← Chapters

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း ၃၅၅ - နဂါးလေးအဆင့်တက်ခြင်း

ရှောင်ယုသည် အခြေအနေအားတဖန်ပြန်လည် ထိန်းချုပ်သွားသည်ကို မြင်တွေ့လိုက်ရချိန်တွင် လီယိုနာဒို၏မျက်နှာသည် ညိုးနွမ်းသွားခဲ့သည်။

"ငါတော့နောက်ဆုံးဝှက်ဖဲကို သုံးရတော့မယ်ထင်တယ်"

လီယိုနာဒိုသည် တိုးတိုးလေးရေရွတ်လိုက်ရင်း သူ၏သိုလှောင်လက်စွပ်ကို လက်ညိုးဖြင့်ညင်သာစွာပွတ်သပ်လိုက်သည်။

သို့သော်ထိုအချိန်၌ အသံတစ်ခုကပဲ့တင်ထပ်လာခဲ့သည်။

"ဟားဟား...ဒါကတကယ့်ကိုအသက်ဝင်နေတဲ့ မြင်ကွင်းတစ်ခုပဲ...ခြင်္သေ့နယ်မြေရဲ့နယ်စားနဲ့ရှောမိသားစုရဲ့အမွေဆက်ခံသူကြားက တိုက်ပွဲတစ်ခုလား...တကယ်အံ့သြစရာပဲ"

ရှောင်ယုနှင့် လီယိုနာဒိုတို့နှစ်ဦးလုံးသည် အသံပိုင်ရှင်အားလှည့်ကြည့်မိလိုက်ကြသည်။

နီကိုးလပ်စ်အမ်းစ်...

ရှောင်ယုသည် လုပ်ကြံသတ်ဖြတ်သူထံမှ လွတ်မြောက်စေရန်အတွက် တည်နေရာရွေ့ပြောင်းလိုက်သည်။သို့ သော် နီကိုးလပ်စ်သည် ဤနေရာ၌ထွက်ပေါ်လာသည်ကို သတိထားမိချိန်တွင် မျက်မှောင်ကြုတ်မိလိုက်သည်။

"ရပ်ကြ..."

လီယိုနာဒိုနှင့်ရှောင်ယုတို့သည် တစ်ချိန်တည်းတွင် ပြိုင်တူအော်ဟစ်၍ ရပ်တန့်ရန်အမိန့်ထုတ်ပြန်လိုက်သည်။ ယခုလိုအင်အားကြီးရန်သူတစ်ယောက်က သူတို့အနား၌ရှိနေချိန်တွင် မည်သူကမှ အချင်းချင်းမတိုက်ခိုက်လိုကြပေ။ နီကိုးလပ်စ်သည် မည်သူကမှမလျော့တွက်ဝံ့သော လူတစ်ယောက်ဖြစ်သည်။ သူသည် လီယိုနာဒိုနှင့်ရှောင်ယုတို့အား တားဆီးရန်အတွက် လုံလောက်သောညဏ်ရည်ညဏ်သွေးနှင့် အစွမ်းရှိပေသည်။ နီကိုးလပ်စ်သည် လှုပ်ရှားမှုမပြုလုပ်ရသေးသော်လည်း သူရောက်ရှိလာမှုကပင် ရှောင်ယုနှင့်လီယိုနာဒိုအကြား တိုက်ပွဲကိုရပ်တန့်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အမ်းစ်မိသားစုကသူ၏နောက်ခံဖြစ်နေ၍ဖြစ်သည်။

"အ်ိုး...မင်းရဲ့နဂါးကအဆင့်တက်သွားတော့မယ့်ပုံပဲ"

နီကိုးလပ်စ်သည် အနားသို့လျှောက်လာရင်းတိုးတိုးလေးပြောလိုက်သည်။ သူသည် အနီရောင်ဝတ်ရုံအားဝတ်ဆင်ထားကာ သူ၏မျက်လုံးများက နဂါးလေး၏ခန္ဓာကိုယ်အား အာရုံစိုက်နေခဲ့သည်။ နီကိုးလပ်စ်၏နောက်ဘက်တွင် လူများလိုက်ပါလာပြီး သူတို့အနက်မှတစ်ဦးမှာ ရှောင်ယုတွေ့ဆုံးဖူးခဲ့သော သွေးနတ်သူငယ်ခေါင်းဆောင် ရီလာဖြစ်သည်။

သို့သော် ထိုသွေးနတ်သူငယ်သည် ယခင်ကနှင့်လုံးဝမတူတော့ပေ။ သူ၏ခန္ဓာကိုယ်ထဲ၌ ခမ်းခြောက်စပြုနေသော စွမ်းအင်များ ပြန်လည်ထွက်ပေါ်လာပြီး ယခုအခိုက်အတန့်တွင် ရီလာသည်ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးကဲ့သို့ဖြစ်နေပုံရသည်။

"နီကိုးလပ်စ်က သူတို့ကိုနေရေတွင်းကရေကိုပေးလိုက်ပြီထင်တယ်...ဒါပေမဲ့နေရေတွင်းက ဘေးထွက်ဆိုးကျိုးတွေရှိတယ်...နေရေတွင်းရဲ့စွမ်းအင်တွေကို ဘယ်သူကမှအတိအကျထိန်းချုပ်လို့မရတဲ့အတွက် ရီလာကခုလိုအခြေအနေမျိုးကိုရောက်နေတာဖြစ်ရမယ်...မဟုတ်ရင် သူ့ခန္ဓာကိုယ်အတွင်းကစွမ်းအင်တွေက ဘာလို့ပြင်းပြင်းထန်ထန်ပြောင်းလဲသွားရတာလဲ...ပုံမှန်ဆိုရင် ပဥ္စမအဆင့်နဲ့ဆဌမအဆင့်မှော်ဆရာတွေရဲ့ မှော်စွမ်းအင်ကတော်တော်လေးတည်ငြိမ်တယ်...အဘိုးကြီးသီအိုဒိုးက ပြီးပြည့်စုံတဲ့ဥပမာပဲ...တကယ်လို့အကြောင်းမသိသူကသာ သူ့ရှေ့မှာရပ်နေတယ်ဆိုရင် သာမန်အဘိုးကြီးတစ်ယောက်လို့ထင်မိမှာပဲ...ဘာပဲဖြစ်ဖြစ် နေရေတွင်းရဲ့စွမ်းအင်ကြောင့် လက်ရှိအချိန်မှာ သွေးနတ်သူငယ်တွေကတော်တော်ကြောက်စရာကောင်းနေလောက်ပြီ"

လက်ရှိအချိန်တွင် နဂါးမီးမြှားများသည်ပင် ရီလာကိုသတ်ဖြတ်ရန် မလုံလောက်တော့ကြောင်း ရှောင်ယုသိရှိလိုက်သည်။

နီကိုးလပ်စ်သည် ဂေါ်ဒွန်၏ဦးခေါင်းခွံအား ရှာဖွေရာတွင်သူတို့အား ခေါ်ဆောင်လာပုံရသည်။

"နီကိုးလပ်စ်...မင်းလည်းဒီကိုရောက်လာတာပဲ..."

နီကိုးလပ်စ်ကိုကြည့်ရင်း လီယိုနာဒို၏အကြည့်များသည် တောက်ပလာခဲ့သည်။

နီကိုးလပ်စ်သည် လီယိုနာဒိုကိုကြည့်ရင်းပြောလိုက်သည်။

"ဟားဟား...မင်းကဒီလောက်ကောင်းတဲ့အခွင့်အရေးကိုလက်လွတ်ချင်နေတာလား လီယိုနာဒို...မင်းကခုလိုအချိန်မျိုးမှာ အခြားတစ်ယောက်ကိုတိုက်ခိုက်နေတာလား...ကြားထဲကနေပြီးတော့ တံငါသည်ကအကျိုးအမြတ်တွေရသွားမှာကို မကြောက်ဘူးလား"

လီယိုနာဒိုသည် အေးစက်သောအကြည့်များဖြင့် ရှောင်ယုအားစိုက်ကြည့်လိုက်သည်။

"သူကငါ့ကိုစော်ကားလိုက်တာပဲ...သူသေကိုသေရမယ်"

နီကိုးလပ်စ်ကပြုံးရင်းပြောလိုက်သည်။

"သူကလူတွေအများကြီးကိုစော်ကားခဲ့ပေမဲ့ သူကခုချိန်ထိအသက်ရှင်နေတုံးပဲ...မင်းကသူ့ကိုဒီနေ့သတ်ဖြတ်နိုင်လိမ့်မယ်လို့ ထင်နေတာလား...တကယ်လို့မင်းသာသူ့ကိုသတ်ဖြတ်လိုက်ရင် မင်းရဲ့မိသားစုတောင်မှထိခိုက်နာကျင်ရလိမ့်မယ်...ဆရာကြီးသီအိုဒိုးက သူ့ကိုအတော်လေးသဘောကျနေပြီးတော့ သူ့အတွက်ဘာမဆိုလုပ်ပေးမယ်လို့ကတိပေးထားတာကို မင်းမသိသေးဘူးလား...ခုနေသာမင်းသူ့ကိုသတ်လိုက်ရင် အနာဂတ်မှာဘာတွေဖြစ်လာလိမ့်မယ်လို့ မင်းထင်လဲ...မင်းရဲ့မိသားစုကဆရာကြီးသီအိုဒိုးကိုရင်ဆိုင်နိုင်မယ်လို့ မင်းထင်လား"

လီယိုနာဒိုသည် သီအိုဒိုး၏အမည်ကိုကြားသောအခါ သူ၏အမူအရာသည်ပြောင်းလဲသွားခဲ့သည်။ သူ၏မိသားစုသည် စွမ်းအားကြီးသော်လည်း စွမ်းအားကြီးသောသီအိုဒိုးကဲ့သို့မှော်သခင်တစ်ပါးကို တားဆီးနိုင်မည်လားမသေချာပေ။ သီအိုဒိုးကဲ့သို့သောမှော်သခင်များကို သာမန်အမြင်ဖြင့်မခွဲခြားနိုင်ပေ။ ထို့ပြင် သူတို့သည်တားမြစ်မှော်ပညာများကိုအသုံးပြုကာ မြို့တစ်မြို့အားတစ်ခဏချင်းဖျက်ဆီးနိုင်သည်။ သို့ဖြစ်ရာ မည်သူကသီအိုဒိုးအားမကြောက်ရွံ့ဘဲ ရှိနေမည်နည်း။ သီအိုဒိုးသည် သူတို့အားလုံးကို မသတ်ဖြတ်နိုင်လျင်တောင်မှ သူ့မိသားစု၏အခြေခံအုတ်မြစ်ကိုလှုပ်ခါနိုင်မည်ဖြစ်သည်။ အထူးသဖြင့် လက်ရှိအချိန်တိုက်ကြီးပေါ်တွင် မည်သည့်စွမ်းအားကြီးအင်အားစုကမှ သီအိုဒိုးအားရင်ဆိုင်ရဲပါသည်ဟု တပ်အပ်မပြောဝံ့ပေ။ ထိုသို့သောမှော်သခင်တစ်ပါးသည် အဘယ်ကြောင့်ဤသို့သောလူမိုက်ကို သဘောကျသွားရသနည်း။

အားဂီးး...

