အခန်း (၃၄၉-၃၅၁)
Vol. 24 Ch. 349-351
အခန်း ၃၄၉ - ဆင့်ခေါ်ခြင်း
ထိုခဏတွင် လီယိုနာဒို၏လက်အောက်ငယ်သားများသည် ချက်ချင်းရောက်ရှိလာသည်ကို ရှောင်ယုတွေ့မြင်လိုက်ရသည်။
သူတို့အားလုံးသည် တန်ဖိုးကြီးမားသောချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြပြီး ထိုချပ်ဝတ်အချို့သည် မှော်ဆန်သောအော်ရာများကိုပင် ထုတ်လွှတ်လျက်ရှိသည်။ သူတို့အားလုံးသည် ရှောင်ယုအား ဒေါသတကြီးစိုက်ကြည့်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ လီယိုနာဒိုသည် သူ့လူများကိုတည်ငြိမ်စေရန်အတွက် သူ့လက်ကိုဝှေ့ယမ်းလိုက်ကာ လင်းမူရွယ်ကိုစိုက်ကြည့်လိုက်သည်။
"ဒီလိုတွေဖြစ်သွားရတဲ့အတွက် အရမ်းကိုဝမ်းနည်းရပါတယ် သခင်မလေး...ငါမင်းကိုနာကျင်အောင်ပြုလုပ်ဖို့ ဘယ်တုန်းကမှမရည်ရွယ်ခဲ့ပေမဲ့ ဒီအရှက်မဲ့တဲ့ကောင်က ငါ့ရဲ့စွမ်းအားတွေကိုမမြင်ရမချင်း ငြိမ်ငြိမ်လေးနေနိုင်မှာမဟုတ်ဘူး...မင်းလိုမျိုးနူးညံ့လှပပြီးတော့ ကျော့ရှင်းတဲ့အမျိုးသမီးလေးတစ်ယောက်က ခုလ်ိုရက်စက်ကြမ်းကြုတ်တဲ့ လူယုတ်မာတစ်ယောက်နဲ့စေ့စပ်ထားရသလဲဆိုတာ ငါတကယ်နားမလည်ဘူး...သူ့ရဲ့ပါးစပ်ကဝက်တစ်ကောင်လို ညစ်ပတ်တယ်"
"အနည်းဆုံးတော့ ငါကမင်းထက်ပိုပြီးတော့သန်မာတယ်"
ရှောင်ယုသည် လီယိုနာဒိုကြည့်ရင်း အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
လီယိုနာဒိုကမူ လင်းမူရွယ်ကိုစိုက်ကြည့်နေဆဲဖြစ်သည်။
"ငါဒီလိုပြောရတာ တကယ်စိတ်မကောင်းပါဘူး...ဒါပေမဲ့ဒီလူယုတ်မာက ငါ့ရဲ့မိသားစုနဲ့ငါ့အမေကို စော်ကားနေတယ်...သူ့ကိုအပြစ်ပေးရမယ်...ဘာပဲဖြစ်ဖြစ် ငါကမိန်းမတစ်ယောက်က်ို အတင်းအကြပ်လုယူမယ့် ယောက်ျားတစ်ယောက်မဟုတ်ဘူး...ဒါကသူတစ်ယောက်တည်းရဲ့အပြစ်ပဲ"
ဤလီယိုနာဒိုသည် ရောဘတ်ထက်ပင် ပို၍မာနကြီးပြီး အရှက်ကင်းမဲ့ကြောင်း ရှောင်ယုနားလည်လိုက်သည်။ ရောဘတ်သည် ကျိုးကြောင်းဆီလျော်သော လူယုတ်မာတစ်ယောက်ဖြစ်သော်လည်း ဤလူငယ်သည်ကား ကြောင်သူတော်တစ်ယောက်ဖြစ်ပေသည်။ ရှောင်ယုသည် ထိုကောင်နှင့်စကားဆက်မပြောလိုတော့ဘဲ တိုင်ရန်ဒီကိုအချက်ပြလိုက်သည်။
"နဂါးမီးမြှားတွေကိုသုံးလိုက်တော့"
သူ့ထံတွင် နဂါးမီးမြှား၁၀စင်းသာရှိသည့်အတွက်ကြောင့် နေဝင်ချိန်နွံအိုင်၌ ခရီးဆက်နေစဉ် အလွန်အန္တာရယ်များသည့်အခြေအနေများ၌သာ ၎င်းတို့အားအသုံးပြုရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော်လည်း လီယိုနာဒို၏အသွင်အပြင်ကြောင့် ရှောင်ယုသည် နဂါးမီးမြှားကိုအသုံးပြုရန် စီစဉ်လိုက်ခြင်းဖြစ်သည်။ ရှောင်ယုသည် နေဝင်ချိန်နွံအိုင်၏အန္တာရယ်များနှင့် ဂေါ်ဒွန်၏ဦးခေါင်းခွံကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူသည် ထိုကောင်၏ပါးစပ်ကိုပိတ်ချင်စိတ်သာ ဖြစ်နေခဲ့သည်။
လူအများအပြားသည် ထိုထိပ်တိုက်ရင်ဆိုင်မှုကို စောင့်ကြည့်နေခဲ့ကြသည်။ သူတို့ထဲမှ အများစုသည်ရှောမိသားစု၏ အမှတ်အသားကို အသိအမှတ်ပြုမိကြပြီး သူတို့ထဲမှတစ်ယောက်က စိတ်ရှုပ်ထွေးစွာရေရွတ်လိုက်သည်။
"အဲ့ဒါ ရှောမိသားစုမဟုတ်ဘူးလား...သူတို့နဲ့ဘယ်သူကသွားရှုပ်နေတာလဲ"
"ရှောမိသားစု...ဘယ်ကရှောမိသားစုလဲ"
"ရှောမိသားစု...အဲ့ဒါက အော်ရန်မြို့ရဲ့ရှောမိသားစုပဲလေ"
"အော်ရန်မြို့ရဲ့ရှောမိသားစု...သူတို့ကရှေးခေတ်မိသားစုတွေထဲက တစ်ခုမဟုတ်ဘူးလား...ဒီကောင်လေးကတော်တော်ရူးမိုက်တာပဲ...သူကကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ ဧကရာဇ်ကိုတောင်ကြိမ်းမောင်းတာက ကိစ္စမရှိပေမဲ့...ရှောမိသားစုရဲ့အမွေခံက်ိုတော့စော်ကားလို့မရဘူး...ခုတော့သူကဒုက္ခလှလှတွေ့တော့မယ်"
"ဒီကောင်လေးက အောစ့်နဲ့နတ်သူငယ်တွေကို ပိုင်ဆိုင်ထားတယ်ဆိုတော့ သာမန်လူတစ်ယောက်မဖြစ်နိုင်ဘူး...ဘာပဲဖြစ်ဖြစ်ဒီတိုက်ကြီးပေါ်မှာ ရှောမိသားစုနဲ့အဆင့်တူမိသားစု အနည်းငယ်ပဲရှိတယ်"
"ဟုတ်တယ်...ဒီတိုက်ကြီးပေါ်မှာ မင်းလုံးဝမစော်ကားနိုင်တဲ့လူအချို့ရှိတယ်...ရှောမိသားစုကအဲထဲကတစ်ခုပဲ...သူတို့သွားလေရာမှာ လူအများရဲ့မြှောက်စားမှုကိုခံယူရတယ်...ဒီကောင်လေးမှာဘယ်လိုနောက်ခံမျိုးပဲရှိရှိ အရေးမကြီးတော့ဘူး...သူကဆင်ကိုကိုက်ဖို့ကြိုးစားနေတဲ့ ပုရွက်ဆိတ်နဲ့တူတယ်"
"ဟုတ်လား...သူတို့ကအုပ်စ်ိုးသူမိသားစုတွေထက် ပိုပြီးစွမ်းအားကြီးတာလား"
"မင်းဆက်တိုင်းကို ထောက်ပံ့နေတဲ့မိသားစုကြီးတွေရှိတယ်...ကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ အုပ်စိုးသူမင်းဆက်ဟာ ဘာလို့ဆုတ်ယုတ်သွားရတယ်လို့မင်းထင်လဲ...အကြောင်းရင်းကိုမင်းသိလို့လား...အင်ပါယာရဲ့ပထမနဲ့ဒုတိယမြောက်ဧကရာဇ်တွေက အဲ့မိသားစုကြီးတွေကိုဖယ်ရှားဖို့ကြိုးစားခဲ့ကြလို့ပဲ"
"ဒီကောင်လေးတော့ အဆုံးသတ်သွားတော့မှာပဲ"
ဗုံးးး...
