အခန်း (၃၇၀-၃၇၂)
Vol. 25 Ch. 370-372
အခန်း ၃၇၀ - အဆိပ်ခတ်ခြင်း
ရှောင်ယု၊နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် အသေးစိတ်ဆွေးနွေးပြီးနောက်တွင် သူတို့၏တပ်များကို အနားယူရန်အတွက် အမိန့်ပေးခဲ့သည်။
မနက်မိုးလင်းပြီးနောက် နေ့လည်ခင်းအချိန်၌ တိုက်ခိုက်မှုစတင်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် တိုက်ပွဲကိုကြာရှည်စွာမတိုက်ခိုက်လိုသော်လည်း တစ်ကြိမ်တည်းဖြင့်အနိုင်ယူ၍မရနိုင်ပေ။ ထို့ပြင် ဂေါ်လောခ့်၏အသိုက်သည် ကျူးကျော်တိုက်ခိုက်ရန်လွယ်ကူမည်မဟုတ်ကြောင်း ထင်ရှားပေသည်။
ရှောင်ယုသည် သူ့တပ်များ၏ဆုံးရှုံးမှုအား သတင်းပို့ရန်အမိန့်ပေးခဲ့သည်။ သူ့တပ်ဖွဲ့၌ မသေမျိုးများမပါရှိပေရာ ဆုံးရှုံးမှုအနည်းငယ်တော့ရှိနိုင်ပေသည်။ မကြာမှီ ဆုံးရှုံးမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်ကို ရှောင်ယုထံသို့အစီရင်ခံနိုင်ခဲ့သည်။ ရှောင်ယုသည် ထိုအချက်အလက်များကို တွေ့မြင်ချိန်၌ သူ့နှလုံးသားသည်စိတ်မသက်မသာဖြစ်သွားခဲ့ရသည်။ ရှောင်ယုသည် သူ၏ဆင့်ခေါ်တပ်သားများကို သူ၏ညီအစ်ကိုများသဖွယ်တန်ဖိုးထားပေသည်။
တိုက်ပွဲ၌ ကျရှုံသူ၁၀ဦးခန့်ရှိခဲ့သည်။ အောစ့်စစ်သည်များသည် တိုက်ပွဲစချိန်တွင် ရှေ့တန်းမှဝင်ရောက်တိုက်ခိုက်ရင်း ဂေါ်လောခ့်အမြောက်အများနှင့်ရင်ဆိုင်ရ၍ သူတို့၏အသက်အတွက်အာမခံချက်မရှိပေ။ သူတို့သည် အစွမ်းထက်သောချပ်ဝတ်တန်ဆာများနှင့် မြင့်မြတ်သောတိုတမ်၏အကာအကွယ်ပေးမှုတို့အား ရရှိထားသော်လည်း သူတို့သည်မသေဆုံးနိုင်ဟုမဆိုလိုပေ။
သေဆုံးသူ၁၀ဦးအပြင် ခြေထောက်ကျိုးခြင်းစသည့် ပြင်းထန်စွာဒဏ်ရာရရှိသူများလည်းရှိနေကြောင်း သိလိုက်ရသည်။ ပြဿနာမှာ အနာကျက်ဆေးသည်ထိုကဲ့သို့သောဒဏ်ရာများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိခြင်းဖြစ်သည်။ အနာကျက်ဆေးများသည် ဒဏ်ရာများကိုကုသပေးနိုင်သော်လည်း တစ်သျှူးနှင့်အရိုးများကို အသစ်ပြန်လည်မမွေးထုတ်နိုင်ပေ။
ဝက်ဝံစစ်သည်၁ဦး သေဆုံးခဲ့ရသည်။ သူတို့သည် ဝက်ဝံအဖြစ်ပြောင်းလဲချိန်တွင် ထူထဲသောအရေပြားကိုပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ဂေါ်လောခ့်များ၏အစွယ်များက ၎င်းတို့အားဖောက်ထွင်းမဝင်ရောက်နိုင်ပေ။ ဂေါ်လောခ့်များက သူတို့အားကိုက်ဖြတ်နိုင်ရန် အခွင့်အလမ်းနည်းပါးလှပေသည်။ ထို့ပြင် သူတို့၏ခန္ဓာကိုယ်သည် ကြီးမားလှသည့်အတွက်ကြောင့် ဂေါ်လောခ့်များသည် ဝက်ဝံစစ်သည်များကိုကိုက်ခဲရန် အလွန်ခက်ခဲမှာဖြစ်သည်။
ထို့ပြင်ဝက်ဝံစစ်သည်များသည် သူတို့၏အဓိကတိုက်ခိုက်မှုအဖြစ် ရန်သူများကိုသူတို့၏ကြီးမားသော လက်ဝါးများဖြင့်ရိုက်ချတတ်ကြသည်။ သူတို့၏တိုက်ခိုက်မှုတစ်ခုစီတိုင်းက ဂေါ်လောခ့်များ၏အသက်ကိုအလွယ်တကူနှုတ်ယူနိုင်သည်။ အဆုံးသတ်နွင် ဝက်ဝံစစ်သည်များသည် သူတို့ကိုယ်တိုင်နှင့်အနီးအနားရှိသူတို့၏တပ်သားများကို ကုသပေးနိုင်၍ သူတို့အားသတ်ဖြတ်ရန်အလွန်ခက်ခဲပေသည်။ ဤတိုက်ပွဲတွင် ဝက်ဝံစစ်သည်တစ်ဦးသေဆုံးသွားခဲ့ရခြင်းမှာ တာဝေးပစ်တပ်များ ဂေါ်လောခ့်များ၏တိုက်ခိုက်မှုဒဏ်မှကာကွယ်ပေးရန်အတွက် ရှေ့တန်း၌တစ်ချိန်လုံးတပ်စွဲထားရခြင်းဖြစ်သည်။ ထိုအရာသည် သူတို့၏အဓိကတာဝန်ဖြစ်သည်။
မှော်ကဝေ၅ယောက် တိုက်ပွဲ၌ကျရှုံးခဲ့ရသည်။ ထိုသို့ကျရှုံးခဲ့ရသည့် အဓိကအကြောင်းရင်းမှာ သူတို့၏နုနယ်သောခန္ဓာကိုယ်တည်ဆောက်ပုံကြောင့်ဖြစ်သည်။ မြေအောက်မှတိုက်ခိုက်လာသည့် ဂေါ်လောခ့်များက သူတို့အားချက်ချင်းသတ်ဖြတ်နိုင်ခဲ့သည်။ တိုက်ပွဲအတွင်း၌ မန္တန်ဖြိုခွဲသူ၅ယောက်သေဆုံးခဲ့ရသည်။ သူတို့သည် အနီးကပ်တိုက်ခိုက်ရာတွင် သူရဲကောင်းများလို ကြမ်းတမ်းခက်ထန်ကြသော်လည်း ရန်သူအရေအတွက်ပိုမိုများပြားနေချိန်၌ သူတို့လည်းမည်သို့မှမတတ်နိုင်ခဲ့ပေ။
အခြားယူနစ်များသည်ကား သေဆုံးဒဏ်ရာရခြင်းမရှိခဲ့ပေ။ လေကြောင်းတပ်များသည် အလွန်ပင်လိုက်လျောညီထွေရှိပြီး ဂေါ်လောခ့်များသည် သူတို့အားမတိုက်ခိုက်နိုင်သည့်အတွက်ကြောင့် သူတို့သည်အလုံခြုံဆုံးဖြစ်ခဲ့သည်။ နဂါးလေးနှင့် သူရဲကောင်းများသည်လည်း ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပေ။ ယခုလိုပြင်းထန်သောတိုက်ပွဲမျိုးတွင် ထိခိုက်ဒဏ်ရာမရရှိဘဲပြန်လည်ထွက်ခွာလာနိုင်မည်ဟု မည်သူကမှအာမခံနိုင်ခြင်းမရှိပေ။
သို့သော်လည်း အနာကျက်ဆေးများနှင့် အူသာ၏အလင်းမှော်ကုသမှုများကြောင့် သူရဲကောင်းများသည် ဒဏ်ရာကြီးကြီးမားမားမရရှိဘဲ တိုက်ပွဲအားဖြတ်ကျော်နိုင်ခဲ့သည်။ ထို့ပြင် သူတို့သေဆုံးခြင်းမရှိသရွေ့ ရှောင်ယုကသူတို့အားအစွမ်းကုန် ကယ်တင်မှာဖြစ်သည်။ အမှန်တွင် ရှောင်ယု၏အမိန့်အောက်တွင်ရှိသော တပ်ဖွဲ့များသည်ထိုကဲ့သို့ဒဏ်ရာများကို မကြာခဏရရှိတတ်ကြသည်။ သူတို့သည် ခြင်္သေ့မြို့အားအကြိမ်ပေါင်းများစွာ ခုခံကာကွယ်ခဲ့ကြပြီး အလားတူဒဏ်ရာများကိုအကြိမ်ပေါင်းများစွာ ရရှိခဲ့သည်။
ရှောင်ယုနှင့်ယှဉ်လျှင် လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့သည် ပဥ္စမအဆင့်သူရဲကောင်းများနှင့် မှော်ဆရာများစွာကိုဆုံးရှုံးခဲ့ရသည်။ ထိုအခြေအနေသည် အလွန်ပင်စိတ်ဆင်းရဲဖွယ်ကောင်းလှသည်။ ပဥ္စမအဆင့်သူရဲကောင်းဖြစ်စေ မှော်ဆရာပင်ဖြစ်စေ သာမန်တိုက်ပွဲတစ်ခု၏အခြေအနေကို ပြောင်းလဲပေးနိုင်၍ ၎င်းတို့၏တန်ဖိုးသည်နိမ့်ကျမှုမရှိကြောင်း ထင်ရှားပေသည်။
အချိန်များတဖြည်းဖြည်းကုန်လွန်လာပြီးနောက် နေ့လယ်ခင်းသို့ရောက်ရှိလာခဲ့သည်။
ရှောင်ယု၊လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့သည် တစ်ချိန်တည်းတွင် ပြိုင်တူမတ်တပ်ရပ်လိုက်ကြသည်။ ဂေါ်လောခ့်များ၏အသိုက်သို့ ဝင်ရောက်စီးနင်းချိန်ရောက်လာပြီဖြစ်သည်။
" ငါတို့လုံလုံလောက်လောက်အနားယူခဲ့ပြီဆိုတော့ စတင်လှုပ်ရှားဖို့အချိန်ရောက်ပြီ "
နီကိုးလပ်စ်ကအော်ဟစ်လိုက်သည်။ သူတို့သာ ဂေါ်လောခ့်များ၏ရတနာသိုက်ကို အပိုင်သိမ်းနိုင်ခဲ့မည်ဆိုပါက ကြီးကျယ်သောအောင်ပွဲတစ်ခုဖြစ်လာမည်ကိုသိရှိထား၍ သူ၏မျက်လုံးများကတောက်ပလာခဲ့သည်။
တပ်သားများသည် သူတို့၏ချပ်ဝတ်များကိုဝတ်ဆင်၍ သူတို့၏လက်နက်များကို ကောက်ယူခဲ့ကြသည်။ ညပိုင်းတိုက်ပွဲ၌လွတ်မြောက်လာသူများသည် ယခင်ကနှင့်ယှဉ်လျင် ပိုမို၍စိတ်ပိုင်းဖြတ်ထားကြသည်။ ထိုစစ်ပွဲသည် သူတို့အားပြောင်းလဲစေခဲ့သည်။
နီကိုးလပ်စ်ညွန်ကြားထားသည့်အတိုင်း တပ်ဖွဲ့ဝင်တိုင်းသည် ဂေါ်လောခ့်များ၏ရတနာသိုက်သို့ အပြေးအလွှားချီတက်လာခဲ့ကြသည်။ နီကိုးလပ်စ်ထံတွင် ဂေါ်လောခ့်ရတနာသိုက်နှင့်ပတ်သက်၍ သတင်းအချက်အလက်များရှိနေကြောင်း ထင်ရှားပေသည်။
သို့သော်လည်း လမ်းခရီးတလျှောက် ဂေါ်လောခ့်တစ်ကောင်ကိုမှ မတွေ့ခဲ့ရ၍လူတိုင်းအံ့အားသင့်သွားကြသည်။ သူတို့အားလုံးသည် သူတို့ကိုယ်သူတို့ဖုံးကွယ်ထားကြပုံရသည်။
မှော်ဆရာများသည် မြေအောက်မှဂေါ်လောခ့်များ ထိုးဖောက်မတိုက်ခိုက်စေရန်အတွက် သူတို့အောက်ဘက်ရှိမြေပြင်ကိုခိုင်ခံ့စေရန် အမျိုးမျိုးသောမှော်မန္တန်များကို ထုတ်ဖော်နေကြသည်။ တပ်ဖွဲ့များ၏ချီတက်မှုအရှိန်နှုန်းသည် နှေးကွေးသော်လည်း အောင်ပွဲရရှိရန်အတွက် လုံခြုံသောနည်းလမ်းတစ်ခုဖြစ်ခဲ့သည်။
၂နာရီခန့်ကြာအောင် ချီတက်ပြီးနောက်တွင် ကင်းထောက်တစ်ယောက်က ရှေ့မှနေ၍လျင်မြန်စွာရောက်ရှိလာခဲ့သည်။ ကင်းထောက်သည် လူတိုင်းတုန်လှုပ်စေမယ့် သတင်းတစ်ပုဒ်အား ယူဆောင်လာခဲ့သည်။
အရှေ့ဘက်မှာ တောင်ကြီးတစ်ခုရှိတယ် ... အဲ့ဒါကအရမ်းကိုထူးဆန်းတဲ့တောင်ကြီးတစ်ခုပဲ ... အဲ့တောင်ကြီးကိုကျောက်တုံးနဲ့မဟုတ်ဘဲ ရွံ့နွံတွေနဲ့ပြုလုပ်ထားတာ ... အံ့သြစရာအကောင်းဆုံးကတော့ တောင်ထိပ်ကနေပြီး စမ်းချောင်းလေးတစ်ခုက အဆက်မပြတ်စီးဆင်းနေတာပဲ ... ဒါ့အပြင် မြင့်မားတဲ့တောင်ကြီးပေါ်မှာ မရေမတွက်နိုင်အောင်များပြားတဲ့ ဂေါ်လောခ့်တွေရှိနေတယ် ...
