← Chapters

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

အခန်း ၃၅၂ - အဲ့ဒါ မင်းပဲ

စစ်ပွဲချော်ရည်ခွေးသည် ငရဲ၌ဆိုပါက အလွန်စွမ်းအားကြီးသောနတ်ဆိုးသားရဲဖြစ်သော်လည်း ဤတိုက်ပေါ်သို့ဆင့်ခေါ်ခံရပြီးနောက် သူ၏စွမ်းအားများကန့်သတ်ခံလိုက်ရသည်။

ထို့ပြင်ဆင့်ခေါ်နေစဉ် နဂါးမီးမြှားဖြင့်ပစ်ခတ်ခံရ၍ စွမ်းအင်လှိုင်းများပေါက်ကွဲသွားသည့်အခါ စစ်ပွဲချော်ရည်ခွေးသည် ပထမဦးစွာရိုက်ခတ်ခံရသူဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် စစ်ပွဲချော်ရည်ခွေး၏အရေပြားသည် ပေါက်ကွဲမှုကိုတောင့်ခံရန်လုံလောက်အောင်မာကျော၍ ပြင်းထန်သောဒဏ်ရာများရရှိခဲ့သော်လည်း အသက်မဆုံးရှုံးခဲ့ပေ။ ဤတိုက်ကြီးပေါ်၌ စစ်ပွဲချော်ရည်ခွေးသည် သူ့မူလခွန်အား၏၄၀ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်ပြီး သူ့အားပိတ်ဆို့ထားနိုင်သည့်အစွမ်းထက်ကျွမ်းကျင်သူများမရှိပါက စိတ်ထင်တိုင်းပြုမူနိုင်သည်။ သို့သော် ယခုအချိန်၌ စစ်ပွဲချော်ရည်ခွေးသည် မြေပြင်ပေါ်သို့ရောက်သည်နှင့် သူ့အားတားဆီးရန်ကြိုးစားသူများကို ချက်ချင်းရင်ဆိုင်နေရခြင်းဖြစ်သည်။

ထိုရန်သူများအနက် ၄မီတာခန့်မြင့်သောနွားလားသူရဲကောင်း၊အောစ့်များ၊နတ်သူငယ်တစ်ယောက်၊နတ်ဆိုးတစ်ယောက်နှင့်သူ၏မှော်စွမ်းအင်ကို စုပ်ယူနိုင်သောမှော်ဆရာများ ပါဝင်နေခဲ့သည်။ အထူးသဖြင့် သူ၏မှော်စွမ်းအင်ကိုအချိန်တိုင်းစုပ်ယူနိုင်သော နတ်ဆိုးသည် သူ့အားကြီးကြီးမားမားပြဿနာတက်စေနိုင်သည်။ အီလီဒမ်၏သွက်လက်သော အမြန်နှုန်းနှင့်တိုက်ခိုက်ပုံနှင့် စစ်ပွဲချော်ရည်ခွေးသည် ထိုနတ်ဆိုးအားဘာမှမလုပ်နိုင်ပေ။ ထို့ပြင် သူ့အားအချိန်တိုင်းလိုလိုမြှားဖြင့်ပစ်ခတ်နေသည့် နတ်သူငယ်လေးသမားကလည်း အစွမ်းထက်လှပေသည်။ ထို့ကြောင့် အဆုံးသတ်၌ စစ်ပွဲချော်ရည်ခွေးသည် သူ၏ရက်စက်ကြမ်းကြုတ်သောခန္ဓာကိုယ်အား အသုံးပြုကာ စစ်မြေပြင်၌စိတ်ကြိုက်သောင်းကျန်း၍ ပုရွက်ဆိတ်ကဲ့သို့ရန်သူများအား ချေမှုန်းရန်ဆုံးဖြတ်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်၌ နဂါးသည်သူ၏ရှေ့မှောက်သို့ ချက်ချင်းရောက်ရှိလာခဲ့သည်။ နဂါးများသည် ငရဲ၌ပင်ကျော်ကြားသောသားရဲများဖြစ်ကြသလို ဤလောက၌လည်း အစွမ်းအထက်ဆုံးသောဖြစ်တည်မှုများအနက် တစ်ခုဖြစ်သည်။ နဂါးတစ်ကောင်သည် တန်ခိုးစွမ်းအားနှင့်ဂုဏ်သိက္ခာတို့နှင့်ပြည့်ဝသောသားရဲများဖြစ်၍ စစ်ပွဲချော်ရည်ခွေးသည် နဂါးလေးကိုလျော့မတွက်ဝံ့ပေ။ သာမန်အချိန်များ၌ဆိုလျှင် စစ်ပွဲချော်ရည်ခွေးသည် နဂါးလေးကိုထည့်သွင်းစဉ်းစားမည်မဟုတ်သော်လည်း ယခုအခါသူ၏ကိုယ်ပိုင်စွမ်းအားကို ၄၀ရာခိုင်နှုန်းသာ ထုတ်ဖော်နိုင်သည်။

ထိုသို့ဆိုလျှင်ပင် မြင့်မြတ်သောသားရဲဖြစ်သည့် နဂါးသည်မည်သည့်လှည့်ကွက်မှ အသုံးမပြုဘဲ သူနှင့်ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည်ဆိုပါက စစ်ပွဲချော်ရည်ခွေးသည် နဂါးလေးကိုချေမှုန်းရန်ယုံကြည်မှုရှိသည်။ သို့သော်လည်း ထိုနဂါးသည်သူ၏ခြေသည်းများအစား သံကြိုးတပ်တုတ်နှစ်ချောင်းဖြင့် သူ့အားတိုက်ခိုက်နေခဲ့သည်။ နဂါးလေး၏နံချပ်ကူရိုက်ချက်များသည် အလွန်ပင်ပြင်းထန်လှပေသည်။

သို့သော် နဂါးများသည် မည်သည့်အချိန်မှစ၍ လက်နက်များကိုအသုံးပြုခဲ့ကြောင်း စစ်ပွဲချော်ရည်ခွေးနားမလည်ခဲ့ပေ။ မည်သို့ပင်ဆိုစေ သံကြိုးတပ်တုတ်ချောင်းများ၏ ရိုက်နှက်မှုသည်အလွန်ကြောက်စရာကောင်းလွန်းသည်။ စစ်ပွဲချော်ရည်ခွေးသည် အကြိမ်တိုင်းလိုလိုပင် နာကျင်စွာခံစားနေရသည်။

စစ်ပွဲချော်ရည်ခွေး၏ အရေပြားသည်အလွန်ထူထဲသည့်အတွက် ဂရင်း၏ဧရာမဓားကြီးနှင့် ခိုင်ရင်း၏ဧရာမပုဆိန်များသည် စစ်ပွဲချော်ရည်ခွေးအား ထိခိုက်စေလိုလျှင်ပင် အရေပြားက်ိုမဖြတ်တောက်နိုင်ပေ။ တိုင်ရန်ဒီ၏တိုက်ခိုက်မှုများကသာ ၎င်း၏အရေပြားပေါ်၌ အပေါက်ငယ်များဖြစ်အောင် ထိုးဖောက်နိုင်သည်။

သို့သော်လည်း နံချပ်ကူ၏တိုက်ခိုက်မှုပုံစံကမူ လုံးဝကွဲပြားခြားနားပေသည်။ နံချပ်ကူတိုက်ခိုက်မှု၏ အရေးအကြီးဆုံးအစိတ်အပိုင်းမှာ လွဲယမ်းမှု၌ကပ်ပါလာသော အရှိန်အဟုန်ကတိုက်ခိုက်မှု၏စွမ်းအားကို တိုးမြင့်စေခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက သေနတ်မှလွဲ၍ နံချပ်ကူအားအစွမ်းအထက်ဆုံးလက်နက်ဟု ခေါ်တွင်မှာမဟုတ်ပေ။ ဓားကဲ့သို့လက်နက်များ၏ဘုရင်တောင်မှ တိုက်ခိုက်မှုအရာ၌ နံချပ်ကူထက်အားနည်းမှုရှိသည်။

ဓားဖြင့်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအား ဖြတ်တောက်ခြင်း သို့မဟုတ် လှီးဖြတ်ခြင်းတို့ပြုလုပ်နိုင်သော်လည်း ရန်သူကိုသေဆုံးအောင်မလုပ်ဆောင်နိုင်ပေ။ သို့သော်ကိုယ်ခံပညာအား နားမလည်သူသည်ပင် နံချပ်ကူအားအသုံးပြုကာ ခွန်အားအပြည့်ဖြင့်တိုက်ခိုက်လိုက်ပါက ရန်သူအားသတ်ဖြတ်နိုင်ပေသည်။ ယခုအခါ နဂါးတစ်ကောင်က နံချပ်ကူအားအသုံးပြုနေရာ ထွက်ပေါ်လာသည့်စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

အာဝူး...