နဂါးလေးထံမှ ကြီးမားသောစွမ်းအင်ပမာဏများထုတ်လွှတ်လာပြီးနောက် နဂါးလေးသည်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ နဂါးလေး၏ခန္ဓာကိုယ်သည် ဧရာမမီးလုံးတစ်ခုကဲ့သို့ မီးတောက်များဖြင့်လွှမ်းခြုံသွားခဲ့သည်။

အားဂီးးး...

နဂါးလေးထံမှ ပြင်းထန်သောစွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာပုံသည် နေလုံးပေါက်ကွဲသကဲ့သို့ဖြစ်နေခဲ့သည်။

"ဒါ...ဒါကအဆင့်တက်နေတာမဟုတ်လား..."

လူတိုင်းသည် ကြောင်အနေခဲ့ကြသည်။ ဤသို့သောမြင်ကွင်းကို ရာစုနှစ်တစ်ခုလျှင် တစ်ကြိမ်ခန့်သာမြင်တွေ့နိုင်ပေသည်။ နဂါးများသည် အန္တာရယ်များသောတည်ရှိမှုများဖြစ်ပြီး သူတို့၏အဆင့်တက်ပုံကိုကြည့်ရှုရန်အတွက် မည်သူကအသက်ကိုစွန့်၍ သွားရောက်ဝံ့မည်နည်း။

နဂါးလေး၏ခန္ဓာကိုယ်မှ မီးတောက်များလျှံထွက်လာသည့်အချိန်တွင် နဂါးလေးသည်ကြီးမားသောနာကျင်မှုအား ခံစားလိုက်ရပုံရသည်။ သူ၏ခြေသည်းများသည် မြေကြီးကိုတစ်ချက်ကုတ်ခြစ်လိုက်တိုင်းတွင် ခြေသည်းမှထွက်ပေါ်နေသောမီးတောက်များကြောင့် မြေကြီးသည်ပင်ရွှံစေးများအဖြစ် ပြောင်းလဲသွားရသည်။ နဂါးလေးသည် အသွင်ကူးပြောင်းမှုတစ်ခုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိအကြေးခွံများသည် တစ်ခုပြီးတစ်ခုကွာကျနေကာ နဂါးလေးအားဗလာဖြစ်နေသည့် အခြေအနေသို့ရောက်ရှိစေသည်။ ထို့နောက် နဂါးလေး၏ခန္ဓာကိုယ်မှထွက်ပေါ်လာသည့် မီးလျှံများနှင့်အတူအကြေးခွံအသစ်များက မျက်စိဖြင့်မြင်နိုင်သောအရှိန်နှုန်းဖြင့် ထွက်ပေါ်လာခဲ့သည်။ နဂါးလေးသည် နိဗ္ဗာနမှတဆင့် မီးတောက်များကိုဖြတ်ကျော်ကာ ပြန်လည်မွေးဖွားလာပြီဖြစ်သည်။

ဗြစ်...ဗြစ်

နဂါးလေး၏အရိုးများမှ အက်ကွဲသံများထွက်ပေါ်လာခဲ့ကာ အကုန်လုံးအားပြန်လည်တည်ဆောက်ခဲ့သည်။ ထို့နောက်သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာကြီးထွားလာခဲ့ပြီး နဂိုကထက်နှစ်ဆခန့်ကြီးထွားလာခဲ့သည်။

လီယိုနာဒိုသည် ဓားနှစ်လက်ကိုင်ထားသည့် လုပ်ကြံသူအား တစ်ချက်ကြည့်လိုက်ကာ အဆင့်တက်နေသောနဂါးလေးကို သတ်ဖြတ်ရန်အချက်ပြလိုက်သည်။ နဂါးတစ်ကောင်သာ နောက်အဆင့်သို့ရောက်သွားပါက မည်မျှအန္တာရယ်ကြီးလာမည်ကိုမသိသေးလျှင် သူသည်ငတုံးတစ်ကောင်သာဖြစ်ပေလိမ့်မယ်။ သို့သော် ထိုလုပ်ကြံသူသည် သူ့ခန္ဓာကိုယ်ရှိ အမွှေးများအားလုံးထောင်တက်လုမတတ် အေးစိမ့်မှုကိုခံစားလိုက်ရသည်။ သူသည် တိုင်ရန်ဒီအားလှည့်ကြည့်လိုက်ရာ သူမသည်နဂါးမီးမြှားဖြင့်သူ့အားချိန်ရွယ်ထားသည်ကို တွေ့လိုက်ရသည်။ တိုင်ရန်ဒီသည် ထိုလုပ်ကြံသူအားချိတ်ပိတ်ထားလိုက်ပြီး လုပ်ကြံသူ၏ဦးခေါင်းပေါ်မှ အနီရောင်ကြက်ခြေခတ်တစ်ခုဖြစ်ပေါ်နေခဲ့သည်။

လက်ရှိအချိန်၌ ဤတိုက်ကြီးပေါ်၌ တိုင်ရန်ဒီ၏ခြေရာကောက်မြှားမှ ထွက်ပြေးနိုင်သူမရှိသေးပေ။ ဤလုပ်ကြံသူကလည်း ခြွင်းချက်မဟုတ်သေးပေ။ သူမသည် ပဥ္စမအဆင့်သို့ရောက်ရှိပြီးနောက်တွင် သူမ၏ခွန်အားသည် အဆက်မပြတ်ကြီးထွားလာခဲ့သည်။ အမှန်တော့ အဆင့်၄၀ကိုဖြတ်ကျော်သွားသည့် သူရဲကောင်းများအားလုံးသည် ယေဘုယျအားဖြင့်ဂိမ်းစနစ်၏သူရဲကောင်းများသာမက ရှေးခေတ်သူရဲကောင်းများ၏အသွင်အပြင်ကိုလည်း စတင်ပိုင်ဆိုင်လာခဲ့သည်။

လနတ်သမီးသည် သာမန်လုပ်ကြံသူများ အံတုယှည်ပြိုင်နိုင်သူတစ်ဦးမဟုတ်ပေ။ အမှန်တော့ ဂရင်းနှင့်ခိုင်ရင်းတို့သည် ရှေးခေတ်သူရဲကောင်းများဖြစ်ကြသည်နှင့်အညီ သူတို့၏သက်ဆိုင်ရာသွေးစွမ်းအားများကို ပိုင်ဆိုင်ကြသည်။ ထိုသွေးစွမ်းအားကြောင့် ဂရင်းသည်အစွမ်းထက်သောဓားသမားကို အရေးနိမ့်ခြင်းမရှိဘဲ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အားဂီးးး...

အချိန်ကြာလာသည်နှင့်အမျှ နဂါး၏အော်ရာသည် ပိုမိုကြမ်းတမ်းလာခဲ့ပြီး ဟိန်းဟောက်သံသည်လည်း ယခင်နှင့်မတူကွဲပြားလာခဲ့သည်။ ယခင်ကထက်စာလျှင် နဂါးလေးသည်ပိုမိုရင့်ကျက်ကာ ရက်စက်ခက်ထန်လာခဲ့ပြီး ကလေးတစ်ယောက်ဘဝမှရင့်ကျက်လာပုံရသည်။

အကြေးခွံများသည် ၎င်း၏ခန္ဓာကိုယ်အနှံ့ ထွက်ပေါ်လာပြီးနဂါးလေး၏ခန္ဓာကိုယ်အား ဖုံးအုပ်ထားသည်။

နဂါးလေးသည် သူ၏ပါးစပ်မှနေ၍ မီးလုံးတစ်လုံးကို ပစ်လွှတ်လိုက်ပြီး ထရပ်လိုက်သည်။

"ဒါပဲကွ..."

နဂါးလေးသည် လူသားတစ်ယောက်လိုစကားပြောလိုက်သည်။ ယင်းနောက် သူ၏ခန္ဓာကိုယ်သည်စတင်ကျုံ့ဝင်လာပြီး သူ၏ခန္ဓာက်ိုယ်မှထွက်ပေါ်လာသည့် မီးတောက်များငြိမ်းသွားခဲ့သည်။

ထို့နောက် အနီရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းနေသောနဂါးကြီးသည် လူတိုင်း၏ရှေ့တွင်ထွက်ပေါ်လာခဲ့သည်။ နဂါးလေးသည် ပတ်ဝန်းကျင်အားစူးစိုက်ကြည့်နေရာမှ မျက်လုံးများမှိတ်ထားလိုက်သည်။

"ဟေး...မင်းကတိုက်ပွဲအလယ်မှာရှိနေတုံး အဆင့်တက်ခဲ့တာလား...မင်းကအချိန်ကောင်းကိုမရွေးတတ်ဘူး"

ရှောင်ယုကသက်ပြင်းချရင်းပြောလိုက်သည်။

"မင်းအမေပဲ...မိစ္ဆာအမြူတေက ဒီလောက်ထိအစွမ်းထက်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး...ငါလောဘတကြီးရှေ့တိုးလိုက်တာ အသက်ဆုံးရှုံးလုနီးပါးဘဲ"

နဂါးလေးသည် လူတစ်ယောက်လိုစကားပြောလာခဲ့သည်။ထို့ပြင် နဂါးလေးပြောသည့်ပထမဆုံးစကားလုံးမှာ ရှောင်ယုအသုံးအများဆုံးသော ကျိန်ဆဲသည့်စကားလုံးဖြစ်သည်။

ထိုနေရာတွင်ရှိနေသောလူတိုင်း၏ မျက်လုံးများသည် ပေါက်ထွက်လုမတတ်ပြူးကျယ်သွားခဲ့သည်။

ဒါကနဂါးလား...နဂါးတစ်ကောင်ကဘာလို့ မင်းအမေလို့ဆဲရတာလဲ...ဒီနဂါးကိုဘယ်ကောင်ကလေ့ကျင့်ပေးထားတာလဲ...

