အခန်း (၃၆၇-၃၆၉)
Vol. 25 Ch. 367-369
အခန်း ၃၆၇ - မှောင်ခိုစျေးကစားခြင်း
အချိန်များ တဖြည်းဖြည်းကုန်လွန်လာသည်နှင့်အမျှ အခြေအနေများက ပိုမိုဆိုးဝါးလာခဲ့သည်။
ဤအတိုင်းသာဆက်သွားနေပါက မဟာမိတ်အဖွဲ့သည် မိုးလင်းချိန်ထိတောင့်ခံထားနိုင်ရန် မသေချာပေ။ ထို့ပြင် မြူခိုးများကလည်း ပျောက်ကွယ်သွားမလား မသေချာသေးပေ။
" ငါကနတ်ဘုရားတစ်ပါးလို့ထင်နေတာလား ... ငါ့မှာဖြေရှင်းချက်တစ်ခုမှမရှိဘူး ... ငါ့ရဲ့တပ်ဖွဲ့ကို မျိုးနွယ်စုအသီးသီးနဲ့ဖွဲ့စည်းထားတာကြောင့် အဆိပ်ဒဏ်ကိုသဘာဝကျကျခုခံနိုင်တာပဲ "
ရှောင်ယုကအော်ဟစ်လိုက်သည်။ အမှန်တော့ ရှောင်ယုနှင့်အူသာတို့နှစ်ယောက်လုံးသည် ပါလာဒင်များဖြစ်ကြ၍ လူသားများကိုအလွယ်တကူ အဆိပ်ဖြေပေးနိုင်ပေသည်။ သို့သော်လည်း သူတို့၏စွမ်းအားများသည် အရှိန်အဟုန်ဖြင့်ကုန်ဆုံးသွားမှာ သေချာပေသည်။
" အကုန်လုံးတိုက်ကြ ... ငါတို့ရဲ့ခံစစ်လိုင်းနားမှာရှိနေတဲ့ တွင်းပေါက်တွေကိုပိတ်ဆို့ကြ ... အဲလိုမှမဟုတ်ရင်ငါတို့အားလုံးသေလိမ့်မယ် "
ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ရှောင်ယုသည် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ နှစ်ဦးထံတွင် ဝှက်ဖဲများရှိနေကြောင်း သိရှိထား၍ ထိုဝှက်ဖဲများအားအသုံးပြုရန် ၎င်းတို့အားဖိအားပေးလိုခြင်းဖြစ်သည်။ ရှောင်ယုသည် သူတို့၏စစ်မှန်သောခွန်အားကို တွေ့မြင်လိုခဲ့သည်။
နီကိုးလပ်စ်သည် ခဏလောက်တိတ်ဆိတ်နေပြီးနောက် လီယိုနာဒို၏မျက်လုံးများကို စိုက်ကြည့်ကာအမိန့်ပေးလိုက်သည်။
" လူတိုင်း တိုက်ကြတော့ "
နီကိုးလပ်စ်ဘက်မှ တိုက်ခိုက်နေကြသူများသည် အသက်ရှုချိန်အနည်းငယ်အတွင်း ချက်ချင်းအစွမ်းထက်လာကြသည်။ သူတို့သည် ယခုအချိန်ထိသူတို့၏ခွန်အားကို ဖုံးကွယ်ထားပုံရပေသည်။ မှော်ဆရာများသည် မှော်စာလိပ်များကိုထုတ်ဖော်၍ ဂေါ်လောခ့်များစွာကို သတ်ဖြတ်ခဲ့သည်။ ရှောင်ယုသည် ကြီးမားသောဧရိယာတစ်ခု၌ ရှိနေသည့်ဂေါ်လောခ့်အားလုံးသည် စက္ကန့်ပိုင်းအတွင်းသေဆုံးသွားသည်ကို မြင်သောအခါ ရှောင်ယုထိတ်လန့်သွားခဲ့ရသည်။
လီယိုနာဒို၏တပ်သားများသည်လည်း နီကိုးလပ်စ်၏စစ်သည်တော်များနှင့် မှော်ဆရာများထက်လုံးဝနိမ့်ကျခြင်းမရှိပေ။ ရှောင်ယုသည်လည်း ဘာမှမလုပ်ဘဲထိုင်မနေခဲ့ပေ။ သူသည် သူ၏သူရဲကောင်းများအား ယခုအချိန်ထိအသုံးမပြုရသေးသော ကျွမ်းကျင်မှုများအားထုတ်ဖော်ရန် အမိန့်ပေးခဲ့သည်။ တိုင်ရန်ဒီနှင့် နာဂပင်လယ်စုန်းတို့သည် မြှားပစ်စွမ်းရည်ကိုပိုမိုထုတ်ဖော်ကာ ဂေါ်လောခ့်များစွာကို အလုံးအရင်းသတ်ဖြတ်လာကြသည်။ ထို့ပြင်သူသည် အူသာအား လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့၏တပ်များအပေါ် စတင်ကောင်းချီးပေးရန်အမိန့်ပေးခဲ့သည်။ သို့သော် ကောင်းချီးများကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ရန် တိတ်တဆိတ်ပြောခဲ့သည်။
အူသာသည် ရှောင်ယု၏စကားနောက်ကွယ်မှ အဓိပ္ပါယ်ကိုနားလည်ခဲ့သည်။ သူသည် အတည်ပြုချက်ကိုရသည်နှင့် ခေါင်းညိတ်ပြလိုက်ကာ လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့၏တပ်များအပေါ် စတင်ကောင်းချီးပေးခဲ့သည်။
လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့၏တပ်များဘက်မှ မှော်ဆရာများနှင့်သူရဲကောင်းများသည် သူတို့၏ခန္ဓာကိုယ်မှတိုးမြင့်လာသော ခွန်အားကိုစတင်ခံစားမိလာသည့်အခါ အူသာအား အထိတ်တလန့်ဖြစ်နေသည့် မျက်လုံးများဖြင့် လှည့်ကြည့်လိုက်မိသည်။ သူတို့သည် ပါလာဒင်၏တည်ရှိမှုကို အလွန်ပင်တန်ဖိုးထားကြသည်။ ပါလာဒင်တစ်ယောက်သည် စစ်ပွဲ၏ရလဒ်ကို ပြောင်းလဲပေးနိုင်သည်မှာ အံ့သြစရာမဟုတ်တော့ပေ။ ထို့ပြင် ရှောင်ယုသည်သူရဲကောင်းများနှင့် မှော်ဆရာများ၏ဒဏ်ရာကို ကုသပေးရန်အတွက် အလင်းကောင်းချီးကိုအသုံးပြုရန် အူသာအားတောင်းဆိုခဲ့သည်။
ထိုမြင်ကွင်းကြောင့် လီယိုနာဒို၏မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။ လီယိုနာဒိုကိုယ်တိုင်ကလည်း အူသာ၏ကောင်းချီးကိုခံစားမိခဲ့ပြီး သူ၏ကိုယ်ပိုင်စွမ်းအားသည် အကန့်အသတ်ကိုကျော်လွန်၍ တိုးတက်လာခဲ့သည်။ သူ၏ကိုယ်ပိုင်ခွန်အားသည် ၃ပုံ၁ပုံခန့်တိုးတက်လာခြင်းသည် မည်သည်ကိုဆိုလိုသနည်း။ လီယိုနာဒိုသည် အစွမ်းထက်သောကျွမ်းကျင်သူတစ်ယောက်ဖြစ်နေပြီဖြစ်၍ သူ၏ခွန်အား၃ပုံ၁ပုံအား တိုးတက်လာစေသည့် ကောင်းချီးသည် အလွန်ပင်မွန်မြတ်လာသည်ဟု မှတ်သားရပေသည်။
ထို့ပြင် အူသာသည် သူတို့အဖွဲ့အားလုံး၏နောက်တွင်ရှိနေပြီး သူတို့အဖွဲ့၂ခုအပေါ် ကောင်းချီးအားလုံးကို အသုံးမပြုထားကြောင်း သူတို့နားလည်ပေသည်။ ရှောင်ယုဘက်မှ မန္တန်ဖြိုခွဲသူများသည် အူသာ၏ကောင်းချီးကို တစ်ကြိမ်ထက်ပို၍လက်ခံရရှိခဲ့သည်။ မည်သို့ပင်ဆိုစေ ပါလာဒင်၏စွမ်းအားသည် လူတိုင်းကိုထိတ်လန့်စေခဲ့သည်။ လူတိုင်းသည် အစွမ်းထက်သောသူရဲကောင်းတစ်ယောက်ထက် ဤကဲ့သို့သောပါလာဒင်တစ်ယောက်ကို အသင်း၌ပိုမိုပါဝင်စေလိုခဲ့သည်။
