို တိုက်ခိုက်သတ်ဖြတ်လိုက်ကြသည်။ စက်ရုပ်များ၏လမ်းကြောင်း၌ရှိနေသော စစ်သားတိုင်းသည် ခုခံနိုင်စွမ်းမရှိဘဲ သေဆုံးသွားကြရသည်။ စက်ရုပ်များသည် ဧရာမဓားများကိုအသုံးပြုနိုင်ရုံသာမက လက်၌တပ်ဆင်ထားသည့် အသေးစားမြှားပစ်စက်များကိုလည်း အသုံးပြုခဲ့သည်။

ထို့ပြင်၎င်းတို့၏ခန္ဓာက်ိုယ်ပေါ်၌ အခြားသောလျှို့ဝှက်လက်နက်များနှင့် လှည့်ကွက်များစွာရှိနေသည်။ အဆုံးသတ်တွင် မှင်စာများသည်စက်ရုပ်များ၏ရွေ့လျားနိုင်စွမ်းနှင့် လိုက်လျောညီထွေဖြစ်မှုကို များစွာမြင့်တင်ပေးနိုင်ခဲ့၍ ကျောက်တုံးနက်အောစ့်များသည်ပင် စက်ရုပ်များအားမထိခိုက်စေခဲ့ပေ။

ရွှီးးး ...

စက်ရုပ်၏ဘယ်ဘက်လက်မောင်းမှ မြှားတစ်စင်းကိုပစ်လွှတ်လိုက်ရာ ဧရာမအောစ့်၏မျက်လုံးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ထိုမြှားသည် သူ၏ဦးခေါင်းခွံကိုပင် ထိုးဖောက်ဝင်ရောက်လုနီးပါးဖြစ်သွား၍ ဧရာမအောစ့်ကကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ထိုအချိန်တွင် အခြားမြှားတစ်စင်းက သူ၏လည်ပင်းကို ထိုးဖောက်ဝင်ရောက်လာချိန်တွင် အချိန်မှီမတုံ့ပြန်နိုင်ခဲ့ပေ။ ဧရာမအောစ့်သည် သူ၏လည်ပင်းကိုဆုပ်ကိုင်ကာ မြေပေါ်လဲကျသွားခဲ့သည်။

" မဆိုးဘူး ... အနည်းဆုံးတော့ နဂါးအရွတ်ကြောတွေကို အလဟာဿမဖြစ်စေခဲ့ဘူးပဲ "

ရှောင်ယုသည် မှင်စာများကနဂါးအရွတ်ကြောများကို အသုံးပြုခဲ့မှုအပေါ် အဖိုးတန်အရင်းအမြစ်များကို အလဟာဿမဖြုန်းတီးခဲ့ဟုခံစားလာရသည်။

" ဒီစက်ရုပ်တွေက ဘာလို့အဲလောက်တောင်အစွမ်းထက်နေရတာလဲ ... ငါတို့စက်ရုပ်တွေကဘာဖြစ်နေတာလဲ "

ရောဘတ်ကမေးခွန်းထုတ်လိုက်သည်။

ထိုစက်ရုပ်များကို ရောဘတ်၏လက်ထဲမှနေ၍ ရှောင်ယုလုယူသွားခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် ထိုစက်ရုပ်များသည် မူရင်းစက်ရုပ်ထက်များစွာသာလွန်ကာ အစွမ်းထက်နေပြီဖြစ်သည်။

" သခင်လေး ... ငါတို့ကဝိုင်းရံတိုက်ခိုက်နေတာမလို့ စက်ရုပ်တွေကိုမပို့နိုင်သေးဘူး "

တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။

" မြို့တံခါးကိုဦးတည်ပြီးတိုက်ခိုက်ကြ ... အဲ့ဒီမှာဆိုရင် စက်ရုပ်တွေက ရန်သူတွေကိုပိုပြီးတော့ထိခိုက်စေလိမ့်မယ် "

ရောဘတ်ကအော်ဟစ်လိုက်သည်။

" သခင်လေး ... ဂရစ်ဖင်တွေရဲ့လျှပ်စီးကြောင်းတွေက အရမ်းစွမ်းအားကြီးတယ် ... စက်ရုပ်တွေကိုသာဂိတ်တံခါးဆီပို့လိုက်ရင် အကုန်သေကုန်လိမ့်မယ် "

ထိုလူကပြန်ဖြေလိုက်သည်။

" အဲ့ဒီစက်ရုပ်တွေက လျှပ်စီးကြောင်းဒဏ်ကို ကြောက်တယ်ဆိုမှတော့ အဲ့စက်ရုပ်တွေကိုဖျက်ဆီးဖို့ မှော်ဆရာတွေကိုချက်ချင်းလွှတ်လိုက် "

ရောဘတ်ကဒေါသတကြီးဟိန်းဟောက်လိုက်သည်။

ထိုလူသည် ခေါင်းညိတ်ပြလိုက်ပြီးနောက် ရောဘတ်၏အမိန့်ကို အကောင်အထည်ဖော်ခဲ့သည်။သူသည် လျှပ်စီးဒြပ်စင်မှော်ဆရာအနည်းငယ်ကို စစ်မြေပြင်သို့စတင်ပို့ဆောင်ခဲ့သည်။

ဘန်း ... ဘန်း ...

လျှပ်စီးကြောင်းများသည် စက်ရုပ်များပေါ်သို့ စတင်ကျဆင်းလာသည့်အချိန်တွင် စက်ရုပ်များသည်သူတို့မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်အခြေအနေတွင်ရှိနေကာ မည်သည့်ထိခိုက်မှုကိုမှမခံစားရသကဲ့သို့ ရန်သူများအားဆက်လက်သတ်ဖြတ်နေခဲ့သည်။

" သေစမ်း ... ဘာလဲဟ ... သူတို့ရဲ့စက်ရုပ်တွေက ဘာလို့လျှပ်စီးတွေကိုခံနိုင်ရည်ရှိနေတာလဲ "

ရောဘတ်ကကျယ်လောင်စွာအော်ဟစ်လိုက်သည်။

" သ .. သခင်လေး ... ငါတို့လည်းသေချာမသိဘူး ... သူတို့ကစက်ရုပ်တွေကိုပြောင်းလဲမှုတွေလုပ်ထားပုံရတယ် "

ရောဘတ်၏အနီးတွင်ရှိနေသူများက အထစ်ထစ်အငေါ့ငေါ့ ပြန်ဖြေလိုက်သည်။

မှင်စာများ၏ညဏ်ရည်သည် လူသားများထက်များစွာသာလွန်ပြီး စက်ရုပ်များကိုလည်း သူတို့ကိုယ်တိုင်ထိန်းချုပ်လည်ပတ်နေခဲ့သည်။ လက်ရွေးစင်စစ်သည်အများစုသည် ထိုစက်ရုပ်များအား ထိန်းချုပ်ရန်ကြိုးစားသော်လည်း အရာမရောက်ခဲ့ပေ။ အဆင့်မြင့်သူရဲကောင်းများသည် စက်ရုပ်၏ချပ်ဝတ်တန်ဆာကို တိုက်ခိုက်ခဲ့သော်လည်း စက်ရုပ်ကိုထိခိုက်မှုပေးရန်မဆိုနှင့် တုန်လှုပ်အောင်ပင် မစွမ်းဆောင်နိုင်ခဲ့ပေ။

လက်ရှိအခြေအနေတွင် အဆင့်မြင့်မှော်ဆရာများကသာ စက်ရုပ်များကို ထိခိုက်ပျက်စီးစေနိုင်သော်လည်း ထိုမှော်ဆရာများသည် တိုင်ရန်ဒီ၏မှော်ဖောက်ခွဲရေးမြှားများနှင့် ဂရစ်ဖင်များ၏ရန်ကိုကြောက်လန့်ရသောကြောင့် စစ်မြေပြင်အတွင်းသို့ ပြန်လည်မဝင်ရောက်ဝံ့ကြပေ။

ဧရာမအောစ့်များကို စေလွှတ်ခြင်းဖြင့် သူတို့၏တပ်သားများသည် ခြင်္သေ့မြို့ရိုးပေါ်သို့ တက်ရောက်နိုင်ခဲ့၍ ကနေဒီမိသားစုသည် တိုက်ပွဲအားသာချက်ကို စတင်ရရှိခဲ့သည်။ သို့သော်လည်း စက်ရုပ်များပေါ်ထွက်လာခြင်းက တိုက်ပွဲဒီရေအားပြောင်းလဲစေခဲ့သည်။ ဧရာမအောစ့်များသည်ပင် စက်ရုပ်များကိုမကိုင်တွယ်နိုင်ပေရာ သာမန်တပ်သားများဆိုလျှင် ဆိုဖွယ်မရှိတော့ပေ။

