← Chapters

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း ၃၆၄ - တွက်ချက်ခြင်း

ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်များသည် ကျယ်လောင်စွာဟိန်းဟောက်ကာ ယခင်ကထက်ပို၍ ပြင်းထန်စွာတိုက်ခိုက်လာသောကြောင့် လူတိုင်းထိတ်လန့်သွားကြသည်။

သူတို့သည် ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်များကိုသတ်ဖြတ်နိုင်မည်ဟု လူတိုင်းယုံကြည်ခဲ့သော်လည်း ယခုအခါ၎င်းတို့၏တိုက်ခိုက်မှုများသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ထိတ်လန့်ဖွယ်ကောင်းလာခဲ့သည်။ သူတို့ဘေးနားတွင်ရှိနေသောအလောင်းသည် ရုတ်တရက်ခုန်အုပ်ကာ တိုက်ခိုက်လာမည်ဟု မည်သူကထင်ထားခဲ့မည်နည်း။

သူရဲကောင်းအမြောက်အများသည် အသက်ရှုချိန်အနည်းငယ်အတွင်း သေဆုံးသွားခဲ့ရသည်။ ထိုသူရဲကောင်းများသည် သူတို့၏အသက်ကိုထိန်းသိမ်းရန်အတွက် သူတို့၏လက်နှင့်ခြေထောက်ကို စွန့်လွှတ်ခဲ့ရသည်။ အဆုံးသတ်တွင် သူတို့သည်ပြင်းထန်သောဒဏ်ရာများကြောင့် တိုက်ခိုက်ရန်ခွန်အားမရှိကြတော့ပေ။ ထိုကဲ့သို့သောလူများသည် နေဝင်ချိန်နွံအိုင်ကဲ့သို့ အန္တာရယ်များပြားသည့်နေရာတွင် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏အမြင်၌ ဝန်ထုပ်ဝန်ပိုးများဖြစ်လာကြသည်။

သူတို့သည် ရှောင်ယုလုပ်ဆောင်သကဲ့သို့ ထိုလူများကိုကုသပေးရန်အတွက် အနာကျက်ဆေးများနှင့်အဖိုးတန်ဆေးဝါးများကိုအသုံးမပြုနိုင်ကြောင်း သိထားသင့်သည်။ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့အတွက် အနာကျက်ဆေးများသည် ဗျူဟာမြောက်ဆေးဝါးများဖြစ်ကြပြီး ၎င်းတို့ထံ၌ပင်အမြောက်အများရှိမနေခဲ့ပေ။ အထူးသဖြင့် ထိုဆေးဝါးများသည် သူတို့ကိုယ်တိုင်ဒဏ်ရာပြင်းထန်စွာရရှိချိန်တွင် အသုံးပြုရန်ချန်လှပ်ထားခြင်းဖြစ်သည်။

ဒဏ်ရာရရှိထားသည့် စစ်သည်တော်များကို စွန့်ပစ်ရခြင်း၏အခြားသောအကြောင်းရင်းတစ်ခုမှာ အခြားသူများလွတ်မြောက်ခွင့်ရရန် အခွင့်အရေးဖန်တီးခြင်းဖြစ်သည်။

" ဘာတွေဖြစ်ကုန်တာလဲ "

နီကိုးလပ်စ်နှင့်လီယိုနာဒိုနှစ်ဦးလုံးသည် ချက်ချင်းဒေါသပေါက်ကွဲသွားကြသည်။ မှော်ဆရာများသည် အလွန်အဖိုးတန်သောတပ်ဖွဲ့ဝင်များဖြစ်ကြပြီး ယခုအခါမှော်ဆရာအမြောက်အများသည် ချက်ချင်းသတ်ဖြတ်ခံခဲ့ရသည်။ ထိုသို့သောဆုံးရှုံးမှုမျိုးကြောင့် သူတို့သည်အလွန်ပင်ဒေါသထွက်သွားခဲ့ရသည်။

သူတို့နှစ်ယောက်နှင့်ယှည်လျင် ရှောင်ယု၏ဆုံးရှုံးမှုက ပိုမိုနည်းပါးပေသည်။ ထိုသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းပြချက်မှာ ရှောင်ယုသည် ထိုဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်များ၏အလောင်းကို နဂါးလေး၏ပါးစပ်ထဲသို့ပစ်ထည့်လိုက်၍ဖြစ်သည်။

ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်တစ်ကောင်သည် စတုတ္ထအဆင့်နဂါးတစ်ကောင်ကို သတ်ဖြတ်နိုင်မည်လား...

ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်များက လာရောက်ကိုက်ဖြတ်ချိန်တွင် နဂါးလေးကသိမ်မွေ့စွာ အိပ်မောကျနေခြင်းဖြစ်သည်။ ထိုအချိန်တွင် ဂေါ်လောခ့်ကိုက်ဖြတ်လိုက်သော ဒဏ်ရာသည်သာမန်မျက်စိဖြင့်မြင်နိုင်သော အရှိန်နှုန်းဖြင့်ပျောက်ကင်းသွားသော်လည်း နဂါးလေးကဒေါသထွက်သွားခဲ့သည်။

နောက်ဆုံး၌ရှိနေသောအူသာသည် လင်းမူရွယ်အားကာကွယ်ပေးရန်အတွက် ဒိုင်းတစ်ခုအားပြုလုပ်ရန် သူ၏အကာအကွယ်ကျွမ်းကျင်မှုကို ထုတ်သုံးခဲ့သည်။ ထိုဂေါ်လောခ့်များသည် လင်းမူရွယ်အားတိုက်ခိုက်လိုသောကြောင့် ရှောင်ယုဒေါသထွက်သွားရသည်။ သူသည် သူမအားနည်းနည်းလေးတောင် အထိခိုက်မခံလိုပေ။ ထို့ကြောင့်သူသည် ခြင်္သေ့မြို့မှမထွက်ခွာမှီတွင် ဆရာဟစ်ဂင်ထံမှယူလာသော မှော်စာလိပ်အနည်းငယ်ကိုထုတ်ယူခဲ့သည်။

ဗုံးးး....

ပေါက်ကွဲသံများထွက်ပေါ်လာပြီးနောက် ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်များသည် ချက်ချင်းဖြိုခွဲခံလိုက်ရသည်။ ရှောင်ယုသည် ပေါက်ကွဲမှုဖြစ်ပွားနေချိန်တွင် ပဥ္စမအဆင့်သူရဲကောင်းများနှင့်ယှဉ်နိုင်သည့် ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်များပင် မရှင်သန်နိုင်ကြောင်းယုံကြည်ခဲ့သည်။

မှော်ကဝေများက ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်များကို သိုးများအဖြစ်ပြောင်းလဲပစ်ခဲ့သည်။

ထို့ကြောင့် ရှောင်ယုဘက်မှဆုံးရှုံးမှုများသည် ပိုမိုနည်းပါးသွားခဲ့သည်။ သူ့ဘက်မှ အချိန်မှီမတုံ့ပြန်နိုင်သည့် နတ်ဆရာ၄ယောက်သာ သေဆုံးခဲ့သည်။ အပြင်းအထန်ဒဏ်ရာရခဲ့သော သူရဲကောင်းများစွာရှိခဲ့သော်လည်း ရှောင်ယုသည် အနာကျက်ဆေးများကိုအသုံးပြုခဲ့သလို အူသာကလည်း ၎င်းတို့အားကုသပေးရန်အတွက် သူ၏ကုသရေးအစွမ်းကိုအသုံးပြုခဲ့သည်။

" မင်းအမေပဲပေါ့ ... အဲဒါဘာကောင်တွေလဲ ... ဒီနတ်ဆိုးတွေကငါ့ပါးစပ်ထဲဘယ်လိုအဆုံးသတ်လိုက်တာလဲ "

နဂါးလေးသည် ဒေါသပေါက်ကွဲသွားခဲ့ကာ ကြီးမားသောနံချပ်ကူနှစ်ခုအားထုတ်ယူကာ ဂေါ်လောခ့်များကိုစတင်တိုက်ခိုက်ခဲ့သည်။ နဂါးလေးသည် ဒေါသထွက်နေသောလေသံဖြင့်ပြောနေသော်လည်း နဂါးလေး၏လေသံသည် ကလေးနှင့်တူနေသည့်အတွက် ၎င်း၏ပါးစပ်မှထွက်လာသောစကားလုံးများသည် ရိုင်းစိုင်းပုံမပေါ်သော်လည်း ချစ်စရာကောင်းနေခဲ့သည်။

" မင်းတို့အားလုံးကို သတ်မယ် "

နဂါးလေးသည် စစ်မြေပြင်တွင် သောင်းကျန်းရန်အတွက် နံချပ်ကူကိုအသုံးပြုနေခဲ့သည်။

" မင်းအမေပဲ ... ငါတို့ဘက်က လေးယောက်ဆုံးရှုံးသွားခဲ့ပြီ ... ဘာလို့လဲ "

ရှောင်ယုက စိတ်ဆင်းရဲမှုအပြည့်ဖြင့် ကြေကွဲစွာအော်ဟစ်လိုက်သည်။ သူ၏လက်အောက်ငယ်သားများအပေါ် ရှုမြင်ပုံသည် လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့၏ ပုံစံနှင့်လုံးဝကွဲပြားနေကာ ပြောင်းလဲ၍မရနိုင်ပေ။ ရှောင်ယုသည် သူ့လက်အောက်ရှိလူမျိုးအားလုံးကို တန်ဖိုးထားအသိအမှတ်ပြုပေသည်။ ထို့ပြင် သူသာလက်အောက်ငယ်သားများ၏အသက်ကို ရတနာများထက်တန်ဖိုးမထားပါက တိုင်ရန်ဒီနှင့်အခြားသူများသည် သူ့အားလေးစားတော့မည်မဟုတ်ပေ။

အမှန်တော့ ရှောင်ယုသည် အခြားသောအဖွဲ့၂ခုနှင့်ယှဉ်ပါက အလွန်ကံကောင်းပေသည်။ ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်အကောင်၃၀ကျော်သည် သူတို့အားတိုက်ခိုက်လာသော်လည်း ရှောင်ယု၏အဖွဲ့က်ိုတိုက်ခိုက်ရန် ၎င်းတို့အနက်မှ၈ကောင်သာ ဦးတည်ခဲ့သည်။ ကျန်ရှိနေသော ဂေါ်လောခ့်အကောင်၂၀ကျော်သည် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏အဖွဲ့များကို ဝိုင်းရံခဲ့သည်။ ထို့ပြင် နဂါးလေး၏လျင်မြန်သောလုပ်ဆောင်ချက်များကလည်း ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်များကို သတ်ဖြတ်ခဲ့သည်။

ရှောင်ယုသည် ထိုဂေါ်လောခ့်များ၏အလောင်းများ တဖန်ပြန်လည်နိုးထလာမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ထိုအလောင်းများကိုအပိုင်းပိုင်းခွဲရန် အမိန့်ပေးလိုက်သည်။ ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်များသည် မည်သို့မှတုံ့ပြန်ခြင်းမရှိဘဲ သေဆုံးသွားခဲ့သော်လည်း အောစ့်များ၏တိုက်ခိုက်မှုကြောင့် သူတို့၏အလောင်းများသည် တစစီဖြစ်သွားခဲ့ရသည်။

နီကိုးလပ်စ်သည် လူပေါင်းများစွာကို ဆုံးရှုံးခဲ့ရသည်။ အမှန်တော့ ရီလာကြောင့်သာမဟုတ်ပါက ယခုထက်ပိုပြီးဆုံးရှုံးရမှာဖြစ်သည်။ နေဖြိုသူမျိုးနွယ်စုမှ သွေးနတ်သူငယ်များသည် ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်များကိုသတ်ဖြတ်ရန် ရက်စက်ကြမ်းကြုတ်သောမှော်ပညာကို အသုံးပြုခဲ့သည်။ ၎င်းတို့အများစုမှာ မည်သို့မှမတုံ့ပြန်နိုင်ဘဲ ပြာများအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