လီယိုနာဒိုသည် ထိတ်လန့်တုန်လှုပ်နေသေးသော်လည်း နီကိုးလပ်စ်သည် ဤကိစ္စနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိရှိထားခဲ့သည်။ ထိုပါလာဒင်သည် အမှန်ပင်စစ်မှန်သည့်အူသာဖြစ်သည်။ ဘုရားကျောင်း၏ပုပ်ရဟန်းမင်းသည်ပင် ဤသို့စွမ်းအားကြီးသောကောင်းချီးကို အသုံးပြုနိုင်မည်လား။ ထို့ပြင် လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့နှစ်ယောက်လုံးသည် ဤကဲ့သို့အစွမ်းထက်သောပါလာဒင်တစ်ယောက် တည်ရှိနေခြင်းက မည်သည့်စစ်ပွဲ၏ အခြေအနေကိုမဆို ပြောင်းလဲနိုင်ကြောင်း နားလည်ထားခဲ့သည်။ တစ်စုံတစ်ယောက်က ဤကဲ့သို့အစွမ်းထက်သောပါလာဒင်တစ်ယောက်ကို သူတို့၏အစီအစဉ်၌ထည့်မတွက်မိပါက ဆုံးရှုံးမှုကိုခံစားရမည်ဖြစ်သည်။
အူသာ၏ကောင်းချီးကို ရရှိပြီးနောက် အခြေအနေတစ်ခုလုံးသည် တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။ မဟာမိတ်တစ်ဖွဲ့လုံး၏ အလုံးစုံအင်အားသည် ၃ပုံ၁ပုံသည် တိုးတက်လာခဲ့သည်။ ထို့ပြင် မဟာမိတ်အဖွဲ့၌ မည်သူကမှသာမန်စစ်သားများမဟုတ်ကြပေ။ လူတိုင်းလိုလိုပင် စွမ်းအားကြီးသူရဲကောင်းများနှင့်မှော်ဆရာများဖြစ်ကြသည်။ စစ်မြေပြင်၌ ကျရှုံးနေသည့်ဂေါ်လောခ့်များ၏ အလောင်းများသည် အချိန်ကြာလာသည်နှင့်အမျှ အမှိုက်ပုံနှင့်တူညီလာခဲ့သည်။
ရှောင်ယုသည် သူ့ရှေ့မှအခြေအနေကြောင့် အောင်ပွဲရရှိသလိုခံစားမိလိုက်သည်။ အခြားအဖွဲ့၂ခု၌ အစွမ်းထက်သောသူရဲကောင်းများနှင့်မှော်ဆရာများရှိနေသော်လည်း အူသာ၏ကောင်းချီးများက ဂေါ်လောခ့်များကို အလွယ်တကူရင်ဆိုင်တိုက်ခိုက်ရာ၌ အဓိကလက်နက်ဖြစ်ခဲ့သည်။ အူသာ၏ကောင်းချီးသည် တိုက်ပွဲဒီရေအား လုံးဝပြောင်းလဲသွားစေရန် လုံလောက်သည့်အတွက်ကြောင့် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် သူတို့၏တပ်ဖွဲ့များကို အပြည့်အဝဆက်လက်တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ ထိုအချိန်တွင် ရှောင်ယုသည်မောပန်းလာ၍ စစ်မြေပြင်မှခေတ္တဆုတ်ခွာကာ အနားယူရန်ဆုံးဖြတ်လိုက်သည်။
" ငါကသိပ်ပြီးမသန်မာသေးသလို ငါ့ရဲ့ခံနိုင်ရည်ကလည်းသိပ်ပြီးမကြီးသေးဘူး ... ခိုင်ရင်းလိုမျိုးတူညီတဲ့အရည်အချင်းတွေကို ဘယ်တော့မှငါရလာမှာလဲ "
ရှောင်ယုသည် အသက်ပင်မရှုဘဲ ရဲဝံ့စွာတိုက်ခိုက်နေသော ခိုင်ရင်းအားမနာလိုစွာ စိုက်ကြည့်နေမိသည်။ ရှောင်ယုသည် အစွမ်းထက်သော်လည်း ခိုင်ရင်း၏ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့်ယှဉ်လျင် လွန်စွာအားနည်းနေသေးသည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည်လည်း ရှောင်ယုနှင့်မနီးမဝေးသို့ဆုတ်ခွာလာကြသည်။
" ရှောင်ယု .. .မင်းရဲ့ပါလာဒင်အကူအညီနဲ့ဆိုရင် လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မယ် ... ဒါ့အပြင်ဂေါ်လောခ့်တွေရဲ့ ရတနာတွေကိုလည်း ငါတို့လက်လှမ်းမှီလာလိမ့်မယ် "
နီကိုးလပ်စ်သည် မျက်လုံးမှိတ်ရင်းပြုံးလိုက်သည်။ အူသာသည် နောက်လာမယ့်စိန်ခေါ်မှုများ၌ အရေးပါသည့်လက်နက်တစ်ခုဖြစ်လာမည်ဟု သူယုံကြည်နေခဲ့သည်။
ရှောင်ယုက သူ့အားပြန်ကြည့်လိုက်သည်။
" ပါလာဒင်တွေအကုန်လုံးက ဒီလိုမျိုးလွယ်လွယ်ကူကူကောင်းချီးပေးနိုင်မယ်လို့ မင်းထင်နေလား ... သူတို့ကစွမ်းအင်မကုန်ခမ်းဘူးလို့ မင်းထင်လား ... ကောင်းချီးတွေကိုအဆက်မပြတ်ထုတ်ဖော်တာက ပါလာဒင်တွေကိုထိခိုက်စေတယ်ဆိုတာ မင်းနားမလည်တာလား ... စွမ်းအားကြီးတဲ့ကောင်းချီးတွေကိုထုတ်သုံးတာက အဲပါလာဒင်အပေါ်ကို ပိုပြီးတော့ဝန်ပိစေတယ် ... အဲ့ဒါကိုမင်းသတိမထားမိဘူးလား "
ရှောင်ယုသည် သူ၏စကားအပေါ် ယခုလိုပြင်းထန်စွာတုံ့ပြန်လာလိမ့်မည်ဟု နီကိုးလပ်စ်မထင်ထားခဲ့ပေ။ လီယိုနာဒိုသည် ရှောင်ယုနှင့်စကားပြောရန် အစီအစဉ်မရှိ၍ နီကိုးလပ်စ်နှင့်ရှောင်ယုတို့အားကြည့်ကာ နှုတ်ဆိတ်နေလိုက်သည်။ ထို့ပြင် သူသာစကားဝင်ပြောမိပါက သူတို့နှစ်ဦးကြားကတောက်ကဆဖြစ်ကာ ရှောင်ယုသည်အူသာကိုဆုတ်ခွာရန် အမိန့်ပေးလိုက်လျင် သူ့အတွက်များစွာအကျိုးယုတ်မည်ဖြစ်သည်။ သူသည် ငတုံးတစ်ကောင်မဟုတ်ပေ။ ဤအချိန်သည် အခြားသူအားမနာလိုဖြစ်ရမယ့်အချိန်မဟုတ်ဘဲ မှန်ကန်သောအခွင့်အရေးအား စောင့်ဆိုင်းရမည်ဖြစ်သည်။
" ငါပြောမယ် ... မင်းရဲ့လူတွေကို ကောင်းချီးပေးဖို့အတွက် ငါ့ဘက်ကအများကြီးကုန်ကျခဲ့ရတယ် ... အဲ့အတွက် မင်းကငါ့ကိုဘယ်လိုလျော်ကြေးပေးမှာလဲ ... အူသာရဲ့ကောင်းချီးတွေဟာ သူ့အတွက်တော်တော်ကုန်ကျစေတယ်ဆိုတာ မင်းတို့သတိထားသင့်တယ် ... စကားမစပ်ငါမင်းတို့ကိုပြောဖို့မေ့သွားတယ် ... ဒီကောင်းချီးတွေဟာ အချိန်ကန့်သတ်ချက်ရှိတယ် ... ဒါကြောင့်မင်းတို့ မြန်မြန်စဉ်းစားသင့်တယ် "
ရှောင်ယုသည် သူတို့အားလက်ရှိအခြေအနေကို ကြာရှည်စွာခံစာနိုင်ရန် အခွင့်အရေးမပေးခဲ့ပေ။ သူတို့သည်မဟာမိတ်ဖွဲ့ထားသော်လည်း သူ၏ကိုယ်ပိုင်အကျိုးခံစားခွင့်ကို တွေးရဦးမည်ဖြစ်သည်။
