အခန်း (၃၅၈-၃၆၀)
Vol. 24 Ch. 358-360
အခန်း ၃၅၈ - စတင်တိုက်ခိုက်ခြင်း
ထိုလူများသည် မပူးပေါင်းဘဲထွက်ခွာသွားသည့် စွန့်စားသူများကိုသတ်ဖြတ်ရန် အလျင်စလိုပြေးထွက်သွားကြသည်။
ရှောင်ယုက ထိုစွန့်စားသူများကိုသတ်ဖြတ်ရန် အရူးလိုပြေးလွှားနေသည့် လူအုပ်ကိုကြည့်ရင်း ခေါင်းခါမိလိုက်သည်။ လောဘဟူသည် လူတစ်ယောက်၏ အဆုံးစွန်ဆုံးသောလောဘဖြစ်သည်။ ဤရိုးရှင်းသောအမှန်တရားသည် မည်သည့်ကမ္ဘာတွင်မဆိုနေထိုင်သည့် လူသားများနှင့်သက်ဆိုင်ပေသည်။ အကောင်းဆုံးဟူသော ညီအစ်ကိုများသည်ပင် အကျိုးကျေးဇူးများအတွက် အချင်းချင်းသစ္စာဖောက်တတ်ကြသည်။ အကျိုးအမြတ်များသည် သူတို့၏တတ်နိုင်စွမ်းထက်ကျော်လွန်နေသရွေ့ လူတိုင်းသည်သစ္စာဖောက်ခြင်း သို့မဟုတ် ရောင်းချခြင်းတို့ပြုလုပ်နိုင်သည်။
နီကိုးလပ်စ်သည် ထွက်ခွာသွားသည့်စွန့်စားသူများအား သတ်ဖြတ်ခြင်းမှ ရရှိလာသည့်ပစ္စည်းများကို လုယူခွင့်ပေးထားသည့်အတွက်ကြောင့် ဤလူများသည် အရူးများကဲ့သို့တိုက်ခိုက်နေကြသည်။ ဆွေမျိုးမကင်းသောစွန့်စားသူများသည်ပင် အကျိုးအမြတ်ကိုရရှိစေရန်အတွက် ယခုအချိန်တွင် တိုက်ခိုက်သတ်ဖြတ်နေခဲ့သည်။
ရှောင်ယုသည် အခြေအနေတစ်ခုလုံးအား အကြမ်းဖျင်းကြည့်ရှုလိုက်သည်။ ယခုအချိန်တွင် လူအယောက်၄၀၀ခန့်သည် ကျန်လူ၁၀၀ခန့်အား ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။ နီကိုးလပ်စ်သည် ဤအစုလိုက်အပြုံလိုက်တိုက်ခိုက်မှုကို အစပြုခဲ့သည့်အပြင် စွန့်စားသူများကြား၌လည်း အချင်းချင်းမုန်းတီးမှုနှင့်မနာလိုမှုများရှိနေကြသည်။ ယခုအခါ သူတို့၏အမုန်းတရားများကို လက်စားချေရန်အခွင့်အရေးရလာပြီဖြစ်သည်။
"လောဘ...လောဘ"
ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်ရင်း သက်ပြင်းချမိလိုက်သည်။ သူသည် ဤကဲ့သို့အကျည်းတန်မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေရန်အတွက် သွေးထိုးလှုံဆော်သူမဖြစ်ချင်ပေ။ သူသည် အပြစ်မဲ့သူအမြောက်အများကို မသေဆုံးစေလိုပေ။ သူတို့၏သတ်ဖြတ်မှုမှ လွတ်မြောက်သွားသည့်စွန့်စားသူများသည် အနာဂတ်တွင်သူတို့၏ရန်သူဖြစ်လာနိုင်ကြောင်း သိထားသော်လည်း သူသည်နီကိုးလပ်စ်ကဲ့သို့ မရက်စက်နိုင်ပေ။ သို့သော် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ကြင်နာတတ်သောစိတ်ထားရှိသူများမဟုတ်ကြောင်း သူနားလည်သဘောပေါက်ထားသည့်တိုင် ယခုကိုယ်တွေ့မြင်တွေ့လိုက်ရသည်။ အဆုံးသတ်တွင် ရှောင်ယု၏စိတ်နေသဘောထားသည် ဤသို့ကြမ်းတမ်းသောကမ္ဘာကြီးတွင် လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့အား ယှဉ်နိုင်ရန်မဖြစ်နိုင်ကြောင်း တွေ့မြင်ခဲ့ရသည်။
...
...
"ဒီပူးပေါင်းဆောင်ရွက်မှုက လူတိုင်းအတွက် အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်....လူတိုင်းကငါတို့အမိန့်ကိုနာခံမယ်ဆိုရင် ဂေါ်ဒွန်ရဲ့ဦးခေါင်းခွံဟာ ငါတို့ရဲ့လက်ထဲကိုမလွဲမသေရောက်လာလိမ့်မယ်လို့ ငါအာမခံတယ်"
နီကိုးလပ်စ်သည် လူတိုင်းကြားနိုင်သောလေသံဖြင့်ပြောလိုက်သော်လည်း သူ၏မျက်လုံးထဲ၌ အထင်အမြင်သေးသော အရိပ်အယောင်များရှိနေဆဲဖြစ်သည်။ တစ်ဖက်တွင် သူ၏အမိန့်တစ်ခုကြောင့် အခြားသူများကိုသတ်ဖြတ်နေသည့် စွန့်စားသူများကိုတွေ့မြင်ပြီးနောက် သူ၏နှလုံးသားထဲ၌အားကောင်းသည့်ခံစားချက်တစ်ခုဖြစ်ပေါ်လာခဲ့သည်။
ဤတိုက်ပွဲအပြီးတွင် ဆုံးရှုံးမှုများလည်းရှိခဲ့သည်။ အဖွဲ့နှင့်မပူးပေါင်းသူများကို သတ်ဖြတ်ရန်ထွက်ခွာသွားကြသည့် စွန့်စားသူများကြောင့် ထိုအုပ်စု၏ထက်ဝက်ခန့်သေဆုံးသွားခဲ့ရသည်။ အဖွဲ့နှင့်မပူးပေါင်းသူများသည် သူတို့အသက်ဆုံးရှုံးရတော့မည်ကိုသိ၍ သေဆုံးသည်အထိတိုက်ပွဲဝင်ရန် အစွမ်းကုန်ကြိုးစားကြသည်။
ရှောင်ယုနှင့်လီယိုနာဒိုတို့ တိုက်ခိုက်နေချိန်ကပင် ဤနေရာမှတိတ်တဆိတ်ထွက်ခွာသွားကြသည့် ကံကောင်းသူအချို့လည်းရှိနေခဲ့သည်။ အကယ်၍ သူတို့သာဤနေရာ၌ရှိနေပါက သူတို့လည်းသေဆုံးရမည်ဖြစ်သည်။ ရတနာများသည်အဖိုးတန်သော်လည်း သူ၏အသက်သည်မည်သည့်ရတနာထက်မဆို အဖိုးတန်ကြောင်း လူတိုင်းနားလည်ပေသည်။
"သွားကြရအောင်...နေဝင်ချိန်နွံအိုင်က ဒီကနေသိပ်မဝေးတော့ဘူး..."