သွေးနတ်သူငယ်များ၏ ခန္ဓာကိုယ်အနှံ့ လှုပ်ရှားနေသောမှော်စွမ်းအင်အပြောင်းအလဲများအား တွေ့မြင်လိုက်ရချိန်တွင် လူတိုင်း၏နှလုံးသားသည် တုန်လှုပ်သွားခဲ့ရသည်။ ထိုသွေးနတ်သူငယ်များသာ သူတို့အားတိုက်ခိုက်လာပါက မည်သို့ဖြစ်လာမည်နည်း။ ရီလာ၏တိုက်ခိုက်မှုအား တွေ့မြင်လိုက်ချိန်တွင် ရှောင်ယု၏အကြည့်များတောက်ပသွားခဲ့သည်။ သွေးနတ်သူငယ်ဘိုးဘေးသည် အမှန်တကယ်ပင်အစွမ်းထက်လှပေသည်။

သို့သော် သူ၏ခန္ဓာကိုယ်မှပေါက်ကွဲထွက်ပေါ်လာသည့် မှော်ဒြပ်စင်များကသာ မှော်စွမ်းအင်အပြောင်းအလဲအား ဖန်တီးပေးနေခြင်းဖြစ်သည်။ ရီလာသည် နေရေတွင်း၏စွမ်းအင်ကို အပြည့်အဝထိန်းချုပ်နိုင်ပုံမရသေးပေ။ မည်သို့ပင်ဆိုစေကာမူ နီကိုးလပ်စ်သည် ၎င်းကိုအလွန်နှစ်သက်ခဲ့သည်။ ရီလာကြောင့်သာမဟုတ်ပါက သူသည်ယခုလိုဆက်သွားနိုင်မှာမဟုတ်ပေ။ ဂေါ်ဒွန်၏ဦးခေါင်းခွံအား တိုက်ပွဲဝင်ရမည့်အချိန်တွင် ရီလာကိုရရှိထားခြင်းက ကြီးကြီးမားမားအကူအညီရစေသည်။ ရီလာ၏ကူညီမှုကြောင့်သာမဟုတ်ပါက သူသည်ကြီးမားသောဝှက်ဖဲအချို့ကို ထုတ်ဖော်ရမှာဖြစ်သည်။

လီယိုနာဒိုသည် ပြင်းထန်သောအသေအပျောက်များနှင့်ရင်ဆိုင်ခဲ့ရပြီး စွမ်းအားကြီးကျွမ်းကျင်သူ၄ယောက်ကို ဆုံးရှုံးခဲ့ရသည်။ အမှန်တော့ လီယိုနာဒိုသည် သူ၏ဝှက်ဖဲများအားထုတ်သုံးရန် အသင့်ပြင်ဆင်ထားပြီးဖြစ်သော်လည်း သူ၏လူများသည် ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်များကို အချိန်မှီသတ်ဖြတ်နိုင်ခဲ့သည်။ စစ်မြေပြင်တွင် တိုက်ပွဲများတဖန်ပြင်းထန်လာခဲ့သည်။သူတို့သည် ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်၃၀ကျော်ကိုသတ်ဖြတ်နိုင်ခဲ့သော်လည်း စိတ်ရိုင်းဝင်နေသောဂေါ်လောခ့်အမြောက်အများ ကျန်ရှိနေသေးသည်။

လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့သည် ရှောင်ယုအားလက်ဝှေ့ယမ်းပြကာ ရှေ့တိုး၍ထိုဂေါ်လောခ့်များကို သတ်ဖြတ်ရန်ပြင်ဆင်လိုက်ကြသည်။

"အထဲထိတိုးမဝင်နဲ့...သူတို့စပြီးနောက်ဆုတ်နေပြီ"

ရှောင်ယုကမျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ သူတို့သည် နေဝင်ချိန်နွံအိုင်သို့ရောက်ပြီးကတည်းက တင်းကျပ်သောအခြေအနေ၌ရှိနေကြောင်း သူသတိထားမိလိုက်သည်။

" အဲလိုပဲလား ... ငါတို့ကိုဒီတိုင်းလွှတ်ထားစေချင်တာလား ... ငါကမင်းလိုမဟုတ်ဘူး ... ငါတို့ကအသေအပျောက်တွေအများကြီးရင်ဆိုင်ခဲ့ရတယ် "

နီကိုးလပ်စ်သည် ယခုအချိန်တွင်ရှောင်ယုအား စတင်ဆန့်ကျင်ခဲ့သည်။ ဤတိုက်ပွဲတွင် ရှောင်ယု၏စွမ်းဆောင်မှုသည် လွန်စွာထူးဆန်းနေခဲ့သည်။ ရှောင်ယုသည် ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်များကိုရင်ဆိုင်ရာ၌ အသေအပျောက်အနည်းဆုံးဖြစ်ခဲ့သည်။

ရှောင်ယုသည် ဒေါသထွက်နေသောနီကိုးလပ်စ်အား ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။

" မင်းတို့ကခုထိသဘောမပေါက်ကြသေးဘူးလား ... ငါတို့ရဲ့ကစားပွဲကပြီးသွားပြီ "

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ရှောင်ယု၏စကားကိုနားထောင်ပြီးနောက်တွင် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း အံ့အောသွားခဲ့ကြသည်။

"မင်းဘာကိုပြောချင်တာလဲ...ရှင်းပြ"

နီကိုးလပ်စ်သည် ရှောင်ယု၏လုပ်ရပ်ကို အလွန်ပင်မကျေမနပ်ဖြစ်နေသော်လည်း ရှောင်ယုသည် သူတို့သတိမထားမိသည့်အရာများကို သူတို့အားမျှဝေလိုနေကြောင်း သတိပြုမိပေသည်။

ရှောင်ယုသည် သေဆုံးနေသောဂေါ်လောခ့်များကို စစ်ဆေးပြီးနောက်ဖြေးညင်းစွာပြောလိုက်သည်။

" ဂေါ်လောခ့်တွေရဲ့တိုက်ခိုက်ပုံနဲ့ ညဏ်ရည်ညဏ်သွေးဟာ လူတွေထက်မနိမ့်ကျဘူး ... ခုဘာတွေဖြစ်နေလဲဆိုတာ မင်းတို့နားမလည်ကြသေးဘူးလား ... သာမန်ဂေါ်လောခ့်တွေကစဉ်းစားဉာဏ်မရှိကြပေမဲ့ ဂေါ်လောခ့်ခေါင်းဆောင်ကတော့အဲလိုမဟုတ်ဘူး .... တကယ်လို့ငါတို့ကသာ သူတို့ရဲ့အစာအဖြစ်မပြောင်းလဲချင်ရင် ငါတို့ချက်ချင်းရပ်လိုက်ရမယ် "

ရှောင်ယု၏စကားများသည် မိုးခြိမ်းသံကဲ့သို့သူတို့၏ခေါင်းထဲ တိုးဝင်သွားခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် အစကတည်းကထိုသို့အသေးစိတ်အချက်အလက်များကို လျစ်လျူရှုခဲ့မိသည်။ သူတို့သည် ရှောင်ယု၏သတိပေးမှုကိုမရပါက ဂေါ်လောခ့်များနောက်သို့ဆက်လက်လိုက်ပါသွားကြမှာဖြစ်သည်။ သို့သော် ဤအခိုက်အတန့်၌ ထိုဂေါ်လောခ့်များသည် အလျင်စလိုတိုက်ခိုက်သတ်ဖြတ်ရန်ကိုသာသိသော သာမန်သားရဲများမဟုတ်ကြောင်း သူတို့နားလည်လိုက်ကြသည်။

" ရှောင်ယု ... မင်းဘာလို့အစောကတည်းက ငါတို့ကိုဒီအကြေကာင်းမပြောခဲ့ရတာလဲ ... မင်းကငါတို့ကိုဆုံးရှုံးမှုများအောင်လို့ တမင်စောင့်ဆိုင်းနေတာမဟုတ်လား "

ရှောင်ယုသည် အသေးစိတ်အကျဆုံးအချက်အလက်ကို လျစ်လျူရှုထားသောကြောင့် နီကိုးလပ်စ်၏မျက်နှာသည်နီမြန်းသွားခဲ့သည်။

" မင်းအမှန်တရားကိုကြားချင်လား "

ရှောင်ယုသည် သူတို့နှစ်ယောက်လုံး အမူအရာပျက်ယွင်းနေသည်ကိုမြင်သောအခါ ဖြေးညင်းစွာပြောလိုက်သည်။

" ငါအဲ့အကြောင်းကိုတွေးမိတဲ့အချိန်မှာ မင်းတို့ကငါ့ကိုစကားပြောဖို့ ဒါမှမဟုတ် ရှင်းပြဖို့အချိန်မပေးခဲ့ဘူး ... ငါဘာလုပ်ပေးရမှာလဲ ... မင်းတို့မမြင်ကြဘူး ... ငါ့ရဲ့အဖိုးတန်နတ်ဆရာ၄ယောက်ကိုငါဆုံးရှုံးလိုက်ရတယ် ... သူတို့တစ်ယောက်ချင်းစီက ငါ့အတွက်အရေးပါတယ် ... ငါကကောဝမ်းမနည်းသင့်ဘူးလား "

ရှောင်ယု၏စကားအဆုံးတွင် မျက်ရည်များစတင်စီးကျလာခဲ့သည်။ ရှောင်ယု၏စကားကိုနားထောင်ပြီးနောက် လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့သည် မအီမသာဖြစ်သွားခဲ့ကာ နှစ်ယောက်လုံးအချိန်အတော်ကြာတိတ်ဆိတ်နေခဲ့သည်။

ခဏအကြာတွင် နီကိုးလပ်စ်က စတင်ပြောဆိုလာခဲ့သည်။

" ငါတို့ကမဟာမိတ်တွေပဲရှောင်ယု ... အနာဂတ်မှာမသကာင်္စရာတစ်ခုခုတွေ့ရင် ငါတို့ကိုပြောပြသင့်တယ် ... ငါတို့ကနေဝင်ချိန်နွံအိုင်ကိုရောက်နေတာပဲ ... ငါတို့သာလူတွေအများကြီးဆုံးရှုံးသွားရင် မင်းကိုယ်တိုင်ရှေ့ဆက်သွားလို့ရမယ်ထင်လား "

ရှောင်ယုသည် နီကိုးလပ်စ်၏စကားနောက်ကွယ်မှ အရင်းခံစိတ်သဘောထားကို နားလည်သဘောပေါက်လိုက်၍ ခေါင်းညိတ်ပြလိုက်သည်။ အမှန်တော့သူသည် ဤသို့ဖြစ်လာမည်ကိုကြိုမသိခဲ့သော်လည်း တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိပေသည်။ ထိုအရာသည် အခြေအနေအားထိုးထွင်းသိမြင်စေသည့် သရောလ်၏အဝေးမြင်ကွင်းကျွမ်းကျင်မှု၏ နောက်ဆက်တွဲရလဒ်ဖြစ်ပုံရသည်။

" သေစမ်းပါကွာ .... ဒီနေရာမှာတင်ငါတို့လူတော်တော်များများဆုံးရှုံးလိုက်ရပြီ ... ငါတို့ဒီနေရာကနေ မြန်မြန်ထွက်မှရမယ် "

