အခန်း (၃၄၃-၃၄၅)
Vol. 23 Ch. 343-345
အခန်း ၃၄၃ - ကြေးစားသူရဲကောင်း
နဂါးလေးသည် ပြေးလွှားနေသောရန်သူများကို ဆက်လက်သတ်ဖြတ်နေသည့်အချိန်တွင် အမာခံမြင်းတပ်သည် ရန်သူများကိုလိုက်မှီလာခဲ့သည်။
ဇန်းသည် သာမန်စစ်သား၁၀၀၀၀ခန့်က်ို နောက်တန်း၌ခုခံစေကာ သူတို့နောက်ကိုလိုက်လာသောရန်သူများကို ပြန်လည်တွန်းလှန်ရန်စီစဉ်ခဲ့သည်။ သို့သော်လည်း နဂါးလေးနှင့်အမာခံမြင်းတပ်သားများ၏ အသွင်အပြင်သည်သူ၏အကြံအစည်ကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ရှောင်ယုဆင့်ခေါ်ထားသော အမာခံမြင်းတပ်သားများသည် သာမန်အမာခံမြင်းတပ်သားများနှင့် လုံးဝကွဲပြားပေသည်။ သူတို့၏တဟုန်ထိုးချီတက်နိုင်စွမ်းသည် ၁၀စက္ကန့်ကြာတိုင်း တစ်ကြိမ်အသက်သွင်းနိုင်စွမ်းရှိသည်။ ဒါဇင်ပေါင်းများစွာသော အမာခံမြင်းတပ်သားများသည် ရန်သူတို့အားတိုက်ခိုက်ရန်အတွက် တဟုန်ထ်ိုးချီတက်မှုကိုအသက်သွင်းချိန်တွင် ရန်သူကိုအချိန်တိုအတွင်း လိုက်မှီသွားခဲ့သည်။
" ပိတ်ဆို့ ... ပိတ်ဆို့ကြ "
ရန်သူတပ်မှူးက အသံကျယ်ကျယ်ဖြင့်အော်ဟစ်လိုက်သည်။ သို့သော်လည်း မြင်းတစ်ကောင်ခုန်တက်လာပြီး မြင်းခွာဖြင့်သူ၏ရင်ဘတ်ကိုကန်ထည့်လိုက်ရာ တပ်မှူးဖြစ်သူလည်းလွှင့်ထွက်သွားခဲ့သည်။ အမာခံမြင်းတပ်သားများကိုဆင့်ခေါ်ရာ၌ မြင်းများကိုပါတစ်ခါတည်းရရှိခဲ့သည်။ ဆင့်ခေါ်ထားသည့်မြင်းများသည် သာမန်မြင်းများထက်များစွာပိုမိုသန်မာပေသည်။
မြင်းတပ်များသည် မြက်ခင်းလွင်ပြင်ဒေသ၏ ဘုရင်များဖြစ်ကြလျှင် ရှောင်ယု၏အမာခံမြင်းတပ်သည် ဘုရင်များ၏အရှင်သခင်များဖြစ်ကြသည်။ အမာခံမြင်းတပ်သားများသည် တဟုန်ထိုးချီတက်ခြင်းကို ကျွမ်းကျင်ပိုင်နိုင်သလို ရန်သူကိုသတ်ဖြတ်ရန်အတွက် ဧရာမဓားရှည်များကိုအသုံးပြုကြသည်။ ယခုအချိန်၌ အမာခံမြင်းတပ်သား၁၀၀၀သည် သာမန်တပ်သား၁၀၀၀၀ထက်ပင်ပိုမိုအစွမ်းထက်နေပုံရသည်။
" တတိယမြောက်ခြေလျင်တပ်မဟာ ... ကာကွယ်ဖို့အသင့်ပြင် "
ဇန်းကအော်ဟစ်အမိန့်ပေးလိုက်သည်။ စစ်မြေပြင်မှဆုတ်ခွာချိန်၌ အသေအပျောက်များပြားမည်ဖြစ်ကြောင်း သူသိထားသော်လည်း ရလဒ်သည်ဤမျှဆိုးရွားမည်ဟု မထင်ထားပေ။ မူလကသူသည် ခြင်္သေ့မြို့တွင်းသို့ဝင်ရောက်တိုက်ခိုက်ချိန်၌ အမာခံခြေလျင်တပ်မဟာကို ထုတ်သုံးရန်ယူဆောင်လာခဲ့သော်လည်း ကံမကောင်းစွာဖြင့်အသုံ့းမချနိုင်ခဲ့ပေ။ ထို့ပြင် တတိယအမာခံခြေလျင်တပ်မဟာသည် သူ၏ရင်သွေးငယ်များသဖွယ်ဖြစ်သည်။ သို့သော်လည်း ယခုအခါသူသည်တစ်ခုခုကိုတော့ရွေးချယ်ရတော့မည်ဖြစ်သည်။ သူသည် တတိယမြောက်ခြေလျင်တပ်မဟာကိုစွန့်လွှတ်ခြင်းမပြုလုပ်ပါက ရန်သူများ၏လက်ချက်ကြောင့် သူတို့၏အသေအပျောက်သည်အလွန်မြင့်မားသွားမည်ဖြစ်သည်။
အမာခံခြေလျင်တပ်သားများတွင် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးအုပ်ပေးထားသည့် ခေတ်မှီသောစက်ကိရိယာများမရှိပေ။ သို့သော်လည်း သူတို့ဝတ်ဆင်ထားသည့်သံချပ်ကာများသည် လေးလံခြင်းမရှိဘဲ ခြေလျင်တပ်သားများကို အတိုင်းအတာတစ်ခုထိ လိုက်လျောညီထွေဖြစ်စေရန် ပြုလုပ်ထားပေသည်။ ထို့ပြင် သူတို့အားလုံးကိုအချိန်အတော်ကြာသည်ထိ စနစ်တကျလေ့ကျင့်ပေးထားသည့်အတွက်ကြောင့် သူတို့သည်အလွန်ကောင်းမွန်သော တိုက်ခိုက်ရေးစွမ်းအားကိုပိုင်ဆိုင်ထားပေသည်။
သူတို့တစ်ဦးချင်းစီတိုင်းသည် ဒိုင်းလွှားများနှင့်သံမဏိဓားများကို ကိုင်ဆောင်ထားကြပြီး တိုက်ခိုက်ခြင်းနှင့်ခုခံခြင်းကို တစ်ချိန်တည်း၌ပြုလုပ်နိုင်သည်။ ထိုခြေလျင်တပ်မဟာသည် မည်သည့်စစ်တပ်ကိုမဆို အကြောက်အလန့်မရှိရင်ဆိုင်နိုင်စွမ်းရှိသည်။ သို့သော်လည်း ယခုအချိန်၌သူတို့သည် ရှောင်ယုနှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်။
အမာခံမြင်းတပ်သားများသည် သူတို့၏မြင်းများကိုအသုံးပြုကာ ခြေလျင်တပ်ကိုတိုက်ခိုက်ကြသည်။ မြင်း၏ရင်ဘတ်ချပ်ဝတ်ပေါ်၌ ဆူးအဖြစ်အသုံးပြုနိုင်သည့် ရှည်လျားသောအချွန်များကို တပ်ဆင်ထားခဲ့သည်။ ခြေလျင်တပ်သားများ၏ ချပ်ဝတ်တန်ဆာသည်မာကျောထူထဲသော်လည်း မြင်း၌တပ်ဆင်ထားသောဆူးချွန်နှင့် အမာခံမြင်းတပ်သားများ၏တဟုန်ထိုးချီတက်တိုက်ခိုက်မှုအား မကာကွယ်နိုင်ခဲ့ပေ။ ခြေလျင်တပ်သားများ၏ချပ်ဝတ်တန်ဆာများပင်မဆိုနှင့် သူတို့၏ဒိုင်းလွှားများသည်ပင် ထိုဆူးချွန်များအားမပိတ်ဆို့နိုင်ခဲ့ပေ။
ထိုအခြေအနေကိုအခွင့်ကောင်းယူကာ ရှောင်ယု၏လက်ကျန်တပ်များသည် ခြေလျင်တပ်များအနီးသို့ရောက်ရှိလာခဲ့သည်။ မှော်စုန်းဆရာများသည် ဟာရီကိန်းစွမ်းရည်ကို စတင်အသုံးပြုခဲ့ကြကာ ရန်သူ၏အမာခံခြေလျင်တပ်သားများကို ကောင်းကင်ပေါ်သို့မြှောက်တက်စေခဲ့သည်။ ထိုခဏတွင် ရန်သူ၏ဖွဲ့စည်းပုံသည်လုံးဝဖရိုဖရဲဖြစ်သွားခဲ့သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ကနေဒီမိသားစု၏တပ်များသည် ရှောင်ယု၏တပ်များထက် ပိုမိုအားကောင်းသော်လည်း ရှောင်ယု၏လက်အောက်တွင် တပ်ဖွဲ့မျိုးစုံရှိနေပြီး တိုက်ခိုက်နိုင်သည့်ပုံစံများစွာရှိပေသည်။ ထိုကြောင့် ကနေဒီမိသားစုသည် ခြင်္သေ့မြို့အားသိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပေ။