ရှောင်ယုသည် ဤနေရာတွင်ဆက်မနေလိုတော့ပေ။ သူသည် စည်းစိမ်ဥစ္စာအတွက် သတ်ဖြတ်ရန်ပြေးဝင်နေကြသည့် အရူးများကိုကြည့်ရင်း အော့နှလုံးနာမိပေသည်။ သို့သော် နီကိုးလပ်စ်၏မျက်နှာပေါ်၌ ရွှင်မြူးသောအမှုအရာများဖြစ်ပေါ်နေခဲ့သည်။ နီကိုးလပ်စ်သည် ကျန်ရှိနေသောစွန့်စားသူ၃၅၀ခန့်ကို အလျင်အမြန်အဖွဲ့များခွဲဝေပေးလိုက်ရင်း ခေါင်းညိတ်မိလိုက်သည်။ သူသည် ထိုလူများကိုအမြောက်စာအဖြစ် အသုံးပြုရန်စီစဉ်နေပြီး ထိုလူများကလည်း သူတို့၏ကံကြမ္မာကိုနားလည်ထားပေသည်။
မည်သို့ပင်ဆိုစေ ရှောင်ယုသည် နီကိုးလပ်စ်၏ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကိုကြည့်ရင်း မနာလိုဖြစ်နေမိသည်။ ဤလူသည် အချိန်တိုအတွင်း အရာအားလုံးကိုအေးဆေးတည်ငြိမ်စွာဖြင့် စီစဉ်ဖြေရှင်းနိုင်ခဲ့သည်။ နီကိုးလပ်စ်သည် ကြောက်စရာကောင်းသည့် အရည်အချင်းကိုပိုင်ဆိုင်ထားသည်။ ဤကဲ့သို့ရန်သူတစ်ယောက်ကို မည်သူမှလိုချင်မည်မဟုတ်ပေ။ အဆုံးသတ်တွင်မူ ရှောင်ယုက သူနှင့်နီကိုးလပ်စ်တို့သည် ကောင်းကင်အောက်တွင် နှစ်ယောက်အတူတူရှိနေနိုင်ရန်မဖြစ်နိုင်ကြောင်း ယုံကြည်ခဲ့သည်။ များမကြာမှီ အနာဂတ်တွင် သူတို့သည်သေခြင်းရှင်ခြင်းတိုက်ပွဲများအား ရင်ဆိုင်ဖြတ်ကျော်ရတော့မည်ဖြစ်သည်။
စွန့်စားသူများသည် အနီးအနားရှိနေဝင်ချိန်နွံအိုင်သို့ စတင်၍ထွက်ခွာလာခဲ့ကြသည်။ ရှောင်ယုသည် ယခုအချိန်ထိ ရထားလုံးဖြင့်ခရီးသွားလာခဲ့သော်လည်း ရှေ့ဆက်ရမယ့်လမ်းအတွက် မသင့်တော်တော့ပေ။ သို့သော် လင်းမူရွယ်အတွက်အထူးပြင်ဆင်ပေးထားသည့် လှည်းငယ်တစ်ခုပါရှိပေသည်။ နဂါးလေးသည် ထိုလှည်းငယ်ကိုပင့်မထားပြီး ရှောင်ယုကမူနဂါးလေး၏ဘေးမှ လိုက်ပါလာခဲ့သည်။
ရှောင်ယုသည် လမ်းလျှောက်နေရင်း သူ့ခေါင်းထဲတွင်အတွေးမျိုးစုံဖြစ်ပေါ်လာခဲ့သည်။ ယခုအချိန်တွင် အဖွဲ့၃ခုအနက် သူသည်သြဇာအရှိဆုံးဖြစ်ကြောင်း ရှောင်ယုသိထားပေသည်။ သို့သော်လည်း သူသည်အခြားအဖွဲ့နှစ်ခုထက် သာလွန်ကောင်းမွန်ခြင်းမရှိပေ။ ဤနေရာတွင် သူမမြင်တွေ့နိုင်သောမသိကိန်းများစွာ ရှိနေပေသည်။
အပေါ်ယံတွင် လီယိုနာဒိုသည် အညံ့ဆုံးဟုထင်ရသော်လည်း အမှန်တကယ်တွင်မူ လီယိုနာဒိုသည် မည်သည့်ဝှက်ဖဲများအား ဖုံးကွယ်ထားသည်ကို မည်သူမှမသိနိုင်ပေ။
ဂရင်း၊ခိုင်ရင်းနှင့် နဂါးလေးတို့၏ခွန်အားတိုးလာသော်လည်း ရှောင်ယုသည် လီယိုနာဒိုအားအနိုင်တိုက်နိုင်မည်ဟု သူကျိန်းသေပေါက်မပြောဝံ့ပေ။
နီကိုးလပ်စ်သည် ရှောင်ယုတစ်ယောက် ခွန်အားချင်းယှဉ်ရာတွင် လုံးဝမစမ်းသပ်ချင်သူဖြစ်သည်။ နီကိုးလပ်စ်သည် သူ၏နူးညံ့သောအသွင်အပြင်ကြောင့် လူသားများနှင့်အင်းဆက်များကိုပင် အန္တာရယ်မပြုနိုင်ဟုထင်ရပေသည်။ သို့သော်လည်း ထိုကောင်သည် အကြံအစည်များနှင့်ပြည့်နှက်နေသူဖြစ်သည်။ ထို့ပြင် သွေးနတ်သူငယ်ခေါင်းဆောင်ကလည်း သူနှင့်အတူရှိနေပေသည်။ ကဲလ်သက်သည် အဆင့်၄၀သို့ရောက်ရှိလာခဲ့သော်လည်း သူ၏စစ်မှန်သောခွန်အားကိုမနိုးထနိုင်သေးသည့်အတွက်ကြောင့် ယခုအချိန်တွင်ရီလာ၏ပြိုင်ဘက်မဖြစ်နိုင်သေးပေ။
ထို့ပြင် နီကိုးလပ်စ်တွင် ဝှက်ဖဲမည်မျှရှိနေမည်ကို သူမသိသေးပေ။ အကယ်၍ နီကိုးလပ်စ်ထံတွင် ဆိုးရွားသောအခြေအနေများ၌ထုတ်သုံးရန် ဝှက်ဖဲတစ်စုံတစ်ခုရှိမနေဟု ယုံကြည်လိုက်ပါက သူသာငတုံးဖြစ်ပေတော့မည်။
လင်းမူရွယ်သည် ရှောင်ယု၏မျက်နှာပေါ်ရှိ အပေါ်ယံအပြုံးကိုဖောက်ထွင်း၍ မျက်လုံး၌ဖြစ်ပေါ်နေသည့် စိုးရိမ်ပူပန်မှုများကို တွေ့မြင်လိုက်ရသောကြောင့် ပြုံးမိလိုက်သည်။
"ရှောင်ယု...အဆုံးသတ်မှာ မင်းကပဲအောင်ပွဲခံနိုင်လိမ့်မယ်ဆိုတာ ငါယုံကြည်တယ်...အဲ့ဒါကြောင့်အရမ်းကြီးစိတ်ပူမနေပါနဲ့...တကယ်လို့မင်းသာမအောင်မြင်ခဲ့ရင်တောင် ဒီအရာကငါတို့နဲ့ကံကြမ္မာမပါဘူးလို့ ပြောရမှာပေါ့"
လင်းမူရွယ်က နူးညံ့သောလေသံဖြင့် တိုးတိုးလေးပြောလိုက်သည်။
ရှောင်ယုသည် လင်းမူရွယ်၏စကားက်ိုကြားသောအခါတွင် လေးလေးနက်နက်စတင်တွေးတောလိုက်သည်။ သူသည် အကြံအစည်သမားတစ်ယောက်မဟုတ်ဘဲ မိုက်မဲသောလူယုတ်မာတစ်ယောက်သာဖြစ်သည်။ ထိုသို့ဆိုလျှင် သူသည်အဘယ်ကြောင့်အခြားသူများကို ကြောက်ရမည်နည်း။ သူသည် သူ့အားစိတ်အနှောင့်အယှက်ဖြစ်စေသည့် အတွေးများကိုစွန့်လွှတ်သင့်ပေသည်။
ထိုသို့တွေးမိပြီးနောက် သူသည်ပြုံးလိုက်ကာ လင်းမူရွယ်အားပွေ့ဖက်လိုက်သည်။
ရှောင်ယု၏လုပ်ရပ်ကိုမြင်သောအခါ လီယိုနာဒို၏မျက်လုံးများသည် ငရဲမီးကဲ့သို့တောက်ပလာခဲ့သည်။ ထိုအမျိုးသမီးသည် သူလီယိုနာဒို၏ ဇနီးသာဖြစ်ရပေမည်။
...
လူအုပ်ကြီးသည် နှစ်ရက်ကြာခရီးသွားပြီးနောက်တွင် နေဝင်ချိန်နွံအိုင်၏ အစွန်အဖျားသို့ရောက်ရှိလာခဲ့သည်။ ထိုနေရာသည် ၎င်း၏အမည်နှင့်လိုက်ဖက်ပြီး နီရဲနေသောနေရောင်ခြည်သည် စိမ့်မြေပြင်တစ်ခုလုံးအား တောက်ပနေစေခဲ့သည်။ နေဝင်ချိန်နွံအိုင်သည် အလွန်ကြီးမားသောနယ်မြေတစ်ခုဖြစ်ပေသည်။ တစ်ချက်တစ်ချက် တိုက်ခိုက်လိုက်သည့်လေပြင်းများက ရွှံနွံပေါ်၌ သစ်ရွက်ခြောက်များနှင့် အကိုင်းအခက်များကိုကျဆင်းစေသည်။ ထိုနွံအိုင်အောက်တွင် မည်သည့်အရာများရှိကြောင်း မသိကြပေ။
နေဝင်ချိန်နွံအိုင်တွင် မည်သည့်နေရာကမာကျောပြီး မည်သည့်နေရာကပျော့ကြောင်း ဆုံးဖြတ်ရခက်စေခဲ့သည်။ ဤနေရာတွင် မှားယွင်းသောခြေလှမ်းတစ်ခုက သေခြင်းသို့ကျရောက်စေသည်။ ထို့ပြင် ရွှံ့နွံများ၏ဝါးမြိုခြင်းကိုခံရပါက အသက်ရှင်သန်မည်ဟု လုံးဝမတွေးထားသင့်ပေ။ အကောင်းဆုံးတွေးထားသင့်သည်မှာ ရာစုနှစ်များစွာကြာပြီးနောက်တွင် တစ်စုံတစ်ယောက်က သင်၏မည်းနက်နေသော အရိုးများအားရှာဖွေတွေ့ရှိရန်ဖြစ်သည်။
"ဒီနေရာရဲ့အတွင်းပိုင်းကို ဝင်ဖို့လမ်းကောရှိလို့လား...ဒီလမ်းကတကယ့်ကိုမတည်ငြိမ်ဘူးပဲ"
ရှောင်ယုက ရွှံ့နွံများကိုကြည့်ရင်း စိတ်မသက်မသာခံစားမိလိုက်သည်။ ၎င်းတို့သည် အချိန်တိုင်းအချိန်တိုင်းတွင် အန္တာရယ်ရှိသည့်ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
နီကိုးလပ်စ်သည် အချိန်ခဏကြာစဉ်းစားလိုက်ပြီးနောက် ရှောင်ယုကိုကြည့်လိုက်သည်။
"ဒါကအတိုဆုံးလမ်းပဲ...ငါတို့သာဒီလမ်းကိုရှောင်ပြီးသွားမယ်ဆိုရင် လမ်းအရှည်ကြီးကိုကွေ့ပတ်ပြီးသွားနေရလိမ့်မယ်...ဒါ့အပြင်အခြားလမ်းကြောင်းတွေကလည်း ဒီလမ်းကြောင်းထက်ပိုပြီးလုံခြုံမယ်လို့ငါအာမမခံနိုင်ဘူး...ဒီနေရာကအန္တာရယ်ကင်းနေရင် နေဝင်ချိန်နွံအိုင်လို့ခေါ်နေမှာမဟုတ်ဘူး...ဒီလမ်းကခရီးအတိုဆုံးပဲ"
လီယိုနာဒိုသည် ရှောင်ယုအားအထင်အမြင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်ကာ နီကိုးလပ်စ်အားပြောလိုက်သည်။
"ငါတို့ဒီနေရာမှာ အချိန်အကြာကြီးဖြုန်းနေလို့မရဘူး...ရှေ့တိုးပြီးလေ့လာရအောင်"
"ဟားဟား...အဲ့ဒါဆိုလည်းစရတာပေါ့...ရှောင်ယုအရမ်းလည်းစိတ်မပူပါနဲ့...ငါတို့မှာလမ်းရှာပေးမယ့်သူတွေရှိတယ်"
နီကိုးလပ်စ်၏အကြည့်များသည် ချက်ချင်းအေးစက်သွားခဲ့သည်။
စွန့်စားသူများသည် အဖွဲ့၄ဖွဲ့ခွဲကာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရွှံ့နွံအတွင်းသို့ဝင်ရောက်သွားကြသည်။ ထိုလူများသည် ရွှံ့နွံအတွင်းသို့ဝင်ရောက်ရန် တွန့်ဆုတ်နေသော်လည်း သူတို့လုပ်ဆောင်နိုင်သည့်အရာများစွာရှိမနေကြောင်း နားလည်ထားပေသည်။ ထို့ပြင် သူတို့သာတစ်စုံတစ်ခုဝင်ရောက်ပြောဆိုလိုပါက အင်အားတောင့်တင်းသောကျောထောက်နောက်ခံရှိရပေမည်။ကျန်စွန့်စားသူများထံတွင် ခွန်အားများစွာရှိမနေပေ။ သူတို့ထဲမှ အများစုမှာတတိယအဆင့်သူရဲကောင်းများဖြစ်ပြီး အချို့မှာစတုတ္ထအဆင့်သူရဲကောင်းများဖြစ်ကြကာ ပဥ္စမအဆင့်သူရဲကောင်းတစ်ယောက်မှ မရှိပေ။ ထိုသို့သော စွမ်းအားကြီးသခင်များသည် သူတို့ကိုယ်သူတို့ အခြားသူများ၏အသုံးချခံအဖြစ်လုပ်ဆောင်ပေးရလောက်အောင် မတုံးအပေ။
ရှောင်ယုသည် စွမ်းအားကြီးသူရဲကောင်းများနှင့် မှော်ဆရာများနှင့် မတွေ့ဆုံရသေးသည့်အတွက်ကြောင့် အနည်းငယ်အံ့သြမိသွားသည်။ သူတို့သည် အတွင်းပိုင်းထိဝင်ရောက်သွားကြပြီလား...