နီကိုးလပ်စ်သည် ရှောင်ယု၏စကားနောက်ကွယ်မှ အဓိပ္ပါယ်အားနားလည်လိုက်၍ တိတ်ဆိတ်နေလိုက်သည်။
" မင်းတို့ကတိတ်တိတ်နေရတာ သဘောကျတယ်ဆိုမှတော့ ... အူသာရဲ့စွမ်းအားနဲ့မှော်စွမ်းအင်ကို ဖြုန်းတီးနေစရာမလိုတော့ဘူးထင်တယ် "
ရှောင်ယုကပြုံးရင်းပြောလိုက်သည်။
ရှောင်ယုသည် သူတို့နှစ်ယောက်ထံမှ အကျိုးအမြတ်များရယူလိုနေကြောင်း သဘောပေါက်လိုက်၍ နီကိုးလပ်စ်ကဒေါသတကြီးအံကြိတ်မိလိုက်သည်။ ဤရှောင်ယုသည် ယခုလိုအခြေအနေမျိုး၌ပင် အကျိုးအမြတ်ရယူလိုသည့် လူယုတ်မာဖြစ်သည်။ လက်ရှိအချိန်တွင် သူ့အတွက်အခွင့်အရေးရရှိလာသည်နှင့် ရှောင်ယုသည် သူတို့နှစ်ယောက်ထံမှ တိုက်ရိုက်ပင်တောင်းဆိုလာခဲ့သည်။
ထို့ပြင် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် လက်ရှိအချိန်၌ ရှောင်ယုအားထိုအကြောင်းများကို မပြောပြလိုပေ။ သူတို့သည် တိုက်ပွဲမပြီးပြတ်သေးကြောင်း သတိပြုရမည်ဖြစ်သည်။
လီယိုနာဒိုက အေးစက်သောလေသံဖြင့် မေးမြန်းလိုက်သည်။
" ရှောင်ယု ... ငါတို့ကတူညီတဲ့မဟာမိတ်ထဲက မဟုတ်ဘူးလား "
" ဟုတ်တယ်...ငါတို့ကမဟာမိတ်တွေပဲ ... ဒါပေမဲ့ဘယ်သူကအားစိုက်ထုတ်နေတာလဲ ... အူသာဟာ သူ့ရဲ့ခွန်အားကိုအသုံးပြုပြီးတော့ မင်းတို့လူတွေကိုချွေးသံတစ်လုံးလုံးနဲ့ ကုသပေးနေတယ် ... အဲ့ဒါအတွက်ကုန်ကျစရိတ်ကဘယ်လိုလဲ ... အဲ့ဒါအတွက်ဘယ်သူကလျော်ကြေးငွေပေးမှာလဲ ... သူ့ရဲ့ကောင်းချီးကြောင့် မင်းတို့တွေခုလိုတိုက်ခိုက်နေနိုင်တာမဟုတ်လား "
ရှောင်ယုသည် အူသာဘက်သို့လှည့်ကြည့်လိုက်သည်။
" အူသာ ... သူတို့နှစ်ယောက်ရဲ့လူတွေကိုပေးနေတဲ့ကောင်းချီးတွေကို ရပ်ထားလိုက် ... ငါတို့ရဲ့လူတွေကိုပဲအာရုံစိုက်ထား ... ငါတို့ကအခြားသူတွေကိုကာကွယ်ဖို့အတွက်လောက်နဲ့ ငါတို့ရဲ့ကိုယ်ပိုင်အရင်းအမြစ်တွေကို ဘာလို့သုံးစွဲနေရမှာလဲ "
အူသာက ခေါင်းညိတ်ပြီးအတည်ပြုလိုက်သည်။
အခြေအနေတစ်ခုလုံးသည် စက္ကန့်ပိုင်းအတွင်း ၁၈၀ဒီဂရီပြောင်းလဲသွားကြောင်း နီကိုးလပ်စ်တွေ့မြင်လိုက်ရသည်။ သူနှင့်လီယိုနာဒိုတို့နှစ်ဦးလုံး၏တပ်သားများသည် အူသာ၏ကောင်းချီးများမပါရှိလျှင် အသေအပျောက်များစွာကိုရင်ဆိုင်ရမည်ဖြစ်သည်။ နီကိုးလပ်စ်သည် ဆိုးရွားသောအခြေအနေကို သတိပြုမိလိုက်၍ ရှောင်ယုအားမေးမြန်းလိုက်သည်။
" မင်းဘာလိုချင်လို့လဲ "
ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။
" မင်းသိပါတယ် ... ငါကခုချိန်မှာပိုက်ဆံသိပ်မတတ်နိုင်ဘူး ... နောက်တစ်ခုကငါ့နယ်မြေဟာ သေးငယ်ပြီးတော့ရွှေပြားတွေကင်းမဲ့နေတယ် ... ငါတို့အချင်းချင်းညှိနှိုင်းကြည့်ရအောင် ... ကောင်းချီးတစ်ခုစီတိုင်းအတွက် ရွှေပြား၁၀၀၀၀၀ပေးရမယ် ... မင်းတို့ဘယ်လိုထင်ကြလဲ ငါကတော်တော်ရက်ရောပြီးတော့ကြင်နာတတ်တယ်မဟုတ်လား "
ရွှေပြား၁၀၀၀၀၀ ... ဒါနေ့ခင်းကြောင်တောင်ဓားပြတိုက်နေတာပဲ
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ထိုပမာဏအားတတ်စွမ်းနိုင်သည့် အခြေအနေတွင်ရှိနေသော်လည်း ကောင်းချီးတစ်ခုအတွက် ရွှေပြား၁၀၀၀၀၀သည်အလွန်ပင်စျေးကြီးလှပေသည်။
" ရှောင်ယု မင်းကတော်တော်ဖိအားပေးနေတာပဲ "
လီယိုနာဒိုက စကားတစ်ခွန်းမှမပြောပေ။ အကယ်၍ အူသာ၏ကောင်းချီးကိုမရရှိပါက သူ၏တပ်များသည်ကြီးကြီးမားမားဆုံးရှုံးရမည်ဖြစ်သောကြောင့် သူ၏ဒေါသကိုနှိမ့်ချရန် အစွမ်းကုန်ကြိုးစားနေရသည်။
" မင်းကော ... ဒါကတော်တော်စျေးကြီးတယ်လို့ထင်လား "
ရှောင်ယုက နီကိုးလပ်စ်အားကြည့်၍မေးလိုက်သည်။ ထို့နောက် သူကပုခုံးတွန့်၍ အေးအေးသက်သာလေသံဖြင့်ပြောလိုက်သည်။
" လူအချို့ထပ်သေသွားပြန်ပြီ ... ဒါပေမဲ့သူတို့ကငါ့လူတွေမဟုတ်ဘူးလေ ... ဘယ်သူကသူတို့ကိုဂရုစိုက်မှာလဲ "
" ကောင်းပြီ .. ကောင်းပြီ ... ဒါကသင့်တော်တဲ့စျေးနှုန်းတစ်ခုပဲ ... ငါပေးမယ် ... လီယိုနာဒိုကလည်း ဒီစျေးနှုန်းကိုကျိန်းသေပေါက်ပေးလိမ့်မယ် "
နီကိုးလပ်စ်က ပြန်ဖြေလိုက်သည်။
လီယိုနာဒိုသည် အံကြိတ်နေသော်လည်း နီကိုးလပ်စ်၏စကားများကို ငြင်းဆိုခြင်းမရှိပေ။ သူသည်ရှောင်ယုအား ဒေါသတကြီးစိုက်ကြည့်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှောင်ယု၏မျက်နှာပေါ်၌ ထင်ရှားသောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သန်းပေါင်းများစွာသို့မဟုတ် သန်းဆယ်ချီသောရွှေပြားများသည် အချိန်တစ်ခဏအတွင်း သူ၏အိတ်ကပ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။
အခန်း ၃၆၈ - နာဂအဆင့်တက်ခြင်း
ရွှေပြားသန်းပေါင်းများစွာသည် သူ၏အိတ်ကပ်တွင်းသို့ မကြာမှီဝင်ရောက်လာတော့မည်ကို သိရှိလိုက်ရ၍ ရှောင်ယု၏စိတ်အခြေအနေသည် အလွန်ကောင်းမွန်နေခဲ့သည်။