ထိုမြင်ကွင်းကို မြင်ဖူးသူတိုင်းသည် တုန်လှုပ်ခြောက်ခြားသွားကြမည်ဖြစ်သည်။ ကင်းထောက်ဖြစ်သူ၏ခြေထောက်များကလည်း မရပ်မနားတုန်ခါနေခဲ့သည်။
ကင်းထောက်အဖွဲ့ကို လူ၁၀ယောက်ဖြင့်ဖွဲ့စည်းထားခဲ့သော်လည်း သူတစ်ယောက်တည်းသာပြန်လာနိုင်ခဲ့သည်။ ကျန်လူများမှာ ဂေါ်လောခ့်များ၏အစာအဖြစ် အဆုံးသတ်သွားကြသည်။
" မင်းအမေပဲပေါ့...ဂေါ်လောခ့်တစ်ကောင်ကိုတောင် ရှာမတွေ့ခဲ့တာအံ့သြစရာမဟုတ်တော့ဘူး ... ဒီကောင်တွေအကုန်လုံးကတစ်နေရာထဲမှာစုနေကြတာပဲ ... ငါတို့အဲကိုသွားမယ်ဆိုတာ သူတို့ဘယ်လိုသိသွားတာလဲ "
ရှောင်ယုက ပြောလိုက်သည်။
နီကိုးလပ်စ်သည် သူတို့ရှေ့မှမြေပြင်ကို စိုက်ကြည့်လိုက်သည်။ နေရာအနှံ့အပြား၌ အပင်တိုများနှင့်ရွှံ့နွံများသာရှိနေပေသည်။
" ငါတို့ဆွေးနွေးနေတာကိုကြားပြီးတော့ ငါတို့ရဲ့ပန်းတိုင်ကိုသိသွားတာဖြစ်နိုင်တယ် ... ဒါကြောင့်သူတို့ကတစ်နေရာတည်းမှာစုနေပြီး ငါတို့ကိုတိုက်ခိုက်ဖို့စောင့်နေကြတာပဲ "
နီကိုးလပ်စ်က ယုံကြည်မှုအပြည့်ဖြင့်ပြုံး၍ ပြောလိုက်သည်။
မနေ့ညတိုက်ပွဲတွင် သူတို့သည်ရန်သူအရေအတွက်နှင့် ၎င်းတို့၏တည်နေရာအချက်အလက်များကို မရရှိခဲ့ပေ။ သူတို့သည် လူသားများကိုပြတ်ပြတ်သားသားတိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင်ဂေါ်လောခ့်များအားလုံးသည် တစ်နေရာတည်း၌စုစည်းထားပြီဖြစ်၍ သူ၏ဝှက်ဖဲအားအသုံးပြုရန် အချိန်ကျရောက်လာပြီဖြစ်သည်။
လီယိုနာဒိုသည် ဟိုးအဝေးမှတောင်တန်းကြီးကို လှမ်းကြည့်ရင်း ခဏလောက်စဉ်းစားနေလိုက်သည်။
" နီကိုးလပ်စ်..ငါတို့ကဒီတိုင်းကြီးတော့ချီတက်မှာမဟုတ်ဘူးမလား "
နီကိုးလပ်စ်က သူတို့အားလျစ်လျူရှုကာ ပြုံးလိုက်သည်။
" ပုံမှန်အားဖြင့်ဆိုရင် အဲ့ဒါကညဏ်မရှိတဲ့နည်းလမ်းပဲ ... ဒါပေမဲ့ငါတို့က ဒီနေရာမှာအချိန်အကြာကြီးမဖြုန်းနိုင်ဘူး "
ရှောင်ယုသည် ဤပြဿနာအား နီကိုးလပ်စ်က မည်ကဲ့သို့ဖြေရှင်းမည်ကို သိချင်နေမိသည်။ သူတို့သည် လှုပ်ရှားမှုတစ်ခုတည်းဖြင့် ဂေါ်လောခ့်များစွာကိုသတ်ဖြတ်ရန် မည်သို့လုပ်ဆောင်နိုင်မည်နည်း။ နီကိုးလပ်စ်သည် မှော်စာလိပ်များကို အသုံးပြုမည်လား ... သူသည်ဤနေရာ၌ထိုမှော်စာလိပ်များကို အမှန်တကယ်ထုတ်သုံးမည်လား...
ရှောင်ယုသည် ခဏလောက်စဉ်းစားပြီး နီကိုးလပ်စ်ကိုစိုက်ကြည့်လိုက်သည်။
" မင်းမှာတစ်ခုခုရှိနေတယ်ဆိုရင် အဲ့ဒါကိုအသေးစိတ်ရှင်းပြသင့်တယ် ... ငါတို့ဒီမှာအချိန်အကြာကြီးမဖြုန်းနိုင်ဘူး "
" အဆိပ် ... "
နီကိုးလပ်စ်က တစ်ခွန်းတည်းပြန်ဖြေလိုက်သည်။
နီကိုးလပ်စ်၏စကားကိုကြားသောအခါ ရှောင်ယု၏နှလုံးသားသည်တင်းကျပ်သွားခဲ့သည်။ မနေ့ညက ရှုပ်ထွေးသောအခြေအနေကြောင့် အဆိပ်ကိုမသုံးနိုင်ခဲ့ပေ။ သို့သော်လည်း ယခုအခါရန်သူများသည် တစ်နေရာတည်း၌စုဝေးနေကြသည်။ သို့ဖြစ်ရာ ဤကဲ့သို့သောအခြေအနေတစ်ခုအတွက် အဆိပ်အသုံးပြုခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ထို့ပြင် နီကိုးလပ်စ်က ယုံကြည်မှုအပြည့်ဖြင့်ပြောလာ၍ သူ့ထံတွင်လက်ရှိအခြေအနေအတွက် အသုံးဝင်မယ့်အဆိပ်ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။
" ဘယ်တော့စမှာလဲ ... "
ရှောင်ယုကမေးလိုက်သည်။
" ညနေခင်းပဲ ... "
နီကိုးလပ်စ်က ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။
ရှောင်ယုနှင့်လီယိုနာဒိုတို့ကလည်း ခေါင်းညိတ်၍တုံ့ပြန်ခဲ့သည်။
ကောင်းကင်သည် တဖြည်းဖြည်းမှောင်ရိပ်သန်းလာခဲ့သည်။ ယခုအချိန်တွင် လူတိုင်းသည်နေဝင်ချိန်နွံအိုင်၏ ညအချိန်ကိုကျင့်သားရနေကြပြီဖြစ်သည်။ နီကိုးလပ်စ်သည် လူအနည်းငယ်အားမှာကြားပြီးနောက် ထိုလူများကညအမှောင်ထဲတိုးဝင်ပျောက်ကွယ်သွားကြသည်။ အဆိပ်ခတ်ခြင်းသည် ရိုးရှင်းသောလုပ်ဆောင်မှုတစ်ခုမဟုတ်ပေ။ အထူးသဖြင့် အလွန်များပြားသည့်ဂေါ်လောခ့်များကို အဆိပ်ခတ်ရန်လွယ်ကူမည်မဟုတ်ပေ။ သူတို့ထံ၌ အလွန်အစွမ်းထက်သောအဆိပ်ရှိနေသော်လည်း နီကိုးလပ်စ်ကကောင်းစွာပြင်ဆင်ထားကြောင်း ထင်ရှားပေသည်။
သူတို့သည် ရွှံ့နွံအတွင်း၌ရှိနေစဉ် အခြားနေရာတိုင်း၌လည်းရှိနေနိုင်သည်။ ဂေါ်လောခ့်များသည် ရေထဲတွင်အနေများ၍ အဆိပ်အတောက်ရှိသောရေနှင့်အချိန်အတော်ကြာ ထိတွေ့ဖူးပေသည်။ ထို့ကြောင့် နေဝင်ချိန်နွံအိုင်၌ အချိန်အတော်ကြာနေထိုင်လာခဲ့သော ဂေါ်လောခ့်များသည်အဆိပ်ဒဏ်ကို အတိုင်းအတာတစ်ခုထိခံနိုင်ရည်ရှိပေသည်။ ထို့ကြောင့် နီကိုးလပ်စ်သည်သူတို့အား အဆိပ်ခံရန်အတွက် အထူးအဆိပ်တစ်မျိုးအားရွေးချယ်ရမည်ဖြစ်သည်။
အချိန်များတဖြည်းဖြည်းကုန်လွန်သွားပြီး အမှောင်ထုသည်တဖြည်းဖြည်း ပိုမိုလွှမ်းခြုံလာသော်လည်း နှစ်ဖက်လုံးကလှုပ်ရှားမှုမရှိသေးပေ။ အမှန်တော့ သူတို့၏ သတ်ဖြတ်လိုစိတ်များက မနေ့ကထက်ပိုမိုပြင်းထန်နေခဲ့သည်။
ခဏအကြာတွင် အဆိပ်ခတ်ရန်တာဝန်ယူထားသည့် လုပ်ကြံသူများ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူတို့သည် အောင်မြင်စွာအဆိပ်ခတ်နိုင်ခဲ့ကြောင်း ထင်ရှားပေသည်။ လုပ်ကြံသူများပြန်လည်ရောက်ရှိလာချိန်၌ အတော်ညည့်နက်နေပြီဖြစ်သည်။
အဆိပ်ခတ်ရန်အတွက် မည်သည့်လုပ်ကြံသူက ဂေါ်လောခ့်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သည်ကိုရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း အစီအစဉ်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့သည်။
" အားဂီးး ... "
အချိန်အတော်ကြာပြီးနောက် တောင်ထိပ်မှနေ၍ ဟိန်းသံတစ်ခုထွက်ပေါ်လာခဲ့သည်။
" ဟမ့်...သူတို့ကစပြီးတော့တိုက်ခိုက်တော့မှာလား "
ရှောင်ယုကညည်းညူလိုက်သည်။
" ကြောက်စရာမလိုပါဘူး ... အဲ့ဒီအဆိပ်ကလူတွေအပေါ် အများကြီးသက်ရောက်မှုမရှိဘူး ... ခုဂေါ်လောခ့်တွေအကုန်လုံးက အဆိပ်သင့်နေပြီ ... သူတို့ရဲ့အလောင်းကိုကောက်ယူဖို့ဘဲကျန်တော့တယ် "
နီကိုးလပ်စ်က ပြုံးရင်းပြောလိုက်သည်။
အခန်း ၃၇၁ - သန်မာသူတစ်ယောက် ထွက်ပေါ်လာခြင်း
ဂေါ်လောခ့်များနှင့်လူသားများသည် ပြင်းထန်သောအရှိန်အဟုန်ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တစ်ခဏချင်းပင် စစ်ပွဲစတင်လာခဲ့ပြီး နှစ်ဖက်လုံးစတင်ထိတွေ့မိချိန်တွင် သမုဒ္ဒရာလှိုင်းလုံးကြီးများက ကျောက်တုံးကြီးနှင့်ရိုက်ခတ်မိသလို ကြီးမားသောအသံက ပဲ့တင်ထပ်လာခဲ့သည်။
တိုက်ပွဲအစောပိုင်းတွင် ဂေါ်လောခ့်များသည် သူတို့၏အရေအတွက်နှင့် စိတ်ရိုင်းဝင်နေသောပုံစံကြောင့် လူသားများကိုလွှမ်းမိုးလာခဲ့သည်။ လူသားများသည် သူတို့၏ခံစစ်လိုင်းအား အချိန်အတော်ကြာအောင် ထိန်းသိမ်းနိုင်တော့မယ့်ပုံမရပေ။ သို့သော်လည်း သိပ်မကြာမှီတွင် တစ်ဖက်ဖက်မှအကြီးအကျယ်စတင်ဆုံးရှုံးလာခဲ့သည်။