လက်ရှိအချိန်တွင် ဧရာမအောစ့်အမြောက်အများသည် စက်ရုပ်များကိုဝိုင်းဝန်းတိုက်ခိုက်နေကြသော်လည်း အကျိုးသက်ရောက်မှုတစ်စုံတစ်ရာမရရှိခဲ့ပေ။ စက်ရုပ်များသည် လျှို့ဝှက်လက်နက်များစွာ တပ်ဆင်ထားသောဖြူကောင်များနှင့်ဆင်တူပေသည်။

ဘန်း ... ဘန်း ... ဘန်း

တိုင်ရန်ဒီသည် ဧရာမအောစ့်များကို တစ်ကောင်ပြီးတစ်ကောင် ပစ်ချနေခဲ့သည်။ သူမသည် လောင်မြိုက်မြှားတံကိုအသုံးပြုထားချိန်တွင် ဧရာမအောစ့်တစ်ကောင်အတွက် မြှားတစ်ချက်သာအသုံးပြုခဲ့သည်။

နဂါးလေးသည် စစ်မြေပြင်အနှံ့ပျံသန်းတိုက်ခိုက်နေခဲ့သည်။ ၎င်းသည် ပြီးပြည့်စုံသောရုပ်ပိုင်းဆိုင်ရာနှင့် မှော်ဆန်သောခုခံမှုစွမ်းရည်ကိုပိုင်ဆိုင်ထားသည့်အပြင် အလွန်လိမ္မာပါးနပ်ပေသည်။ သူသည်ဒဏ်ရာရရှိသွားချိန်တိုင်း မြို့သို့ပြန်လည်ဆင်းသက်ကာ အနာကျက်ဆေးကိုအသုံးပြုပြီးမှ ပြန်လည်တိုက်ခိုက်ပေသည်။ သေဆုံးသွားသည့်သူရဲကောင်းများသည်လည်း သရဲတစ္ဆေများအဖြစ်ပြောင်းလဲသွားမည်ဟု ရှောင်ယုမှနဂါးလေး၏စိတ်ထဲသို့ ရိုက်သွင်းပေးထားခဲ့သည်။ ထို့ကြောင့်နဂါးလေးသည် အသက်အန္တာရယ်နှင့်ကြုံတွေ့ပါက ထွက်ပြေးနေရန်မတုံ့ဆ်ိုင်းပေ။

သာမန်နဂါးများသည် သူတို့ကိုယ်သူတို့ အနန္တတန်ခိုးရှင်ဟုသတ်မှတ်ထား၍ အလွန်မောက်မာကြသည်။ ရန်သူသည် သူတို့အတွက်ထောင်ချောက်ဆင်ထားသည်ကို ရှင်းရှင်းလင်းလင်းသိလျှင်တောင်မှ ထိုထောင်ချောက်ထဲတိုးဝင်ကြသည်။ အကယ်၍ နဂါးတစ်ကောင်သာ ထိုထောင်ချောက်များအတွင်းသို့ ဝင်ရောက်လာခဲ့လျှင်ပင် သီအိုဒိုးကဲ့သို့ ဆဌမအဆင့်မှော်သခင်တစ်ဦးကသာ နဂါးတစ်ကောင်ကိုတိုက်ခိုက်ဝံ့ပေသည်။ သို့ဖြစ်ရာ ရှောင်ယုသည် နဂါးတစ်ကောင်၏ဘုန်းကျက်သရေနှင့်ဂုဏ်သိက္ခာအားစွန့်လွှတ်တတ်ရန် နဂါးလေးကိုသင်ကြားခဲ့သည်။ ထိုဂုဏ်သိက္ခာများသည် သူ့အတွက်လုံးဝအရေးမပါပေ။ အကယ်၍ သူသာအန္တာရယ်ရှိနေသော အခြေအနေနှင့်ရင်ဆိုင်ရပါက ချက်ချင်းထွက်ပြေးမှာဖြစ်သည်။

နဂါးလေးသည် ကျိုးကျနေသောပင်စည်နှစ်ခုအား အတူတကွချည်နှောင်ကာ နံချပ်ကူအဖြစ်အသုံးပြုခဲ့သည်။ သူသည် ထိုလှည့်ကွက်များအားလုံးကို ရှောင်ယုထံမှနေ၍သင်ယူခဲ့သည်။ နဂါးလေးသည် ရှောင်ယုတစ်ယောက်နံချပ်ကူအား အသုံးပြုနေသည်ကိုယခင်ကတွေ့မြင်ဖူးပြီး အလွန်သဘောကျသွားခဲ့သည်။ ယခုအခါ သူသည်တတိယအဆင့်နဂါးတစ်ကောင်ဖြစ်နေကာ ကြီးမားသည့်သစ်ပင်ပင်စည်နှစ်ခုကို နံချပ်ကူအဖြစ်အသုံးပြုကာ ဧရာမအောစ့်များ၏ဦးခေါင်းများကို ရိုက်ခွဲခဲ့သည်။ နံချပ်ကူများသည် အနီးကပ်တိုက်ခိုက်ရာ၌ အကောင်းဆုံးလက်နက်များဖြစ်သည့်အတွက် အသုံးပြုသူသည် နံချပ်ကူကိုကောင်းစွာအသုံးပြုတတ်ပါက ဓားရှည်ထက်ပင်ရန်သူများကို သေစေနိုင်ပေသည်။ နဂါး၏ခြေသည်းများတွင် ကိုင်ဆောင်ထားသောနံချပ်ကူသည် ပုံမှန်လူတစ်ယောက်အသုံးပြုသည်ထက် များစွာပိုမိုစွမ်းအားကြီးပေသည်။

စစ်မြေပြင်၌ နဂါးလေးသည် သူတို့အားအလွန်ကြီးမားသည့်ခြိမ်းခြောက်မှုကို ပေးစွမ်းနေသည့်အတွက်ကြောင့် ပဥ္စမအဆင့်သူရဲကောင်းအမြောက်အများသည် နဂါးလေးကိုတိုက်ခိုက်ရန် ပြေးဝင်သွားကြသည်။ နဂါးလေးသည်အစွမ်းထက်သော်လည်း ထိုသူရဲကောင်းများသည် အစွမ်းထက်သောကိုယ်ခံပညာများကိုပိုင်ဆိုင်ထားကြသည်။ သို့သော် နဂါးလေးသည်သာမန်နဂါးမဟုတ်ပေ။ သူရဲကောင်းများသည် သူ့အားတိုက်ခိုက်ရန်ပြေးဝင်လာချိန်တွင် နဂါးလေးသည် ပြန်လည်မတိုက်ခိုက်ဘဲထွက်ပြေးခဲ့သည်။ နဂါးလေးသည် သူတို့နှင့်ဆက်လက်တိုက်ခိုက်ခြင်းမရှိသော်လည်း ခိုင်ရင်းအားသူတို့နှင့်တိုက်ခိုက်ရန် ရှေ့ထွက်လာကာ ထိုသူရဲကောင်းများကိုတားဆီးခဲ့သည်။

ခိုင်ရင်းနှင့်နဂါးလေးတို့သည် အလွန်ပင်ခင်မင်ရင်းနှီးကြသည်။ အမှန်တော့ ခိုင်ရင်းသည်ဘာမှလုပ်စရာမရှိတော့သည့်အချိန်မျိုးတွင် နဂါးလေးနှင့်လက်ရည်စမ်းကာ တိုက်ခိုက်လေ့ရှိသည်။ ခိုင်ရင်းသည် နဂါးလေးနှင့်တိုက်ခိုက်ချိန်တိုင်းတွင် သူသည်သာအရှုံးနှင့်ရင်ဆိုင်ရလေ့ရှိသော်လည်း သူ၏ခေါင်းမာသောပင်ကိုယ်စရိုက်ကြောင့် နဂါးလေးနှင့်အမြဲလိုလိုပင် တိုက်ခိုက်နေလေ့ရှိသည်။

ခိုင်ရင်းသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ကာ ရန်သူကိုချေမှုန်းရန်အတွက် တုန်ခါမှုလှိုင်းအားအသုံးပြုခဲ့သည်။ ပဥ္စမအဆင့်သူရဲကောင်းများသည် ခွန်အားကြီးမားသော်လည်း ခိုင်ရင်းသည်သူတို့အား ရင်ဆိုင်နိုင်ဆဲဖြစ်သည်။

ရန်သူများနှင့်ရင်ဆိုင်ရချိန်တွင် ရန်သူအားအနိုင်ယူရန်အတွက် သူ့အားကူညီပေးမယ့်သူ့ကို အမြန်ဆုံးရှာဖွေသင့်သည်ဟု ရှောင်ယုကနဂါးလေးကို သွန်သင်ခဲ့သည်။

နဂါးလေးသည် မြို့ရိုးတစ်ဖက်သို့ ပျံတက်သွားချိန်တွင် သူရဲကောင်းများကလည်း အရှိန်အဟုန်ဖြင့်နောက်မှလိုက်လာကြသည်။ နဂါးလေးသည် ကောင်းကင်ပေါ်သို့ ပျံသန်းလာချိန်တွင် သူ၏မျက်နှာပေါ်၌ ကောက်ကျစ်သောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူရဲကောင်းများသည် သူတို့လက်လှမ်းမမှီနိုင်သောနေရာသို့ရောက်နေချိန်တွင် ကျယ်လောင်သောပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့သည်။

ဗုံး ...