လီယိုနာဒိုက အေးစက်သောလေသံဖြင့်ပြောလိုက်သည်။ ရှောင်ယုနှင့်နီကိုးလပ်စ်တို့အကြားဆက်ဆံရေးသည် သူနှင့်ရှောင်ယုကဲ့သို့မဆိုးဝါးကြောင်း သူသိပေသည်။ သို့သော်လည်း သူယခင်ကကြုံတွေ့ခဲ့ရသည့် အရှုံးရလဒ်ကိုမပယ်ဖျက်နိုင်ပေ။

ရှောင်ယုသည် ပတ်ဝန်းကျင်အားလှည့်ကြည့်လိုက်ရာ နေဝင်ချိန်နီးပြီဖြစ်၍ တဖြည်းဖြည်းမှောင်ရိပ်ကျလာကြောင်း တွေ့လိုက်ရသည်။ နေအလင်းရောင်ပျောက်ကွယ်လာချိန်တွင် နေဝင်ချိန်နွံအိုင်တစ်ခုလုံးရှိ အငွေ့အသက်များပိုမိုပြင်းထန်လာခဲ့သည်။ ညအချိန်တွင် လူသားများသည် နေဝင်ချိန်နွံအိုင်ရှိသားရဲများနှင့်အခြားသောသက်ရှိများအပေါ် အာရုံခံနိုင်စွမ်းရှိမည်မဟုတ်ပေ။ သူတို့သည် ဂေါ်လောခ့်များကိုလိုက်လံသတ်ဖြတ်ရန်မဆိုနှင့် အသက်ရှင်ရန်ပင် ရုန်းကန်ရမည်ဖြစ်သည်။

" ဒီနတ်ဆိုးသားရဲတွေဝိုင်းခံလိုက်ရရင် ဒီညဒီမှာနေလို့ရပါမလား "

နီကိုးလပ်စ်၏မျက်နှာသည် ဆိုးရွားသွားခဲ့သည်။ သူသည်ရှောင်ယု၏လှုပ်ရှားမှုကို သတိထားမိချိန်တွင် ခက်ခဲသောအချိန်များကျရောက်လာတော့မည်ကို နားလည်လိုက်သည်။ ဤနေရာတွင် ဂေါ်လောခ့်အမြောက်အများရှိနေပြီး သူတို့်အားအစာများအဖြစ်သတ်မှတ်ထားကြပုံရသည်။ ထို့ကြောင့်သူတို့သည် ဤနေရာ၌ဘေးကင်းကင်းဖြင့် အနားမယူနိုင်ပေ။

မှော်ဆရာများသည် မြေပြင်ကိုအကန့်အသတ်မရှိ အေးခဲမှုမလုပ်ဆောင်နိုင်ကြောင်း သိထားသင့်ပေသည်။ သူတို့သည်ထိုအခြေအနေကို တစ်ချိန်လုံးထိန်းထားရန်မဖြစ်နိုင်ပေ။ ထို့ပြင် ဂေါ်လောခ့်များသည် ရေခဲလမ်းများအောက်ရေပြင်တွင် ရေကူး၍သူတို့ထံရောက်လာန်ိုင်သည်။

သူတို့၃ဖွဲ့အတူတကွတိုက်ခိုက်စဉ်က အခြေအနေသည်မဆိုးသော်လည်း ယခုမူများစွာပြောင်းလဲနေပြီဖြစ်၍ ရှောင်ယုသက်ပြင်းချမိလိုက်သည်။ ဂေါ်လောခ့်များအား ထိန်းချုပ်ထားသူသည် နေဝင်ချိန်နွံအိုင်သို့သူတို့ဝင်လာကတည်းက သူတို့အားစောင့်ကြည့်နေကြောင်း ရှောင်ယုနားလည်လိုက်သည်။

လက်ရှိအချိန်တွင် သူတို့ကအကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည်။ သူတို့သည် ညအချိန်၌ရှေ့မတိုးနိုင်သလို နောက်လည်းမဆုတ်နိုင်ပေ။ သူတို့ဘာဆက်လုပ်ရမည်နည်း။

လူတိုင်းသည် သူတို့လက်ခံနိုင်လောကမယ့်အဖြေကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေကြသည်။

အခန်း ၃၆၅ - ညတိုက်ပွဲ

သူတို့၃ယောက်သည် အချင်းချင်းတိုင်ပင်ဆွေးနွေးပြီးနောက်တွင် ခေတ္တအနားယူရန်ဆုံးဖြတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ဂေါ်လောခ့်များကသူတို့အားအလစ်ဝင်ရောက်တိုက်ခိုက်မှုကို စောင့်ကြည့်ကာကွယ်ရန် သူတို့တပ်သားအချို့အား ကင်းလှည့်နေစေခဲ့သည်။

ရှောင်ယု ၊ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ထက်မြက်သောလူများဖြစ်ကြရာ ဂေါ်လောခ့်များသည် ညအချိန်၌တိုက်ခိုက်လာမည်ဖြစ်ကြောင်း သိရှိထားကြပြီးဖြစ်သည်။ လက်ရှိအခြေအနေတွင် ဂေါ်လောခ့်များက သူတို့အားဝိုင်းရံထားကြပြီး ညအချိန်တွင်လူသားများကိုတိုက်ခိုက်ရန်အတွက် ရွှံ့နွံများအတွင်းသို့စိမ့်ဝင်ကာ ပုန်းအောင်းနေကြသည်။ အစောပိုင်းတွင် လူတိုင်းက သူတို့သည်ရိုးရှင်းသောသားရဲများနှင့်သာ ရင်ဆိုင်ကြရမည်ဟု ယုံကြည်ထားခဲ့ကြသော်လည်း ယခုအခါအဆိုပါသားရဲများသည် လူသားများနှင့်နှိုင်းယှဉ်လျှင်ပင် ဗျူဟာဆွဲခြင်းနှင့်အစီအစဉ်ချမှတ်ခြင်း၌ အားမနည်းကြောင်းသိလာရသည်။ ထို့ကြောင့် လူတိုင်းသည်ညတိုက်ပွဲမစတင်မှီတွင် အတတ်နိုင်ဆုံးအားအင်ချွေတာရန် အနားယူရန် ဆုံးဖြတ်ခဲ့ကြသည်။

တိုက်ပွဲသည် အချိန်မရွေးဖြစ်ပွားနိုင်သည့်အတွက်ကြောင့် သူတို့သည်စခန်းချ၍ အနားမယူနိုင်ပေ။ ထို့ကြောင့်လူတိုင်းသည် အနားယူရန်ထိုင်ချလိုက်ကြပြီး သူတို့၏ခွန်အားကိုပြန်လည်ရယူလိုက်ကြသည်။ အချို့သောသူများသည် အစားအသောက်များစား၍အားဖြည့်နေကြပြီး အချို့မှာသူတို့၏ခြေထောက်အောက်မှ မြေပြင်များကိုဖိနင်းကြည့်၍ ထိုနေရာမှဂေါ်လောခ့်များ ထွက်လာနိုင်ခြင်းရှိမရှိ စစ်ဆေးနေကြသည်။

ရှောင်ယုအတွက်မူ သူ၏နံဘေး၌ ခိုင်ရင်း၊ဂရင်း၊တိုင်ရန်ဒီနှင့်အခြားသူရဲကောင်းများရှိနေသောကြောင့် များစွာစိုးရိမ်ခြင်းမရှိပေ။ ဂေါ်လောခ့်များသည် သူတို့အားလာရောက်တိုက်ခိုက်ပါက အသက်ရှင်လျက်ပြန်လည်ထွက်ခွာရန် မစဉ်းစားသင့်ပေ။ ရှောင်ယုသည် သူ၏လေကြောင်းတပ်ကိုပင် အနားယူရန်အမိန့်ပေးခဲ့သည်။ သူတို့သည် အဆုံးမရှိသောနွံအိုင်ထဲတွင်ရောက်နေ၍ အနားယူရန်ကုန်းပြင်မြင့်မရှိပေ။ ထို့ပြင် ဂရစ်ဖင်များသည်အမြဲလိုလိုမပျံသန်းနိုင်ပေ၊

ရွေးချယ်စရာမရှိတော့သည့်အဆုံးတွင် ရှောင်ယုသည် ဂရစ်ဖင်များဆင်းသက်ရန်အတွက် နေရာများကိုရွေးချယ်စမ်းသပ်ရန် အောစ့်စစ်သည်များကို အမိန့်ပေးခဲ့သည်။ လေကြောင်းတပ်များသည် မြေပြင်ပေါ်၌ဆိုလျှင် အလွန်ထိခိုက်ပျက်စီးလွယ်ပေသည်။ အန္တာရယ်တစ်စုံတစ်ခုကြုံတွေ့လာပါက ရှောင်ယုသည်လေကြောင်းတပ်များ၏ လုံခြုံရေးကိုဦးစားပေးအာမခံရန် အမိန့်ထုတ်ထားခဲ့သည်။ ထိုသို့လုပ်ဆောင်ပြီးမှသာ ဂရစ်ဖင်များသည်အနားယူရန် အချိန်အချို့ရရှိခဲ့သည်။

နီကိုးလပ်စ်နှင့် လီယိုနာဒိုတို့သည် သူတို့၏ဗျူဟာအကြောင်းကို ဆွေးနွေးရန်အချိန်သိပ်မကြာလိုက်ပေ။ ထို့ပြင် နီရဲနေသောမျက်လုံးများသည် နေရာအသီးသီးမှ သူတို့အားစောင့်ကြည့်နေခဲ့သည်။ ထိုဂေါ်လောခ့်များသည် လူသားများအားသတ်ဖြတ်ရမယ့်အချိန်ကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေကြသည်။

" ရှောင်ယု .. နတ်သူငယ်တွေရဲ့အမြင်အာရုံဟာ ညအချိန်မှာအကောင်းဆုံးပဲ ... တကယ်လို့တိုက်ခိုက်ခံရပြီဆိုရင် လူတိုင်းကိုသတိပေးရလိမ့်မယ် အဲလိုမှမဟုတ်ရင် ငါတို့အားလုံးက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အခြေအနေမှာရှိလိမ့်မယ် "

နီကိုးလပ်စ်သည် ရှောင်ယုအားကြည့်ရင်းပြောလိုက်သည်။ ရှောင်ယုသည် ဤအခွင့်အရေးကိုအသုံးပြုကာ သူတို့နှစ်ဦး၏ခွန်အားကိုလျော့ချရန်ကြိုးပမ်းလာမည်ကို နီကိုးလပ်စ်စိုးရိမ်နေမိသည်။

ရှောင်ယုကပြုံး၍ပြောလိုက်သည်။

" ငါကအဲလောက်အောက်တန်းကျမယ်လို့ မင်းထင်နေတာလား ... လက်ရှိအခြေအနေတစ်ခုလုံးဟာ ငါတစ်ယောက်တည်းထက်ပိုပြီးအရေးကြီးနေတယ်လို့ ငါယုံကြည်တယ် ... ငါတို့ကမဟာမိတ်ဖွဲ့ထားတဲ့အချိန်မှာ မင်းလူတွေကိုအလဟာသမသေစေနဲ့ "

လီယိုနာဒိုက ဒေါသတကြီးပြန်ပြောလိုက်သည်။

" ငါတို့အများကြီးဆုံးရှုံးခဲ့ရတဲ့အချိန်တုံးက မင်းရဲ့လူတွေဟာတော်တော်လုံခြုံနေတာပဲ ... ငါတို့ကိုကိရိယာတွေလိုမဆက်ဆံနဲ့ "