ဂေါ်လောခ့်များသည် သူတို့အသုံးပြုခဲ့သည့် စိတ်ရိုင်းဝင်မှုကြောင့် အစောပိုင်း၌အဆိပ်အား သတိမပြုမိခဲ့ပေ။ သို့သော်လည်း ၅-၆မိနစ်ခန့်ကြာပြီးနောက် ဂေါ်လောခ့်များသည် သူတို့၏ခန္ဓာကိုယ်၌ဖြစ်ပေါ်နေသော ပြောင်းလဲမှုကို စတင်ခံစားလာခဲ့ရသည်။ သူတို့သည်မူးဝေမှုဝေဒနာကို စတင်ခံစားလာရပြီး သူတို့၏ခန္ဓာကိုယ်လုပ်ဆောင်မှုအမြောက်အများသည် စတင်နှေးကွေးလာခဲ့သည်။
ဂေါ်လောခ့်များ၏ခြေထောက်နှင့်လက်များသည် သူတို့၏အမိန့်ကိုလိုက်မနာကြပေ။ သူတို့သည် လူသားများ၏လက်နက်များအတွက် လွယ်ကူသောပစ်မှတ်များဖြစ်လာကြသည်။ ထိုပြဿနာများသည် သာမန်ဂေါ်လောခ့်များအတွက်ပင်မဟုတ်ဘဲ ဆင့်ကဲပြောင်းလဲထားသည့်ဂေါ်လောခ့်များမှာပါ ဖြစ်ပေါ်လာခဲ့သည်။
လူသားများသည် ဂေါ်လောခ့်များ၏အခြေအနေကို တွေ့မြင်ပြီးနောက်တွင် ပျော်ရွှင်သွားခဲ့ကြပြီး အပြေးအလွှားသွားရောက်သတ်ဖြတ်ခဲ့ကြသည်။
နာဂပင်လယ်စုန်းသည် အတွေ့အကြုံမှတ်များအား စုဆောင်းရန်အတွက် ဂေါ်လောခ့်များကိုဆက်တိုက်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် သူမသည်ဂေါ်လောခ့်များအဆိပ်သင့်သည် မသင့်သည်ကိုဂရုမစိုက်ပေ။
မျက်စိတစ်မှတ်အတွင်းမှာပင် ဂေါ်လောခ့်များသည် လူသားများကိုမခုခံနိုင်သည့် အခြေအနေထိကျဆင်းသွားခဲ့သည်၊ယခုအခါ သူတို့အားလုံးသည်သေခြင်းတရားကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ရှောင်ယုသည် အဆိပ်ကိုအသုံးပြုပြီးနောက်တွင် ဤမျှကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာမည်ဟု မထင်မှတ်ထား၍စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော်လည်း သူသည်အနာဂတ်တွင် ထိုကဲ့သို့အဆိပ်သုံးတိုက်ခိုက်ခြင်းကို အသုံးပြုခံရနိုင်၍ နီကိုးလပ်စ်အားအထူးသတိပြုရမည်ဖြစ်သည်။
" ကောင်းတယ် ... နီကိုးလပ်စ် အရမ်းကောင်းတယ်"
ရှောင်ယု၏စကားကြောင့် နီကိုးလပ်စ်သည် အပြုံးဖြင့်တုံ့ပြန်လိုက်သော်လည်း မည်သည့်စကားမှပြန်မပြောပေ။
လီယိုနာဒိုသည် စစ်မြေပြင်အားတစ်ချက်ကြည့်လိုက်သည်။ ဂေါ်လောခ့်အများစုသည် သတ်ဖြတ်ခံလိုက်ရပြီး အနည်းငယ်လောက်သာ မတ်တပ်ရပ်နေနိုင်ဆဲဖြစ်သည်။ သူတို့သည် သူတို့ခေါင်းဆောင်အမိန့်ပေးမည်ကို စောင့်ဆိုင်းနေပုံရသည်။
" သူတို့အားလုံးကိုမသတ်တာအကောင်းဆုံးပဲ ... မဟုတ်ရင်ဂေါ်လောခ့်တစ်ကောင်မှ အသက်ရှင်ကျန်ရစ်မှာမဟုတ်ဘူး ... အဲ့ဒါဆိုနေဝင်ချိန်နွံအိုင်ရဲ့ အဓိပ္ပါယ်ကပျောက်ကွယ်သွားလိမ့်မယ် "
လီယိုနာဒိုကပြောလိုက်သည်။ နီကိုးလပ်စ်နှင့်ရှောင်ယုနှစ်ယောက်လုံးသည် အံ့သြသွားခဲ့ကြသည်။
ရှောင်ယုသည် လီယိုနာဒို၏ခေါင်းထိခိုက်သွားသည်ဟု အတွေးဝင်လာခဲ့သည်။ သူသည်အဘယ်ကြောင့် ဂေါ်လောခ့်များဘက်မှပြောပေးနေရသနည်း။
သို့သော်လည်း နေဝင်ချိန်နွံအိုင်၌ ဂေါ်လောခ့်များမကျန်တော့ပါက လူတိုင်းနွံအိုင်အတွင်းသို့ဝင်လာမည်ကို သူတို့နှစ်ယောက်လုံး သတိထားမိလိုက်ကြသည်။
အဓိကအချက်မှာ ဂေါ်လောခ့်များသည် သူတို့ကိုသာမက လူတိုင်းအပေါ်၌ အကျိုးသက်ရောက်မှုရှိစေခြင်းဖြစ်သည်။ သူတို့၏အဓိကရည်ရွယ်ချက်မှာ ရတနာများဖြစ်ကြသည်။ ယခုအခါ ဤဂေါ်လောခ့်များသည် သူတို့အားမတိုက်ခိုက်နိုင်တော့သည့်အတွက်ကြောင့် သူတို့အားဤအတိုင်းထားခဲ့ကာ ရတနာများကိုယူဆောင်ရန်သွားခြင်းသည် အကောင်းဆုံးဖြစ်သည်။
နေဝင်ချိန်နွံအိုင်ထဲကို ဝင်ချင်တဲ့အခြားလူတွေကို အနှောင့်အယှက်ဖြစ်စေဖို့အတွက် ဒီဂေါ်လောခ့်တွေကို အသက်ရှင်လျက်ထားလိုက်တာ ပိုကောင်းမယ်ထင်တယ် .. .ပြီးတော့ဒီဂေါ်လောခ့်တွေက ငါတို့ကိုမတိုက်ခိုက်နိုင်တော့ဘဲ ဘေးကရပ်ကြည့်ရုံလောက်ပဲတတ်နိုင်တော့တယ် ... ဘာလို့ဒီဂေါ်လောခ့်တွေအားလုံးကိုသတ်ပြီး အချိန်တွေဖြုန်းနေမှာလဲ
" ကောင်းပြီလေ ... ငါ့ရဲ့အဆိပ်က သူ့တို့ကိုတစ်နေ့တာလုံးနှောင့်နှေးနေစေဖို့ လုံလောက်တယ် ... ရတနာတွေကိုရဖို့အလျင်လိုနေတာဆိုတော့ ဒီနေရာကိုထားခဲ့လိုက်တော့ ငါတို့ရဲ့ကိုယ်ပိုင်စွမ်းအားတွေကို မဖြုန်းတီးချင်တော့ဘူး "
နီကိုးလပ်စ်က ပြောလိုက်သည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ဖွဲ့တွင် အစွမ်းထက်သူရဲကောင်းများနှင့်မှော်ဆရာများရှိနေသည့်အတွက်ကြောင့် အဆင့်မြင့်ဂေါ်လောခ့်များကို ကြောက်ရွံ့ခြင်းမရှိပေ။ ဂေါ်လောခ့်များထံတွင် အစွမ်းအထက်ဆုံးအဖြစ် ဆဌမအဆင့်ဂေါ်လောခ့်၂ကောင်သာရှိသည်။ သူတို့သည် မဟာမိတ်တပ်များအတွက် မပြောပလောက်ပေ။ ယခုအချိန်၌ မဟာမိတ်တပ်များသည် ဆဌမအဆင့်သားရဲသို့မဟုတ် ကျွမ်းကျင်သူတစ်ယောက်ကိုပင် ကိုင်တွယ်နိုင်စွမ်းရှိသည်။
မဟာမိတ်အဖွဲ့သည် မြေပြင်ပေါ်၌လဲလျောင်းနေသော ဂေါ်လောခ့်များကိုဖြတ်ကျော်၍ သူတို့၏အသိုက်ရှိရာသို့ ဖြေးညင်းစွာချဉ်းကပ်လာကြသည်။ သူတို့သည် လေးထောင့်ပုံစံခံစစ်အခင်းအကျင်းအဖြစ် ပြန်လည်စုဖွဲ့ကာ ရတနာသိုက်အတွင်းသို့ဝင်ရန်စီစဉ်ထားခဲ့သည်။
" ဝေါင်း ... "
သူတို့သည် ဂေါ်လောခ့်အသိုက်နှင့် ခြေလှမ်းအနည်းငယ်သာဝေးတော့သည့်အချိန်တွင် နေဝင်ချိန်နွံအိုင်တစ်ခုလုံးအား တုန်လှုပ်စေနိုင်သည့် ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုဟိန်းဟောက်သံသည် မြင့်မားသောတောင်ထိပ်ကိုပင် ကျော်လွန်ထွက်ပေါ်လာခဲ့သည်။
" လူယုတ်မာတွေ မင်းတို့ကတော်တော်သတ္တိကောင်းတာပဲ"
ထွက်ပေါ်လာသည့်အသံသည် အလွန်ရှေးကျကာအိုမင်းနေဟန်ရှိသည်။ အသံပိုင်ရှင်သည် ကောင်းကင်၏အမြင့်ကိုမသိသော လူငယ်များအား ဆဲဆိုကြိမ်းမောင်းနေသကဲ့သို့ အဆုံးမရှိသောဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။
ရှောင်ယုသည် အံ့အားသင့်သွားသော်လည်း သူ၏ပုခုံးနှစ်ဖက်ကိုပင့်လိုက်ကာ တောင်ထိပ်ဆီသို့မျှော်ကြည့်လိုက်သည်။
" ဒီသခင်ငယ်လေးက လောင်းကစားလုပ်ချင်နေတုံးပဲ "
" ဒါကဂေါ်လောခ့်ခေါင်းဆောင်ဖြစ်နိုင်တယ် .. .ဖြစ်နိုင်တာကတော့ ဆဌမအဆင့်သားရဲပဲ ... ဒါပေမဲ့ဆဌမအဆင့်သားရဲအမျိုးအစားတွေ အများကြီးရှိနေတာမလို့ သူ့ရဲ့အစွမ်းသတ္တိကိုငါသေချာမသိဘူး "
နီကိုးလပ်စ်က ညည်းညူလိုက်သည်။
" အမှန်တော့ သာမန်အချိန်တွေမှာဆိုရင် ဆဌမအဆင့်ရှိတဲ့သားရဲတစ်ကောင်ကို ရှာတွေ့ဖို့အရမ်းကိုခက်ခဲလွန်းတယ်… ဒါပေမဲ့ နေဝင်ချိန်နွံအိုင်မှာရှိတဲ့ ဂေါ်လောခ့်ခေါင်းတောင်က ဘယ်လောက်ထိစွမ်းအားကြီးတယ်ဆိုတာ ဘယ်သူမှမသိကြဘူး "
ရှောင်ယု၏တပ်ဖွဲ့သည်ပင် ဆဌမအဆင့်သားရဲတစ်ကောင်ကို သတ်ဖြတ်နိုင်စွမ်းရှိနေပြီဖြစ်ရာ ယခုလိုဆဌမအဆင့်သားရဲတစ်ကောင်သည် သူတို့၏မဟာမိတ်တပ်များအတွက် လုံးဝခြိမ်းခြောက်မှုမဖြစ်နိုင်ပေ။
" အရှက်မရှိတဲ့လူသားတွေ ... ငါသာနေဝင်ချိန်နွံအိုင်ထဲက ထွက်လာနိုင်ရင် မင်းတို့အားလုံးကိုသတ်ပစ်မယ် "
ဂေါ်လောခ့်ခေါင်းဆောင်၏ အသံကပဲ့တင်ထပ်လာခဲ့သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် သူတို့အားထိပ်တိုက်ရင်ဆိုင်လိုစိတ်မရှိဘဲ ညှိနှိုင်းလိုပုံရသည်။
ညှိနှိုင်းချင်တာလား ... ဂေါ်လောခ့်ခေါင်းဆောင်က ညှိနှိုင်းချင်နေတာလား ...