ရှောင်ယု၏လေကြောင်းတပ်များသည် ပိုမိုကြောက်မက်ဖွယ်ကောင်းပေသည်။ ဂရစ်ဖင်အများအပြားသည် ရန်သူမှော်ဆရာများနှင့်လေးသမားများ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည့်အတွက် ယခုအခိုက်အတန့်တွင် ဂရစ်ဖင်များသည်အလွန်ဒေါသထွက်နေခဲ့ကြသည်။ ကျန်ရှိနေသောဂရစ်ဖင်များသည် အဖွဲ့ငယ်များအဖြစ်ဖြန့်ခွဲသွားကြကာ ရန်သူများကိုလျှပ်စီးကြောင်းများဖြင့် လိုက်လံတိုက်ခိုက်ခဲ့သည်။ ဂရစ်ဖင်များသည်ပင် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများကို အသုံးပြုခဲ့ကြပြီး စစ်မြေပြင်ကိုလွှမ်းခြုံခဲ့ကြသည်။
အဓိကပြဿနာမှာ ရှောင်ယု၏လက်ထဲတွင် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေး အမြောက်အများရှိမနေခြင်းဖြစ်သည်။ ပထမဆုံးနှင့်အဓိကအကျဆုံးမှာ ကြီးမားသောတိုက်ပွဲများကြောင့် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးကိုသုံးစွဲမှု အလွန်မြင့်မားသော်လည်း ထုတ်လုပ်မှုအကန့်အသတ်ရှိခြင်းဖြစ်သည်။ ထို့ပြင် အန်တိုနီဒက်စ်နှက့်ကဲလ်သက်တို့သည် မယုံနိုင်ဖွယ်ပမာဏဖြင့် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများကို သုံးစွဲခဲ့ကြသည်။ သူတို့သည် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများကို ရေကဲ့သို့သောက်သုံးခဲ့ကြသည်။ ထို့နောက် မှော်စုန်းဆရာများ ၊ နတ်ဆရာများနှင့်အခြားမှော်စွမ်းအင်သုံးတပ်သားများသည်လည်း မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများကို အသုံးပြုရန်လိုအပ်ပေသည်။ ထို့ကြောင့် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများနှင့် အနာကျက်ဆေးများသည် ရှောင်ယုအတွက်ပိုမိုအရေးကြီးပေသည်။
သူရဲကောင်းများသည် အနာကျက်ဆေး၏အကူအညီမရရှိပါက စစ်မြေပြင်၌ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်မည်မဟုတ်ပေ။ နဂါးလေးကိုယ်တိုင်က အလွန်ရဲရင့်ရခြင်းမှာ သူသာအသက်ရှိနေသရွေ့ ဒဏ်ရာများကိုကုသနိုင်ကြောင်းသိရှိထား၍ဖြစ်သည်။ ရှောင်ယုသည် နဂါးလေးကိုလေ့ကျင့်ပေးရန် အနာကျက်ဆေးများစွာကိုအသုံးပြုခဲ့ရသည်။ နဂါးလေးသာ အနာကျက်ဆေးများမရရှိခဲ့ပါက လက်ရှိအဆင့်သို့ရောက်ရှိရန် အချိန်များစွာပိုမိုကြာမြင့်မှာဖြစ်သည်။ ထို့ပြင် နဂါးလေးအသုံးပြုခဲ့သည့် အနာကျက်ဆေးများသည် အခြားသူရဲကောင်းအားလုံးထက် ပိုမိုများပြားကြောင်းသိရှိထားရမည်ဖြစ်သည်။ နဂါးလေး၏ခန္ဓာက်ိုယ်သည် ကြီးမားသည့်အတွက်ကြောင့် ဒဏ်ရာရရှိလာချိန်တိုင်းတွင် အနာကျက်ဆေးများကို အမြောက်အများသုံးစွဲပေးရသည်။
အန်တိုနီဒက်စ်နှင့်ကဲလ်သက်တို့သည်လည်း မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများ၏ အကူအညီမရရှိပါက ရန်သူအမြောက်အများကို သတ်ဖြတ်နိုင်မည်မဟုတ်ပေ။ အကောင်းဆုံးအနေဖြင့် သူတို့သည်ဆယ်မိနစ်ခန့်အနားယူပြီးနောက် သူတို့၏မှော်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် အချိန်အတော်ကြာအနားယူရမည်ဖြစ်သည်။ သို့သော် ယခုမူ မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများကြောင့် မီးမိုးများ ၊ နှင်းမုန်တိုင်းများ အစရှိသည့်စွမ်းအားကြီးမှော်မန္တန်များကို ဆက်တိုက်အသုံးပြုနိုင်ခဲ့ကြသည်။ ထိုမှော်ဆရာနှစ်ယောက်အသုံးပြုခဲ့သော မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများသည် အဆင့်မြင့်မှော်ဆရာဒါဇင်ချီနှင့်ညီမျှပေသည်။
ဤအခိုက်အတန့်တွင် ဝက်ဝံစစ်သည်များသည် အလွန်ရဲရင့်စွာတိုက်ခိုက်ခဲ့ကြသည်။ သူတို့၏ဧရာမလက်သည်းများသည် အမာခံခြေလျင်တပ်သားများ၏ ချပ်ဝတ်များကိုပင်ဖျက်ဆီးနိုင်ခဲ့သည်။ ဝက်ဝံစစ်သည်များ၏ခွန်အားသည် သာမန်စစ်သားများထက်များစွာပိုမိုအားကောင်းပေသည်။ ထိုသို့မဟုတ်ပါက သူတို့တစ်ကောင်စီသည် ဆင့်ခေါ်နေရာလပ်၂ခုအား အရယူမည်မဟုတ်ပေ။ ဝက်ဝံစစ်သည်များသည် ရိုင်းစိုင်းသောအခြေအနေသို့ ရောက်ရှိပြီးနောက်တွင် မူလကထက်နှစ်ဆကြီးမားလာပြီး ရန်သူများကိုသတ်ဖြတ်ခဲ့သည်။ သူတို့သည် ၃မီတာအမြင့်ရှိပြီး သူတို့၏တိုက်ခိုက်မှုတစ်ခုက သစ်ပင်ငယ်တစ်ခုကိုပင် အမြစ်မှကျွတ်ထွက်သွားစေနိုင်သည်။
ဗုံး ...
တိုင်ရန်ဒီသည် မှော်ဖောက်ခွဲရေးမြှားကိုအသုံးပြုကာ အမာခံခြေလျင်တပ်သား ဒါဇင်များစွာကို တစ်ကြိမ်တည်းဖြင့်သတ်ဖြတ်လိုက်သည်။ အောစ့်စစ်သည်များသည် လက်ကျန်စစ်သားများကို သတ်ဖြတ်ရန်ပြေးဝင်သွားခဲ့ကြသည်။ တိုင်ရန်ဒီသည် မှော်ဖောက်ခွဲရေးမြှားများကို အသုံးပြုနေချိန်တွင် သေမင်းနတ်ဘုရားတစ်ပါးနှင့်တူနေခဲ့သည်။
" တိုင်ရန်ဒီ ... မှော်ဖောက်ခွဲရေးမြှားတွေက်ို အတတ်နိုင်ဆုံးမသုံးနဲ့ "
ရှောင်ယုကအမိန့်ပေးလိုက်သည်။ မှော်ဖောက်ခွဲရေးမြှားများသည် ရန်သူကိုတိုက်ခိုက်ရာ၌ အလွန်ပင်ထိရောက်သော်လည်း ယခုအချိန်၌အရေအတွက်၂၀၀အောက်သာကျန်ရှိတော့သည်။ ထိုမြှားတံများသည်သုံးစွဲရန် အလွန်ပင်လွယ်ကူသော်လည်း ထုန်လုပ်ရန်အလွန်ခက်ခဲပေသည်။
ဇန်း၏ အမာခံခြေလျင်တပ်သား၁၀၀၀၀ကို ဖြန့်ကျက်၍ရန်သူကိုတိုက်ခိုက်မယ့်အစီအစဉ်သည် ရှောင်ယု၏လိုက်လံတိုက်ခိုက်မှုအား အချိန်ခဏအကြာသာဟန့်တားနိုင်ခဲ့သည်။