စစ်ပွဲချော်ရည်ခွေးက ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ သူသည် နဂါးလေးထံသို့ပြေးဝင်သွားပြီး မီးဖြင့်လောင်မြိုက်စေရန်ကြိုးပမ်းလိုက်သည်။ ထို့နောက် သူ၏ဧရာမလက်သည်းများဖြင့် နဂါးလေးကိုကုတ်ခြစ်လိုက်သည်။ သို့သော် နဂါးလေးသည်ပျော့ညံ့သူမဟုတ်ပေ။ သူသည် ရှောင်ယုထံမှနေ၍ ရွေ့လျားနည်းမျိုးစုံကိုသင်ယူထားခဲ့ရာ ယခုလိုအချိန်မျိုး၌ သူ၏နောက်ခြေထောက်များသည် လိုက်လျောညီထွေစွာဖြင့် နောက်သို့ဆုတ်ခွာပေးလိုက်သည်။ နဂါးလေးသည် အခြေအနေကိုလိုက်၍ ဆုတ်သင့်သည့်အချိန်မျိုး၌ တုံ့ဆိုင်းခြင်းမရှိ ဆုတ်ခွာခဲ့သည်။ စစ်ပွဲချော်ရည်ခွေးသည် နဂါးလေးအားတိုက်ခိုက်ရာ၌အောင်မြင်ခြင်းမရှိသော်လည်း နဂါးလေးကမူ အချိန်တိုင်းလိုလိုပင် စစ်ပွဲချော်ရည်ခွေးအားရိုက်နှက်နိုင်ခဲ့ပြီး ကြီးကြီးမားမားထိခိုက်စေခဲ့သည်။

...

...

"သူ့မှာနဂါးတစ်ကောင်ရှိနေတာလား..."

လီယိုနာဒို၏သွားများသည် တစ်ခုနှင့်တစ်ခုတွယ်ကပ်သွားခဲ့သည်။ သူသည် ယခုလိုအစွမ်းထက်သောနတ်ဆိုးတစ်ကောင်အား ဆင့်ခေါ်ရန်အတွက် များစွာကုန်ကျခဲ့ရသည်။ လီယိုနာဒိုသည် အလွန်ဒေါသထွက်သွား၍ ထိုသို့ပြုလုပ်လိုက်ခြင်းဖြစ်သော်လည်း ရှောင်ယု၏တပ်သားများသည် စစ်ပွဲချော်ရည်ခွေးကိုရင်ဆိုင်နိုင်ကာ ထိန်းချုပ်ထားနိုင်မည်ဟု မမျှော်လင့်ထားပေ။ ထို့ပြင် သူ၏ရန်သူထံ၌ နဂါးတစ်ကောင်ရှိနေသည်။ထို့ပြင် နဂါးသည်အဘယ်ကြောင့် လက်နက်ကိုအသုံးပြုရသနည်း...ထိုအရာသည်သူ၏မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။

"သူတို့ကို ဝိုင်းသတ်ကြ..."

လီယိုနာဒိုက သူဆင့်ခေါ်ထားသောနတ်ဆိုးသားရဲသည် ရှောင်ယု၏တပ်ဖွဲ့အား ဖြိုခွင်းရန်မလုံလောက်ကြောင်း နားလည်လိုက်သည့်အတွက်ကြောင့် သူ့လူများကိုပါတိုက်ခိုက်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။

လီယိုနာဒို၏နံဘေးတွင် အနက်ရောင်သားရေဝတ်စုံအား ဝတ်ဆင်ထားပြီး ဓားမြှောင်အစုံကိုက်ိုင်ဆောင်ထားသော လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ရှိနေခဲ့သည်။ ထိုလုပ်ကြံသူသည် ရှောင်ယုရပ်နေသောနေရာသို့ ပြေးဝင်သွားခဲ့ပြီး ထိုလုပ်ကြံသူ၏ပုံရိပ်သည် လေထုထဲ၌ပင်ပျောက်ကွယ်သွားခဲ့သည်။ လီယိုနာဒို၏အမိန့်ကြောင့် အခြားသောလုပ်ကြံသူများသည်လည်း အခြားနေရာများသို့တိုးဝင်ကာ သင့်လျော်သောအနေအထားကိုရယူ၍ လုပ်ကြံရန်အသင့်ပြင်ဆင်လိုက်ကြသည်။

လီယိုနာဒို၏လက်အောက်ငယ်သားများအားလုံးသည် အစစ်အမှန်ကျွမ်းကျင်သူများဖြစ်ကြပြီး အညံ့ဆုံးသည်ပင်စတုတ္ထအဆင့်ဖြစ်သည်။ ယခုအခါ သူတို့အားလုံးသည်အရှိန်အဟုန်ကြီးမားစွာဖြင့် အတူတကွလှုပ်ရှားခဲ့ကြသည်။

လီယိုနာဒိုသည် ကြီးမားသောဆုံးရှံးမှုများနှင့် ရင်ဆိုင်ရမည်ကိုသိရှိထားသော်လည်း ရှောင်ယုအားလက်လွှတ်ပေးရန် အစီအစဉ်မရှိပေ။ ထိုသို့မဟုတ်ပါက သူသည်သူ၏မိသားစုကိုရင်ဆိုင်နိုင်မှာမဟုတ်ပေ။

ရှောင်ယုသည် စစ်ပွဲချော်ရည်ခွေးအားတိုက်ခိုက်ရာ၌ နစ်မြုပ်နေဆဲဖြစ်ကြောင်း လီယိုနာဒိုတွေ့မြင်လိုက်ရ၍ တိုက်ခိုက်ရန်အကောင်းဆုံးအချိန်ဖြစ်ကြောင်း နားလည်လိုက်သည်။ ရှောင်ယုသည် စစ်ပွဲချော်ရည်ခွေးနှင့်သူ၏လုပ်ကြံသူတပ်ဖွဲ့ကို တပြိုင်တည်းတွန်းလှန်ရန် အလွန်ခက်ခဲမှာဖြစ်သည်။

သူသည် ရှောင်ယု၏တပ်ဖွဲ့ကိုဖျက်ဆီးခြင်းဖြင့် ရှောမိသားစု၏ဒေါသကို ပြသနိုင်မည်ဖြစ်သည်။ သူကိုယ်တိုင်က ဆဌမအဆင့်ကျွမ်းကျင်သူအား ခေါ်ဆောင်လာခြင်းမရှိသော်လည်း သူယခုခေါ်ဆောင်လာသည့်လူများကို ရင်ဆိုင်နိုင်သည့်အင်အားစုအနည်းငယ်သာရှိသည်။

"တိုက်ခိုက်ချင်တာလား...အဲ့ဒါဆိုငါ့ဘက်ကမယဉ်ကျေးတာကို အပြစ်မတင်နဲ့"

ရှောင်ယုသည်တိုက်ပွဲအတွက် စတင်ပြင်ဆင်ရန်ဂရစ်ဖင်များကို အမိန့်ပေးလိုက်သည်။

"တိုင်ရန်ဒီ...စစ်ပွဲချော်ရည်ခွေးကို တတ်နိုင်သမျှမြန်မြန်ဖြေရှင်းပါ"

တစ်ချိန်တည်း၌ လမ်းကြောင်းနှစ်ခုတွင်တိုက်ပွဲဆင်နွဲရန် အဆင်မပြေကြောင်း ရှောင်ယုနားလည်လိုက်သည်။ စစ်ပွဲချော်ရည်ခွေးသည် ယခုအချိန်၌ သူတို့အားအန္တာရယ်မပေးနိုင်သော်လည်း ရှောင်ယု၏တပ်များက ၎င်းကိုသတ်ဖြတ်ရန်အချိန်ယူရမည်ဖြစ်သည်။ သို့သော်လည်း ထိုအချိန်တွင် လီယိုနာဒို၏ကျွမ်းကျင်သူများဝင်ရောက်တိုက်ခိုက်ပါက အခြေအနေများပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့်ရှောင်ယုသည် ပြဿနာတစ်ခုအားဦးစွာပြေလည်အောင်ဖြေရှင်းရန် ကြိုးစားခဲ့သည်။

တိုင်ရန်ဒီသည် ခေါင်းညိတ်ပြလိုက်ကာ သူမ၏ကျားဖြူကိုစီးနင်း၍ ပြေးထွက်သွားခဲ့သည်။ ထို့နောက်သူမသည် နဂါးမီးမြှားကိုထုတ်ယူ၍ တိုက်ခိုက်ရန်အခွင့်အရေးရှာဖွေခဲ့သည်။

...

နဂါးလေးသည် စစ်ပွဲချော်ရည်ခွေးကိုဖိနှိပ်ရန် နံချပ်ကူအားအသုံးပြုခဲ့သည်။

အာဝူး...