ရှောင်ယုသည် သူတို့၏အတွေးများကို များစွာဂရုစိုက်မနေပေ။ သူသည် သူ၏ကိုယ်ပိုင်တပ်ဖွဲ့ကိုသာ ဂရုစိုက်ပေသည်။ သူ့လူများသာ အဆင်ပြေနေသရွေ့ သူ့အတွက်ပြသနာမရှိပေ။ သူသည်အခြားတပ်ဖွဲ့မှလူများ သေဆုံးခြင်းကိုကြိုက်နှစ်သက်နေသည်မဟုတ်သော်လည်း ထိုလူများကိုမှားယွင်းသောသခင်ရွေးချယ်မိခြင်းအတွက် စိတ်မကောင်းဖြစ်ရုံသာတတ်နိုင်ပေသည်။

နီကိုးလပ်စ်နှင့်လီယိုနာဒိုနှစ်ဦးလုံးသည် ရှောင်ယု၏အတွေးအမြင်များကို သတိမပြုမိကြပေ။ ထိုသို့မဟုတ်ပါက သူတို့သည်သူတို့၏ဓားများကိုဆွဲထုတ်ကာ ရှောင်ယုအားတိုက်ခိုက်နေပြီဖြစ်သည်။

" စိတ်မပူပါနဲ့ ... ဂေါ်လောခ့်တွေကခုချက်ချင်းကြီး တိုက်ခိုက်မှာမဟုတ်သေးဘူး ... သူတို့်အားလုံးညအမှောင်ကို စောင့်ဆိုင်းနေမယ်လို့ငါတပ်အပ်ပြောရဲတယ် ... ငါတို့ဗျူဟာသစ်တစ်ခုကိုဆွေးနွေးသင့်တယ်ထင်လား "

ရှောင်ယုက နီကိုးလပ်စ်ကိုကြည့်ရင်း ပြောလိုက်သည်။

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့နှစ်ဦးလုံးသည် ရှောင်ယုတစ်ယောက် ကြီးကြီးမားမားဆုံးရှုံးရအောင်ပြုလုပ်ရန် သင့်တော်သောအခွင့်အရေးကိုရှာဖွေမည်ဟု တိတ်တဆိတ်ကတိပြုခဲ့ကြသည်။ အမှန်တော့ သူတို့သည်ဤအကြောင်းကိုတွေးနေသည်မှာကြာပြီဖြစ်သည်။ သို့သော်လည်း ယခုအခါရှောင်ယုအားနစ်မြုပ်စေရန် အကောင်းဆုံးအခွင့်အရေးအား စောင့်မျှော်နေကြပြီဖြစ်သည်။

နီကိုးလပ်စ်သည် ညတိုက်ပွဲအတွက် ဗျူဟာများကိုဆွေးနွေးရန် စကားလမ်းကြောင်းပြောင်းခဲ့သည်။ လူသားတို့၏အမြင်အာရုံသည် ညအချိန်၌အဆိုးဝါးဆုံးဖြစ်သည်။ အခြားမျိုးနွယ်စုများသည် လူသားများနှင့်ယှဉ်လျင် ညအချိန်၌အားကောင်းသောအမြင်အာရုံကိုပိုင်ဆိုင်ကြသည်။ စတုတ္ထအဆင့်နှင့်ပဥ္စမအဆင့် သူရဲကောင်းများသည်ပင် ညအချိန်၌အဝေးသို့မမြင်နိုင်သော်လည်း သူတို့၏ဗီဇနှင့်ဆဌမအာရုံကို အားကိုးရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ တိုက်ပွဲတစ်ခုဖြစ်လာပါက အမြင်အာရုံပြဿနာကိုဦးစွာဖြေရှင်းရမည်ဖြစ်သည်။ သူတို့သည် အချိန်ခဏကြာအောင်ဦးနှောက်ကိုအလုပ်ပေးပြီးနောက် ဤချို့ယွင်းချက်ကိုကျော်လွှားရန် မှော်ဆရာများကိုအသုံးပြုဖို့ ဆုံးဖြတ်လိုက်ကြသည်။ မှော်ဆရာသည် မီးလုံးများကိုအသုံးပြုကာ အူသာ၏အလင်းမှော်သည် တည်နေရာတစ်ခုလုံးအား အလင်းပေးနေမှာဖြစ်သည်။ အူသာသည် တိုက်ပွဲတလျှောက်လုံး မည်သည့်ကြီးကြီးမားမားလှုပ်ရှားမှုမှ မပြုလုပ်ခဲ့ရ၍ ရှောင်ယုသည်ထိုအကြံအား မဆန့်ကျင်ခဲ့ပေ။

ထို့ပြင်ရှောင်ယုသည် အူသာ၏ကောင်းချီးများက နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏လူများအပေါ် အကျိုးသက်ရောက်မှုရှိမရှိ စစ်ဆေးရန်စဉ်းစားခဲ့သည်။ အရေးကြီးသောအခိုက်အတန့်တွင် ရှောင်ယုသည် ထိုအရာကိုအသုံးပြုကာ သူတို့၏လူများကိုစွမ်းအားတိုးလာစေပြီး ထိခိုက်မှုနည်းအောင်လုပ်ဆောင်မည်ဖြစ်သည်။

" အလင်းမရှိတဲ့ပြဿနာကိုတော့ဖြေရှင်းပြီးသွားပြီ ... ဒါပေမဲ့ဂေါ်လောခ့်တွေက မြေအောက်ကနေတူးထွက်လာရင် ဘယ်လိုလုပ်ကြမလဲ ... အဲဒါဆိုငါတို့ဘယ်လိုတိုက်ကြမလဲ ... သူတို့ကတပ်ဖွဲ့တွေကိုအနှောင့်အယှက်ပေးလိမ့်မယ် "

ရှောင်ယုက မေးမြန်းလိုက်သည်။ သူတို့အနားယူနေသည့်နေရာတွင် မြေပြင်သည်အတော်လေးထူသော်လည်း ဆင့်ကဲပြောင်းလဲထားသည့်ဂေါ်လောခ့်များက သူတို့၏အောက်မှတူးထွက်မလာဟု အာမခံချက်မပေးနိုင်ပေ။ထို့ပြင် ညအချိန်၌ ဂေါ်လောခ့်များအပြင် အခြားမည်သည့်အန္တာရယ်များကျရောက်လာမည်ကို မည်သူမှမသိနိုင်ပေ။

“ ဒီပြဿနာကို ငါတို့မကိုင်တွယ်နိုင်ဘူး ... ငါတို့ဖွဲ့စည်းပုံတွေဖော်ဆောင်ရမယ် ... တချို့ကအနားယူနေချိန်တွင် တချို့ကတိုက်ခိုက်နေရမယ် ... ဒီနည်းနဲ့ပဲငါတို့ဆက်တိုက်နေရမယ် ... ဒါကပဲမိုးလင်းတဲ့အချိန်ထိ ငါတိုတောင့်ခံနေနိုင်ဖို့ ယုတ္တိအရှိဆုံးဖြေရှင်းချက်လို့ငါထင်တယ် ... နောက်မှငါတို့အခြားနည်းလမ်းတစ်ခုကို စဉ်းစားရမယ် "

နီကိုးလပ်စ်က ကူကယ်ရာမဲ့စွာပြောလိုက်သည်။ လက်ရှိအချိန်သည် ကိုယ်ရေးကိုယ်တာရန်ငြိုးများအား ဖြေဖျောက်ရန်အချိန်ကောင်းမဟုတ်ပေ။ သူတို့၏ရည်ရွယ်ချက်မှာ ဤတစ်ညတာကိုကျော်လွန်၍ အောင်မြင်စွာအသက်ရှင်နေရန်ဖြစ်သည်။

ရှောင်ယုသည်လည်း တူညီစွာတွေးတောနေခဲ့သည်။ ထို့နောက် သူတို့၃ယောက်သည် အသေးစိတ်အချက်အလက်များကိုဆွေးနွေး၍ အနားယူခဲ့ကြသည်။ ပတ်ဝန်းကျင်သည် အမှောင်လုံးဝမလွှမ်းခြုံသေး၍ အနားယူရန်အချိန်အတိုင်းအတာတစ်ခုထိရနေသေးသည်။

ရှောင်ယုသည် ဂရင်းနှင့်ခိုင်ရင်းတို့အားမှီ၍ အိပ်ပျော်နေစဉ် လင်းမူရွယ်သည် ရှောင်ယု၏ရင်ခွင်တွင်း၌ရှိနေခဲ့သည်။ လင်းမူရွယ်သည် တိုက်ပွဲအတွင်း၌ တာဝေးပစ်မှော်ပညာကို ဆက်တိုက်အသုံးပြုနေခဲ့၍ အလွန်ပင်ပန်းနွမ်းနယ်နေခဲ့သည်။ သူမသည် တတိယအဆင့်မှော်ဆရာမဖြစ်ရာ သူမ၏စွမ်းအားသည်မနည်းလှပေ။

သူမသည် ရှောင်ယု၏ရင်ခွင်အတွင်း၌ရှိနေစဉ် အလွန်လုံခြုံသလိုခံစားနေရသည်။ ထိုလူသည် သူမအားအစွမ်းကုန်ကာကွယ်ပေးသွားမည်ကို ခံစားမိနေ၍အိပ်စက်အနားယူရန် အချိန်များစွာမယူလိုက်ရပေ။

ရှောင်ယုသည် အချိန်မည်မျှကြာအောင် အိပ်ပျော်သွားကြောင်း သူကိုယ်တိုင်ပင်မသိသော်လည်း တိုင်ရန်ဒီကြောင့်နိုးထလာခဲ့သည်။ သူမသည် ညအချိန်တွင်တာဝန်ယူထားသည့် လှည့်ကင်းတစ်ယောက်ဖြစ်ပြီး တစ်စုံတစ်ခုဖြစ်လာပါက ရှောင်ယုအားတင်ပြရန်ညွန်ကြားခံထားရသည်။ အမှန်တွင် ညနတ်သူငယ်တစ်ယောက်ဖြစ်သောတိုင်ရန်ဒီနှင့် သူမ၏လင်းယုန်မျက်လုံးအစွမ်းကြောင့် ညအချိန်၌လှည့်ကင်းအဖြစ်ဆောင်ရွက်ရန် တိုင်ရန်ဒီထက်သင့်တော်သူမရှိပေ။

" ဟမ်း ... ဘာတွေဖြစ်နေတာလဲ ... ဂေါ်လောခ့်တွေကစပြီးတိုက်ခိုက်နေပြီလား "

ရှောင်ယုကအိပ်ရာမှနိုးနိုးချင်း မေးမြန်းလိုက်သည်။

" လှုပ်ရှားမှုအချို့ရှိနေတယ် ... ပတ်ဝန်းကျင်မှာမြူခိုးတွေကအုံ့မှိုင်းနေပြီးတော့ ဂေါ်လောခ့်အမြောက်အများက အဲမြူတွေကြားစုအုံနေပုံရတယ် "

တိုင်ရန်ဒီက တင်ပြလိုက်သည်။

မြူခိုး...