"အများစုကတော့ နွံအိုင်အတွင်းကိုဝင်ရောက်နှင့်ပြီးတဲ့ အဖွဲ့ထဲမှာရှိနေနိုင်တယ်...မဟုတ်ရင်ငါတို့ကလမ်းမှာ တစ်ယောက်ယောက်နဲ့တွေ့မှာပေါ့"
ရှောင်ယုကတိတ်တဆိတ်စဉ်းစားမိလိုက်သည်။ ဂေါ်ဒွန်၏ဦးခေါင်းခွံနှင့်ပတ်သက်သည့်သတင်းသည် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေပြီဖြစ်၍ ပြိုင်ဘက်များစွာရှိလာမည်ဖြစ်သည်။
စွန့်စားသူများ၏ အကူအညီကိုရယူခြင်းအားသာချက်သည် ယခုအချိန်တွင် စတင်ပေါ်လွင်လာခဲ့သည်။ ရှောင်ယုတို့သည် စွန့်စားသူများကိုစုဆောင်းခဲ့ခြင်းကြောင့် သူတို့သည်အချိန်ကုန်စေမည့်ပြဿနာများစွာကို ဖြေရှင်းပေးနိုင်ကြောင်းဝန်ခံရမည်ဖြစ်သည်။
ရှောင်ယုတို့သည် အဆုံးသတ်တွင် ရွှံ့နွံများပေါ်သို့ ပထမဆုံးခြေလှမ်းလှမ်းနိုင်ခဲ့သည်။ သို့သော်သူသည် အနည်းငယ်စိုးရိမ်နေမိ၍ ဂရင်းအားအဖွဲ့၏ရှေ့ဆုံးမှ နေရာယူပေးရန်တောင်းဆိုခဲ့သည်။ ဂရင်းသည် သူ့ထက်ပင်အနည်းငယ်အလေးချိန်ပိုသည့်အတွက်ကြောင့် ဂရင်းသာပြဿနာမရှိပါက ကျန်လူများသည်လည်း အေးဆေးလိုက်န်ိုင်ပေသည်။ ထို့ပြင် ခိုင်ရင်းသည် ဂရင်း၏နောက်ခြေလှမ်းအနည်းငယ်မှ လိုက်လာခဲ့သည်။ သို့မှသာ ဂရင်းကတစ်စုံတစ်ခုဖြစ်လာပါက ခိုင်ရင်းကချက်ချင်းကူညီပေးနိုင်မည်ဖြစ်သည်။
ဂရင်းသည် ရှေ့ဆုံးမှဦးဆောင်နေရင်း အနည်းငယ်ဝမ်းနည်းနေသည့် အမူအရာကိုဖော်ဆောင်နေခဲ့သည်။ ခိုင်ရင်းသည် ဂရင်း၏စိတ်ပျက်စရာအခြေအနေကိုကြည့်ရင်း တိတ်တခိုးရယ်မောလိုက်သည်။
...
...
၅မိနစ်ခန့်အကြာတွင် ရှေ့မှလမ်းရှာထွက်နေသော စွန့်စားသူများထံမှ အလန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
"ဘာဖြစ်တာလဲ..."
နီကိုးလပ်စ်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း သူ၏မျက်နှာအမူအရာသည် တည်ငြိမ်နေခဲ့သည်။ နေဝင်ချိန်နွံအိုင်သည် အန္တာရယ်များနှင့်ပြည့်နှက်နေကြောင်း နီကိုးလပ်စ်နားလည်ပေသည်။
များမကြာမှီတွင် လူတစ်ဦးသည် အလန့်တကြားဖြင့်သတင်းပြန်ပို့လာခဲ့သည်။
"သခင်...သခင်...ငါးလူသားတွေ....အများကြီးပဲ"
ထိုလူသည် သူ၏ဘဝတွင်ကြောက်စရာအကောင်းဆုံးသော ဖြစ်တည်မှုနှင့်ရင်ဆိုင်ခဲ့ရပုံပေါ်သည်။
နီကိုးလပ်စ်နှင့်နီးစပ်သူတစ်ဦးက သေချာမေးမြန်းလိုက်သည်။
"ရှင်းရှင်းလင်းလင်းပြော...ဘယ်လ်ိုဖွတ်လူသားတွေလဲ မကြောက်နဲ့"
ထို့နောက် စွန့်စားသူသည်ငြိမ်သက်သွားပြီး သူကြုံတွေ့ခဲ့ရသည့်အရာအားလုံးကို ပြောပြလိုက်သည်။ သူ့ရှေ့တွင်ရှိနေခဲ့သောအဖွဲ့သည် ငါးလူသားအုပ်စုနှင့်ရင်ဆိုင်ခဲ့ရသည်။ ထိုသားရဲများသည်ရေထဲတွင် လျင်မြန်စွာရွေ့လျားနိုင်ပြီး စွန့်စားသူများကိုတိုက်ခိုက်နိုင်သည်။
"ငါးလူသား...နေဝင်ချိန်နွံအိုင်ရဲ့ဒဏ္ဍာရီလာသားရဲဖြစ်တဲ့ ငါးလူသားတွေလား"
လီယိုနာဒိုသည် မိသားစု၌ရှိနေစဉ်က နေဝင်ချိန်နွံအိုင်အကြောင်းရေးထားသည့် စာအုပ်များကိုဖတ်ဖူးခဲ့ရာ ငါးလူသားများက ဤနေရာ၌နေထိုင်ကြောင်းဖော်ပြထားပေသည်။
"လီယိုနာဒို...မင်းကသူတို့ကိုဘယ်လိုရင်ဆိုင်ရမှာလဲဆိုတာကို သိလား...ငါတို့ကစွန့်စားသူတွေကိုမနှေမြောပဲမဲ့ သူတို့ကိုအလဟာသအဆုံးရှုံးမခံနိုင်ဘူး"
နီကိုးလပ်စ်က တိုးညင်းစွာပြောလိုက်သည်။ နေဝင်ချိန်နွံအိုင်၌ ရင်ဆိုင်ရမည့်အန္တာရယ်များသည် ယခုမှအစသာရှိသေးကြောင်း နီကိုးလပ်စ်က ကြိုသိထားပေသည်။ ထို့ကြောင့်သူသည် ရှောင်ယုနှင့်လီယိုနာဒိုတို့နှင့်အတူ မဟာမိတ်ဖွဲ့ထားခဲ့ခြင်းဖြစ်သည်။
သတင်းကိုပြန်လည်သယ်ဆောင်လာသူမှာ တစ်ဦးတည်းသာဖြစ်သည်။ အကယ်၍ သူတို့၃ဖွဲ့လုံးသားရွေ့လျားလ်ိုက်ပါက ပိုပြီးအန္တာရယ်ရှိလာနိုင်သည်။ လီယိုနာဒိုသည် နီကိုးလပ်စ်၏မျက်နှာကို စိုက်ကြည့်လိုက်သည်။ ဤအခြေအနေအား ဖြေရှင်းနိုင်မယ့်နည်းလမ်းရှိသူသည် အခြားသူများနှင့်အတူထိုနည်းလမ်းအား မျှဝေရမည်ဖြစ်သည်။ ရှောင်ယုကမူ ဖွတ်လူသားများနှင့်တူသော ငါးလူသားများကိုမြင်တွေ့ရရန် အမှန်တကယ်စိတ်ဝင်စားပေသည်။
အခန်း ၃၅၉ - ဂေါ်လောခ့်များ
ဂေါ်လောခ့်များသည် ငါးလူသားမျိုးစိတ်တစ်ခုဖြစ်သည်။
သူတို့၏မူလအစသည် မည်သည့်နေရာမှစလာကြောင်း မည်သူမှမသိသေးသော်လည်း သူတို့သည်ရိုးရှင်းသောသားရဲများ မဟုတ်ကြပေ။
စွန့်စားသူများသည် ဂေါ်လောခ့်များနှင့် တစ်ခါမှမတွေ့ဖူးသည့်အတွက်ကြောင့် ၎င်းတို့အားသာမန်ငါးလူသားများနှင့် မခွဲခြားနိုင်ကြခြင်းဖြစ်သည်။ အမှန်တော့ လူ၅၀၀ခန့်သည် နွံအိုင်အတွင်းပိုင်းကိုစူးစမ်းလေ့လာရန် ဝင်ရောက်သွားခဲ့ကြသော်လည်း ၁၀ယောက်ခန့်သာပြန်လာနိုင်ခဲ့သည်။ ဂေါ်လောခ့်များ၏ အသက်ရှင်နေထိုင်မှုပုံစံသည် အလွန်ပင်ကြမ်းတမ်းလှပြီး သူတို့နှင့်အုပ်စုတူဂေါ်လောခ့်များကိုပင် အချင်းချင်းသတ်ဖြတ်တတ်ကြသည်။ ဂေါ်လောခ့်သည် သက်ရှိတစ်မျိုးမျိုးကိုသတိပြုမိပါက ၎င်းကိုသတ်ဖြတ်ရန် အလျင်စလိုပြုလုပ်မိမှာဖြစ်သည်။ သူတို့သည် သားကောင်ကိုဖျက်ဆီးရန် အလျင်စလိုထွက်ပေါ်လာတတ်သည့် ကျိုင်းကောင်များနှင့်ပင်ဆင်တူပေသည်။
"ကဲ...ဒဏ္ဍာရီလာဂေါ်လောခ့်တွေကို တစ်ချက်သွားကြည့်ရအောင်...ငါတို့လုပ်ကြမလား"
ရှောင်ယုကရေရွတ်လိုက်သည်။
"အဲ့ဒီစွန့်စားသူတွေရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားထောင်တာထက်စာရင် ငါတို့ကိုယ်တိုင်သွားကြည့်တာပိုကောင်းလောက်တယ်"
နီကိုးလပ်စ်က ခေါင်းညိတ်ပြလိုက်သည်။ သူသည် ရှေ့ဆုံးမှနေ၍ဦးစွာချီတက်သူဖြစ်သည်။ ထို့နောက်ကျန်လူများက သူ့နောက်ကိုလိုက်လာကြသည်။