ထိုအမျိုးသား၏စကားမဆုံးမှီ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ထိုပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့်လှိုင်းများသည် မီတာရာနှင့်ချီ၍လွှမ်းမိုးသွားကာ မြေပြင်ပေါ်ရှိအရာအားလုံးကိုဖျက်ဆီးလိုက်သည်။စောင့်ကြည့်သူများသည် ထိုနေရာ၌အတော်ဝေးဝေးတွင်ရှိနေ၍ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း ရှောမိသားစု၏တပ်သားများကမူ အခြေအနေမကောင်းပေ။ပေါက်ကွဲမှု၏အလယ်ဗဟို၌ရှိနေသော တပ်သားများသည် ချက်ချင်းသေဆုံးသွားခဲ့ရသည်။စွမ်းအားကြီးကျွမ်းကျင်သူအချို့ကသာ အန္တာရယ်အငွေ့အသက်ကိုခံစားမိ၍ အချိန်မှီရှောင်တိမ်းနိုင်ခဲ့သည်။မည်သို့ပင်ဆိုစေ ပေါက်ကွဲမှုကိုခံစားရသူတိုင်းသည် သေဆုံးခြင်းမရှိလျှင် ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။
ဤပေါက်ကွဲမှုကြောင့် စွမ်းအားကြီးကျွမ်းကျင်သူများပင် အရှက်တကွဲဖြစ်သွားခဲ့ရသည်။ သူတို့အများစုသည် ဒဏ်ရာအနည်းငယ်ရရှိသွားကာ သူတို့၏အဝတ်အစားများလောင်ကျွမ်းသွားခဲ့ရသည်။
ဤအရာသည် နဂါးမီးမြှား၏စစ်မှန်သောအစွမ်းဖြစ်သည်။
တိုင်ရန်ဒီသည် နဂါးမီးမြှားကိုပစ်ခတ်ရန်အတွက် လေပြင်းကျွမ်းကျင်မှုအစွမ်းကို အသုံးပြုခဲ့သည်။ မြှားကိုယ်တိုင်ပင်က အလွန်လျင်မြန်လှသည့်အတွက်ကြောင့် ပဥ္စမအဆင့်ကျွမ်းကျင်သူတစ်ယောက်သည်ပင် အချိန်မှီရှောင်တိမ်းရန် ခဲယဉ်းလှပေသည်။ နဂါးမီးမြှား၏စွမ်းအားသည်ပင် လွန်စွာကြီးမားလှ၍ လောင်မြိုက်မြှားတံကိုပင်ထည့်မသုံးခဲ့ပေ။ ထို့အစား ရန်သူတစ်ယောက်တည်းကို ဦးတည်ပစ်ခတ်ရမည်မဟုတ်၍ လေပြင်းပစ်ခတ်မှုကိုအသုံးပြုခဲ့သည်။ သို့သော် ရန်သူတစ်ဦးတည်း၏ခန္ဓာက်ိုယ်အား အာရုံစ်ိုက်လိုပါက ခြေရာကောက်မြှားကိုအသုံးပြုရမည်ဖြစ်သည်။
အစွမ်းထက်ကျွမ်းကျင်သူများသည် သာမန်မြှားတစ်စင်းကို လွယ်လွယ်ကူကူပိတ်ဆို့နိုင်သော်လည်း နဂါးမီးမြှားကိုမူ မည်သူမှတားဆီးရန်မဖြစ်နိုင်ပေ။ ထို့ပြင်တိုင်ရန်ဒီကသာ ခြေရာကောက်ခြင်းကျွမ်းကျင်မှုကို အသက်သွင်းလိုက်ပါက မြှား၏ဦးတည်ရာကိုပြောင်းလဲနိုင်သည့်အတွက်ကြောင့် ၎င်းကိုကာကွယ်ရန်အလွန်ခဲယဉ်းမည်ဖြစ်သည်။
...
...
ယခုလိုအချိန်မျိုး၌ ရှောင်ယုကပြတ်ပြတ်သားသားဆုံးဖြတ်လိမ့်မည်ဟု မည်သူကမှမထင်မှတ်ထားကြပေ။ နဂါးမီးမြှားသည် အခြေအနေတစ်ခုလုံးအားပြောင်းလဲရန်အတွက် ဆိုးရွားသည့်အချိန်ကာလများ၌သာ အသုံးပြုနိင်သော ဗျူဟာမြောက်လက်နက်တစ်ခုဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် လီယိုနာဒိုသည်အံ့သြသွားခဲ့သည်။ သူ၏နံဘေးတွင် ပဥ္စမအဆင့်ကျွမ်းကျင်သူများစွာရှိသော်လည်း မည်သူကမှထိုသို့တိုက်ခိုက်မှုအား မလုပ်ဆောင်နိုင်ပေ။ ထိုကျွမ်းကျင်သူများအားလုံးသည် အချိန်မှီမတုံ့ပြန်နိုင်ခဲ့သော်လည်း အန္တာရယ်အငွေ့အသက်အားခံစားမိသည်နှင့် အချိန်မှီရှောင်တိမ်းနိုင်ခဲ့သည်။ ပဥ္စအဆင့်ကျွမ်းကျင်သူတိုင်းလိုလိုပင် ဆဌမအာရုံက်ိုပိုင်ဆိုင်ထားကြသည်။
...
...
နဂါးမီးမြှား၏အစွမ်းကြောင့် မြေကြီးပေါ်၌တွင်းပေါက်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ အမှန်တော့ ရှောင်ယု၏တပ်သားများသည်ပင် ထိုကြီးမားသည့်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရလုနီးပါးဖြစ်ခဲ့သည်။
ရှောင်ယုသည် ဆန်းကြယ်ပုဆိန်ကိုပင့်မြောက်၍ ရန်စလ်ိုက်သည်။
"ဟိုကောင် မအေ... မင်းငါ့ကိုသတ်ချင်တယ်လို့ပြောနေတာမဟုတ်ဘူးလား"
ယခုအခိုက်အတန့်၌ လီယိုနာဒို၏တင့်တယ်သောအသွင်အပြင်ကို ထပ်မံမမြင်တွေ့ရတော့ပေ။ ပဥ္စမအဆင့်ကျွမ်းကျင်သူတစ်ဦးသည် နောက်ဆုံးအခိုက်အတန့်လေးတွင် သူ့အားကယ်ထုတ်သွားသော်လည်း ပေါက်ကွဲမှုကြောင့် သူ၏အဝတ်အစားများနှင့်ဆံပင်များလောင်ကျွမ်းသွားခဲ့ရသည်။ သူသည် ငယ်စဉ်ကပင်ယခုအချိန်ထိ ဤသို့ပထမဆုံးအကြိမ်ကြုံတွေ့ဖူးခြင်းဖြစ်သည်။ သူသည် ပထမဆုံးအကြိမ်အဖြစ်ကြိမ်းမောင်းခံရပြီးနောက်တွင် ဆိုးဆိုးရွားရွားရိုက်နှက်ခံခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ သူ့စိတ်ထဲရှိ ဒေါသအရှိန်အဟုန်သည် ကောင်းကင်ယံထိရောက်ရှိသွားခဲ့သော်လည်း သူ့ကိုယ်သူထိန်းချုပ်နိုင်ခဲ့သည်။ တိုင်ရန်ဒီ၏လေးထဲ၌ နောက်ထပ်နဂါးမီးမြှားတစ်စင်းရှိနေကာ ထိုမြှားကသူ၏ခန္ဓာကိုယ်အားဦးတည်ထားပေသည်။ လီယိုနာဒိုသည် သူခံစားနေရသည့်သေခြင်းတရားကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်သွားသလိုခံစားလိုက်ရသည်။ လက်ရှိအခြေအနေသည် အလွန်ဆိုးရွားနေကာ တိုင်ရန်ဒီ၏လက်ထဲမှမြှားသည် သူ၏အသက်ကိုဆိုးဆိုးရွားရွားခြိမ်းခြောက်နိုင်ကြောင်း လီယိုနာဒိုနားလည်လိုက်သည်။
လက်ရှိအချိန်တွင် သူသာစတင်လှုပ်ရှားပါက ကြီးမားသည့်တန်ဖိုးတစ်ရပ်ကိုပေးချေရမည်ဖြစ်သည်။ ရှောင်ယုသည် သက်သက်လွတ်သမားမဟုတ်သလ်ို ရှောင်ယုဘက်မှလူများသည်လည်း ရက်စက်ကြမ်းကြုတ်ကြောင်းထင်ရှားပေသည်။ ဂရင်းနှင့်ခိုင်ရင်းတို့သည် သူတို့၏သံချပ်ကာများကိုဝတ်ဆင်ကာ သူတို့၏လက်နက်များကိုကောက်ကိုင်လိုက်ကြသည်။ သူတို့၏ခန္ဓာကိုယ်မှ ပြင်းထန်သောဖိနှိပ်မှုအော်ရာများထွက်ပေါ်လာခဲ့သည်။ ကဲလ်သက်သည် တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေပြီး ဖီးနစ်ငှက်တစ်ကောင်သည် သူ၏အပေါ်၌ဝဲပျံနေခဲ့သည်။