အခန်း ၃၅၆ - ပေးလိုက်တော့

နဂါး၏ စကားပြောသံကိုကြားလိုက်ရချိန်တွင် ရှောင်ယု၏မေးစေ့သည် အောက်သို့ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

"ဒါ...မင်းစကားကိုဘယ်လိုပြောနိုင်တာလဲ"

ရှောင်ယုသည် မျက်လုံးများပြုးကျယ်ရင်း နဂါးလေးကိုစိုက်ကြည့်လိုက်သည်။

"ဘာလို့ စကားမပြောတတ်ရမှာလဲ...အရင်တုံးကငါနဂါးဘာသာစကားနဲ့ပြောခဲ့ဖူးပေမဲ့ မင်းကငါပြောတာကိုနားမလည်ဘူး...ခုတော့ငါကလူသားဘာသာစကားနဲ့လည်းပြောနိုင်နေပြီ...ဒါ့ပြင်အခြားဘာသာစကားတွေနဲ့လည်းပြောနိုင်သေးတယ်...စကားမစပ်ခုဆို ငါကလူသားအသွင်လည်းပြောင်းနိုင်နေပြီ"

နဂါးလေးက ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်သည်။

နဂါးလေးသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏စကားကိုအဆုံးသတ်လိုက်တော့သည်။ ထို့နောက် နဂါးလေး၏ခန္ဓာကိုယ်အား အနီရောင်အလင်းတန်းများက စတင်ဖုံးလွှမ်းလာခဲ့သည်။ ခဏအကြာတွင် နဂါးလေးသည်အဝတ်မပါသော ငါးနှစ်သားအရွယ်ကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

"အစ်ကိုကြီး...ဘယ်လိုထင်လဲ ငါကြည့်ကောင်းလား"

နဂါးလေးသည် ပါးစပ်ထဲသို့လက်ညိုးထည့်စုပ်ကာ မေးလိုက်သည်။

ရှောင်ယုသည် နဂါးလေး၏အပြုအမူကြောင့် လွန်စွာအံ့သြသွားခဲ့သည်။

"မင်းဘာလုပ်နေတာလဲ...မင်းကလူတိုင်းရဲ့ရှေ့မှာ ဘယ်လိုအမူအရာမျိုးလုပ်ပြနေတာလဲ...မင်းကမြင့်မြတ်တဲ့နဂါးတစ်ကောင်လေ...မင်းရဲ့လက်ချောင်းကိုဘာလို့စုပ်နေတာလဲ...မင်းရဲ့နဂါးပုံသဏ္ဍာန်ကို ဂရုမစိုက်တော့ဘူးလား"

ရှောင်ယု၏စကားကိုကြားချိန်တွင် လူတိုင်းအံ့သြတုန်လှုပ်သွားကြသည်။ နဂါးလေး၏ပါးစပ်မှ ပထမဆုံးထွက်ပေါ်လာသည့် စကားလုံးမှာ ထိုအကျင့်မကောင်းသောလူယုတ်မာရှောင်ယု ပြောလေ့ပြောထရှိသည့် "မင်းအမေပဲ"ဟူသောစကားဖြစ်သော်လည်း ယခုအခါတွင်ရှောင်ယုသည် မှန်ကန်သောအပြုအမူအကြောင်းကို ပြောဆိုနေခဲ့သည်။

ဒီနဂါးကဘယ်လိုဖြစ်ပြီး ရှောင်ယုနဲ့တွဲမိသွားရတာလဲ...

နဂါးလေးသည် မငိုချမိစေရန်အားတင်းကာ တွန်းအားပေး၍ပြောဆိုလိုက်သည်။

"ငါတကယ်မှားပါတယ်"

ယခုအခိုက်အတန့်တွင် သူသည်နံချပ်ကူနှင့်ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်ခဲ့သော နဂါးမဟုတ်သလိုပင်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဤဖြူစင်သောကလေးငယ်သည် အကျင့်မကောင်းသောလူတစ်ယောက်၏လက်၌ ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း လူတိုင်းယုံကြည်လိုက်ကြသည်။

...

...

"ဒီနေ့ ငါတို့ရဲ့ပြသနာတွေကိုဖြေရှင်းဖိုအတွက် ကံကြမ္မာကမျက်နှာသာမပေးဘူးထင်တယ်...ဒါပေမဲ့နေဝင်ချိန်နွံအိုင်ကပြန်လာပြီးရင်တော့ ငါပထမဆုံးလုပ်ဆောင်မယ့်အရာက မင်းကိုရှာဖို့ဘဲ"

လီယိုနာဒို၏မျက်လုံးများသည် ဒေါသများနှင့်ပြည့်နှက်နေခဲ့သည်။

"အချိန်မရွေးဘဲ..."

ရှောင်ယုကအေးစက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။

ထို့နောက်တွင် လီယိုနာဒိုသည် လင်းမူရွယ်ဘက်သို့လှည့်ကြည့်လိုက်ကာ ရိုးသားသောလေသံဖြင့်ပြောလိုက်သည်။

"သခင်မလေး...မင်းအပေါ်ထားရှိတဲ့ငါ့ရဲ့ချစ်ခြင်းမေတ္တာတွေက စစ်မှန်တယ်လို့ ငါကတိပေးပါတယ်...လမ်းတလျှောက်မှာဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့လာရပါစေ မင်းဆီကိုအရောက်လာခဲ့မယ်လို့ ငါကတိပေးတယ်"

"မင်းအမေလိုပဲ...ငါနေဝင်ချိန်နွံအိုင်ကိုမဝင်တော့ဘူး...ဒီနေရာမှာပဲမင်းနဲ့ငါနဲ့ကိစ္စရှင်းကြတာပေါ့..."

ရှောင်ယုကဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

နီကိုးလပ်စ်သည် သူတို့နှစ်ယောက်အားကြည့်ရင်း ရယ်မောလိုက်သည်။

"ဒါက မင်းတို့နှစ်ယောက်တိုက်ခိုက်ရတဲ့ အကြောင်းရင်းလား...ရှောင်ယု...မင်းကိုကြည့်ရတာပုံမှန်ဆိုပေမဲ့ နတ်ဘုရားတွေရဲ့ကောင်းချီးကြောင့် ခုလိုချောမောလှပတဲ့သူနဲ့စေ့စပ်ခွင့်ရခဲ့တာပဲ...လီယိုနာဒိုကတောင်မှ ဒီတိုက်ပွဲထဲပါဝင်နေပြီဆိုတော့ ငါလည်းနောက်ကောက်ကျခံနေလို့မရတော့ဘူး...ငါနီကိုးလပ်စ်အင်းစ်ကလည်း ခုလိုလှပတဲ့နတ်သမီးလေးကို လက်ထပ်ခွင့်ရအောင်ကြိုးစားမယ်လို့ ငါကတိပြုတယ်...သူမကလင်းအောင်ထျန်းရဲ့သမီးဖြစ်တဲ့ လင်းမူရွယ်ပဲဖြစ်ရမယ်...လောလောဆယ်ငါ့ဆီမှာ အဖိုးတန်ရတနာတွေပါမလာသေးဘူး...ဒါပေမဲ့ဟောဒီမှော်ဆန်တဲ့ရေလည်ဆွဲကို လက်ဆောင်အဖြစ်လက်ခံပေးပါ"

နီကိုးလပ်စ်သည် ရှေ့သ်ို့တိုးလာခဲ့ပြီး လင်းမူရွယ်၏ရှေ့၌ ဒူးတစ်ဖက်ထောက်ထားလိုက်သည်။ သူသည် လက်ကိုမြောက်လိုက်ရာ အပြာရောင်လှိုင်းလုံးများရွေ့လျားနေသည့် ပုံရိပ်ကိုဖော်ဆောင်နေသောလည်ဆွဲတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုလည်ဆွဲမှထွက်ပေါ်နေသည့် စွမ်းအင်အတက်အကျကြောင့် ဤလည်ဆွဲသည်သာမန်မဟုတ်ကြောင်း တွေ့မြင်နိုင်ပေသည်။

"ငါတကယ်စိတ်မကောင်းပါဘူး..သခင်လေးနီကိုးလပ်စ်...ငါကရှောင်ယုနဲ့စေ့စပ်ထားသူဖြစ်ပြီး ငါ့ရဲ့နှလုံးသားထဲမှာနောက်တစ်ယောက်ထပ်မရှိတော့ဘူး..မင်းရဲ့ကြင်နာတဲ့အပြုအမူအတွက်ကျေးဇူးတင်ပါတယ်...ဒါပေမဲ့သခင်လေးပေးတဲ့လက်ဆောင်ကိုလက်မခံနိုင်ဘူး..."

