← Chapters

သူ၏အထွတ်အထိပ်၊ ရန်သူများအား သတ်ဖြတ်ခြင်း

Vol. 49 Ch. 924

သူ၏အထွတ်အထိပ်၊ ရန်သူများအား သတ်ဖြတ်ခြင်း

Vol. 49 Ch. 924

ဤအရေးကြီးသောအချိန်တွင် ကျန်းချန်ရွှမ်သည် ရှန်းရူယန်၊ လန်ယွဲ့ဟွားနှင့်အခြားသူများနှင့်အတူ မြေပြင်ပေါ်တွင် ခိုင်မာစွာရပ်တည်ခဲ့သည် ။

မိုင်ပေါင်းများစွာ အဝေး၌။

သူတော်စင်နှင်းဆီတိမ်တိုက်၏ ကြီးမားသောမျက်လုံးများသည် ရောင်စုံဖြစ်နေကာ ကျန်းချန်ရွှမ်၏ ပုံရိပ်အား စိုက်ကြည့်နေသည်။

သူမ၏နောက်တွင် တာအိုပေါင်းစည်းခြင်းနတ်ဆိုးသားရဲများရပ်နေကြပြီး သူတို့၏ ကြီးမားသောပုံရိပ်များသည် ကြယ်များကဲ့သို့ကြီးမားကာ တည်ရှိမှုက နေကိုကွယ်ထားပြီး သူတို့၏နတ်ဆိုးရောင်ဝါများသည် ကောင်းကင်ကိုထိုးဖောက်နေကြသည်။

အတားအဆီး၏ကြီးမားသောကျိုးပေါက်နေရာမှ လေများဝင်နေကာ အသံများမြည်နေပြီး လောကသည် ဆယ်စုနှစ်ကြာရှည်သွေးစွန်းခဲ့သော အရှေ့ကောင်းကင်ပိုင်နက်သည် နောက်ဆုံးတွင် ယနေ့၌ နောက်ဆုံးတိုက်ပွဲသို့ ရောက်ရှိလာပြီဖြစ်သည်။

စစ်ပွဲမတိုင်မီစကားလုံးများမလိုအပ်တော့ပါ။ မြှားသည်ကြိုးပေါ်တွင်ရှိနေပြီးလွတ်ရတော့မည်ဖြစ်သည်။

ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်သည်အနီရောင် ၊ အဝါရောင် ၊ အပြာ ၊ အညိုရောင်နှင့်ရွှေရောင် နတ်ဘုရားအလင်းရောင်ဖြင့် ရောင်ခြည်ဖြာနေသည် ။

သူ ၏ ညာဘက်လက်ကို ဆုပ်လိုက်ကာ အရောင်ငါးရောင်ရှိသော နတ်ဘုရားအလင်းသည် လှံတစ်စင်းကို ဖွဲ့စည်းခဲ့ပြီး နတ်ဆိုးသားရဲစစ်တပ်ဆီသို့ ပစ်ချလိုက်သည် ။

ဤအချက်ပြမှုသည် သူ၏ နောက်မှ လူသားကျင့်ကြံသူများထံရောက်သွားပြီး၊ ထိုသူများသည် လက်စည်းများ ဖွဲ့စည်းကာ မန္တာန်များစတင်ရွတ်ဖတ်ကြတော့သည်။

တစ်ခုပြီးတစ်ခု သူတို့၏မန္တာန်များသည် ပြန့်ကျဲသွားပြီး ချက်ခြင်းပင် ကောင်းကင်တွင် ပြည့်သွားခဲ့လေသည်။

နတ်ဘုရားများက ရောင်စုံမှင်ပုံးတစ်ပုံးကို ပက်ဖြန်းလိုက်သကဲ့သို့ဖြစ်သွားသည်။

သို့သော် ၎င်း၏အတွင်း၌ ကြောက်မက်ဖွယ်စွမ်းအားပါရှိပြီး နေရာလပ်အား အော်မြည်စေခဲ့လေသည်။

"ဟိန်းသံများ...."

နတ်ဆိုးသားရဲတပ်သည် ရပ်ကြည့်နေ၍မရတော့ပါ။ သူတို့သည် စတင်၍ လှုပ်ရှားလိုက်ပြီး သူတို့၏ကြီးမားသောပုံစံများဖြစ်သည့် ရေခဲထုပုံစံများ၊ ပြောင်းလဲကာ ပြင်းထန်သော ငလျင်တစ်ခု ဖြစ်နေသကဲ့သို့ မြေကြီးသည် တုန်လှုပ်နေပြီး သူတို့၏ ရှိန်လောက်သည့် စွမ်းအားအောက်တွင် ဖုန်မှုန့်အဖြစ်ပြောင်းသွားရလေသည်။

ဝုန်း....!