ကဲလ်သက်သည် ပဥ္စမအဆင့်သူရဲကောင်းတစ်ယောက်အား မီးလုံးတစ်လုံးဖြင့် ပစ်ပေါက်လိုက်သည်။ ကဲလ်သက်သည် စတုတ္ထအဆင့်မှော်ဆရာသာဖြစ်သော်လည်း ပဥ္စမအဆင့်သူရဲကောင်းအား သတ်ဖြတ်နိုင်ပေသည်။ ထိုသူရဲကောင်းသည် မီးသွေးကဲ့သို့မဲတူးသွားခဲ့ပြီး မြို့ရိုးအပြင်ဘက်သို့လွှင့်ပစ်ခံလိုက်ရသည်။

နဂါးလေးသည် ထိုလူထံသို့ပျံသန်းသွားခဲ့ပြီးနောက် နံချပ်ကူအားအသုံးပြုကာ ထိုလူ၏ဦးခေါင်းကိုပြင်းထန်စွာ ရိုက်ခွဲလိုက်သည်။ ထိုပဥ္စမအဆင့်သူရဲကောင်း၏ ဦးခေါင်းသည် ဖရဲသီးကဲ့သို့ကွဲထွက်သွားခဲ့သည်။

နဂါးသည် အခြားနေရာများသို့လှည့်ပတ်ကြည့်ရှုကာ သားကောင်များကိုဆက်လက်ရှာဖွေလိုက်သည်။

ရှောင်ယုသည် ထိုမြင်ကွင်းကိုတွေ့မြင်လိုက်ရချိန်၌ ကျေနပ်သွားခဲ့သည်။ သူသည် နဂါးလေးကိုသူ၏သားတစ်ယောက်သဖွယ် လေ့ကျင့်သင်ကြားပေးခဲ့ပြီးနောက် အဆုံးသတ်တွင်အကျိုးကျေးဇူးများရရှိလာပြီဖြစ်သည်။

ယခုတစ်ကြိမ်၌နဂါးလေးသည် မူရေးကိုတိုက်ခိုက်ရန်ရည်ရွယ်ထားခဲ့သည်။ မူရေး၏တိုက်ပွဲစွမ်းအင်သည် အီလီဒမ်၏လက်ချက်ကြောင့် ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ဆက်လက်တိုက်ပွဲဝင်ရန်အတွက် သူ၏ရက်စက်ကြမ်းကြုတ်သောခွန်အားကိုသာ အားက်ိုးနေရသည်။ သို့သော်လည်း နဂါးသည်သူ့အားတိုက်ခိုက်ရန်ပြင်ဆင်နေသည်ကိုမြင်သောအခါ မူရေးသည်ထွက်ပြေးရန်ရွေးချယ်ခဲ့သည်။ နဂါးလေးသည် မီးမှုတ်ကာ မူရေးကိုတိုက်ခိုက်ခဲ့သည်။ နဂါးလေး၏မီးတောက်ကြောင့် မူရေး၏ချပ်ဝတ်တန်ဆာကို အနက်ရောင်အလွှာတစ်ခုဖုံးလွှမ်းသွားသော်လည်း သူ၏ပဥ္စမအဆင့်ခွန်အားနှင့်သံချပ်ကာ၏အစွမ်းကြောင့် လွတ်မြောက်လာခဲ့သည်။

မူရေးကသူသည် ကံကောင်းထောက်မစွာဖြင့် သေခြင်းတရားမှလွတ်မြောက်လာသည်ဟု ယူဆခဲ့သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင်သူ၏ခန္ဓာကိုယ်အား တစ်စုံတစ်ခုကဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။ ယခုတစ်ကြိမ်တွင် သူဂုဏ်ယူနေခဲ့ရသည့်ချပ်ဝတ်တန်ဆာသည် သူ့အားမကယ်တင်န်ိုင်ခဲ့ပေ။ သူ၏လည်ချောင်းမှနေ၍ သွေးများစီးဆင်းလာသည်ကိုခံစားမိလိုက်သည်။

မူရေးသည် နောက်သို့လှည့်ကြည့်လိုက်ရာ သူ၏နောက်တွင်ရပ်နေသော အမျိုးသမီးကိုတွေ့လိုက်ရသည်။ မူရေးနောက်ဆုံးမြင်ခဲ့ရသောအရာမှာ မိုင်ယဗ်၏အေးစက်သောမျက်နှာပင်ဖြစ်သည်။

အခန်း ၃၄၁ - ပဥ္စမအဆင့်မှော်ဆရာ

မူရေးသည် နဂါးလေးမှလာရောက်တိုက်ခိုက်စဉ်တွင် ထွက်ပြေးရန်ကြိုးစားနေကြောင်း တွေ့မြင်ပြီးနောက် မိုင်ယဗ်သည် မူရေးကိုအထူးအာရုံစိုက်ထားခဲ့သည်။

သူမသည် မူရေး၏အာရုံကိုမဆွဲဆောင်မိစေရန် အထူးသတိထားလှုပ်ရှားခဲ့သည်။ နဂါးလေးသည် မူရေးကိုမီးဖြင့်လောင်ကျွမ်းစေရန် မှုတ်ထုတ်လိုက်သည့်အချိန်တွင် မူရေးကစတင်ထွက်ပြေးခဲ့သည်။ မူရေးသည် နဂါးလေး၏တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့၍ စိတ်အေးလက်အေးဖြစ်နေသည့်အချိန်တွင် မ်ိုင်ယဗ်သည် အခွင့်အရေးကိုချက်ချင်းရှာတွေ့သွားခဲ့သည်။ သူမသည် အဆင့်မြင့်လုပ်ကြံသူတစ်ယောက်ဖြစ်ပြီး အခွင့်အရေးရရှိလာသည့်အချိန်တွင် ပဥ္စမအဆင့်ပါလာဒင်သည်ပင် သူမအားခုခံနိုင်စွမ်းမရှိခဲ့ပေ။

မိုင်ယဗ်သည် ဤတိုက်ပွဲအတွင်း၌ စတုတ္ထအဆင့်သူရဲကောင်းဒါဇင်ချီ ၊ ဧရာမအောစ့်၃ကောင်နှင့် မရေမတွက်နိုင်သောတတိယအဆင့်သူရဲကောင်းများစွာကို သတ်ဖြတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူမ၏အတွေ့အကြုံရမှတ်များသည် လျင်မြန်စွာတိုးမြင့်လာခဲ့ပြီး အဆင့်၃၆သို့ရောက်ရှိနေခဲ့သည်။

သာမန်အားဖြင့်ဆိုလျှင် ဧရာမအောစ့်များသည် သာမန်စစ်သားများအတွက် ခုခံနိုင်စွမ်းမရှိပုံရသည်။ သို့သော်လည်း မိုင်ယဗ်သည် ဧရာမအောစ့်၏လည်ပင်းကို အနောက်မှနေ၍ဆွဲဖြတ်တိုက်ခိုက်လိုက်ချိန်တွင် ဧရာမအောစ့်သည်သူ့ကိုယ်သူကာကွယ်ရန် အလွန်ခက်ခဲသွားမည်ဖြစ်သည်။ ထို့ပြင်သူမသည် အလွန်လျင်မြန်လှသည့်အတွက်ကြောင့် ရန်သူ၏တိုက်ခိုက်မှုများကို လျင်မြန်စွာရှောင်တိမ်းကာ တိုက်ပွဲတလျှောက်နည်းဗျူဟာများစွာကို ပြောင်းလဲနိုင်စွမ်းရှိခဲ့သည်။ အတိုချုပ်ပြောရလျှင် ဧရာမအောစ့်များသည် သူမကိုဖယ်ရှားရန်မဖြစ်နိုင်ပေ။