ရှောင်ယုနှင့်ကျန်လူများက ဂေါ်လောခ့်ခေါင်းဆောင်သည် သူတို့အားကြောက်ရွံ့နေသည်ဟု ယုံကြည်လာကြသည်။
" နတ်ဆိုးအိုကြီး ... အဓိပ္ပါယ်မဲ့နေတဲ့စကားတွေပြောနေတာရပ်လိုက်တော့ ... ငါတို့ရောက်လာတဲ့အကြောင်းရင်းကို မင်းသိရမယ် ... ငါတို့လူသားတွေရဲ့အထူးခြားဆုံးလက္ခဏာက လောဘဖြစ်တယ် ... ငါတို့ဒီနေရာကိုရောက်လာပြီဖြစ်လို့ လက်ဗလာနဲ့ပြန်သွားလို့မရတော့ဘူး ... မင်းရဲ့ဘဏ္ဍာတွေအားလုံးကို လွဲပြောင်းပေးမယ်ဆိုရင် ဒီနေရာကနေချက်ချင်းထွက်ခွာပေးမယ်လို့ ငါအာမခံတယ် ... မင်းကရွှံ့နွံတွေထဲမှာနေတာဆိုတော့ အဲ့ဒီရတနာတွေကမင်းအတွက် လုံးဝအသုံးမဝင်ဘူး "
ရှောင်ယုက သူ၏ပုဆိန်ကြီးကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။
ရှောင်ယု၏စကားကြောင့် ဂေါ်လောခ့်ခေါင်းဆောင်သည် ဒေါသထွက်သွားခဲ့သည်။ သူ၏ဒေါသကိုထိန်းချုပ်နေရသည်မှာ အဆင်မပြေတော့ပေ။ ကျန်ဂေါ်လောခ့်များသည်လည်း စတင်၍အော်ဟစ်ကြွေးကြော်လာကြသည်။
ဂေါ်လောခ့်ခေါင်းဆောင်၏အသံက ဟိန်းထွက်လာခဲ့သည်။
" မာနကြီးလိုက်တာ "
ထို့နောက် တောင်ထိပ်ကြီးတစ်ခုလုံး လှုပ်ခါသွားသလိုခံစားလိုက်ရသည်။ ထို့နောက် ဧရာမရုပ်သွင်ကြီးတစ်ခုသည် တောင်ထိပ်မှတွားဆင်းလာခဲ့သည်။
" မင်းအမေ ... အဲ့ဒါဘာဖြစ်တာလဲ ... အဲ့အဘိုးကြီးက တောင်ထိပ်မှာပဲရှိနေတာမဟုတ်ဘူးလား "
ရှောင်ယုကထိတ်လန့်စွာအော်ဟစ်လိုက်သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် ဤမျှကြီးမားသောသားရဲတစ်ကောင်ဖြစ်ကြောင်း သူကြိုသိထားခဲ့ပါက သူသည်မာနကြီးစွာဖြင့် ပြောခဲ့မည်မဟုတ်ပေ။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏မျက်နှာပေါ်၌လည်း ထိတ်လန့်တုန်လှုပ်နေသော အမူအရာများရှိနေသည်ကို ရှောင်ယုတွေ့မြင်လိုက်ရသည်။ ယခုတစ်ကြိမ်တွင် သူတို့သည်သံနံရံကြီးအား ကန်မိလိုက်ပြီဖြစ်သည်။
ဆဌမအဆင့်သားရဲများနှင့်ကျွမ်းကျင်သူများ၏ စွမ်းအားသည် သူတို့ရောက်ရှိနေသောအဆင့်အလိုက် ကွဲပြားပေသည်။ ထိုအရာသည် လူသားများ၏စွမ်းအားနှင့် အတူတူပင်ဖြစ်သည်။ ဥပမာအားဖြင့် သာမန်ဆဌမအဆင့်မှော်ဆရာနှင့် သီအိုဒိုးတို့အကြားခွန်အားကွာဟချက်ကို လွယ်လွယ်ဖြင့်ဖုံးကွယ်၍မရပေ။
ဝေါင်း...
အမြင့်၂၀မီတာနီးပါးရှိသော နဂါးတစ်ကောင်၏မျက်လုံးကဲ့သို့ ဧရာမမျက်လုံးကိုပိုင်ဆိုင်သည့် ဂေါ်လောခ့်ကြီးက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
" သေစမ်း...ဒါကဧရာမဂေါ်လောခ့်ကြီးပဲ ... "
ရှောင်ယုသည် ဤမျှကြီးမားပြီးအစွမ်းထက်သော ဂေါ်လောခ့်တစ်ကောင်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အဆုံးသတ်တွင် သူသည်ဆဌမအဆင့်တွင်ရှိနေသော သားရဲများသို့မဟုတ် လူသားကျွမ်းကျင်သူများကို တစ်ခါမှမတိုက်ခိုက်ခဲ့ဖူးပေ။ အဘယ်ကြောင့်ဆိုသော် သူသည်ရန်သူ၏စွမ်းအားကို လွဲမှားစွာတွေးတောမိသည့်အတွက်ကြောင့်ဖြစ်သည်။
" လီယိုနာဒို ... ရှောင်ယုငါတို့အတူတူလုပ်ဆောင်ရမယ် ... မင်းတို့ခုချိန်ထိထုတ်ပြခဲ့တာတွေက မင်းတို့ရဲ့စွမ်းအားကုန်မဟုတ်သေးဘူး ... ခုချိန်မှာသာငါတို့ရဲ့ခွန်အားတွေကို နှမြောနေဦးမယ်ဆိုရင် တော်တော်အခက်ကြုံလိမ့်မယ် "
နီးကိုးလပ်စ်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ သွေးနတ်သူငယ်ဘိုးဘေးရီလာသည် သူ့ဘေးနားတွင်ရှိနေသော်လည်း ရီလာသည်အဝေးပစ်တိုက်ခိုက်ရေးသမားဖြစ်သည်။ ရီလာ၏အဝေးပစ်တိုက်ခိုက်မှုအောင်မြင်စေရန်အတွက် အစွမ်းထက်အနီးကပ်တိုက်ခိုက်သူများက ရန်သူကိုရပ်တန့်စေကာ ကာကွယ်ပေးရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ရီလာသည်မန္တန်မရွတ်ဆိုနိုင်သည့်အချိန်မှာပင် သတ်ဖြတ်ခံရမည်ဖြစ်သည်။
နီကိုးလပ်စ်သည် ရီလာ၏အကြောင်းကို မည်သူထက်မဆိုပို၍နားလည်ထားပေသည်။ သူ့နံဘေးတွင် အစွမ်းထက်သူရဲကောင်းများရှိနေသော်လည်း သူတို့ထဲမှမည်သူကမှ ဂေါ်လောခ့်ကိုရင်ဆိုင်နိုင်စွမ်းမရှိကြပေ။ လီယိုနာဒိုနှင့်ရှောင်ယုတို့က ခေါင်းညိတ်အတည်ပြုပေးလိုက်သည်။ သူတို့အားလုံးသည် ဤတိုက်ပွဲ၏အရေးကြီးပုံကို နားလည်သဘောပေါက်ထားကြသည်။ ဂေါ်လောခ့်ခေါင်းဆောင်၏စွမ်းအားသည် အလွန်အားကောင်းလှကာ သူတို့နားလည်နိုင်စွမ်း၏အလွန်တွင်ရှိသည်။
ဝေါင်း...