" သေစမ်း ... ငါဘာလို့အဲဒါကိုမေ့သွားရတာလဲ ... ငါတို့တော့ပြဿနာတက်ပြီ "

ရှောင်ယုသည် မတ်တပ်ရပ်လိုက်ကာ ခေါင်းခါလိုက်သည်။ ထို့နောက် သူသည်အိပ်စက်နေသူများကိုလှုပ်နိုးရန်အတွက် ကျယ်လောင်စွာအော်ဟစ်လိုက်တော့သည်။

" နီကိုးလပ်စ် .. လီယိုနာဒို ... မင်းတို့ရဲ့တပ်တွေကိုအသင့်ပြင်ခိုင်းလိုက်တော့ ... ဂေါ်လောခ့်တွေကမြုခိုးတွေကိုအကာအကွယ်ယူပြီး လာတိုက်နေပြီ "

ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

လက်ရှိအခြေအနေကြောင့် လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့နှစ်ယောက်လုံး အံ့အားသင့်သွားကြကာ ရှောင်ယုညွန်ပြနေရာဆီသို့ ဦးတည်စူးစမ်းလိုက်ကြသည်။ သူတို့၏အမြင်အာရုံသည် ကောင်းမွန်ခြင်းမရှိသော်လည်း အဖြူရောင်မြူခိုးထုကြီးက သူတို့ထံချည်းကပ်လာသည်ကို သတိထားမိလိုက်ကြသည်။ ထိုမြူခိုးထုကြီးသည် မနက်မိုးမလင်းမှီအချိန်ထိ လွှင့်ပျယ်သွားမှာမဟုတ်သလို အူသာနှင့်မှော်ဆရာများ၏အစီအစဉ်ကလည်း များစွာထိရောက်တော့မည်မဟုတ်ပေ။

" လူတိုင်းမတ်တပ်ရပ်ပြီး အသင့်ပြင်ကြတော့ "

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏ အမူအရာများပြောင်းလဲသွားခဲ့သည်။ သူတို့၏လူများသာ နှေးနှေးကွေးကွေးလုပ်နေပါက သေဘေးနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

မိသားစုနှစ်ခုမှ တပ်သားများသည် သူတို့၏လက်ရှိအခြေအနေကိုသဘောပေါက်လိုက်ကြပြီး လျင်မြန်စွာနိုးထလာကြသည်။ ထို့နောက်သူတို့သည် မကြာမှီရင်ဆိုင်ရမယ့်တိုက်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်လာကြသည်။

" မင်းတို့ကောင်တွေက ဘာလို့အရမ်းကိုစိတ်ရှုပ်ထွေးနေကြတာလဲ ... မြူခိုးတွေကငါ့ဆီကိုရောက်လာခဲ့ပြီ ... မင်းတို့ကောင်တွေသတိကပ်ကြတော့ ... မြူခိုးတွေကငါတို့အပေါ်ကိုဖုံးအုပ်လာရင် စစ်ပွဲကစတော့မှာဟ "

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် စိတ်ရှုပ်ထွေးနေသည်ကိုမြင်လိုက်၍ ရှောင်ယုကကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သို့သော်လည်း ဤသို့သောအခြေအနေတစ်ခု၌ မည်သူကစိတ်မရှုပ်ထွေးဘဲ ရှိနေမည်နည်း။

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ကူကယ်ရာမဲ့စွာခံစားလိုက်ရသည်။ ရှောင်ယု၏တည်ရှိမှုသည် မဟာမိတ်အဖွဲ့၏အလုံးစုံစွမ်းအားကို ပိုမိုအားကောင်းစေကြောင်း သူတို့လက်ခံလိုက်ရသည်။ ထို့ပြင် ရှောင်ယုပိုင်ဆိုင်သည့်လေကြောင်းတပ်များက သူ့အားပိုမိုအားကောင်းစေသည်။ သို့ဖြစ်ရာ ယခုအချိန်၌ရှောင်ယုသည် အကြောက်အလန့်ကင်းမဲ့နေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။

မြူခိုးများက သူတို့အားလွှမ်းခြုံသွားလျှင်ပင် ဘာဖြစ်မည်နည်း ... ရှောင်ယုထံတွင်လေကြောင်းတပ်များနှင့်နဂါးတစ်ကောင်ရှိနေသည်။ နဂါးသည် သူ၏တောင်ပံကိုတစ်ချက်ခတ်လိုက်ရုံဖြင့် မြူခိုးများကိုအဝေးသို့လွှင့်ထွက်သွားစေနိုင်သည်။

သို့သော်လည်း ရှောင်ယုသည် နောက်လာမယ့်တိုက်ပွဲ၌ လေကြောင်းတပ်များကိုအသုံးပြုရန် အစီအစဉ်မရှိကြောင်း သူတို့၂ယောက်လုံးမသိကြပေ။ အကယ်၍ လေကြောင်းတပ်များကိုအသုံးပြုခဲ့လျှင်လည်း မြူခိုးများသည်နေရာတိုင်းမှချည်းကပ်လာသည်ဖြစ်ရာ ၎င်းတို့အားလွှင့်ထွက်စေရန်မတတ်နိုင်ပေ။

မှော်ဆရာများသည် မီးလုံးများကိုအသုံးပြုကာ မြူခိုးများအားလွှင့်ပျယ်စေ၍ တည်နေရာတဝိုက်အားလင်းထိန်နေစေရန် ကြိုးစားလာကြသည်။ သို့သော်မြင်ကွင်းကမှုန်ဝါးနေဆဲပင်ဖြစ်သည်။ ထို့ပြင် မှော်ဆရာများထံ၌ ရှောင်ယုကဲ့သို့မှော်စွမ်းအင်ဖြည့်တင်းဆေးများမရှိကြပေရာ မှော်မန္တန်ကိုဆက်တိုက်မသုံးနိုင်ပေ ။အထူးသဖြင့် ရှောင်ယုသည် သူ၏အနာဂတ်ရန်သူဖြစ်လာနိုင်သူများအား ဆေးပုလင်းများကိုအခမဲ့မထောက်ပံ့နိုင်ပေ။ သူသည် လူကောင်းတစ်ယောက်ဖြစ်သော်လည်း အရူးတစ်ယောက်မဟုတ်ပေ။

မြူများသည် အရွယ်အစားကြီးထွားလာသည်နှင့်အမျှ မီးလုံးများ၏အလင်းကလည်း တဖြည်းဖြည်းမှေးမှိန်လာခဲ့သည်။ မည်သို့ပင်ဆိုစေ မြူခိုးများကြားနစ်မြုပ်ခြင်းကိုရှောင်တိမ်းရန်အတွက် လူများသည်တစ်ယောက်နှင့်တစ်ယောက် စတင်၍နီးနီးကပ်ကပ်ရှိလာကြသည်။ ထိုမြူခိုးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့်ဂေါ်လောခ့်များ ပုန်းအောင်းနေကြောင်းသူတို့အားလုံးသိရှိခဲ့ကြသည်။

သူတို့မထင်မှတ်ထားသည့်အရာမှာ စိတ်ရိုင်းဝင်နေသောဂေါ်လောခ့်များ၏အရေအတွက်မှာ အလွန်များပြားနေခဲ့ပါက မဟာမိတ်အဖွဲ့သည် ဟိုးယခင်ကပင် ဂေါ်လောခ့်များ၏အစာအဖြစ်အဆုံးသတ်သွားရမည်ဖြစ်သည်။

လူများသည် တစ်ယောက်နှင့်တစ်ယောက် အချင်းချင်းနီးကပ်လာကြသည်ကိုမြင်သော် ရှောင်ယုကအော်ဟစ်လိုက်သည်။

" လူခွဲလိုက်ကြ ... မင်းတို့ရဲ့ရဲဘော်ရဲဘက်တွေကို မထိခိုက်စေဘဲ အလွယ်တကူတိုက်ခိုက်နိုင်အောင်လို့ လုံလောက်တဲ့အကွာအဝေးရတဲ့ထိ အချင်းချင်းလူခွဲကြ "

ရှောင်ယု၏စကားက်ိုကြားချိန်တွင် သူ့လူများကအမိန့်ကိုစတင်လိုက်နာခဲ့ကြသည်။ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ကလည်း ရှောင်ယု၏ညွန်ကြားချက်ကို စတင်လိုက်နာခဲ့ကြသည်။ သူတို့သည် ရှောင်ယုအားမုန်းတီးကြသော်လည်း သူ၏ဆုံးဖြတ်ချက်မှန်ကန်ကြောင်း လက်ခံကြသည်။

မြူခိုးများစတင်ဖုံးလွှမ်းလာသည်ကိုမြင်သော် ရှောင်ယု၏စိတ်သည်ပိုမိုညစ်ညူးသွားခဲ့သည်။ ဤမြူထုသည် လုံးဝရိုးရှင်းခြင်းမရှိပေ။

တစ်ချိန်တည်းမှာပင် အဝေးတစ်နေရာမှ ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာခဲ့သည်။

အခန်း ၃၆၆ - တည်နေရာစစ်ပွဲ

" တိုက်ပွဲအတွက် ပြင်ဆင်ကြတော့ "

နီကိုးလပ်စ်၏အသံက ပဲ့တင်ထပ်လာခဲ့သည်။

လူတိုင်းထိတ်လန့်နေကြပြီး သူတို့၏လက်နက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း ဂေါ်လောခ့်များထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ ရှောင်ယုသည် သူတို့်အားဖုံးလွှမ်းလာသည့် မြူခိုးများကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုမြူခိုးများသည် ဂေါ်လောခ့်များကို မမြင်တွေ့နိုင်စေရန် ဖုံးလွှမ်းထားသဖြင့် လက်ရှိအခြေအနေသည် အလွန်အန္တာရယ်များနေမည်ကိုသူကြောက်ရွံ့နေခဲ့သည်။ ထို့ပြင် ညအမှောင်ထုအား အကာအကွယ်ယူ၍ သူတို့အားလာရောက်တိုက်ခိုက်နိုင်သည့် သားရဲများလည်းရှိနေနိုင်သည်။

ရန်သူသည် အမှောင်ထဲ၌ရှိနေပြီး ရှောင်ယုတို့တပ်များသည် အလင်း၌ရှိနေသည့်အတွက် မည်သူကအသာစီးရနေသည်ကို ပြောနေစရာပင်မလိုပေ။

" အားလုံးနားထောင်ကြ ... ခံစစ်ပုံစံတွေကိုဖန်တီးဖို့ အသင့်ပြင်ထားကြ "

ရှောင်ယုသည် အခြေအနေတစ်ခုလုံးအား မထိန်းချုပ်နိုင်တော့သည့်အတွက်ကြောင့် မျက်မှောင်ကြုတ်မိလိုက်သည်။ သို့သော်သူသည် ခံစစ်ဆိုင်ရာစစ်ပွဲများတွင် ကျွမ်းကျင်သည့်အတွက်ကြောင့် ဂေါ်လောခ့်များအား ခံစစ်ကိုမထိုးဖောက်နိုင်အောင် ထိန်းချုပ်ထားနိုင်သရွေ့ အဆင်ပြေနိုင်မည်ဟု ရှောင်ယုယုံကြည်ထားပေသည်။

သို့သော်ဂေါ်လောခ့်များသည် မြေအောက်မှတူးဖောက်လာလျှင်ကော ထိုသို့သောတိုက်ပွဲအတွက် လူတိုင်းအဆင်သင့်ဖြစ်နေပြီလား...