လက်ရှိအခြေအနေသည် အလွန်ဆိုးရွားနေသော်လည်း လီယိုနာဒိုသည် မခံမရပ်နိုင်ဖြစ်နေပေသည်။ ဤကိစ္စသည် သူ့ကိုပါမကဘဲ ရှောမိသားစုကိုပါသက်ရောက်စေမည်ဖြစ်သည်။ ရှောမိသားစုအတွက် တိုက်ပွဲဝင်ရင်းခြေလက်အင်္ဂါများဆုံးရှံးခဲ့ရသည့် စစ်သည်တော်များစွာရှိခဲ့သည်။ အကယ်၍ သူသာအလျော့ပေးလိုက်ပါက ရှောမိသားစု၏ဂုဏ်သိက္ခာသည် လုံးဝကျဆင်းသွားတော့မည်ဖြစ်သည်။
"ငရဲမီးတောက်က ငါ့မိသားစုရဲ့အမည်နာမနဲ့အတူ တောက်လောင်နေပါစေ...ရှေးခေတ်ဟောင်းရဲ့တည်ရှိမှုကို ဖိတ်ခေါ်ခွင့်ပြုပါ"
လီယိုနာဒိုသည် မန္တန်တစ်ခုအားအလျင်အမြန်ရွတ်ဆိုလိုက်သည်။ထို့နောက်မြေပြင်သည် စတင်တုန်ခါလာခဲ့ပြီး အမှတ်အသား၆ခုသည် စတင်တောက်ပလင်းလက်လာခဲ့ကာ မြေပြင်ပေါ်၌ ကြီးမားသောဆဌဂံပုံစံတစ်ခုဖြစ်တည်လာခဲ့သည်။
ကဲလ်သက်ဆင့်ခေါ်ထားသည့် ဖီးနစ်ငှက်သည်ပင် မြေပြင်ပေါ်ရှိအခင်းအကျင်းမှ ထွက်ပေါ်လာသည့်စွမ်းအင်များကြောင့် ပြန်လည်ပယ်ပျက်သွားခဲ့သည်။ ထိုအခင်းအကျင်းမှထွက်ပေါ်လာသည့် အမှောင်ထုအော်ရာသည် ကောင်းကင်ကိုပင်လွှမ်းခြုံနိုင်စွမ်းရှိပြီး မကြာမှီတစ်စုံတစ်ခုထွက်ပေါ်လာတော့မည့်ပုံစံရှိနေခဲ့သည်။
ရှောင်ယုနှင့်ကျန်လူများသည် လျင်မြန်စွာဖြင့်နောက်သို့ဆုတ်ခွာခါကြသည်။ ဆိုးရွားသည့်တစ်စုံတစ်ခုဖြစ်ပေါ်လာတော့မည်ကိုနားလည်လိုက်၍ ရှောင်ယုသည်အမှားအယွင်းမလုပ်လိုတော့ပေ။
"မင်းအမေလိုပဲ...သူကအကုန်ထုတ်သုံးနေပြီ"
ရှောင်ယုက ညည်းညူမြည်ကြွေးလိုက်သည်။
နှစ်ဖက်လုံးသည် သူတို့၏ဝှက်ဖဲများကို စတင်အသုံးပြုလာကြပြီဖြစ်သည်။ သူ့ထံတွင် ရန်သူကိုဟန့်တားရန်အတွက် နဂါးမီးမြှားများအလုံအလောက်ရှိမနေကြောင်း ရှောင်ယုနားလည်ပေသည်။ ရှောင်ယုထံတွင် ထိုကဲ့သို့ဗျူဟာမြောက်လက်နက်များများစားစားမရှိနိုင်ကြောင်း စဉ်းစားညဏ်ရှိသူတိုင်းရိပ်မိသင့်သည်။ ထို့ပြင် ရှေးဟောင်းမိသားစုများဖြစ်ကြသည်နှင့်အညီ သူတို့တွင်ဝှက်ဖဲအမြောက်အများရှိနေမည်မှာ
"ဟားဟား...စလာပြီဆိုမှတော့ ဒီဂိမ်းကိုအဆုံးထိကစားရတာပေါ့..."
ရှောင်ယုကရယ်မောလိုက်သည်။
ထိုအချိန်တွင် အခင်းအကျင်းသည်ပြီးမြောက်သွားပုံရသည်။ ကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခုက အခင်းအကျင်းမှထွက်ပေါ်လာရန်ကြိုးစားနေခဲ့သည်။ ထိုအရာထွက်ပေါ်လာသည်နှင့်အမျှ ပြဿနာကြီးကြီးမားမားဖြစ်လာမည်ကို ရှောင်ယုသတိထားမိပေသည်။
ရှောင်ယုသည် တိုင်ရန်ဒီဘက်သို့လှည့်ကြည့်လိုက်သည်။
"ဒီကြောက်စရာကောင်းတဲ့ ဆင့်ခေါ်မှုအခင်းအကျင်းကိုပစ်ကြည့်စမ်း...ဒါကိုငါတို့မဖြိုခွဲနိုင်ဘူးလို့မယုံကြည်ဘူး"
ပုံမှန်အားဖြင့် အခြားလောကတစ်ခုထံသို့ ဆင့်ခေါ်တံခါးတစ်ချပ်ကိုဖွဲ့စည်းရန်အတွက် စွမ်းအင်များစွာကိုအသုံးပြုရသည့်အတွက်ကြောင့် ဆင့်ခေါ်ခြင်းဆိုင်ရာအခင်းအကျင်းတစ်ခုကို ဖျက်ဆီးရန်အလွန်ခက်ခဲပေသည်။ ၎င်းကိုဖြိုခွဲလိုပါက အခင်းအကျင်း၏ဗဟိုချက်ကိုရှာတွေ့ရမည်ဖြစ်သည်။ သို့သော်ရှောင်ယုသည် သူ့ရှေ့၌ရန်သူတစ်ယောက်ရှိနေချိန်တွင် ထိုဆင့်ခေါ်ခြင်းပြီးမြောက်အောင် ထိုင်စောင့်နေမည်မဟုတ်ပေ။
တိုင်ရန်ဒီသည် မြှား၏ဦးတည်ချက်ကိုလွဲပြောင်းကာ အခင်းအကျင်းကိုဦးတည်ပစ်ခတ်လိုက်သည်။
ဗုံးးး...
နဂါးမီးမြှားသည် အခင်းအကျင်းအားဖြတ်ကျော်၍ ထွက်လာရန်ကြိုးစားနေသည့် အရာကိုထိမှန်သွားကာ ကြီးမားသည့်ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ နဂါးမီးမြှား၏စွမ်းအင်နှင့်ဆင့်ခေါ်မှုအခင်းအကျင်းတို့မှထွက်ပေါ်လာသည့် စွမ်းအင်များထိတွေ့မိပြီးနောက်တွင် ကြီးမားသောစွမ်းအင်လှိုင်းများက မီတာရာဂဏန်းထိပျံ့နှံ့ရွေ့လျားလာခဲ့သည်။
ထိုသို့များပြားလှသောစွမ်းအင်ပမာဏနှင့် ထိတွေ့မိသူတိုင်းမည်သူမဆိုသေဆုံးသွားနိုင်ပေသည်။
အခင်းအကျင်းမှထွက်ခွာလာရန် ကြိုးစားနေသောအရာသည် ထပ်ခါထပ်ခါရုန်းကန်နေခဲ့သည်။ထိုမြင်ကွင်းကိုကြည့်နေသောရှောင်ယုသည် သူ၏အကြံအစည်အောင်မြင်ကြောင်းသိလိုက်ရ၍ ဂုဏ်ယူစွာဖြင့်ရယ်မောလိုက်သည်။
အခန်း ၃၅၀ - စစ်ပွဲချော်ရည်ခွေး
ဧရာမသားရဲတစ်ကောင်သည် စွမ်းအင်ရေကန်ထဲမှ ခုန်ထွက်ရန်ဟန်ပြင်နေခဲ့သည်။
၎င်း၏ခန္ဓာကိုယ်သည် လေထုအလယ်တွင်ရှိနေပြီး တွန်းချခံလိုက်ရသကဲ့သို့ အောက်သို့ပြုတ်ကျလာခဲ့သည်။တောင်တစ်ခုသည် မြေပေါ်သို့ပြုတ်ကျလာသကဲ့သို့ မြေပြင်သည်ပြင်းထန်စွာတုန်ခါသွားခဲ့သည်။
"သေစမ်း..အကြီးကြီးပဲ"
ရှောင်ယု၏မျက်လုံးများသည် လွန်စွာပြူးကျယ်သွားခဲ့သည်။ ထိုကောင်ကြီးသည် အရှည်၅၀မီတာရှိပြီး ၆မီတာမှရမီတာအမြင့်တွင်ရှိသည်။ ထိုသားရဲသည် ယခုအချိန်တွင်လဲလျောင်းနေသည့်ပုံစံ၌ရှိနေကြောင်း သတိပြုသင့်ပေသည်။ ရှောင်ယုသည် ရွေ့လျားနိုင်သောခံတပ်တစ်ခုနှင့် ရင်ဆိုင်နေရသည်ကိုသတိပြုသင့်ပေသည်။ ကံကောင်းထောက်မစွာဖြင့် ရှောင်ယုသည်တိုင်ရန်ဒီအား နဂါးမီးမြှားများဖြင့်တိုက်ခိုက်ရန် အမိန့်ပေးထားခဲ့သည့်အတွက်ကြောင့် စွမ်းအင်မုန်တိုင်းကြောင့် ထိုသားရဲကြီးသည် ဒဏ်ရာအကြီးအကျယ်ရရှိခဲ့သည်။ ထိုသို့မဟုတ်ပါက ရင်ဆိုင်ရန်မဖြစ်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ ရှောင်ယုသည်ထိုသားရဲ၏စွမ်းအားကိုလျော့မတွက်ဝံ့ပေ။ သာမန်သူရဲကောင်းများသည် ထိုသားရဲအားသူတို့အလိုရှိသလို ထိပ်တိုက်ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