နတ်ဆိုးသားရဲစစ်တပ်အလယ်တွင် မန္တာန်များ ပေါက်ကွဲသွားပြီး ကပ်ဘေးကျရောက်သကဲ့သို့ ကောင်းကင်တွင် မီးနှင့် မိုးကြိုးများဖြင့် လင်းလက်နေလေသည်။

သို့သော် နတ်ဆိုးများသည်လွယ်လွယ်နှင့် မကျဆုံးခဲ့ပါ။ သူတို့သည် သူတို့၏အတွင်း နတ်စွမ်းအားများနှင့် သွေးကြောစွမ်းအားများကို အသက်သွင်းလိုက်သည်။

ထောင်ပေါင်းများစွာသော မန္တာန်များကြောင့် ဖြစ်ပေါ်ခဲ့သည့် မီးပေါက်ကွဲမှုတွင် နတ်ဆိုးသားရဲ လက်တစ်ဆုပ်မျှသာ ကျဆုံးခဲ့ပေသည်။

နတ်ဆိုးသားရဲတို့သည် သူတို့၏ပါးစပ်များကိုကျယ်လောင်စွာဖွင့်ပြီး ကြမ်းကြုတ်စွာဟိန်းလျှက် သူတို့၏နတ်ဆိုးရောင်ဝါများဖြင့် ပေါက်ကွဲမှုများကြားထိုးဖောက်နေသည်။

၎ င်းတို့၏ ကြီးမားသောပုံစံများသည် လေထဲသို့ပင် ခုန်ဆင်းသွားပြီး လူသားများဆီသို့ ဦးတည်သွားသည် ။

ကျန်းချန်ရွှမ်သည်သူ၏ မူလဝိညာဉ်ရတနာဖြစ်သော ဒြပ်စင်ငါးပါးကားချပ်ကိုခေါ်ယူ၍ ၎င်းကို သူ၏ လက်ထဲရှိ မြေနက်လှံအဖြစ် ပြောင်းလဲစေခဲ့သည် ။

သူ၏ အခြားလက်တစ်ဖက်က အစူရာကောင်းကင်တံဆိပ်ကို ကိုင်ထား၍ ကောင်းကင်အလင်းကို ဖြန့်ချိရန် အသင့်ရှိနေခဲ့သည် ။

သူ၏ နောက်တွင် နဂါးတစ်ကောင်နှင့် ဆင်တစ်ကောင်၏ ပုံရိပ်ယောင်ထွက်ပေါ်လာပြီး ရုတ်တရက် မြေနက်လှံသည်ကြီးမားလာပြီး မိုင်ပေါင်းများစွာ ပြန့်နှံသွားသည်။

စွမ်းအားကြီးသည့်လွှဲချက်ဖြင့် ကြီးမားသည့် လှံသည် ရှေ့တက်လာနေသောနတ်ဆိုးသားရဲများဆီသို့ လွဲယမ်းလိုက်သည်။

တန်ချိန် သန်းရာချီရှိသော ဤတိုက်ခိုက်မှုကြောင့် လေများ တဟုန်ထိုး တက်လာပြီး ပြင်းထန်သည့် လေပြင်းများ တိုက်ခတ်လာစေခဲ့သည်။

ဦးဆောင်လာသည့် နတ်ဆိုးသားရဲသူတော်စင်များသည် ကြယ်များ သူတို့အပေါ်သို့ ကျရောက်လာသကဲ့သို့ ကြီးမားသည့်ဖိအားကို ခံစားလိုက်ရသည်။

"အား...အား...အား..။"

အင်းဆက်နှင့်တူသော နတ်ဆိုးသားရဲသူတော်စင်သည် ၎င်း၏ခြေလေးချောင်းကိုမြောက်ကာ ကြီးမားသောတူတစ်ချောင်းကိုကိုင်လျှက် မြေနက်လှံဆီသို့ဦးတည်၍ လာခဲ့လေသည်။

သူသည် အင်းဆက်မျိုးနွယ်စုမှ အစွမ်းထက်သူဖြစ်ပြီး တောင်များကို မြှင့်တင်နိုင်စွမ်းရှိကာ သူ၏ တူသည် ကြယ်တစ်လုံးကဲ့သို့ လေးလံပေသည် ။

လေထုအလယ်ပိုင်းတွင် တိုက်ခိုက်မှုသည် လေဟာနယ်ကို ဖိနှိပ်ခဲ့ပြီးနောက် ကြီးမားသော ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သည်။

ဤသက်ရောက်မှုမှ လှိုင်းသည် မိုင်ပေါင်းများစွာ ပြန့်နှံ့သွားပြီး မိုင်ထောင်ချီဝေးသော တောင်တန်းများ ပြိုကျသွားကာ မြင်တွေ့ရသည့် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုဖြစ်ပေသည် ။

တိုက်ခိုက်မှု၏ ဗဟိုချက်တွင် အနီးအနားရှိ နတ်ဆိုးသားရဲအချို့သည် ကောင်းကင်သို့ ချက်ချင်း ပျံတက်သွားခဲ့သည် ။

"အား.."