မူရေးကိုသတ်ဖြတ်ပြီးနောက်တွင် မိုင်ယဗ်သည်မြို့ရိုးဆီပြန်ရောက်သွားကာ အခြားသူများကို ဆက်လက်သတ်ဖြတ်နေခဲ့သည်။

" အဲ့တာဘယ်သူလဲ ... ဘာတွေဖြစ်နေတာလဲ ... "

ရောဘတ်သည် ဖရိုဖရဲဖြစ်နေသောစစ်မြေပြင်ကိုကြည့်ရင်း ဒေါသတကြီးအော်ဟစ်လိုက်သည်။ မကြာသေးမှီက အောင်ပွဲသည် သူ၏လက်ထဲတွင်ရှိနေခဲ့သော်လည်း နှစ်ဖက်အနေအထားသည် လျင်မြန်စွာပြောင်းလဲသွားခဲ့သည်။ အစွမ်းထက်သောစက်ရုပ်များ၏ အသွင်အပြင်သည် အရာအားလုံးကိုပြောင်းလဲစေခဲ့သည်။ လွှဘီးများ ၊ ဧရာမဓားများနှင့်ရွေ့လျားနိုင်သော လှံပစ်စက်များသည် ထိုစက်ရုပ်များ၏အားသာချက်ဖြစ်ခဲ့သည်။ ထို့ပြင် စက်ရုပ်အမြောက်အများသည် လှံပစ်စက်များကိုတပြိုင်နက်ပစ်လွှတ်လိုက်ပါက ဧရာမအောစ့်သည်ပင်သေဆုံးသွားမှာဖြစ်သည်။

ဗုံး ...

ထိုအချိန်တွင် စစ်မြေပြင်၌ ကြီးမားသောရေခဲဆူးချွန်တစ်ခုထွက်ပေါ်လာပြီး ဧရာမအောစ့်၏ရင်ဘတ်ကိုထိုးဖောက်ဝင်ရောက်ကာ အခြားတစ်ဖက်မှထွက်ခွာသွားခဲ့သည်။

အန်တိုနီဒက်စ်၏တိုက်ခိုက်မှုကိုမြင်သောအခါ ရှောင်ယု၏မျက်လုံးများသည် တောက်ပသွားခဲ့သည်။

" ကောင်းတယ် ... ပဥ္စမအဆင့် ... အန်တိုနီဒက်စ်က ပဥ္စမအဆင့်ကိုရောက်ရှိသွားခဲ့ပြီ "

ရှောင်ယု၏သူရဲကောင်းများအနက် အန်တိုနီဒက်စ်သည် အဆင့်၄၀သို့ ရောက်ရှိသွားသည့်ပထမဆုံးသူရဲကောင်းဖြစ်သည်။ သူရဲကောင်းများသည် အဆင့်၄၀သို့ရောက်ရှိသွားပြီးနောက်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများဖြစ်လာမည်ဖြစ်သည်။ အန်တိုနီဒက်စ် ဖန်တီးလိုက်သောရေခဲဆူးချွန်၏အစွမ်းသည် ၎င်းကိုသက်သေပြနေခဲ့သည်။

အန်တိုနီဒက်စ်သည် မှော်မန္တန်အားစတင်ရွတ်ဆိုခဲ့သည်။ ထိုမှော်မန္တန်သည် အလွန်ရှည်လျားသော်လည်း အစွမ်းထက်သောမှော်မန္တန်တစ်ခုဖြစ်ကြောင်း ထင်ရှားပေသည်။ ဒဲရွန်သည် အန်တိုနီဒက်စ်၏နံဘေးတွင် အစောင့်အကြပ်အဖြစ်ရှိနေခဲ့သည်။

ရှောင်ယုသည် မှော်ဆရာများ၏ ကိုယ်ရံတော်များအဖြစ်ဆောင်ရွက်ရန် ခြေလျင်တပ်သားအမြောက်အများကို အသုံးချခဲ့သည်။ အဆုံးသတ်တွင် မှော်ဆရာများသည် အားနည်းသောရုပ်ပိုင်းဆိုင်ရာရှိပြီး ရန်သူများဘက်မှ အစွမ်းထက်သော ကျွမ်းကျင်သူများ၏ ပစ်မှတ်ဖြစ်လာရန် အလွန်လွယ်ကူပေသည်။

ရန်သူဘက်မှ လုပ်ကြံသတ်ဖြတ်သူအမြောက်အများသည် အန်တိုနီဒက်စ်နှင့် ကဲလ်သက်တို့အားပစ်မှတ်ထားခဲ့ကြသော်လည်း တစ်ဖက်မှခြေလျင်တပ်သားများကို ဖြတ်ကျော်နိုင်ခြင်းမရှိပေ။ ခြေလျင်တပ်သားများ၏ လက်နက်နှင့်ဒိုင်းများသည် နေရာလပ်မကျန်အောင် ခုခံကာကွယ်ထားခဲ့သည်။ ဒိုင်းများ၏အထူသည် ၅မီလီမီတာခန့်သာရှိသော်လည်း ပဥ္စမအဆင့်သူရဲကောင်းများပင် မထိုးဖောက်နိုင်ပေ။ ထို့ပြင်ခြေလျင်တပ်သားများသည် မှော်ဆရာများကိုကာကွယ်ပေးရန်အတွက် ဒိုင်းနံရံကိုဖန်တီးခဲ့ကြသည်။

အကြီးစားလှံပစ်စက်များ၏ တိုက်ခိုက်မှုသည် ခြေလျင်တပ်သားများကို သတ်ဖြတ်နိုင်သော်လည်း ထိုသို့သောအခြေအနေ၌ လှံသည်အန်တိုနီဒက်စ်ကို ထိမှန်ရန်မဖြစ်နိုင်ပေ။ အန်တိုနီဒက်စ်သည် အကာအကွယ်မရှိဘဲ လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်ခြင်းမရှိပေ။ အန်တိုနီဒက်စ်သည် သူ၏အသက်ကိုကယ်တင်ရန်အတွက် ရေခဲနံရံနှင့်တည်နေရာရွေ့ပြောင်းခြင်းကို အကြိမ်များစွာအသုံးပြုခဲ့ရသည်။ ရေခဲဒြပ်စင်မှော်ဆရာများသည် ခံစစ်ပိုင်းနှင့်ပတ်သက်လာလျှင် ခိုင်မာသောစွမ်းရည်ကိုပိုင်ဆိုင်ထားသည်။

အန်တိုနီဒက်စ်သည် မှော်မန္တန်အား အပြီးသတ်လိုက်ချိန်တွင် မြို့ရိုးထံသို့ပြေးဝင်လာသည့် မရေမတွက်န်ိုင်သောရန်သူစစ်သားများသည် သူတို့ရောက်ရာအရပ်၌ ချက်ချင်းအေးခဲသွားကြသည်။ ထို့နောက်တွင် အထူ၂၀စင်တီမီတာခန့်ရှိမယ့်ရေခဲအလွှာသည် မြေပြင်ကိုချက်ချင်းဖုံးလွှမ်းသွားခဲ့သည်။

နှင်းခဲကြယ် ...

ဤသည်မှာ အဆင့်အသစ်သို့ရောက်ရှိပြီးနောက်တွင် အန်တိုနီဒက်စ်ကျွမ်းကျင်ခဲ့သည့် နောက်ဆုံးအစွမ်းအသစ်ဖြစ်သည်။ ဤကျွမ်းကျင်မှုအသစ်သည် အနိမ့်ဆုံးအဆင့်၌သာရှိ၍ သာမန်စစ်သားများကိုသာအေးခဲစေနိုင်သော်လည်း ဤကျွမ်းကျင်မှုကိုအမြင့်ဆုံးအဆင့်ထိမြင့်တင်ပြီးနောက်တွင် အန်တိုနီဒက်စ်သည် အစွမ်းထက်သောသူရဲကောင်းများကိုပင် အေးခဲစေနိုင်သည်။

ချင်ချဲသည် ရန်သူကိုတိုက်ခိုက်ရန်အတွက် အသစ်တီထွင်ထားသည့်လှံပစ်စက်များ ၊ လမင်းပစ်ခတ်သူများနှင့် အခြားသောတာဝေးပစ်လက်နက်များကို အစားထိုးအသုံးပြုခဲ့သည်။

ရွှီး ... ရွှီး ... ရွှီး ....