နံချပ်ကူဖြင့်အဆက်မပြတ် ရိုက်ပုတ်ခံနေရသော စစ်ပွဲချော်ရည်ခွေးကနောက်ထပ်တစ်ကြိမ် အောင်ငြီးလိုက်သည်။ စစ်ပွဲချော်ရည်ခွေးသည် ဒေါသတကြီးဖြင့်သူ၏ပါးစပ်ကိုဖွင့်၍ နဂါးလေးကိုလှမ်းကိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် တိုင်ရန်ဒီသည် လေး၏ကြိုးကိုလွှတ်ချလိုက်ရာ နဂါးမီးမြှားသည်ဥက္ကာပျံကဲ့သို့ တိုးဝင်သွားခဲ့ပြီး ခွေး၏ပထမဦးခေါင်းမှဟထားသော ပါးစပ်ထဲဝင်သွားခဲ့သည်။

ဗုံးး...

သာမန်အားဖြင့်ဆိုပါက နဂါးမီးမြှားသည် စစ်ပွဲချော်ရည်ခွေးအပေါ် ပြင်းထန်သောဒဏ်ရာကိုရရှိစေနိုင်သောကြောင့် ယခုလို၎င်း၏ပါးစပ်မှတဆင့် တိုက်ရိုက်ထိမှန်ခံရချိန်တွင် ထိုတိုက်ခိုက်မှု၏ နောက်ဆက်တွဲအကျိုးရလဒ်သည် ကြောက်မက်ဖွယ်ကောင်းလှတော့သည်။ ထိုအခိုက်အတန့်တွင် စစ်ပွဲချော်ရည်ခွေး၏ခေါင်းတစ်လုံး၌ အပေါက်ငယ်များစွာဖြစ်ပေါ်လာပြီး သွေးများစီးကျလာခဲ့သည်။ ယခုအခါ စစ်ပွဲချော်ရည်ခွေးသည်ခေါင်းတစ်လုံးကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် အီလီဒမ်သည် စစ်ပွဲချော်ရည်ခွေး၏ဒုတိယမြောက်ဦးခေါင်းထံ ခုန်တက်သွားခဲ့သည်။ ယခုအခါ အီလီဒမ်သည် မှော်စွမ်းအင်အမြောက်များကို စုပ်ယူထားပြီဖြစ်သလို တစ်ချိန်တည်းမှာပင် မန္တန်ဖြိုခွဲသူများသည် စစ်ပွဲချော်ရည်ခွေး၏မှော်စွမ်းအင်ကိုလောင်ကျွမ်းစေရန်အတွက် မှော်စွမ်းအင်ထိန်းချုပ်ခြင်းအစွမ်းကို အသုံးပြုခဲ့သည်။

အီလီဒမ်သည် စစ်ပွဲချော်ရည်ခွေး၏ဒုတိယခေါင်းအား ဖြတ်တော်လှီးဖြတ်ရန် ဓားနှစ်လက်ကိုအသုံးပြုခဲ့သည်။ ထို့နောက် စစ်ပွဲချော်ရည်ခွေး၏လည်ပင်း၌ ကြီးမားသောဒဏ်ရာတစ်ခုဖြစ်ပေါ်လာခဲ့သည်။ စစ်ပွဲချော်ရည်ခွေး၏ မှော်စွမ်းအင်သည် ကုန်ဆုံးလုနီးပါးဖြစ်နေ၍ ၎င်း၏ခုခံမှုသည်အချိန်တိုင်းလိုလိုပင် ကျဆင်းသွားခဲ့သည်။ထိုသို့မဟုတ်ပါက အီလီဒမ်သည် စစ်ပွဲချော်ရည်ခွေး၏လည်ပင်းပေါ်၌ ဤမျှကြီးမားသောဒဏ်ရာအား ဖြတ်တောက်နိုင်မည်မဟုတ်ပေ။

"စတော့..."

လီယိုနာဒိုသည် ကျယ်လောင်စွာအော်ဟစ်လိုက်ရာ အရိပ်ပေါင်းများစွာက ရှောင်ယုထံပြေးဝင်သွားခဲ့သည်။

"သူတို့ကိုတားကြ..."

ရှောင်ယုက ပြန်ပြောလိုက်သည်။

မရေမတွက်နိုင်သော လျှပ်စီးကြောင်းများက ဝေဟင်ကိုဖြတ်သန်းကာ ရှောင်ယုထံသို့ပြေးဝင်လာသော လုပ်ကြံသူများအားထိမှန်သွားခဲ့သည်။ အောစ့်များကလည်း လှံပစ်စက်များကိုချိန်ညှိကာ တိုက်ခိုက်လာသူများထံသို့ ပစ်လွှတ်ခဲ့သည်။

လီအာနှင့်မိုင်ယဗ်တို့သည်လည်း ရှောင်ယုအားလာရောက်တိုက်ခိုက်သော လုပ်ကြံသူအမြောက်အများကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ မိုင်ယဗ်သည် လုပ်ကြံသူများကိုတားဆီးနေစဉ် လီအာသည် အမျိုးသမီးလုပ်ကြံသူများကိုပင် ရင်ဆိုင်သတ်ဖြတ်ခဲ့ရသည်။ အချိန်တစ်ခုကြာပြီးနောက်တွင် လီအာသည် လုပ်ကြံသူအမျိုးသမီးတစ်ယောက်နှင့်ရင်ဆိုင်မိကာ မျက်မှောင်ကြုတ်မိလိုက်သည်။

"အဲ့ဒါက မင်းပဲ"

အခန်း ၃၅၃ - ကွဲပြားမှု

ရှောင်ယုက သူတို့အား ကြို၍ရှာတွေ့လိမ့်မည်ဟု မမျှော်လင့်ထားသည့်အတွက်ကြောင့် တိုက်ခိုက်လာသည့်လုပ်ကြံသူများအားလုံးကို တားဆီးနိုင်ခဲ့သည်။

ကိုယ်ယောင်ဖျောက်ထားသည့် လုပ်ကြံသူများသည် ထောင်ချောက်အတွင်းသို့တိုးဝင်မိကာ သူတို့ကိုယ်သူတို့ ဒုက္ခရောက်စေခဲ့သည်။

ထိုအမျိုးသမီးလုပ်ကြံသူသည် လီအာ၏အသိအကျွမ်းဖြစ်ပုံရပြီး သူမတို့နှစ်ဦးလုံးသည် တစ်ဦးနှင့်တစ်ဦးခွဲခြားသိမြင်ခဲ့ကြသည်။ လီအာသည် သူမကိုဤနေရာ၌တွေ့ဆုံရန် မမျှော်လင့်ထားပေ။ ထို့ပြင်ဤအမျိုးသမီးသည် ငယ်စဉ်ကတည်းကပင် သူမ၏ရန်သူဖြစ်ခဲ့သည်။ သူမတို့နှစ်ယောက်သည် တူညီသောမိသားစုမှဖြစ်ကာ ငယ်စဉ်ကတည်းကပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ သို့သော်လည်း သူမတို့သည်ငယ်စဉ်ကပင် တစ်ယောက်ကိုတစ်ယောက်အနိုင်ယူရန် အလွန်ခက်ခဲခဲ့သည်။ ထို့နောက် သူမတို့နှစ်ဦးသည် သူမတို့၏ကိုယ်ပိုင်လမ်းကြောင်းကိုရှာဖွေကာ အတွေ့အကြုံများရရှိရန် မိသားစုမှထွက်ခွာလာခဲ့သည်။ ယနေ့တွင် မထင်မှတ်ဘဲ သူမတို့နှစ်ယောက်ပြန်တွေ့ကြပြီဖြစ်သည်။

"မင်းက အရူးတစ်ယောက်နောက်ကိုလိုက်နေတာပဲ...ဒါကမင်းမျှော်လင့်ထားခဲ့တဲ့ ရွေးချယ်မှုတစ်ခုမဟုတ်ခဲ့ဘူး..."

မျက်နှာဖုံးတပ် လုပ်ကြံသူအမျိုးသမီးကပြောလိုက်သည်။

"မင်းက လမ်းလွဲရောက်နေတဲ့လူတစ်ယောက်ပဲ...မင်းကိုကြည့်ရတာအခြေအနေမဟန်ပါဘူး"

လီအာက ပြန်ပြောလိုက်သည်။

"ဘာပြောလိုက်တာလဲ..."