အဖွဲ့တစ်ခုလုံးသည် ဂေါ်လောခ့်များနှင့်တိုက်ခိုက်နေသည့်စွန့်စားသူများကို အဝေးမှနေ၍စောင့်ကြည့်ရန် ရပ်လိုက်ကြသည်။ ဂေါ်လောခ့်များသည် ရက်စက်ကြမ်းကြုတ်သောသားရဲများအဖြစ် သူတို့၏ဂုဏ်သတင်းကိုရရှိခဲ့ကြသည်။ သူတို့၏ရန်သူများသည် သန်မာသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ သူတို့အတွက်အရေးမကြီးလှပေ။ သူတို့သည် ရန်သူ၏အင်အားကိုမခွဲခြားဘဲ ရိုးရိုးရှင်းရှင်းတိုက်ခိုက်ကြလေ့ရှိသည်။
ကံကောင်းထောက်မစွာဖြင့် အမြောက်စာအဖြစ်အသုံးပြုသည့် စွန့်စားသူများသည် ပျော့ညံ့ခြင်းမရှိကြပေ။ အစောပိုင်းတွင်သူတို့သည် ဂေါ်လောခ့်များ၏ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားကြကာ အလွယ်တကူသေဆုံးခဲ့ကြသည်။ သို့သော်လည်း စွန့်စားသူများသည် သူတို့၏အခြေအနေအားပြန်လည်တည်ငြိမ်စေရန် အချိန်အကြာကြီးမယူလိုက်ရပေ။
"ဂေါ်လောခ့်တွေက အရမ်းများနေတယ်...သူတို့အားလုံးကိုသတ်ဖြတ်ဖို့ အဲလောက်မလွယ်ဘူးဆိုတာ မင်းတို့သိသင့်တယ်"
ရှောင်ယုက ဆိုးယုတ်သောလေသံဖြင့်ပြောလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် အခြေအနေတစ်ခုလုံးအား အခိုင်အမာဆုပ်ကိုင်ထားခဲ့သည်။ ထိုသို့မဟုတ်ပါက စွန့်စားသူများသည်အလျင်စလိုဆုတ်ခွာလာမည်ဖြစ်ပြီး ဂေါ်လောခ့်များကလည်း သူတို့၏အဓိကအုပ်စု၃ခုအား အာရုံစိုက်လာမည်ဖြစ်သည်။ ဂေါ်လောခ့်များ၏အရေအတွက်သည် အလွန်များပြားရုံသာမက ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်တတ်ပေသည်။
ရှောင်ယု၏မျက်နှာတွင် အပြုံးတစ်ခုဖြစ်ပေါ်လာကာ နာဂကိုလှည့်ကြည့်လိုက်သည်။ ယခုအချိန်သည် နာဂ၏ခွန်အားကိုပြသရမည့်အချိန်ဖြစ်သည်။ နာဂပင်လယ်စုန်းသည် မည်မျှထိအစွမ်းထက်သည်ကို သူမသိသော်လည်း တိုက်ခိုက်ရေးစွမ်းအားကိုတွေ့မြင်လိုသည်။ ရှောင်ယုကအမိန့်ပေးလိုက်သည်နှင့် နာဂသည်လေးဘက်သို့ဖြေးညင်းစွာရွေ့လျား၍ ရေထဲသို့နစ်ဝင်သွားခဲ့သည်။ ရှောင်ယု၏အဖွဲ့အတွင်း၌ သူရဲကောင်းတစ်ယောက်ပျောက်ဆုံးသွားသည်ကို မည်သူမှသတိမထားမိခဲ့ပေ။
ရှောင်ယုသည် နာဂပင်လယ်စုန်းကဲ့သို့သောသူရဲကောင်းတစ်ယောက်ကို သူ့လက်အောက်၌ထားရှိရခြင်းအပေါ် အလွန်ပျော်ရွှင်နေမိသည်။ ရေပြင်တိုက်ပွဲ၌ အစွမ်းထက်သောသူရဲကောင်းတစ်ယောက်ရှိခြင်းက အနာဂတ်တွင်ရေတပ်ကိုတည်ထောင်ရန် အခွင့်အရေးရှိနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤအရာသည်ရိုးရှင်းသောအိပ်မက်တစ်ခုသာဖြစ်သော်လည်း စမ်းသပ်ကြည့်ရန် စိတ်ကူးရှိပေသည်။
ရှောင်ယုသည် စစ်မြေပြင်ကိုပြန်၍ အာရုံစိုက်လိုက်သည်။ ထိုအချိန်တွင် ရေမျက်နှာပြင်၌မျှောပါနေသည့်အလောင်းများကိုကြည့်ရင်း ရှောင်ယုတုန်လှုပ်သွားခဲ့သည်။ ဂေါ်လောခ့်များ၏ တိုက်ပွဲစွမ်းအားသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ ဂေါ်လောခ့်များသည် သူတို့ကြုံတွေ့လာရမည့် အန္တာရယ်ကိုဂရုမစိုက်ပေ။ သူတို့ကြုံတွေ့နေရသည့် ရန်သူသည်သူတို့ထက် များစွာပိုမိုသန်မာနေလျှင်လည်း ဂရုမစိုက်ပေ။ သူတို့၏ချွန်ထက်သောသွားများဖြင့် ရန်သူကိုပြင်းပြင်းထန်ထန်ဒဏ်ရာရရှိအောင်ကိုက်ဖြတ်ရန် အစွမ်းကုန်ကြိုးစားတတ်ကြသည်။
"မင်းအမေလိုပဲ...ဒီကောင်တွေက ရေထဲမှာဆိုရင်ဘယ်လောက်မြန်နေမလဲမသိနိုင်ဘူး...သူတို့မှာသတိလည်းရှိပုံမရဘူး...ဒါပေမဲ့သူတို့ကိုယဉ်ပါးအောင် ဘယ်သူကမှထိန်းကျောင်းနိုင်မှာမဟုတ်ဘူး"
ရှောင်ယုကတိုးတိုးလေးရေရွတ်လိုက်သည်။ ဤသွေးနွေးသတ္တဝါများအား ယဉ်ပါးအောင်ကြိုးစားရန်မှာ အလွန်ပင်သွေးဆောင်နိုင်လွန်းပေသည်။ မည်သူကမှ ယခုလိုအစွမ်းထက်သောတပ်သားများကို သူတို့၏ကွပ်ကဲမှုအောက်၌ မမြင်တွေ့ဘဲမနေလိုလောက်ပေ။ သို့သော်လည်း ဤအရာသည်လက်တွေ့မကျသော ဆန္ဒတစ်ခုသာဖြစ်ကြောင်း ရှောင်ယုနားလည်သဘောပေါက်ရန် အချိန်အကြာကြီးမယူလိုက်ရပေ။
"သူတို့ရဲ့မျိုးပွားနှုန်းက အရမ်းကိုမြန်လွန်းတယ်...လစဉ်လတိုင်း ဒီနေရာကိုဖြတ်ကျော်ဖို့ကြိုးစားနေတဲ့ စွန့်စားသူတွေအများကြီးရှိနေနိုင်တယ်...အကန့်အသတ်ရှိတဲ့ နေထိုင်ရာနေရာကြောင့်သာမဟုတ်ရင် သူတို့ကဒီတိုက်ကြီးပေါ်မှာ ကြီးမားတဲ့အင်အားတစ်ခုဖြစ်လာမှာ ငါစိုးရိမ်မိတယ်"
လီယိုနာဒိုသည် ရှောင်ယုအားအရူးတစ်ယောက်လိုကြည့်ရင်း ပြောလိုက်သည်။ ယခုအချိန်ထိ သူတို့နှစ်ယောက်လုံးသည် ဆန့်ကျင်ဘက်တွင်သာရှိနေကြသည်။ လက်ရှိအချိန်တွင် ရှောင်ယုသည်လီယိုနာဒိုအား တိုက်ခိုက်ခြင်းသို့မဟုတ် ခုခံခြင်းများမပြုလုပ်လိုပေ။
ရှောင်ယုသည် လီယိုနာဒိုအား အချိန်အတော်ကြာအောင်စောင့်ကြည့်ပြီးနောက်တွင် ထိုကောင်သည် သူ၏ကိုယ်ပိုင်တာဝန်ကိုပင် ကျေပွန်အောင်မလုပ်ဆောင်လိုကြောင်းနားလည်ခဲ့သည်။ လီယိုနာဒိုသည် မောက်မာသော်လည်း အကြံအစည်ရှိသူဖြစ်သည်။ ထို့ပြင် ယခုအချိန်၌လီယိုနာဒိုအား ပြန်လည်ပြောဆိုခြင်းသည် မလိုအပ်သောအတွေးများကိုဖြစ်ပေါ်စေနိုင်၍ ရှောင်ယုသည်တိတ်တိတ်လေးနေရန်သာ ရွေးချယ်ခဲ့သည်။
"နီကိုးလပ်စ်...ဒီသားရဲတွေက ငါတို့ရဲ့အမြောက်စာတွေအကုန်လုံးကို သတ်ဖြတ်ခိုင်းလိုက်တာကသဘာဝမကျဘူး...ငါတို့တွေကဒီနေရာမှာပဲ အကုန်ဖြုန်းတီးလို့မရဘူး..ငါတို့ဒီနေရာကထွက်သွားဖို့လမ်းစရှာသင့်တယ်"
ရှောင်ယုက အေးစက်သောလေသံဖြင့်ပြောလိုက်သည်။ သူသည် လူသားများအပေါ်ထားရှိသော သူ့နှလုံးသားထဲရှိကြင်နာမှုအား မဖော်ထုတ်လိုပေ။ ထိုအားနည်းချက်ကြောင့် ရန်သူများကအနာဂတ်တွင် သူ့အားအသုံးချလာနိုင်သည်။
နီကိုးလပ်စ်က ပြုံးပြီးခေါင်းညိတ်ပြလိုက်သည်။ သူသည် သူ့နောက်မှလူများထံသို့လှည့်ကြည့်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။ ထိုအခါ ထိုစစ်သည်များသည် ချက်ချင်းပျောက်ကွယ်သွားပြီး တိုက်ပွဲမြေပြင်၌ပေါ်ထွက်လာခဲ့သည်။
"အားဂီးးး..."