အေးခဲနေသောစစ်သားများသည် သေဆုံးခြင်းအားစောင့်ဆိုင်းနေရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ပေ။ အမျိုးအစားသစ်ဖြစ်သော လှံပစ်စက်များမှပစ်လွှတ်လိုက်သည့် မြှားတံများသည် သူတို့၏ချပ်ဝတ်တန်ဆာကိုထိုးဖောက်ဝင်ရောက်ကာ သူတို့၏အသက်ကိုနှုတ်ယူခဲ့သည်။

အန်တိုနီဒက်စ်သည် သူ၏မှော်စွမ်းအင်ကိုပြန်လည်ဖြည့်တင်းရန်အတွက် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးကို အမြန်သုံးစွဲလိုက်သည်။ သူအသုံးပြုလိုက်သော မှော်မန္တန်သည် အလွန်အစွမ်းထက်သော်လည်း မှော်စွမ်းအင်သုံးစွဲမှုအလွန်များပြားပေသည်။ အန်တိုနီဒက်စ်သာ မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးကို မပိုင်ဆိုင်ပါက ဤမှော်မန္တန်အားထုတ်သုံးမည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် စစ်မြေပြင်၌ ငိုကြွေးသံတစ်ခုထွက်ပေါ်လာပြီး ရန်သူများ၏အပေါ်၌ မီးစွမ်းအင်ဖြင့်ဖွဲ့စည်းထားသော ငှက်တစ်ကောင်ပျံသန်းလာခဲ့သည်။ ထိုငှက်ဆီမှနေ၍ ဖြာထွက်နေသောမီးတောက်အဟုန်ကို လူတိုင်းခံစားမိလိုက်ကြသည်။ ရန်သူများသည် ဖီးနစ်ငှက်ကိုမော်ကြည့်ရင်း သူတို့၏မျက်ဝန်းထံ၌ အကြောက်တရားများကြီးစိုးလာခဲ့သည်။

ဖီးနစ် ...

ထိုအချိန်တွင် ကဲလ်သက်သည်လည်း အဆင့်၄၀သို့ရောက်ရှိသွားပြီဖြစ်ကြောင်း ရှောင်ယုသိလိုက်ရသည်။ သူ၏မှော်ဆရာနှစ်ယောက်လုံးသည် အဆင့်၄၀သို့ ပြိုင်တူနီးပါးရောက်ရှိသွားခဲ့ကြသည်။ ကဲလ်သက်သည် အဆင့်၄၀သို့ရောက်ရှိသွားပြီးနောက်တွင် ဖီးနစ်ကိုဆင့်ခေါ်နိုင်ပေသည်။ ထိုဒဏ္ဍာရီလာဖီးနစ်သည် ရန်သူများကိုစိတ်ဓာတ်ကျစေကာ ဖရိုဖရဲဖြစ်စေခဲ့သည်။ ဒဏ္ဍာရီလာဖီးနစ်ငှက်သည် နဂါးများထက်ပင်ပိုမိုဆန်းကြယ်သော သတ္တဝါတစ်မျိုးဖြစ်သည်။

စစ်ကမ္ဘာဂိမ်းအား ကစားစဉ်ကလည်း သူသည်ကဲလ်သက်ဆင့်ခေါ်ထားသည့် ဖီးနစ်များနှင့်တိုက်ခိုက်ရသည့်အခါမျိုးတွင် အလွန်ပင်စိတ်ရှုပ်ထွေးခဲ့ရသည်ကို ရှောင်ယုသတိရနေခဲ့သည်။ ထိုဖီးနစ်သည် ဒဏ်ရာပြင်းထန်စွာရရှိချိန်တွင် ဥအဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုဥကိုသာ အချိန်မှီမဖျက်ဆီးနိုင်ခဲ့ပါက ဖီးနစ်သည်တဖန်ပြန်လည်မွေးဖွားလာကာ ရန်သူကိုအမဲလိုက်တိုက်ခိုက်မှာဖြစ်သည်။

ထိုဖီးနစ်ထံတွင် မီးလုံးပစ်ခတ်ခြင်းအပါအဝင် အခြားသောကိုယ်ပိုင်ကျွမ်းကျင်မှုများကိုလည်း တတ်မြောက်ထားသည်။

မီးဒြပ်စင်မှော်ဆရာများသည် မှော်ဆရာများအားလုံးအနက် အထင်ပေါ်ဆုံးဖြစ်တည်မှုများဖြစ်သည်။ လက်ရှိအချိန်တွင် ကဲလ်သက်၏ကျွမ်းကျင်မှုသည် နိမ့်ပါးသည့်အတွက်ကြောင့် ဖီးနစ်တစ်ကောင်ကိုသာဆင့်ခေါ်န်ိုင်သော်လည်း သူ၏ကျွမ်းကျင်မှုသာအမြင့်ဆုံးအဆင့်ထိ ရောက်ရှိသွားခဲ့ပါက ယခုထက်ပိုမိုဆင့်ခေါ်နိုင်မည်ဖြစ်သည်။

ဖီးနစ်သည် ကောင်းကင်ပေါ်မှနေ၍ ဧရာမအောစ့်ထံသို့ထိုးဆင်းသွားခဲ့သည်။ ထို့နောက် ဖီးနစ်သည်ဧရာမအောစ့်ကို ဝိုင်းပတ်၍မီးတောက်များဖြင့် မှုတ်ထုတ်လိုက်သည်။

ဧရာမအောစ့်၏ဦးခေါင်းသည် မီးတောက်များဖြင့်ဖုံးလွှမ်းသွားချိန် ဧရာမအောစ့်သည် နာကျင်စွာအော်ဟစ်လိုက်သည်။ ထို့နောက် သူ၏လက်နက်ကိုအဝေးသို့လွှင့်ပစ်၍ သူ၏ဦးခေါင်း၌တောက်လောင်နေသောမီးတောက်များကို ဖယ်ရှားရန်ကြိုးစားလိုက်သည်။

ရွှီး ....

ဖီးနစ်သည်တဖန်ပြန်လည်မြည်ကြွေးလိုက်ကာ ဧရာမအောစ့်ကိုမီးတောက်များဖြင့် ထပ်မံမှုတ်ထုတ်လိုက်သည်။

" သောက်ရမ်းမိုက်တယ် ... "

ဖီးနစ်သည် ဧရာမအောစ့်ကိုသတ်ဖြတ်နေသည့် မြင်ကွင်းကိုကြည့်ပြီး ရှောင်ယုအလွန်ဝမ်းသာသွားခဲ့သည်။ သို့သော်လည်း ဧရာမအောစ့်ကိုသတ်ဖြတ်ခြင်းက ဖီးနစ်၏စွမ်းအင်ကိုများစွာကုန်ဆုံးစေသည့်အတွက် အခြားစစ်သားများထံပြေးဝင်သွားခဲ့သည်။ အဆုံးသတ်တွင် ဖီးနစ်သည်အခြားဧရာမအောစ့်၂ကောင်ကို သတ်ဖြတ်ပြီးနောက် ဥတစ်လုံးအဖြစ်ပြောင်းလဲသွားခဲ့သည်။

မှော်ဆရာနှစ်ယောက်လုံးသည် အဆင့်၄၀သို့ရောက်ရှိပြီးနောက်တွင် ရှောင်ယု၏စွမ်းအားသည် ကောင်းကင်ပေါ်သို့ထိုးတက်သွားခဲ့သည်။ ကဲလ်သက်၏တိုက်ခိုက်မှုများသည် စစ်မြေပြင်၌အထင်ပေါ်ဆုံး ဖြစ်လာခဲ့သည်။

ရှောင်ယုသည် ယခုအချိန်၌ ရန်သူများအပေါ်သို့ စတင်အသာစီးရလာခဲ့ပြီဖြစ်သည်။ ဘုရားကျောင်း၏တပ်ဖွဲ့များသည်ကား ပြင်းထန်စွာကျရှုံးနေခဲ့ပြီဖြစ်သည်။ သူတို့၏တပ်သားတိုင်းလိုလိုက လက်ရွေးစင်များဖြစ်သော်လည်း ရှောင်ယု၏ဆင့်ခေါ်တပ်သားများသည် မွေးရာပါသတ်ဖြတ်သူများဖြစ်ကြသည်။ ဆင့်ခေါ်တပ်သားများသည် ဆုတ်ခွာခြင်းဟူသော စကားလုံးကိုနားမလည်ကြပေ။ ထိုအထဲတွင် အောစ့်များကအစွမ်းအထက်ဆုံး စစ်သည်တော်များဖြစ်ခဲ့သည်။ ထို့ပြင်ရှောင်ယုထံ၌ ပယောဂဆရာများ ၊ ဘုန်းတော်ကြီးများ ၊ အနာကျက်ဆေးများ ပေါပေါများများရှိနေပေရာ ဒဏ်ရာရရှိသွားသည့်စစ်သည်များကို အချိန်မှီကုသပေးခြင်းဖြင့် သေဆုံးမှုပမာဏကိုများစွာလျော့ချနိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေ အောစ့်စစ်သည်များသည် အဆုံးစွန်ထိတိုက်ခိုက်နေကြပြီး နောက်သို့လုံးဝပြန်မဆုတ်ခဲ့ပေ။ ရန်သူများသည် အရေအတွက်အလွန်များပြားသော်လည်း ရှောင်ယုထံတွင် နတ်ဆရာများ ၊ ဘုန်းတော်ကြီးများ ၊ ပယောဂဆရာများ ၊ ကိုဒိုသားရဲများနှင့် စစ်မြေပြင်၌အစားထိုးရန်အတွက် အရန်တပ်သားများရှိနေခဲ့သည်။