လုပ်ကြံသူအမျိုးသမီးက ဒေါသတကြီးဖြစ်သွားခဲ့သည်။

"ဒီနှစ်တွေအတွင်း မင်းဘယ်လောက်တိုးတက်လာသလဲ ကြည့်လိုက်ရအောင်"

လုပ်ကြံသူအမျိုးသမီးသည် စကားဆက်မပြောတော့ဘဲ သူမ၏လက်ထဲရှိ ဓားမြှောင်အားဝှေ့ယမ်းကာ လီအာထံပြေးဝင်သွားခဲ့သည်။ လုပ်ကြံသူအမျိုးသမီးသည် လီအာ၏အပေါ်သို့ရောက်သောအခါ လီအာ၏ခန္ဓာကိုယ်သည် သူမ၏မြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်။ လုပ်ကြံသူအမျိုးသမီးသည် လွန်စွာထိတ်လန့်သွားကာ သူမ၏ဗီဇအရဆိုလျှင် လီအာသည်သူမ၏နောက်၌ရှိနေကြောင်း နားလည်လိုက်သည်။ ထို့ကြောင့်သူမသည် နောက်သို့လှည့်ကာ သူမ၏လက်ထဲမှဓားမြှောင်ကိုဝှေ့ယမ်း၍ ခုခံတားဆီးလိုက်သည်။ လုပ်ကြံသူအမျိုးသမီးသည် လီအာ၏တိုက်ခိုက်မှုအား တားဆီးနိုင်ခဲ့သော်လည်း သူမ၏ချပ်ဝတ်တန်ဆာသည် ထိုးဖောက်ခံလိုက်ရသည်။

"ထက်လိုက်တဲ့ဓားမြှောင်...သာမန်လက်နက်တွေသာဆိုရင် ငါ့ရဲ့ချပ်ဝတ်တန်ဆာကို ဖြတ်တောက်လို့ရမှာမဟုတ်ဘူး...ဒါပေမဲ့သူမရဲ့ဓားမြှောင်ကတော့ အပေါက်တစ်ခုဖြစ်အောင်ထိုးဖောက်နိုင်ခဲ့တယ်...သူမကအဲ့လက်နက်ကိုဘယ်ကရခဲ့တာလဲ...ဒါ့ပြင် သူမဝတ်ဆင်ထားတဲ့သားရေချပ်ဝတ်တန်ဆာ...အဲ့ချပ်ဝတ်တန်ဆာက ဒဏ္ဍာရီလာလုပ်ကြံသတ်ဖြတ်မှုချပ်ဝတ်တန်ဆာမဟုတ်ဘူးလား...မဟုတ်ဘူး...မဖြစ်နိုင်ဘူး...ခုချိန်ထိဒဏ္ဍာရီလာအစုံတန်ဆာတစ်ခုကို စုဆောင်းနိုင်သူမရှိသေးဘူး...သူမဝတ်ဆင်ထားတာက ရှေးတုံးကပုံစံတူပြုလုပ်ထားတဲ့ချပ်ဝတ်ဆန်ဆာတစ်ခုပဲဖြစ်ရမယ်...ဒါပေမဲ့သူမခုနကအသုံးပြုလိုက်တဲ့ကျွမ်းကျင်မှုက...အဲ့ဒါကအရိပ်ခြေလှမ်းမဟုတ်ဘူးလား...အဲ့ဒီကျွမ်းကျင်မှုစာအုပ်က ပျောက်ကွယ်နေတာကြာလှပြီ...ငါ့မျိုးနွယ်စုနှာတောင်မရှိဘူး"

လုပ်ကြံသူအမျိုးသမီးနှင့်လီအာတို့သည် နောက်ထပ်အကြိမ်အနည်းငယ်ခန့် အပြန်အလှန်တိုက်ခိုက်ခဲ့ကြသည်။ လုပ်ကြံသူအမျိုးသမီးသည် လီအာ၏အကြောင်းကို ငယ်စဉ်ကပင်သိရှိလာသူဖြစ်ရာ လွန်စွာထိတ်လန့်သွားခဲ့သည်။ ယခုလီအာအသုံးပြုနေသော ဓားမြှောင်ကိုပင် အဂ္ဂရိတ်ပညာရှင်မှအထူးပြုလုပ်ထားပုံရသည်။ လီအာသည် ထိုပစ္စည်းများကိုမည်သည့်နေရာမှရခဲ့သနည်း...သူမသည်နဂါး၏ရတနာသိုက်ကို ဖောက်ထွင်းခဲ့သည်လား...

လုပ်ကြံသူအမျိုးသမီးနှင့် လီအာတို့သည်အချင်းချင်းတိုက်ခိုက်နေကြသည့်အချိန်တွင် အခြားနေရာများ၌လည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခဲ့သည်။

...

...

ရှောမိသားစု၏ စွမ်းအားအကြီးဆုံးတပ်ဖွဲ့များမှာ မှော်ဆရာများဖြစ်ကြသည်။ စွမ်းအားကြီးသော မှော်ဆရာတစ်ယောက်သည် စစ်ပွဲ၏ရလဒ်အားပြောင်းလဲပေးနိုင်၍ သူတို့သည်ရှောမိသားစု၏ ထိပ်တန်းဦးစားပေးများဖြစ်ကြသည်။ သို့သော်လည်း ရှောမိသားစု၏မှော်ဆရာများသည် ယခုအချိန်၌ အကြီးအကျယ်ဒုက္ခရောက်နေကြသည်။ ရှောမိသားစု၏မှော်ဆရာများသည် မှော်မန္တန်များအား ရွတ်ဆိုနေကြချိန်တွင် ဂရစ်ဖင်အုပ်စုတစ်ခုသည် သူတို့အပေါ်သို့ရွေ့လျားလာပြီး ကွင်းဆက်လျှပ်စီးကြောင်းကိုအသုံးပြုကာ သူတို့အားတိုက်ခိုက်လိုက်ကြသည်။ မှော်ဆရာများသည် ပြင်းထန်သောမှော်တိုက်ခိုက်မှုများကို ရင်ဆိုင်လိုက်ရချိန်တွင် သွေးများအန်ထုတ်လိုက်ကြသည်။

"ဘာတွေဖြစ်ကုန်တာလဲ..."

လီယိုနာဒိုသည် သူ့ရှေ့မှမြင်ကွင်းကိုကြည့်၍ တုန်လှုပ်သွားခဲ့သည်။ သူသည် အခြားသူများထက်မှော်ဆရာများ၏အစွမ်းကို ပိုမိုနားလည်ပေသည်။ ထိုမှော်ဆရာများသည် စတုတ္ထအဆင့်သို့ရောက်ရှိနေပြီး အနည်းစုမှာပဥ္စမအဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။ သို့သော် သူတို့အဖို့ မှော်တိုက်ခိုက်မှုများအား တန်ပြန်ရန်အလွန်ခက်ခဲသော်လည်း ထိုမှော်ဆရာများ၏မှော်စွမ်းအင်ကို ထိန်းချုပ်နိုင်မှုသည် မြင့်မားသောအဆင့်သို့ရောက်ရှိနေခဲ့သည်။

သူတို့သည် ဂရစ်ဖင်များကိုတိုက်ခိုက်ရန် ပြင်ဆင်လိုက်ချိန်တွင် ဂရစ်ဖင်များသည် သူ၏မြင်ကွင်းမှနေ၍ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ မှော်ဆရာများ၏စုပေါင်းစွမ်းအားသည် ရှောင်ယု၏တပ်ဖွဲ့များကို လွှမ်းမိုးထားနိုင်ဆဲဖြစ်သည်။

သို့သော်နောက်အခိုက်အတန့်၌ ဖီးနစ်တစ်ကောင်သည် စူးရှသောအော်မြည်သံကိုထုတ်ဖော်၍ ကောင်းကင်ယံမှထိုးဆင်းလာကာ မှော်ဆရာများကိုတိုက်ခိုက်လိုက်သည်။

ဗုံးးး...

ထိုဖီးနစ်သည် မှော်ဆရာအုပ်စု၏ အလယ်သို့ရောက်လာချိန်တွင် သူ့ကိုယ်သူဖောက်ခွဲ၍တိုက်ခိုက်လိုက်သည်။ ထိုပေါက်ကွဲမှုကြောင့် မှော်ဆရာများသည်နေရာအနှံ့ လွှင့်ထွက်သွားခဲ့သည်။ မှော်ဆရာများသည် ပြင်းထန်သောမှော်တိုက်ခိုက်မှုများအား အတိုင်းအတာတစ်ခုထိခုခံနိုင်ပြီး ရန်သူ၏တိုက်ခိုက်မှုအားကာကွယ်ရန် သူတို့၏ခန္ဓာကိုယ်ပေါ်၌ ချပ်ဝတ်နှင့်ကိရိယာများကို တပ်ဆင်ထားသော်လည်း ဤတိုက်ခိုက်မှုမှ သူတို့ကိုယ်သူတို့မကာကွယ်နိုင်ခဲ့ပေ။ သူတို့်အားလုံးသည် မြေပြင်ပေါ်၌သနားစဖွယ်လဲလျောင်းနေကြသည်။ သူတို့၏သက်တော်စောင့်များသည် မှော်ဆရာများထံပြေးဝင်ကာ သူတို့မတ်တပ်ရပ်နိုင်ရန် ကူညီပေးလိုက်ကြသည်။

ဖီးနစ်သည် သူ့ကိုယ်သူဖောက်ခွဲမှုအပြီးတွင် ကဲလ်သက်သည်ကြီးမားသောမီးလုံးတစ်ခုအား အသုံးပြု၍တိုက်ခိုက်ခိုက်သည်။ ကဲလ်သက်သည် ပဥ္စမအဆင့်သို့ရောက်ပြီးနောက်တွင် သူ၏တိုက်ခိုက်မှုများသည် ပိုမိုကြမ်းတမ်းလာခဲ့သည်။ သူပစ်လွှတ်လိုက်သောမီးလုံးတစ်ခုသည် အသေးစားဒုံးကျည်တစ်စင်းနှင့်ဆင်တူပေသည်။