သို့သော် ကျန်းချန်ရွှမ်၏ ထိုးနှက်ချက်အား ခံနိုင်ခဲ့သော်လည်း နတ်ဆိုးသားရဲသူတော်စင်သည် ဆိုးရွားသောအခြေအနေသို့ရောက်သွားခဲ့သည်။

ထိုလှံဖြင့် တိုက်ခိုက်မှုအောက်တွင် သူ၏ သံတူသည် နူးညံ့နေကာ ခြေချောင်းလေးချောင်းစလုံး ကျိုးပဲ့ပျက်စီးသွားသည်မှာ အမှန်ပင် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုဖြစ်သည် ။

"သေစမ်း။"

ထိုအချိန်တွင် လူသားစစ်တပ်၏ စိတ်ဓာတ်က ပြန်လည်မြင့်တက်လာကာ နတ်အလင်းများ လင်းလက်၍ ဓားများ ဓားရှည်များစသည့်ဝိညာဉ်ရတနာများသည် ဆင့်ခေါ်ခြင်းခံနေရလေသည်။

အားလုံးက တညီတညွတ်တည်း တိုက်ခိုက်လိုက်ကြသည်။

နတ်ဆိုးသားရဲများ၏ ဖွဲ့စည်းမှုသည် ကျန်းချန်ရွှမ်၏ တိုက်ခိုက်မှုကြောင့်ပျက်စီးသွားပြီး လူသားကျင့်ကြံသူများကို ရှေ့ဆက်နိုင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

၎ င်းတို့သည် အောင်မြင်မှုများစွာရရှိခဲ့ပြီး မရေတွက်နိုင်သော ရန်သူများကို ထိခိုက်စေခဲ့သည် ။

သို့သော် သွေးဆာနေသော နတ်ဆိုးသားရဲများသည် အစုလိုက်ပြန်လည်တိုက်ခိုက်ခဲံပြီး အရှေ့ကောင်းကင်ပိုင်နက်သည် သွေးစွန်းသော သတ်ဖြတ်ပွဲတစ်ခုဖြင့် ပြည့်သွားခဲ့သည်။

လူသားနှင့် နတ်ဆိုးနှစ်မျိုးစလုံးသည် ၎ င်းတို့ ၏ နတ်တန်ခိုးများကို ပြသလျက် သေသည်အထိ တိုက်ခိုက်နေကြသည်။

မြေပြင်မှ ပေတစ်ထောင်အမြင့်ရှိလေထဲထိ ကောင်းကင်မှ မြေကြီးထိ အင်အားချွေတာခြင်း မရှိခဲ့ပေ။

မန္တာန်များ ပေါက်ကွဲမှု၊ သွေးထွက်သံယိုများနှင့်၊ ခြေလက်အင်္ဂါများသည် နေရာတိုင်း ပျံသန်းနေခဲ့သည်။

ကျန်းချန်ရွှမ်၏ ရှေ့တွင် တာအိုပေါင်းစည်းခြင်းအဆင့်စွမ်းအားကိုထုတ်ကာ နတ်ဆိုးသားရဲသုံးကောင်သည် သူအားသတ်ရန်ရည်ရွယ်ချက်ဖြင့် ရုတ်တရက်ပြေးလာခဲ့သည် ။

သူတော်စင်ပင်းနန်သည် နွားရိုင်းကဲ့သို့ ပြေးလာကာ သူ၏နွားဦးချိုသည် နေရာလပ်ကိုပိတ်ပြီး လွတ်မြောက်နိုင်ခြင်းမရှိအောင် လုပ်ထားလေသည်။

သူတော်စင်တိုက်တန်သည် တောင်ဗဟိုချက်ကို ဆင့်ခေါ်ပြီး သူ၏စွမ်းအားများကို တောင်များ ရွေ့လျားနိုင်ရန် အသုံးပြုကာ သူ၏ကြောက်မက်ဖွယ်စွမ်းအားဖြင့် နေရာလပ်အားဖျက်ဆီး၍ ဖိနှိပ်လိုက်သည်။

