အခန်း (၃၇၃-၃၇၅)
Vol. 25 Ch. 373-375
အခန်း ၃၇၃ - ထူထဲသောအရေပြား
ဆဌမအဆင့် ဂေါ်လောခ့်ခေါင်းဆောင်သည် သူ့နေရာမှမရွေ့ဘဲ ထိုင်နေဆဲဖြစ်ကာ ဂေါ်လောခ့်များနှင့်လူသားများအကြားတိုက်ပွဲအား စောင့်ကြည့်နေခဲ့သည်။
ဂေါ်လောခ့်ခေါင်းဆောင် မတိုက်ခိုက်သေးသည့်အတွက်ကြောင့် ရှောင်ယုနှင့်နီကိုးလပ်စ်တို့ကလည်း အားကုန်မထုတ်ဝံ့သေးပေ။ ဂေါ်လောခ့်ခေါင်းဆောင်သည် တိုက်ပွဲ၌ပါဝင်လာသည့်အချိန်ထိ သူတို့၏တပ်အင်အားကိုထိန်းသိမ်းထားမည်ဖြစ်သည်။
သို့သော် ဂေါ်လောခ့်များသည် အလွန်အားကောင်းနေပြီး အချိန်တိုအတွင်း တိုက်ပွဲအပြီးမသတ်နိုင်သည့်အတွက် ရှောင်ယုသည် နဂါးလေးကိုတိုက်ခိုက်ရန် စေလွှတ်လိုက်တော့သည်။
ရှောင်ယုသည် ဆဌမအဆင့်ရှိသော စစ်ပွဲချော်ရည်ခွေးအား တိုက်ခိုက်ဖူးသည့် အတွေ့အကြုံရှိနေသည့်အတွက်ကြောင့် အခြားသောဂေါ်လောခ့်များကို ဖယ်ရှားပြီးချိန်မှသာ အဓိကရန်သူကိုတိုက်ခိုက်ရမည်ဖြစ်ကြောင်း သိရှိထားသည်။ ဤဂေါ်လောခ့်ခေါင်းဆောင်သည် သူတစ်ယောက်တည်းဖြင့်ပင် မဟာမိတ်တပ်အား ဖိအားဖြစ်စေနိုင်ပြီဖြစ်သည်။ ဤဂေါ်လောခ့်ခေါင်းဆောင်သည် စစ်ပွဲချော်ရည်ခွေးထက်ပင် ပိုမိုအားကောင်းနိုင်ပေသည်။
နဂါးလေးသည် အိပ်စက်အနားယူနေသော်လည်း သူ၏ခန္ဓာကိုယ်အား ဂေါ်လောခ့်များကလာရောက်ကိုက်ခဲ၍ လန့်နိုးလာခဲ့သည်။ နဂါးလေးသည် ဒေါသတကြီးဖြင့် သူ၏ခန္ဓာကိုယ်အားကြီးထွားစေလိုက်ကာ နံချပ်ကူအားဆွဲထုတ်လိုက်သည်။
နဂါးလေးသည် အနီးအနားရှိ ဂေါ်လာခ့်များအားလုံးကို နံချပ်ကူဖြင့်သတ်ဖြတ်ခဲ့သည်။ သူ၏နောက်ဆုံးတိုက်ခိုက်မှုက ဆဌမအဆင့်သို့ရောက်ရန်နီးစပ်နေသော ဧရာမဂေါ်လောခ့်တစ်ကောင်၏ဦးခေါင်းကို ထိမှန်ခဲ့သည်။
ဆဌမအဆင့်သို့ရောက်ရန်နီးကပ်နေသော ဧရာမဂေါ်လောခ့်တစ်ကောင်အား နီကိုးလပ်စ်ဘက်မှ သူရဲကောင်းများကဝိုင်းရံထားခဲ့သည်။ မှော်ဆရာများကလည်း အဝေးမှနေ၍အဆက်မပြတ်တိုက်ခိုက်နေသည်။ သို့သော်လည်း ထိုဂေါ်လောခ့်များသည် လိုက်လျောညီထွေစွာရှောင်တိမ်းရင်း တိုက်ခိုက်မှုများကိုခုခံခဲ့သည်။ ထိုဂေါ်လောခ့်သည် လူသားများ၏ကိုယ်ခံပညာကို နားလည်နေပုံရသည်။
နဂါးလေးသည် ဧရာမဂေါ်လောခ့်ကိုတိုက်ခိုက်ပြီးနောက် နောက်ဆုတ်၍ နေရာယူလိုက်သည်။ အရိုက်ခံလိုက်ရသော ဂေါ်လောခ့်သည် ဒေါသတကြီးဟိန်းဟောက်၍ နဂါးလေးထံပြေးဝင်လာခဲ့သည်။ ဂေါ်လောခ့်သည် သူ၏အရှိန်ကိုကန့်သတ်ချက်ကိုတွန်းပို့လိုက်ကာ နဂါးလေးဆီရောက်ရှိလာသည်။ နဂါးလေးသည် ဆဌမအဆင့်သို့နီးကပ်နေသည့် ဂေါ်လောခ့်၏ ရုတ်တရက်တိုက်ခိုက်ခံရမှုကြောင့် အငိုက်မိကာနောက်သို့လွှင့်ထွက်သွားခဲ့သည်။