လင်းမူရွယ်က ထိုလက်ဆောင်အားငြင်းပယ်လိုက်သည်။

လင်းမူရွယ်သည် နောက်ပြန်ဆုတ်ပေးလိုက်ချိန်တွင် ရှောင်ယုကရုတ်တရက်ရှေ့တိုးလာပြီး မှော်လည်ဆွဲအားလှမ်းယူလိုက်သည်။

"မူရွယ်က နည်းနည်းလောက်အရှက်ကြီးတယ်လေ...သူကအခြားသူတွေပေးတဲ့လက်ဆောင်ကို မယူတတ်ဘူး...သူမကိုယ်စားငါကပဲ လက်ဆောင်ကိုလက်ခံပေးပါရစေ...မင်းရဲ့ကြင်နာမှုအတွက်ကျေးဇူးပါ နီကိုးလပ်စ်...မူရွယ် ကျေးဇူးပြုပြီးတော့ဒီလည်ဆွဲကိုလက်ခံလိုက်ပါ...မင်းအတွက်တကယ်အသုံးဝင်လိမ့်မယ်"

ထိုမြင်ကွင်းကိုတွေ့မြင်သူတိုင်း အံ့သြမှင်သက်သွားကြသလို သူတို့၏မျက်လုံးအိမ်မှ မျက်လုံးများပြူးထွက်လာကြသည်။ ရှောင်ယုသည် အမှန်တကယ်ပင်အရှက်မရှိပေ။ မိမိ၏ဇနီးလောင်းက်ိုလိုက်ရန်အတွက် အခြားသူများပေးလာသောလက်ဆောင်ကိုလက်ခံကာ ထိုလက်ဆောင်အားသူကိုယ်တိုင်ပေးသကဲ့သို့ ပြုမူခဲ့သည်။ ထိုလည်ဆွဲအား နီကိုးလပ်စ်မှ တိုက်ရိုက်မပေးခဲ့သော်လည်း အဆုံးသတ်တွင် နီကိုးလပ်စ်၏ပစ္စည်းဖြစ်နေဆဲပင်ဖြစ်သည်။

လူအုပ်ထဲရှိ လိမ္မာပါးနပ်သူအချို့ကမူ ရှောင်ယု၏လှုပ်ရှားမှုအား တိတ်တဆိတ်သဘောကျနေခဲ့သည်။ လင်းမူရွယ်သည် နီကိုးလပ်စ်၏လက်ဆောင်ကိုငြင်းပယ်ခဲ့သော်လည်း ရှောင်ယုကမူထိုလည်ဆွဲအား ရယူလိုက်သည့်အတွက် ရှောင်ယု၏အကြံအစည်အားသူတို့နားလည်လိုက်ကြသည်။

အဆုံးသတ်တွင် နီကိုးလပ်စ်သည် သူ၏လည်ဆွဲအားဆုံးရှံးသွားခဲ့သော်လည်း ဘာမှပြန်မရခဲ့ပေ။

နီကိုးလပ်စ်သည် အံ့သြတကြီးဖြင့်မတ်တပ်ထရပ်လိုက်သည်။ သူသည် ယခုလိုစက်ဆုပ်ရွံ့ရှာဖွယ်ကောင်းပြီး အရေထူကာအရှက်ကင်းမဲ့သောပြိုင်ဘက်တစ်ယောက်အား ရင်ဆိုင်ခဲ့ရသည်ကိုမယုံကြည်နိုင်ဖြစ်သွားရသည်။ သို့သော်လည်း သူသည်ဒေါသကိုထိန်းကာပြုံးပြလိုက်သည်။

"ဒီလည်ဆွဲက အလှမယ်လင်းနဲ့ပဲလိုက်ဖက်ညီတာလေ...အခြားတစ်ယောက်သာဝတ်ရင် သူ့ရဲ့တန်ဖိုးကိုဆုံးရှံးသွားမှာပဲ"

နီကိုးလပ်စ်သည် လီယိုနာဒိုထက်များစွာလိမ်မာပါးနပ်သည့်အတွက် ရှောင်ယု၏အကြည့်များသည်အေးစက်သွားခဲ့ရသည်။ သူသည် လင်းမူရွယ်အားပိုင်ဆိုင်ကြောင်း ရှင်းရှင်းလင်းလင်းချပြထားခဲ့ပြီဖြစ်သည်။ သို့သော် နီကိုးလပ်စ်သည် သွေးနတ်သူငယ်များကိုပင် သိမ်းသွင်းနိုင်သူဖြစ်ရာ ရှောင်ယုသည်သူ့အားရင်ဆိုင်ရန်အတွက် ဒုတိယအကြိမ်အကြံအစည်များအား စဉ်းစားထားရမည်ဖြစ်သည်။

"သူမက ငါ့ရဲ့လှပတဲ့ဇနီးပါ"

ရှောင်ယုသည် အရှက်ကင်းမဲ့စွာဖြင့် လင်းမူရွယ်၏လက်ကိုဆွဲကာ လူတိုင်း၏ရှေ့တွင်ပွေ့ဖက်လိုက်တော့သည်။ ထို့နောက် သူသည်နီကိုးလပ်စ်အား စိုက်ကြည့်ကာရှင်းလင်းစွာအသိပေးလိုက်သည်။ မှော်လည်ဆွဲကဲ့သို့ အဖိုးတန်ရတနာတစ်ခုကို နီကိုးလပ်စ်ကလက်ဆောင်ပေးခဲ့သော်လည်း လင်းမူရွယ်ကသူ့အပိုင်ဖြစ်နေဆဲဖြစ်သည်။

"နီကိုးလပ်စ်...မင်းဘာတွေတွေးနေတာလဲ...လင်းမူရွယ်ကအနာဂတ်မှာ ငါ့အပိုင်ဖြစ်လာမှာသေချာနေပြီ...မင်းကအခွင့်အရေးလိုချင်နေတာလား"

လီယိုနာဒိုက ဒေါသတကြီးလေသံဖြင့် ပြောလိုက်သည်။

နီကိုးလပ်စ်သည် လီယိုနာဒိုအားလှည့်ကြည့်၍ ပြောလိုက်သည်။

"မင်းကဘာလို့ဒီလိုပြုမူနေရတာလဲ...အလှမယ်လင်းဟာ ရိုးသားပြီးတော့လှပသိမ့်မွေ့တယ်...သူမရဲ့စိတ်ထားကလည်းအရမ်းကိုမွန်မြတ်ပြီးတော့ အခြားလူတွေအပေါ်စာနာတတ်တဲ့ အမျိုးသမီးတစ်ယောက်လည်းဖြစ်တယ်...ငါ့ရဲ့အနာဂတ်ဇနီးမယားအတွက် သူမကသာသင့်တော်တဲ့ကိုယ်စားလှယ်ပဲ...အခြားဘယ်သူ့ကိုမှ ငါမလိုချင်ဘူး"

လီယိုနာဒိုသည် နီကိုးလပ်စ်အား မျက်စောင်းထိုးကြည့်လိုက်သည်။ သူသည် နီကိုးလပ်စ်၏အတွေးများကို ဖောက်မမြင်နိုင်ခဲ့ပေ။ နီကိုးလပ်စ်သည် နှစ်ဖက်လုံးပြင်းပြင်းထန်ထန်မထိခိုက်မှီ အရေးကြီးသောအခိုက်အတန့်၌ ထွက်ပေါ်လာခဲ့သည်။ ဤအရွေ့အပြောင်းသည် နီကိုးလပ်စ်၏အမူအကျင့်နှင့် လုံးဝကိုက်ညီခြင်းမရှိပေ။ ထို့ပြင် လက်ရှိအချိန်၌သူသည် မည်သည့်ဘက်ကမှရပ်တည်နေပုံမရပေ။ နီကိုးလပ်စ်သည် ရှောင်ယုအားမကူညီခဲ့သလို လီယိုနာဒိုအားလည်းမကူညီခဲ့ပေ။

"နီကိုးလပ်စ်က ဘာတွေကြံစည်နေတာလဲ"

လီယိုနာဒိုက တိုးတိုးလေးရေရွတ်လိုက်သည်။ နီကိုးလပ်စ်သည် သူ၏သူငယ်ချင်းမဟုတ်ပေရာ လက်ရှိအချိန်၌ သူမည်သို့ကြံစည်နေကြောင်း မပြောတတ်ပေ။

လီယိုနာဒိုသည် နီကိုးလပ်စ်၏လုပ်ရပ်များကို ဂရုမစိုက်တော့ဘဲ နှာမှုတ်လိုက်သည်။ ထို့နောက်သူသည် လင်းမူရွယ်အားလှည့်ကြည့်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းကိုငါ့မိန်းမဖြစ်အောင်လုပ်မယ်...ဒီလက်စွပ်ကိုလက်ခံပေးပါ...ဒီလက်စွပ်ရဲ့အကာအကွယ်က ဆဌမအဆင့်မှော်ဆရာတစ်ယောက် တိုက်ခိုက်လာရင်တောင်မှ တစ်ကြိမ် ကာကွယ်ပေးနိုင်တယ်...ဒီလူမိုက်က ကံကောင်းပြီးတော့မင်းကိုအရင်ဆုံးတွေ့ခဲ့ပေမဲ့ ငါလက်လျော့မှာမဟုတ်ဘူး...ဒီလက်ဆောင်က မင်းအပေါ်ထားရှိတဲ့ ငါ့ရဲ့ရ်ိုးသားတဲ့ချစ်ခြင်းမေတ္တာကိုသက်သေပြနိုင်ဖို့ မျှော်လင့်ပါတယ်"

လီယိုနာဒို၏လက်ထဲတွင် ရွှေရောင်လက်စွပ်တစ်ကွင်းထွက်ပေါ်လာခဲ့သည်။ ထိုရွှေရောင်လက်စွပ်ပေါ်၌ ရှုပ်ထွေးသောရုန်းသင်္ကေတများနှင့် အစီအရင်များကိုရေးထိုးထားခဲ့သည်။ ရှောင်ယုသည် ထိုလက်စွပ်ကိုချက်ချင်းယူဆောင်ကာ လင်းမူရွယ်လက်ထဲထည့်ပေးလိုက်သည်။