အခြေအနေကိုစောင့်ကြည့်နေကြသည့် လူများကတိတ်တဆိတ်ရေရွတ်လိုက်ကြသည်။
"အဲ့ဒီနတ်ဆိုးကဘာကောင်လဲဟ...သေချာတာကတော့ငရဲကနတ်ဆိုးတစ်ကောင်ပဲ"
"လီယိုနာဒိုက ရှောမိသားစုရဲ့အမွေဆက်ခံသူပီသပါပေတယ်...သူကဒီလိုနတ်ဆိုးတစ်ကောင်ကိုတောင် ဆင့်ခေါ်နိုင်တာပဲ...ဆဌမအဆင့်မှော်ဆရာတစ်ယောက်တောင်မှ အဲလိုမလုပ်နိုင်ဘူးဆိုတာ ငါယုံတယ်"
"ကြောက်စရာကောင်းလိုက်တာ...ဒါပေမဲ့သူတို့က အဲနတ်ဆိုးကိုထိန်းချုပ်နိုင်ပါမလား...တကယ်လို့သူသာမထိန်းချုပ်နိုင်ရင် အဲနတ်ဆိုးကသူ့လမ်းကြောင်းပေါ်မှာရှိတဲ့ အရာအားလုံးကိုဖျက်ဆီးသွားလိမ့်မယ်"
"လီယိုနာဒိုက ဒေါသပေါက်ကွဲပြီးတော့ အဲနတ်ဆိုးကိုဆင့်ခေါ်လိုက်ပုံရတယ်"
နတ်ဆိုးသားရဲသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး သူ၏ကြီးမားသောခန္ဓာက်ိုယ်အား ဖြေးညင်းစွာလှုပ်ရှားလိုက်သည်။ ၎င်း၏ခြေထောက်များသည် အနည်းငယ်တိုသော်လည်း သူ၏ဧရာမခန္ဓာကိုယ်အား ထောက်ကန်ပေးထားသည့် ထောက်တိုင်လေးခုနှင့်တူညီပေသည်။ ထိုနတ်ဆိုးသားရဲတွင် ခေါင်း၂လုံးပါရှိပြီး ဤအခိုက်အတန့်တွင် သွေးနီရောင်မျက်လုံး၄ခုက ရှောင်ယုအားစိုက်ကြည့်နေခဲ့သည်။၎င်း၏ဦးခေါင်း၂ခုပေါ်တွင် ဂရင်း၏ခါးကဲ့သို့ကြီးမားသောချွန်ထက်သည့် ဦးချိုတစ်ခုစီရှိနေခဲ့သည်။ အနီရောင်အရည်များသည် သူ၏ပါးစပ်မှစီးကျနေပြီး ထိုအရည်များသည်မြေပြင်ကိုကျဆင်းလာသည်နှင့် မြေပြင်ပေါ်၌မီးတောက်များဖြစ်ပေါ်လာခဲ့သည်။
အမဲလိုက်ခွေး...စစ်ပွဲချော်ရည်ခွေးလား
စစ်ကမ္ဘာဂိမ်း၏ ပရော်ဖက်ရှင်နယ်ဂိမ်းသမားဖြစ်သော ရှောင်ယုအတွက် ဤနတ်ဆိုးသားရဲနှင့်မစိမ်းကားပေ။ ထိုနတ်ဆိုးသားရဲသည် အလွန်သန်မာကြောင်းသူနားလည်ထားသည်။ လူသားများနှင့်နှိုင်းယှဉ်မည်ဆိုပါက ၎င်းသည်အမြင့်ဆုံးအဆင့်ဆဌမအဆင့်သူရဲကောင်းနှင့်ညီမျှပေသည်။ အမှန်မှာ ထိုကောင်ကြီး၏အထွတ်အထိပ်အခြေအနေ၌ သာမန်ဆဌမအဆင့်သူရဲကောင်း ၄ဦး၅ဦးသည်ပင် ကိုင်တွယ်နိုင်စွမ်းမရှိပေ။ သီအိုဒိုးကဲ့သို့သောမှော်သခင်တစ်ဦးကသာ ဤကဲ့သို့သားရဲမျိုးအတွက် ခြိမ်းခြောက်မှုဖြစ်နိုင်ပေသည်။ ကံကောင်းထောက်မစွာဖြင့် ပြင်းထန်သောစွမ်းအင်သက်ရောက်မှုကြောင့် ထိုကောင်သည်ပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့ကာ ယခုအချိန်၌၎င်း၏ခွန်အားတစ်ဝက်ခန့်ကိုသာ အသုံးပြုနိုင်ပေသည်။
အာကာသမှော်ပညာသည် အစွမ်းအထက်ဆုံးမှော်စွမ်းအားပင်ဖြစ်သည်။ အာကာသဟင်းလင်းပြင် ကွဲထွက်မှုကဲ့သ်ို့ စွမ်းအင်တုန်ခါမှုများဖြင့် ရင်ဆိုင်ရပါက အစွမ်းအထက်ဆုံးသောလူများသည်ပင် သေဆုံးသွားနိုင်ကြောင်း မှတ်သားထားရမည်ဖြစ်သည်။ သို့သော်လည်း ဤခွေးပေါက်လေးသည် ရှင်သန်နေဆဲဖြစ်သည်။ ထိုခွေးသည် ဒေါသတကြီးအူလိုက်ပြီး ရှောင်ယုနှင့်ကျန်လူများအား သတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နှက်နေသည့်အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ရှောင်ယုကမူ သူ့လက်ထဲ၌ဆန်းကြယ်ပုဆိန်အားဆုပ်ကိုင်၍ ချော်ရည်ငရဲခွေးအားပြန်၍စိုက်ကြည့်နေခဲ့သည်။
တကယ်လ်ို့ ငါကသာစပြီးမလှုပ်ရှားရင်တောင်မှ သူကငါ့ကိုသတ်ဖို့ကြိုးစားလိမ့်မယ်...ဒါကြောင့်မို့ ငါ့ဘက်ကနေစပြီးတော့ လှုပ်ရှားရမယ်
...
...
လီယိုနာဒိုသည် ဤကဲ့သို့အစွမ်းထက်သော သားရဲတစ်ကောင်အားဆင့်ခေါ်ရန် လုံလောက်အောင်သန်မာခြင်းမရှိပေ။ လီယိုနာဒိုထံ၌ စစ်ပွဲချော်ရည်ခွေးကိုဆင့်ခေါ်ရန် ကူညီပေးမယ့်ထူးခြားသောအရာတစ်မျိုးရှိနိုင်သည်ဟု ရှောင်ယုယုံကြည်ထားသည်။ ထိုသို့မဟုတ်ပါက ငယ်ရွယ်သောလီယိုနာဒိုသည် ယခုလ်ိုသားရဲမျိုးအားမဆင့်ခေါ်နိုင်ပေ။ နတ်ဆိုးသားရဲများကိုဆင့်ခေါ်နိုင်သည့် အစွမ်းထက်စစ်ပွဲမှော်ဆရာများသည်တောင်မှ ယခုလိုသားရဲမျိုးအားဆင့်ခေါ်ရန် အထောက်အကူပြုကိရိယာတစ်ခုအား အသုံးပြုရမည်ဖြစ်သည်။ ထို့ကြောင့် ဆင့်ခေါ်သူများသည် သူတို့၏စွမ်းအင်ကိုဟန်ချက်ညီစေရန် အချို့သောအရာများကိုစွန့်စားရပေသည်။
...
...
လီယိုနာဒိုသည် သူ့လူများနှင့်အတူ ခပ်ဝေးဝေးသို့ဆုတ်ခွာ၍ ရှောင်ယု၏တပ်များနှင့် စစ်ပွဲချော်ရည်ခွေးတို့ရင်ဆိုင်နေသည်အား စောင့်ကြည့်နေခဲ့သည်။ စစ်ပွဲချော်ရည်ခွေးသည် အလွန်ပင်သန်မာပြီး သူ၏ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေကြောင်း သူနားလည်ပေသည်။ သူသာ ထိုစစ်ပွဲချော်ရည်ခွေးနှင့်နီးကပ်နေပါက ထိုခွေးသည်သူ့ကိုပင်တိုက်ခိုက်မှာဖြစ်သည်။ သူ့ထံတွင်စွမ်းအားကြီးသည့် ကျွမ်းကျင်သူများရှိနေသော်လည်း စစ်ပွဲချော်ရည်ခွေးကိုသတ်ဖြတ်နိုင်မည်ဟု အာမမခံနိုင်ပေ။
"အရူးကောင်...စစ်ပွဲချော်ရည်ခွေးက မင်းကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင် ကိုက်ဖြတ်လိုက်လိမ့်မယ်..."