လက်ရှိအချိန်တွင် ခြင်္သေ့နယ်မြေသည် ငွေကြေးမလုံလောက်မှုနှင့်ရင်ဆိုင်နေရခြင်း မရှိသော်လည်း အနာဂတ်တွင်မူ ရွှေပြားများလုံးဝပြတ်တောက်သွားမည်မဟုတ်ဟု သူကျိန်းသေပေါက်အာမမခံနိုင်ပေ။ သူသည် အခြေစိုက်စခန်းများမှ လက်နက်များ ၊ ချပ်ဝတ်များနှင့်တပ်သားများကို ထုတ်လုပ်ရန်အတွက် ရွှေပြားများလိုအပ်နေခဲ့သည်။ ထို့ပြင်သူသည် ခြင်္သေ့နယ်မြေရှိလူတိုင်းအား ၃နှစ်တာအခွန်ကင်းလွတ်ခွင့်ပေးခဲ့သည်။ သူသည် အနာဂတ်တွင် အခြားနယ်မြေများကိုသိမ်းပိုက်ဦးမည်ဖြစ်ရာ ရွှေပြားပြတ်တောက်သည့်ပြဿနာကို ကျိန်းသေရင်ဆိုင်ရမည်ဖြစ်သည်။
သို့သော် ယခုသူရရှိမယ့်ရွှေပြားများကြောင့် မဝေးလှသည့်အနာဂတ်တွင် နယ်မြေ၏ဝင်ငွေသို့မဟုတ် အခွန်များနှင့်ပတ်သက်၍သူစိုးရိမ်နေစရာမလိုတော့ပေ။ အနည်းဆုံးတော့ သူ့နယ်မြေ၏စီးပွားရေးအခြေအနေသည် ပြိုလဲသွားမည်မဟုတ်ပေ။ ထို့ပြင် အင်းစ်မိသားစုနှင့်ရှောမိသားစုတို့ကဲ့သို့ ရှေးခေတ်မိသားစုများအတွက် ငွေကြေးဟူသည်အပေါများဆုံးအရာဖြစ်သည်။ သို့ဖြစ်ရာ ယခုအချိန်၌ အကောင်းဆုံးနည်းလမ်းမှာ သူတို့ထံမှငွေညစ်ရန်ဖြစ်သည်။
ရှောင်ယုသည် ငွေကိုချက်ချင်းမရရှိသေးသော်လည်း နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် သူတို့၏ဂုဏ်သတင်းနှင့်ယုံကြည်မှုကို ပျက်ပြားစေနိုင်သည့် မည်သည့်လိမ်လည်လှည့်ဖြားမှုကိုမှ ကြိုးစားမည်မဟုတ်ကြောင်း သူယုံကြည်ခဲ့သည်။ ထို့ပြင်ယခုအချိန်၌ ပါလာဒင်၏မှော်ပညာသည် သူရဲကောင်းများနှင့်မှော်ဆရာများအတွက် အရေးတကြီးလိုအပ်နေခဲ့သည်။
ထို့ပြင် ရှောင်ယုသည် ထိုရွှေပြားများကို အလွန်ပင်ဂရုစိုက်သော်လည်း နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့အတွက် ရွှေပြားများသည် ပြဿနာမဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ယောက်လုံးသည် ရှောင်ယု၏အကြပ်ကိုင်သော မှောင်ခိုစျေးကွက်ကြောင့် လွန်စွာစိတ်မသက်မသာဖြစ်ခဲ့ရသည်။
သို့သော်လည်း ရှောင်ယုသည် သူတို့၏အတွေးများကို များစွာဂရုမစိုက်ခဲ့ပေ။သူသည် လက်ရှိတိုက်ပွဲကြောင့် အလွန်ပင်ပျော်ရွှင်နေခဲ့သည်။ သူသည် ဤတိုက်ပွဲမှတဆင့် အတွေ့အကြုံမှန်များရရှိနေပြီး တစ်ချိန်တည်းတွင်ပင် အပိုဝင်ငွေရှာနိုင်ခဲ့သည်။
ရှောင်ယုသည် သူ၏မျက်နှာအနားသို့ လေလှိုင်းတစ်ခုဖြတ်သန်းသွားသည်ကို ခံစားနိုင်ခဲ့သည်။ ရှောင်ယုသည် လှည့်ကြည့်မိလိုက်ချိန်တွင် နဂါးလေးကိုတွေ့လိုက်မိသည်။ နဂါးလေးသည် ရှောင်ယုအားသွေးညီနံ့များပြည့်နှက်နေသည့် တံတွေးဖြင့်ထွေးထုတ်လိုက်သည်။
" အစုတ်ပလုတ်ကောင် ... မင်းဘာတွေလုပ်နေတာလဲ ... မင်းရဲ့အခုအသွင်အပြင်က ဘာဖြစ်နေလဲကြည့်စမ်း ... မြင့်မြတ်ပြီးတော့အစွမ်းထက်တဲ့နဂါးတစ်ကောင်အနေနဲ့ မင်းရဲ့ပုံရိပ်ကိုဂရုစိုက်ရမယ်ဆိုတာကို မင်းမသိဘူးလား ... မင်းကအချိန်တိုင်းကြည့်ကောင်းနေရမယ် ... ငါပြောတာကိုမင်းနားလည်လား "
ရှောင်ယုကလှမ်းအော်လိုက်သည်။
နဂါးလေးက ကလေးဆန်သောအသံဖြင့် ပြန်ပြောလိုက်သည်။
" အစ်ကိုယု ... ခုနကစစ်မြေပြင်မှာ ငါစိတ်တွေအရမ်းလှုပ်ရှားပြီးတော့ သူတို့ထဲကအမြောက်အများကို သတ်ဖြတ်မိလိုက်တယ် ... ဒါကြောင့်ငါက ခုလိုပုံစံဖြစ်နေတာပဲ ... စိတ်မဆိုးပါနဲ့ ငါခုပဲပြင်ဆင်လိုက်မယ် "
နဂါးလေးသည် အားရပါးရပြုံးလိုက်ကာ သူ၏ခန္ဓာကိုယ်အား လှုပ်ယမ်းလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏တစ်ကိုယ်လုံး၌ကပ်ညှိနေသောသွေးများ လျှံထွက်လာခဲ့သည်။
" မင်းအမေပဲ ... "
ရှောင်ယုသည် အချိန်မှီခုန်ထွက်လာသော်လည်း သွေးစက်အချို့က သူ၏အဝတ်အစားများ၌စွန်းထင်းသွားခဲ့သည်။
" အစ်ကိုယု ငါတကယ်တောင်းပန်ပါတယ် ... ငါ့ကိုသန့်ရှင်းရေးလုပ်ခိုင်းတာမင်းပဲမဟုတ်လား "
နဂါးလေးက ရှောင်ယုကိုကြည့်ရင်း အပြစ်မရှိသောပုံစံဖြင့်ပြောလိုက်သည်။ သူသည် ရှောင်ယု၏လူဆိုးပုံစံအား အတုယူလိုခြင်းဖြစ်သည်။
ရှောင်ယုသည် နဂါးလေးကိုကြည့်ရင်း စိတ်ဓာတ်ကျသွားခဲ့သည်။ သူသည် နဂါးတစ်ကောင်ကို သူ့နည်းသူ့ဟန်ဖြင့်လေ့ကျင့်ပေးခဲ့သော်လည်း ထိုနဂါးကသူ့ထက်ပင် ပိုမိုဆိုးဝါးလာခဲ့သည်။
ရှောင်ယုသည် စကားတစ်ခွန်းမှမပြောတော့ဘဲ နဂါးလေးကိုကြည့်ရင်း ဆိုးယုတ်စွာပြုံးလိုက်မိသည်။ နဂါးလေးသည် သူကြုံတွေ့ရမယ့်အကျပ်အတည်းကို ခံစားမိလိုက်သည့်အတွက် ကျယ်လောင်စွာရယ်မောလိုက်ပြီး စစ်မြေပြင်သို့ထွက်ပြေးသွားခဲ့သည်။
နဂါးလေးသည် အဝေးသို့ထွက်ပြေးသွားပြီဖြစ်၍ ရှောင်ယုသည်သူ၏ဒေါသများကို နဂါးလေးအပေါ်သို့ မဖောက်ခွဲနိုင်တော့ပေ။ နဂါးလေးသည် စတုတ္ထအဆင့်သို့ရောက်ရှိပြီးနောက် ပိုမိုညဏ်ကောင်းလာခဲ့သည်။ အမှန်တော့ ရှောင်ယုနှင့်စကားမပြောခင်ကပင် နဂါးလေးသည်သူ့ကိုယ်သူသန့်စင်နိုင်သော်လည်း ထိုကောင်လေးကတမင်သက်သက် မလုပ်ဆောင်နိုင်ခဲ့ပေ။
အူသာသည် လူတိုင်းကိုကောင်းချီးပေးခဲ့သောကြောင့် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏ တပ်ဖွဲ့များသည် စစ်မြေပြင်၌ ပိုမိုတက်ကြွစွာတိုက်ခိုက်နိုင်ခဲ့သည်။ အချိန်ကုန်လာသည်နှင့်အမျှ စစ်ပွဲချိန်ခွင်လျှာသည် လူသားများဘက်သို့ယိမ်းနွဲ့လာခဲ့သည်။
ဝုန်း...