"မိန်းမရေ...ဒီလက်စွပ်ကအတော်ကောင်းတာပဲ...မင်းဘာလို့ ငါ့ဆီကမယူရမှာလဲ...ဒါ့အပြင် ငါတို့ကပစ္စည်းကောင်းတစ်ခုကို ဘာလို့ငြင်းပယ်ရမှာလဲ...ဒါကလီယိုနာဒိုကိုပျော်ရွှင်စေမှာပါ...ဘာပဲဖြစ်ဖြစ်လက်ဆောင်ပေးတဲ့အတွက် လီယိုနာဒိုရဲ့အသက်ကိုငါချမ်းသာပေးလိုက်မယ်"

ရှောင်ယုက အရှက်မဲ့စွာပြောလိုက်သည်။ လီယိုနာဒို၏မျက်နှာသည် ဒေါသကြောင့်နီရဲနေခဲ့သည်။ မည်သို့ပင်ဆိုစေ လက်ရှိအချိန်၌သူသည် ရှောင်ယုနှင့်စကားလုံးတိုက်ပွဲဆင်နွဲရန် မဖြစ်နိုင်ကြောင်း နားလည်ထားခဲ့သည်။

အခန်း ၃၅၇- အတင်းအကျပ်ပူးပေါင်းဆောင်ရွက်ရခြင်း

ဤသို့ဖြင့် မိန်းမလှတစ်ဦးကြောင့် ဖြစ်ခဲ့ရသည့်တိုက်ပွဲက အဆုံးသတ်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် အမျိုးသမီးတစ်ယောက်ကြောင့် နှစ်ပေါင်းဒါဇင်ချီ၍ နိုင်ငံနှစ်ခုကြားစစ်ပွဲဖြစ်ပွားခဲ့ရသည့် အတိတ်ဒဏ္ဍာရီများကို ရှောင်ယုမတွေးတောဘဲမနေနိုင်လိုက်ပေ။ ထိုစစ်ပွဲအတွင်း သေဆုံးသူများနှင့်ဒဏ်ရာရသူများ မရေမတွက်နိုင်အောင်ရှိနေခဲ့သည်။ ထိုစစ်ပွဲအတွက် ငွေကြေးအရင်းအနှီးများစွာကုန်ခမ်းခဲ့သော်လည်း စစ်ပွဲအပြီးတွင်ထိုအမျိုးသမီးသည် တံတိုင်းပေါ်၌ရပ်တည်နိုင်ခဲ့သည်။ မရေမတွက်နိုင်သောစစ်သားများသည် ထိုအမျိုးသမီးအတွက် နောက်ထပ်ဆယ်စုနှစ်တစ်ခုကြာအောင် တိုက်ပွဲဝင်ရန်ဆန္ဒရှိသည်ဟု ဆိုခဲ့ကြသည်။

လင်းမူရွယ်သည်လည်း သူမ၏အလှတရားကြောင့် လူအများကိုဒုက္ခရောက်စေနိုင်သည့် အလှမယ်တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ အမှန်တော့ရှောင်ယုသည် ထိုကဲ့သို့ချောမောလှပသော ဇနီးလောင်းအားပိုင်ဆိုင်ခွင့်ရသည်ကို ဂုဏ်ယူနေမိသည်။

မင်းအမေပဲ...လင်းမူရွယ်ကခုဆိုရင် ငါ့အပိုင်ဖြစ်နေပြီး ငါကလည်းသူမအတွက်အသက်ကိုတောင်စွန့်လွှတ်ဝံ့တယ်...ငါလင်းမူရွယ်ကို အများကြီးပိုပြီးတော့ဂရုစိုက်ရတော့မယ်...ဒါမှမဟုတ်ရင် သူမကအခြားတစ်ယောက်ရဲ့လုယူတာကိုခံရလိမ့်မယ်

ဤနေရာတွင် လင်းမူရွယ်သည်သာမက တိုင်ရန်ဒီသည်လည်း သူမ၏မျက်နှာကိုထုတ်ပြမိပါက အလားတူပြသနာဖြစ်ပေါ်စေမယ့် အမျိုးအစား၌ပါဝင်ကြောင်း ရှောင်ယုဝန်ခံရမည်ဖြစ်သည်။ သို့ဖြစ်ရာ တိုင်ရန်ဒီသည်သူမ၏မျက်နှာက်ို ဖုံးအုပ်ရန်အတွက်မျက်နှာဖုံးအား အသုံးပြုနေရသည်။ ထိုသို့မဟုတ်ပါက သူမကြောင့်အဆုံးမဲ့ပြဿနာများ ကြုံတွေ့လာရနိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲအတွင်း၌ ရှောင်ယု၏အားသာချက်က ပိုမိုမြင့်မားပေသည်။ ဂရင်းနှင့်ခိုင်ရင်းတို့သည် အဆင့်၄၀သို့ရောက်ရှိလာခဲ့ပြီး နဂါးလေးသည်လည်း စတုတ္ထအဆင့်သို့ရောက်ရှိလာခဲ့သည်။ ထိုဖြစ်ရပ်က ရှောင်ယုအားဝမ်းသာအားရဖြစ်စေခဲ့သည်။ သူတို့၏ခွန်အားတိုးမြင့်လာခြင်းက ဤစွန့်စားခရီးစဉ်အတွင်း များစွာအကျိုးရှိမည်ဖြစ်သည်။ ထို့ပြင် အရာအားလုံးသာအဆင်ပြေမည်ဆိုပါက ရှောင်ယုသည် အီလီဒမ်၏ခွန်အားကိုမြင့်တင်ရန် ဂေါ်ဒွန်၏ဦးခေါင်းခွံကိုအသုံးပြုမည်ဖြစ်သည်။ ထိုအချိန်တွင် အီလီဒမ်သည်သူ၏သူရဲကောင်းများအနက် အစွမ်းအထက်ဆုံးဖြစ်လာမည်ဖြစ်သည်။

ဤခရီးစဉ်အစ၌ပင် သူ၏ဇနီးအတွက်အဖိုးတန်သော ရတနာနှစ်ခုကိုရရှိခဲ့သည်။ ဤသို့သောအခြေအနေအား မည်သူမဆိုဝမ်းသာမဆုံးဖြစ်ကြမည်ဖြစ်သည်၊ရှောင်ယုကို အခြားသူများနှင့်ကွဲပြားစေသည့် တစ်ခုတည်းသောလက္ခဏာမှာ သူ၏အရှက်ကင်းမဲ့ခြင်းပင်ဖြစ်သည်။ လီယိုနာဒို၏အမြင်တွင် အဖိုးတန်မှော်လက်စွပ်အား လင်းမူရွယ်ထံလက်ဆောင်ပေးလိုက်ခြင်းဖြင့် လင်းမူရွယ်၏နှစ်သက်မှုအား ရရှိမည်ဟုမျှော်လင့်ခဲ့သော်လည်း ရှောင်ယုကမူထိုသို့မထင်ခဲ့ပေ။ လီယိုနာဒိုသာ အရည်အချင်းရှိမည်ဆိုပါက ခြင်္သေ့မြို့အားတိုက်ခိုက်ရန်အတွက် စစ်သားများကိုခေါ်ဆောင်လာသင့်ပေသည်။

ပုံမှန်အချိန်တွင်ဆိုပါက ရှောင်ယုသည် လင်းမူရွယ်နှင့်အမြန်ဆုံးလက်ထပ်ရန် ကြိုးပမ်းမှာဖြစ်သည်။ သို့သော်လည်း အဆုံးမရှိသောစစ်ပွဲများကြောင့် သူမကိုပြဿနာထဲသို့မဆွဲသွင်းထားခြင်းဖြစ်သည်။

...

...

အဖွဲ့၃ဖွဲ့သည် အချင်းချင်းမျက်နှာချင်းဆိုင်နေကြသော်လည်း မည်သူကမှစတင်၍ စကားမပြောကြပေ။ လူတိုင်းသည် သူတို့ရှေ့ဆက်ကြုံတွေ့ရမယ့်ပြဿနာများကိုစဉ်းစားရင်း ကိုယ်စီအတွေးများနေကြသည်။

ရှောင်ယုသည် လင်းမူရွယ်၏လက်ကိုဆုပ်ကိုင်ထားပြီး နဂါးလေးကိုကြည့်ရင်း ပြုံးနေခဲ့သည်။

နီကိုးလပ်စ်သည်ပင် ရှောင်ယု၏အတွေးများကို မမြင်နိုင်သည့်အတွက် မျက်တောင်ခတ်မိလိုက်သည်။ ရှောင်ယုနှင့်လင်းမူရွယ်တို့ကြည်နူးနေသည်ကိုကြည့်ရင်း လီယိုနာဒို၏မျက်နှာသည် ညိုမှိုင်းနေခဲ့သည်။

အဟွတ်...အဟွတ်

နီကိုးလပ်စ်သည် ချောင်းဆိုးရင်း တိတ်ဆိတ်မှုကိုစတင်ဖြိုခွဲလိုက်သည်။

"ဒီမှာ ဘာမှမလုပ်ဘဲ ဘာလို့အချိန်ထိုင်ဖြုန်းနေရမှာလဲ...လောလောဆယ်ငါတို့ကိုစောင့်ကြည့်နေတဲ့ အခြားအင်အားစုတွေ ရှိနေတယ်ဆိုတာကိုတော့ မင်းမေ့ထားလို့မရဘူး...ဒါ့ပြင်ငါတို့သာဒီနေရာမှာ အချိန်ကုန်နေမယ်ဆိုရင် ဂေါ်ဒွန်ရဲ့ဦးခေါင်းခွံက အခြားတစ်ယောက်လက်ထဲရောက်သွားလိမ့်မယ်...ငါတို့ဘာဆက်လုပ်ကြမလဲ...မင်းတို့မှာအကြံရှိကြလား"

နီကိုးလပ်စ်က ပြုံးရင်းပြောလိုက်သည်။

လီယိုနာဒိုသည် ခေါင်းညိတ်မိလိုက်ပြီးနောက် သူ၏မျက်လုံးများက စတင်တောက်ပလာခဲ့သည်။

"မင်းရဲ့ပြောပုံအရသာဆိုရင် မင်းမှာအကြံတစ်ခုရှိနေတယ်မလား နီကိုးလပ်စ်"