ရှောင်ယု၏တပ်များသည် သူ၏အမိန့်ကိုနာခံလိုက်ကြပြီး ခံစစ်ဖွဲ့စည်းပုံအား လျင်မြန်စွာပြင်ဆင်လိုက်ကြသည်။ အောစ့်စစ်သည်များသည် ပင်မခံစစ်နံရံအားဖွဲ့စည်းကာ ဂေါ်လောခ့်များ၏တိုက်ခိုက်မှုအား ရှေ့ဆုံးမှခုခံနေခဲ့ကြသည်။ မှော်ကဝေများ၊မှော်စုန်းဆရာများ၊မန္တန်ဖြိုခွဲသူများနှင့် အခြားတပ်ဖွဲ့များသည် လိုအပ်သောအချိန်၌ ကူညီပေးနိုင်ရန် အောစ့်စစ်သည်များနောက်၌ ရပ်နေကြသည်။

တိုက်ပွဲ၌ မှော်စုန်းဆရာများနှင့်မှော်ကဝေများ သေဆုံးခြင်းမရှိစေရန်အတွက် ရှောင်ယုသည် အောစ့်စစ်သည်တစ်ဦး သို့မဟုတ် ဝက်ဝံစစ်သည်တစ်ကောင်အား ၎င်းတို့နှင့်အနီးကပ်ရှိနေစေခဲ့သည်။ ထိုသို့ပြင်ဆင်ထားမှုကြောင့် ဂေါ်လောခ့်များသည်မြေကြီးမှ တူးထွက်လာခဲ့လျှင်ပင် အောစ့်စစ်သည်များနှင့်ဝက်ဝံစစ်သည်များက ခုခံကာကွယ်နိုင်မည်ဖြစ်သည်။

ရှောင်ယုသည် သူရဲကောင်းများအား အောစ့်များနှင့်နီးကပ်စွာတိုက်ခိုက်စေရန် စီစဉ်ထားခဲ့သည်။ သူရဲကောင်းများသည် အောစ့်များအကျပ်အတည်းဖြစ်လာပါ ထိုနေရာများသို့ချက်ချင်းသွားရောက်၍ အလျင်စလိုကူညီစေသည်။ စစ်ပွဲများစွာကိုဖြတ်ကျော်ပြီးနောက်တွင် ရှောင်ယု၏တိုက်ပွဲအတွေ့အကြုံသည် များစွာတိုးတက်လာခဲ့သည့်အတွက် ဂေါ်လောခ့်များနှင့်ရင်ဆိုင်တိုက်ခိုက်ရန် ကောင်းစွာပြင်ဆင်ထားနိုင်ခဲ့သည်။ အကယ်၍ သူတို့သာကောင်းမွန်သည့် ခံစစ်ပုံစံကိုထိန်းထားနိုင်ခဲ့ပါက အောင်ပွဲဆင်နိုင်မည်ဟု ရှောင်ယုယုံကြည်နေခဲ့သည်။

ထိုသို့အမိန့်ပေးပြီးနောက် ရှောင်ယုပြုံးလိုက်မိသည်။ သူသည် ဆန်းကြယ်ပုဆိန်အားထုတ်ယူကာ ထူထဲသောမြူခိုးများကိုစိုက်ကြည့်နေလိုက်ကာ လိုအပ်လာပါက တိုက်ပွဲဝင်ရန်အသင့်ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း သူသည်လင်းမူရွယ်၏အနားတွင် လူအနည်းငယ်အားထားရှိရန်စီစဉ်ထားဆဲဖြစ်သည်။ အူသာသည် သူမ၏တစ်ကိုယ်တော်ကိုယ်ရံတော်အဖြစ် သူမဘေးတွင် အချိန်ပြည့် ရှိနေခဲ့သည်။ ထိုအလှတရား၏လုံခြုံရေးသည် ရှောင်ယုအတွက် ပထမဆုံးနှင့် အထင်ရှားဆုံးတာဝန်ပင်ဖြစ်သည်။

"ဘာကြောင့် တပ်ဖွဲ့တွေအားလုံးကို စနစ်တကျနဲ့ဖွဲ့စည်းတာမျိုးမလုပ်ရမှာလဲ"

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ရှောင်ယုလုပ်ဆောင်သည့်အတိုင်း သူတို့၏တပ်များကို စတင်နေရာယူတပ်ဖြန့်စေခဲ့သည်။ ရှောင်ယုသည် ခံစစ်တိုက်ပွဲများ၌ အကောင်းဆုံးဖြစ်ကြောင်း နီကိုးလပ်စ်သတိပြုမိပေသည်။ ရှောင်ယုသည် ယခုအချိန်၌လည်း အပြစ်ဆိုဖွယ်မရှိသောခံစစ်ဖွဲ့စည်းမှုတစ်ခုအား ဖော်ဆောင်ထားခဲ့သည်။ ထို့ပြင် ခံစစ်ဖွဲ့စည်းပုံပိုမိုကောင်းမွန်လေလေ သူတို့ရှင်သန်နိုင်ရန် အခွင့်အလမ်းပိုမိုများပြားလေလေဖြစ်ကြောင်း နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ သိရှိခဲ့ကြသည်။

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ဂေါ်လောခ့်များ၏ ချီတက်မှုကိုနှေးကွေးစေရန်အတွက် ရိုးရှင်းသောခံတပ်များကိုတည်ဆောက်ရန် မြေကြီးဒြပ်စင်မှော်ဆရာများနှင့်ရေခဲမှော်ဆရာများကို အမိန့်ပေးခဲ့သည်။ ရှောင်ယုက သူတို့်အားတိကျသည့်ပုံစံကိုအာရုံစိုက်ပါက ခံစစ်စည်းကိုပိုမိုအားကောင်းစေမည်ဟု ပြောလာခဲ့သည်။ ဤခရီးစဉ်တွင် သူသည်ဖော်ရာ၏အလုပ်သင်မှင်စာတစ်ကောင်ကို ခေါ်ဆောင်လာခဲ့သည်။ ထိုမှင်စာက သူတို့အားမှော်ပညာဖြင့် မည်သည့်ခံစစ်အတားအဆီးများပြုလုပ်ရမည်ကို စီစဉ်ညွန်ကြားပေးခဲ့သည်။

ဘန်း...ဘန်း...ဘန်း

ဂေါ်လောခ့်များ အရေအတွက်မြောက်များစွာ ရောက်ရှိလာမှုနှင့်အတူ မြေပြင်တစ်ခုလုံးတုန်ခါလာခဲ့သည်။

" ပြင်ဆင်ကြတော့ ... အဲ့ကောင်တွေအကုန်လုံးကိုသတ်ဖြတ်ကြ "

ရှောင်ယုက စတင်အော်ဟစ်လိုက်သည်။ သူ၏အသံသည် ပဲ့တင်ထပ်နေပြီး လူတိုင်းကြားနေသည်။ ထို့ကြောင့်လူများ၏ကြောက်ရွံ့မှုသည် ကွယ်ပျောက်သွားခဲ့ကာ ရန်သူအားသတ်ဖြတ်ရန် အာရုံစိုက်လာကြသည်။ ရှောင်ယု၏အသံသည် သူ့လူများကိုစိတ်အားတက်ကြွစေရုံသာမက လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့တပ်များအကြား၌ပင် ပျံ့နှံ့နေခဲ့သည်။

နီကိုးလပ်စ်က သူ၏မျက်လုံးကိုမှိတ်ထားလိုက်ပြီး ရေရွတ်လိုက်သည်။

" ရှောင်ယုက အရူးတစ်ယောက်လို့ထင်ရပေမဲ့ သူကစစ်ပွဲနဲ့ပတ်သက်လာရင် ထူးချွန်တဲ့တပ်မှူးတစ်ယောက်ပဲ ... သူကအောင်ပွဲတွေအများကြီးကိုရခဲ့တာ အံ့သြစရာမဟုတ်တော့ဘူး ... ခုတော့ငါသူ့ကိုရှင်းရှင်းလင်းလင်းမမြင်တွေ့နိုင်သေးဘူး ... သူကအနာဂတ်မှာ လီယိုနာဒို ဒါမှမဟုတ်ရင် ရောဘတ်ထက်တောင်ပိုပြီးဆိုးဝါးတဲ့ ရန်သူဖြစ်လာနိုင်တယ် "

တပ်ဖွဲ့ဝင်များ၏ စိတ်တင်းကြပ်မှုသည် အဆုံးစွန်သို့မရောက်သေးသည့် အခိုက်အတန့်လေးတွင် သူတို့အနီးသို့ချည်းကပ်လာသည့် ဂေါ်လောခ့်များ၏အသွင်အပြင်ကိုတွေ့လိုက်ရသည်။

" အဲ့အကောင်တွေသတ်ကြ ... သူတို့အကုန်လုံးကိုသတ်ဖြတ်ကြ "

" မအေပေးတွေ ... မင်းတို့ကောင်တွေကိုခုတ်ထစ်ပစ်မယ် "

" ငါတို့က မင်းတို့ရဲ့အသားတွေကိုခုတ်ထစ်စားသောက်ပစ်မယ် "

ရှောင်ယု၏စကားကိုကြားပြီးနောက် စွန့်စားသူများနှင့်အခြားနှစ်ဖွဲ့၏တပ်သားများပင် အော်ဟစ်ဆဲဆိုလာကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူတို့၏ခွန်အားများပြည့်လျှံနေသည်ကို ခံစားမိပေသည်။

ဘန်း...

နှစ်ဖက်လုံးသည် ပြင်းထန်စွာစတင်တိုက်ခိုက်ကြတော့သည်။

ဂေါ်လောခ့်များသည် ဤတိုက်ခိုက်မှုအတွက် ကြိုတင်၍ပြင်ဆင်ထားပုံရပေသည်။ သူတို့၏ထိုးစစ်သည် အလွန်ပြင်းထန်လှပြီး လယ်တောထဲဝင်ရောက်လာသည့် ကျိုင်းကောင်များနှင့်ပင်ဆင်တူနေခဲ့သည်။

ယား...

လူသားများသည် ဂေါ်လောခ့်များကို တွေ့ကြုံချိန်တွင် ကျယ်လောင်စွာမာန်သွင်း ဟိန်းဟောက်လိုက်ကြသည်။ သူတို့သည် ကြောက်ရွံ့မှုများအား ခေတ္တမေ့လျောထားလိုက်ကာ အသက်ရှင်ကျန်ရစ်စေရန် ထိုသားရဲများကို လည်ပင်းညစ်ရတော့မည်ဖြစ်သည်။ ယခုအချိန်တွင် ထွက်လမ်းတစ်ခုသာရှိပြီး ထိုထွက်လမ်းကလည်း ရန်သူအားလုံးကိုသတ်ဖြတ်ပြီးမှသာရရှိလာမည်ဖြစ်ကြောင်း လူတိုင်းနားလည်ကြပေသည်။

ကျိုးပဲ့နေသောခြေလက်များနှင့်သွေးစက်များက လေထဲလွှင့်ပျံလာခဲ့သည်။ ထက်ရှသောဓားရှည်များသည် ဂေါ်လောခ့်များ၏ထက်မြက်သောသွားများနှင့်တူပေသည်။ တိုက်ပွဲသည် အစသာရှိသေးသော်လည်း သွေးထွက်သံယိုဖြစ်ရပ်များက နေရာအနှံ့ပြည့်နှက်နေပြီဖြစ်သည်။ နွံအိုင်တစ်ခုလုံးသည် သွေးမိုးသည်းထန်စွာရွာသွန်းသကဲ့သို့ အနီရောင်ဖြစ်လာခဲ့သည်။

ရှောင်ယုသည် အောစ့်စစ်သည်များကို ပိုမိုအားကောင်းလာစေရန်အတွက် အမျိုးမျိုးသောတိုတမ်များအား ဆင့်ခေါ်ထားပြီဖြစ်သည်။ ၎င်းတို့သည် အောစ့်စစ်သည်များအား ခွန်အားနှစ်ဆတိုးလာစေသည်။ ထို့ပြင်ရှောင်ယုသည် ၎င်းတို့အားခွန်အား၊သွက်လက်မှုနှင့်ခုခံကာကွယ်ရေးဆေးများ ပေးအပ်ထားခဲ့ကာ အသေအပျောက်ကိုတတ်နိုင်သလောက်လျော့ချခဲ့သည်။ ဤကဲ့သို့တိုက်ပွဲတစ်ခု၌ အသေအပျောက်အမြောက်အများ ကြုံတွေ့လာနိုင်သည့်အခြေအနေမှာ ရှောင်လွဲမရနိုင်ပေ။ မည်သို့ပင်ဆိုစေ ရှောင်ယုသည်သူ့တပ်များက ကြီးမားသောဆုံးရှုံးမှုအား ကြုံတွေ့ရမည်ကိုမမြင်တွေ့လိုပေ။