အမှန်တော့ရှောင်ယုသည် ထွက်ပြေးသွားသူများကိုအလွှတ်ပေးကာ ခုခံရန်ကျန်ရစ်ခဲ့သူများအား သတ်ဖြတ်ခြင်းသည်ပိုမိုကောင်းမွန်ကြောင်း နားလည်ထားသည်။ သူသည် မူရေးတစ်ယောက်စစ်မြေပြင်၌ ကျရှုံးခဲ့ပုံကိုတွေ့မြင်ထားပြီးနောက် တူညီသောကံကြမ္မာအားပြန်လည်မရင်ဆိုင်လိုခဲ့ပေ။ အဆုံးသတ်တွင် ရန်သူဘက်၌ မှော်ဆရာများနှင့်သူရဲကောင်းများစွာကျန်ရှိနေသေးသည်။ ရန်သူ၏မှော်ဆရာများနှင့်သူရဲကောင်းအများစု သတ်ဖြတ်ခံခဲ့ရသော်လည်း ကျန်အင်အားစုသည်ပင် ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်လှပေသည်။
ရှောင်ယုသည် ရန်သူအားလုံးကိုလိုက်ဖမ်းရန်ကြိုးစားပါက ကြီးမားသောအဖိုးအခကိုပေးချေရမည်ဖြစ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့်ရှောင်ယုသည် သူ၏တပ်များကိုအရှိန်လျော့ရန် အမိန့်ပေးခဲ့သည်။
ရှောင်ယုသည် ရန်သူများနောက်သို့တနေကုန်လိုက်လံပြီးနောက်တွင် ကနေဒီမိသားစု၏တပ်များသည် ဝေပြည်နယ်သို့စတင်ဝင်ရောက်သွားကြသည်။ ကနေဒီမိသားစု၏တပ်များသည် ခိုင်ခံ့သောနံရံတံတိုင်းများ ကာရံထားသည့်မြို့ထဲသို့ဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ရသောအခါ ရှောင်ယုသည်သူ၏တပ်များကို ပြန်လည်ဆုတ်ခွာရန် အမိန့်ပေးခဲ့သည်။
ကနေဒီမိသားစုသည် အချိန်တိုအတွင်းနောက်ထပ်အကြီးစားတိုက်ခိုက်မှုတစ်ခု မပြုလုပ်နိုင်တော့ကြောင်း ရှောင်ယုသိရှိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ရှောင်ယု၏တပ်များသည်လည်း အကျအရှုံးများပြားစွာ ရင်ဆိုင်ခဲ့ရသည်။
ထို့နောက်တွင် ရှောင်ယုသည်ဝေပြည်နယ်၏ ပတ်ပတ်လည်ရှိအရင်းအမြစ်များကို သိမ်းယူရန်အမိန့်ပေးခဲ့သည်။ ပရမ်းပတာကာလသည် စတင်နေပြီဖြစ်ကာ ဘုရားကျောင်းသည်လည်းစတင်လှုပ်ရှားနေပြီဖြစ်သည်။ စွမ်းအားကြီးသောအင်အားစုများသည် သူတို့နှင့်နီးစပ်သောခရိုင်ငယ်များနှင့် အရင်းအနှီးများကိုသိမ်းဆည်းကာ စတင်စုဆောင်းလာခဲ့သည်။ ရှောင်ယုသည်လည်း ထိုကဲ့သို့သောအခွင့်အရေးမျိုးအား လက်လွတ်ခံရန်မစီစဉ်ထားပေ။
ရှောင်ယုသည် စစ်အောင်ပွဲအတွက် ခြင်္သေ့မြို့တွင် ၃ရက်တိတိပျော်ပွဲရွှင်ပွဲကျင်းပရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း သူသည်ထိုအခမ်းအနားကို တစ်နေကုန်တက်ရောက်ရန် အစီအစဉ်လုံးဝမရှိပေ။
ပထမပြဿနာမှာ ဝေပြည်နယ်ကိုစတင်သိမ်းပိုက်ရန်ဖြစ်သည်။ ဒုတိယပြဿနာမှာ ဂေါ်ဒန်၏ဦးခေါင်းခွံပြသနာဖြစ်သည်။ တတိယပြဿနာမှာ ခြင်္သေ့နယ်မြေဖြစ်သည်။ သူသည် ဤစစ်ပွဲပြီးနောက် အရာအားလုံးကို ပြန်လည်ဖွဲ့စည်းရမည်ဖြစ်သည်။
သူတို့သည် ဤစစ်ပွဲ၌အောင်ပွဲဆင်နိုင်ခဲ့သော်လည်း သာမန်စစ်သားများစွာ သေဆုံးသွားခဲ့ရသည်။ သူသည်ဝေပြည်နယ်ကို သိမ်းပိုက်ပြီးနောက် ထိုပြည်နယ်မှလူများကိုသူ၏ကိုယ်ပိုင် အရင်းအမြစ်များအဖြစ် ပြန်လည်အသုံးချနိုင်မှာဖြစ်သည်။ သူသည် ခြင်္သေ့မြို့ကိုတိုးတက်စေရန် အရာရာတိုင်းအား အသုံးချရန်လိုအပ်ပေသည်။
ရှောင်ယုသည် သူ့စိတ်ထဲတွင် အရာရာကိုစတင်တွေးတောနေစဉ် စနစ်မှအသိပေးချက်ကိုရရှိလာခဲ့သည်။
စနစ်မှအသိပေးချက် - ကြီးမားသည့်အောင်ပွဲကို ရရှိခဲ့သည့်အတွက် စနစ်မှတည်းခိုအိမ်တစ်ခုကို ချီးမြင့်ပေးမည်။ထိုတည်းခိုအိမ်မှ ကြေးစားသူရဲကောင်းတစ်ယောက်ကို အခမဲ့ဆင့်ခေါ်နိုင်သည်။
" မင်းအမေပဲပေါ့ ... ငါကကြေးစားသူရဲကောင်းတစ်ယောက်ကို ဆင့်ခေါ်နိုင်မှာလား "
ရှောင်ယုက အလန့်တကြားရေရွတ်လိုက်သည်။
အခန်း ၃၄၄ - ငါ့ရဲ့ဇနီးကရောက်လာပြီ
" ကြေးစားသူရဲကောင်း ... "
ရှောင်ယုသည် ယခုအချိန်၌ ထိုကဲ့သို့သောကိစ္စရပ်မျိုးအား ရရှိရန်မမျှော်လင့်ထားသည့်အတွက် အံ့အားသင့်သွားခဲ့သည်။ အမှန်တော့ရှောင်ယုသည် တည်းခိုအိမ်ကိုတည်ဆောက်ရန် စိတ်ကူးရှိခဲ့သော်လည်း ထိုသို့ပြုလုပ်ရန်အခွင့်မသာခဲ့ပေ။ ထို့ပြင် လက်ရှိအချိန်၌သူ့ထံတွင် သူရဲကောင်း၁၂ယောက်ရှိပြီဖြစ်သော်လည်း လုံလောက်ခြင်းမရှိသေးပေ။
" သူရဲကောင်းအသစ် ... အရမ်းမိုက်တယ် "
ရှောင်ယုသည် အခြေစိုက်စခန်းသို့ အမြန်ဆုံးပြေးသွားခဲ့သည်။ ထို့နောက်ရှောင်ယုသည် တည်နေရာကိုရွေးချယ်လိုက်ပြီးနောက် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ တည်းခိုအိမ်ကို ဆောက်လုပ်ခဲ့သည်။ တည်းခိုအိမ်သည် ဂိမ်းထဲတွင်ဆိုလျှင် ပိုမ်ိုဆန်းသစ်ပြီး အစစ်အမှန်ဆန်ပေသည်။ ထိုအဆောက်အဦးသည် ခေတ်သစ်ကမ္ဘာရှိ စားသောက်ဆိုင်များနှင့်မတူပေ။ သူသည် တည်းခိုအိမ်မှ ဆင့်ခေါ်နိုင်သောသူရဲကောင်းများကို စတင်စစ်ဆေးခဲ့သည်။
ဆင့်ခေါ်နိုင်သည့်သူရဲကောင်းများအနက် ၈ဦးမှာ ပန်ဒါအရက်သခင် ၊ အမှောင်ရိန်းဂျား ၊ သားရဲသခင် ၊ နာဂပင်လယ်စုန်း ၊ မန်နိုရော့ဖျက်ဆီးသူ ၊ မှင်စာလှည့်လည်သူ ၊ မီးတောက်သခင်နှင့်မှင်စာသုတေသနပညာရှင်တို့ဖြစ်သည်။
ရှောင်ယုသည် သူရရှိနိုင်သော သူရဲကောင်းတစ်ဦးစီကို စစ်ဆေးကြည့်ပြီးနောက်တွင် အနည်းငယ်စိတ်လှုပ်ရှားနေခဲ့သည်။ သူရဲကောင်းအချို့သည် အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာရှိပြီး သူတို့၏အလားအလာသည် အလွန်မြင့်မားကြောင်း သိသာထင်ရှားပေသည်။ သူတို့တစ်ယောက်ချင်းစီတွင် အားသာချက်များရှိသည့်အတွက်ကြောင့် မည်သည့်သူရဲကောင်းကိုဦးစားပေးရွေးချယ်ရမည်မှာ ပြဿနာတစ်ရပ်ဖြစ်သည်။ ဤနေရာ၌ ရွေးချယ်မှုပြုလုပ်ရသည်မှာ ရှောင်ယုအတွက်အမှန်ပင်ပြဿနာတစ်ရပ်ဖြစ်သည်။