ဂေါ်လောခ့်ခေါင်းဆောင်က ထပ်မံဟိန်းဟောက်လိုက်ရာ ပြင်းထန်သောအော်ရာက သူ့ထံမှဖြာထွက်လာခဲ့သည်။ ထိုအရာသည် ဆဌမအဆင့်သားရဲတစ်ကောင်၏အော်ရာဖြစ်သည်။
" လူသားတွေ ... မင်းတို့ကအရမ်းကိုမာနကြီးလွန်းတယ် ... ဒီနေ့ဒီနေရာက မင်းတို့ရဲ့သချိုင်းမြေဖြစ်လာလိမ့်မယ် ... ငါသေချာတယ် ... မင်းတို့အားလုံးက ငါ့ကောင်လေးတွေအတွက် အကောင်းဆုံးစားစရာဖြစ်လာလိမ့်မယ် "
ဂေါ်လောခ့်ခေါင်းဆောင်၏ ယုံကြည်မှုရှိသောလေသံသည် ပဲ့တင်ထပ်လာခဲ့ပြီး လူသားများ၏ကြောက်ရွံ့စိတ်ကိုတိုးစေခဲ့သည်။ သူတို့၏လူများသည် ယုံကြည်မှုစတင်ပျောက်ဆုံးလာကြသည်ကိုကြည့်ပြီး ကြီးမားသောပြဿနာတစ်ခုဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်သည်။ ယုံကြည်မှုပျောက်ဆုံးနေသောစစ်တပ်သည် ခေါင်းဆောင်မရှိသောသိုးအုပ်နှင့်တူပေသည်။
" နတ်ဆိုးအိုကြီး ... မင်းကတော်တော်မာနကြီးတာပဲ ... မင်းပြောတဲ့အတိုင်းမင်းလုပ်နိုင်မယ်ဆိုတာ သေချာလို့လား ... ငါတို့ကဝှက်ဖဲတွေအလုံအလောက်ပြင်ဆင်ပြီးမှ ဒီနေရာကိုရောက်လာခဲ့တာပဲ ... မင်းသာငါတို့ကိုအတင်းအကြပ်ဖိအားပေးလာမယ်ဆိုရင် နှစ်ဖက်လုံးအတွက်မကောင်းနိုင်ဘူး "
ရှောင်ယုက အသက်ပြင်းပြင်းရှုပြီးနောက်အော်ဟစ်လိုက်သည်။
" ဝေါင်း "
ဂေါ်လောခ့်ခေါင်းဆောင်သည် ရှောင်ယုကိုတစ်ချက်ကြည့်လိုက်သည်။ ထိုအခါရှောင်ယု၏တပ်ထဲ၌ ရှေးခေတ်မျိုးနွယ်များကိုတွေ့လိုက်ရ၍ သူအလွန်အံ့သြသွားခဲ့သည်။
" မင်းဘေးနားမှာ ရှေးခေတ်မျိုးနွယ်တွေအများကြီးရှိနေတာပဲ...မင်းမာနကြီးနေတာမဆန်းတော့ပါဘူး ... မင်းကိုကြည့်ရတာသာမန်လူတော့မဖြစ်လောက်ဘူး ... ဒါပေမဲ့ သူတို့အားလုံးက သတ်မှတ်ထားတဲ့အဆင့်ကိုရောက်လာမယ်လို့ မင်းထင်နေတာလား ... သူတို့ဟာသူတို့ရဲ့အလားအလာအစစ်အမှန်ကို မထုတ်ဖော်ရသေးဘူး ... ဒီနေ့ငါ့ကိုရန်စတာဟာ မင်းဘဝရဲ့အမှားကြီးတစ်ခုဆိုတာကို ငါသက်သေပြမယ် "
ရှောင်ယုသည် ခွန်းတုံ့ပြန်ချင်သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်က ခေါင်းကိုမြှောက်ကာ နောက်တစ်ကြိမ်ဟိန်းဟောက်လိုက်သည်။ သူသည် တစ်စုံတစ်ယောက်အားဆင့်ခေါ်နေပုံရသည်။
" မကောင်းတော့ဘူး ... သူကအကူအညီတောင်းနေတာပဲ "
ရှောင်ယုက ချက်ချင်းအော်ဟစ်လိုက်သည်။
ဂေါ်လောခ့်ခေါင်းဆောင်၏ ဟိန်းဟောက်သံသည် အလွန်ပင်တိုတောင်းပြီး အချိန်ခဏလေးသာကြာမြင့်ပေသည်။ ထို့နောက်တွင် သူသည်လူသားများအား သနားစရာကောင်းသည့်အပြုံးဖြင့်ကြည့်လိုက်သည်။
ခရက်...ခရက်
ထိုအချိန်တွင် အရပ်လေးမျက်နှာမှ အက်ကွဲသံများထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်သည် မြေပြင်ကိုဖောက်ထွင်းဝင်ရောက်ကာ မြေပေါ်သို့ထွက်ပေါ်လာပုံရသည်။
ဝေါင်း...ဝေါင်း...ဝေါင်း...ဝေါင်း
ဟိန်းဟောက်သံလေးခုသည် အရပ်လေးမျက်နှာမှ ပဲ့တင်ထပ်လာခဲ့သည်။ ထိုဟိန်းဟောက်သံများကြောင့် ရှောင်ယုနှင့်ကျန်လူများ၏မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။ ဂေါ်လောခ့်ခေါင်းဆောင်၏ ဆင့်ခေါ်မှုကြောင့်နိုးထလာသူများသည် ဂေါ်လောခ့်ခေါင်းဆောင်ကိုယ်တိုင်ထက် အားမနည်းကြောင်းသူတို့နားလည်ခဲ့သည်။
" မင်းအမေပဲပေါ့ ... ဒီမှာဘာတွေဖြစ်နေတာလဲ ... သူတို့အားလုံးကဆဌမအဆင့်သားရဲတွေချည်းပဲ ... ဒါဘယ်လိုဖြစ်ရတာလဲ "
ရှောင်ယု၏မျက်နှာသည် ဖြူဖျော့နေခဲ့ပြီး သူ၏အသံတွင်စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဆဌမအဆင့်သားရဲ၅ကောင်သည် သူတို့အားလုံးကိုချေမှုန်းနိုင်စွမ်းရှိသော ဘေးအန္တာရယ်ဖြစ်သည်။ သူတို့သည် ဆဌမအဆင့်သားရဲ၂ကောင်နှင့် ရင်ဆိုင်ရလျင်ပင် ကြောက်ရွံ့နေမည်မဟုတ်ပေ။ သို့သော်လည်း ဆဌမအဆင့်သားရဲ၅ကောင်သည် သူတို့စွမ်းဆောင်နိုင်သည့်ပမာဏမဟုတ်ပေ။ ရှောင်ယုသည် လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့၏ ပျက်ယွင်းနေသောအမူအရာများကို သတိထားမိလိုက်သည်။ အခြေအနေသည် ယခုလိုဆိုးရွားလာလိမ့်မည်ဟု မည်သူမှမထင်ထားခဲ့ကြပေ။
အရပ်လေးမျက်နှာမှ ဆဌမအဆင့်ဂေါ်လောခ့်များ၏ဟိန်းဟောက်သံများ တဖြည်းဖြည်းနီးကပ်လာခဲ့သည်။ ခဏအကြာတွင် သူတို့သည်ဂေါ်လောခ့်များ၏ အဝိုင်းခံလိုက်ရသည်။ ရှောင်ယုသည် ရှုံ့မဲ့စွာပြုံးလိုက်မိသည်။ ယနေ့တွင်သူသည် ရတနာများစွာရရှိလိမ့်မည်ဟု ယုံကြည်ထားခဲ့သော်လည်း သူ၏အသက်အန္တာရယ်ခြိမ်းခြောက်ခံရသည်ထိ ဖြစ်လာလိမ့်မည်ဟု သူမည်သည့်အခါမှမထင်ထားခဲ့ပေ။
နောက်ထပ်ဧရာမဂေါ်လောခ့်လေးကောင် ထွက်ပေါ်လာခဲ့သည်။ သူတို့သည် ဂေါ်လောခ့်ခေါင်းဆောင်ထက် အနည်းငယ်သေးငယ်ပေသည်။ ဧရာမဂေါ်လောခ့်၅ကောင်၏ အရှိန်အဟုန်ကြောင့် လေပြင်းများထွက်ပေါ်လာခဲ့ပြီး ရပ်တန့်သွားချိန်၌ရေများလျှံတက်လာခဲ့သည်။
" အရှက်မဲ့လိုက်တဲ့လူသားတွေ ... ဒီနေ့တော့နေဝင်ချိန်နွံအိုင်က မင်းရဲ့သချိုင်းဖြစ်လာလိမ့်မယ် "
သားရဲတစ်ကောင်က စကားစပြောလာခဲ့သည်။ ဤနတ်ဆိုးသားရဲသည် အတော်လေးစိတ်မရှည်ပုံရပြီး သူ၏လေသံ၌ရူးသွပ်မှုအရိပ်အယောင်များ ပါဝင်နေခဲ့သည်။
ဂေါ်လာခ့်လေးကောင်လုံးသည် သူတို့်အားဝိုင်းထားကြသော်လည်း စတင်တိုက်ခိုက်ခြင်းမပြုကြပေ။ သူတို့သည် ဂေါ်လောခ့်ခေါင်းဆောင်၏အမိန့်ကိုစောင့်မျှော်နေကြသည်။ သို့သော် အမိန့်ကိုရရှိပြီးနောက်တွင် သူတို့သည်လူသားများအား အပိုင်းပိုင်းဆုတ်ဖြဲရန်မစောင့်ဆိုင်းနိုင်ကြတော့ပေ။
ရှောင်ယုသည် ဆန်းကြယ်ပုဆိန်ကိုဝှေ့ယမ်းရင်း တိတ်ဆိတ်စွာရပ်နေခဲ့သည်။ သူသည် လီယိုနာဒိုနှင့်နီကိုးလက်စ်တို့ ဘာဆက်လုပ်မည်ကိုသူမြင်တွေ့လိုခဲ့သည်။
" ငါတို့နောက်ပြန်ဆုတ်ကြမလား "
လီယိုနာဒိုကတိုးတိုးလေးပြောလိုက်သည်။ ထိုအရာသည် လက်ရှိအချိန်၌ အကောင်းဆုံးရွေးချယ်မှုဟုထင်ရပေသည်။ သူတို့သည် ဂေါ်လောခ့်ရတနာသိုက်မှ ရတနာများမရရှိနိုင်သော်လည်း ဂေါ်ဒွန်၏ဦးခေါင်းခွံကိုရရှိရန် အခွင့်အရေးရှိနေပေသေးသည်။ သို့သော်လည်း ဂေါ်လောခ့်များသည် သူတို့ဆုတ်ခွာသွားပါက အလွယ်တကူထွက်ခွာခွင့်ပြုမည်မဟုတ်ပေ။ ယခုသာ ဆုတ်ခွာလိုပါက အသေအပျောက်အလွန်ကြီးမားမည်ဖြစ်သည်။
နီကိုးလက်စ်သည် မျက်မှောင်ကြုတ်ရင်း အကြောင်းမပြန်ခဲ့ပေ။သူသည် တန်ပြန်တိုက်ခိုက်မယ့်အစီအစဉ်ကိုရေးဆွဲရင်း သူ၏မျက်လုံးများက ဂေါ်လောခ့်ခေါင်းဆောင်ကို စူးစိုက်ကြည့်နေခဲ့သည်။
" ညှိနှိုင်းကြရအောင် .. . "
နီကိုးလပ်စ်၏မျက်လုံးများတောက်ပလာခဲ့ပြီး ကျယ်လောင်သောအသံဖြင့်ပြောလိုက်သည်။
ညှိနှိုင်းချင်တာလား ... ဂေါ်လောခ့်တွေကအသာစီးရနေတာတောင်မှ ညှိနှိုင်းချင်သေးတာလား
အခန်း ၃၇၂ - အမှန်နှင့်အမှား