"မီးတောက်ရိုက်ချက်"

ကဲလ်သက်သည် သူ၏တိုက်ခိုက်မှုကိုချက်ချင်းပြောင်းလဲလိုက်သည်။ မီးလုံးများသည် ပေါက်ကွဲမှုဒဏ်ကိုခံစားနေရသည့် ရန်သူများအား တိုက်ခိုက်ရာ၌အသုံးဝင်သော်လည်း သူသည်မီးလုံးများကို ထပ်မံအသုံးပြုတော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရန်သူများသာအုပ်စုကွဲသွားပါက ၎င်း၏အကျိုးသက်ရောက်မှုသည် များစွာလျော့နည်းသွားမည်ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ကဲလ်သက်အသုံးပြုနိင်သောအစွမ်းအထက်ဆုံးတိုက်ခိုက်မှုမှာ မီးတောက်ရိုက်ချက်ပင်ဖြစ်သည်။ ထိုကျွမ်းကျင်မှုသည် သတ်မှတ်ထားသောဧရိယာတစ်ခုအတွင်း မီးတောက်များဖြင့်လောင်ကျွမ်းစေပြီး ထိုဧရိယာအတွင်းရှိရန်သူအားလုံး ထိခိုက်စေမှာဖြစ်သည်။ ထိုကျွမ်းကျင်မှုသည် သတ်မှတ်ဧရိယာအတွင်းရှိ ရန်သူအားလုံးကိုထိခိုက်စေသော အကြီးစားမီးရှုးမီးပန်းတစ်ခုနှင့်တူညီပေသည်။

ထိုအခိုက်အတန့်တွင် ကဲလ်သက်သည် မှော်ဆရာဒါဇင်ချီကို တစ်ကိုယ်တည်းဖိနှိပ်နေခဲ့သည်။ သူသည် လက်ရှိအချိန်၌စစ်မြေပြင်တွင် ကြီးစိုးလွှမ်းမိုးနေခဲ့သည်။

.

...

...

သူသည် စစ်ပွဲချော်ရည်ခွေးအား တတ်နိုင်သမျှမြန်မြန်သတ်ဖြတ်ရမည်ဖြစ်ကြောင်း နဂါးလေးနားလည်လိုက်သည်။ ထို့ကြောင့် နဂါးလေးသည် နံချပ်ကူအားဝှေ့ယမ်းကာ စစ်ပွဲချော်ရည်ခွေးအားဖိအားပေးလိုက်သည်။ နဂါးလေးသည် နဂါးတစ်ကောင်ထက် သိုင်းပညာရှင်တစ်ယောက်နှင့်ပိုတူနေပြီး စစ်ပွဲချော်ရည်ခွေးအား နံချပ်ကူဖြင့်ဆက်တိုက်ရိုက်နှက်နေခဲ့သည်။ နဂါးလေးသည် သိုင်းပြိုင်ပွဲတစ်ခုတွင် ပါဝင်ယှဉ်ပြိုင်မည်ဆိုပါက ပထမနေရာကိုပင်ဆွတ်ခူးနိုင်မည်ဖြစ်သည်။

ဘန်း...

စစ်ပွဲချော်ရည်ခွေး၏ဒုတိယဦးခေါင်းသည် နဂါးလေး၏ရိုက်ချက်ကြောင့် မြေပေါ်သို့နှိမ့်ချခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ခိုင်ရင်း၏ဧရာမပုဆိန်ကြီး၊ဂရင်း၏ဓားလေးကြီးနှင့်အီလီဒမ်၏ စစ်ပွဲဓားသွားတို့က စစ်ပွဲချော်ရည်ခွေး၏လည်ပင်းထံ တိုးဝင်လာခဲ့ကာ တစ်ဝက်တိတိခုတ်ပိုင်းလိုက်သည်။ ထိုအချိန်တွင် ခိုင်ရင်းနှင့်ဂရင်းတို့၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများတိုးထွက်လာခဲ့သည်။ သူတို့သည် အဆင့်၄၀သို့ရောက်ရှိသွားခဲ့ပြီး ပဥ္စမအဆင့်သူရဲကောင်းများဖြစ်လာကြပြီဖြစ်သည်။

အားဂီးးး...

ဂရင်းသည် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ရန်သူများထံခုန်ဝင်သွားခဲ့သည်။ ဂရင်းသည်လေထဲ၌ရှိနေစဉ်တွင် သူ၏နောက်မှနေ၍ နောက်ချန်ပုံရိပ်ယောင်များ ဖြစ်တည်လာခဲ့သည်။

"ပုံရိပ်ယောင်များ...သူကပုံရိပ်ယောင်တွေကိုအသုံးပြုနိုင်ပြီ"

ရှောင်ယုက စိတ်ကျေနပ်စွာရယ်မောလိုက်သည်။

ခိုင်ရင်း၏လှုပ်ရှားမှုများက ယခုအချိန်၌ပို၍ပင် မျက်စိဖမ်းစားစေနိုင်သည်။ ခိုင်ရင်း၏ခန္ဓာကိုယ်ဘေးနားတွင် ဧရာမနွားလားသူရဲကောင်း၏ဝိညာဉ်က ဖြစ်ပေါ်လာခဲ့သည်။ ထိုဝိညာဉ်သည် ခိုင်ရင်းထံသို့လျှောက်ဝင်လာပြီး သူ၏ခန္ဓာကိုယ်နှင့်ပေါင်းစပ်သွားခဲ့သည်။ ထိုသို့ပေါင်းစပ်လိုက်သည့် အခိုက်အတန့်တွင် ခိုင်ရင်းကကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

အားဂီးး...

ခိုင်ရင်း၏ခန္ဓာကိုယ်သည် ချက်ချင်းကြီးထွားလာခဲ့ပြီး အသွင်သစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ယခုအချိန်တွင် ခိုင်ရင်းသည်နွားလားတစ်ဝက် လူတစ်ဝက်နှင့်ပိုမိုဆင်တူနေခဲ့သည်။ ခိုင်ရင်းသည် ၎င်း၏ခွာတစ်ဖက်ကိုဆောင့်ချလိုက်ရာ မြေပြင်သည်ပြင်းထန်စွာဖြင့်တုန်ခါသွားခဲ့သည်။

"မင်းအမေပဲ...အံ့သြစရာပဲ...အံ့သြစရာကောင်းလိုက်တာ...ငါလည်းဒီကျွမ်းကျင်မှုကိုသင်ယူချင်တယ်...ဒါပေမဲ့ အဲ့ဒါကိုသင်လိုက်ရင် မိန်းမတွေကငါ့နားကပ်လာပါဦးမလား"

ရှောင်ယုသည် သူ့နှာခေါင်းကိုထိရင်းရေရွတ်လိုက်သည်။ ခိုင်ရင်းသည် ယခုအချိန်တွင် အခြားအရာတစ်ခုသို့ပြောင်းလဲသွားပုံရသည်။

အမှန်တော့ ခိုင်ရင်းကိုယ်တိုင်က ကွဲပြားသောဖြစ်တည်မှုဖြစ်သည်။ သူသည် နွားလားအားလုံး၏ဘိုးဘေးဖြစ်သော မိုင်နိုတောအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဤသတ္တဝါသည် အရာခပ်သိမ်းကိုဖျက်ဆီးရန်အတွက် ပြင်းထန်သောရုပ်ပိုင်းဆိုင်ရာစွမ်းအားကို အားကိုးခဲ့သည်။

ထိုအချိန်တွင် ပဥ္စမအဆင့်သူရဲကောင်းတစ်ယောက်သည် ရှောင်ယုထံသို့ပြေးဝင်လာသော်လည်း ခိုင်ရင်းကကြားဖြတ်ဟန့်တားခဲ့သည်။ ခိုင်ရင်းသည် စစ်ပွဲခြေလှမ်း၊တိုက်ပွဲအော်သံနှင့် အခြားသောကျွမ်းကျင်မှုများကိုအသုံးပြုကာ ထိုသူရဲကောင်းကိုဖြုတ်ချခဲ့သည်။

...

...

နဂါးလေးသည် သူ၏ခြေသည်းကိုအသုံးပြုကာ စစ်ပွဲချော်ရည်ခွေး၏ဒုတိယမြောက်ဦးခေါင်းမှ နတ်ဆိုးအမြူတေအားထုတ်ယူကာ တစ်ချက်တည်းမြိုချလိုက်သည်။ထိုနတ်ဆိုးသားရဲအမြူတေသည် နဂါးလေး၏အစွမ်းသတ္တကိုမြင့်တင်ရာ၌ ကြီးမားသောအထောက်အကူကိုဖြစ်စေမှာဖြစ်သည်။ စစ်ပွဲချော်ရည်ခွေးသာ အထွတ်အထိပ်အခြေအနေ၌ ရှိနေမည်ဆိုပါက သူတို့အားလုံးပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်ပင် စစ်ပွဲချော်ရည်ခွေးအား မသတ်ဖြတ်နိုင်ပေ။ စစ်ပွဲချော်ရည်ခွေးသည် နဂါးလေးထက်အဆများစွာ စွမ်းအားပိုကြီးပေသည်။ ထို့ကြောင့် ဤနတ်ဆိုးအမြူတေကိုရရှိခြင်းကြောင့် နဂါးလေးအားအလွန်ကံကောင်းသည်ဟု သတ်မှတ်နိုင်ပေသည်။

အားဂီးးး...