ရှောင်ယု၏တပ်ဖွဲ့သည် အလွန်ပြင်းထန်သောအကျအရှုံးနှင့် ရင်ဆိုင်နေခဲ့ရသော်လည်း အမျိုးမျိုးသောတပ်ဖွဲ့များကို စနစ်တကျပေါင်းစပ်အသုံးပြုမှု ၊ မြေနေရာအသာစီးရရှိမှုတို့ကြောင့် ရန်သူအားအဆပေါင်းများစွာပိုမိုထိခိုက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

အခန်း ၃၄၂ - ခွက်ခွက်လန်လန်အောင်ရှုံးနိမ့်ခြင်း

တိုင်ရန်ဒီသည် နောက်ဆုံးသောဧရာမအောစ့်ကို ချေမှုန်းသတ်ဖြတ်လိုက်ပြီးနောက်တွင် သူသည်လုံးဝရှံးနိမ့်သွားပြီဖြစ်ကြောင်း ရောဘတ်နှင့်ခေးစ်က နားလည်လိုက်သည်။

ဗုံး ...

တိုင်ရန်ဒီသည် မှော်ဆရာတစ်ယောက်အား သတ်ဖြတ်ရန်အတွက် နောက်ထပ်မှော်ဖောက်ခွဲရေးမြှားများကို အသုံးပြုခဲ့သည်။ တစ်ချိန်တည်းမှာပင် ရှောင်ယုနှင့်ဆင့်ခေါ်တပ်သားများမှလွဲ၍ မည်သူမှမြင်တွေ့နိုင်စွမ်းမရှိသော အလင်းရောင်တစ်ခုသည် တိုင်ရန်ဒီ၏ခန္ဓာက်ိုယ်အား ဖုံးလွှမ်းသွားခဲ့သည်။ စွမ်းအားကြီးမားသည့် အလင်းရောင်သည် သူမအပေါ်လွှမ်းခြုံသွားပြီးနောက် သူမကိုစတင်ပြောင်းလဲပေးခဲ့သည်။ တိုင်ရန်ဒီသည်လည်း ဧရာမအောစ့်များစွာကိုသတ်ဖြတ်ပြီးနောက်တွင် အဆင့်၄၀သို့ရောက်ရှိသွားခဲ့သည်။

" ဆုတ်ခွာကြမယ် ... "

ခေးစ်သည် ဘုရားကျောင်း၏တပ်များကို ဆုတ်ခွာရန်အမိန့်ပေးခဲ့သည်။ အကယ်၍ သူသာဆက်လက်တိုက်ခိုက်ရန် အမိန့်ပေးနေပါက ဘုရားကျောင်း၏မည်သည့်တပ်သားကမှ အသက်ရှင်ကျန်ရစ်တော့မည်မဟုတ်ပေ။ မူရေးသည်ပင် ဤတိုက်ပွဲ၌ကျရှုံးခဲ့ပြီးနောက် ဘုရားကျောင်းသည် တပ်သားများစွာကိုလည်းဆုံးရှံးခဲ့ရသည်။ သို့ဖြစ်ရာ ခေးစ်သာဘုရားကျောင်းသို့ ပြန်လည်ရောက်ရှိပါက သူကြုံတွေ့ရမည့်ပြစ်ဒဏ်အတွက် စိတ်ပိုင်းဆိုင်ရာအရကြိုတင်ပြင်ဆင်ထားသင့်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ရှောင်ယု၏စစ်တပ်သည် အလွန်အစွမ်းထက်လှပြီး သာမန်ခရူးဆိတ်တပ်သားများသည်တောင်မှ ဤတိုက်ပွဲ၏အခြေအနေကို ပြောင်းလဲနိုင်စွမ်းမရှိကြောင်း ခေးစ်နားလည်လိုက်သည်။ သူတို့သည် ခြင်္သေ့မြို့ကိုတိုက်ခိုက်ဖျက်ဆီးရန်အတွက် ယခုထက်ပိုမိုအင်အားကြီးမားသည့်တပ်များလိုအပ်ပေသည်။ ဘုရားကျောင်းတွင် ထိုကဲ့သို့တပ်များပိုင်ဆိုင်ထားသော်လည်း ထုတ်ဖော်ရန်အချိန်မကျရောက်သေးပေ။ ထို့ပြင် ပုပ်ရဟန်းမင်းကိုယ်တိုင်ကသာ ထိုတပ်များကိုလှုပ်ရှားရန် အမိန့်ပေးနိုင်ပေသည်။

" ဘာ ... ဘာလို့ ဆုတ်ခွာရမှာလဲ ... "

ရောဘတ်က ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

" သခင်လေးရောဘတ် ... မင်းမှာအခြားဝှက်ဖဲတွေရှိသေးလို့လား ... အဲလိုမှမဟုတ်ရင် ငါတို့နိုင်နိုင်ခြေမရှိဘူး ... မင်းရဲ့တပ်သားတွေအကုန်လုံးက်ို ဒီမှာမမြုပ်နှံထားချင်ရင် မင်းကိုလက်လျော့ဖို့ ငါအကြံပေးချင်တယ် ... ကျောက်တုံးနက်အောစ့်တွေက တကယ်ကိုအားကောင်းတယ်ဆိုပေမဲ့ သူတို့အကုန်ဒီမှာထာဝရမြုပ်နှံခံရမှာကိုတွေးကြည့်ရင် တော်တော်နှမြောဖို့ကောင်းလိမ့်မယ် "

ခေးစ်က ရောဘတ်က်ိုစိုက်ကြည့်ရင်း ပြောလိုက်သည်။

စစ်သားများသည် မြို့ရိုးပေါ်မှဆက်တိုက်ပြုတ်ကျလာသည်ကို မြင်သောအခါ ရောဘတ်၏အမူအရာသည် အလွန်ဆိုးရွားသွားခဲ့သည်။ ယခုအခါ သူတို့ထံ၌အောင်ပွဲရရန် အခွင့်အရေးမရှိတော့သော်လည်း ပြန်လည်ဆုတ်ခွာလိုစိတ်မရှိပေ။ သူသည် ကနေဒီမိသားစု၏စွမ်းအားအပြည့်ကို ထုတ်မသုံးခဲ့သော်လည်း လက်ရှိတပ်သည်ပင် အားနည်းသည်တော့မဟုတ်ပေ။ သူသည် တတိယအဆင့်မှော်ဆရာ၂၀၀ ၊ စတုတ္ထအဆင့်မှော်ဆရာ၅၀နှင့် ပဥ္စမအဆင့်မှော်ဆရာ၃ဦးကို ခေါ်ဆောင်လာခဲ့သည်။ ထို့ပြင် စစ်မြေပြင်၌တိုက်ခိုက်ရန်အတွက် စတုတ္ထအဆင့်သူရဲကောင်း၄၀၀ခန့်နှင့်တတိယအဆင့်သူရဲကောင်း၁၀၀၀ကျော်က်ို အမိန့်ပေးခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင်မူ မှော်ဆရာများ၏အရေအတွက်သည် ထက်ဝက်ခန့်လျော့နည်းသွားခဲ့ပြီဖြစ်သည်။ သူရဲကောင်းများသည်လည်း မူလအရေအတွက်၏ ၃ပုံ၁ပုံခန့်သာကျန်တော့ပြီး အခြေအနေအလွန်ဆိုးရွားနေခဲ့သည်။ သူသည် ကျောက်တုံးနက်အောစ့်၁၀၀၀၀ကျော်ကိုယူဆောင်လာခဲ့သော်လည်း ယခုအခါ၂၀၀၀ခန့်ပင်မကျန်တော့ပေ။ သူသည် ကျောက်တုံးနက်အောစ့်များကို ဆက်လက်စုဆောင်းန်ိုင်သော်လည်း ဤဆုံးရှံးမှုသည် အလွန်ကြီးမားပေသည်။ အနှစ်ချုပ်ပြောရလျှင် ဤဆုံးရှံးမှုများအား မည်သို့မှလက်ခံနိုင်စရာမရှိတော့ပေ။