မန္တန်ဖြိုခွဲသူများသည် သူတို့ကိုယ်သူတို့ကာကွယ်ရန်အတွက် ၎င်းတို့၏သန်မာသောခန္ဓာကိုယ်များနှင့် ကြီးမားသောဒိုင်းများကိုအားကိုးကြသည်။ သူတို့သည် စစ်မြေပြင်၌အလွန်ထင်ပေါ်နေခဲ့သည်။ အူသာသည် သူတို့အားကောင်းချီးပေးထားပြီးဖြစ်ရာ သူတို့သည်တတိယအဆင့်သူရဲကောင်းများထက် အားမနည်းတော့ပေ။ သူတို့တွင် ပြင်းထန်သောခွန်အားမရှိသော်လည်း ခုခံမှုအပိုင်း၌ခြေလျင်တပ်သားများထက် မနိမ့်ကျပေ။ ထို့ပြင် သူတို့၏တင့်တယ်သောကိုယ်ဟန်အမူအရာနှင့် သိုင်းပညာတို့ကြောင့် ၎င်းတို့သည်စစ်မြေပြင်၌ အလွန်တောက်ပနေစေခဲ့သည်။ အကယ်၍ မန္တန်ဖြိုခွဲသူအမြောက်အများသည် အတူတကွလုပ်ဆောင်မည်ဆိုပါက သူတို့သည်ခုခံကာကွယ်မှုအပိုင်း၌ ခြွင်းချက်မရှိပြီးပြည့်စုံပေသည်။ ထို့ပြင် သူတို့၏နတ်သူငယ်မျိုးရိုးကြောင့်လည်း သာမန်တပ်သားများထက်ပိုမိုအစွမ်းထက်ပေသည်။

လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့၏ အကောင်းဆုံးစစ်သည်တော်များသည်လည်း ပထမဆုံးအကြိမ်ရှေ့ထွက်လာခဲ့ကြသည်။ သူတို့၏တိုက်ပွဲစွမ်းအားသည် အံ့မခန်းပင်ဖြစ်သည်။ လီယိုနာဒိုဘက်မှ ဓားသမားသည် ဂေါ်လောခ့်ကိုသတ်ဖြတ်ရန်အတွက် လေပွေကျွမ်းကျင်မှုနှင့်ဆင်တူသောသိုင်းတစ်ခုအား ထုတ်ဖော်ခဲ့သည်။ ထိုလူသည် စစ်မြေပြင်၌အသားကြိတ်စက်တစ်ခုနှင့်တူနေခဲ့သည်။ ရှောင်ယုသည် ထိုလူ၏ခွန်အားကိုမြင်တွေ့ချိန်၌ အံ့အားသင့်သွားခဲ့သည်။ ထိုလူသည် ဂရင်းထက်များစွာအစွမ်းထက်ပုံရသော်လည်း ဂရင်းသည်ယခင်တိုက်ပွဲတွင် သူနှင့်ကောင်းစွာယှဉ်ပြိုင်နိုင်ခဲ့သည်။

ထိုလူသည် သူ၏ကျွမ်းကျင်မှုနှင့်ဆင်တူသည့် အရာတစ်ခုအားထုတ်ဖော်နေသည်ကိုမြင်သောအခါ ဂရင်းသည်ပိုမိုတုန်လှုပ်သွားခဲ့သည်။ ထို့နောက် သူသည် ဂေါ်လောခ့်အုပ်စုထဲသို့ခုန်ဝင်သွားခဲ့ပြီး ကျွမ်းကျင်မှုပေါင်းစုံကိုအသုံးပြုကာ သတ်ဖြတ်မှုစတင်ခဲ့သည်။

ခိုင်ရင်း၏တိုက်ခိုက်မှုသည် အခြားသူများနှင့်ယှဉ်ပါကပိုမို၍ သွေးထွက်သံယိုဖြစ်ပေသည်။ ရှောင်ယုသည် သူ့အားများစွာရှေ့မတိုးရန် ပြောထားခဲ့သော်လည်း သူရူးသွပ်သွားချိန်၌ ထိုအရာကိုသတိရမည်လား။ ခိုင်ရင်းသည် အဆင့်၄၀သူရဲကောင်းဖြစ်ပြီး သူ၏ခန္ဓာကိုယ်သည် သံမဏိလိုမာကျောပေသည်။ ထို့ပြင် အဆင့်၄ချပ်ဝတ်ကိုဝတ်ဆင်ထားမှုကြောင့် သူ၏ခုခံမှုသည်အလွန်ကောင်းမွန်ပေသည်။ သူသည် မည်သည့်တိုက်ခိုက်မှုကိုမှ ရှောင်တိမ်းခြင်းမပြုခဲ့ဘဲ မည်သူကမည်သူကိုအမြန်ဆုံးသတ်ဖြတ်နိုင်မည်လဲဟူသော တိုက်ပွဲပုံစံကိုသာကျင့်သုံးခဲ့သည်။

မိုင်ယဗ်နှင့်အီလီဒမ်တို့သည် ထောက်ပံ့ရေးအမျိုးအစားအဖြစ်လှုပ်ရှားကြပြီး သာမန်တပ်သားများကိုပံ့ပိုးပေးရန် တစ်နေရာမှတစ်နေရာသို့လှုပ်ရှားသွားလာနေကြသည်။ သို့သော်လည်း သူတို့၏အသွင်အပြင်က သူတို့ရောက်ရာအရပ်တိုင်း၌ ကြီးမားသောသေဆုံးမှုကိုဖြစ်ပေါ်စေသည်။

နီကိုးလပ်စ်၏တပ်သားများသည် ဒိုင်းများကိုကိုင်ဆောင်၍ အောစ့်စစ်သည်များနှင့်အတူပူးပေါင်းကာ ခံစစ်စည်းအားတဖြည်းဖြည်းချဲ့ထွင်လာကြသည်။ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏ တပ်များသည် စစ်မြေပြင်၌သူတို့၏လွှမ်းမိုးနိုင်စွမ်းကို သက်သေပြခဲ့ကြသည်။

နာဂပင်လယ်စုန်းနှင့်တိုင်ရန်ဒီတို့သည် ရန်သူများ၏အသက်ကိုနှုတ်ယူရန်အတွက် မြှားများကိုအသုံးပြုခဲ့ကြသည်။ သူမတို့၏အရှိန်သည် အလွန်ပင်လျင်မြန်လှ၍ ဂေါ်လောခ့်များ၏သေဆုံးနှုန်းတိုးလာခဲ့သည်။ ကဲလ်သက်သည် မီးတောက်မှော်မန္တန်အားထုတ်ဖော်ကာ ဂေါ်လောခ့်အစုအဝေးတစ်ခုကိုဖြိုခွဲခဲ့သည်။

"ဟားဟား...ငါလည်းလာပြီဟေ့"

ရှောင်ယုသည် ကျယ်လောင်စွာအော်ဟစ်ရင်း စစ်မြေပြင်သို့ခုန်ဝင်လာကာ ဆန်းကြယ်ပုဆိန်အားဝှေ့ယမ်းလိုက်သည်။ဆန်းကြယ်ပုဆိန်မှထွက်ပေါ်လာသည့် လှိုင်းတစ်ခုစီသည် ဂေါ်လောခ့်များ၏ဦးခေါင်းကိုဖြတ်ရန် လုံလောက်ပေသည်။ ရှောင်ယုသည် ခိုင်ရင်း၏ပုံစံအတိုင်း သူ၏အဆင့်အားမြင့်တင်ထားသည့်အတွက်ကြောင့် သူ၏ခွန်အားသည်ကြောက်မက်ဖွယ်အဆင့်တစ်ခုထိ ရောက်ရှိလာခဲ့သည်။

" မင်းအမေပဲ ... ဆင့်ကဲပြောင်းလဲထားတဲ့ ဂေါ်လောခ့်တွေဘာလို့မတွေ့ရသေးတာလဲ ... ဂေါ်လောခ့်တွေကအချင်းချင်းမဝါးမြိုကြသေးဘူးလား "

ရှောင်ယုသည် စစ်မြေပြင်၌ဆင့်ကဲပြောင်းလဲလာသည့် ဂေါ်လောခ့်များကိုမတွေ့ရသေးသည့်အတွက်ကြောင့် အလွန်အံ့သြသွားခဲ့သည်။ သူသည်သာမန်ဂေါ်လောခ့်များကိုသာ ရင်ဆိုင်နေရသည်။

ထောင်ချောက် ... ဒါကထောင်ချောက်တစ်ခုပဲ

ရှောင်ယုသည် သူ၏တပ်သားများနှင့်သူရဲကောင်းများထံချည်းကပ်၍ သတိထားရန်ပြောဆိုလိုက်သည်။ ဆင့်ကဲပြောင်းလဲလာသည့် ဂေါ်လောခ့်များသည် သူတို့်အားတိုက်ခိုက်ရန်အတွက် မြေပြင်ကိုဖောက်ထွင်း၍ သူတို့အောက်သို့ရောက်လာနိုင်ခြေရှိသည်။

ရှောင်ယုသည် ရပ်ကြည့်မနေဘဲ သူကိုယ်တိုင်စစ်မြေပြင်၌ဝင်ရောက်တိုက်ခိုက်နေသည်ကိုမြင်သောအခါ လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့၏ အမူအရာများရှုံ့မဲ့သွားခဲ့သည်။ ရှောင်ယုသည် နေရာတိုင်းလိုလိုသို့ သွားလာလှုပ်ရှားနေပြီး သူ၏တပ်သားများကို နေရာတိုင်း၌ ကူညီပေးနိုင်ခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ဂေါ်လောခ့်များကိုတိုက်ခိုက်ရသည်မှာ မခက်ခဲကြောင်းသိလာရ၍ လူများ၏စိုးရိမ်စိတ်သည် တဖြည်းဖြည်းလျော့ပါးလာခဲ့သည်။ သို့သော်ထိုအချိန်၌ အကျပ်အတည်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။

ဗုံးး...ဗုံးး

ရှောင်ယု၏တပ်များနှင့်မဝေးလှသည့်နေရာတစ်ခု၌ အခြားနေရာများနှင့်ယှဉ်လျင် ပိုမိုအားနည်းသည့်မြေပြင်တစ်ခုသည် ရုတ်တရက်ကွဲထွက်သွားခဲ့သည်။ ထို့နောက် ဆင့်ကဲပြောင်းလဲလာသည့် ဂေါ်လောခ့်တစ်ကောင်သည် ထိုနေရာမှထွက်ပေါ်လာခဲ့သည်။

ထို့နောက် ဆင့်ကဲပြောင်းလဲလာသည့် ဂေါ်လောခ့်များသည် ထိုနေရာမှတစ်ကောင်ပြီး တစ်ကောင်ထွက်ပေါ်လာခဲ့ကာ ရှောင်ယုတို့အားစတင်တိုက်ခိုက်လိုက်ကြသည်။ ဤအရာသည် ခြုံခိုတိုက်ခိုက်မှုတစ်ခုပင်ဖြစ်သည်။

" အရပ်လေးမျက်နှာလုံး ခုခံကာကွယ်ဖို့အသင့်ပြင်ထားကြ "

ရှောင်ယုသည် ဆင့်ကဲပြောင်းလဲလာသည့် ဂေါ်လောခ့်များကိုမြင်သောအခါ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူတို့သည် သာမန်သို့မဟုတ် စိတ်ရိုင်းဝင်နေသောဂေါ်လောခ့်များကိုသတ်ဖြတ်ရသည်ထက် ပိုမိုခက်ခဲပေသည်။