ပြင်းထန်သောမီးတောက်များက သူ၏ခန္ဓာကိုယ်အားဖုံးလွှမ်းသွားချိန်တွင် နဂါးလေးကနာကျင်စွာဟိန်းဟောက်လိုက်သည်။ စစ်ပွဲချော်ရည်ခွေး၏အမြူတေသည် နဂါးလေး၏လက်ခံနိုင်စွမ်းထက် ကျော်လွန်နေကြောင်းရှောင်ယုနားလည်လိုက်သည်။

ထို့နောက် နဂါးလေး၏ခန္ဓာက်ိုယ်မှသွေးများစီးကျလာခဲ့ပြီး မြေပေါ်ကျရောက်ချိန်တွင် လောင်ကျွမ်းကုန်ကြသည်။ စစ်ပွဲချော်ရည်ခွေးသည် မီးနှင့်ပတ်သက်သည့်နတ်ဆိုးသားရဲဖြစ်ကာ နဂါးလေးသည်လည်း အနီရောင်မီးတောက်နဂါးတစ်ကောင်ဖြစ်သည်။ သို့သော်လည်း စစ်ပွဲချော်ရည်ခွေး၏မီးတောက်များက နဂါးလေးကိုင်တွယ်နိုင်သည့်ကန့်သတ်ချက်အား ကျော်လွန်နေခဲ့သည်။

"နဂါးလေးရဲ့ကိုယ်ပေါ်ကို အနာကျက်ဆေးတွေလောင်းပေးကြ"

အကယ်၍ သူသာနဂါးလေးကိုမကူညီပါက နဂါးလေးသည်ဤနေရာ၌သေဆုံးသွားမည်ကို ရှောင်ယုနားလည်လိုက်သည်။ ရှောင်ယု၏အမိန့်နှင့်အတူ ရှောင်ယု၊မိုင်ယဗ်နှင့်အခြားသူများသည် နဂါးလေး၏ကိုယ်ပေါ်သို့ အနာကျက်ဆေးများဝိုင်းလောင်းပေးကြသည်။ အနာကျက်ဆေးများသည် အခြေအနေကိုသက်သာစေသော်လည်း နဂါးလေး၏ခန္ဓာက်ိုယ်အနှံ့ အက်ကြောင်းများစတင်ဖြစ်ပေါ်လာခဲ့သည်။

"သေစမ်း..သေစမ်း...အူသာ...အူသာမြန်မြန်လာ...နဂါးလေးကိုကုသပေး"

အူသာသည် သူ၏နံဘေး၌ရှိနေသည်ကို ရှောင်ယုချက်ချင်းသတိရလိုက်သည်။ အူသာသည် ခေါင်းညိတ်ပြလိုက်ကာ သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကောင်းကင်မှနေ၍ရွှေရောင်အလင်းများကျဆင်းလာပြီး နဂါးလေး၏ခန္ဓာကိုယ်အားလွှမ်းခြုံသွားခဲ့သည်။

အခန်း ၃၅၄ - တိုက်ပွဲ၌ကြီးထွားခြင်း

ရွှေရောင်အလင်းတန်းများက ကောင်းကင်ယံမှကျဆင်းလာကာ နဂါးလေး၏ခန္ဓာကိုယ်အားဖုံးအုပ်သွားခဲ့သည်။

ဤသို့ဖြင့် နဂါးလေး၏ခန္ဓာကိုယ်မှ လျှံထွက်နေသောမီးတောက်များသည် တဖြည်းဖြည်းငြိမ်သက်သွားသည့်အခါတွင် နဂါးလေး၏အခြေအနေသည် အလွန်ကောင်းမွန်လာပုံရသည်။ အူသာ၏ကောင်းချီးသည် နဂါးလေး၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကိုကုသပေးရုံသာမက စစ်ပွဲချော်ရည်ခွေး၏အမြူတေကိုပါ စုပ်ယူပေါင်းစပ်နိုင်စေရန်ကူညီပေးခဲ့သည်။ သို့သော်လည်း နတ်ဆိုးအမြူတေအားစုပ်ယူခြင်းလုပ်ငန်းစဉ်သည် အအချိန်အတိုင်းအတာတစ်ခုထိ လိုအပ်သည့်အတွက် ချက်ချင်းအဆုံးမသတ်နိုင်ပေ။

"မင်းရဲ့ပါးစပ်ကိုဖွင့်လိုက်...."

အူသာ၏ကောင်းချီးသည် ဤလုပ်ငန်းစဉ်ကိုအပြီးသတ်နိုင်ရန် လုံလောက်ခြင်းမရှိကြောင်း ရှောင်ယုနားလည်လိုက်သည်။ ထို့ကြောင့်ရှောင်ယုသည် သူ့လူများအားရာနှင့်ချီသော အနာကျက်ဆေးများကို နဂါးလေး၏ပါးစပ်အတွင်းသို့ တိုက်ရိုက်လောင်းချရန် အမိန့်ပေးခဲ့သည်။ နဂါးလေးသည် သူ၏ပါးစပ်ကိုဖွင့်၍ ဆေးအားလုံးကိုမြိုချလိုက်ပြီးနောက် သူ၏ခန္ဓာက်ိုယ်သည်ငြိမ်သက်သွားခဲ့ကာ စွမ်းအားကြီးအော်ရာများထုတ်လွှတ်လာခဲ့သည်။

"နဂါးလေး...မင်းဘာကြောင့်ဒီလောက်ထိရက်စက်ရတာလဲ...ဘာကြောင့်အမြူတေကိုတိုက်ရိုက်မြိုချရတာလဲ...ငါကဒီအမြူတေကို ဆရာဟစ်ဂင်ကိုပေးပြီးမွမ်းမံခိုင်းလိုက်ရင် မင်းအတွက်ပေါင်းစပ်ရပိုလွယ်သွားမှာပေါ့"

နဂါးလေး၏ဒဏ်ရာများ စတင်တည်ငြိမ်လာသည်ကို မြင်သောအခါတွင် ရှောင်ယုကအော်ဟစ်လိုက်သည်။ အကယ်၍ နဂါးလေးသာတစ်ခုခုဖြစ်သွားပါက သူသာရင်ကျိုးရမည်ဖြစ်သည်။ နဂါးလေးကိုဆုံးရှုံးရခြင်းသည် ကြီးကျယ်သောလက်အောက်ငယ်သားတစ်ယောက်အား ဆုံးရှုံးရသည်ထက်မကပေ။ ရှောင်ယုသည် နဂါးလေးအားသူ၏ရင်သွေးတစ်ယောက်ကဲ့သို့ပင် ခံစားပြုစုခဲ့ကာ သားတစ်ယောက်ကဲ့သို့မှတ်ယူခဲ့သည်။ သူသည် နဂါးလေးအားပထမဆုံးစတွေ့စဉ်ကပင် ထိုနည်းအတိုင်းဆက်ဆံခဲ့သည်။ ထို့နောက်သူသည် နဂါးလေးအားအဆက်မပြတ်လေ့ကျင့်ပေးခဲ့ပြီး နဂါးလေးအား သူကိုယ်တိုင်ရက်စက်ကြမ်းကြုတ်သူတစ်ယောက် ဖြစ်လာစေချင်ခဲ့သည်။

နဂါးလေး၏စိတ်နေစိတ်ထားနှင့် တိုက်ပွဲပုံစံတို့သည် သူ့နည်းသူ့ဟန်ဖြင့်အလွန်ဆင်တူကြောင်း ရှောင်ယုတွေ့လိုက်ရချိန်တွင် လွန်စွာဝမ်းသာသွားခဲ့ရသည်။ ထို့ကြောင့် နဂါးလေးသည်သူ၏အမြင်တွင် ရိုးရှင်းသောအိမ်မွှေးတိရစ္ဆာန်မျှသာ မဟုတ်တော့ပေ။

...

...