ထူးဆန်းသောအော်ဟစ်သံသည် ထိုလူ၏ပါးစပ်မှပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့သည်။ ထိုဆူညံသံများအောက်တွင် လူတိုင်းသည်သူတို့၏နားစည်များ ကွဲထွက်သွားတော့မလိုခံစားလိုက်ရသည်။ နီကိုးလပ်စ်ထံတွင် အသံဖြင့်တိုက်ခိုက်မှုအား အထူးပြုသူတစ်ဦးရှိနေလိမ့်မည်ဟု ရှောင်ယုမထင်ထားခဲ့ပေ။
ထိုလူသည် အနက်ရောင်ဝတ်ရုံအားဝတ်ဆင်ထားခဲ့သည်။ ရှောင်ယုသည် ထိုလူ၏မျက်နှာကိုမမြင်တွေ့ဖူးသော်လည်း ထိုလူ၏ပုံစံသည် ဝတ်ရုံနက်များနှင့်ပင် ဆင်တူပေသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် အနီးကပ်လေ့လာကြည့်ပြီးနောက် ဤလူသည်သူတို့နှင့်လုံးဝကွဲပြားကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ထိုလူသည်ဆက်တိုက်အော်ဟစ်နေရာ ဂေါ်လောခ့်များသည် တဖြည်းဖြည်းအားနည်းလာခဲ့သည်။
ထိုအခြေအနေကိုမြင်သောအခါ လူတိုင်း၏အကြည့်များတောက်ပသွားခဲ့သည်။ နီကိုးလပ်စ်သည် ဤခရီးစဉ်၌ထိုလူအားခေါ်ဆောင်လာခဲ့မိသည့်အတွက် စိတ်ကျေနပ်စွာပြုံးလိုက်မိသည်။ သူ့ထံတွင်ကောင်းမွန်သောစွမ်းရည်မရှိသလို တိုက်ခိုက်ရာ၌လည်းမကျွမ်းကျင်ပေ။ သို့သော် သူသည်စတုတ္ထအဆင့်သားရဲတစ်ကောင်ဖြစ်ပြီး မည်သည့်သားရဲသို့မဟုတ် နတ်ဆိုးသားရဲများကိုပင်အောင်နိုင်ပေသည်။ လမ်းတလျှောက်တွင် မတူညီသောသားရဲအသီးသီးနှင့်ရင်ဆိုင်လာနိုင်သောကြောင့် နီကိုးလပ်စ်က ထိုလူအားခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
နီကိုးလပ်စ်၏အကြအစည်သည် လုံးဝအောင်မြင်ကြောင်းသက်သေပြခဲ့သည်။ ဂေါ်လောခ့်များသည် စတင်အားနည်းလာခဲ့ပြီးနောက် စွန့်စားသူများက ဂေါ်လောခ့်များ၏အရေးကြီးသောနေရာများကို စတင်တိုက်ခိုက်လာကြပြီး သတ်ဖြတ်လာကြသည်။ ဤသို့ဖြင့်အချိန်တိုအတွင်း ဂေါ်လောခ့်အမြောက်အများသေဆုံးခဲ့သည်။
နီကိုးလပ်စ်သည် တိုက်ပွဲတစ်ခုလုံးအား အချိန်တိုအတွင်းလွယ်ကူစွာပြောင်းလဲပစ်လိုက်သည်ကိုကြည့်ပြီး ရှောင်ယုကပြုံးလိုက်မိသည်။ ထို့ပြင် နီကိုးလပ်စ်တို့မိသားစုများ၏ အမွေအနှစ်သည်ရှေးခေတ်ကပင် စတင်လာခြင်းဖြစ်ကာ သူတို့ထံတွင်သူရဲကောင်းနှင့်မှော်ဆရာများ၏ ကျွမ်းကျင်မှုအမျိုးမျိုးအား သိုလှောင်ထားပေသည်။ ထို့ပြင်နီကိုးလပ်စ်သည် နေဝင်ချိန်နွံအိုင်သို့ရောက်ချိန်တွင် ကြုံတွေ့လာရနိုင်သည့်အခြေအနေဆိုးများအတွက် ကြိုတင်ပြင်ဆင်လာခဲ့သည်။
မည်သို့ပင်ဆိုစေ လက်ရှိအခြေအနေက တာရှည်မခံခဲ့ပေ။ နွံအိုင်၏အတွင်းပိုင်းမှ ရှည်လျားသောအော်ဟစ်သံက ပဲ့တင်ထပ်လာခဲ့ပြီးနောက် ဂေါ်လောခ့်များသည် နောက်ထပ်တစ်ကြိမ်ရူးသွပ်သွားခဲ့ကာ ယခင်တစ်ကြိမ်ကထက်ပိုမိုဆိုးရွားသွားပြီဖြစ်သည်။
ရှောင်ယုသည် ထိုအခြေအနေကိုမြင်တွေ့ချိန်တွင် ခေါင်းခါမိလိုက်သည်။ ထို့နောက် သူ၏အကြံအစည်အားအတည်ပြုခဲ့ပေသည်။ဤကောင်များကို လုံးဝယဉ်ပါးအောင်ထိန်း၍မရနိုင်ပေ။ ထို့သို့မဟုတ်ပါက ရွှံ့အိုင်၏ဤအပိုင်းတွင် ဂေါ်လောခ့်များစွာရှိနေမှာဖြစ်သည်။
ထို့နောက်ဂေါ်လောခ့်များက စွန့်စားသူများထံသို့ တဟုန်ထိုးပြေးဝင်လာကြသည်။
"ဒီလိုတွေဖြစ်လာမှတော့ ဂေါ်လောခ့်တွေအားလုံးကိုသတ်ဖြတ်ရတော့မယ်...ဒါကအချိန်တော့နည်းနည်းကြာနိုင်တယ်...မင်းတို့တွေလည်းရပ်တော့မကြည့်ဘူးမလား"
လီယိုနာဒိုက ပြုံးပြုံးလေးပြောလိုက်သည်။ သူသည်ဤအမြှောက်စာများကို လုံးဝဂရုမစိုက်ပေ။ သူတို့်အားလုံးသေဆုံးသွားကာ ဂေါ်လောခ့်များအတွက် အစာများဖြစ်သွားခဲ့လျှင်တောင်မှ သူကနည်းနည်းမှတုန်လှုပ်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ လီယိုနာဒိုသည် ဤအဆင့်၌အချိန်များစွာမဖြုန်းတီးလိုပေ။ သူသည် သူ၏တပ်သားများဘက်သို့ သို့တစ်ချက်လှမ်းကြည့်လိုက်ပြီး ဂေါ်လောခ့်များကိုတိုက်ခိုက်ရန် ပြေးထွက်လာခဲ့ကြသည်။ လီယိုနာဒို၏တပ်သားများသည် ကျွမ်းကျင်သူများဖြစ်ကြပြီး ဂေါ်လောခ့်များထက်အတော်လေးအားကောင်းကြသော်လည်း လီယိုနာဒို၏အမိန့်အောက်တွင် သူတို့သည်ဝှက်ဖဲအစစ်အမှန်များမဟုတ်ကြပေ။ ငါးများကိုဆန့်ကျင်ရာ၌ မည်သူကမှ ဝှက်ဖဲကိုမသုံးပြုလိုပေ။ နီကိုးလပ်စ်ကလည်း အခြေအနေကိုလှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက်တွင် သူ့အဖွဲ့မှလူအနည်းငယ်ကို တိုက်ပွဲ၌ပါဝင်ရန် လျင်မြန်စွာအမိန့်ပေးလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်လုံးက ရှောင်ယုအားလှမ်းကြည့်လိုက်ကြသည်။ယခုအချိန်တွင် ရှောင်ယုကမည်သို့ပြုလုပ်မည်ကို သူတို့သိရှိလိုနေကြသည်။သို့သော်လည်း ရှောင်ယု၏မျက်နှာအမူအရာသည် ပြောင်းလဲခြင်းလုံးဝမရှိဘဲ ပျင်းရိစွာရပ်နေခဲ့သည်။
ထိုအချိန်တွင် လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့နှစ်ဦးလုံးအား သူ့အားစူးစူးရဲရဲစိုက်ကြည့်နေသည်ကိုတွေ့၍ ရှောင်ယုကပြောလို်က်သည်။
"ငါ့လူတွေက ဂေါ်လောခ့်တွေကိုတိုက်ခိုက်နေတာကြာရောပေါ့...ဂေါ်လောခ့်တွေရဲ့ပမာဏကတော်တော်လျော့ကျသွားတာ မင်းတို့မမြင်ကြဘူးလား"