သူတော်စင်ငရဲမင်းသည် ဒေါသအမျက်ဖြင့် လောင်ကျွမ်းနေပြီး သူ၏ ခန္ဓာကိုယ်သည် နတ်မီးလျှံများအဖြစ်သို့ ပြောင်းလဲသွားကာ သူ့ကို လုံးဝမီးရှို့ရန် မီးပင်လယ်ထဲသို့ ဆွဲသွင်းရန် ကြိုးပမ်းခဲ့လေသည် ။

တာအိုပေါင်းစည်းခြင်း နတ်ဆိုးသုံးပါး၏ တိုက်ခိုက်မှုများသည် ခိုင်မာသော စည်းမျဉ်းများဖြင့် ပြည့်နှက်နေပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေကာ ဖရိုဖရဲ ဖြစ်စေခဲ့သည် ။

ယခင်က ကျန်းချန်ရွှမ်သည် ထိုသို့သော အန္တရာယ်များသည့်အခြေအနေမှ ပြန်ဆုတ်ရမည်ဖြစ်သည်။

တာအိုပေါင်းစည်းခြင်းအဆင့်များ၏ဖိနှိပ်မှုကြောင့် သူခုခံနိုင်ရန် ခက်ခဲနိုင်ပါသည်။

သို့သော် ယခုမူ သူသည် ပြောင်းလဲသွားပြီဖြစ်ပြီး စစ်မှန်သော တာအိုပေါင်းစည်းခြင်းတည်ရှိမှု ဖြစ်နေပြီဖြစ်သည်။

သူကျင့်ကြံသည်မှာ ဒြပ်စင်ငါးပါးတာအိုကိုကျင့်ကြံခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့သော မဟာတာအိုကို ကျင့်ကြံရန် ခက်ခဲတတ်ပါသည်၊ သို့သော် အောင်မြင်မှုရရှိပြီးသည့် အခါ ၎င်းသည် အခြားစည်းမျဉ်းများကို ကျော်လွန်သွားတတ်ပေသည် ။

ထို့ကြောင့် ကျန်းချန်ရွှမ်သည် တာအို၏ စည်းမျဉ်းကို တိုက်ရိုက်ထုတ်ဖော်ခဲ့ပြီး ၎င်း ၏ ခန္ဓာကိုယ်မှ ဒြပ်စင်ငါးခုကို ချဲ့ထွင်ခဲ့သည် ။

တစ်လောကလုံး ၏ ပုံရိပ်ယောင်သည် သူ့ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာပြီး စည်းမျဉ်းဖိနှိပ်မှု အားလုံးကို ချက်ချင်းဖျက်သိမ်းလိုက်သည် ။

သူ ၏ ဘယ်ဘက်လက်တစ်ဖျောက်ဖြင့် သူသည် အစူရာကောင်းကင်တံဆိပ်ကိုဆင့်ခေါ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများ၏အလယ်တွင် ချက်ခြင်းပင် သူတော်စင်တိုက်တန်၏ တောင်ဗဟိုချက်ကို ရင်ဆိုင်လိုက်သည်။

ထို့နောက်တွင် နဂါးနှင့်ဆင် ပုံရိပ်ယောင်သည် သူ၏နောက်တွင် ထပ်မံပေါ်ထွက်လာကာ သူ၏နတ်ဆိုးနှိမ်စွမ်းအားကို အသက်သွင်း၍ စွမ်းအားနှစ်ခုကို ပေါင်းစပ်ပြီး သူ၏ လက်သီးများကို ပစ်ချကာ အင်အားကြီးသည်ဟု လူသိများသော မြေပြန့်နတ်ဆိုးသားရဲမျိုးနွယ်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့လေသည်။

သူတို့၏ လက်သီးများ တိုက်သောအခါ ကြောက်မက်ဖွယ် အင်အားတစ်ခု ချက်ချင်းပေါက်ကွဲလာပြီး နေရာလပ်ကို ဖြိုခွဲလိုက်သည်။

ထိုအချိန်တွင် နတ်ဆိုးသားရဲသူတော်စင်သုံးဦးသည် သိသိသာသာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာခွန်အားသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်း လှပါသလား?