စစ်ပွဲချော်ရည်ခွေးသေဆုံးပြီးနောက် ရှောမိသားစုမှလူများက အမှန်တကယ်ပင်စတင်ထိုးစစ်ဆင်လာကြသည်။

ရန်သူများအနက် အထူ၁စင်တီ၊အနံ၁၅စင်တီနှင့် အလျား၁.၅မီတာရှိသည့် ဓားရှည်တစ်ချောင်းအား ကိုင်ဆောင်ထားသည့် သူရဲကောင်းတစ်ဦးရှိသည်။ ထိုလူသည် အရပ်၂မီတာခန့်မြင့်ပြီး ကောင်းစွာတည်ဆောက်ထားသောခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည်။ သူသည်ဆဌမအဆင့်သူရဲကောင်းမဟုတ်သော်လည်း ပဥ္စမအဆင့်အထွတ်အထိပ်သို့ရောက်ရှိလာခဲ့သည်။

သူရဲကောင်းများစွာတို့သည် ပဥ္စမအဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သော်လည်း ဆဌမအဆင့်တိုက်ခိုက်ရေးစွမ်းအားကို အလွန်နည်းပါးသောလူနည်းစုသာပိုင်ဆိုင်ကြသည်။ သို့သော်ဤလူသည် ထိုလူများနှင့်မတူပေ။ သူ့တွင်သန်မာသောကိုယ်ခံပညာအရည်အချင်းရှိပြီး ထိုအကြောင်းကပင်သူ့အားဆဌမအဆင့်သို့ တက်လှမ်းစေရန်အတွက်အချိန်အကြာကြီး ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူ၏ကိုယ်ပိုင်ကိုယ်ခံပညာအား မြင့်တင်ရသည့်အတွက်ကြောင့် ဆဌမအဆင့်သို့ရောက်ရှိရန် အလွန်ခက်ခဲမည်ဖြစ်သည်။သို့သော် တစ်စုံတစ်ယောက်သာဆဌမအဆင့်သို့ရောက်သွားပါက တိုက်ကြီးတစ်ခုလုံးပေါ်၌လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီဖြစ်သည်။

ထိုလူသည် တိုက်ပွဲစတင်ကတည်းက မတိုက်ခိုက်ခဲ့ရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ ဤနေရာ၌မည်သူတစ်ဦးတစ်ယောက်ကိုမှ မျက်လုံးထဲ၌မထည့်ထားသောကြောင့်ဖြစ်သည်။ သူ၏အမြင်အရ စစ်မြေပြင်တွင် မည်သူတစ်ဦးတစ်ယောက်ကမှ သူ့အားလှုပ်ရှားစေရန် မထိုက်တန်ပေ။ သူသည်ပြဿနာတစ်စုံတစ်ရာမရှိဘဲ ခိုင်ရင်းနှင့်ဂရင်းတို့ကို အနိုင်ယူနိင်မည်ဟု ယုံကြည်ခဲ့သည်။ ထို့ပြင် တိုင်ရန်ဒီ၏နဂါးမီးမြှားများကလည်း သူ့အားသေစေနိုင်လောက်သည့် ဒဏ်ရာများမဖြစ်နိုင်စေဟု သူထင်ထားခဲ့သည်။

ထိုလူသည် ဂရင်းနှင့်ခပ်လှမ်းလှမ်းတွင်ရပ်နေရာမှ ဖြေးညင်းစွာစတင်လှုပ်ရှားလာခဲ့သည်။ သူ့ရှေ့တွင်ဂရင်း၏ပုံရိပ်ယောင်များစွာရှိသော်လည်း ထိုလူသည်ဂရင်းများစွာအနက်မှ တစ်ယောက်ကိုသာဓားဖြင့်ထိုးရန် ပြေးသွားခဲ့သည်။

ထိုလူ၏ဓားရှည်သည် လေထုကိုထိုးခွဲသွားချိန်တွင် ပြင်းထန်သောအသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။ ထိုအသံကြောင့် အနီးအနားရှိလူများ၏နားစည်များ ကွဲထွက်လုမတတ်ဖြစ်သွားခဲ့သည်။

ဘန်း...

ဂရင်းသည် သူ၏ဓားလေးကြီးကိုဝှေ့ယမ်းကာ ထိုလူ၏ဓားချက်ကိုခုခံလိုက်သည်။ ဓားနှစ်လက်သည် လေထုထဲတွင်အချင်းချင်း ထိတွေ့မိသည့်အခိုက်အတန့်တွင် ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ဓားနှစ်လက်၏ထိတွေ့မှုမှ ထွက်ပေါ်လာသည့် ကြီးမားသောစွမ်းအင်ပမာဏကို အရပ်ရပ်သို့ပို့ဆောင်ပေးရာမှ ပေါက်ကွဲမှုလှိုင်းများဖြစ်ပေါ်လာခဲ့သည်။

အားဂီးးး...

ဂရင်းသည် ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ သူသည် အဆင့်၄၀သို့ တိုးမြင့်လာပြီးနောက်တွင် နောက်ချန်ပုံရိပ်ယောင်ကျွမ်းကျင်မှုအား သင်ယူခဲ့သည်။ သို့သော်ယခုအချိန်၌ သူ၏ကြေးမုံနောက်ချန်ပုံရိပ်ယောင်များသည် ထိုလူကိုလှည့်ဖျားရန်မလုံလောက်သည့်အတွက် ခြေလှမ်းအနည်းငယ်ခန့် နောက်ပြန်ဆုတ်လိုက်ရသည်။

ဓားသခင်များသည် အောစ့်များ၏ကိုယ်ခံပညာကျွမ်းကျင်သူများဖြစ်ကြသည်။ သူတို့၏ဘွဲ့အမည်သည် အောစ့်တို့၏အန္တိသတ်ဖြတ်မှုပညာနှင့် တိုက်ရိုက်ဆက်နွယ်နေသည်။ ယခုမူ သူနှင့်ခွန်အားချင်းတူညီသော လူသားစစ်သည်တော်တစ်ယောက်သည် ဂရင်း၏ကျွမ်းကျင်မှုအား ဖောက်ထွင်းတွေ့မြင်နိုင်ခြင်းအပေါ် သူလက်မခံနိုင်ဖြစ်နေခဲ့သည်။

ဂရင်းသည် ထိုအဖြစ်အပျက်ကြောင့် ဒေါသထွက်သွားခဲ့သော်လည်း ထိုအရှက်ရမှုကပင် သူ၏ခန္ဓာကိုယ်အတွင်းရှိ စစ်ပွဲမီးတောက်များကိုလှုံဆော်ပေးခဲ့သည်။

အားဂီးးး...

ဂရင်းသည် ဧရာမဓားကြီးကိုဝှေ့ယမ်းကာ ထိုလူအားဆက်လက်တိုက်ခိုက်လိုက်သည်။

"ဒီကောင်က ဓားသခင်တစ်ယောက်ဖြစ်ပုံရတယ်...သူမကြောက်တာ မဆန်းတော့ပါဘူး...ရှောမိသားစုမှာအရည်အချင်းကောင်းတွေရှိပေမဲ့ ငါကလည်းသက်သက်လွတ်သမားမဟုတ်ဘူး..."

ဂရင်းရင်ဆိုင်နေရသော စစ်သည်တော်သည် အလွန်အစွမ်းထက်ကြောင်း ရှောင်ယုကနားလည်လိုက်သည်။ ထို့ပြင် ရှောင်ယု၏အနီးအနားတွင်လည်း သူ့အားပစ်မှတ်ထားနေသည့် နောက်ထပ်လုပ်ကြံသူများရှိနေကြောင်း သူခံစားမိပေသည်။

"ခဏ...သူကဘယ်ပျောက်သွားတာလဲ..."

ရှောင်ယုသည် လုပ်ကြံသူ၏အော်ရာကို မခံစားနိုင်သည့်အတွက် ထိတ်လန့်သွားခဲ့ရသည်။

ထိုအချိန်တွင် ရှောင်ယုသည် တိုးလျသောအသံကိုကြားလိုက်ရပြီးနောက် ထိုတိုက်ခိုက်မှုကိုလှည့်၍တားဆီးလိုက်သည်။ထိုသို့ မသိစိတ်၏အချိန်မှီလုပ်ဆောင်မှုကပင် ရှောင်ယု၏အသက်ကိုကယ်တင်နိုင်ခဲ့သည်။ ရန်သူ၏ပြင်းထန်သောသတ်ဖြတ်လိုစိတ်ကြောင့် သူ၏ဆံပင်များပင်ထောင်တက်သွားကြောင်း ရှောင်ယုခံစားမိလိုက်သည်။ ရှောင်ယုသည် အခက်အခဲများနှင့်တိုက်ပွဲများစွာကိုဖြတ်ကျော်ရင်း သူ၏အသက်ကယ်စွမ်းရည်များအား တိုးတက်ကောင်းမွန်စေခဲ့သည်။ ယခုအခါတွင် သူ၏အသက်ကယ်စွမ်းရည်များက လုံးဝကွဲပြားသည့်အဆင့်တစ်ခု၌ ရှိနေခဲ့သည်။

"မှော်စုန်းဆရာတွေ..."