ဂရင်းနှင့်ခိုင်ရင်းတို့သည် ဆင့်ကဲပြောင်းလဲလာသည့် ဂေါ်လောခ့်များကိုသတ်ဖြတ်ရန် ချက်ချင်းလှုပ်ရှားခဲ့ကြသည်။ တိုင်ရန်ဒီ၊နာဂနှင့်ကဲလ်သက်တို့သည်လည်း ဆင့်ကဲပြောင်းလဲလာသည့် ဂေါ်လောခ့်များကိုပစ်မှတ်ထားကာ ဖိအားပေးလာကြသည်။ ရှောင်ယုသည် အိပ်ပျော်နေသောနဂါးကိုလှုပ်နိုး၍ ဆင့်ကဲပြောင်းလဲလာသည့် ဂေါ်လောခ့်များကို နဂါးလေး၏ပါးစပ်ထဲပစ်ချစေလိုက်သည်။

သို့သော် မြေအောက်မှနေ၍ ဆင့်ကဲပြောင်းလဲလာသည့် ဂေါ်လောခ့်များသာ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ မရေမတွက်နိုင်သည့် သာမန်ဂေါ်လောခ့်အမြောက်အများသည်လည်း ၎င်းတို့နောက်မှပြေးထွက်လာကြသည်။ သူတို့အားကြည့်ရသည်မှာ ပုရွက်ဆိတ်အသိုက်မှ ပုရွက်ဆိတ်များပြးထွက်လာသကဲ့သို့ဖြစ်နေခဲ့သည်။ ရှောင်ယုသည် ယခုလိုအံ့ဖွယ်အခိုက်အတန့်တစ်ခု၌ သူ့ဘက်မှအသေအပျောက်များပြားစွာ မရင်ဆိုင်ရစေရန်ပြုလုပ်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့က ရှောင်ယုထက်ပို၍ခံစားခဲ့ရသည်။ သူတို့သည် ယခုအချိန်ထိမည်သို့လုပ်ရမည်ကို နားမလည်ကြသေးပေ။ အဆုံးသတ်တွင် သူတိူ့အားတိုက်ခိုက်လာသည့် ရန်သူအရေအတွက်အလွန်များပြားနေခဲ့သည်။

လီယိုနာဒိုသည် သူ့ဘက်မှမှော်ဆရာတစ်ဦး သတ်ဖြတ်ခံရသည်ကိုမြင်သော် ဒေါသထွက်သွားခဲ့သည်။ သူ၏မိသားစုသည် ထိုမှော်ဆရာအား ပြုစုပျိုးထောင်ပေးရန် များစွာအားစိုက်ထုတ်ခဲ့ရသည်။ သူသည် ဆက်လက်စိတ်မထိန်းနိုင်တော့ဘဲ တိုက်ပွဲသို့ခုန်ဝင်သွားခဲ့သည်။ လီယိုနာဒို၏ကိုယ်ခံပညာသည် မကောင်းမွန်သော်လည်း သူသည်ကောင်းမွန်သည့်မှော်ဆရာတစ်ယောက်ဖြစ်သည်။

နီကိုးလပ်စ်သည် နောက်ကွယ်၌အမိန့်ပေးရန် ကျန်ရစ်ခဲ့သည့်တစ်ဦးတည်းသော ခေါင်းဆောင်ဖြစ်သည်။ သူသာမကျန်ခဲ့ပါက တိုက်ပွဲအခြေအနေအား မည်သူကစောင့်ကြည့်မည်နည်း။ မည်သူက တပ်များကိုချိန်ညှိကာ အမိန့်ပေးမည်နည်း။ ဂေါ်လောခ့်များသည် ထူးဆန်းသောနည်းဗျူဟာများကို အသုံးပြုတိုက်ခိုက်လာပါက မည်သို့လုပ်ဆောင်မည်နည်း။

တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ ရှောင်ယုပိုမိုအံ့သြလာခဲ့သည်။ ဆင့်ကဲပြောင်းလဲလာသည့် ဂေါ်လောခ့်များ၏စွမ်းအားသည် များစွာတိုးတက်လာကြောင်း သူသိရှိထားပြီးဖြစ်သည်။ ဂေါ်လောခ့်များသည် ဆက်တိုက်သေဆုံးနေသည်တောင်မှ တွင်းထဲနေ၍ ဂေါ်လောခ့်များ အဆက်မပြတ်ထွက်ပေါ်နေဆဲဖြစ်သည် ။ ထိုကောင်များသည် အဆုံးမရှိသလိုပင်။ နေဝင်ချိန်နွံအိုင်၌ ဂေါ်လောခ့်များမည်မျှထိ နေထိုင်ကျက်စားနေသနည်း။

ယခုအချိန်တွင် သူတို့ဘက်၌လူအင်အားမည်မျှရှိသည်ဖြစ်စေ ထိုလူများသည်မည်မျှခွန်အားကြီးမားသည်ဖြစ်စေ ဤအဆုံးမရှိသောဂေါ်လောခ့်များကိုရင်ဆိုင်ရာ၌ အရေးမကြီးတော့ပေ။ ဤတိုင်းသာဆက်ဖြစ်နေလျှင် သူတို့သည်၎င်းတို့အားတွန်းလှန်ရန် နည်းလမ်းရှိတော့မည်မဟုတ်ပေ။

ရှောင်ယုသည် အခြေအနေတစ်ခုလုံးအား အကဲဖြတ်ရန်စတင်လေ့လာလိုက်သည်။ လက်ရှိအခြေအနေအရသာဆိုလျှင် သူတို့သည်ဂေါ်ဒွန်၏ဦးခေါင်းခွံအား ရှာဖွေရန်အတွက် နေဝင်ချိန်နွံအိုင်၏အနက်ပိုင်းသို့ ဝင်ရောက်နိုင်မှာမဟုတ်တော့ပေ။

" အထဲကိုသေချာအာရုံစိုက်ကြ ... စစ်မြေပြင်ရဲ့အကျယ်အဝန်းကို တဖြည်းဖြည်းအတွင်းဘက်ကို လျော့ချကြ "

ရှောင်ယုကအော်ဟစ်လိုက်သည်။ ယခင်ကနှင့်နှိုင်းယှဉ်လျှင် ဖွဲ့စည်းပုံ၏အရွယ်အစားကိုလျော့ချခြင်းဖြင့် ယခင်ရင်ဆိုင်နေရသည့်ဂေါ်လောခ့်များထက် ပိုမိုနည်းပါးသည့်ဂေါ်လောခ့်များနှင့်သာရင်ဆိုင်ရတော့မည်ဖြစ်သည်။ သူ့လူများသည် နီကိုးလပ်စ်၏အဖွဲ့နှင့် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ဂေါ်လောခ့်များထွက်ပေါ်နေသည့်အပေါက်နှင့် အတော်ဝေးဝေးသို့ရောက်ရှိသွားခဲ့သည်။

နီကိုးလပ်စ်သည် ယခုအချိန်၌ သူနှင့်ရန်ငြိုးရန်စကြီးကြီးမားမားမရှိ၍ ရှောင်ယုသည်သူ့တပ်များကို နီကိုးလပ်စ်၏တပ်များနှင့် ပိုမိုနီးကပ်စေရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

အချိန်အနည်းငယ်ခန့်ကြာပြီးနောက်တွင် မဟာမိတ်အဖွဲ့သည် သေးငယ်သောအဝိုင်းပုံသဏ္ဍာန် ဖွဲ့စည်းပုံအဖြစ်ပြောင်းလဲသွားခဲ့သည်။ သူတို့သည် ဂေါ်လောခ့်များကို နေရာ၃ခုမှခုခံတိုက်ခိုက်ရန် အဆင်သင့်ဖြစ်သွားခဲ့သည်။ ထို့ပြင် မှော်ဆရာများသည် သူတို့ခြေထောက်အောက်ရှိ မြေပြင်ကိုဖုံးအုပ်ရန်အတွက် မှော်မန္တန်များကို စတင်အသုံးပြုလာကြသည်။ ယခင်က ခံစစ်ဆင်နေသောအကျယ်အဝန်း အလွန်ကြီးမား၍ မှော်မန္တန်ကိုအသုံးမပြုခဲ့သော်လည်း ယခုအခါသေးငယ်သောစက်ဝိုင်းပတ်လည်ကိုသာ အသုံးပြုခဲ့ရ၍ မှော်စွမ်းအင်သုံးစွဲမှုလည်း လျော့ကျလာခဲ့သည်။

" မင်းအမေလိုပဲ ... ငါကဘယ်တုံးက ခုလိုအရှံးသမားတစ်ယောက်ဖြစ်လာရတာလဲ "

ရှောင်ယုက ညည်းညူမိလိုက်သည်။ သူသည် မြို့ရိုး၏စွမ်းအားကိုအသုံးပြုကာ စစ်ပွဲများစွာကိုအနိုင်ယူရန်အတွက် လှည့်ကွက်မျိုးစုံအား အသုံးပြုခဲ့သည်။ သူသည် ယခုလိုအခြေအနေမျိုးအား တစ်ခါမှမကြုံတွေ့ဖူးပေ။ ယခုအချိန်၌ သူတို့သည် မြေနေရာအသာစီးရယူထားနိုင်ခြင်းမရှိပေ။ တစ်ခုတည်းသောရွေးချယ်စရာမှာ လက်ရှိခြေကုပ်ယူထားသောမြေနေရာကို ခုခံကာကွယ်ရမည်ဖြစ်ပြီး ထိုသို့မပြုလုပ်နိုင်ပါက သေဆုံးသွားရမည်ဖြစ်သည်။

" မင်းတို့မှာ အကြံကောင်းတွေရှိကြလား ... ဒီမြူခိုးထုမှာ အဆိပ်အတောက်တွေပါဝင်နေကြတယ် ... ဒီတိုင်းသာဆက်ဖြစ်နေရင် ငါတို့အကုန်ပြီးသွားလိမ့်မယ် "

လီယိုနာဒိုကအော်ဟစ်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့တပ်များသည်တဖြည်းဖြည်းလေးလံနှေးကွေးလာကြောင်း မြင်တွေ့လိုက်ရ၍ လီယိုနာဒိုစိုးရိမ်လာခဲ့သည်။ မကြာမှီ သူ၏တပ်သားအချို့သည် အဆိပ်သင့်ခြင်းလက္ခဏာအား ခံစားလာခဲ့ရသည်။ သူ၏ကိုယ်ပိုင်တပ်ဖွဲ့သည် အခြားနှစ်ဖွဲ့နှင့်ယှဉ်လျင် အဆိပ်ဒဏ်ကိုပိုမိုခံနိုင်ရည်ရှိသဖြင့် ရှောင်ယုကဤအရာအား သတိမပြုမိခဲ့ခြင်းဖြစ်သည်။

" ရှောင်ယု ... ပြောစရာရှိရင် ခုချက်ချင်းပြောလိုက်တော့ ငါတို့ပူးပေါင်းမှရတော့မယ် "

ရှောင်ယုတိတ်ဆိတ်နေသည်ကိုမြင်သော်လည်း နီကိုးလပ်စ်၏အမြင်တွင် ရှောင်ယုထံ၌ကျိန်းသေပေါက်နည်းလမ်းတစ်ခုရှိပြီး သူတို့အားမပြောပြလိုခြင်းဖြစ်သည်ဟု မှတ်ယူထားသည်။ ဤနေရာတွင် ရှောင်ယု၏တိုက်ခိုက်ရေးနှင့် ကွပ်ကဲမှုအစွမ်းများသည် ၎င်းတို့ထက်သာလွန်သည်ဟု ယုံကြည်ထားသည့်အတွက်ကြောင့် သူသည်ရှောင်ယုအားတာဝန်ပေးလိုခြင်းဖြစ်သည်။

All Chapters