" ဘာလို့လဲ ... "

ရောဘတ်က လက်မခံနိုင်စွာ အော်ဟစ်လိုက်သည်။ တိုင်ရန်ဒီ ၊ ခိုင်ရင်း ၊ ဂရင်းနှင့်အခြားသောသူရဲကောင်းများက စစ်မြေပြင်၌ ဘယ်မှညာသို့အပြေးအလွှားသွားနေသည်ကို ကြည့်ပြီးရောဘတ်သည် အလွန်ပင်မနာလ်ိုဖြစ်နေခဲ့သည်။

သူ၏ထိန်းချုပ်မှုအောက်၌ အဘယ်ကြောင့်ထိုသို့သောသူရဲကောင်းများ မရှိရသနည်း။ ရှောင်ယုထံတွင် အဘယ်ကြောင့်မှော်ဖောက်ခွဲရေးမြှားများစွာ ပိုင်ဆိုင်ထားရသနည်း။ သူ့ထံမှလုယူသွားသည့်စက်ရုပ်များသည် ရှောင်ယု၏လက်ထဲတွင်အဘယ်ကြောင့် ပိုမိုအစွမ်းထက်လာရသနည်း။ အထူးသဖြင့် မြင့်မြတ်သောသတ္တဝါဖြစ်သည့် နဂါးသည်အဘယ်ကြောင့် ရှောင်ယုအတွက်တိုက်ပွဲဝင်ပေးနေရသနည်း။ သူသည် ထိုနဂါးကိုမည်သို့လေ့ကျင့်ပေးခဲ့သနည်း။ အဘယ်ကြောင့် ထိုနဂါးသည်နံချပ်ကူကိုအသုံးပြုကာ သူ၏တပ်များကိုတိုက်ခိုက်ရသနည်း။ ထိုအရာသည် အမှန်ပင်နဂါးတစ်ကောင်ဖြစ်ပါသည်လား...

ရှောင်ယုအပေါ်၌ ရောဘတ်၏မုန်းတီးမှုသည် ကောင်းကင်ပေါ်သို့ပင်ရောက်ရှိသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ စစ်ပွဲကိုအောင်နိုင်ရန်အတွက် ထိုအမုန်းတရားများကိုအသုံးပြု၍မရပေ။ သူသည် ကူကယ်ရာမဲ့နေသောအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ရောဘတ်နားလည်လ်ိုက်သည်။

" သခင်လေး ငါတို့လည်းဆုတ်ခွာသင့်ပြီ "

ဇန်းက ဝင်ရောက်တိုက်တွန်းလိုက်သည်။ ဇန်းသည် စစ်သားများ၏တပ်မှူးတစ်ယောက်ဖြစ်သောကြောင့် သူသည်လည်းစိတ်ဓာတ်ကျနေခဲ့သည်။ မူလက လွယ်လွယ်နှင့်အောင်ပွဲခံနိုင်မည်ဟု ယုံကြည်ထားသော်လည်း အဆုံးသတ်ရလဒ်က ကြောက်စရာကောင်းနေခဲ့သည်။

ရောဘတ်သည် ခြင်္သေ့မြို့အားစိုက်ကြည့်ရင်း ပြောလ်ိုက်သည်။

" ငါပြန်လာခဲ့မယ် "

ယခုအခိုက်အတန့်တွင် ရောဘတ်သည်အသေအကြေတိုက်ခိုက်ရန်မှလွဲ၍ အခြားဘာမှမလုပ်လိုသော်လည်း ယခုအချိန်၌ ရူးရူးမိုက်မိုက်လုပ်ဆောင်ခြင်းသည် လက်ရှိအခြေအနေကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း နားလည်ပေသည်။ ထို့ကြောင့် သူ၏တပ်များကိုပြန်လည်ဆုတ်ခွာရန် အမိန့်ပေးခဲ့သည်။

...

ဖာနန်ဒိုသည် အူသာနှင့်ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။ ဖာနန်ဒိုသည် အူသာနှင့်ပိုမိုတိုက်ခိုက်လေလေ ပိုမိုတုန်လှုပ်လေလေဖြစ်သည်။ ပုပ်ရဟန်းမင်းကိုယ်တိုင်က အူသာအတုက်ိုပြန်လည်ခေါ်ဆောင်လာရန် သူ့အားအမိန့်ပေးခဲ့သော်လည်း ယခုအခြေအနေနှင့်ပတ်သက်၍ သူကိုယ်တိုင်သံသယဖြစ်နေခဲ့ပြီဖြစ်သည်။

အူသာသည် အဘယ်ကြောင့် ဤနေရာ၌ထွက်ပေါ်လာရသနည်း။ ဘုရားကျောင်းသည်ပင် အူသာကိုဆင့်ခေါ်နိုင်စွမ်းမရှိချိန်တွင် ရှောင်ယုသည် အဘယ်သို့ဆင့်ခေါ်နိုင်မည်နည်း။ အူသာသည် သူတို့၏နတ်ဘုရားဖြစ်သော်လည်း ရှောင်ယုလက်အောက်၌ ရှိနေသည်လား။

ခေးစ်သည် ဘုရားကျောင်း၏တပ်များကို ဆုတ်ခွာရန်အမိန့်ပေးသည်ကို ကြားလိုက်ရချိန်တွင် ဖာနန်ဒိုက မြို့ရ်ိုးပေါ်မှခုန်ဆင်းသည်။

" မင်းဟာတကယ့်အူသာဟုတ်မဟုတ် ငါမသေချာပေမဲ့ ငါကျိန်းသေပေါက်ပြန်လာခဲ့မယ် ... မင်းရဲ့ခေါင်းအတွက် ငါသေချာပေါက်ပြန်လာခဲ့မယ် "

ရှောင်ယုသည် ဆုတ်ခွာသွားသည့်ရန်သူများကိုကြည့်ရင်း ပြုံးလိုက်မိသည်။

" ဆုတ်ခွာဖို့အရမ်းလွယ်ကူနေမယ်လို့ မင်းတို့ထင်နေတာလား ... ငါကအရင်ရှောင်ယုမဟုတ်တော့ဘူး "

ယခင်ကရှောင်ယုဆိုလျှင် ကနေဒီမိသားစု၏တပ်များ ဆုတ်ခွာသွားချိန်တွင် လိုက်လံတိုက်ခိုက်ရန်ရွေးချယ်မည်မဟုတ်ပေ။ ယခုအခါတွင်မူ သူ၏ခွန်အားသည်ယခင်ကနှင့် လုံးဝမတူတော့ပေ။

သတ်ကြ ...

ရှောင်ယုသည် မြို့ရိုးပေါ်တွင်ရပ်ကာ ဆန်းကြယ်ပုဆိန်ကိုဝှေ့ယမ်းရင်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

မျှော်စင်အများစုသည် မြို့ရိုးနှင့်ချိတ်ဆက်ထားဆဲဖြစ်ကာ ၎င်းတို့အားပြန်လည်ဖြုတ်သိမ်းရန် အချိန်မရှိခဲ့ပေ။ ခြင်္သေ့မြို့၏တပ်များသည် မြို့ဂိတ်တံခါးမှထွက်လာပြီး ရန်သူများကိုစတင်တိုက်ခိုက်ခဲ့သည်။ ကနေဒီမိသားစုနှင့်ဘုရားကျောင်းတို့၏ ပူးပေါင်းတပ်ဖွဲ့များသည် ရှည်လျားသောတိုက်ပွဲကိုဖြတ်ကျော်အပြီး၌ အသေအပျောက်များစွာကြုံတွေ့ခဲ့ရကာ ဧရာမအောစ့်များစွာမကျန်ရှိတော့ပေ။ လက်ရှိအခိုက်အတန့်တွင် ရှောင်ယုသည်အသာစီးရနေပြီး သူ၏တပ်သားများသည်လည်း အမြင့်ဆုံးစိတ်ဓာတ်ကိုပိုင်ဆိုင်ထားသည်။

အမာခံ မြင်းတပ်သား၁၀၀၀သည် မြို့တံခါးမှစတင်၍ ထွက်ခွာလာခဲ့ကြသည်။ သူတို့သည် တိုက်ပွဲစတင်ချိန်မှစ၍ ယခုအချိန်ထိဘာမှမလုပ်ခဲ့ရပေ။ ယခုအခါတွင် ရှောင်ယုသည်ဆုတ်ခွာနေသောရန်သူများကို တိုက်ခိုက်ရန်အမိန့်ပေးလိုက်ချိန်တွင် မြင်းတပ်သားများသည် မြက်ခင်းပြင်၌တိုက်ခိုက်နေသောလေကဲ့သို့ ရန်သူများနောက်သို့ အပြေးအလွှားလိုက်ပါသွားကြသည်။