နီကိုးလပ်စ်သည် မည်သည့်ရည်ရွယ်ချက်မှမရှိဘဲ ထိုသို့လုပ်ဆောင်မည်မဟုတ်ဟု ယုံကြည်သည့်အတွက် ရှောင်ယုကလည်းအလားတူမေးခွန်းအား မေးမြန်းလိုခဲ့သည်။ နီကိုးလပ်စ်သည် ရှောင်ယုနှင့်လီယိုနာဒိုတို့၏တိုက်ပွဲအား တမင်တကာလာရောက်ရပ်တန့်လေရာ သူ့ထံ၌အကြံအစည်အချို့ရှိရမည်ဖြစ်သည်။

နီကိုးလပ်စ်က ပေါ့ပေါ့ပါးပါးပြုံးပြလိုက်သည်။

"ရှောင်ယု ငါတို့အားလုံးကဒီကိုကိုယ်ပိုင်အကြံအစည်တွေနဲ့ ရောက်လာကြတာမလား...ငါတို့ကအလှတရားတစ်ခုအတွက်ကြောင့် တိုက်ခိုက်နေစရာမလိုပါဘူး...ငါတို့ကသူမကိုမထိမှာဖြစ်တဲ့အတွက် စိတ်မပူပါနဲ့"

ရှောင်ယုသည် ရယ်မောလိုက်ကာ လင်းမူရွယ်အားလွှတ်ပေးလိုက်ပြီး ရှေ့တိုးလာခဲ့သည်။

"ကောင်းပြီလေ ငါတို့အချင်းချင်းမျက်နှာချင်းဆိုင်မိပြီဆိုမှတော့ တစ်ခုခုဆွေးနွေးဖိုအချိန်တန်ပြီထင်တယ်...ပြီးတော့ကောင်လေး ငါ့ကိုအဲလိုအကြည့်မျိုးနဲ့မကြည့်နဲ့ စစ်ခင်းချင်ရင်ငါ့ဆီကိုယ်တိုင်ရောက်လာဖို့ ငါပြောပြီးပြီ"

ရှောင်ယု၏နောက်ဆုံးစကားများသည် လီယိုနာဒိုကိုဦးတည်ခဲ့သည်။ လီယိုနာဒိုသည် ဒေါသပေါက်ကွဲသွားကာ ရှေ့သို့အလျင်စလိုထွက်လာရန် ကြံရွယ်လိုက်သော်လည်း သူ၏ဘေးနားရှိလုပ်ကြံသူက လီယိုနာဒို၏လက်မောင်းကိုထိ၍သတိပေးလိုက်သည်။ လုပ်ကြံသူ၏ရည်ရွယ်ချက်မှာ ရှင်းလင်းပေသည်။ ရှောင်ယုသည် တိုက်ခိုက်ရန်မကြံစည်ခဲ့ရုံသာမက စကားဖြင့်သာပြောဆိုခဲ့ခြင်းဖြစ်သည်။ အမှန်တော့ လီယိုနာဒိုသည် ရှောင်ယုအားကြည့်ရုံဖြင့် ဒေါသထွက်လာခဲ့သည်။ သူသည်အခွင့်အရေးရရှိပါက ရှောင်ယုအားအပိုင်းပိုင်းဖြတ်တောက်ပစ်လိုခဲ့သည်။

လီယိုနာဒိုသည် သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်ရန် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်သည်။ လောလောဆယ်အခြေအနေအရ သူ့ထံတွင်ရွေးချယ်စရာ အများကြီးမရှိကြောင်း နားလည်ထားသည်။ လက်ရှိအခြေအနေအရ ရှောင်ယုသည် ယခုအချိန်တွင် အသာစီးရထားပြီး သူမည်သို့ပင်ဒေါသထွက်နေပါစေ လက်လွတ်စပယ်မလုပ်ဝံ့ပေ။ ထို့ပြင်သူသည် နီကိုးလပ်စ်အား အကျိုးကျေးဇူးများစွာ ရရှိစေရန်အတွက် အဘယ်ကြောင့်အခွင့်အရေးပေးရမည်နည်း။ ယခုအချိန်တွင် သူသာရှောင်ယုအားသတ်ဖြတ်လိုပါက သူ၏အသက်ပင်ဖြစ်နိုင်သည့် ကြီးလေးသောတန်ဖိုးတစ်ရပ်အား ပေးချေရမည်ဖြစ်သည်။

ယခုတစ်ကြိမ်တွင် သူယူဆောင်လာသည့်တပ်ဖွဲ့သည် ရှောမိသားစုအင်အားစုစုပေါင်း၏ ၁ရာခိုင်နှုန်းသာရှိပေသည်။ သူသည် စစ်ကူများကိုသာထပ်မံရရှိခဲ့ပါက ခြင်္သေ့မြို့ကိုပင်သိမ်းပိုက်နိုင်ပေသည်။ သူစိတ်ပူနေသည့်တစ်ခုတည်းသောအရာမှာ သီအိုဒိုးပင်ဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ သီအိုဒိုးသည် ရှောင်ယုအားထာဝရ ကာကွယ်ပေးနေမည်ဟု လီယိုနာဒိုမယုံကြည်ထားပေ။

"နီကိုးလပ်စ်...မင်းကတော်တော်လေးညဏ်ကောင်းတယ်ဆိုတာ ငါလက်ခံတယ်...သွေးနတ်သူငယ်တွေကတောင် မင်းနောက်ကိုလိုက်လာတယ်ဆိုတော့ မင်းဘယ်လိုထင်လဲ ပြောကြည့်လေ"

ရှောင်ယုက ထေ့ငေါ့သောလေသံဖြင့်ပြောလိုက်သည်။

အရေးကြီးသောအခိုက်အတန့်၌ နီကိုးလပ်စ်ကဝင်ရောက်စွက်ဖက်ရခြင်းမှာ သူနှင့်လီယိုနာဒိုတို့၏တပ်ဖွဲ့ကို နေဝင်ချိန်နွံအိုင်၌ အသုံးပြုလိုခြင်းဖြစ်သည်ဟု ရှောင်ယုယုံကြည်ထားခဲ့သည်။ ထိုသို့မဟုတ်ပါက သူသည်တိုက်ပွဲအားရပ်တန့်ရန် လီယိုနာဒိုအား အဘယ်ကြောင့်တိုက်တွန်းရသနည်း။

နီကိုးလပ်စ်သည် ဒေါသမထွက်ပေ။ ဤနေရာတွင် အရူးများသာဒေါသထွက်မည်ဖြစ်ကြောင်း သူသိထားပေသည်။ သူတို့အားလုံး၏ အဓိကရည်ရွယ်ချက်မှာ ဂေါ်ဒန်၏ဦးခေါင်းခွံအားရယူရန်ဖြစ်သည်။ သို့သော် နောက်ဆုံးအောင်နိုင်သူကသာ ဦးခေါင်းခွံအားရရှိနိုင်မည်ဖြစ်သည်။

"အင်း...ဒီကိုရောက်လာတဲ့သူတွေက တဖြည်းဖြည်းနဲ့ပိုများလာတာပဲ...ဂေါ်ဒွန်ရဲ့ဦးခေါင်းခွံထွက်ပေါ်လာတာက ဒီတိုက်ကြီးပေါ်မှာရှိနေတဲ့ အင်အားစုတွေအကုန်လုံးကိုလှုပ်ရှားစေခဲ့တယ်ဆိုတာ မင်းတို့သိကြမှာပါ...ငါတို့ရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်စမ်း..."

နီးကိုးလပ်စ်သည် လီယိုနာဒိုနှင့်ရှောင်ယုတို့အကြားတိုက်ပွဲက်ိုစောင့်ကြည့်ရန် ရောက်ရှိလာသည့်လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။

"အနာဂတ်မှာ ငါတို့ကိုဒုက္ခပေးမယ့်သူတွေ အများကြီးရှိနေတယ်...ငါတို့ပူးပေါင်းဆောင်ရွက်ကြရအောင်"

လီယိုနာဒိုနှင့်ရှောင်ယုတို့သည် နီကိုးလပ်စ်၏စကားကြောင့် စိတ်ဆိုးဒေါသထွက်သွားကြသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် လုံးဝကြည့်မရပေ။ ထို့ပြင် သူတို့အားလုံးသည် ဤခရီးစဉ်အတွက်လုံလောက်သောအင်အားကိုခေါ်ဆောင်လာသည့် ခေါင်းဆောင်များဖြစ်ပေရာ အခြားသူတစ်ယောက်နှင့်အဘယ်ကြောင့်ပူးပေါင်းဆောင်ရွက်ရမည်နည်း။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦးလုံးသည် နီကိုးလပ်စ်၏ကမ်းလှမ်းမှုအား ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။ နီကိုးလပ်စ်သည် သူတို့နှစ်ယောက်ကြားတိုက်ပွဲကိုဝင်ရောက်စွက်ဖက်လာ၍ တစ်ခုခုအလိုရှိသည်ဟု ဆိုလိုနေခြင်းဖြစ်သည်။

"အရေးမပါတဲ့ကိစ္စတွေကို ဘေးဖယ်ထားလိုက်...ခုချိန်မှာအရေးအကြီးဆုံးကဂေါ်ဒွန်ရဲ့ဦးခေါင်းခွံပဲ"

နီကိုးလပ်စ်သည် ရှောင်ယုနှင့်လီယိုနာဒို၏မျက်လုံးများ၌ ဒေါသထွက်နေသည့် အရိပ်အယောင်ကိုတွေ့လိုက်ရသည်။

"ရှောင်ယုဆိုတဲ့ငါက တွန့်တိုတတ်တဲ့လူတစ်ယောက်မဟုတ်ဘူး...အဲငါ့မိန်းမကလွဲရင်ပေါ့"