နာဂပင်လယ်စုန်းသည် ရေထဲမှထွက်လာကာ ဂေါ်လောခ့်များကိုမြှားများဖြင့်ပစ်ခတ်နေခဲ့သည်။ထို့နောက် သူမသည်ရေထဲတဖန်နစ်မြုပ်သွားခဲ့သည်။သူမ၏တိုက်ပွဲဝင်ပုံသည် အလွန်လှပပေသည်။သူမသည် ရေထဲသို့သူမထွက်လာသည့်ပုံစံအတိုင်း ရေထဲသို့ပြန်ငုပ်၍ ပျောက်ကွယ်သွားခဲ့သည်။ထို့နောက် အခြားဂေါ်လောခ့်တစ်ကောင်သေဆုံးသွားပြီး တောက်ပသောအလင်းများ တဖန်ပြောင်းလဲထွက်ပေါ်လာခဲ့သည်။
နာဂပင်လယ်စုန်းသည် အဆင့်၁၄တွင်သာရှိနေသေးသော်လည်း ဤပတ်ဝန်းကျင်တွင်မူ သူမသည်ရေထဲရောက်နေသည့် ငါးတစ်ကောင်နှင့်တူပေသည်။ထို့ပြင်ရှောင်ယုသည် သူမ၏ခွန်အားကိုမြင့်တင်ရန်အတွက် မတူညီသောမြှားများနှင့်ချပ်ဝတ်တန်ဆာတို့အားပေးအပ်ထားပေသည်။
ထိုတိုက်ခိုက်မှုများကြောင့် ရူးသွပ်နေသောဂေါ်လောခ့်များကအံ့အားသင့်သွားကြပြီး အသေအပျောက်များကနေရာတိုင်း၌ ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း ဂေါ်လောခ့်များနှင့်ရင်ဆိုင်ရသည်မှာ အမှန်ပင်မလွယ်ကူလှပေ။
အခန်း ၃၆၀ - နာဂ၏အစွမ်း
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ စေလွှတ်လိုက်သောသူများသည် ဂေါ်လောခ့်များကိုသတ်ဖြတ်ရန် လုံလောက်စွာအားကောင်းကြောင်း ရှောင်ယုတွေ့မြင်ထားပေသည်။
ဂေါ်လောခ့်များသည် အားကောင်းသော်လည်း တတိယအဆင့်သူရဲကောင်းတစ်ယောက်က်ို ရင်ဆိုင်တိုက်ခိုက်ရန် လုံလောက်သောခွန်အားရှိမနေပေ။ စွန့်စားသူများသည် သူတို့၏ထိတ်လန့်ကြောက်ရွံ့မှုကြောင့်မဟုတ်ပါက ထိုဂေါ်လောခ့်များကို အပြီးသတ်ရန်လုံလောက်သည်ထက် ပိုနေမှာဖြစ်သည်။
"နာဂ...ရှေ့ကိုတအားကြီးတိုးမသွားနဲ့...မင်းကိုအကာအကွယ်ပေးမယ့်သူမရှိဘူး"
ရှောင်ယုသည် လေးနှင့်မြှားကိုအသုံးပြုကာ ဂေါ်လောခ့်များအားသတ်ဖြတ်နေသည့် နာဂပင်လယ်စုန်းကိုကြည့်ရင်း အော်ဟစ်လိုက်သည်။ ရှောင်ယုသည် သူ၏သူရဲကောင်းများအားလုံးကို သူ၏ကိုယ်ပိုင်ရင်သွေးငယ်များအဖြစ် ယုံကြည်ထားသည့်အတွက်ကြောင့် သူတို့ထိခိုက်ဒဏ်ရာရရှိသွားမည်ကို မမြင်ချင်ပေ။ ထို့ပြင်သူမသည် နေဝင်ချိန်နွံအိုင်၌ အဆင့်တက်သွားပြီးနောက်တွင် ရှောင်ယုအတွက် အကျိုးကျေးဇူးများစွာကို ဆောင်ကြည်းပေးသွားမည်ဖြစ်သည်။
သူမသည် ရေရှိသည့်ပတ်ဝန်းကျင်၌ဆိုပါက ငါးတစ်ကောင်လ်ိုလှုပ်ရှားနိုင်သည်။ ဂရင်းသည် သူမထက်များစွာသန်မာသော်လည်း သူသာခြေတစ်လှမ်းမှားသွားပါက နစ်မြုပ်သွားနိုင်သည့်အတွက် ပေါ့ပေါ့တန်တန်မတိုက်ခိုက်နိုင်ပေ။ သို့သော် နာဂအတွက်မူထိုသို့ စိတ်ပူနေစရာမလိုပေ။ နေဝင်ချိန်နွံအိုင်သည် ကုန်းနေရေနေသတ္တဝါများအတွက် ကောင်းကင်ဘုံပင်ဖြစ်သည်။ နာဂသည် ထိုသို့သောသတ္တဝါများ၏ဘုရင်ဖြစ်သည်။ သို့သော်လည်း သူမသည် သူမ၏ကျွမ်းကျင်မှုများက်ို နက်နက်ရှိုင်းရှိုင်းလေ့လာနိုင်ခြင်းမရှိသေးပေ။ ဂရင်းနှင့်ခိုင်ရင်းတို့သည် အဆင့်၄၀သို့ရောက်ရှိသွားပြီးနောက်တွင် သူတို့၏ခွန်အားသည် နာဂထက်များစွာပိုမိုသန်မာနေခဲ့သည်။
ထို့ပြင်သူတို့သည် ရှေးခေတ်သူရဲကောင်းများအနက် ရှောင်ယု၏အစောဆုံး ဆင့်ခေါ်ခံရသူများထဲတွင်ပါဝင်ပြီး ရှေးခေတ်၌လည်း ကြီးမားသောတိုက်ပွဲများစွာတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ နာဂသည် အခြားသောသူရဲကောင်းများနှင့်ယှဉ်ပါက တိုက်ပွဲအတွေ့အကြုံပိုနည်းပေသည်။ ထို့ပြင်ယခုတိုက်ပွဲသည် သူမအတွက်ပထမဆုံးသော တိုက်ပွဲအတွေ့အကြုံဖြစ်သည်။
ထို့ပြင် နာဂသည်ဆင့်ခေါ်ခံရကတည်းက သူမ၏စွမ်းအားများကို အပြည့်အဝမပြသနိုင်ခဲ့ပေ။ ထိုအတွက် ပထမဆုံးနှင့် အရေးအကြီးဆုံးသော အကြောင်းအရင်းမှာ တိုက်ပွဲဝင်ရမည့်ပတ်ဝန်းကျင်ဖြစ်သည်။ သို့သော် ယခုအချိန်၌နာဂသည် သူမ၏ကိုယ်ပိုင်နယ်မြေတွင် ရှိနေခဲ့သည်။ ရှောင်ယု၏အမိန့်ကြောင့်သာမဟုတ်ပါက သူမသည်ဘယ်နှင့်ညာကိုအဆက်မပြတ်ရွေ့လျားရင်း တိုက်ခိုက်နေမှာဖြစ်သည်။ သို့သော်လည်း နာဂသည်အလွန်ပင်နာခံမှုရှိပေသည်။
သူမသည် ရှောင်ယု၏အမိန့်ကြောင့် စွန့်စားသူများ၏နောက်၌နေရာယူကာ ဂေါ်လောခ့်များကိုမြှားဖြင့်ပစ်သတ်နေခဲ့သည်။ ထို့ပြင် ရှောင်ယုသည် နာဂ၏အခြေအနေမဆိုးရွားစေရန်အတွက် သူမအားအနာကျက်ဆေးများနှင့် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများ ပေးအပ်ထားခဲ့သည်။ နာဂသည် သူမ၏မြှားချက်များကိုစွမ်းအားမြင့်တင်ပေးရန်အတွက် နှင်းခဲမြှားစွမ်းရည်ကိုအသုံးပြုခဲ့သည်။ ထိုကျွမ်းကျင်မှုကြောင့် မြှား၏စွမ်းအားဖြင့်ထိမှန်ခံရသော ဂေါ်လောခ့်၏ခန္ဓာက်ိုယ်သည် ချက်ချင်းအေးခဲသွားခဲ့သည်။
နာဂသည် မြှားကိုပစ်လွှတ်လိုက်သည်နှင့် ဧရိယာတစ်ခုကိုလွှမ်းခြုံသွားခဲ့ပြီး ထိုဧရိယာအတွင်းရှိဂေါ်လောခ့်များကို ဖုံးအုပ်သွားမှာဖြစ်သည်။ ထိုနည်းအားဖြင့် ဂေါ်လောခ့်များ၏ ရွေ့လျားနှုန်းနှင့်တိုက်ခိုက်မှုအမြန်နှုန်းသည် အလွန်ပင်လျော့ကျသွားမည်ဖြစ်သည်။