ရှောင်ယုသည် သူ၏ကိုယ်ပိုင်စိတ်ခံစားမှုအရ ပန်ဒါအရက်သခင်ဆီ လှည့်ကြည့်မိလိုက်သည်။ သူသည် တရုတ်လူမျိုးတစ်ယောက်ဖြစ်ရာ အရက်သခင်သည် သူ့မိသားစု၏တစ်စိတ်တစ်ပိုင်းကဲ့သို့ ခံစားမိသည်။ ဤနည်းဖြင့် သူသည်အိမ်ကိုလွမ်းဆွေးသောဝေဒနာအား ဖြေသိမ့်နိုင်ပေသည်။ တစ်ဖက်တွင် ပန်ဒါများသည်အနီးကပ်တိုက်ခိုက်ရေး၌ ဘုရင်တစ်ပါးဖြစ်ပေသည်။ သူသည် ပန်ဒါအရက်သခင်ကိုသက်တော်စောင့်အဖြစ် အသုံးပြုနိုင်ပေသည်။ သို့သော်လည်း အကြီးစားစစ်ပွဲများ၌ဆိုပါက မှင်စာလှည့်လှည်သူနှင့်မီးတောက်သခင်တို့က ပိုမိုအသုံးဝင်ပေသည်။ နာဂပင်လယ်စုန်းသည် ရေရှိသောမြေနေရာများ၌ ပိုမိုအသုံးဝင်ပေသည်။ ရှောင်ယုသည် သူရဲကောင်းများအနက် မည်သူ့အားရွေးချယ်ရမည်ကို မတွေးတောနိုင်၍ ခေါင်းကိုက်နေရတော့သည်။
ရှောင်ယုသည် အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက်တွင် သူ၏နောက်ထပ်ပစ်မှတ်အဖြစ် နေဝင်ချိန်နွံအိုင်အတွင်းရှိ ဂေါ်ဒန်ဦးခေါင်းခွံအား ရယူရန်သတ်မှတ်ခဲ့သည်။ ထိုနေရာ၌ ရေများစွာရှိမည်ဖြစ်ကာ ရေအောက်၌သွားလာန်ိုင်သော သူရဲကောင်းတစ်ဦးကိုလိုအပ်သည့်အတွက်ကြောင့် ယခုအချိန်တွင် အမှန်ကန်ဆုံးသောရွေးချယ်မှုအဖြစ် နာဂပင်လယ်စုန်းကိုရွေးချယ်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု ယူဆခဲ့သည်။
နာဂပင်လယ်စုန်းအား ရွေးချယ်ပြီးနောက်တွင် သူသည်ဝေပြည်နယ်အကြောင်းက်ို စတင်၍စဉ်းစားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူသည်ရန်သူ့နယ်မြေအားတိုက်ခိုက်နိုင်စွမ်း မရှိသေးပေ။ ပထမဆုံးအနေဖြင့် ကနေဒီမိသားစု၏တပ်များသည် ဤနေရာ၌ယာယီစခန်းချနေခြင်းဖြစ်သည်။ သူတို့သည် ဝေပြည်နယ်၌အလွန်ခိုင်မာသော ခုခံမှုများကိုစီစဉ်ထားမှာသေချာပေသည်။ ရှောင်ယုသည် ဝေပြည်နယ်အားမတိုက်ခိုက်မှီ သူ၏စွမ်းအားနှင့်တပ်ဖွဲ့များကို တည်ငြိမ်အောင်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
သူသည် အခြေစိုက်စခန်းများမှ တပ်သားသစ်များကိုခေါ်ယူကာ စစ်သားများကိုစုဆောင်းမည်ဖြစ်သည်။ ထို့နောက်တွင် သူသည်ဂေါ်ဒန်၏ဦးခေါင်းခွံအား ရှာဖွေမည်ဖြစ်သည်။ ရောဘတ်သည်လည်း ဂေါ်ဒန်၏ဦးခေါင်းခွံအားရှာဖွေမည်ဟု ရှောင်ယုယုံကြည်ထား၍ ခြင်္သေ့မြို့သည် ရန်သူများ၏တိုက်ခိုက်မှုဒဏ်မှ ခေတ္တဝေးကွာနေမည်ဟု ရှောင်ယုခံစားမိပေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည်ခြင်္သေ့မြို့၌ တပ်ဖွဲ့အမြောက်အများကို ချန်ထားရစ်ခဲ့ပြီး သူနှင့်အတူလိုက်ပါရန်အတွက် သူရဲကောင်းအနည်းငယ်ကိုသာခေါ်ဆောင်ရန် စီစဉ်ထားခဲ့သည်။
ထို့ပြင် ဝေပြည်နယ်သည်လည်း စစ်သားများစွာဆုံးရှုံးခဲ့ရသည့်အတွက်ကြောင့် စစ်သားစုဆောင်းရေးနှင့်လေ့ကျင့်ရေးတွင် အချိန်အတော်ကြာဝေးကွာနေခဲ့ရသည်။ လက်ရှိအချိန်တွင် ဘုရားကျောင်းသည် အူသာကိုအာရုံစိုက်နေသည့်အတွက်ကြောင့် ရှောင်ယုသည် အူသာကိုနေဝင်ချိန်နွံအိုင်သို့ သူနှင့်အတူခေါ်ဆောင်သွားရန် စီစဉ်ခဲ့သည်။ ဘုရားကျောင်းသည် အူသာမရှိသည့်ခြင်္သေ့မြို့အား လာရောက်တိုက်ခိုက်မည်မဟုတ်ပေ။
ထို့ပြင် အူသာ၏လက်ရှိတိုက်ခိုက်ရေးနှင့်ခုခံရေးအပိုင်းများသည် အခြားသူရဲကောင်းများထက် နိမ့်ကျခြင်းမရှိပေ။ ဖြစ်နိုင်ခြေအရှိဆုံးမှာ ဘုရားကျောင်းသည်သူတို့ကိုဒုက္ခပေးရန်အတွက် နေဝင်ချိန်နွံအိုင်သို့ လူအချို့အားစေလွှတ်ရန်ဖြစ်သည်။ သို့သော်လည်း ထိုနေရာများ၌ မဟာမိတ်များကိုရှာဖွေရန် ပိုမိုခက်ခဲမည်ဖြစ်သည်။ နေဝင်ချိန်နွံအိုင်သို့ စွမ်းအားကြီးအင်အားစုများစွာ ရောက်ရှိလာမည်ဖြစ်ရာ အင်အားစုတိုင်းတွင် သူတို့၏ကိုယ်ပိုင်အစီအစဉ်များ ရှိနေမှာဖြစ်သည်။
ရှောင်ယုသည် အစီအစဉ်များကိုချမှတ်ပြီးနောက် နာဂပင်လယ်စုန်း၏ အချက်အလက်များကို စစ်ဆေးရင်းကျေနပ်နေခဲ့သည်။ သူမသည် တာဝေးပစ်တိုက်ခိုက်ရေးသမားဖြစ်သည်။ ဤနေရာတွင် သူမသည်တိုင်ရန်ဒီနှင့်နှိုင်းယှဉ်နိုင်သော်လည်း သူမ၏ပုံစံသည် ပိုမို၍ကွဲပြားပေသည်။
ရှောင်ယုကိုယ်တိုင်က ဤစစ်ပွဲကြီးအပြီး၌ အဆင့်၃၇ထိရောက်ရှိခဲ့သည်။ လက်ရှိအချိန်၌ သူ၏ပင်ကိုယ်အရည်အချင်းမှတ်များကို အစီအစဉ်တကျခွဲဝေပေးထားခဲ့သည်။ သူ၏ခွဲဝေပေးမှုအရ ရှောင်ယုသည်သွက်လက်မှုကို အထူးအလေးပေးသောသူရဲကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပေသည်။ သို့သော်လည်း အစစ်အမှန်သူရဲကောင်းတစ်ယောက်နှင့် သူ့အကြား၌ကိုယ်ခံပညာကွာဟချက်သည် အလွန်ကျယ်ပြောပေရာ သွက်လက်မှုက ထိုကွာဟချက်ကိုမပယ်ပျောက်စေပေ။ လက်ရှိအချိန်၌ သူသည်ခွန်အားကိုအဓိကအာရုံစိုက်နေခဲ့သည်။ သူ့ထံတွင် ဆန်းကြယ်ပုဆိန်ကိုပိုင်ဆိုင်ထားကာ ခိုင်ရင်း၏ကျွမ်းကျင်မှုကိုသင်ယူခဲ့သည်။
ယခုအချိန်တွင် ရှောင်ယုသည်တတိယအဆင့်သားရဲတစ်ကောင်ကိုပင် လွယ်လွယ်ကူကူရင်ဆိုင်ကာ လှည့်ပတ်တိုက်ခိုက်နိုင်စွမ်းရှိသည်။ သူ့ထံတွင်လေလမ်းလျှောက်ခြင်း ၊ တာတိုရွေ့ပြောင်းခြင်း ၊ တည်နေရာရွေ့ပြောင်းခြင်း ၊ သူရဲကောင်းဆန်စွာခုန်လွှားခြင်းနှင့် ရန်သူကိုရှောင်တိမ်းန်ိုင်သည့် အခြားကျွမ်းကျင်မှုများလည်းရှိသည်။
ရှောင်ယုသည် ဆန်းကြယ်ပုဆိန်ကိုဝှေ့ယမ်းလိုက်ကာ လူခါးနှစ်ခုခန့်အထူရှိသော သစ်ပင်ကြီးတစ်ပင်အား နှစ်ခြမ်းခွဲပစ်လိုက်တော့သည်။
" မင်းအမေပဲပေါ့ ... ငါ့ကိုဟောခ့်နဲ့တစ်ပွဲလောက်ပေးနွဲစမ်းပါ "
ရှောင်ယုသည် သူ၏ကြီးမားသောခွန်အားအပေါ် မာနအပြည့်ဖြင့်ရေရွတ်လိုက်သည်။
...
...