ရှောင်ယုကပြုံးရင်းပြောလိုက်သည်။ ဤနေရာသို့ရောက်နေသူတိုင်းသည် အကျိုးအမြတ်ကိုရယူရန် ရောက်လာခြင်းဖြစ်ပေရာ ယာယီပူးပေါင်းဆောင်ရွက်ခြင်းဟူသည် အန္တာရယ်များသောအစီအစဉ်ဖြစ်သည်။ ထို့ပြင် ဂရင်း၊ခိုင်ရင်းနှင့်နဂါးလေးတို့ အဆင့်တက်သွားမှုကြောင့် သူသည်အပေါ်စီးမှရပ်တည်နိုင်ပြီဖြစ်သည်။ လက်ရှိအချိန်တွင် ရှောင်ယုအတွက် အရေးကြီးသည့်အရာမှာ နီကိုးလပ်စ်၏ အစီအစဉ်အား ဖောက်ထွင်းတွေ့မြင်နိုင်ရန်ဖြစ်သည်။ နီကိုးလပ်စ်သည် ရည်ရွယ်ချက်တစ်စုံတစ်ရာမရှိဘဲ သူတို့၃ယောက်အား ပူးပေါင်းရန်တောင်းဆိုမှာမဟုတ်ပေ။

နီကိုးလပ်စ်၏ အစီအစဉ်၌ ကွယ်ဝှက်ထားသည့်အရာအချို့ ရှိနေနိုင်သည်။ အပေါ်ယံတွင် သူတို့၃ဖွဲ့ပူးပေါင်းလိုက်ခြင်းက ကောင်းမွန်သောအစီအစဉ်ဖြစ်ကာ လမ်းခရီးတလျှောက် ပိုမိုအန္တာရယ်ကင်းမည်ဖြစ်သည်။ သို့သော်လည်း အဆုံးသတ်တွင် ဤယာယီမဟာမိတ်သည် အကျိုးစီးပွားနှင့်အကျိုးအမြတ်တို့အပေါ် အခြေခံ၍ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဤမဟာမိတ်သည် ဂေါ်ဒွန်၏ဦးခေါင်းခွံတည်ရှိသည့် နေရာသို့ရောက်လာသည်နှင့်ပြီးဆုံးသွားမည်ဖြစ်သည်။ သို့သော် သူတို့၃ဖွဲ့၏အင်အားကိုစုပေါင်းခြင်းအားဖြင့် သူတို့၏ပန်းတိုင်သို့မရောက်မချင်း ရန်သူတိုင်းကိုတွန်းလှန်နိုင်မည်ဖြစ်သည်။

လီယိုနာဒိုသည် နှာတစ်ချက်မှုတ်လိုက်ပြီး စကားတစ်ခွန်းမှမဆိုတော့ပေ။ သူတိတ်တိတ်နေခြင်းက ထောက်ခံသည့်အဖြေကိုထုတ်ပေးခြင်းဖြစ်သည်။ အမှန်တော့ လီယိုနာဒိုသည် နီကိုးလပ်စ်နှင့်ပူးပေါင်းဆောင်ရွက်ရမည့် အစီအစဉ်ကိုစိတ်ဝင်စားပေသည်။ သို့မှသာ သူသည်ပန်းတိုင်သို့ရောက်ရှိရန် ရှောင်ယုနှင့်နီကိုးလပ်စ်တို့၏အင်အားကို ယူသုံးနိုင်မှာဖြစ်သည်။ အထူးသဖြင့် ဤယာယီမဟာမိတ်ဖွဲ့ခြင်းမှတဆင့် သူသည်ရှောင်ယုနှင့်နီကိုးလပ်စ်တို့၏စွမ်းအားကို ပိုမိုနားလည်လာမှာဖြစ်သည်။ ထို့ပြင် ဤပူးပေါင်းမှုမှတဆင့် သူ့အတွက်ကောင်းမွန်သည့် အတွေ့အကြုံများကိုရရှိမှာဖြစ်ပြီး အနာဂတ်တွင် သူတို့နှစ်ဦးထိပ်တိုက်တွေ့လာပါက ပြဿနာရှိတော့မည်မဟုတ်ပေ။

သူသည် ရှောင်ယုအားရင်ဆိုင်ရာတွင် ကြီးကြီးမားမားဆုံးရှုံးခဲ့ပြီးနောက် ရှောင်ယု၏လှောင်ပြောင်ခြင်းကို ခံလိုက်ရသည်။ သော်လည်း ရေရှည်အကျိုးစီးပွားအတွက် ထိုအရာများကိုခဏလောက်ဘေးဖယ်ထားနိုင်ပေသည်။ လီယိုနာဒိုသည် လင်းမူရွယ်အားခဏခဏကြည့်နေမိသည်။ သူသည် သူမအားအမှန်တကယ်ပင် စွဲလမ်းနေမိပြီဖြစ်သည်။

"အရမ်းကောင်းတယ်...ငါတို့်အားလုံးရဲ့စိတ်ကူးဟာအတူတူပဲဆိုမှတော့ မဟာမိတ်ကိုဒီနေရာမှာပဲစတင်လိုက်ရအောင်...မင်းတို့ကောင်တွေဘာပြောချင်လဲ"

နီကိုးလပ်စ်က ဆက်ပြောလိုက်သည်။

ရှောင်ယုနှင့်လီယိုနာဒိုတို့က နီကိုးလပ်စ်၏စကားကို မဆန့်ကျင့်ကြပေ။ ဆိုလိုသည်မှာ သူတို့သည်မဟာမိတ်များဖြစ်လာကြပြီဖြစ်သည်။ ကမ္ဘာကြီးသည် အလွန်ထူးဆန်းပေသည်။ လွန်ခဲ့သောအခိုက်အတန့်က သူတို့သည်ရန်သူများဖြစ်ကြသော်လည်း ယခုအခါမဟာမိတ်များဖြစ်လာခဲ့ကြသည်။ ထိုအရာအားလုံးသည် အကျိုးအမြတ်အတွက်သာဖြစ်သည်။

"ပြီးတော့..."

ရှောင်ယုသည် နီကိုးလပ်စ်အားကြည့်၍ ပြုံးလိုက်သည်။ နီကိုးလပ်စ်သည် မဟာမိတ်ဖွဲ့ပြီးနောက် မည်သို့ဆက်လက်လုပ်ဆောင်မည်ကို သူသိရှိလိုခဲ့သည်။

"မြို့စားရှောင်ယု...မင်းကငါ့ရဲ့အတွေးတွေကိုဖောက်မြင်နိုင်တာပဲ...ဟားဟား...လောလောဆယ်ငါတို့ကိုလာစောင့်ကြည့်တဲ့လူအုပ်ကြီးကို ငါတို့နဲ့အတူတူပေါင်းစည်းအောင်လုပ်ရမယ်....ဘာလို့သူတို့ကိုငါတို့နဲ့လာပြီးပေါင်းစည်းခိုင်းရသလဲဆိုတဲ့ အကြောင်းပြချက်ကိုတော့ငါပေးစရာမလိုဘူးထင်တယ်"

နီကိုးလပ်စ်ကပြုံးရင်းပြောလိုက်သည်။သူသည် အရာရာကိုရှင်းပြစရာမလိုအပ်သည့် ထက်မြက်သူများကိုသဘောကျပေသည်။

"သူတို့ကအမိန့်ကိုလိုက်နာမှာလား..."

ရှောင်ယုနှင့်လီယိုနာဒိုတို့နှစ်ဦးလုံးသည် နီကိုးလပ်စ်၏စကားကြောင့် အံ့သြသွားခဲ့ကြသည်။ ထိုအခိုက်အတန့်တွင် လီယိုနာဒိုသည် ဤမဟာမိတ်အဖွဲ့ထဲ၌ အားအနည်းဆုံးဖြစ်နေသည့်အတွက်ကြောင့် သူ၏ဝှက်ဖဲများကိုအသုံးမပြုပါက အခြား၂ဖွဲ့ထက်ပို၍ အရာရာကိုသေချာစဉ်းစားဆုံးဖြတ်ရမည်ဖြစ်သည်။

လီယိုနာဒိုသည် နီကိုးလပ်စ်၏ခွန်အားနှင့်ပတ်သက်၍ လုံးဝရှင်းလင်းပေသည်။ နီကိုးလပ်စ်သည် သွေးနတ်သူငယ်ခေါင်းဆောင်ကိုပင် သူ့ဘက်သို့ဆွဲခေါ်ထားနိုင်သည့်အတွက် ကြောက်မက်ဖွယ်ကောင်းသည့် မှော်စွမ်းအင်အတက်အကျများက နီကိုးလပ်စ်ဘက်၌ပျံ့နှံ့နေခဲ့သည်။

နီကိုးလပ်စ်က ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။

"လီယိုနာဒို...ငါတို့၃ယောက်ရဲ့မဟာမိတ်က ခုချိန်မှာစွမ်းအားအကြီးဆုံးလို့တောင် သတ်မှတ်လို့ရနေပြီ...ငါတို့သာအမိန့်ပေးလိုက်မယ်ဆိုရင် သူတို့မှာငြင်းပယ်ခွင့်ရှိလိမ့်မယ်လို့ မင်းထင်လား...သူတို့သဘောမတူရင် သူတို့သေကြရမယ်...ဒါကအရှင်းဆုံးပဲ"

ရှောင်ယုသည် နီကိုးလပ်စ်၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့၃ဖွဲ့ကိုပေါင်းစည်းခြင်းကပင် အလွန်သန်မာအားကောင်းသည့် အခြေအနေကိုဖြစ်ပေါ်စေခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည်အဘယ်ကြောင့်ဤလူများအား သူတို့အတွက်အလုပ်လုပ်ပေးရန် လိုအပ်မည်နည်း။

"မင်းဘာဆက်လုပ်မလဲ ကြည့်ရတာပေါ့"

ရှောင်ယုကတုံ့ပြန်လိုက်သည်။ သူသည် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏လှုပ်ရှားမှုများအား အချိန်ပြည့်စောင့်ကြည့်ရန်လိုအပ်သောကြောင့် နီကိုးလပ်စ်ကိုသာဆုံးဖြတ်ချက်များချမှတ်စေလိုသည်။ နီကိုးလပ်စ်သည် လီယိုနာဒိုကိုတစ်ချက်ကြည့်လိုက်ရာ လီယိုနာဒိုကလည်း နီကိုးလပ်စ်ကိုအမိန့်ပေးနိုင်ကြောင်း အဓိပ္ပါယ်ရသည့်အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။ ထို့ကြောင့် နီကိုးလပ်စ်သည် ကုန်းပြင်မြင့်တစ်ခုထံလျှောက်သွားခဲ့သည်။