ရှောင်ယုနှင့်လီယိုနာဒိုတို့သည် နီကိုးလပ်စ်၏ဆုံးဖြတ်ချက်အား ရှင်းရှင်းလင်းလင်းနားလည်ပေသည်။
သို့သော်လည်း ယခုလိုအချိန်မျိုး၌ ရန်သူသည်အဘယ်ကြောင့်သူတို့နှင့် ညှိနှိုင်းလိုသနည်း။ နီကိုးလပ်စ်ကလည်း အဘယ်ကြောင့်ဤမျှ အဓိပ္ပါယ်မဲ့သောစကားကို ပြောလာရသနည်း။
နီကိုးလပ်စ်ထံတွင် ဂေါ်လောခ့် ခေါင်းဆောင်အား နောက်ပြန်ဆုတ်သွားစေနိုင်သည့် ဝှက်ဖဲတစ်ခုရှိနေ၍သာ ထိုသို့ပြောဝံ့နေခြင်းဟု သူတို့သတ်မှတ်နိုင်ပေသည်။
ရှောင်ယုသည် ထိုသို့အတွေးဝင်လာချိန်၌ စိတ်မထိန်းနိုင်ဘဲ တုန်လှုပ်သွားခဲ့ရသည်။ ဆဌမအဆင့်သားရဲတစ်ကောင်ကိုပင် သတ်ဖြတ်နိုင်သည့်ဝှက်ဖဲသည် မည်မျှအစွမ်းထက်မည်နည်း။ ထိုဝှက်ဖဲ၏အစွမ်းသည် ဂေါ်လောခ့်ခေါင်းဆောင်မှ နီကိုးလပ်စ်အား မသတ်ဖြတ်နိုင်မှီ ဂေါ်လောခ့်ခေါင်းဆောင်အားသေဆုံးစေနိုင်သည်ကို မှန်းဆရန်မခက်ခဲပေ။ သို့သော် နှစ်ယောက်လုံးတစ်ချိန်တည်းတွင် သေဆုံးသွားနိုင်ခြေလည်းရှိနေခဲ့သည်။ ထိုသို့အစွမ်းထက်သည့်ဝှက်ဖဲမျိုးကသာ ဂေါ်လောခ့်ခေါင်းဆောင်နှင့်တစ်တန်းတည်းထား၍ ညှိနှိုင်းရန်အခွင့်အရေးရှိမှာဖြစ်သည်။
နီကိုးလပ်စ်သည် အင်အားတောင့်သည့်ကျောထောက်နောက်ခံရှိသူဖြစ်သည်။ သို့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်နှင့် ကျန်ဂေါ်လောခ့်များကိုနောက်ဆုတ်စေမည်ဟု မည်သည့်ယုံကြည်မှုဖြင့်ပြောလာရသနည်းကို ရှောင်ယုစဉ်းစား၍မရပေ။
နီကိုးလပ်စ်သည် ဂေါ်လာခ့်များကိုဆန့်ကျင်နိုင်သည့်အဆိပ်အား ပိုင်ဆိုင်ထားသည်ကပင် ရှောင်ယုအားမနာလိုဖြစ်စေရန် လုံလောက်နေပြီဖြစ်သည်။ ထိုအဆိပ်သည် ထောင်နှင့်ချီသောဂေါ်လောခ့်များကို မလှုပ်မရှားနိုင်ဖြစ်စေသည်။ ဂေါ်လောခ့်များသည် ရေထဲ၌ရှိနေ၍ အလွယ်တကူအဆိပ်သင့်ခဲ့သည်မှာမှန်သော်လည်း ထိုအဆိပ်ကပင် ကြောက်စရာကောင်းသည့်ဝှက်ဖဲတစ်ခုဖြစ်နေခဲ့သည်။
ယခုအချိန်တွင် နီကိုးလပ်စ်သည် ဆဌမအဆင့်သားရဲ၅ကောင်ကိုပင် ကျော်လွှားနိုင်စွမ်းရှိသည့် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ကတ်ပြားတစ်ခုအားပိုင်ဆိုင်ထားပုံရသည်။ နီကိုးလပ်စ်သည် အမှန်ပင်ရှေးဟောင်းမိသားစုတစ်ခု၏ အမွေဆက်ခံသူဖြစ်သည်။ အလားတူပင် လီယိုနာဒိုထံ၌လည်းအားကောင်းသည့်ဝှက်ဖဲအချို့ ရှိနေနိုင်ကြောင်းရှောင်ယု ယုံကြည်ခဲ့သည်။
ထို့ကြောင့်ရှောင်ယုသည် ငြိမ်သက်စွာရပ်နေလိုက်ပြီးနောက် အစွမ်းထက်သော ဂေါ်လောခ့်များကိုစတင်၍စစ်ဆေးခဲ့သည်။ ဆဌမအဆင့်သားရဲများသည် ကောင်းကင်ကိုပင်ဆန့်ကျင်နိုင်သည့် အစွမ်းထက်ဖြစ်တည်မှုများဖြစ်သည်။ ယခုအခါ သူတို့သည်ထိုကဲ့သို့ဖြစ်တည်မှု၅ခုနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ နေဝင်ချိန်နွံအိုင်သည် အမှန်ပင်ကြောက်မက်ဖွယ်ကောင်းသည့် နေရာတစ်ခုဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ တစ်ခုခုမှားယွင်းနေသည်ကိုတော့ ရှောင်ယုခံစားမိပေသည်။ သူသည် အကြောင်းရင်းကိုတိတိကျကျမသိရသော်လည်း အခြားသောဆဌမအဆင့်ဂေါ်လောခ့်၄ကောင်သည် တစ်စုံတစ်ခုအဆင်မပြေကြောင်း သူခံစားနေမိသည်။ သူသည် ထိုဂေါ်လောခ့်များကိုစစ်ဆေးရန် သရောလ်၏အဝေးမြင်ကွင်းကို အသက်သွင်းလိုက်သည်။ ထိုအခါဆဌမအဆင့်ဂေါ်လောခ့်၄ကောင်သည် သူတို့၏ခန္ဓာကိုယ်တစ်ဝက်အား မြူခိုးကြားထဲကွယ်ဝှက်ထားကြောင်း တွေ့လိုက်ရသည်။
အဝေးမြင်ကွင်းသည် အသုံးပြုသူ၏အမြင်ကိုပြောင်းလဲပေးနိုင်သော အလွန်ပင်ထူးဆန်းလှသည့်အစွမ်းတစ်ခုဖြစ်ပေသည်။ ထိုကျွမ်းကျင်မှုသည် လူတစ်ယောက်၏ဝိညာဉ်အား ခန္ဓာကိုယ်မှဖြာထွက်စေကာ မြင့်မားသည့်အနေအထားမှ မြင်ကွင်းတစ်ခုလုံးအားစောင့်ကြည့်နေနိုင်သည်။
ထိုကျွမ်းကျင်မှုအကူအညီဖြင့် ရှောင်ယုသည် အဆိုပါဆဌမအဆင့်ဂေါ်လောခ့်၄ကောင်ကို အနီးကပ်ကြည့်ရှုခဲ့ရာ တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ ရှောင်ယုသည် မည်သည့်နေရာ၌မှားယွင်းနေကြောင်း အတိအကျမသိသေးပေ။ သို့သော်လည်း ပထမဆုံးအနေဖြင့် တစ်နေရာတည်း၌ ဆဌမအဆင့်ရှိသောသားရဲ၅ကောင်ကိုတွေ့ရခြင်းသည် အလွန်ရှားပါးပေသည်။ ထို့ပြင် အဆင့်မြင့်သားရဲများအားလုံးသည် ရက်စက်ကြမ်းကြုတ်သောစရိုက်လက္ခဏာရှိသည့် နယ်မြေခံသတ္တဝါများဖြစ်သည်။ သူတို့သည် သူတို့၏နယ်မြေအတွင်း၌ အခြားသောဆဌမအဆင့်သားရဲတစ်ကောင်အား နေထိုင်ခွင့်ပြုမည်မဟုတ်ပေ။
ရှောင်ယုသည် ဆဌမအဆင့်ဂေါ်လောခ့်၄ကောင်ကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။
သူ၏အာရုံကိုဖမ်းစားနိုင်သော ပထမဆုံးအချက်မှာ ဂေါ်လောခ့်၄ကောင်လုံးသည် အမွှာများကဲ့သို့ တစ်ထေရာတည်းတူနေခြင်းဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် လူသားများသည် ဂေါ်လောခ့်သို့မဟုတ် အခြားထူးဆန်းသောသားရဲများကို ပထမဆုံးအကြိမ်တွေ့မြင်ချိန်၌ ၎င်းတို့သည်တူညီသောအသွင်အပြင်ရှိသည်ဟု ထင်မြင်ခဲ့သည်။ သို့ရာတွင် ဂေါ်လောခ့်များ သို့မဟုတ် လူသားများအားလုံးတွင် တူညီသောလက္ခဏာရပ်များရှိနေရန် မဖြစ်နိုင်ပေ။ ယခုမူ သူတို့အားလုံး၌ရှိနေသော အမာရွတ်များသို့မဟုတ် အရေးကြောင်းများသည်ပင်တူညီနေခဲ့သည်။
" ဟမ်... "
ယခုအခါ ကျိန်းသေပေါက်တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သေချာသွားခဲ့သည်။
" ဟေ့ကောင်တွေ သေချာကြည့်ကြအုံးဟ ... ဒီဂေါ်လောခ့်၄ကောင်က တစ်ခုခုမှားယွင်းနေသလားလို့ ... တစ်နေရာတည်းမှာ ဆဌမအဆင့်ရှိတဲ့သားရဲတွေ အများကြီးရှိနေတာတကယ်မယုံနိုင်စရာပဲ "
ရှောင်ယုသည် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့အား တိုးတိုးလေးပြောလိုက်သည်။
ရှောင်ယု၏စကားကြောင့် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ ထိတ်လန့်သွားခဲ့ကြသည်။ နီကိုးလပ်စ်သည် ရန်သူနှင့်ညှိနှိုင်းရန်အတွက် သူ၏ဝှက်ဖဲကိုပင်ထုတ်ဖော်ရန် အဆင့်သင့်ဖြစ်နေပြီဖြစ်သည်။ လီယိုနာဒိုကလည်း အလားတူထုတ်ဖော်ရန်ပြင်ဆင်နေခဲ့သည်။ ယခုအချိန်ထိ ဝှက်ဖဲများကိုကွယ်ဝှက်ထားပါက သူတို့အားသေခြင်းတရားနှင့်ရင်ဆိုင်ရတော့မည်ဖြစ်သည်။
သို့သော်လည်း ရှောင်ယု၏သတိပေးစကားများက ဤကိစ္စနှင့်ပတ်သက်၍ သူတို့၏အမြင်ကိုပြောင်းလဲစေခဲ့သည်။ သူတို့သည် ဉာဏ်ကောင်းသူများဖြစ်ကြရာ အရာအားလုံးကိုဆက်စပ်တွေးခေါ်နိုင်စွမ်းရှိသည်။ လက်ရှိအချိန်၌ ရှင်းရှင်းလင်းလင်းသက်သေမပြနိုင်သော်လည်း သူတို့သည်လည်းတစ်စုံတစ်ခုကို ဝိုးတိုးဝါးတားခန့်မှန်းနိုင်ခဲ့သည်။
ဂေါ်လောခ့်ခေါင်းဆောင်က လှည့်စားမှုတစ်ခုကိုသုံးနေခဲ့တာလား ... သူကမရှိတဲ့အရာတွေကို အကောင်အထည်ဖော်ဖို့ အမြင်အာရုံကိုလှည့်စားနေတာလား ....