မည်သို့ပင်ဆိုစေ နဂါးလေးသည် ရန်သူများကိုအမှီလိုက်နိုင်ခဲ့သည်။

နဂါးလေး၏အစွမ်းသည် စစ်မြေပြင်တခွင်၌ အပြင်းထန်ဆုံးဖြစ်သော်လည်း ၎င်း၏အရွယ်အစားကြောင့် ရန်သူများ၏တိုက်ခိုက်ခြင်းကို အလွယ်တကူဆွဲဆောင်နိုင်ပေသည်။ ထို့ကြောင့် နဂါးလေးသည်တိုက်ပွဲအတွင်း၌ မှော်တိုက်ခိုက်မှုအများစုကို ရင်ဆိုင်ခဲ့ရသည်။ နဂါးလေးသည် သူ၏သန်မာသောခန္ဓာကိုယ်တည်ဆောက်ပုံနှင့်လျင်မြန်သောအရှိန်နှုန်းကြောင့်သာ တိုက်ပွဲအတွင်း၌ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ တိုက်ပွဲအတွင်း၌ ပဥ္စမအဆင့်မှော်ဆရာတစ်ယောက်၏လက်ချက်ကြောင့် နဂါးလေး၏ဝမ်းဗိုက်၌အပေါက်တစ်ခုပင်ဖြစ်ခဲ့ရသည်။ အဆုံးသတ်တွင် နဂါးလေးသည်စွမ်းအားကြီးရန်သူများနှင့်မှော်ဆရာများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ဒဏ်ရာများစွာရရှိခဲ့သည်။ စစ်မြေပြင်၌ ဒဏ်ရာရရှိခြင်းသည်ပုံမှန်သာဖြစ်ပေရာ နဂါးလေးသည် တိုက်ပွဲများကိုစတင်ကျင့်သားရနေပြီဖြစ်သည်။

နဂါးလေးသည် မြို့ထဲသို့ပြန်သွားကာ ဒဏ်ရာများကိုသက်သာစေရန်အတွက် ဒဏ်ရာကျက်ဆေးအနည်းငယ်ကိုအသုံးပြုခဲ့သည်။ စစ်မြေပြင်တခွင်၌ သူ၏အကြေးခွံများကွာကျကျန်ရစ်ခဲ့သော်လည်း နဂါးလေးသည်လုံးဝဂရုမစိုက်ပေ။

ထို့ကြောင့် နဂါးလေးသည်ရှောင်ယု၏အမိန့်ကိုကြားသည်နှင့် နံချပ်ကူကိုဆွဲကိုင်ကာ ပြေးထွက်လာခဲ့သည်။ နဂါးလေးသည် ရန်သူဆုတ်ခွာသည့်သတင်းကိုကြားချိန်တွင် စိတ်လှုပ်ရှားနေခဲ့သည်။ နဂါးလေးသည် သူ၏မျိုးရိုးဗီဇကြောင့် ကြမ်းတမ်းသောသားရဲတစ်ကောင်ဖြစ်ခဲ့သော်လည်း ရှောင်ယု၏လေ့ကျင့်မှုအောက်တွင် ပြင်းထန်သောဇွဲလုံ့လက်ိုပိုင်ဆိုင်ခဲ့သည်။ ရှောင်ယု၏လေ့ကျင့်ပေးမှုအောက်တွင် နဂါးလေးသည် တစ်နေ့လျှင် အကြိမ်အနည်းငယ်မျှ သားရဲများကိုရင်ဆိုင်တိုက်ခိုက်ခဲ့သည်။

နဂါးလေးသည် ရန်သူစစ်သားများကိုတိုက်ခိုက်ရန်အတွက် နံချပ်ကူသို့မဟုတ် သူ၏အမြီးကိုအသုံးပြုခဲ့သည်။

လက်ရှိအချိန်တွင် နဂါးလေးသည်သူ၏အမြီးကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် လူ၏ခါးကဲ့သို့ထူထဲသောသစ်ပင်တစ်ပင်ကို ပြိုလဲကျစေနိုင်သည်။ ထိုသို့သောတိုက်ခိုက်မှုအောက်၌ သာမန်စစ်သားများသည် လုံးဝအသက်မရှင်နိုင်ပေ။ ချပ်ဝတ်တန်ဆာအပြည့်ဝတ်ဆင်ထားသော လက်ရွေးစင်စစ်သည်တစ်ယောက်ပင် ထိုတိုက်ခိုက်မှုအား မခုခံနိုင်ပေ။

ရှောင်ယုသည် အကြင်နာတရားကင်းမဲ့စွာဖြင့် နဂါးလေးအားသူ၏ခြေသည်းများဖြင့် တိုက်ခိုက်တတ်စေရန်လေ့ကျင့်ပေးခဲ့သည်။ သူသည် နဂါးလေးက်ိုလေ့ကျင့်ပေးရန်အတွက် ရှောင်လင်ဘုရားကျောင်း၏ လင်းယုန်ပုံစံနည်းလမ်းများကို အသုံးပြုခဲ့သည်။

ထိုလေ့ကျင့်ခန်း၏ ပထမအပိုင်းတွင် နဂါးလေးသည်သူ၏ခြေသည်းများကိုအသုံးပြုကာ သစ်ပင်များကိုဖမ်းဆွဲရမှာဖြစ်သည်။ သို့သော်လည်း နဂါးသည်သစ်ပင်ကိုချိုးရန် သူ၏ခြေသည်းကိုမသုံးနိုင်သော်လည်း သစ်ပင်ကိုဆွဲဖြုတ်နိုင်ခဲ့သည်။

လေ့ကျင့်မှု၏ဒုတိယအပိုင်းတွင် နဂါးလေးသည်ချောက်ကမ်းပါး၌ ဥမင်လှိုဏ်ခေါင်းကိုတူးဖော်ရန် သူ၏ခြေသည်းများကိုအသုံးပြုရန်ဖြစ်သည်။ ခြင်္သေ့မြို့နှင့်အခြေစိုက်စခန်းကို ဆက်သွယ်ထားသည့်လှိုဏ်ခေါင်းများအား နဂါးလေးကတူးဖော်ခဲ့ခြင်းဖြစ်သည်။

လေ့ကျင့်မှု၏တတိယအပိုင်းတွင် နဂါးလေးသည် သူ၏ခြေသည်းများကိုအသုံးပြုကာ သေးငယ်သောငှက်လေးများကို ဖမ်းဆီးရမည်ဖြစ်သည်။ နဂါးလေး၏ခြေသည်းများသည် ငှက်များထက်များစွာကြီးမားသောကြောင့် နဂါးလေး၏တိကျမှုသည် များစွာတိုးတက်လာခဲ့သည်။ ထို့ပြင်ရှောင်ယုသည် နဂါးလေးအားတိုက်ခိုက်ရာ၌ အသုံးပြုနိုင်ရန်အတွက် လျှို့ဝှက်နည်းလမ်းများစွာကို သင်ကြားပေးခဲ့သည်။ ရှောင်ယုသည် လေ့ကျင့်မှုရရှိထားသောနဂါးလေးသည် အခြားတတိယအဆင့်နဂါးတစ်ကောင်နှင့် တိုက်ခိုက်ရလျှင်ပင် မရှုံးနိမ့်နိုင်ကြောင်း အာမခံနိုင်သည်။

နဂါးများသည် ပုံမှန်အားဖြင့်ဆိုလျှင် သူတို့၏ရက်စက်ကြမ်းကြုတ်သောခွန်အားနှင့် သန်မာသောခန္ဓာကိုယ်ကိုအားကိုးတတ်၍ လုံးဝလေ့ကျင့်မှုပြုလုပ်ရန် မလိုအပ်ပေ။ သို့သော်လည်း ရှောင်ယုသည်နဂါးလေး၏စွမ်းအားကို အကန့်အသတ်ထိမြင့်တင်လိုခဲ့သည်။ ထို့ကြောင့် နဂါးလေးမှစတင်လှုပ်ရှားချိန်တွင် စစ်မြေပြင်မှဆုတ်ခွာနေသော ရန်သူစစ်သားများသည် ကြွေကျနေသောသစ်ရွက်ခြောက်များကဲ့သို့ တဖြုတ်ဖြုတ်သေဆုံးနေခဲ့သည်။

All Chapters