ထိုအချိန်တွင် ငြိမ့်ငြောင်းသောပဲ့တင်ထပ်သံနှင့်အတူ အမျိုးသမီးတစ်ဦး၏ ကျေနပ်စွာအော်ငြီးသံကထွက်ပေါ်လာခဲ့သည်။
" ကောင်းလိုက်တာ ... နာဂက မကြာခင်အဆင့်တက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး "
ရှောင်ယုက ရယ်မောလိုက်သည်။ နာဂနောက်ဆုံးအကြိမ်အဆင့်တက်ပြီးကတည်းက ရှောင်ယုသည် နာဂ၏တိုက်ပွဲဝင်ပုံစံအား မနှောင့်ယှက်တော့ပေ။ သူသည် နာဂအား မိမိ၏လုံခြုံမှုအားဂရုစိုက်ကာ အန္တာရယ်များမှဝေးဝေးနေရန်သာ မှာကြားခဲ့သည်။ မည်သို့ပင်ဆိုစေ ရွှံ့နွံများအတွင်း၌ နာဂပင်လယ်စုန်း၏ ရှင်သန်နိုင်စွမ်းသည် အလွန်ပင်မြင့်မားပေသည်။ ထို့ပြင်သူမသည် ရေထဲတွင်ဂေါ်လောခ့်များထက်ပို၍ မြန်ဆန်စွာကူးခတ်နိုင်စွမ်းရှိသည်။
နာဂသည် အဆင့်၂၀သို့ရောက်ရှိပြီးနောက် ကျွမ်းကျင်မှုအသစ်၂ခုအား ရရှိခဲ့သည်။
ပထမကျွမ်းကျင်မှု၏အမည်မှာ အိပ်စက်ခြင်းဖြစ်သည်။ ၎င်းကိုအသုံးပြုပြီးနောက်တွင် ပစ်မှတ်သည်အိပ်ငိုက်လာပြီး နာဂပင်လယ်စုန်း၏သားကောင်ဖြစ်လာမှာဖြစ်သည်။ ထိုအစွမ်း၏ကျွမ်းကျင်မှုနယ်ပယ်သည် ကြီးကြီးမားမားမဟုတ်သော်လည်း နာဂသာအဆင့်တက်လာသရွေ့ ထိုကျွမ်းကျင်မှုသည်လည်း အဆင့်တက်လာမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ပေသည်။
နာဂပင်လယ်စုန်းသည် ရန်သူများအားတိုက်ခိုက်နေစဉ် အရေးကြီးသည့်အခိုက်အတန့်တွင် ရန်သူအားခဏတာအိပ်ပျော်သွားစေနိုင်သည်။ ထို့ပြင် ရန်သူသာသူမထက် အဆင့်ပိုမြင့်နေပါက ရန်သူကို အချိန်အတော်ကြာသည်ထိ သတိလက်လွတ်ဖြစ်စေနိုင်သည်။ သို့သော် ထိုအရာမှာ သူမနှင့်ရန်သူအကြားမည်မျှထိ ကွာခြားသနည်းဆိုသည့်အပေါ်တွင် မူတည်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ကျွမ်းကျင်သူများအကြား၌ ခဏကြာသတိလက်လွတ်ဖြစ်ခြင်းက ၎င်းတို့အားသတ်ဖြတ်ရန် လုံလောက်သည်ထက်ပိုနေပြီဖြစ်သည်။
အခြားကျွမ်းကျင်မှုတစ်ခုကိုမူ ဒီရေလှိုင်းဟုခေါ်သည်။ ထိုအရာသည် အနီးကပ်တိုက်ခိုက်မှုအတွက် အသုံးဝင်သောကျွမ်းကျင်မှုတစ်ခုဖြစ်သည်။ ယခုအချိန်တွင် နာဂ၏ကျွမ်းကျင်မှုအားလုံးသည် တာဝေးပစ်တိုက်ခိုက်မှုအတွက်သာဖြစ်သည်။ သို့သော်လည်း ဤကျွမ်းကျင်မှုဖြင့်ဆိုပါက နာဂသည်သူမထက်အားနည်းသောရန်သူများကိုသာ သတ်ဖြတ်ပြီး သန်မာသောရန်သူများကိုတွန်းလှန်နိုင်ရန် သူမ၏ခန္ဓာကိုယ်မှ ဒီရေလှိုင်းများထုတ်လွှတ်ပေးမှာဖြစ်သည်။
နဂိုက နာဂထံတွင် ကာကွယ်ရေးအတွက်အသုံးပြုနိုင်သော ကျွမ်းကျင်မှုများမရှိသည့်အတွက်ကြောင့် ရှောင်ယုအနည်းငယ်စိုးရိမ်နေခဲ့သည်။ ဤနေရာတွင် သူမ၏တိုက်ခိုက်မှုများကိုဖြတ်ကျော်ကာ သူမအနားသို့နီးကပ်စွာချည်းကပ်လာနိုင်သည့် အစွမ်းထက်ရန်သူများရှိနေနိုင်သည်။ ထိုရန်သူများသည် သူမ၏ဘေးကင်းလုံခြုံရေးအတွက် အဓိကအန္တာရယ်များဖြစ်လာနိုင်သည်။
ယခုအချိန်တွင်မူ သန်မာသောရန်သူများသည် သူမအနားသို့ချည်းကပ်လာလျှင်တောင်မှ ရန်သူများအားမသတ်ဖြတ်နိုင်လျှင်တောင် ခဏတာသတိလက်လွတ်ဖြစ်သွားစေနိုင်သည်။ သူမသည် ရန်သူကိုရင်ဆိုင်ရန်အတွက် အိပ်စက်ခြင်းနှင့်ဒီရေလှိုင်းတို့အားထုတ်ဖော်ကာ တန်ပြန်တိုက်ခိုက်နိုင်ပေသည်။
" ကောင်းလိုက်တာ ... မိုက်တယ်ဟေ့ "
ရှောင်ယုသည် သူမ၏ကျွမ်းကျင်မှုများကို သင်ယူလိုသော်လည်း ပထမဦးစွာ ထိုကျွမ်းကျင်မှုများအား သင်ယူရန်မလုပ်ဆောင်မှီ ၎င်းတို့၏အစွမ်းကိုတွေ့မြင်လိုခဲ့သည်။ ထိုကျွမ်းကျင်မှုများသည် လက်တွေ့တွက်မည်မျှထိ အစွမ်းထက်မည်ကိုသူမြင်တွေ့လိုခဲ့သည်။
နာဂသည် သူမ၏အမြီးကိုလှည့်ပတ်ရင်း သူမ၏မျက်နှာပေါ်၌ရွှင်လန်းမှုအပြည့်ရှိနေခဲ့သည်။ ရှောင်ယုသည် ယခုအချိန်၌အမှန်တကယ်ပျော်ရွှင်နေကြောင်း သူမသိထားပေသည်။ ထို့ကြောင့်သူမ၏အေးစက်သောအမူအရာသည် အနည်းငယ်နွေးထွေးလာခဲ့သည် ၊ နာဂပင်လယ်စုန်းသည် မြွေတစ်ဝက်မျိုးနွယ်ဝင်ဖြစ်ရာ နဂိုကတည်းကသွေးအေးပေသည်။
သို့သော်လည်း ရှောင်ယုလက်အောက်တွင် အချိန်အတော်ကြာအောင် တာဝန်ထမ်းဆောင်ဖူးသူတိုင်းသည် ရှောင်ယု၏ခံစားချက်နှင့် လက်အောက်ငယ်သားများအပေါ် ထားရှိသောခံစားချက်များက သူ၏နှလုံးသားထဲမှလာကြောင်း နားလည်သိရှိကြသည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ သူရဲကောင်းများနှင့်တပ်သားများ၏ သစ္စာစောင့်သိမှုသည်တိုးတက်လာခဲ့သည်။ ထို့ပြင် ယခုအချိန်၌နာဂသည် အဆင့်၂၀သို့ရောက်ရှိလာပြီဖြစ်ရာ သူမ၏စိတ်ခံစားချက်များတိုးတက်လာခဲ့သည်။ ထို့ကြောင့် ရှောင်ယု၏မျက်နှာပေါ်ရှိအမူအရာမှတဆင့် ထိုပျော်ရွှင်မှုသည် အတုမဟုတ်ကြောင်းသူမနားလည်ခဲ့သည်။
နာဂသည် စစ်မြေပြင်သို့တဖန်လှည့်ထွက်လာခဲ့သည်။ သူမသည် သူမ၏လက်ထဲရှိ လေးနှင့်မြှားကိုမြောက်ထားလိုက်သည်။ ဂေါ်လောခ့်များသည် သူမနှင့်တဖြည်းဖြည်းနီးကပ်လာသော်လည်း သူမ၏မျက်လုံးများမှ အလင်းတန်းများထွက်ပေါ်လာပြီးနောက် ဂေါ်လောခ့်ဆယ်ကောင်ခန့်သည်ချက်ချင်းရပ်တန့်သွားကာ မြေပေါ်လဲကျအိပ်ပျော်သွားပြီး ဟောက်သံများပင်ထွက်ပေါ်လာခဲ့သည်။
" သူတို့တွေကိုထားခဲ့လိုက်ပြီးတော့ အခြားကောင်တွေကိုသွာသတ် "
ရှောင်ယုကအမိန့်ပေးလိုက်သည်။ ထိုသားရဲများသည် မည်မျှကြာကြာအိပ်စက်နေမည်ကို သူသိချင်နေမိသည်။
နာဂသည် ဂေါလောခ့်၂ကောင်ကိုအရှင်ထားကာ ကျန်ဂေါ်လောခ့်များအား သတ်ဖြတ်ခဲ့သည်။
ထိုဂေါ်လောခ့်နှစ်ကောင်သည် ပြန်လည်တုံ့ပြန်နိုင်ရန် ၇စက္ကန့်မှ၈စက္ကန့်ထိကြာမြင့်ခဲ့သော်လည်း နောက်ပိုင်းတွင်သူတို့အမြင်အာရုံများကို ပြန်လည်ရရှိရန်နောက်ထပ်၅စက္ကန့်ခန့်လိုအပ်ခဲ့သည်။
နာဂ၏အစွမ်းသည် ဂေါ်လောခ့်များကိုအချိန်အကြာကြီး အိပ်ငိုက်နေစေရန် လုံလောက်သည်ဟုရှောင်ယုယုံကြည်ခဲ့သည်။ မည်သို့ပင်ဆိုစေ အချိန်အနည်းငယ်အတွင်း ပြန်လည်နိုးထလာနိုင်သော ဂေါ်လောခ့်များသည်လည်း အလွန်သန်မာကြောင်းနားလည်ထားသင့်ပေသည်။