ထို့ပြင် နာဂသည် စွန့်စားသူများနှင့် အခြားသောစစ်သည်တော်များကြောင့် ဒဏ်ရာရရှိသွားသည့် ဂေါ်လောခ့်များကို သတ်ဖြတ်ပစ်လေ့ရှိသည်။ ထိုနည်းအားဖြင့် သူမသည်ဂေါ်လောခ့်တစ်ကောင်စီတိုင်းကို ကိုယ်တိုင်သတ်ဖြတ်ခြင်းထက် အတွေ့အကြုံမှတ်များကို ပိုမိုလွယ်ကူစွာရိတ်သိမ်းနိုင်မည်ဖြစ်သည်။ သူမသည် အခါအားလျော်စွာပင် ကွေ့ကောက်လျှပ်စီးအစွမ်းကိုအသုံးပြုကာ စွန့်စားသူများကြောင့်ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည့် ဂေါ်လောခ့်များကိုသတ်ဖြတ်ပစ်လေ့ရှိသည်။ ထို့ကြောင့် စစ်မြေပြင်၌ သူမ၏သတ်ဖြတ်နှုန်းသည် အမြန်ဆုံးဖြစ်နေခဲ့သည်။ ထို့အတူ နာဂသည်အကာအကွယ်ရှိသည့်နေရာတွင် ရှိနေသည့်အတွက်ကြောင့် မည်သည့်အန္တာရယ်ကိုမှမကြုံတွေ့ရသေးပေ။ ဤသည်မှာ တာဝေးပစ်သူရဲကောင်းများ၏ အားသာချက်ပင်ဖြစ်သည်။
လောလောဆယ်တွင် ရှောင်ယုသည် နာဂသတ်ဖြတ်ခဲ့သော ဂေါ်လောခ့်အရေအတွက်ကို စတင်ရေတွက်နေခဲ့သည်။ အရေအတွက်၁၀၀သို့ရောက်ရန်ပင် အချိန်အကြာကြီးမယူလိုက်ရပေ။
"နာဂရဲ့အစွမ်းက အရမ်းကောင်းတယ်...ရန်သူအုပ်လိုက်ကိုတိုက်ခိုက်တဲ့အခါကျရင် သူမရဲ့စွမ်းအားကတိုင်ရန်ဒီထက်ပိုကောင်းနေတာပဲ"
ရှောင်ယုက တိတ်တဆိတ်ပျော်ရွှင်နေခဲ့သည်။ သူသည် နောက်ထပ်တာဝေးပစ်သူရဲကောင်းတစ်ယောက်ကို ရရှိခဲ့သည်။ ထို့ပြင် နာဂသည်ရေပြင်၌တိုက်ခိုက်နိုင်သည့် အစွမ်းထက်သူရဲကောင်းဖြစ်သည်။ ရှောင်ယုသည် သူ၏အတိတ်ဘဝမှ ရေကြောင်းတပ်များကို ပြန်လည်သတိရလာခဲ့သည်။ သူသည် သူ၏ကိုယ်ပိုင်ရေတပ်တစ်ခုအား ထူထောင်နိုင်လိမ့်မည်ဟု ဆန္ဒရှိခဲ့သည်။ ယခုအချိန်တွင် သူ၏နံဘေး၌နာဂပင်လယ်စုန်းတစ်ယောက်သာရှိနေခဲ့သည်။ အကယ်၍ သူသာနာဂမျိုးနွယ်အတွက် အခြေစိုက်စခန်းတစ်ခုကိုတည်ထောင်နိုင်ခဲ့ပါက အလွန်အစွမ်းထက်လာမှာဖြစ်သည်။
ဂေါ်လောခ့်များသည် အားနည်းချက်များကို စတင်ရင်ဆိုင်လာရသည်။ သူတို့သည် အရေအတွက်အားသာချက်ရှိသော်လည်း ယခုလိုအစွမ်းထက်သတ်ဖြတ်သူများကို မရင်ဆိုင်နိုင်ပေ။ ဂေါ်လောခ့်အသေကောင်များသည် စစ်မြေပြင်အနှံ့ပျံ့နှံ့နေခဲ့သည်။
လင်းမူရွယ်သည် သူမ၏ရှေ့တွင်ဖြစ်ပျက်နေသည့် သွေးထွက်သံယိုမြင်ကွင်းအား မကြည့်ဝံ့၍ သူမ၏ခေါင်းကိုလှည့်ထားလိုက်သည်။ သူမသည် သူမ၏ရှေ့တွင်ဖြစ်ပျက်နေသော ရက်စက်သည့်တိုက်ပွဲအား အားတင်း၍ကြည့်ရှုနေခြင်းဖြစ်သည်။ သူမအတွက်ကြောင့် ရှောင်ယုအားအရှက်မရစေလိုပေ။
"ဒီတိုင်းသာဆက်သွားနေမယ်ဆိုရင် ငါတို့တစ်သက်လုံးဒီမှာနေရလိမ့်မယ်...ဘာလို့ငါတို့စစ်ကူအချို့ကိုမစေလွှတ်ရမှာလဲ"
ဂေါ်လောခ့်များသည် နွံအိုင်များအတွင်းမှ အဆက်မပြတ်ခုန်ထွက်လာသည်ကိုကြည့်ရင်း ၎င်းတို့သည်အဆုံးမရှိဟုပင် လီယိုနာဒိုကယူဆလာခဲ့သည်။ အကယ်၍ သူတို့သာရှေ့ခရီး၌ခွန်အားကိုချွေတာလိုပါက ဤပြဿနာကိုတတ်နိုင်သမျှ မြန်မြန်ဖြေရှင်းရမည်ဖြစ်ကြောင်း လီယိုနာဒိုကယူဆခဲ့သည်။
"ကောင်းပြီလေ...နည်းနည်းအရှိန်မြင့်ကြတာပေါ့"
နီကိုးလပ်စ်ကခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် နီကိုးလပ်စ်၏တပ်ဖွဲ့၃ပုံ၁ပုံသည် ဂေါ်လောခ့်များထံသို့ ချက်ချင်းပြေးဝင်တိုက်ခိုက်လိုက်ကြပြီး ကျန်လူများကမူ နီကိုးလပ်စ်ကိုကာကွယ်ရန်နောက်၌ကျန်ရစ်ခဲ့ကြသည်။
လီယိုနာဒိုက အမိန့်ပေးအော်ဟစ်လိုက်သည်။
"သွားကြတော့...ငါ့ကိုမျက်နှာမပျက်စေနဲ့"
လီယိုနာဒို၏ တပ်ဖွဲ့၃ပုံ၁ပုံကလည်း ပြေးထွက်သွားကြသည်။ ဤလူငယ်များ၏ချီတက်မှုအဟုန်သည် အလွန်ပင်အံ့ဖွယ်ကောင်းလှပြီး နယ်မြေငယ်တစ်ခု၏ခံစစ်ကိုပင် အလွယ်တကူချိုးဖျက်နိုင်စွမ်းရှိသည်။ သူတို့သည် သာမန်စစ်သည်များမဟုတ်ကြပေ၊သူတို့သည် လက်ရွေးစင်တပ်သားများ၊လုပ်ကြံသူများနှင့်မှော်ဆရာများလည်း ပါဝင်ပေသည်။
ရှောင်ယုသည်လည်း အောစ့်၃၀၊နတ်သူငယ်လေးသမား၅၀၊မှော်ကဝေများနှင့်ဝက်ဝံစစ်သည်များကို တိုက်ပွဲသို့စေလွှတ်ခဲ့သည်၊ရှောင်ယုသည် သူ၏တပ်ဖွဲ့များကိုမစေလွှတ်လိုသော်လည်း သူကိုယ်တိုင်က ငြိမ်ခံနေ၍မရပေ။ အထူးသဖြင့် ဤနေရာ၌ဒဏ်ရာရရှိသွားခဲ့ပါက ထိုက်တန်မှုမရှိသည့်အတွက် သူ၏တပ်သားများကို အထူးဂရုစိုက်ရန် အမိန့်ပေးခဲ့သည်။ တိုင်ရန်ဒီနှင့်ကဲလ်သက်တို့သည်လည်း စတင်၍တိုက်ခိုက်ခဲ့သည်။
သူတို့သည် တာဝေးပစ်သူရဲကောင်းနှင့်မှော်ဆရာတို့ဖြစ်ကြသည့်အတွက် သူတို့၏အသက်အန္တာရယ်အတွက် စိုးရိမ်နေစရာမလိုအပ်ပေ။ နီကိုးလပ်စ်၏အနားတွင်ရှိနေသော ရီလာသည် ကဲလ်သက်မှမှော်မန္တန်ကို ထုတ်ဖော်လိုက်သည်နှင့် ကဲလ်သက်သည်အစစ်အမှန်ဖြစ်ကြောင်း နားလည်လိုက်သည်။ ကဲလ်သက်သည် အမှန်တကယ်ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ရီလာနားလည်လိုက်ချိန်တွင် မျက်ခုံးပင့်လိုက်မိသော်လည်း များစွာဂရုမစိုက်ပေ။
ကဲလ်သက်ပြန်လာတော့ကော ဘာဖြစ်လဲ...သူ့ရဲ့စွမ်းဆောင်မှုတွေက ရှေးခေတ်အချိန်တွေမှာကျန်ရစ်ခဲ့ပြီ...အထူးသဖြင့် အင်းစ်မိသားစုက ငါတို့ရဲ့စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့ နေရေတွင်းကိုပေးအပ်လာပြီးတဲ့နောက် ငါတို့ကကဲလ်သက်ကိုမလိုအပ်တော့ဘူး...ငါတို့ရဲ့ရီလာကလန်ဟာ သွေးနတ်သူငယ်တွေရဲ့ အစစ်အမှန်ခေါင်းဆောင်ဖြစ်လာဖို့ အချိန်အကြာကြီးယူရမှာမဟုတ်ဘူး
အဓိကတပ်ဖွဲ့များက စစ်မြေပြင်သို့ဝင်ရောက်လာချိန်တွင် ဂေါ်လောခ့်များ၏သေဆုံးမှုနှုန်းက ချက်ချင်းမြင့်တက်လာခဲ့သည်။
အားဂီးးး....