"လူတိုင်းပဲ...ငါတို့၃ယောက်စုပေါင်းပြီးတော့ ချမှတ်ခဲ့တဲ့အစီအစဉ်တစ်ခုကို ပြောပြချင်တဲ့အတွက် ငါဒီကိုရောက်လာခဲ့တာပဲ"

နီကိုးလပ်စ်က ပြုံးပြုံးလေးစတင်ပြောဆိုလိုက်သည်။ ယခုအချိန်တွင် သူသည်ရွာသူရွာသားများအား ဝမ်းမြောက်ဖွယ်သတင်းတစ်ခုအားပြောပြသွားသည့် ရွာလူကြီးနှင့်တူနေခဲ့သည်။

အနီးအနားရှိလူများသည် နီကိုးလပ်စ်၏စကားက်ိုကြားချိန်တွင် အနီးသို့စတင်တိုးကပ်လာကြသည်။ ယခင်တိုက်ပွဲကြောင့် ဤနေရာတစ်ခုလုံးသည် ကွင်းပြင်လိုဖြစ်သွားခဲ့ရာ လူအများစုဝေးစေရန်ပိုမိုလွယ်ကူပေသည်။

"ဂုဏ်သရေရှိလူကြီးလူကောင်းအပေါင်းတို့ ငါတို့အားလုံးရဲ့ရည်ရွယ်ချက်က အတူတူပဲ...ငါတို့အားလုံးရဲ့ဦးတည်ချက်ကတော့ ဂေါ်ဒွန်ရဲ့ဦးခေါင်းခွံဘဲ...ဒါပေမဲ့ ဂေါ်ဒွန်ရဲ့ဦးခေါင်းခွံကိုရယူဖို့ အခြားအင်အားစုတွေအများကြီးရှိနေတယ်ဆ်ိုတာ မင်းတို့သတိထားမိသင့်တယ်...ငါတို့သာမပူးပေါင်းဘူးဆိုရင် ငါတို့ရဲ့ပန်းတိုင်ကိုရောက်ဖို့ ခက်ခဲလိမ့်မယ်"

နီကိုးလပ်စ်သည် သူပြောသည့်စကားများကို လူတိုင်းကြားစေရန်အတွက် ထူးခြားသောမန္တန်တစ်ခုအား အသုံးပြုခဲ့သည်။

နီကိုးလပ်စ်၏စကားကိုနားထောင်ပြီးနောက်တွင် သူတို့သည်စွမ်းအားကြီးအင်အားစုများနှင့် ပူးပေါင်းရန်အခွင့်အရေးရှိသည်ကိုတွေးမိ၍ သွေးပွက်ပွက်ဆူသွားခဲ့ရသည်။ သို့သော် သူတို့ထဲမှအများစုမှာ သူတို့အားအမြောက်စာအဖြစ် အသုံးပြုမည်ကိုသိရှိထားသည့်အတွက်ကြောင့် နီကိုးလပ်စ်နှင့်ပူးပေါင်းရန် စိတ်ကူးမရှိကြပေ။ နီကိုးလပ်စ်သည် သူကြားနေရသောအသံများကို နားထောင်ကြည့်ပြီးနောက်တွင် အခြေအနေကိုအကြမ်းဖျင်းနားလည်သွားခဲ့သည်။ ဤလူအုပ်ထံမှ မကျေမနပ်ဖြစ်သံများ ပိုမိုထွက်ပေါ်လာခဲ့သည်။

"ဂေါ်ဒွန်ရဲ့ဦးခေါင်းခွံကိုလိုချင်လို့ ပူးပေါင်းဆောင်ရွက်နေကြတဲ့ စွမ်းအားကြီးအင်အားစုတွေရှိနေတယ်ဆိုတာကို မင်းတို့မမေ့ကြနဲ့...မင်းတို့တင်မကဘူး...ငါတို့၃ယောက်တောင်မှ ပူးပေါင်းဆောင်ရွက်မှုမရှိရင် ဂေါ်ဒွန်ရဲ့ဦးခေါင်းခွံကိုရနိုင်မှာမဟုတ်ဘူး...ဒါပေါ့ ငါတို့သာဂေါ်ဒွန်ရဲ့ဦးခေါင်းခွံကို ရလာခဲ့ရင် မင်းတို့အကုန်လုံးအကျိုးခံစားခွင့်တွေရကြလိမ့်မယ်...ငါ့စကားတွေကိုသေချာနားထောင်ကြည့်...မင်းတို့ရဲ့ခွန်အားနဲ့ဂေါ်ဒွန်ရဲ့ဦးခေါင်းခွံကိုရနိုင်မယ်ထင်လား...မင်းတို့က အခြားရတနာတွေကိုပဲရလိမ့်မယ်...မင်းတို့သာငါနဲ့ပူးပေါင်းမယ်ဆိုရင် မင်းတို့တွေအားလုံးဆုလာဘ်တွေအများကြီးရလာလိမ့်မယ်လို့ ငါ့ရဲ့အင်းစ်မိသားစုကိုယ်စား ငါကတိပြုတယ်...ဒါပေမဲ့ မင်းတို့သာငါတို့ရဲ့ရန်သူဖြစ်လာခဲ့ရင် ငါ့ကိုရက်စက်တယ်လို့ အပြစ်မတင်ကြနဲ့"

နီကိုးလပ်စ်က ထူးခြားမှုမရှိသောလေသံဖြင့်ပြောလိုက်သည်။ သို့သော်လည်း သူ၏မည်သို့မှထူးခြားမှုမရှိသောလေသံသည် သူတို့နှင့်ပူးပေါင်းခြင်းမရှိသူတိုင်း ဒုက္ခရောက်ရမည်ဟုဆိုလိုနေခြင်းဖြစ်သည်။

နီကိုးလပ်စ်၏ မိန့်ခွန်းအပြီးတွင် လူအုပ်ကြီးမှ မတူညီသောတုံ့ပြန်မှုအမျိုးမျိုးထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း သူတို့သာရှောင်ယု၊လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့၏ ပူးပေါင်းတပ်ဖွဲ့အားရင်ဆိုင်ရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်း နားလည်ထားသည်။ ရှောင်ယုနှင့်လီယိုနာဒိုတို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲကပင် သူတို့၏စွမ်းအားတစ်စိတ်တစ်ပိုင်းကို တွေ့မြင်ခွင့်ရခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ စွန့်စားသူအချို့သည် ကံကောင်းထောက်မစွာဖြင့် ဂေါ်ဒွန်၏ဦးခေါင်းခွံကို သူတို့ကိုယ်တိုင်ရှာတွေ့နိုင်မည်ဟုယုံကြည်ထားကြသည်။ လောဘသည် လူ့သဘာဝ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သို့သော်လည်း အချို့ကမူ ကံစမ်းမည့်အစားအင်းစ်မိသားစုထံမှ အကျိုးအမြတ်ကိုရယူလိုကြသည်။ ဂေါ်ဒွန်၏ဦးခေါင်းခွံသည် ရတနာတစ်ပါးဖြစ်သော်လည်း တစ်ချိန်တည်းတွင်ပင် ပြဿနာတစ်ခုကဖြစ်နိုင်ကြောင်း ညဏ်ကောင်းသူများက သိထားကြပေသည်။ သူတို့သာ ထိုရတနာကိုအမှတ်တမဲ့ရခဲ့ပါက ဘေးဥပဒ်ကိုသာဖြစ်ပေါ်စေမည်ဖြစ်သည်။

"ငါတို့နဲ့ပူးပေါင်းချင်တဲ့သူတွေက ဒီမှာပဲနေခဲ့...မပူးပေါင်းချင်တဲ့သူတွေကတော့ ထွက်သွားသင့်တယ်...ငါတို့တွေစကားနည်းနည်းလောက်ပြောဖို့လိုတယ်"

နီကိုးလပ်စ်က ပြုံးရင်းပြောလိုက်သည်။

ချက်ချင်းပင် လူအုပ်၏၅ပုံ၁ပုံသည် ထိုနေရာမှချက်ချင်းထွက်ခွာသွားခဲ့သည်။ နီကိုးလပ်စ်၏မဟာမိတ်အဖွဲ့တွင် မပါဝင်ခဲ့လျှင်တောင်မှ သူတို့ထံတွက်ပြဿနာမရှိကြောင်း ယုံကြည်သူများရှိနေခဲ့သည်။

"ကောင်းပြီ...ငါတို့မဟာမိတ်ရဲ့ပထမဆုံးတာဝန်ကတော့ ဒီလူတွေကိုဖယ်ရှားပစ်ဖို့ဘဲ...ငါတို့နဲ့မပူးပေါင်းချင်ပေမဲ့ အကျိုးကျေးဇူးကိုရချင်နေတဲ့ကောင်တွေ...အိပ်မက်မက်နေကြတာပဲ"

နီကိုးလပ်စ်က ကြမ်းတမ်းသောလေသံဖြင့်ပြောလိုက်သည်။

သတ်ကြ....

သတ်...

သတ်ကြ....

ဤစွန့်စားသူများသည် ငတုံးများမဟုတ်ကြပေ။ သူတို့နှင့်မပူးပေါင်းသူများသည် သူတို့၏ရန်သူများဖြစ်ကြောင်း နားလည်ကြပေသည်။

"လူတိုင်း...သတ်ကြ...ဂေါ်ဒွန်ရဲ့ဦးခေါင်းခွံအတွက် လူတိုင်းကိုသတ်ကြ"

နီကိုးလပ်စ်က အမိန့်ပေးလိုက်သည်။

ကျန်လူများသည် ခုနကထွက်ခွာသွားကြသော စွန့်စားသူများကိုသတ်ဖြတ်ရန် ပြေးဝင်သွားကြသည်။

All Chapters