သို့သော် ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် သူတို့အား ထပ်မံ၍ ထိတ်လန့်စေခဲ့သည်။

မလျော့နည်းသွားသောအရှိန်နှင့် သူသည် နောက်တစ်ချက်ကို ပစ်လိုက်ပြီး ယခင်ထပ် ပိုမြန်ဆန်၍ သန်မာပြီး တိုက်ခိုက်မှုတစ်ခုဆီသည် နေရာလပ်ကိုတုန်ခါစေကာ သူတော်စင်ပင်းနန်အား ဖရိုဖရဲအခြေအနေသို့ ရောက်စေကာ နောက်ဆုံး၌ မြေပေါ်သို့လဲကျသွားကာ မြေကြီးနှင့် တောင်များကို တုန်ခါစေခဲ့သည်။

ဒီအချိန်မှာ သူတော်စင်တိုက်တန်နှင့် သူတော်စင် ငရဲမင်းတို့နှစ်ယောက်စလုံးသည် အစူရာကောင်းကင်စည်း၏ ခုခံကာကွယ်မှုကိုပင် မချိုးဖောက်နိုင်ခဲ့ပါ ။

ကြောက်မက်ဖွယ်ရုပ်ပိုင်းဆိုင်ရာအစွမ်းသတ္တိ၊ အထွတ်အထိပ်စည်းမျဉ်းစွမ်းအားနှင့် စွမ်းအားပြည့် ဝိညာဉ်ရတနာစွမ်းအား၊

ထိုသုံးခုပေါင်းခြင်းသည် ကျန်းချန်ရွှမ်တစ်ယောက်တည်းနှင့် ပြိုင်ဘက်သုံးယောက်ကို အနိုင်ယူဖို့ လုံလောက်ခဲ့ပါသည်။

"ဒါက ဘယ်လိုဖြစ်နိုင်တာလဲ ၊ သူက လူသားပဲမဟုတ်လား?"

သူတို့သည် ဒေါသအမျက်ထွက်နေကာ သူတော်စင်တိုက်တန်နှင့် သူတော်စင်ငရဲမင်းသည် နှစ်ဦးစလုံးသည်တတ်နိုင်ခြင်းမရှိဘဲ ကျန်းချန်ရွှမ်သည်အမှန်တကယ်လူသားလား ဆိုသည်ကို သံသယဖြစ်နေကြသည် ။

"ဒီမေးခွန်းတွေကို မင်းနဲ့အတူ ငရဲကို ခေါ်သွားနိုင်တယ်။"

ထို့နောက် ချက်ချင်းပင် ကျန်းချန်ရွှမ်က သူတို့ကို ဦးတည်တိုက်ခိုက်လိုက်သည် ။

နတ်ဆိုးသားရဲသူတော်စင်နှစ်ပါးတို့သည် နောက်မဆုတ်ရဲတော့ဘဲ မိမိတို့ ၏ စွမ်းအားအရှိန်အဝါအားလုံးကို ထုတ်လိုက်လေသည်။

တစ်ဦး၏ တောင်ကုန်းသည်ရုတ်တရက်တိုးချဲ့လာပြီး စစ်မှန်သောကြယ်တစ်လုံးဖြစ်လာကာ ကျန်းချန်ရွှမ်ဆီသို့ရောက်လာခဲ့သည် ၊

တစ်ဦး၏ မူလနတ်မီးလျှံသည် အကြိမ်ပေါင်းများစွာ ပေါက်ကွဲနေစဉ် နောက်ဆုံးတွင် ဆိုးရွားသော အနက်ရောင်မီးလျှံအဖြစ်သို့ ပြောင်းလဲသွားပြီး နေရာလပ်ထဲသို့ ဝင်သွားလေသည်။

သို့သော် ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါးတာအိုကို အပြည့်အဝအသက်သွင်းကာ ချက်ခြင်းပင် ထိုနှစ်ဦးအား ဒြပ်စင်ငါးပါးလောကတစ်ခုဖြင့် လွှမ်းခြုံလိုက်လေသည်။

သူတို့သည် သူတို့အပေါ် စည်းမျဉ်းစည်းကမ်းများ ၏ ချုပ်ချယ်မှုများကို ချက်ချင်းပင် ခံစားခဲ့ရပြီး ၎င်းတို့၏ အင်အားသည် သိသိသာသာ ကျဆင်းလာသည် ။

ထို့နောက် ရွှေဗလာနယ်ဓားကို မြန်မြန်ဆန်ဆန် ဆင့်ခေါ်လိုက်ပြီး တစ်လောကလုံးကို အလင်းပေးသော ရွှေရောင်ကောင်းကင်မျဉ်းကြောင်းတစ်ခုပေါ်ထွက်လာခဲ့လေသည်။

ထိုဓားဖြင့် အရာအားလုံး ပြတ်တောက်သွားခဲ့သည်။

All Chapters