မည်သို့ပင်ဆိုစေ ဆဌမအဆင့်ဂေါ်လောခ့်၄ကောင် ထွက်ပေါ်လာသည့်အချိန်တွင် မြေပြင်သည်အက်ကွဲသွားခဲ့သည်။ ထို့ပြင် ဂေါ်လောခ့်၄ကောင်သည် သူတို့ထံပြေးဝင်လာချိန်တွင် သူတို့၏အရှိန်နှုန်းသည် အမှန်တကယ်ပင်ဖြစ်သည်။ ထိုသို့သောဖိအားကို အတုပြုလုပ်၍မရပေ။ အဝေးမြင်ကွင်းအား အသုံးပြုထားသည့်ရှောင်ယုအဖို့ သူ၏မြင်ကွင်းမှကြည့်လျှင်ပင် ထိုဂေါ်လောခ့်များသည် အတုမဟုတ်ဘဲ အစစ်ဖြစ်ကြောင်းတွေ့မြင်နိုင်ပေသည်။
" လောဘကြီးတဲ့လူသားတွေ ... ရုန်းကန်မနေကြနဲ့တော့ ငါ့ဆီမှာကျွန်ခံဖို့လက်ခံတယ်ဆိုရင် မင်းတို့မှာအသက်ရှင်ဖို့အခွင့်အလမ်းရှိတယ် "
ဂေါ်လောခ့်ခေါင်းဆောင်က စကားစလာခဲ့သည်။
အခြားသောဂေါ်လောခ့်၄ကောင်ကလည်း သူတို့၏ခေါင်းဆောင်မှ ထိုသို့စတင်ပြောဆိုလာချိန်တွင် လူသားများဆီသို့ခြေလှမ်းအနည်းငယ်ရှေ့တိုးလာခဲ့သည်။ ထိုဂေါ်လောခ့်များ စတင်လှုပ်ရှားလာချိန်တွင် မြေပြင်သည်အနည်းငယ်လှုပ်ခါသွားခဲ့သည်။
" ဘာမှားလို့လဲ...ငါ့ရဲ့ခန့်မှန်းချက်ကမှားသွားတာလား ... အဲ့ဒါကအမြင်အာရုံလှည့်စားမှုဆိုရင် ဒီနေရာကဘာလို့တုန်ခါသွားတာလဲ "
ရှောင်ယုသည် သူ၏အမြင်ကိုစတင်၍သံသယဝင်လာခဲ့သည်။
မည်သို့ပင်ဆိုစေ တစ်ခုခုမှားယွင်းနေသည်ဟု ရှောင်ယုခံစားမိလာဆဲဖြစ်သည်။ သူတို့အားလုံးသည် ဆဌမအဆင့်ဂေါ်လောခ့်များဖြစ်ပါက ထိုဂေါ်လောခ့်များသည် အဘယ်ကြောင့်၎င်းတို့အား စတင်တိုက်ခိုက်ခြင်းမပြုခဲ့ရသနည်း။
ထို့ပြင် နီကိုးလပ်စ်ကလည်း သူ၏ဝှက်ဖဲကိုထုတ်သုံးရန် အစီအစဉ်မရှိတော့ပေ။
" မင်းကငါတို့ကိုလက်နက်ချစေချင်တာလား ... ဒါပေမဲ့ဘာလို့မင်းက ငါတို့ကိုကျွန်ခံစေချင်တာလဲ "
နီကိုးလပ်စ်၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် သူတို့နှင့်စတင်ဆွေးနွေးလာသောကြောင့် ရန်သူ၏အဓိကအားနည်းချက်ကိုရှာဖွေရန် အကောင်းဆုံးအချိန်လည်းဖြစ်သည်။
" ဟားဟား ... အကြောင်းရင်းကိုသိဖို့လိုသေးလား ... မင်းတို့ကောင်တွေကလွတ်မြောက်ဖို့ အခွင့်အရေးရှိသေးတယ်လို့ထင်လား "
ဂေါ်လောခ့်ခေါင်းဆောင်သည် ဟာသတစ်ခုကြားလိုက်ရသလို ရယ်မောလိုက်သည်။
" အခြားသူတွေနဲ့ယှဉ်ရင် မင်းကလက်ရှိအခြေအနေကို ပိုပြီးရှင်းရှင်းလင်းလင်းနားလည်မယ်လို့ထင်တယ် ... ဒီဂေါ်လောခ့်လေးကောင်က တော်တော်လေးကြောက်စရာကောင်းတာပဲ ... သူတို့ကမင်းနဲ့တော်တော်လေးဆင်တယ်နော် "
နီကိုးလပ်စ်ကဆက်ပြောလိုက်သည်။
ရှောင်ယုနှင့်လီယိုနာဒိုတို့သည် ထိုစကားဝိုင်းကိုနားထောင်နေကြသည်။ အသစ်ထွက်ပေါ်လာသည့် ဆဌမအဆင့်ဂေါ်လောခ့်၄ကောင်နှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာမရှိတော့ပေ။ သို့သော်လည်း သူတို့သည်နီကိုးလပ်စ်၏စကားကို နားထောင်လိုက်သောအချိန်တွင် သူ၏စကားများကိုထောက်ခံသည့် အထောက်အထားအချို့ ရှိနေကြောင်းခန့်မှန်းနိုင်ခဲ့သည်။
ဂေါ်လောခ့်ခေါင်းဆောင်က ရယ်မောလိုက်သည်။
" လူသားတွေ .... မင်းတို့ကညဏ်ရည်ထက်မြက်ပြီး အရာရာကိုတွေ့မြင်နိုင်မယ်လို့ထင်နေတာလား ... မင်းတို့ကငယ်ပါသေးတယ်...ဘာပဲဖြစ်ဖြစ်မင်းတို့အားလုံးသေရလိမ့်မယ် "
" အိုး ... ဟုတ်လား ... ဒါဆိုရင်အားလုံးတူတူသေကြတာပေါ့ ... ငါတို့သေသွားမယ်ဆိုရင်တောင်မှ မင်းကိုငါတို့နဲ့တူတူခေါ်သွားဖို့အာမခံတယ် "
နီကိုးလပ်စ်က အေးဆေးတည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။ ဆဌမအဆင့်ဂေါ်လောခ့် ၄ကောင်သည် အစစ်အမှန်မဟုတ်ကြောင်းသေချာသော်လည်း သူသည်လှည့်ကွက်ကိုထိုးဖောက်မမြင်နိုင်ပေ။
" ဟုတ်လား ... အဲ့ဒါဆိုလည်းစမ်းကြည့်လေ ... မင်းကဘာလို့စောင့်နေတာလဲ "
ဂေါ်လောခ့်ခေါင်းဆောင်က စိန်ခေါ်လိုက်ပြီးနောက် စကားဆက်မပြောဘဲငြိမ်နေလိုက်သည်။
နှစ်ဖက်လုံး၏တင်းမာမှုသည် အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်၍ လူတိုင်းစိုးရိမ်ပူပန်နေကြသည်။ သူတို့ထဲမှ တစ်ယောက်မှစကားမပြောခဲ့ကြပေ။ ဤအချိန်၌ လှုပ်ရှားမှုတစ်ခုကပင် တိုက်ပွဲအားအစပြုနိုင်ပေသည်။ တစ်ချိန်တည်းမှာပင် နှစ်ဖက်လုံးသည် လာမယ့်တိုက်ပွဲအကြောင်း စတင်၍စဉ်းစားနေကြသည်။ သူတို့နှစ်ဖက်လုံး၏တိုက်ခိုက်ရေးစွမ်းအားသည် ကြောက်မက်ဖွယ်အဆင့်တွင်ရှိနေသောကြောင့် နှစ်ဖက်တိုက်ခိုက်ပါက ထွက်ပေါ်လာမယ့်ရလဒ်သည် ချိုမြိန်မည်မဟုတ်ပေ။
" မတိုက်ကြတော့ဘူးလား "
ရှောင်ယုက နူးညံ့သောလေသံဖြင့်မေးလိုက်သည်။
နီကိုးလပ်စ်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း ပြန်မဖြေခဲ့ပေ။ သူသည် လီယိုနာဒိုကိုတစ်ချက်ကြည့်လိုက်ကာ သူတို့ရှေ့မှ ဂေါ်လောခ့်အရေအတွက်ကိုစစ်ဆေးလိုက်သည်။ လီယိုနာဒိုကလည်း နှုတ်ဆိတ်နေခဲ့သည်။
နှစ်ဖက်လုံးသည် သူတို့၏ကိုယ်ပိုင်စွမ်းအားနှင့်ရန်သူ၏စိတ်နေသဘောထားကို စဉ်းစားနေကြသည်။ ထို့နောက်နှစ်ဖက်တိုက်ခိုက်ခြင်း၏ အကျိုးရလဒ်ကိုတွက်ချက်နေကြသည်။
အစောပိုင်းတွင် ထိုနတ်ဆိုးအိုကြီးသည် အစွမ်းထက်မည်ဟုရှောင်ယုမယုံကြည်သေးပေ။ ထို့ပြင် ဆဌမအဆင့်ရှိသောဂေါ်လောခ့်၄ကောင်သည် အတုမဟုတ်ပါက သူတို့၏ဆုံးရှုံးမှုများ အလွန်ကြီးမားသွားမည်ဖြစ်သည်။
လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေရင်း ကွင်းပြင်တစ်ခုလုံးတိတ်ဆိတ်နေခဲ့သည်။ လက်ရှိအချိန်တွင် တစ်ဖက်ဖက်မှ စတင်တိုက်ခိုက်လာမည်ကို လူတိုင်းကြောက်ရွံ့နေကြသည်။
" ဟားဟား ... "
ထိုအချိန်၌ ဂေါ်လောခ့်ခေါင်းဆောင်က ရယ်မောလိုက်သည်။ အနည်းငယ်အားနည်းသောလူသားများသည် ဖိအားဒဏ်ကိုတောင့်ခံနိုင်ခြင်းမရှိကြပေ။
ထိုအခိုက်အတန့်တွင် လူတိုင်းသည် ဂေါ်လောခ့်ခေါင်းဆောင်ထံသို့ တဖန်ပြန်လည်၍အာရုံစိုက်လာကြသည်။ သူသည် လူတိုင်း၏အာရုံကိုဆွဲဆောင်ရန် ကျွမ်းကျင်မှုတစ်မျိုးမျိုးကို အသုံးပြုခဲ့ပုံရသည်။
" ကောင်းပြီလေ ... မင်းကိုအခွင့်အရေးပေးမယ် ... လောလောဆယ်ဒီမှာအဖွဲ့၃ခုရှိတယ် ... အဲ့ဒီထဲကနှစ်ဖွဲ့က ရှင်ကျန်ရစ်ခဲ့မယ်လို့ငါကတိပေးတယ် .... မင်းဘာပြောချင်လဲ "
ဂေါ်လောခ့်ခေါင်းဆောင်၏ အကြည့်များသည်တောက်ပသွားခဲ့သည်။ သူသည် လူသားများကိုခွဲထုတ်ရန်စတင်ကြိုးပမ်းလာခဲ့သည်။
" အကျင့်ယုတ်လိုက်တဲ့ သတ္တဝါ "
ရှောင်ယုက သူ့ရင်ထဲ၌တိတ်တဆိတ်ညည်းညူလိုက်သည်။
" အိုး ... ငါတို့ကိုလိမ်လည်ဖို့အရမ်းလွယ်နေတယ်လို့ မင်းထင်နေတာလား ... နတ်ဆိုးအိုကြီး ခုလိုမျိုးအောက်တန်းကျတဲ့လှည့်ကွက်တွေကိုထုတ်သုံးနေတာ အပြစ်ရှိနေတယ်လို့မခံစားမိဘူးလား "
ရှောင်ယုက မနာလိုသောလေသံဖြင့်ပြောလိုက်သည်။ သို့သော်လည်း သူ့စိတ်ထဲတွင်အမြဲသတိရှိနေခဲ့သည်။ အဖွဲ့၃ဖွဲ့ကြားပူးပေါင်းဆောင်ရွက်မှုသည် ယာယီသဘောမျိုးသာဖြစ်သည်။ သူတို့ပူးပေါင်းရခြင်းမှာ အကျိုးအမြတ်ကြောင့်ဖြစ်သည်။ အကျိုးစီးပွားနှင့်အကျိုးအမြတ်တို့နှင့် နှိုင်းယှည်လာမည်ဆိုပါက အခြားနှစ်ဖွဲ့သည် သူ့ကိုသတ်ဖြတ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
ရှောင်ယု၏စွမ်းအားနှင့် စွမ်းဆောင်မှုတို့သည် အလွန်ထူးချွန်သောကြောင့် သူ၏ကြီးထွားလာမှုသည် နှစ်ဖက်လုံးအတွက် အလွန်အန္တာရယ်ဖြစ်စေခဲ့သည်။ ထို့ပြင် ရှောင်ယုကိုထောက်ပံ့ပေးထားသော မိသားစုကြီးသို့မဟုတ် စွမ်းအားကြီးအင်အားစုများမရှိကြပေ။ ရှောင်ယုသာသတ်ဖြတ်ခံလိုက်ရပါက သူ့ကိုယ်စားမည်သူကမှလက်တုံ့ပြန်ပေးမှာမဟုတ်ပေ။ အမှန်တော့ ရှောင်ယုကိုခြင်္သေ့နယ်မြေကသာ ကျောထောက်နောက်ခံပေးနေခြင်းဖြစ်ပြီး ရှောင်ယုသေဆုံးခြင်းက ခြင်္သေ့နယ်မြေ၏အဆုံးသတ်ဟု အဓိပ္ပါယ်ရပေသည်။