လီယိုနာဒိုက ဒေါသတကြီးရေရွတ်လိုက်သည်။ သူသည် စစ်ပွဲချော်ရည်ခွေးအား ဆင့်ခေါ်ရန်အတွက် သူ့မိသားစုပိုင်ဆိုင်သော အဖိုးတန်ရတနာဖြစ်သည့် သွေးနက်မြေပွေးကြိမ်တံကို အသုံးပြုခဲ့ရသည်။ ထိုသို့မဟုတ်ပါက သူ့လူများသည်ရှောင်ယုကိုအနိုင်ရရန်အတွက် အလွန်ကြီးမားစွာဆုံးရှုံးရမည်ဖြစ်သည်။
"မင်းကိုယ်မင်း ဝှက်ဖဲတွေပိုင်ဆိုင်ထားတဲ့ တစ်ယောက်တည်းသောသူလို့ မင်းထင်နေတာလား...ငါတို့လ်ိုရှေးခေတ်မိသားစုတွေကို မင်းဘာထင်နေတာလဲ"
လီယိုနာဒို၏အကြည့်များသည် လင်းမူရွယ်ကိုသာအာရုံစ်ိုက်နေခဲ့သည်။ အကယ်၍ သူမသာအန္တာရယ်ကြုံလာပါက သူကိုယ်တိုင်ဝင်ရောက်စွက်ဖက်မှာဖြစ်သည်။
ပထမအချက်အနေဖြင့် သူသည်လင်းမူရွယ်ကို စွဲလမ်းမိသွားခြင်းဖြစ်သည်။ သူသည် လှပသောအမျိုးသမီးများစွာကို တွေ့မြင်ဖူးသော်လည်း သူမတို့်အားလုံးက်ို သူ၏လိုအင်ဆန္ဒအတွက်ကစားစရာများအဖြစ်သာ အသုံးချခြင်းဖြစ်သည်။ သို့သော်လင်းမူရွယ်အားတွေ့မြင်လိုက်ရချိန်တွင် သူ့စိတ်များတုန်ခါသွားခဲ့ရပြီး သူမ၏အနားတွင်ထာဝရရှိနေစေလိုခဲ့သည်။ ထို့ကြောင့်သူမ၌စေ့စပ်ထားသူရှိနေလျှင်ပင် သူ၏အဆင့်အတန်းကိုအားက်ိုး၍ သူမကိုရယူလိုခဲ့သည်။ သူသည်ရှောမိသားစု၏ အမွေဆက်ခံသူဖြစ်ကာ ကောင်းကင်ခြင်္သေ့မင်းဆက်၏မင်းသမီးကိုပင် ရယူနိုင်စွမ်းရှိသည်။ ထို့ပြင် သူ၏အသွင်အပြင်နှင့်အရည်အချင်းကိုလည်း သူယုံကြည်မှုအပြည့်ရှိပေသည်။
အတိုချုပ်ပြောရလျှင် သူသည် ရှောင်ယုတို့၏ခေတ်သစ်၌ဆိုပါက မော်ဒန်တစ်ယောက်အဖြစ်သတ်မှတ်နိုင်ပေသည်။ သို့သော်လည်း လင်းမူရွယ်သည်သူမနှင့်စေ့စပ်ထားသည့် ထိုလူယုတ်မာကြောင့် သူ့အားလျစ်လျူရှုထားမည်ဟု လီယိုနာဒိုမမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် ထိုလူယုတ်မာကောင်သည် သူ့အားကြိမ်းမောင်းကျိန်ဆဲဝံ့ပေသည်။ အဆုံးသတ်၌ ထိုလူယုတ်မာသည် လီယိုနာဒိုကိုသတ်ဖြတ်ရန် သူ၏နတ်သူငယ်အား နဂါးမီးမြှားဖြင့်ချိန်ရွယ်စေခဲ့သည်။
ရှောမိသားစုအား စော်ကားမိသူတိုင်းသည် ပျော်ရွှင်ဖွယ်အဆုံးသတ်ကို ရရှိသွားခဲ့ခြင်းမရှိပေ။ လီယိုနာဒိုသည် သူ၏ကိုယ်ပိုင်လက္ခဏာကို ဖော်ထုတ်ပြီးနောက်၌ပင် ရှောင်ယုကထိုသို့ပြုလုပ်လာမည်ဟု မမျှော်လင့်ထားပေ။ ရှောင်ယု၏လုပ်ရပ်သည် သူ၏အဆုံးသတ်အား သူကိုယ်တိုင်ရှာဖွေလိုက်ခြင်းဖြစ်သည်။
ရှေးခေတ်မိသားစုဝင်များ၏ စိတ်ဓာတ်နှင့်ယုံကြည်ချက်များသည် အတူတူပင်ဖြစ်သည်။ သူတို့သည် ဤတိုက်ကြီး၏ဗဟိုချက်ဖြစ်ကာ ဤတိုက်ကြီးရှိလူတိုင်းသည် သူတို့မိသားစုများကိုဗဟိုပြုကာ လှည်ပတ်နေရသည်ဟု ယုံကြည်ကြသည်။ အမှန်တော့ လီယိုနာဒိုရှောသည် ရောဘတ်ထက်များစွာသန်မာသော်လည်း ရှေးခေတ်မိသားစုတစ်ခု၏ သခင်လေးအနေဖြင့် သူ၏မောက်မာမှုသည် အလွန်ဆိုးရွားပေသည်။
ရှောင်ယုသည် သူ၏အမေကိုပင်ကျိန်ဆဲပြီးနောက် လီယိုနာဒိုသည်ရှောင်ယုအား လုံးဝလွတ်မြောက်ခွင့်မပေးနိုင်တော့ပေ။ သို့သော်လည်း အခြားသူများကိုကျိန်ဆဲကြိမ်းမောင်းရာတွင် ရှောင်ယုထံ၌စည်းမရှိကြောင်း လီယိုနာဒိုမသိသေးပေ။ ရှောင်ယုသည် လျှို့ဝှက်ဆန်းကြယ်သောနတ်ဘုရားရုပ်တုကို သူ့အားတိုက်ခိုက်လာစေရန်ပင် လှုပ်ရှားစေနိုင်သူဖြစ်သည်။
...
...
အာ...ဝူး...
စစ်ပွဲချော်ရည်ခွေး၏ ခေါင်းနှစ်လုံးသည် ကျယ်လောင်စွာအူကာ ရှောင်ယု၏အဖွဲ့ထံသို့ပြေးဝင်သွားခဲ့သည်။ ရှောင်ယုသည် တိုက်ပွဲအတွက်အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်သည်။ ဂရင်းနှင့်ခိုင်ရင်းတို့သည် အခြားသူများထက်ပို၍ တိုက်ပွဲကိုပိုမိုစိတ်အားထက်သန်ကြသည်။ သူတို့၏ကြောက်ရွံ့မှုမရှိသောပုံစံကိုကြည့်ရင်း ရှောင်ယုက ဂုဏ်ယူနေခဲ့သည်။
ရန်သူသည် ပိုမိုစွမ်းအားကြီးလေလေ ဂရင်းနှင့်ခိုင်ရင်းတို့၏အကြည့်များက ပိုမိုစိတ်အားထက်သန်လေလေဖြစ်သည်။
"ခွန်အား၊သွက်လက်မှု၊ခုံခံမှုနဲ့ အခြားအထောက်အကူပြုမှော်ဆေးတွေကိုအကုန်သုံးကြ...ငါဒီနေ့ညခွေးအူချောင်းရဲ့အရသာကိုခံစားချင်တယ်"
ရှောင်ယုကလှမ်း၍အော်ပြောလိုက်သည်။
အခြေစိုက်စခန်းအားလုံးကို အဆင့်၂သို့မြင့်တင်ပြီးနောက်တွင် မှော်ဆေးများသည်လည်း အဆင့်၄သို့ရောက်ရှိသွားခဲ့သည်။ အဆင့်၄မှော်ဆေးများသည် ကြောက်စရာအလွန်ကောင်းပြီး အဆင့်၄ခွန်အားတိုးဆေးများသည် ဂရင်းနှင့်ခိုင်ရင်းတို့အား ခွန်အား၂ဆတိုးစေပေသည်။ သူတို့သည် စတုတ္ထအဆင့်သူရဲကောင်းများသာဖြစ်သော်လည်း ပဥ္စမအဆင့်ကိုပင် ယှဉ်တိုက်နိုင်ကြသည်။ ထို့ပြင် အချို့သောအခြေအနေများ၌ သူတို့သည်ပဥ္စမအဆင့်ထက်ပင် ပိုမိုသာလွန်ကြသည်။
ခိုင်ရင်း၏စွမ်းအားကြောင့် သူ၏ကိုယ်လုံးကိုယ်ပေါက်ကြောင့် နဂိုကတည်းကသန်မာနေပေရာ ယခုခွန်အားတိုးဆေး၏အကူအညီကြောင့် သူသည်တောင်ဘီလူးများထက်ပိုမိုသန်မာလာခဲ့သည်။ သူသည် အမြင့်၄မီတာထိရှိလာပြီး အဆင့်၃ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထားသည်။ ခိုင်ရင်းသည် သူ၏ပုဆိန်ကြီးကိုဝှေ့ယမ်းရင်း ပထမဆုံးရှေ့တိုးတိုက်ခိုက်ခဲ့သည်။
ဒိုင်း...