နာဂသည် သူတို့ထံပြေးဝင်လာနေသော ဂေါ်လောခ့်နှစ်ကောင်ကိုကြည့်လိုက်ပြီး သူမ၏အမြီးကိုစောင်းလိုက်ကာ အရှိန်အဟုန်ပြင်းပြင်းဖြင့်လှည့်ပတ်လိုက်သည်။ ထိုအခိုက်အတန့်၌ ရှောင်ယုသည်လှိုင်းခတ်သံကို ကြားလိုက်ရသည်။
" အရမ်းကောင်းတယ် "
ရှောင်ယုသည် လှိုင်းခတ်သံကိုနားထောင်ရင်း ချီးကျူးလိုက်မိသည်။ ရှောင်ယုသည် သူ့ရှေ့တည့်တည့်၌ပင် ပင်လယ်ဒီရေတက်လာသလို ခံစားလိုက်ရသည်။
နာဂ၏ခန္ဓာကိုယ်သည် ကျယ်ပြောလှသောသမုဒ္ဒရာကြီးအတွင်း ကူးခတ်နေသလိုဖြစ်နေသည်။ သို့သော်လည်း သူမ၏ကျွမ်းကျင်မှုအတိုင်းအတာနှင့် အချင်းဝက်သည်ကြီးမားသည်မဟုတ်ပေ။ သူမ၏ ဒီရေလှိုင်းသည်ရမီတာသို့မဟုတ် ၈မီတာခန့်အထိဖုံးလွှမ်းထားခဲ့သည်။ နာဂထံသို့ အပြေးအလွှားဝင်ရောက်လာသည့် ဂေါ်လောခ့်နှစ်ကောင်လုံးသည် လှိုင်းဒဏ်ကိုခံစားလိုက်ရသည်။
ဘန်း ... ဘန်း
ဂေါ်လောခ့်နှစ်ကောင်လုံးသည် လှိုင်းဒဏ်ကြောင့်မူးဝေနေခဲ့သည်။ ဂေါ်လောခ့်နှစ်ကောင်သည် လှိုင်းလုံးများကိုဖြတ်ကျော်ရန်ကြိုးပမ်းကြသော်လည်း ပြင်းထန်စွာပစ်ချခံလိုက်ရကာ မြေပြင်ကိုအရှိန်ဖြင့်ထိမှန်ခဲ့သည်။ ထိုဂေါ်လောခ့်များသည် ပြန်၍ပင်ထမလာနိုင်တော့ပေ။ ရှောင်ယုသည် ထိုဂေါ်လောခ့်၏ပါးစပ်မှနေ၍ သွေးများစီးကျလာသည်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းမှတဆင့် ဒီရေလှိုင်းသည် သူတို့အားကြီးမားစွာထိခိုက်စေခဲ့ကြောင်း သိသာနေပေသည်။
" ဟားဟား ... အရမ်းကောင်းတယ် "
နာဂ၏ခွန်အားသည် နှစ်ဆခန့်တိုးလာသည်ကိုမြင်သော် ရှောင်ယုကချီးကျူးလိုက်သည်။
ဒီရေလှိုင်းသည် နာဂ၏မြှားပစ်အစွမ်းထက် များစွာပိုမိုအားကောင်းပေသည်။ အနာဂတ်တွင် နာဂအားရန်သူများကိုတိုက်ခိုက်ရန်စေလွှတ်ရာတွင် ရှောင်ယုသည် သူမအတွက်စိုးရိမ်စရာလိုတော့မည်မဟုတ်ပေ။
" နာဂ ... တိုင်ရန်ဒီနဲ့အခြားသူတွေလိုမျိုး အဆင့်၄၀ကိုရောက်အောင် အမြန်ဆုံးကြိုးစား ... ကဲသွားတော့ "
ရှောင်ယုသည် စိတ်ကောင်းဝင်နေခဲ့သည်။ နာဂသည် ရှောင်ယု၏အမိန့်ကိုရသည်နှင့် ခေါင်းညိတ်ပြီးထွက်ခွာသွားခဲ့သည်။
နာဂသည် သူမ၏ရှေ့တွင်ဆင့်ခေါ်ထားသော အခြားသူရဲကောင်းများကိုမြင်သော် ယှဉ်ပြိုင်လိုစိတ်တိုးတက်လာခဲ့သည်။ သူတို့အားလုံးသည် သူမထက်အဆင့်ပိုမြင့်ပေသည်။
သူတို့အားလုံးသည် သူရဲကောင်းများဖြစ်သော်လည်း သူမသည်နောက်အကျဆုံးဆင့်ခေါ်ခံရသူဖြစ်သည်။သူမသည် အဘယ်ကြောင့်သူတို့ကဲ့သို့ ကောင်းကောင်းမွန်မွန်မစွမ်းဆောင်နိုင်ရမည်နည်း။ နာဂကဲ့သို့ အေးစက်သောအသွင်အပြင်နှင့်အကျင့်စရိုက်ရှိသော သူရဲကောင်းမျိုးသည် အပြင်ပန်း၌တိတ်ဆိတ်နေသော်လည်း သူတို့၏နှလုံးသားများသည် အလွန်ပြိုင်ဆိုင်မှုပြင်းထန်လှသည်။
အခန်း ၃၆၉ - လိုက်လံရှာဖွေခြင်း
အခြားသောသူရဲကောင်းများသည် နာဂပင်လယ်စုန်း၏ အရှိန်အဟုန်ဖြင့် လှုံ့ဆော်ခံရသောကြောင့် သတ်ဖြတ်လိုစိတ်ပိုမိုပြင်းထန်လာကြသည်။
ဤတိုက်ပွဲသည် သူတို့အတွက်လည်း အဆင့်တက်ရန်အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ဂေါ်လောခ့်အရေအတွက်ကလည်း ပိုမိုမြန်ဆန်စွာဖြင့် လျော့နည်းလာခဲ့ကြသည်။ ထို့ပြင် အောစ့်စစ်သည်များ ၊ မှော်စုန်းဆရာများနှင့်အခြားသောတပ်သားများကလည်း ဂေါ်လောခ့်များကို မြန်နိုင်သမျှမြန်မြန်သတ်ဖြတ်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့ကြသည်။ ဤတိုက်ပွဲသည် သူတို့အားလုံးကိုပိတ်ဆို့နေသော အုတ်နံရံကြီးကိုဖြတ်ကျော်ကာ သူရဲကောင်းတစ်ယောက်ဖြစ်လာနိုင်သည့်အခွင့်အရေးဖြစ်ကြောင်း သူတို့အားလုံးနားလည်ခဲ့ကြသည်။ တိုက်ပွဲမှရရှိနိုင်သော အခွင့်အရေး၏သွေးဆောင်မှုသည် အမြင့်ဆုံးသို့ရောက်ရှိသွားပြီးသည့်နောက်တွင် အောစ့်စစ်သည်များက ပိုမိုကြမ်းတမ်းစွာတိုက်ခိုက်လာကြသည်။
နီကိုးလပ်စ်နှင့် လီယိုနာဒိုတို့သည် ရှောင်ယု၏တပ်များက ဂေါ်လောခ့်များကိုသတ်ဖြတ်ရန်အတွက် ရူးသွပ်စွာလှုပ်ရှားနေကြသည်ကိုတွေ့လိုက်ရချိန်တွင် အံ့သြသွားခဲ့ကြသည်။ ခိုင်ရင်းသည် စစ်မြေပြင်၌စိတ်လွတ်ကိုယ်လွတ် သောင်းကျန်းနေစဉ်တွင် နဂါးလေးကနံချပ်ကူအားအသုံးပြု၍ ဂေါ်လောခ့်များအားသတ်ဖြတ်နေသည်ကို တွေ့မြင်လိုက်ရသည်။ တိုင်ရန်ဒီသည် ကောက်ရိတ်စက်ဖြင့် စပါးရိတ်သိမ်းနေသကဲ့သို့ ဂေါ်လောခ့်များကိုမြန်ဆန်စွာသတ်ဖြတ်နေစဉ် ကဲလ်သက်ကလည်း မီးတောက်မှော်မန္တန်များကို အဆက်မပြတ်ထုတ်ဖော်၍ ဂေါ်လောခ့်များ၏အသက်ကိုနှုတ်ယူနေခဲ့သည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ရှောင်ယု၏တပ်များထံမှ ကြီးမားသည့်ခြိမ်းခြောက်မှုအား ခံစားကြရသည်။ ထိုခြိမ်းခြောက်မှုသည် သူတို့၏စွမ်းအားနှင့်ခွန်အားကြောင့်မဟုတ်သလို ထိုသူရဲကောင်းများသည် ရှေးခေတ်သူရဲကောင်းများနှင့် ဆင်တူသည်ဟူသောအချက်ကြောင့်လည်းမဟုတ်ပေ။ အဓိကအကြောင်းရင်းမှာ ထိုတပ်ဖွဲ့ဝင်များ၏ကွဲလွဲမှုနှင့် ထူးခြားမှုတို့ကြောင့်ဖြစ်သည်။ ရှောင်ယု၏တပ်ဖွဲ့များတွင် ဖယ်ရီနဂါးများ ၊ မှော်ကဝေများ ၊ ဂရစ်ဖင်များနှင့်မှော်စုန်းဆရာများ ပါဝင်နေခဲ့သည်။ ရှောင်ယုထံတွင် မြေပြင်နှင့်လေကြောင်းတပ်နှစ်ခုလုံးရှိနေပြီး မှန်ကန်သောနည်းလမ်းဖြင့်အသုံးပြုချိန်၌ အားသာချက်များစွာရှိနေပေသည်။ ရှောင်ယုသည် ကနေဒီမိသားစုအား အနိုင်ယူရသည့်အဓိကအကြောင်းရင်းကို နီကိုးလပ်စ်က ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ခဲ့သည်။
သို့သော်လည်း ရှောင်ယုသည် သူ၏ကွပ်ကဲမှုအောက်တွင် သူရဲကောင်းများနှင့်တပ်ဖွဲ့ဝင်များစွာကို မည်သို့ရရှိခဲ့သနည်း။ ရှောင်ယုသည် အလွန်ကံကောင်းခဲ့သည်လား ... သူသည်ထိုတပ်ဖွဲ့များကို အန်ကာဂန်တောင်တန်းမှ ရရှိခဲ့သည်လား ...