လက်ရှိအခြေအနေသည် အလွန်ထိလွယ်ခိုက်လွယ်ပေသည်။ သို့သော်လည်း နီကိုးလပ်စ်နှင့်လီယိုနာဒိုသည် လုံးဝကွဲပြားပေသည်။ သူတို့သည် ရှေးဟောင်းမိသားစုဝင်များဖြစ်၍ ရှောင်ယုနှင့်လက်တွဲလိုက်ပါက အခြားမိသားစုတစ်ခုမှလက်စားချေမည်ဖြစ်သည်။ ရှေးဟောင်းအမွေအနှစ်ရှိသော မိသားစုတစ်ခုသည် ရန်သူအဖြစ်ရွေးချယ်သင့်သည့်အရာမဟုတ်ပေ။ ထို့ကြောင့် အဆုံးသတ်တွင် သူတို့နှစ်ယောက်လက်တွဲ၍ ရှောင်ယုအားသတ်ဖြတ်ခြင်းက ပို၍ဖြစ်နိုင်ပေသည်။
" ကောင်လေး ... မင်းကြောက်နေတာလား ... မင်းနဲ့သူတို့ရဲ့ဆက်ဆံရေးက သိပ်မကောင်းဘူးထင်တယ် ... ငါ့ရဲ့ထင်မြင်ချက်ကိုပြောပြီးတဲ့နောက်မှာ မင်းတစ်ယောက်တည်းကပဲပြောင်ပြောင်တင်းတင်းငြင်းဆန်သေးတယ် ... မင်းကိုကြည့်ရတာ စေ့စပ်ညှိနှိုင်းဖို့လုံးဝကို ဆန္ဒမရှိပုံဘဲ "
ဂေါ်လောခ့်ခေါင်းဆောင်သည် ရှောင်ယုနှင့်အခြားနှစ်ယောက်ကြား ဆက်ဆံရေးကိုတွေ့မြင်နိုင်ပေသည်။ သူသည် အကြောင်းရင်းကိုမသိသေးသော်လည်း သူကသိပ်ပြီးဂရုမစိုက်ပေ။ ဂေါ်လောခ့်ခေါင်းဆောင်သည် အစွမ်းထက်ရုံသာမက အလွန်လည်းညဏ်ရည်ထက်မြက်ပေသည်။
ရှောင်ယုကပြုံးကာ ပြောလိုက်သည်။
" ငါကြောက်နေတယ်ဟုတ်လား ... တကယ်လို့သူတို့သာပူးပေါင်းပြီး ငါ့ကိုသတ်ဖြတ်ဖို့ကြိုးစားရင် အဲ့ဒါကသူရဲ့ကံမကောင်းမှုဘဲ ... အဲလိုဆိုရင်ငါတို့နဲ့မင်းအကြား စွမ်းအားကွာခြားချက်ပိုကြီးသွားပြီး မင်းကတော့အကျိုးကျေးဇူးတွေအများကြီးရလာလိမ့်မယ် ... ဒါပေမဲ့မင်းကတော့ အဖွဲ့၃ခုလုံးကိုရင်ဆိုင်ရမှာကို ကြောက်နေတယ်မလား .. .မင်းမှာယုံကြည်မှုမရှိဘူးမလား...ပြီးတော့ငါတို့ထဲကတစ်ဖွဲ့အရှင်းခံရပြီးရင် မင်းကကျန်နှစ်ဖွဲ့ကိုထပ်ပြီးတိုက်ခိုက်ဦးမှာမလား "
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ရှောင်ယု၏စကားကိုနားထောင်ပြီးနောက် ငြိမ်သက်သွားခဲ့သည်။ သူတို့သည် ရှောင်ယု၏တပ်များကိုရှင်းလင်းရန် ကြိုးစားမည်ဆိုပါက အသေအပျောက်များစွာဖြင့်ရင်ဆိုင်ရမည်ကို နားလည်ထားပေသည်။ ထိုအချိန်သို့ရောက်ပါက ၎င်းတို့သည်အလွန်အားနည်းသွားမည်ဖြစ်ကာ သားရဲများကပိုမိုအားကောင်းလာမည်ဖြစ်သည်။
ဂေါ်လောခ့်ခေါင်းဆောင်က သူတို့အားလုံးဝသွားခွင့်ပေးမည်မဟုတ်ပေ။
ဂေါ်လောခ့်ခေါင်းဆောင်သည် အခြေအနေကိုကြည့်၍သက်ပြင်းချလိုက်သည်။ သူသည် ဤအခွင့်အရေးအား အလဟာသဖြုန်းတီးမိပြီဖြစ်ကြောင်း သိလိုက်သည်။ သူသည် ဤအရာအားလုံးကိုနဂိုကတည်းက ကြိုတင်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ သူသည် တိုက်ပွဲမစတင်မှီတွင် လူသားများ၏ခွန်အားကိုလျော့ချရန် ကြံစည်ခဲ့သည်။ ထို့ပြင် လူသားတို့၏လောဘကြောင့် လူသားအချင်းချင်းသဘောထားကွဲလွဲမှုကို ပိုမိုပျံ့နှံ့လာစေရန် ကြိုးကိုင်အသုံးချနိုင်မယ့် နည်လမ်းတစ်ခုကိုပင် သူကြိုတင်ဖန်တီးထားခဲ့သည်။
နီကိုးလပ်စ်သည် ရှောင်ယုနှင့်လီယိုနာဒိုတို့အား လှည့်ကြည့်လိုက်ကာ အချက်ပြလိုက်သည်။ သူသည် တိုက်ခိုက်ရန်အတွက်ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
" တိုက်ကြ ... "
နီကိုးလပ်စ်ကအော်ဟစ်လိုက်သည်။ ရှောင်ယုနှင့်လီယိုနာဒိုတို့သည် သူတို့၏တပ်များကို တိုက်ပွဲစတင်စေရန်အတွက် အမိန့်ပေးခဲ့သည်။
လူသားများသည် သူတို့၏ရန်သူများထံသို့ တဟုန်ထိုးပြေးဝင်သွားခဲ့သည်။ ရှောင်ယုနှင့်လီယိုနာဒိုတို့၏ နှလုံးသားထဲရှိတုန်လှုပ်ခြောက်ခြားမှုအား ဖယ်ရှားနိုင်စေရန်အတွက် နီကိုးလပ်စ်က စတင်တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်။ ထို့ပြင် သူတို့သည်ရတနာများကိုရယူရန် တစ်လမ်းလုံးကြိုးစားတိုက်ခိုက်လာရ၍ လက်ဗလာဖြင့်ပြန်လာရန်မဖြစ်နိုင်ပေ။
ထို့ပြင် ဂေါ်လောခ့်ခေါင်းဆောင်သည် အလွန်အစွမ်းထက်လှပြီး ဂေါ်လောခ့်ခေါင်းဆောင်ကိုသတ်ဖြတ်လိုပါက သူတို့သည်အတိုင်းအတာတစ်ခုထိ ကြီးမားသောတန်ဖိုးတစ်ခုအား ပေးချေရမည်ဖြစ်သည်။ သို့သော်လည်း အဆုံးသတ်တွင်ကြီးမားသောဆုလာဒ်များအား ရရှိနိုင်သည့်အတွက်ကြောင့် သူတို့သုံးယောက်လုံးသည် ကြီးမားသောတန်ဖိုးကိုပေးချေလိုစိတ်ရှိကြသည်။
ထို့ပြင် ယခုအချိန်မှနောက်ဆုတ်လိုလျင်ပင် ဂေါ်လောခ့်ခေါင်းဆောင်က သူတို့အားလွှတ်ပေးမည်မဟုတ်ပေ။ ထို့ကြောင့် ဂေါ်လောခ့်ခေါင်းဆောင်က စတင်တိုက်ခိုက်လာမည်ကိုစောင့်နေမည်အစား သူတို့ဘက်မှစတင်တိုက်ခိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။
ဂေါ်လောခ့်ခေါင်းဆောင်သည် ဤကဲ့သို့ရလာဒ်မျိုးကို မမျှော်လင့်ထားပေ။ သူ၏စိတ်ထဲတွင် လူသားများသည်အလွန်ကြောက်ရွံ့ထိတ်လန့်နေပြီး အမြင်ကျည်းမြောင်းသည့်အတွက် သူ့ဘက်မှသာပထမဆုံးတိုက်ခိုက်ရမည်ဟု တွေးနေခဲ့သည်။
" အားဂီးး ...
ဂေါ်လောခ့်ခေါင်းဆောင်သည် ကျယ်လောင်စွာဟိန်းဟောက်၍ သူ၏လက်အောက်ငယ်သားများကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့သည်။ ဂေါ်လောခ့်အများစုသည် အဆိပ်သင့်ခံခဲ့ရသော်လည်း အစွမ်းထက်သောအကောင်များက အခြေအနေကောင်းနေသေးသည်။ ဤအစွမ်းထက်သောဂေါ်လောခ့်များသည် သာမန်ဂေါ်လောခ့်များထက် များစွာပိုမိုအားကောင်းပေသည်။ အများစုမှာ ပဥ္စမအဆင့်တွင်ရှိကြသည်။
တစ်ခဏအတွင်း၌ ထိုနေရာသည်စစ်မြေပြင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
အချိန်တိုလေးအတွင်း နှစ်ဖက်လုံးကထိပ်တိုက်တွေ့မိကြတော့သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် စတင်တိုက်ခိုက်ခြင်းမရှိသေးပေ။ သူသည် ရပ်မြဲအတိုင်းရပ်နေကာ တိုက်ပွဲအခြေအနေကိုစစ်ဆေးနေခဲ့သည်။
"အားဂီးး ... "
ဆဌမအဆင့်ဂေါ်လောခ့်၄ကောင်သည် ဟိန်းဟောက်ကာ လူသားများထံပြေးဝင်သွားခဲ့သည်။
" တိုက် ... "
“ သူတို့ကိုတိုက်ကြ .. "
၃ဖွဲ့လုံးက အမိန့်ထုတ်လိုက်သည်။ ဂရင်းနှင့်ခိုင်ရင်းတို့သည် ဧရာမဂေါ်လောခ့်၄ကောင်ထံသို့ အရင်ဆုံးပြေးဝင်သွားခဲ့သည်။ စစ်မြေပြင်၌ တိုက်ပွဲပိုမိုပြင်းထန်လေလေ သူတို့နှစ်ယောက်သည် ပိုမိုစိတ်လှုပ်ရှားလေလေဖြစ်သည်။
ဧရာမဂေါ်လောခ့်၄ကောင်ထဲမှ တစ်ကောင်သည် ခိုင်ရင်းအားသတ်ဖြတ်ရန်အတွက် သူ၏ကြီးမားသောခြေသည်းကိုအသုံးပြုရန် ကြိုးစားခဲ့သော်လည်း ခိုင်ရင်းကအန္တာရယ်များသောတိုက်ခိုက်မှုအား အချိန်မှီရှောင်တိမ်းခဲ့သည်။ သူသည်အလွန်သတ္တိရှိသော်လည်း ဤတိုက်ခိုက်မှုအားသူမခုခံနိုင်ကြောင်း နားလည်ထားသည်။
တစ်ချိန်တည်းမှာပင် သွေးနတ်သူငယ်ဘိုးဘေးရီလာသည် ဧရာမဂေါ်လောခ့်၄ကောင်ထဲမှ တစ်ကောင်အားစတင်တိုက်ခိုက်ခဲ့သည်။ ထိုအခိုက်အတန့်တွင် မှော်ဒြပ်စင်များသည်လေထဲ၌ရွေ့လျားသွားခဲ့ကာ ဧရာမမီးလုံးကြီးသည် လေထုကိုဖြတ်ကျော်၍ ဧရာမဂေါ်လောခ့်အားထိမှန်ခဲ့သည်။
ဧရာမဂေါ်လောခ့်၏ခန္ဓာကိုယ်ပေါ်သို့ မီးလုံးကြီးကျရောက်လာသည်နှင့် ကြီးမားသောမီးတောက်များက သူ၏ကိုယ်အားလောင်ကျွမ်းသွားခဲ့ပြီး ဧရာမဂေါ်လောခ့်သည်လည်း နာကျင်စွာအော်ဟစ်၍ နောက်ပြန်ဆုတ်သွားခဲ့သည်။
" အဲ့ဒါကအတုပဲ "
ဤဧရာမဂေါ်လောခ့်၄ကောင်သည် ဆဌမအဆင့်သားရဲများနှင့်ဆင်တူသော်လည်း အမှန်တကယ်တွင်မူ ပဥ္စမအဆင့်သာရှိသော သားရဲများသာဖြစ်ကြောင်း ရှောင်ယုကချက်ချင်းအတည်ပြုနိုင်ခဲ့သည်။
" သူတို့ကိုဆဌမအဆင့်သားရဲတွေလိုဖြစ်အောင် ပြုလုပ်နိုင်တဲ့နည်းလမ်းရှိနေပုံရတယ် "
ရှောင်ယုသည် ထိုအခြေအနေအားသတိပြုမိချိန်တွင် စိတ်သက်သာသွားခဲ့သည်။ သူသည်ဆဌမအဆင့်သားရဲ၅ကောင်နှင့် တစ်ချိန်တည်း၌ရင်ဆိုင်ရမည်မဟုတ်၍ ကြောက်ရွံ့ခြင်းမရှိတော့ပေ။
လီယိုနာဒိုသည် သူ၏တပ်များမှ အစွမ်းထက်သောမှော်ဆရာများကို ဆဌမအဆင့်ဂေါ်လောခ့်အတုများအား တိုက်ခိုက်ရန်ညွန်ကြားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဤတိုက်ပွဲသည်လွယ်ကူသောတိုက်ပွဲမဟုတ်ကြောင်း သိသာထင်ရှားနေသည်။ ထိုဧရာမဂေါ်လောခ့်၄ကောင်သည် ဆဌမအဆင့်သားရဲမဟုတ်သော်လည်း ၎င်းတို့၏အင်အားသည်ပျော့ညံ့ခြင်းမရှိပေ။