မိုင်ယဗ်နှင့်လီအာတို့သည် ရက်အနည်းငယ်ကြာသည်ထိ သတင်းအချက်အလက်များစုံစမ်းပြီးနောက် ရှောင်ယုအားအစီရင်ခံစာတင်ပေးခဲ့သည်။ ဂေါ်ဒန်၏ဦးခေါင်းခွံသတင်းကြောင်း ဤတိုက်ကြီးရှိအင်အားစုတိုင်းသည် နေဝင်ချိန်နွံအိုင်သို့ သွားရောက်ရန်ပြင်ဆင်နေကြသည်။ ဂေါ်ဒန်၏ဂုဏ်သတင်းသည် ဟိုးယခင်ကပင်ကျယ်ပြန့်စွာပျံ့နှံ့လာခဲ့ပြီးဖြစ်ရာ ဤကဲ့သို့သောပစ္စည်းတစ်ခုအား မလိုချင်သူမရှိခဲ့ပေ။ ဂေါ်ဒန်၏ဦးခေါင်းခွံက်ိုရရှိထားခြင်းသည် အခြားရတနာများစွာကို ရရှိထားခြင်းထက်ပိုကောင်းပေသည်။
ဤတိုက်ကြီးတွင် ပိုမိုသန်မာသောလက်သီးကို ပိုင်ဆိုင်သူများကသာ သူတို့အလိုရှိသမျှကိုရယူလိုကြသည်။
ရှောင်ယုသည် အစီရင်ခံစာများမှတဆင့် အခြေအနေကိုခွဲခြမ်းစိတ်ဖြာခဲ့ပြီး လက်ရှိအခြေအနေသည်မည်မျှထိ အန္တာရယ်များကြောင်း လေ့လာစူးစမ်းခဲ့သည်။ နေဝင်ချိန်နွံအိုင်သို့ ရောက်လာမယ့်အင်အားစုများတွင် နဂါးများနှင့်မြွေများ ရောထွေးပါဝင်နေမည်ဖြစ်၍ ယင်းအခြေအနေသည် သူ့အတွက်များစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်သည်။ ကနေဒီမိသားစု ၊ ဘုရားကျောင်းနှင့်လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်များသည်ပင် ထိုနေရာ၌ရှိနေနိုင်သည်။
ယခုအချိန်ထိ ဤတိုက်ကြီးပေါ်၌ရှောင်ယုမကြုံတွေ့ဖူးသော အင်အားစုများစွာရှိနေမှာဖြစ်သည်။ ယခုအချိန်တွင် ရှောင်ယုသည်သူ့အားသတ်ဖြတ်ရန် ကြိုးစားခဲ့သောမဟာမြို့စားဆမ်ကိုပင် ပြိုင်ဘက်အဖြစ်မသတ်မှတ်ထားပေ။ ရှောင်ယုသည် လက်ရှိအချိန်တွင် မည်သည့်ပြဿနာမှမရှိဘဲ ထိုလူအားသတ်ဖြတ်နိုင်သည်။
ခြင်္သေ့နယ်မြေသည် ယခင်ခြင်္သေ့နယ်မြေမဟုတ်တော့ပေ။ သူတို့၏အိမ်တံခါးကို ကျူးကျော်ရန်လာရောက်သူတိုင်းသည် ပျက်သုဉ်းခြင်းနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။
ပြင်းထန်သောလက်သီးကသာ ပြဿနာအားလုံး၏ အဖြေဖြစ်သည်။
ရှောင်ယုသည် နေဝင်ချိန်နွံအိုင်သို့ သူနှင့်အတူခေါ်ဆောင်သွားမည့်လူစာရင်းကို ပြုစုနေချိန် စစ်သားတစ်ယောက်ရောက်ရှိလာခဲ့သည်။
" အရှင် ... အရှင့်ရဲ့မိန်းမရောက်လာပြီ "
" လင်းမူရွယ် .. . "
ရှောင်ယုသည် ထိုသတင်းကိုကြားကြားချင်း စိတ်ရှုပ်သွားခဲ့သည်။ သူသည် တိုက်ပွဲများကိုအချိန်အတော်ကြာအောင် အာရုံစိုက်ထားခဲ့သည့်အတွက်ကြောင့် သူ၏အိမ်ထောင်ရေးအကြောင်းကို မေ့လျောနေခဲ့သည်။ လင်းမူရွယ်သည် ယခုနှစ်တွင်ဘွဲ့ရခဲ့ပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့တက်ရောက်ရန်ကိုပင် မေ့လျော့သွားခဲ့သည်။
ရှောင်ယုသည် သူမအားတွေ့ဆုံရန်ပြင်ဆင်နေချိန်တွင် လင်းမူရွယ်ကခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ လင်းမူရွယ်နှင့်မူဟန်တို့သည် ရှေ့ဆုံး၌ရှိနေပြီး သူမတို့နှင့်အတူလိုက်ပါလာသည့် ကျောင်းသားများလည်းရှိနေသေးသည်။ သူမတို့သည် ရှောင်ယုကိုယ်တိုင်က သူတို့အားထွက်ရောက်တွေ့ဆုံ၍ ကြိုဆိုမည်ကို လက်မခံခဲ့ပေ။ အဆုံးသတ်တွင် လင်းမူရွယ်သည်ရှောင်ယု၏အနာဂတ် ဇနီးမယားအနေဖြင့် သူမ၏ခင်ပွန်းဖြစ်သူအား အတတ်နိုင်ဆုံးကူညီထောက်ပံ့ပေးရမည်ဖြစ်သည်။
" မူရွယ် ... "
ရှောင်ယုသည် မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများကိုသတိထားလိုက်မိသည်။
" တွေ့ရတာ ဝမ်းသာပါတယ် "
လင်းမူရွယ်သည် လူအများရှေ့မှောက်တွင် ရှောင်ယုနှင့်ရင်းရင်းနှီးနှီး မဆက်ဆံနိုင်ခဲ့ပေ။
" အစ်ကို ယု "
မူဟန်ကမူ ရှောင်ယု၏လက်မောင်းကိုလှမ်း၍ဖမ်းဆွဲလိုက်သည်။ ရှောင်ယုသည် သူအပြစ်ကင်းကြောင်းသက်သေပြရန်အတွက် လင်းမူရွယ်အားသိုးလေးတစ်ကောင်၏အကြည့်ဖြင့် ကြည့်ရုံသာတတ်နိုင်ခဲ့သည်။
ရှောင်ယုသည် ကျောင်းသားများကို ထိုင်ရန်အတွက် အချက်ပြလိုက်သည်။ နောက်ဆုံးအကြိမ်ကရှောင်ယုသည် မြေအောက်မြို့တော်သို့ ကျောင်းသားများကိုပို့ဆောင်ခဲ့ပြီး ယခုအချိန်တွင် လင်းမူရွယ်သည်ရှောင်ယုနှင့်အတူ ၎င်းတို့အားစုဆောင်းတော့မည်ဖြစ်သည်။
မြေအောက်မြို့တော်သို့ခရီးစဉ်တွင် ရှောင်ယု၏လုပ်ရပ်နှင့်ဆုံးဖြတ်ချက်များသည် ဤကျောင်းသားများအပေါ် နက်နက်နဲနဲအထင်ကြီးစိတ်ဖြစ်စေခဲ့သည်။ အများစုမှာ ဘွဲ့ရပြီးနောက်သူတို့တာဝန်ထမ်းဆောင်မယ့် သခင်က်ိုရွေးချယ်ကြရချိန်၌ သူရဲကောင်းနှင့်မှော်ဆရာများသည် ရှောင်ယုအားရွေးချယ်ခဲ့ကြသည်။
ယခုအချိန်၌ ရှောင်ယု၏စွမ်းအားများသည် တိုးတက်လာခဲ့သော်လည်း သူ့ထံတွင်အရည်အချင်းရှိသော လက်အောက်ငယ်သားများ ရှားပါးနေခဲ့သည်။ ရှောင်ယုသည် မှော်ဆရာများသာမက သူရဲကောင်းများကိုလည်းအာရုံစိုက်ခဲ့သည်။ သူရဲကောင်းများသည် လေ့ကျင့်မှုအနည်းငယ်ခံယူပြီးသည်နှင့် စစ်တပ်အတွင်း၌ အလယ်အဆင့်အရာရှိများအဖြစ် တာဝန်ပေးအပ်နိုင်သည်။
ရှောင်ယုသည် သူ၏လက်အောက်ငယ်သားများအပေါ် အမြဲရက်ရောတတ်ပေသည်။ သူသည် သူရဲကောင်းများကိုအဆင့်၁ချပ်ဝတ်တန်ဆာများ လက်ဆောင်ပေးအပ်ခဲ့ပြီး တတိယအဆင့်သို့ရောက်ရှိသွားသူများကိုမူ အဆင့်၂ချပ်ဝတ်တန်ဆာများ လက်ဆောင်ပေးအပ်ခဲ့သည်။ သူသည် မုတ်ဆိတ်နီဓားပြစခန်းမှ လက်နက်များစွာကိုရရှိထားပေရာ ထိုလက်နက်များကိုပြန်လည်ခွဲဝေပေးခဲ့သည်။
ဤကျောင်းသားများသည် ရှောင်ယု၏ရက်ရောမှုကြောင့် အလွန်ပျော်ရွှင်သွားခဲ့ကြသည်။ ဤသို့သောအချိန်မျိုး၌ ရှောင်ယုကဲ့သို့သောသခင်မျိုးကိုရှာတွေ့ရန် အလွန်ခက်ခဲပေသည်။
ရှောင်ယုသည် ညနေခင်းသို့ရောက်ချိန်တွင် သူတို့စတင်ပူးပေါင်းမှုအတွက် ကြီးကျယ်သောကြိုဆိုပွဲတစ်ခုအား ကျင်းပပေးခဲ့သည်။ သူသည် ကနေဒီမိသားစုအား မည်သို့အနိုင်ယူခဲ့ကြောင်း ပြောပြခဲ့သည်။ ဤကျောင်းသားများသည် ဘွဲ့ရပြီသူများဖြစ်သော်လည်း ဧရာမအောစ့်များ ၊ စက်ရုပ်များအကြောင်းကိုကြားချိန်တွင် သွေးပွက်ပွက်ဆူလာခဲ့သည်။ လက်ရှိအချိန်တွင် သူတို့သည်စစ်မြေပြင်၌ သူတို့မည်သို့စွမ်းဆောင်နိုင်မည်ကို အသည်းအသန်ပြသလိုနေကြသည်။
ရှောင်ယုသည် သူတို့၏အားနည်းချက်ကိုဖာထေးရန်အတွက် လက်ရှိအချိန်တွင် သူတို့အားခြင်္သေ့နယ်မြေနှင့်ရင်းနှီးစေရန် ကြိုးပမ်းခဲ့သည်။ ထို့ပြင်ရှောင်ယုသည် အရှုံးကိုမကြုံတွေ့ဖူးသောစစ်သူကြီးတစ်ယောက်ဖြစ်သည်။ စစ်ရှုံးထားသော စစ်သူကြီးတစ်ယောက်နောက်သို့ မည်သူမှမလိုက်ချင်ပေ။ ရှောင်ယုသည် စုဘာရူနှင့်အနောက်တိမ်တိုက်အင်ပါယာ၌ သူကြုံတွေ့ခဲ့သည့်အဖြစ်အပျက်များကို ပြောပြနေခဲ့သည်။ ထိုလူငယ်များက ရှောင်ယု၏စကားတိုင်းကို အာရုံစိုက်၍နားထောင်နေကြသည်။ သို့သော်လည်း ရှောင်ယုသည်သူအရှက်မကွဲစေရန်အတွက် ပါထျန်းမင်နှင့်မုတ်ဆိတ်နီတို့၏အကြောင်းများကို မပြောခဲ့ပေ။
မူလီနှင့်ကပ္ပတိန်ဟွေ့တို့သည် သူတို့၏စစ်တပ်တွင်းသို့ လူငယ်များပူးပေါင်းလာသည်ကိုမြင်သောအခါ အလွန်ပျော်ရွှင်သွားခဲ့သည်။ သူတို့ထံတွင် အရာရှိများရှားပါးနေ၍ သူရဲကောင်းအကယ်ဒမီမှဘွဲ့ရများသည် သူတို့အတွက်ပြီးပြည့်စုံသောကိုယ်စားလှယ်လောင်းများဖြစ်ကြသည်။
ရှောင်ယုနှင့်လင်းမူရွယ်တို့သည် ဧည့်ခံပွဲအပြီးတွင် ခြင်္သေ့မြို့၏အနောက်ဘက်ရှိ ဆိတ်ငြိမ်သောနေရာတစ်ခုသို့ သွားရောက်ခဲ့ကြသည်။ သူသည် လင်းမူရွယ်နှင့်မတွေ့ရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ထို့ပြင်သူသည် မုတ်ဆိတ်နီနှင့်အဖြစ်အပျက်ပြီးနောက် သူ၏ဆန္ဒများသည် များစွာတိုးတက်လာခဲ့သည်။ စစ်ပွဲသာမဖြစ်ခဲ့ပါက သူသည်မရီးများရေချိုးသည်ကို ချောင်းကြည့်နေမိမှာဖြစ်သည်။
" မူရွယ် ... "
" ဘာလဲ ... "
" ငါ့ကိုသတိရလား ... "
" ဒါ ပေါ့ .. ."