ထိုသို့မဟုတ်ပါက ရှောင်ယုသည် သူတို့အားဆင့်ခေါ်နိုင်မည်ဟု ဆိုလိုသည်လား ... သို့သော်ရှေးခေတ်မှတပ်ဖွဲ့များကို ဆင့်ခေါ်နိုင်ရသည်အထိ သူ၏စွမ်းအားသည်မည်မျှကြီးမားလာခဲ့သနည်း ။ ရှောင်ယုသည် သူ၏လျှိ့ဝှက်ချက်အား ဖုံးကွယ်ထားရန်အတွက် ဆင့်ခေါ်ခြင်းကဲ့သို့သောဆင်ခြေတစ်ခုအား အသုံးပြုထားခဲ့သည်ဟု နီကိုးလပ်စ်ကယုံကြည်နေခဲ့သည်။ ရှောင်ယုသည် လျှို့ဝှက်ဆန်းကြယ်မှုများကို လုံးဝဖုံးကွယ်ထားနိုင်ကြောင်း ထင်ရှားပေသည်။
ဂေါ်လောခ့်များ၏ ပြင်းထန်သောတိုက်ခိုက်မှုများ လျော့နည်းလာသည်ကိုမြင်သောအခါ နီကိုးလပ်စ်၏အတွေးအမြင်များ ပြတ်တောက်သွားခဲ့ရသည်။ သူတို့သည် စတင်ဆုတ်ခွာလာပုံရသည်။ အစောပိုင်းတွင် သိပ်ပြီးမသိသာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဂေါ်လောခ့်အသစ်များသည် တိုက်ပွဲ၌မပါဝင်တော့ကြောင်း သတိပြုမိလိုက်သည်။
ဂေါ်လောခ့်တွေ တကယ်ကြီးဆုတ်ခွာသွားတာလား ... ဒါကနောက်ထပ်ထောင်ချောက်တစ်ခုလား
သူတို့တကယ်အနိုင်ရခဲ့တာလား ... သူတို့ကဂေါ်လောခ့်တွေကို တကယ်ကြီးအနိုင်ယူခဲ့တာလား
" ငါတို့ဆက်လိုက်သင့်လား "
နီကိုးလပ်စ်က မေးမြန်းလိုက်သည်။ သူသည် လီယိုနာဒိုနှင့်ရှောင်ယုတို့နှစ်ယောက်လုံးအား မေးမြန်းခဲ့ခြင်းဖြစ်သော်လည်း နီကိုးလပ်စ်၏အကြည့်များက ရှောင်ယုထံကိုသာအာရုံစိုက်နေခဲ့သည်။ ယခုအချိန်တွင် ရှောင်ယု၏စကားများသည် ရှောမိသားစုဆက်ခံသူထက် ပိုမိုအရေးကြီးပေသည်။ လီယိုနာဒိုသည် သူ့စိတ်ထဲတွင် အလွန်ပင်မကျေမနပ်ဖြစ်နေသော်လည်း သူ၏မျက်နှာပေါ်၌ဖော်ပြထားခြင်းမရှိပေ။ အဆုံးသတ်တွင် သူသည်ဤတိုက်ပွဲ၌ ရှောင်ယု၏အဓိကအခန်းကဏ္ဍကို နားလည်ခဲ့သည်။ သူသည် ရှောင်ယုအားမနှစ်သက်သော်လည်း လက်တွေ့ကျကျတွေးတောတတ်ပေသည်။
" ဆက်လိုက်ကြမယ် ... ငါတို့ဘာလို့ဆက်မလိုက်ရမှာလဲ ... ဒီလောက်ကောင်းတဲ့အခွင့်အရေးကို ငါတို့လက်မလွတ်သင့်ဘူး ... ငါတို့ကအခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ရတာဆိုတော့ တစ်ခုခုပြန်ရသင့်တယ် ... သူတို့ရဲ့ရတနာသိုက်ကို မင်းတို့စိတ်မဝင်စားကြဘူးလား ... သူတို့ရဲ့ရတနာသိုက်ကိုငါတကယ်တွေ့ချင်တယ် ... သူတို့မှာဘယ်လိုခေါင်းဆောင်မျိုးရှိနိုင်မလဲ ... မင်းတို့စိတ်မဝင်စားကြဘူးလား "
ရှောင်ယုက ပြောလိုက်သည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ရှောင်ယု၏အပြုသဘောဆောင်သော တုံ့ပြန်မှုကိုလက်ခံလိုက်ကြသည်။ သူတို့တွင် သူတို့တပ်ဖွဲ့၏ခွန်အားကိုတိုးစေသော အူသာ၏ကောင်းချီးကိုပိုင်ဆိုင်ထား၍ ဂေါ်လောခ့်များ၏ရတနာသိုက်သည် အိပ်မက်တစ်ခုမဟုတ်တော့ပေ။
မဟာမိတ်တပ်များသည် ဂေါ်လောခ့်များနောက်သို့ လိုက်လံရှာဖွေခဲ့ကြသော်လည်း ထိုရှာဖွေမှုသည်ကြာရှည်မခံခဲ့ပေ။ မှော်ဆရာများသည် တပ်ဖွဲ့များဖြတ်ကျော်ရန် လမ်းများကိုမခင်းနိုင်တော့ပေ။ လူသားများသည် ရွှံ့နွံအတွင်း၌ဆိုပါက ဂေါ်လောခ့်များကို လုံးဝမယှည်နိုင်ပေ။ ထို့ပြင် မြူခိုးများသည် မရှင်းလင်းသေးသည့်အတွက်ကြောင့် တပ်သားများသည်ရွှံ့နွံအတွင်းသို့ ပြုတ်ကျ၍သေဆုံးနိုင်သည့် အခွင့်အလမ်းရှိနေခဲ့သည်။ ယခုလိုအခြေအနေမျိုးတွင် တဇွတ်ထိုးဆန်ခြင်းက ဉာဏ်ရှိသောရွေးချယ်မှုမဟုတ်ပေ။
မည်သို့ပင်ဆိုစေ ပြင်းထန်သောတိုက်ပွဲကို ဖြတ်ကျော်အပြီး၌ တပ်သားများသည် လုံးဝကြောက်ရွံ့ခြင်းမရှိတော့ပေ။ အစောပိုင်းတွင် သူတို့သည်အသက်ရှင်သန်ရန်အတွက် အခွင့်အလမ်းများစွာမရှိကြောင်း ယူဆထားကြသော်လည်း အရာအားလုံးသည်သူတို့ထင်မှတ်ထားသည်ထက် များစွာပိုမိုကောင်းမွန်နေခဲ့သည်။ အဆုံးသတ်တွင် သူတို့သည်ဂေါ်လောခ့်များ၏တိုက်ခိုက်မှုအား ဖြတ်ကျော်နိုင်ခဲ့ကာ အောင်ပွဲခံနိုင်ခဲ့ကြသည်။
တဖြည်းဖြည်းနှင့် ကောင်းကင်၌အလင်းရောင်တောက်ပလာသည်ကို ရှောင်ယုတွေ့လိုက်ရသည်။ မနက်မိုးလင်းခါနီးပြီဖြစ်သော်လည်း မြူခိုးများ၏ထူထပ်မှုကြောင့် ပတ်ဝန်းကျင်အားကောင်းစွာမမြင်ရသေးပေ။ နေ့ခင်းချိန်သို့ရောက်မှသာ အပူချိန်မြင့်တက်လာပြီး မြူခိုးများလျော့ပါးသွားမည်ဖြစ်သည်။ မြူခိုးအတွင်းရှိ အဆိပ်အတောက်များသည်လည်း များစွာအစွမ်းထက်လှသည်မဟုတ်ပေ။ သို့သော်လည်း သူတို့သည်ရှည်လျားလှသည့် ညတိုက်ပွဲအားဖြတ်သန်းခဲ့ရပြီးနောက် ပင်ပန်းမှုများအားဖြေလျော့ရန် အနည်းငယ်အနားယူခဲ့ရသည်။
" သေစမ်း ... ငါတို့က တစ်ညလုံးလှုပ်ရှားသွားလာနေရတာပဲ ... ဘာပဲဖြစ်ဖြစ်အနားယူရမယ် "
ရှောင်ယုသည် အနားယူရန်ထိုင်ချလိုက်သည်။ သူတို့သည် ဂေါ်လောခ့်များကို အမှီမလိုက်နိုင်သည့်အတွက်ကြောင့် အနားယူရန်ရွေးချယ်ခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။
အခြေအနေတစ်ခုလုံးက အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းခဲ့သည်။ သူတို့သည် တစ်ရက်လုံးနားချိန်လေးပင် မရခဲ့ဘဲဂေါ်လောခ့်များ၏တိုက်ခိုက်မှုများအား ဆက်တိုက်ဆိုသလိုတွန်းလှန်ခဲ့ရသည်။ သူတို့နေရာတွင် သာမန်လူသားများဆိုပါက အသက်ရှင်သန်နေထိုင်နိုင်မည်မဟုတ်ပေ။ ထို့ပြင် အူသာ၏ကောင်းချီးများကလည်း ကြီးမားသောအကူအညီဖြစ်ခဲ့သည်။ ယခုမှသာသူတို့သည် အနားယူရင်း တိုက်ပွဲအတွင်းရရှိခဲ့သော ပင်ပန်းနွမ်းနယ်မှုကိုဖယ်ရှားခဲ့ကြသည်။
" ကောင်းပြီ ... ငါတို့လောလောဆယ်တော့ သူတို့ကိုလိုက်မမှီတော့ဘူး ... ခဏလောက်အနားယူရအောင် ... နေ့ခင်းဘက်ကျသူတို့အသိုက်တွေကိုသွားကြည့်ရမယ် "