သူ၏ပုဆိန်သည် စစ်ပွဲချော်ရည်ခွေး၏ခေါင်းကိုထိမှန်လေရာ သနားစရာကောင်းသော အူသံတစ်ခုထွက်ပေါ်လာခဲ့သည်။ ခိုင်ရင်း၏ကိုယ်ခံပညာသည် အဆင့်တူများထက်ဆိုးရွားသော်လည်း သူ၏ခွန်အားကမူ အဆင့်တူများထက်များစွာသာလွန်ပေသည်။ သူသည် အလွန်ခွန်အားကြီးမားသော စစ်ပွဲချော်ရည်ခွေးကဲ့သို့နတ်ဆိုးသားရဲမျိုးနှင့်ပင် ဆန့်ကျင်တိုက်ခိုက်နိုင်သည်။ ထို့ပြင်ခိုင်ရင်းသည် ရှောင်ယု၏မှော်ဆေးထောက်ပံ့မှုကိုလည်း ရယူထားခဲ့သည်။
အာ..ဝူး...
စစ်ပွဲချော်ရည်ခွေး၏အခြားခေါင်းတစ်ဖက်သည် ခိုင်ရင်းအားချော်ရည်ပူများဖြင့် မှုတ်ထုတ်လိုက်သည်။ ထိုချော်ရည်ပူများသည် ခိုင်ရင်း၏ကိုယ်ကိုထိမှန်သွားသော်လည်း ဒဏ်ရာများစွာမရရှိခဲ့ပေ။ ခိုင်ရင်း၏ကိုယ်သည် မှော်အစွမ်းများကိုခုခံနိုင်သလို သူ၏ချပ်ဝတ်တန်ဆာကလည်း ထိပ်တန်းအရည်အသွေးရှိပေသည်။
ဘန်း...
ထိုအချိန်တွင်ဂရင်းကလည်း ဓားကိုဝှေ့ယမ်း၍ စစ်ပွဲချော်ရည်ခွေးကိုစတင်တိုက်ခိုက်လာခဲ့သည်။
အခန်း ၃၅၁ - နဂါးပုံရိပ်၏ပြသနာ
ဘန်း...ဘန်း...ဘန်း
ဂရင်း၏ အန္တိမခုတ်ပိုင်းချက်အား အသက်သွင်းကာ စစ်ပွဲချော်ရည်ခွေး၏ ဦးခေါင်းကို ဆက်တိုက်တိုက်ခိုက်ခဲ့သည်။
သာမန်အားဖြင့်ဆိုလျှင် ဂရင်းနှင့်ခိုင်ရင်းတို့သည် စစ်ပွဲချော်ရည်ခွေး၏ခုခံမှုကို ဖြတ်ကျော်န်ိုင်စွမ်းမရှိ၍ ထိုသားရဲကိုဒုက္ခမပေးနိုင်ပေ။ သို့သော်လည်း ယခုအခါသူတို့သည် အဆင့်၃၉၌ရောက်ရှိနေပြီး အဆင့်၄၀သို့ရောက်ရှိတော့မည်ဖြစ်ကာ သူတို့၏စွမ်းအားသည် ပဥ္စမအဆင့်သူရဲကောင်းများနှင့် တန်းတူပင်ဖြစ်သည်။ ဂရင်းနှင့်ခိုင်ရင်းတို့ကသာ အဆင့်၄၀သို့ရောက်ရှိသွားပါက ဆဌမအဆင့်သူရဲကောင်းများကိုပင် တိုက်ခ်ိုက်ဝံ့မည်ဖြစ်သည်။
အာ...ဝူး..
စစ်ပွဲချော်ရည်ခွေးသည် ဒေါသတကြီးမြည်ကြွေးကာ ၎င်း၏ကြီးမားသောခြေထောက်ကိုဝှေ့ယမ်း၍ ဂရင်းကိုရိုက်ပုတ်လိုက်သည်။ ဂရင်းသည် ထိုတိုက်ခိုက်မှုအား ရှောင်တိမ်းရန်ကြိုးစားသော်လည်း အပြည့်အဝမရှောင်တိမ်းနိုင်ဘဲ လွှင့်ထွက်သွားခဲ့သည်။ စစ်ပွဲချော်ရည်ခွေး၏ခွန်အားသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော် ဂရင်း၏အဆင့်၃ချပ်ဝတ်ကိုဝတ်ဆင်ထားကာ ခုခံမှုမှော်ဆေးကိုသုံးစွဲထားသည့်အပြင် တိုတမ်၏ကောင်းချီးကိုရရှိထား၍ ဒဏ်ရာကြီးကြီးမားမားမရရှိခဲ့ပေ။
ခိုင်ရင်းသည် ချော်ရည်များနှင့်အကြိမ်အနည်းငယ်ခန့် တိုက်ခိုက်ခံရပြီးနောက် သူ၏တစ်ကိုယ်လုံးတွင်မီးလောင်ဒဏ်ရာများပြည့်နှက်သွားခဲ့သည်။ထို့ကြောင့်သူသည် နောက်ထပ်တစ်ကြိမ်မတိုက်ခိုက်မှီတွင် နောက်သို့ဆုတ်ခွာ၍ အနာကျက်ဆေးအနည်းငယ်ကို အသုံးပြုလိုက်သည်။
ရှောင်ယုသည် ယခုခရီးစဉ်၌ သူ၏သူရဲကောင်းများအားလုံးကို အနာကျက်ဆေးများ အလုံအလောက်ပေးထားခဲ့ပြီး ဆိုးရွားသောအခြေအနေများ၌ အလိုရှိသလိုအသုံးပြုခွင့်ပေးခဲ့သည်။ ဂရင်းနှင့်ခိုင်ရင်းတို့သည် သူတို့၏ဒဏ်ရာများကြောင့် နောက်သို့ဆုတ်ခွာ၍ ပြန်လည်ကုစားနေသည့်အချိန်တွင် အခြားပုံရိပ်တစ်ခုကပြေးထွက်လာခဲ့သည်။ ထိုပုံရိပ်မှာ အီလီဒမ်မှလွဲ၍ အခြားမဟုတ်ပေ။
အီလီဒမ်သည် ငရဲ၏အနက်ပိုင်းမှရောက်ရှိလာသော ဤနတ်ဆိုးသားရဲကိုရင်ဆိုင်ရန် အသင့်တော်ဆုံးသူရဲကောင်းဖြစ်သည်။ ထို့ပြင် အီလီဒမ်သည် စစ်ပွဲချော်ရည်ခွေး၏အဓိကပျက်စီးမှုကိုဖြစ်စေသော မှော်စွမ်းအင်ကိုလောင်ကျွမ်းစေနိုင်သည်။ ထို့ကြောင့် စစ်ပွဲချော်ရည်ခွေး၏မှော်တိုက်ခိုက်မှုများက အီလီဒမ်အပေါ်ထိရောက်မှုမရှိပေ။
အီလီဒမ်သည် သူ၏အတောင်များကိုဖြန့်ကျက်လိုက်ပြီးနောက် စစ်ပွဲချော်ရည်ခွေး၏ အပေါ်သို့ပျံသန်းသွားခဲ့သည်။ သူသည် ထိုခွေးအားတိုက်ခိုက်ရန်အတွက် ဓားရှည်များကို အသုံးပြုခဲ့သည်။ အီလီဒမ်၏တိုက်ခိုက်မှုများသည် အလွန်လျင်မြန်လှသည့်အတွက်ကြောင့် သာမန်မျက်စိဖြင့်မမြင်တွေ့နိုင်ပေ။ ဆိုင်ကလုန်းမုန်တိုင်းနှစ်ခုက စစ်ပွဲချော်ရည်ခွေး၏ဦးခေါင်းအား ဆက်တိုက်တိုက်ခိုက်နေသလို ဖြစ်နေခဲ့သည်။ ၎င်း၏ချော်ရည်ပူများသည် အီလီဒမ်အပေါ်၌ များစွာထိရောက်မှုမရှိကြောင်း စစ်ပွဲချော်ရည်ခွေးသတိထားမိချိန်တွင် အီလီဒမ်အား ဒဏ်ရာရရှိစေရန်အတွက် ရုပ်ပိုင်းဆိုင်ရာနည်းလမ်းများအား အသုံးပြုရန်ကြိုးစားခဲ့သည်။ သို့သော်လည်း စစ်ပွဲချော်ရည်ခွေးထံတွင် အီလီဒမ်အားဒဏ်ရာရစေရန်အတွက် လုံလောက်သောသွက်လက်မှုမရှိပေ။
တိုင်ရန်ဒီသည် တိုက်ခိုက်မှုစတင်ရန်အတွက် အရိပ်မြှားတစ်ချောင်းကိုအသုံးပြုလိုက်ချိန်တွင် စစ်ပွဲချော်ရည်ခွေး၏အာရုံစ်ိုက်မှုအား ရရှိသွားခဲ့သည်။
ရွှီ...ဘန်း...