" ငါတို့နမ်းရအောင်... "
" မွ ... "
" ငါတို့ထပ်နမ်းရအောင် .. . "
" မွ ... "
" မူရွယ် ... လရောင်ကအရမ်းလှပနေတယ် ... ဒါကတစ်ခုခုလုပ်ဖို့အကောင်းဆုံးအချိန်ပဲ ... မင်းဘယ်လိုထင်လဲ "
" ဘာပြောချင်တာလဲ "
" မင်းတကယ်စိတ်ဝင်စားတယ်ဆိုရင် ငါ့နောက်ကိုလိုက်ခဲ့ ... ငါမင်းကိုအသေးစိတ်သင်ပေးမယ် "
" ကောင်းပြီ "
ရှောင်ယုသည် လင်းမူရွယ်၏လက်ကိုလှမ်းဆွဲလိုက်ချိန်တွင် သူ၏လက်ထဲတွင် အလင်းတန်းတစ်ခုဖြစ်ပေါ်လာခဲ့ပြီး လင်းမူရွယ်သည်ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
" ဟမ် ... "
လင်းမူရွယ်သည် တည်နေရာရွေ့ပြောင်းသွားပြီးနောက် စိတ်ရှုပ်ထွေးနေသော ရှောင်ယုကိုကြည့်၍ပြုံးလိုက်မိသည်။
" ငါအိပ်ချင်နေပြီ ... နောက်တစ်ခါကျမှအသေးစိတ်သင်ပေးတော့ "
လင်းမူရွယ်သည် အဝေးသို့ထွက်ခွာသွားခဲ့သည်။
" ငါကဘာလို့လူကောင်းတစ်ယောက်ဖြစ်နေရတာလဲ ... ငါကလူဆိုးတစ်ယောက်လို ပြုမူလိုက်ရင်ပြီးပြီလေ "
ရှောင်ယုသည် လင်းမူရွယ်၏နှုတ်ခမ်းအရသာကိုစွဲလမ်းမိသွားပြီး သူတို့လက်ထပ်ပြီးပါက ပိုမိုလွယ်ကူလာမည်ဟုလက်ခံယုံကြည်ထားခဲ့သည်။ ယခုအချိန်၌မူ သူသည်သူ၏နယ်မြေကိုစုစည်းပြီးနောက် ဝေပြည်နယ်ကိုတိုက်ခိုက်သိမ်းပိုက်၍ မဟာမြို့စားပြည်နယ်တစ်ခုကို ထူထောင်ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ပြီးနောက်တွင် သူပထမဆုံးလုပ်ဆောင်မည့်အရာမှာ အိမ်ထောင်ရေးပင်ဖြစ်သည်။
အခန်း ၃၄၅ - အဆင်သင့်ဖြစ်ပြီ
ရှောင်ယုသည် နောက်တစ်နေ့တွင် ဆရာဟစ်ဂင်အားသွားရောက်ရှာဖွေခဲ့သည်။
ဂေါ်ဒန်၏ဦးခေါင်းခွံကို သွားရောက်ရှာဖွေမယ့်ခရီးစဉ်တွင် ရန်သူများစွာနှင့်ရင်ဆိုင်ရမည်ဖြစ်၍ သူသည်အကူအညီများကိုလိုအပ်ပေသည်။ အန်တိုနီဒက်စ် ၊ ကဲလ်သက်နှင့်တိုင်ရန်ဒီတို့သည် အဆင့်၄၀သို့ရောက်ရှိခဲ့ပြီးနောက်တွင် ပဥ္စမအဆင့်ကျွမ်းကျင်သူများဖြစ်လာကြပြီဖြစ်သည်။ သို့သော်လည်း ရန်သူများ၌ ဆဌမအဆင့်သူရဲကောင်းများနှင့်မှော်ဆရာများရှိနေကြောင်း ရှောင်ယုသိရှိထားသည်။ နောက်ဆုံးအကြိမ် နီကိုးလပ်စ်နှင့်တွေ့ဆုံစဉ်က သူမြင်တွေ့ခဲ့သောသွေးနတ်သူငယ်အကြီးအကဲသည် ဆဌမအဆင့်မှော်ဆရာတစ်ပါးဖြစ်သည်။ ထိုသွေးနတ်သူငယ်လှုပ်ရှားသည်နှင့် သူ၏သူရဲကောင်းများသည် ထိုသွေးနတ်သူငယ်၏ပြိုင်ဘက်မဖြစ်လာနိုင်ပေ။ ထိုကဲ့သို့သောဆဌမအဆင့်ကျွမ်းကျင်သူများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သူသည်နည်းလမ်းအချို့ကို ရှာဖွေရမည်ဖြစ်သည်။
" ဆရာဟစ်ဂင် ... ဆရာဟစ်ဂင် "
ရှောင်ယုသည် အကြိမ်ပေါင်းများစွာလှမ်းခေါ်ခဲ့သော်လည်း ဆရာဟစ်ဂင်သည် အကြောင်မပြန်သေးပေ။ ထိုအဘိုးကြီးသည် ရှောင်ယုအားလျစ်လျူရှုထားခဲ့သည်။
ရှောင်ယုက ဒေါသတကြီးအော်ဟစ်လိုက်သည်။
" အဘိုးကြီး မင်းသာငါ့ကိုပြန်မဖြေရင် ဒီကထွက်သွားတော့ "
ဟစ်ဂင်က နောက်သို့ဖြေးညှင်းစွာ လှည့်ကြည့်လိုက်မိသည်။
" ငါအလုပ်များနေတာမင်းမတွေ့ဘူးလား ... ငါလုပ်နေတဲ့သုတေသနက ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းမသိဘူးလား "
ရှောင်ယုသည် အလွန်ပင်ဒေါသထွက်သွားခဲ့သည်။
" မင်းရဲ့သုတေသနက ဘယ်လောက်အရေးကြီးတယ်ဆိုတာငါမသိဘူး ... ဒါပေမဲ့ငါအရေးကြီးတဲ့မစ်ရှင်တစ်ခုလုပ်စရာရှိတယ် ... ရန်သူတွေကိုကိုင်တွယ်ဖို့အတွက် အစွမ်းထက်တဲ့လက်နက်တွေလိုတယ်...အဲလိုမှမဟုတ်ရင် ငါသေသွားလိမ့်မယ် ... ငါသာသေသွားရင် မင်းရဲ့သုတေသနတွေကိုဆက်လုပ်နိုင်တော့မှာမဟုတ်ဘူး ...ဒါပေမဲ့ငါသာအောင်မြင်ခဲ့မယ်ဆိုရင် အဖိုးတန်ပစ္စည်းတွေအများကြီးကို ပြန်ယူလာပေးမယ် ... အဲ့ပစ္စည်းတွေထဲမှာ နဂါးခြေသည်းတွေ ၊ ငရဲခွေးတွေရဲ့ဦးခေါင်းခွံတွေ ... အဲ့ဒါတွေအကုန်လုံးမင်းပိုင်ဆိုင်လိမ့်မယ် "
" နဂါးခြေသည်းတွေ ... ငရဲခွေးရဲ့ဦးခေါင်းခွံတွေလား ... အပြာရောင်သလင်းကျောက်တွေကောပါလား .. . "
ဆရာဟစ်ဂင်သည် ရှောင်ယု၏စကားကိုနားထောင်ရင်း စိတ်လှုပ်ရှားသွားခဲ့ပြီးနောက် ရှောင်ယုထံသို့ အပြေးအလွှားရောက်လာခဲ့သည်။
ရှောင်ယုကပြုံးရင်း ပြောလိုက်သည်။
" ဟုတ်တယ် ... အရာအားလုံးက မင်းငါ့အပေါ်ဘယ်လောက်ထိပံ့ပိုးပေးနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ် ... ငါကပိုမိုသန်မာလေလေ အဖိုးတန်ပစ္စည်းတွေကိုပိုပြီးတော့ရလေလေပဲ "
ဆရာဟစ်ဂင်သည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ရှောင်ယု၏ရှေ့တွင် သေတ္တာကြီးတစ်ခုထွက်ပေါ်လာခဲ့သည်။
" ဆဌမအဆင့်ကျွမ်းကျင်သူတွေကိုတောင် ဒဏ်ရာရစေနိုင်တဲ့ နဂါးမီးမြှား၁၀ချောင်း ... ခုခံကာကွယ်ဖို့အတွက်မှော်ဒိုင်း၃ခု ... ဒါတွေက ဆဌမအဆင့်ရန်သူတွေဆီကနေပြီးတော့ မင်းကို၁၀စက္ကန့်လောက်ကာကွယ်ပေးနိုင်တယ် ... ဒါပေမဲ့သူတို့အားလုံးက်ိုမင်းက ၁ကြိမ်ပဲအသုံးပြုနိုင်လိမ့်မယ် ... အသုံးပြုတဲ့အခါမှာ မီတာ၅၀ဧရိယာတဝိုက်ကိုသက်ရောက်စေနိုင်တဲ့ မှော်မီးခိုးဗုံးတွေအများအပြားရှိနေတယ် ... သူတို့ရဲ့စွမ်းအားက အံ့မခန်းဘဲ "