ကျယ်လောင်သောဟိန်းဟောက်သံများက တဖန်ပြန်လည်ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဂေါ်လောခ့်များသည် ရွှံ့နွံများအတွင်းမှ အများအပြားတိုးထွက်လာခဲ့ကြပြီး ထိုဂေါ်လောခ့်များသည် ပိုမို၍သွေးဆာလာကြပုံရသည်။
"သေစမ်း...ငါးလူသားတွေက ပိုပြီးရောက်လာကြပြီ"
အထိတ်တလန့်အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် ဂေါ်လောခ့်များသည် နေရာတိုင်းမှနေ၍ တိုးထွက်လာကာ သူတို့ထံချဉ်းကပ်လာရန် ကြိုးစားနေကြောင်း ရှောင်ယုတွေ့လိုက်ရသည်။ ဤအရာသည် ခိုးဝင်တိုက်ခိုက်ရန်အတွက် ကောင်းမွန်သောဗျူဟာတစ်ခုဖြစ်သော်လည်း ရှောင်ယု၊လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့သည် သက်သက်လွတ်သမားများမဟုတ်ကြပေ။ သူတို့သည် ထိုဗျူဟာအားမျက်လုံးထဲပင်မထည့်ကြပေ။
ဂေါ်လောခ့်များသည် သူတို့၃ယောက်အား အရေအတွက်အားသာချက်ဖြင့် ခြုံခိုတိုက်ခိုက်ရန် ကြိုးပမ်းလာကြသော်လည်း ထိုနည်းဗျူဟာသည် အလုပ်မဖြစ်ခဲ့ပေ။
"ကြည့်ရသလောက်ကတော့ ဒီရွှံနွံတွေအတွင်းမှာ တစ်စုံတစ်ယောက်ကပုန်းအောင်းနေပြီး ဂေါ်လောခ့်တွေကိုထိန်းချုပ်နေတာပဲ...ဒီဂေါ်လောခ့်တွေရဲ့ အရေပြားကိုပိုက်ဆံအိတ်တွေ၊ဖိနပ်တွေနဲ့အဝတ်အစားတွေလုပ်နိုင်တာပဲ"
ရှောင်ယုကရယ်မောလိုက်သည်။
သူ၏ယခင်ဘဝ၌ အဖိုးတန်သောဖိနပ်များ၊လက်ကိုင်အိတ်များနှင့်ပိုက်ဆံအိတ်များကို မိကျောင်းသားရေဖြင့်ပြုလုပ်ထားကြောင်း ရှောင်ယုကြားဖူးခဲ့သည်။ ယခုအခါ ထိုအခွင့်အရေးသည် သူ့အားတံခါးလာခေါက်နေပြီဖြစ်သည်။ သူသည် ဂေါ်လောခ့်အသေကောင်များ၏အရေပြားက်ိုစုဆောင်းကာ ကောင်းမွန်သောအရာများအဖြစ်ဖန်တီး၍ ပြန်လည်ရောင်းချရန်စီစဉ်ထားသည်။
"မင်းဘာလို့အရမ်းပျော်နေရတာလဲ..."
လင်းမူရွယ်သည် ရှောင်ယု၏ထူးဆန်းသောအမူအရာကို ရိပ်စားမိလိုက်သည်။ သူဘာလို့အရမ်းပျော်နေရတာလဲ...
ဤအခိုက်အတန့်တွင် ဂေါ်လောခ့်များ၏အရေအတွက်သည် ယခင်ကထက်များစွာတိုးပွားလာ၍ ပြဿနာအနည်းငယ်ရှိလာခဲ့ပြီဖြစ်သည်။
"သူတို့ရဲ့အရေပြားတွေက သားရေပစ္စည်းတွေကိုထုတ်လုပ်ဖို့ အကောင်းဆုံးဆိုတာကို မင်းမသိဘူးလား...ပြီးတော့သူတို့ကအသုံးပြုဖို့လွယ်ကူတယ်"
ရှောင်ယုသည် လင်းမူရွယ်တစ်ယောက် ဂေါ်လောခ့်အရေပြားဖြင့်ပြုလုပ်ထားသည့် သားရေဘီကီနီနှင့်သားရေမီနီစကတ်အား ဝတ်ဆင်ထားသည့်မြင်ကွင်းကိုပုံဖော်ရင်း ပြုံးလိုက်မိသည်။
သေချာတာပေါ့...ငါကလွဲပြီး အဲလိုမြင်ကွင်းကိုဘယ်သူမှမခံစားရစေဘူး...
ဂေါ်လောခ့်များ၏အရေပြားဖြင့် သားရေအဝတ်အစားများကို ပြုလုပ်နိုင်ကြောင်းသိရှိလိုက်ရချိန်တွင် လင်းမူရွယ်သည်လည်းကျေနပ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ၄မီတာအမြင့်ရှိသောဂေါ်လောခ့်တစ်ကောင်သည် သူတို့၏မြင်ကွင်းရှေ့၌ထွက်ပေါ်လာခဲ့သည်။ ထိုလက်ရွေးစင်ဂေါ်လောခ့်သည် ဤဂေါ်လောခ့်များကိုထိန်းချုပ်နေပုံရပေသည်။ ရှောင်ယုသည် ထိုဂေါ်လောခ့်များဝိုင်းရံသတ်ဖြတ်ရန် အောစ့်များကိုအမိန့်ပေးလိုက်သည်။ ထို့နောက် အောစ့်များကထိုဂေါ်လောခ့်အသေကောင်ကို ပြန်လည်ယူဆောင်လာခဲ့သည်။ ရှောင်ယုသည် ထိုဂေါ်လောခ့်အသေကောင်၏ အရေပြားကိုစစ်ဆေးနေချိန် အခြားသူများကတိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ လီယိုနာဒိုသည် ရှောင်ယုအားအထင်သေးစွာစိုက်ကြည့်နေစဉ် နီကိုးလပ်စ်ကတော့ စိတ်ဝင်တစားစိုက်ကြည့်နေခဲ့သည်။
သူတို့၏နည်းဗျူဟာသည် မအောင်မြင်ကြောင်းသိရှိသွားပြီးနောက်တွင် ဂေါ်လောခ့်များသည် မုန်တိုင်းတိုက်သကဲ့သို့ အပြင်းအထန်မတိုက်ခိုက်တော့ပေ။ ထိုအစားသူတို့သည် လူသားများကိုစတင်ဝိုင်းရံလာကြသည်။ ဂေါ်လောခ့်များသည် ယခင်ကလိုအန္တာရယ်ကြီးကြီးမားမားမပေးနိုင်သော်လည်း သူတို့သည်လူသားများ၏စိတ်ဝိညာဉ်အပေါ် ကြီးကြီးမားမားဖိအားပေးနိုင်ခဲ့သည်။
"သူတို့ကငါတို့ကို ဝိုင်းထားဖို့အတွက်ကြိုးစားနေကြတာလား...ငါတို့ဖောက်ထွက်ရမယ်...အဲလိုမှမဟုတ်ရင် ငါတို့ကနည်းနည်းအခြေအနေဆိုးသွားလိမ့်မယ်...ငါတို့ကရွှံနွံတွေနဲ့သိပ်ပြီး အဆင်မပြေဘူး"
နီကိုးလပ်စ်သည် အခြေအနေအားသတိပြုမိချိန်တွင် အမိန့်ပေးလိုက်သည်။ ရန်သူများသည် အလွန်အားနည်းနေလျှင်တောင်မှ သူသည်ရန်သူများအပေါ်သို့ ပေါ့ပေါ့ပါးပါးမဆက်ဆံတတ်ပေ။ သူသည် ကြီးကြီးမားမားဆုံးရှုံးမှုအား မခံစားလို၍အရာအားလုံးက်ို စနစ်တကျထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့သည်။
လူတိုင်းသည် သူတို့၏ကိုယ်ပိုင်ခြေကုပ်နေရာကိုစွန့်ခွာ၍ ရှေ့သို့တစ်လှမ်းချင်းစတင်ရွေ့လျားလာကြသည်။ သို့သော်လည်း တိုက်ပွဲအတွင်း၌ မှန်ကန်သည့်လမ်းကြောင်းကိုရှာဖွေရန် ခက်ခဲသည့်အတွက်ကြောင့် အချိန်ကြာလာသည်နှင့်အမျှ အသေအပျောက်များကလည်း စတင်၍များပြားလာခဲ့သည်။
"တစ်ယောက်ကိုတစ်ယောက်ကူညီကြ...ငါတို့ရဲ့အသက်တွေကိုဒီနေရာမှာ မဆုံးရှုံးစေနဲ့"
ရှောင်ယုက သူ၏တပ်သားများကို ဂေါ်လောခ့်များ၏အစာအဖြစ် မတွေ့မြင်စေလိုသည့်အတွက်ကြောင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
စွန့်စားသူများသည် အချင်းချင်းရင်းနှီးမှုမရှိသည့်အတွက် စည်းလုံးမှုမရှိကြပေ။ သို့သော်လည်း သူတို့၏အသက်ရှင်သန်လိုစိတ်ကြီးထွားလာချိန်တွင် သူတို့အချင်းချင်းကြားပြိုင်ဆိုင်မှုများ လျော့နည်းလာခဲ့သည်။
နာဂသည် အချိန်တိုအတွင်း အဆင့်၁၆သို့ရောက်ရှိသွားသည့်အတွက် ရှောင်ယုသည်အလွန်ပင်ဝမ်းသာသွားခဲ့သည်။
"အရာရာသာချောချောမွေ့မွေ့ဖြစ်နေရင် တိုက်ပွဲအဆုံးမှာသူမကအဆင့်၂၀ကို ရောက်သွားလိမ့်မယ်"
ရှောင်ယုကညဉ်းညူလိုက်သည်။
နာဂသည် ခေါင်းကိုမြှောက်ကာ ဟိန်းဟောက်လိုက်သည်။ အဆင့်တက်လာသည်နှင့်အမျှ သူမ၏တိုက်ခိုက်မှုန်အရှိန်သည် တဖန်ပြန်လည်၍ မြင့်တက်လာခဲ့သည်။ ထို့ပြင်သူမသည် ကွေ့ကောက်လျှပ်စီးကြောင်းနှင့်ရေခဲမြှားများကို အသုံးပြုနေခဲ့သည်။ သူမသည် ဒါဇင်နှင့်ချီသောမြှားများကိုပစ်လွှတ်နေခဲ့ပြီး ထိုမြှားချက်တိုင်းက ရန်သူကိုထိမှန်ခဲ့သည်။
ရှောင်ယုသည် နာဂ၏လုံခြုံရေးအတွက် အစောပိုင်းတွင်စိုးရိမ်နေခဲ့သော်လည်း ထိုစိုးရိမ်မှုများမှာ ယခုအချိန်၌အခြေအမြစ်မရှိတော့ပေ။ ရေထဲတွင်ကူးခတ်နေသော နာဂ၏အရှိန်နှုန်းသည် သူမအဆင့်တက်သွားသည်နှင့် ပိုမိုမြန်ဆန်လာခဲ့သည်။ ဤနည်းဖြင့်သူမသည် အခွင့်အရေးတစ်ခုကိုရရှိတိုင်း လှည့်ပတ်၍တိုက်ခိုက်နေခဲ့သည်။
Than For Reading.