ရှောင်ယု၏အသံသည် ပဲ့တင်ထပ်သွားခဲ့သည်။ အောစ့်စစ်သည်များသည် မြေပေါ်ထိုင်ချလိုက်ကြပြီး အမောဖြေလိုက်ကြသည် ။တိုက်ပွဲပြင်းထန်စဉ်က သူတို့၏မျက်လုံးများသည်နီရဲနေကြသော်လည်း ယခုအခါတွင်သူတို့သည် ပျင်းရိငြီးငွေ့နေကြသည်။ ရှောင်ယုက အနားယူရန်အမိန့်ထုတ်ပြန်လိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွားကြတော့သည်။ သာမန်ထက်လွန်ကဲသော ခန္ဓာကိုယ်အားပိုင်ဆိုင်ထားသည့် အောစ့်များသည်ပင် အိပ်ပျော်သွားသည်ကိုကြည့်ခြင်းဖြင့် ဤတိုက်ပွဲ၏ပြင်းထန်ပုံကို တွေ့မြင်နိုင်သည်။ ခြင်္သေ့မြို့အားကာကွယ်ခဲ့စဉ်က သူတို့သည်အနားယူရန် အချိန်ရနေသေးသည်။ ယခုမူ သူတို့သည်တခဏမျှပင်အနားမရဘဲ တိုက်ခိုက်ဖြတ်သန်းခဲ့ရသည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည်လည်း သူတို့၏တပ်များကိုအနားယူရန် အမိန့်ပေးခဲ့သည်။ ထို့နောက် သူတို့သည်ရှောင်ယု၏နံဘေး၌ ထိုင်ချလိုက်ကြသည်။
" မင်းတို့ဘာဆက်လုပ်ဖို့စီစဉ်ထားကြလဲ ... ငါ့ကိုကြောက်အောင်လာမလုပ်ကြနဲ့ "
ရှောင်ယုသည် ဓားပြ၂ယောက်နှင့်တွေ့နေသည့် ကလေးတစ်ယောက်လိုပြုမူလိုက်သည်။ လီယိုနာဒိုသည် သူ၏မျက်နှာပေါ်တွင် ရွံ့ရှာဖွယ်အကြည့်ဖြင့် ရှောင်ယုအားစိုက်ကြည့်နေစဉ် နီကိုးလပ်စ်ကမူ မျက်လုံးမှိတ်ထားလိုက်သည်။ လီယိုနာဒိုသည် ရှေးခေတ်မိသားစု၏အမွေဆက်ခံသူအဖြစ် ရှောင်ယု၏လုပ်ရပ်များအား နားလည်နိုင်ခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ ရှောင်ယု၏ခွန်အားသည် သူ၏ဆန္ဒအတိုင်းလုပ်ဆောင်ခွင့်ရစေရန် အရည်အချင်းပြည့်မှီကြောင်း ဝန်ခံရမည်ဖြစ်သည်။
" ဂေါ်လောခ့်တွေကိုတော့ ငါတို့နှင်ထုတ်လိုက်နိုင်ပြီ ... ငါတို့အစီအစဉ်ရဲ့နောက်တစ်ဆင့်ကို စဉ်းစားကြမလား "
နီကိုးလပ်စ်ကမေးလိုက်သည်။
" စိတ်မပူပါနဲ့ ... ငါတို့ဆွေးနွေးလို့ရတယ် ... ဒါပေမဲ့မင်းတို့တစ်ခုခုမေ့နေသလားလို့ ငါ့ပိုက်ဆံတွေဘယ်မှာလဲ "
ရှောင်ယုသည် အောင်နိုင်သူတစ်ယောက်လို ပြုံး၍ပြောလိုက်သည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် စကားများများစားစားမပြောတော့ဘဲ ရှောင်ယုအားအကြွေးများကိုပေးလိုက်ကြသည်။ ထိုလူများသည် ရွှေပြားများကိုတစ်ပြားမှမလျော့ဘဲ ပေးဆောင်လာ၍ရှောင်ယုအလွန်ပျော်ရွှင်သွားခဲ့သည်။ ရှေးခေတ်မိသားစုများသည် အလွန်ချမ်းသာသည်မှာ အမှန်ပင်ဖြစ်သည်။
" အဓိကအကြောင်းအရာကို တိုက်ရိုက်ပြောကြရအောင် ... ငါတို့ကဂေါ်လောခ့်အသိုက်ထဲဝင်ကြမလား ... ဒါမှမဟုတ်ရှေ့ဆက်သွားကြမလား "
နီကိုးလပ်စ်ကပြောလိုက်သည်။
ရှောင်ယုက နှစ်ခါမစဉ်းစားဘဲပြောလိုက်သည်။
" ဒါပေါ့ ... ငါတို့ကသူတို့ရဲ့အသိုက်ထဲကိုတိုးဝင်ရမယ် ... ငါတို့ဘာကြောင့်ဆက်မလုပ်ရမှာလဲ ... ပြီးတော့ငါကသဘောမတူရင်တောင်မှ မင်းတို့နှစ်ယောက်ကငါ့ကိုမရမကဆွဲဆောင်ဦးမှာမဟုတ်လား ... ဘာလို့ခုလိုအချိန်မှာအပိုစကားတွေပြောနေသေးတာလဲ "
ရှောင်ယုထံတွင် ဤကိစ္စနှင့်ပတ်သက်၍ အပိုစကားပြောစရာမရှိကြောင်းထုတ်ဖော်လာခဲ့သည်။ ရှောင်ယုသည် နီကိုးလပ်စ်တစ်ယောက်တည်းအား ဤအခြေအနေကိုအခွင့်ကောင်းယူရန် ခွင့်မပြုပေးနိုင်ချေ။ ဤမစ်ရှင်သည် အတိုင်းအတာတစ်ခုထိ အန္တာရယ်ရှိနေနိုင်သော်လည်း ယခုလိုဆက်လုပ်ဝံ့ပုံကိုထောက်လျင် နီကိုးလပ်စ်၏လက်စွပ်အတွင်း၌ ဝှက်ဖဲများရှိနေကြောင်း ရှောင်ယုနားလည်ပေသည်။ ထိုသို့သောလူတစ်ယောက်သည် ရူးရူးမိုက်မိုက်တဇွတ်ထိုးလုပ်ဆောင်မှာမဟုတ်ပေ။
" ပညာရှိတွေနဲ့စကားပြောရတာအဆင်ပြေတယ် .... ငါတို့သွားသင့်တာပေါ့ ... မင်းရဲ့ပါလာဒင်နဲ့နဂါးကိုထည့်တွက်ရင် ငါတို့မှာအောင်မြင်နိုင်ခြေ၈၀ရာခိုင်နှုန်းရှိတယ် "
နီကိုးလပ်စ်က ပြုံး၍ပြောလိုက်သည်။
“ငါတို့ရလာတဲ့ရတနာတွေကို ဘယ်လိုခွဲကြမလဲ"
လီယိုနာဒိုကမေးမြန်းလိုက်သည်။ထိုမေးခွန်းကိုကြားချိန်တွင် ရှောင်ယုပြုံးလိုက်မိသည်။ဤလူနှစ်ယောက်သည် သူ့အားအချိန်မရွေးရှင်းထုတ်နိုင်၍ သတိထားရမည်ဖြစ်သည်။
" မင်းကဘယ်လိုခွဲချင်တာလဲ "
နီကိုးလပ်စ်က အဖြေမပေးဘဲရှောင်ယုကို မေးမြန်းလိုက်သည်။လီယိုနာဒိုသည် ဤကိစ္စကိုသိပ်ပြီးဂရုမစိုက်ကြောင်း သူနားလည်သော်လည်း ရှောင်ယုကမူမတူကွဲပြားပေသည်။
ရှောင်ယုသည် စကားမစခင်ခဏလောက်စဉ်းစားလိုက်သည်။
" ငါတို့အားလုံးအတူတူခွဲဝေကြတာပေါ့ ... ဒါပေမဲ့အဖိုးတန်ရတနာကို မင်းတစ်ယောက်တည်းအရင်ဆုံးရှာတွေ့ရင် မင်းပိုင်လိမ့်မယ် ... ဘယ်လိုလဲ "
ရှောင်ယုထံမှ ဤကဲ့သို့အဖြေထွက်လာမည်ကို နီကိုးလပ်စ်ကမမျှော်လင့်ထားပေ။ အကောင်းဆုံးရတနာများကို ဖွက်ထားသည့်လျှို့ဝှက်နေရာများကို ရှာတွေ့ရန်မလွယ်ကူလှပေ။ ရှောင်ယုထံတွင် ထိုလျှို့ဝှက်နေရာများကို ရှာဖွေရန်နည်းလမ်းရှိနေ၍ ဤသို့ဆုံးဖြတ်နိုင်ခြင်းဖြစ်မည်ဟု နီကိုးလပ်စ်တွေးလိုက်မိသည်။
ခေါင်းညိတ်ပြလိုက်သည်။
" ကောင်းပြီလေ ... "
လီယိုနာဒိုသည် ထူးဆန်းသောပုံစံဖြင့်ပြုံးလိုက်ကာ ပထမဆုံးသဘောတူလိုက်သည်။ လီယိုနာဒိုထံ၌လည်း ရတနာကိုရှာဖွေရန်နည်းလမ်းရှိကြောင်း ထင်ရှားပေသည်။
လီယိုနာဒိုနှင့်ရှောင်ယုတို့နှစ်ယောက်လုံး သဘောတူထားသည့်အတွက်ကြောင့် နီကိုးလပ်စ်သည် စကားများများစားစားမပြောတော့ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။