ရှောင်ယုကအော်ဟစ်လိုက်သည်။

ထိုအခိုက်အတန့်၌ ခရမ်းရောင်အလင်းတန်းများက လုပ်ကြံသူ၏ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားခဲ့သည်။ စုန်းမီးတောက်သည် ကိုယ်ယောင်ဖျောက်ထားသော ရန်သူများကိုထိုးဖောက်တွေ့မြင်နိုင်ရန် မှော်စုန်းဆရာများအသုံးပြုသည့် ကျွမ်းကျင်မှုဖြစ်သည်။ ဤနည်းဖြင့် လုပ်ကြံသူများသည် ကိုယ်ယောင်ဖျောက်ခြင်းကိုအသုံးမပြုနိုင်တော့ပေ။ ထို့နောက် မှော်စုန်းဆရာများသည် လုပ်ကြံသူများကိုပစ်မှတ်ထားကာ မှော်မန္တန်များအားစတင်ရွတ်ဆိုလိုက်ကြသည်။ သူတို့သည် သူရဲကောင်းများနှင့်လုပ်ကြံသူများကို အဓိကထား၍ သူတို့်အားလွှင့်ထွက်စေရန်အတွက် ဟာရီကိန်းစွမ်းရည်ကိုအသုံးပြုကြသည်။

မှော်ကဝေများကလည်း သူတို့အားကူညီပေးနေသလို ဝက်ဝံစစ်သည်များကလည်း ရန်သူများအားတိုက်ခိုက်ရန်အတွက် ဝက်ဝံများအဖြစ်သို့ပြောင်းလဲလိုက်ကြသည်။ မှော်ကဝေများသည် ရန်သူများကိုခိုးဝင်တိုက်ခိုက်နေသလို ရန်သူများအားသိုးအဖြစ်အသွင်ပြောင်း၍ ဝက်ဝံစစ်သည်များတိုက်ခိုက်နိုင်စေရန် အခွင့်အလမ်းများဖန်တီးပေးခဲ့သည်။

ရှောင်ယု၏နံဘေး၌ စွမ်းအားကြီးကျွမ်းကျင်သူ အမြောက်အများမရှိသော်လည်း သူ၏တပ်ဖွဲ့အမျိုးမျိုး၏စွမ်းဆောင်ရည်သည် အဘက်ဘက်မှထူးချွန်ကြသည်။

အားဂီးးး...

ခိုင်ရင်းသည် ပဥ္စမအဆင့်စစ်သည်တော်တစ်ယောက်ကို တိုက်ခိုက်နေရင်း ကျယ်လောင်စွာဟိန်းဟောက်ကာ သူ၏ဦးချိုများဖြင့် ရန်သူအားထိုးသွင်းလိုက်သည်။ ခိုင်ရင်း၏ရုတ်တရက်တိုက်ခိုက်မှုကြောင့် ရန်သူသည်အချိန်မှီရှောင်တိမ်းနိုင်စွမ်းမရှိတော့ပေ။ မိုင်နိုတောအဖြစ်သို့ပြောင်းလဲပြီးနောက်တွင် ခိုင်ရင်းသည်အခြားအဆင့်တစ်ခုသို့ရောက်ရှိသွားပုံရသည်။ သူသည် မည်သည့်အရာကိုမှ မကြောက်ရွံ့တော့ဘဲ ရန်သူများအားဖြတ်ကျော်ရန်အတွက် ကြမ်းတမ်းသောခွန်အားကိုအသုံးပြုခဲ့သည်။ သူသည် သူရဲကောင်းများစွာနှင့်တိုက်ခိုက်ပြီးနောက် မှော်ဆရာများကိုစတင်တိုက်ခိုက်ခဲ့သည်။

"ဒီကနေမြန်မြန်ရွေ့ကြ..."

မှော်ဆရာများ၏ သက်တော်စောင့်များကအော်ဟစ်လိုက်သည်။ လက်ရှိအချိန်တွင် ဒဏ်ရာရရှိနေသောမှော်ဆရာများသည် မည်သူကိုမှတိုက်ခိုက်နိုင်စွမ်းမရှိပေ။ သူတို့အား သာမန်စစ်သည်များကပင် ဓားဖြင့်ထိုးသတ်နိုင်သည်။

...

...

ဖယ်ရီနဂါးများသည် အားနည်းသောသားရဲများနှင့်ဆင်တူသော်လည်း သူတို့သည် မှော်ဆရာများ၏သဘာဝရန်သူများဖြစ်ကြသည်။ သူတို့အား မှော်ဆရာသတ်ဖြတ်သူများဟုခေါ်ဆိုကြသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ မှော်ကဝေများသည် ဖယ်ရီနဂါးများအပေါ်သို့ ကိုယ်ယောင်ဖျောက်အစွမ်းကိုအသုံးပြုပေးကာ မှော်ဆရာများအနားသို့တိုးကပ်စေခဲ့သည်။ ဤသို့ဖြင့် ဖယ်ရီနဂါးများသည် မတူညီသောဟင်းလင်းပြင်တစ်နေရာ၌ ပုန်းအောင်းနေမည်ဖြစ်ကာ မှန်ကန်သောအခိုက်အတန့်အားစောင့်ဆိုင်း၍ ရန်သူမှော်ဆရာများကို တိုက်ခိုက်မည်ဖြစ်သည်။

ရန်သူမှော်ဆရာများ၏ ကိုယ်ရံတော်များသည် သန်မာကြသော်လည်း ခိုင်ရင်းအားခုခံနိုင်ရုံသာဖြစ်သည်။

ရွှီးးး...

တိုင်ရန်ဒီသည် အခြားရန်သူတစ်ယောက်ကို သတ်ဖြတ်လိုက်သည်။ အမှန်တော့သူမသည် စစ်မြေပြင်၌ ထိပ်တန်းသတ်ဖြတ်သူတစ်ယောက်ဖြစ်သည်။ သူမ၏မြှားတစ်စင်းစီးသည် ရန်သူတစ်ယောက်စီ၏အသက်ကို နှုတ်ယူနေခဲ့သည်။ သူမသည် ဂရင်းနှင့်တိုက်ခိုက်နေသောရန်သူကိုပင် နဂါးမီးမြှားဖြင့်သတ်ဖြတ်နိုင်သည်။ သို့သော် ထိုဓားသမားသည်ဂရင်းနှင့်အပြင်းအထန်တိုက်ခိုက်နေရင်း နေရာများကိုဆက်တိုက်ပြောင်းလဲနေ၍ သူမပစ်ခတ်ရန်အခွင့်မသာခဲ့ပေ။

ဂရင်းသည် ဓားသမား၏ဖိအားပေးမှုကြောင့် သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာအနည်းငယ်ရရှိလာခဲ့သည်။ သို့သော် ထိုဒဏ်ရာများက သူ၏ဒေါသကိုပိုမိုပြင်းထန်စေသည်။ ဒေါသနှင့်သွေးဆာလောင်ခြင်းတို့ကြောင့် ဂရင်း၏မျက်လုံးများသည် သွေးရောင်လွှမ်းသွားခဲ့သည်။ သူသည် သူ၏အသက်ကိုပင်လျစ်လျူရှုကာ သေဆုံးသည်အထိတိုက်ပွဲဝင်ရန် ရည်ရွယ်ထားခဲ့သည်။

ဓားသမားသည် ဂရင်းနှင့်ပြင်းထန်စွာဆက်လက်တိုက်ခိုက်နေရင်း မျက်မှောင်ကြုတ်မိလိုက်သည်။ မူလကသူသည် ဤဧရာမအောစ့်ထံတွင် ကျွမ်းကျင်မှုများစွာရှိမနေဘဲ တိုက်ခိုက်ရန်အတွက်သူ၏ကြမ်းတမ်းသော ခွန်အားကိုသာ အားက်ိုးသည်ဟု ယုံကြည်ထားခဲ့သည်။ သို့ရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ ဂရင်း၏ဓားပညာသည် တိုးတက်ကောင်းမွန်လာကြောင်း ထိုဓားသမားကတွေ့ရှိလာခဲ့သည်။ ဂရင်းသည် တိုက်ပွဲအတွင်း၌သင်ယူလေ့လာကာ အခြေအနေနှင့်လိုက်လျောညီထွေ ဖြစ်လာပုံရသည်။

ဓားသမားသည် ဂရင်းအားသတ်ဖြတ်လိုသော်လည်း ဂရင်း၏ထူထဲသောချပ်ဝတ်အား ဖြိုခွဲရန်မလွယ်ကူခဲ့ပေ။ ထို့ပြင် ဂရင်းသည် တိုက်ပွဲအတွင်းသူ့အားအမြင်မှားယွင်းစေရန် သူ၏ပုံရိပ်ယောင်များကို အသုံးပြုနိုင်ခဲ့သည်။

ဒီအောစ့်ကဘယ်သူလဲ...ဘယ်လိုအောစ့်တစ်ကောင်က တိုက်ပွဲတစ်ခုအတွင်း သူတို့ရဲ့တိုက်ခိုက်မှုစွမ်းရည်ကို တိုးတက်အောင်လုပ်ဆောင်နိုင်ရတာလဲ...

All Chapters