တိုင်ရန်ဒီသည် နဂါးမီးမြှားများသာမက သာမန်အရိပ်မြှားများကိုလည်း အသုံးပြုခဲ့သည်။ တိုင်ရန်ဒီသည် သူမ၏ကိုယ်ပိုင်ကျွမ်းကျင်မှုကြောင့် မြှား၏စွမ်းအားသည် များစွာတိုးတက်လာခဲ့သည်။ လတ်တလောတွင် သူမ၏တိုက်ခိုက်ရေးစွမ်းအားသည် သူရဲကောင်းများအားလုံးအနက် အပြင်းထန်ဆုံးဖြစ်သည်။
ကဲလ်သက်သည် စစ်ပွဲချော်ရည်ခွေးအပေါ် ဒုက္ခမပေးနိုင်သော တစ်ဦးတည်းသောသူရဲကောင်းဖြစ်သည်။ ကဲလ်သက်သည် မီးတောက်မှော်ဆရာဖြစ်ပြီး စစ်ပွဲချော်ရည်ခွေးသည်မီးတောက်မှမွေးဖွားလာသူဖြစ်သည်။ ထို့ကြောင့် ကဲလ်သက်၏တိုက်ခိုက်မှုသည် ထိုခွေးအပေါ်ထိရောက်မှုမရှိပေ။ မိုင်ယဗ်သည်ကား တိုက်ခိုက်ခြင်းမပြုလုပ်ဘဲ ရှောင်ယု၏နောက်၌ပုန်းကွယ်နေခဲ့သည်။ အကယ်၍ လီယိုနာဒိုဘက်မှ ခိုးဝင်တိုက်ခိုက်လိုပါက မည်သူ့ကိုမဆိုသတ်ဖြတ်ရန် သူမအသင့်ပြင်ထားခဲ့သည်။
မိုင်ယဗ်နှင့်လီအာတို့၏ အဓိကအခန်းကဏ္ဍမှာ လီယိုနာဒို၏တိုက်ခိုက်လာမှုကို ကာကွယ်ရန်ဖြစ်သည်။ ထို့ပြင် သူမတို့သည် သူမတို့၏တိုက်ခိုက်မှုပုံစံများကြောင့် စစ်ပွဲချော်ရည်ခွေးနှင့်ထိပ်တိုက်ရင်ဆိုင်ရန် မသင့်တော်ပေ။
ထိုအချိန်တွင် အောစ့်များကလှံပစ်စက်များအား အသုံးပြုခဲ့သည်။ လှံပစ်စက်အသစ်များသည် လှံအစားအရိပ်မြှားများကိုတပ်ဆင်ပစ်ခတ်ပေသည်။ မြှားတစ်စင်းစီတိုင်းသည် စစ်ပွဲချော်ရည်ခွေး၏ ထူထဲမာကျောသောအရေပြားကို ထိုးဖောက်ဝင်ရောက်နိုင်သည်။ အရိပ်မြှားများသည် စစ်ပွဲချော်ရည်ခွေးကိုဒဏ်ရာကြီးကြီးမားမားမရစေသာ်လည်း ထိုခွေး၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာဒဏ်ချက်များက တဖြည်းဖြည်းများပြားလာခဲ့သည်။
မန္တန်ဖြိုခွဲသူများကလည်း စစ်ပွဲချော်ရည်ခွေးကိုတိုက်ခိုက်ရန်အတွက် ဝင်ရောက်လာခဲ့ကြသည်။ သူတို့သည် စစ်ပွဲချော်ရည်ခွေး၏ မှော်စွမ်းအင်ကိုလောင်ကျွမ်းစေနိုင်သည့် မှော်စွမ်းအင်ထိန်းချုပ်မှုအစွမ်းကို အသုံးပြုနိုင်ကြသည်။ သူတို့၏အကျိုးသက်ရောက်မှုသည် ကြီးကြီးမားမားမဟုတ်သော်လည်း မန္တန်ဖြိုခွဲသူများက တစ်ချိန်တည်းတွင်ပူးပေါင်းတိုက်ခိုက်လိုက်သောအခါတွင် စစ်ပွဲချော်ရည်ခွေး၏မှော်စွမ်းအင်ဖြည့်တင်းနှုန်းသည် များစွာလျော့နည်းသွားခဲ့သည်။
စစ်ပွဲချော်ရည်ခွေးသည် မှော်ဆန်သောနတ်ဆိုးသားရဲဖြစ်သော်လည်း သူပိုင်ဆိုင်သောစွမ်းအား၏အဓိကအနှစ်သာရမှာ မှော်စွမ်းအင်ဖြစ်သည်။ မှော်စွမ်းအင်ကုန်ဆုံးသွားသည်နှင့် စစ်ပွဲချော်ရည်ခွေး၏ခွန်အားသည် နှစ်ဆကျော်လျော့ကျသွားမည်ဖြစ်သည်။
အာ..ဝူး...
စစ်ပွဲချော်ရည်ခွေးက ဒေါသတကြီးအော်ဟစ်လိုက်သည်။ ထိုကောင်သည် ရှောင်ယုအားစိုက်ကြည့်လိုက်ကာ ပြေးဝင်လာခဲ့သည်။ ဤကဲ့သို့သောနတ်ဆိုးသားရဲတစ်ကောင်၏ ပြေးဝင်တိုက်ခိုက်မှုကို မည်သူမှခုခံနိုင်မည်မဟုတ်ပေ။
လူတိုင်းသည် သူတို့ထံသို့ပြေးဝင်လာသော နတ်ဆိုးသားရဲအားရှောင်တိမ်းရန် ဘယ်ဘက်နှင့် ညာဘက်သို့ခုန်ဆင်းလိုက်ကြသည်။ ထိုခွေးနှင့်တိုက်မိပါက လူတိုင်းဒဏ်ရာအပြင်းအထန်ရသွားမှာဖြစ်သည်။
ရှောင်ယုသည် စစ်ပွဲချော်ရည်ခွေးထွက်ပြေးရန် ကြိုးပမ်းနေသည်ကိုမြင်သောအခါ ကျိန်ဆဲလိုက်သည်။
"မင်းအမေပဲပေါ့...ငါကနဂါးကိုထုတ်မသုံးချင်ပေမဲ့ ငါ့ကိုဖိအားပေးနေတာပဲ"
ဆိုးရွားသောအခြေအနေအချို့၌ နဂါးလေး၏အသွင်အပြင်သည် အခြေအနေတစ်ခုလုံးအား အပြောင်းအလဲဖြစ်စေသောကြောင့် ရှောင်ယုသည်နဂါးလေးအား လွယ်လွယ်ကူကူအသုံးမပြုချင်ပေ။ အမှန်တော့ နဂါးလေးသည် စစ်ပွဲချော်ရည်ခွေးကိုမြင်ချိန်ကပင် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး သူ့ကိုသူအတတ်နိုင်ဆုံးထိန်းချုပ်ထားခဲ့ရသည်။
အားဂီးး...
နဂါးလေးသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ယခုအချိန်၌နှစ်ပေခန့်မြင့်မားပြီး သာမန်မျက်စိဖြင့်မြင်နိုင်သောအရှိန်နှုန်းဖြင့် နဂါးလေး၏အရွယ်အစားသည် တဖြည်းဖြည်းကြီးထွားလာခဲ့သည်။ နဂါးလေးသည် တတိယအဆင့်သို့ရောက်ရှိနေပြီး သူ၏ခန္ဓာကိုယ်အရွယ်အစားကို လိုအပ်သလိုစီမံခန့်ခွဲနိုင်သည်။
စစ်ပွဲချော်ရည်ခွေးသည် ၎င်း၏ကြီးမားသောခန္ဓာကိုယ်အားအသုံးပြုကာ သူ၏လမ်းကြောင်းပေါ်ရှိ အရာအားလုံးကိုဖျက်ဆီးရန်ဟန်ပြင်နေချိန်တွင် နဂါးတစ်ကောင်ရုတ်တရက်ပေါ်ထွက်လာသည်ကိုမြင်၍ အံ့သြသွားခဲ့ရသည်။ စစ်ပွဲချော်ရည်ခွေးသည် ငရဲမှလာသောသားရဲတစ်ကောင်ဖြစ်သော်လည်း နဂါးများအကြောင်းကိုသိရှိထားသည်။ ထို့ပြင်သူသည် ထိုနဂါးထံမှပြင်းပြသောသတ်ဖြတ်လိုစိတ်အား ခံစားမိပေသည်။
နဂါးလေးသည် တတိယအဆင့်သို့သာရောက်ရှိနေပေရာ စစ်ပွဲချော်ရည်ခွေး၏ပြိုင်ဘက်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ စစ်ပွဲချော်ရည်ခွေးသည် အန္တာရယ်အငွေ့အသက်ကိုခံစားမိသည်။ ရံဖန်ရံခါတွင် တိုက်ပွဲတစ်ခု၌ ခွန်အားထက်ဉာဏ်ပညာက ပိူမိုအရေးကြီးပေသည်။ ထို့ပြင် စစ်ပွဲချော်ရည်ခွေးသည် အသိညဏ်ရှိသော နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ရာ သူ့အားရန်သူများကဝိုင်းရံထားသည်ကို ရိပ်မိပေသည်။ တိုင်ရန်ဒီ၏မြှားများသည် သူ့အားကြီးမားသည့် ပျက်စီးဆုံးရှုံးမှုဒဏ်ကို ဖြစ်ပေါ်စေသည်။ ယခုလိုအချိန်မျိုး၌ နဂါးတစ်ကောင်နှင့်ရင်ဆိုင်ရပါက သူပင်ဒုက္ခကြီးစွာရောက်သွားနိုင်သည်။
စစ်ပွဲချော်ရည်ခွေးသည် ထိုက်တောင်တန်းကဲ့သို့ မြေပြင်ပေါ်၌ရပ်တည်နေကာ နဂါးလေးကိုစိုက်ကြည့်လိုက်သည်။ နဂါးသည် သူ့ကဲ့သို့တည်ရှိမှုမျိုးအတွက် အန္တာရယ်အရှိဆုံးပြိုင်ဘက်ဖြစ်၍ နဂါးလေးအားဦးစွာသတ်ဖြတ်ရမည်ကို သူနားလည်ခဲ့သည်။ နဂါးလေးသည်ကား လူသားတစ်ယောက်ကဲ့သို့ရပ်နေကာ စစ်ပွဲချော်ရည်ခွေးအား အရူးတစ်ယောက်ကိုကြည့်နေသကဲ့သို့ ကြည့်နေခဲ့သည်။ နဂါးလေးသည် သူ၏လက်တစ်ဖက်ကိုနောက်သို့ပို့၍ လက်တစ်ဖက်ကိုရှေ့တိုး၍ သူ၏လက်ညိုးကိုကွေးညွတ်လိုက်ပြီး စိန်ခေါ်ဟန်ပြုလုပ်လိုက်သည်။
နဂါးလေး၏ အပြုအမူကြောင့် စစ်ပွဲချော်ရည်ခွေးသည်ဒေါသတကြီးဖြစ်သွားခဲ့သည်။
ဘာလို့နဂါးတစ်ကောင်က လူတစ်ယောက်လို မတ်တပ်ရပ်နေရတာလဲ...ငါ့ကိုတိုက်ခိုက်ဖို့ ခြေသည်းတွေကိုသုံးမှာလား
နဂါးလေးသည် ရှောင်ယု၏တင်းကျပ်သောညွန်ကြားချက်များအောက်တွင် ကြီးပြင်းလာသည်ကို စစ်ပွဲချော်ရည်ခွေးကနားမလည်ခဲ့ပေ။ ထိုကောင်သည် သာမန်နဂါးတစ်ကောင်ကဲ့သို့ ပြုမူနေမှာမဟုတ်ပေ။
အားဂီးး...အာဝူး..
စစ်ပွဲချော်ရည်ခွေးသည် နဂါးလေးထံပြေးဝင်သွားချိန်တွင် နှစ်ကောင်လုံးက ဟိန်းဟောက်မြည်ကြွေးလိုက်ကြသည်။ စစ်ပွဲချော်ရည်ခွေးသည် သူနှင့်တဖြည်းဖြည်းနီးကပ်လာသော်လည်း နဂါးလေးသည် လှုပ်ရှားမှုမရှိဘဲ ပြုံးရင်းငြိမ်နေလိုက်သည်။ ထိုအချိန်တွင် ကြီးမားသောသံနံချပ်ကူနှစ်ချောင်းသည် သိုလှောင်လက်စွပ်တွင်းမှ ထွက်ပေါ်လာခဲ့သည်။ နဂါးလေးသည် စစ်ပွဲချော်ရည်ခွေး၏ဦးခေါင်းကို နံချပ်ကူဖြင့်ရိုက်ခွဲလိုက်သည်။
ဘန်း...
တိုက်ပွဲကိုကြည့်ရှုနေသူတိုင်းသည် သူတို့အားတုန်လှုပ်ခြောက်ခြားစေမယ့် အသံကိုကြားလိုက်ရသည်။
နဂါးတစ်ကောင်ရုတ်တရက်ထွက်ပေါ်လာချိန်တွင် လူတိုင်းအံ့သြသွားခဲ့ရသည်။ ရှောင်ယုသည် နဂါးတစ်ကောင်အားလေ့ကျင့်ပေးနိုင်ခဲ့သည်ကို သူတို့ယခုတိုင်မယုံကြည်နိုင်သေးပေ။ နဂါးစီးသူများသည် ဤတိုက်ကြီး၌ထွက်ပေါ်မလာသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ လူတိုင်းလိုလိုပင် ရှောင်ယုကနဂါးကိုစီးနင်းကာ ကောင်းကင်သို့ပျံတက်သွားသည့်မြင်ကွင်းကို စိတ်ကူးယဉ်နေကြသည်။
လူတိုင်းလိုလိုပင် ငယ်ရွယ်စဉ်အခါက နဂါးတစ်ကောင်ကိုထိန်းကျောင်း၍ ကမ္ဘာပတ်ရန်စိတ်ကူးယဉ်ခဲ့ကြဖူးသည်။ သို့သော်လည်း နဂါးစီးသူများသည် မျိုးသုဉ်းပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဟု သူတို့နားလည်လက်ခံခဲ့ကြသည်။ ထို့ကြောင့် ဒဏ္ဍာရီလာနဂါးတစ်ကောင်သည် လူသားတစ်ယောက်နဲ့တွဲဖက်အဖြစ်ပြုမူသည်ကို သူတို့ထဲမှမည်သူတစ်ဦးတစ်ယောက်မှ မတွေ့မြင်ခဲ့ဖူးပေ။ သူတို့သည် နဂါးစီးသူဟူသောဂုဏ်ပုဒ်အား အလွန်စိတ်လှုပ်ရှားစွာဖြင့် လိုချင်တပ်မက်ကြသည်။
သို့သော် သူတို့မြင်တွေ့နေရသောနဂါးသည် လူသားတစ်ယောက်ထံ၌ စီးနင်းမခံရုံသာမက လူသားတစ်ယောက်လိုပြုမူကာ လမ်းဘေးလူရမ်းကားတစ်ယောက်ကဲ့သို့ ဟန်ထုတ်နေခဲ့သည်။ ထိုမြင်ကွင်းကြောင်း လူတိုင်းသည်သူတို့သိရှိထားသည့် နဂါးအကြောင်းရေးသားထားသော စာအုပ်ပါအကြောင်းအရာများကို ဆွဲဖြဲပစ်ချင်စိတ်ဖြစ်သွားကြသည်။
မည်သို့ပင်ဆိုစေ စစ်ပွဲချော်ရည်ခွေးနှင့်နဂါးတစ်ကောင်ကြားတိုက်ပွဲသည် အလွန်ပြင်းထန်မည်ဟု ယုံကြည်ကြသည့်အတွက်ကြောင့် လူအုပ်ကြီးကစိတ်လှုပ်ရှားနေခဲ့သည်။ လူတိုင်းသည် နဂါး၏ခြေသည်းများဖြင့် တိုက်ခိုက်ပုံကိုမျှော်လင့်တကြီးစောင့်ကြည့်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ သို့သော်လည်း ထိုနဂါးသည် ကြိုးတစ်ချောင်းဖြင့်ချိတ်ဆက်ထားသော သံတုတ်နှစ်ခုကို ထုတ်ယူကာ စစ်ပွဲချော်ရည်ခွေး၏ခေါင်းကိုရိုက်ချလိုက်သည်ကိုသာ သူတို့တွေ့မြင်လိုက်ရသည်။
ဘာကြီးလဲ...ဘာလို့နဂါးတစ်ကောင်လို မြင့်မြတ်တဲ့သားရဲက ဘာလို့ခိုးဝင်တိုက်ခိုက်ရတာလဲ...မင်းကနဂါးတွေအားလုံးရဲ့ဂုဏ်သိက္ခာကို စော်ကားလိုက်တာပဲ...
ဒါ့အပြင် နဂါးကဘာလို့လက်နက်ကိုအသုံးပြုနေရတာလဲ...မင်းကကြောက်စရာကောင်းတဲ့နဂါးတစ်ကောင်မဟုတ်ဘူးလား...ပြီးတော့ဘယ်နဂါးကများ တိုက်ခိုက်နေတဲ့အခါကျ ဘဲတစ်ကောင်နဲ့တူတဲ့အသံကိုဘာလို့ထုတ်ဖော်တိုက်ခိုက်ရတာလဲ...
မည်သို့ပင်ဆိုစေ စစ်ပွဲချော်ရည်ခွေးသည် နဂါးလေး၏နံချပ်ကူရိုက်ချက်ကြောင့် နောက်သို့ဆက်တိုက်ဆုတ်ခွာပေးလိုက်ရသည်။