ဆရာဟစ်ဂင်မှ သူ့က်ိုပေးလာသောအရာအားလုံးကြောင့် ရှောင်ယုသည်လည်း သွေးဆောင်ခံခဲ့ရသည်။ သူသည် ထိုပစ္စည်းများကိုတစ်ခုပြီးတစ်ခုစစ်ဆေးရင်း ခေါင်းညိတ်လိုက်သည်။ ဟစ်ဂင်သည် ဤတစ်ကြိမ်တွင် ကောင်းမွန်သောအရာများစွာကိုရရှိခဲ့ပုံရပြီး ၎င်းကိုသုတေသနပြုလုပ်ရန်အတွက် ပေးအပ်လိုက်သောပစ္စည်းများသည် အလဟာဿမဖြစ်ခဲ့ပုံရသည်။
" ငါပြန်လာတာနဲ့ မင်းရဲ့သုတေသနကပိုပြီး ခရီးရောက်လာလိမ့်မယ် "
ရှောင်ယုသည် ထိုသေတ္တာကို သူ၏သိုလှောင်လက်စွပ်အတွင်းသို့ထည့်ကာ ထွက်ခွာလာခဲ့သည်။ ယခုအချိန်တွင် သူသည်အကျိုးအမြတ်များကို ပေးချေထားသောကြောင့် ဆရာဟစ်ရင်နှင့်ဆက်ဆံရသည်မှာ အနည်းငယ်လွယ်ကူနေခဲ့သည်။ ဆရာဟစ်ဂင်သည် လူတိုင်းကိုယုံကြည်ခြင်းမရှိသော်လည်း ရှောင်ယုသည်သူ့အားသုတေသနပြုလုပ်ရန် ထောက်ပံ့ပေးနေသရွေ့ သူကလည်းရှောင်ယုအား ပစ္စည်းအမြောက်အများပေးနေမှာဖြစ်သည်။
ရှောင်ယုသည် သူနှင့်အတူ နေဝင်ချိန်နွံအိုင်သို့ခေါ်သွားမည့် သူရဲကောင်းများကို စတင်ဆုံးဖြတ်ခဲ့သည်။ ယခုအချိန်တွင် သူရဲကောင်းများသည် အလွန်အစွမ်းထက်နေသော်လည်း ရှောင်ယုသည်သူတို့အားလုံးကို မခေါ်ဆောင်သွားနိုင်ပေ။ သူ၏နယ်မြေကိုကာကွယ်ရန်အတွက် ရှောင်ယုသည်ခြင်္သေ့မြို့၌ သူတို့ကိုချန်ရစ်ခဲ့ရမည်ဖြစ်သည်။
ပထမဦးစွာသရောလ်သည် ခြင်္သေ့မြို့၌ရှိနေရမည်ဟု ရှောင်ယုဆုံးဖြတ်ခဲ့သည်။ သရောလ်၏ဦးဆောင်နိုင်စွမ်းသည် အခြားသူများထက် များစွာသာလွန်နေခဲ့သည်။ သရောလ်သည် ဆင့်ခေါ်တပ်ဖွဲ့များကိုဦးဆောင်ရာ၌ ပိုမ်ိုထိရောက်မှုရှိပေသည်။ ဒုတိယအနေဖြင့် နောက်ထပ်တစ်ကြိမ်အကြီးစားကျူးကျော်မှုဖြစ်လာပါက မြို့ကိုကာကွယ်ရန်အတွက် ခြင်္သေ့မြို့၌မှော်ဆရာတစ်ယောက်ကို ချန်ရစ်ထားခဲ့ရမည်ဖြစ်သည်။
အန်တိုနီဒက်စ်သည် အလွန်အိုမင်းနေပြီဖြစ်သည့်အတွက်ကြောင့် ရှောင်ယုသည်သူ့အားထားခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ခရီးစဉ်သည် အလွန်ရှည်လျား၍ ထိုအရိုးအိုကြီးကိုမထိခိုက်စေလိုပေ။ သူ့ထံတွင်ရှိနေသော တော်ဝင်သွေးနတ်သူငယ်မင်းသား ကဲလ်သက်သည် စစ်မြေပြင်၌ပြင်းထန်စွာတိုက်ခိုက်နိုင်ပေသည်။
ရှောင်ယုသည် အူသာကိုလည်းသူနှင့်အတူ ကျိန်းသေခေါ်ဆောင်သွားရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဘုရားကျောင်းသည် ခြင်္သေ့မြို့အားတိုက်ခိုက်မှာဖြစ်သည်။ သူသည် ခိုင်ရင်းနှင့်ဂရင်းတို့နှစ်ယောက်လုံးကို ခြင်္သေ့မြို့၌ချန်ရစ်ထားခဲ့လိုသော်လည်း သူတို့နှစ်ဦးလုံးက ရှောင်ယုနောက်သို့လိုက်ပါလိုကြောင်း တောင်းဆိုခဲ့သည်။ ရှောင်ယုသည် ခဏလောက်စဉ်းစားပြီးနောက်တွင် ခိုင်ရင်းနှင့်ဂရင်းတို့သည် စစ်ဗိုလ်ချုပ်ကောင်းများမဟုတ်ဘဲ စစ်သွေးကြွတိုက်ခိုက်ရေးသမားများဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူတို့အားခေါ်လာရန်ဆုံးဖြတ်ခဲ့သည်။
ထို့ပြင် နဂါးမီးမြှားများကို အကောင်းဆုံးအသုံးချနိုင်စွမ်းရှိသော တိုင်ရန်ဒီကိုလည်း သူနှင့်အတူခေါ်ဆောင်သွားရမည်ဖြစ်သည်။ ထို့ပြင် နေဝင်ချိန်နွံအိုင်သည် နာဂပင်လယ်စုန်းအတွက် အကောင်းဆုံးအဆင့်တက်နိုင်သည့်နေရာဖြစ်၍ သူ့ကိုလည်းခေါ်ဆောင်သွားရမည်ဖြစ်သည်။ မိုင်ယဗ်ကမူ ကင်းထောက်တာဝန်ကိုထမ်းဆောင်ရန်နှင့် လုပ်ကြံသူများကိုတန်ပြန်တိုက်ခိုက်ရန် သူမကိုအစောင့်အရှောက်အဖြစ် ခေါ်ဆောင်သွားရမည်ဖြစ်သည်။
ရှောင်ယုသည် အန်တိုနီဒက်စ်အား ကာကွယ်ပေးရန်အတွက် ဒီရွန်အား ခြင်္သေ့မြို့၌ချန်ရစ်ထားရန် စီစဉ်ခဲ့သည်။ ဒီရွန်သည် အဆင့်၂၄သို့ရောက်ရှိနေကာ ခံစစ်အရာ၌အထူးကောင်းမွန်ပေသည်။ ထို့ပြင်ဒီရွန်သည် သားရဲများကိုတိုက်ခိုက်ရာ၌လည်း အသုံးဝင်လာမည်ဖြစ်သည်။
ရှောင်ယုသည် အီလီဒမ်ကိုလည်း သူနှင့်အတူခေါ်ဆောင်လာရန် ဆုံးဖြတ်ခဲ့သည်။ အီလီဒမ်သည် သူ၏မှော်စွမ်းအင်လောင်ကျွမ်းမှုကြောင့် မှော်ဆရာများနှင့်ရင်ဆိုင်ရန် အသင့်တော်ဆုံးဖြစ်သည်။ ထို့ပြင် အီလီဒမ်သည် အနီးကပ်တိုက်ပွဲများ၌ အလွန်သင့်တော်ပေသည်။လက်ရှိအချိန်တွင် အီလီဒမ်သည် သူနှင့်အဆင့်တူစစ်သည်တော်များကို တိုက်ခိုက်နိုင်ပေသည်။ ထို့ပြင် ရှောင်ယုသည် ဂေါ်ဒန်၏ဦးခေါင်းခွံအား အီလီဒမ်ကိုစုပ်ယူခိုင်းရန် စီစဉ်ထားခဲ့သည်။ ဤနည်းဖြင့် အီလီဒမ်သည်ပိုမို၍အားကောင်းလာမည်ဖြစ်သည်။
သူရဲကောင်းများအပြင် ရှောင်ယုသည်လီအာနှင့်လင်းမူရွယ်တို့အား သူနှင့်အတူခေါ်ဆောင်သွားမည်ဖြစ်သည်။ လီအာသည် အတွေ့အကြုံရှိသောလုပ်ကြံသူတစ်ယောက်ဖြစ်ကာ နေဝင်ချိန်နွံအိုင်နှင့်ပတ်သက်၍ သူ့ထံတွင်နားလည်မှုအကန့်အသတ်ဖြင့်ရှိ၍ သူမကိုခေါ်ဆောင်သွားရမည်ဖြစ်သည်။ သို့သော်လည်း အစောပိုင်းတွင်သူသည် လင်းမူရွယ်အားခေါ်ယူရန်မစီစဉ်ထားခဲ့ပေ။ ဤမစ်ရှင်သည် မြေအောက်မြို့တော်သို့ခရီးစဉ်ထက် များစွာပိုမိုအန္တာရယ်များပေသည်။ သူသည် လင်းမူရွယ်၏လုံခြုံရေးကို အလွန်စိုးရိမ်သည့်အတွက်ကြောင့် သူမ၏ဆုံးဖြတ်ချက်ကိုပြောင်းလဲရန် နည်းမျိုးစုံဖြင့်ကြိုးစားခဲ့သည်။ သို့သော်လည်း လင်းမူရွယ်ကမူရှောင်ယုကို လုံးဝလျစ်လျူရှုထားခဲ့သည်။ မူဟန်သည်လည်း အော်ဟစ်ဆူပူ၍လိုက်ပါရန်ကြိုးစားသော်လည်း ရှောင်ယုကလုံးဝသဘောမတူခဲ့ပေ။
ရှောင်ယုသည် ဤခရီးစဉ်တွင်လိုက်ပါရန်အတွက် အောစ့်စစ်သည်၅၀ ၊ နတ်မြင်းပျံ၁၀ကောင် ၊ ဂရစ်ဖင်၁၀၀ ၊ မှော်စုန်းဆရာ၂၀ ၊ ဖယ်ရီနဂါး၅၀ ၊ မန္တန်ဖြိုခွဲသူ၅၀ ၊ ဝက်ဝံစစ်သည်၅၀ ၊ နဂါးသိမ်းငှက်၁၀ကောင်နှင့်မှော်ကဝေ၅၀ကို သတ်မှတ်ခဲ့သည်။ အောစ့်စစ်သည်၅၀သည် အကောင်းဆုံးမြေပြင်တပ်များဖြစ်သည်။ ရှောင်ယုသည် တိုတမ်များကိုအသုံးပြုကာ သူတို့ကိုစွမ်းအားမြင့်တင်ပေးလိုက်ပါက သာမန်စစ်သားများသည် သူတို့၏ပြိုင်ဘက်ဖြစ်မလာနိုင်ပေ။
ထို့ပြင်ရှောင်ယုသည် လှံပစ်စက်အမျိုးအစားအသစ်များနှင့် မှင်စာများထုတ်လုပ်ထားသည့် အရိပ်မြှားများကိုလည်း သူတို့အားတပ်ဆင်ပေးထားမှာဖြစ်သည်။ ဆရာဟစ်ဂင်၏အကဲဖြတ်ချက်အရဆိုလျှင် အရိပ်မြှားများသည် အဆင့်န်ိမ့်မြှားများဖြစ်သော်လည်း အစွမ်းထက်နေဆဲဖြစ်သည်။ ထို့ပြင် လှံပစ်စက်အသစ်များသည် ဆက်တိုက်ပစ်ခတ်မှုပြုလုပ်နေချိန်၌ ပိုမိုအစွမ်းထက်လာမည်ဖြစ်သည်။ တောင်ဘီလူးများသည်ပင် ချပ်ဝတ်တန်ဆာများကိုမဝတ်ဆင်ထားပါက သူတို့၏နှလုံးသားကိုပင်ထိုးဖောက်နိုင်စွမ်းရှိသည်။
မှင်စာများသည် ယခုအချိန်၌ အဆင့်မြင့်လက်နက်များကို မဖန်တီးနိုင်သေးသော်လည်း အဆင့်နိမ့်လက်နက်များကိုမူ အောင်အောင်မြင်မြင်ဖြင့် အစုလိုက်အပြုံလိုက်ထုတ်လုပ်နိင်ခဲ့သည်။ အောစ့်စစ်သည်များသည် ထိုလက်နက်များ၏အကူအညီဖြင့် စွမ်းအားကြီးစစ်တပ်ကိုပင် တိုက်ခိုက်န်ိုင်စွမ်းရှိသည်။ ထို့ပြင် အောစ့်စစ်သည်များသာ စုပေါင်းတိုက်ခိုက်လာပါက ပဥ္စမအဆင့်စစ်သည်များသည်ပင် သူတို့ကိုယ်သူတို့ကာကွယ်နိုင်မည်မဟုတ်ပေ။
နတ်မြင်းပျံ၁၀ကောင်ကိုမူ ကင်းထောက်များအဖြစ်အသုံးပြုသွားမည်ဖြစ်သည်။ နတ်သူငယ်များ၏မျက်လုံးများသည် အဝေးသို့ထောက်လှမ်းရာ၌ အလွန်ကောင်းမွန်ပြီး နတ်မြင်းပျံများ၏ရွေ့လျားနိုင်စွမ်းသည်လည်း ကောင်းမွန်ပေသည်။ ဂရစ်ဖင်များသည် ဝေဟင်မှနေ၍မြေပြင်တပ်များကို ထောက်ပံ့ပေးရာ၌ကောင်းကောင်းမွန်မွန်ဆောင်ရွက်ပေးနိုင်သည်။ သူတို့ကိုသာ လုံလောက်သောမှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများ ပေးအပ်ထားပါက ကွင်းဆက်လျှပ်စီးကြောင်းကိုပင် အသုံးပြုနိုင်မည်ဖြစ်သည်။ သူတို့အားလုံးသာ ကွင်းဆက်လျှပ်စီးကိုအတူတကွအသုံးပြုပါက အဆင့်မြင့်မှော်ဆရာနှင့်သူရဲကောင်းများကိုပင် သတ်ဖြတ်နိုင်သည်။
မှော်စုန်းဆရာကိုမူ လုပ်ကြံသူများကိုကိုင်တွယ်ရာ၌ အဓိကအသုံးပြုရန် ရည်ရွယ်ခဲ့သည်။ ထိုမှော်စုန်းဆရာများသည် လူပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဟာရီကိန်းအစွမ်းကိုအသုံးပြုနိုင်မှာဖြစ်သည်။ ဖယ်ရီနဂါးများနှင့်မန္တန်ဖြိုခွဲသူများသည် ရန်သူမှော်ဆရာများကို တိုက်ခိုက်ရန်အသုံးပြုသွားမည်ဖြစ်သည်။ မှော်ဆရာများသည် စစ်မြေပြင်၌အခြားသောသူများ၏ ကာကွယ်မှုအောက်၌ရှိနေမှာဖြစ်သော်လည်း မန္တန်ဖြိုခွဲသူများနှင့်ဖယ်ရီနဂါးများကသာ အတူတကွလုပ်ဆောင်ပါက သူတို့အားကျော်ဖြတ်သွားနိုင်သည်။
ဝက်ဝံစစ်သည်များသည် ဝက်ဝံအဖြစ်သို့ပြောင်းလဲနိုင်ပြီး မိမိတို့တပ်သားများ၏တိုက်ခိုက်နိုင်စွမ်းကို တိုးမြင့်ပေးနိုင်သည့် ဟိန်းဟောက်ခြင်းကျွမ်းကျင်မှုကို ပိုင်ဆိုင်ထားပေသည်။ ထို့ပြင် သူတို့နှင့်နီးကပ်စွာတည်ရှိနေသည့် မိတ်ဆွေတပ်သားများကိုလည်း ကုသပေးနိုင်သည်။ နဂါးသိမ်းငှက်များကိုမူ ရန်သူလေကြောင်းတပ်များတွေ့ရှိပါက အသုံးပြုသွားမည်ဖြစ်သည်။
ရန်သူမှော်ဆရာများကို ဖယ်ရီနဂါးများနှင့်မန္တန်ဖြိုခွဲသူများက တိုက်ခိုက်နေချိန်တွင် ၎င်းတို့ကိုကူညီပေးရန် မှော်ကဝေများကိုအသုံးချသွားမည်ဖြစ်သည်။
ရှောင်ယုသည် နဂါးလေးကိုသူနှင့်အတူယူဆောင်သွားမည်ဖြစ်သည်။ နဂါးသည် အစွမ်းထက်သားရဲတစ်ကောင်ဖြစ်သလို နံချပ်ကူကိုလည်း အသုံးပြုနိုင်ပေသည်။
ရှောင်ယုသည် နဂါးလေးအတွက် နံချပ်ကူတစ်ခုအားအထူးတီထွင်ထားပြီး တုတ်တစ်ချောင်းစီသည် ကလေးခါးကဲ့သို့ထူထဲပေသည်။
ရှောင်ယုသည် သူ၏တပ်များကိုစတင်စုဆောင်းပြင်ဆင်နေချိန်တွင် ရုတ်တရက်သတင်းတစ်ခုက်ို ရရှိလာခဲ့သည်။ ထို့ပါဟောင်သည် သူ့ထံသို့လူအချို့ကိုစေလွှတ်၍ အကူအညီတောင်းလာခဲ့သည်။ ရှောင်ယုသည် ထိုအစီရင်ခံစာကိုနားထောင်ပြီးနောက်တွင် မျက်မှောင်ကြုတ်မိလိုက်သည်။
Thank For Reading.