" သေစမ်း ... "
နဂါးလေးက ဒေါသတကြီးကျိန်ဆဲလိုက်ပြီး နံချပ်ကူအားဝှေ့ယမ်းကာ ဂေါ်လောခ့်၏ဦးခေါင်းကို ထပ်မံရိုက်ခတ်ခဲ့သည်။ နဂါးလေးသည် ရန်သူ၏အရှိန်ကိုလျော့ချရန်အတွက် လှည့်ကွက်မျိုးစုံကိုအသုံးပြုရမည်ဖြစ်ကြောင်း ရှောင်ယုထံမှသင်ယူခဲ့သည်။ ရန်သူအားရိုက်နှက်ရန် အကောင်းဆုံးသောအစိတ်အပိုင်းများမှာ ဦးခေါင်း ၊ ရင်ဘတ် ၊ ခန္ဓာကိုယ်အောက်ပိုင်းနှင့် အခြားအရေးကြီးသည့်နေရာများဖြစ်ကြသည်။ သူရင်ဆိုင်နေရသောရန်သူသည် ကြီးမားသောအရွယ်အစားရှိ၍ ဦးခေါင်းသည်တိုက်ခိုက်ရန် အကောင်းဆုံးအစိတ်အပိုင်းဖြစ်သည်။
တိန်း ...
သတ္တုနှင့်အရိုးများ တိုက်မိသံက ကျယ်လောင်စွာပဲ့တင်ထပ်လာခဲ့သည်။ ရှောင်ယုသည် နဂါးလေး၏လုံခြုံရေးအတွက် အနည်းငယ်စိုးရိမ်နေခဲ့သည်။ ပုံမှန်အားဖြင့်ဆိုလျှင် အရိုးကျိုးသောအသံက ပဲ့တင်ထပ်လာမည်ဖြစ်သော်လည်း ယခုအခြေအနေတွင်မူ ဂေါ်လောခ့်ကနာကျင်စွာအော်ဟစ်လိုက်သည်။
" မင်းအမေ ... သူ့အရိုးတွေကဘာတွေနဲ့လုပ်ထားတာလဲ "
ရှောင်ယုက မကျိန်ဆဲဘဲမနေနိုင်ခဲ့ပေ။ သူသည် နံချပ်ကူ၏စွမ်းအားကိုမည်သူထက်မဆို ပိုမိုရှင်းလင်းစွာသိထားပေသည်။
နဂါးလေးသည် နံချပ်ကူကိုအားကုန်ဝှေ့ယမ်းလျှင် တောင်ကုန်းငယ်တစ်ခုကိုပင် ပြိုကျသွားစေနိုင်သည်။ ဤဂေါ်လောခ့်၏ခေါင်းသည် မည်မျှထိမာကျောနေသနည်း။
ဧရာမဂေါ်လောခ့်သည် နံချပ်ကူ၏တိုက်ခိုက်မှုကြောင့် နာကျင်စွာညည်းညူလိုက်သည်။ သို့သော်လည်း နဂါး၏ရင်ဘတ်ကိုထိုးဖောက်ရန်အတွက် ၎င်း၏ကြီးမားသောလက်သည်းကို ရှေ့သို့ထိုးချလိုက်သည် ၊ နဂါးသည် ဂေါ်လောခ့်၏လက်သည်းများအား နံချပ်ကူဖြင့် လျင်မြန်စွာရိုက်ချ၍ ခုခံလိုက်သည်။ ဤနည်းဖြင့် နဂါးလေးသည်ဂေါ်လောခ့်၏တိုက်ခိုက်မှုကို အလွယ်တကူရှောင်တိမ်းနိုင်ခဲ့သည်။
နဂါးလေးသည် ထိုအခြေအနေကြောင့် ပို၍ပင်ဒေါသထွက်သွားခဲ့သည်။
ဒါကဟာသတစ်ခုပဲမလား...
သူသည်နဂါးတစ်ကောင်အနေဖြင့် သူ၏ကိုယ်ပိုင်ခွန်အားကိုသာ အားကိုးခဲ့သည်။ သူသည်နဂါးမျိုးနွယ်မှ မြင့်မြတ်သောဖြစ်တည်မှုတစ်ခုဖြစ်သည်။ သူသည် ဤသို့အရိုင်းအစိုင်းသားရဲတစ်ကောင်အား တိုက်ခိုက်နေချိန်တွင် အရေးမသာဖြစ်နေသည်လား...
ဒါကတကယ်ရှက်စရာပဲ...
နဂါးလေးသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ကာ သူ၏အရှိန်နှုန်းသည်လည်း ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ နံချပ်ကူသည် လေထုဖိအားကိုပင်ဖြိုခွဲနိုင်သော အရှိန်နှုန်းဖြင့် ဂေါ်လောခ့်၏ဦးခေါင်းပေါ်သို့ တဖန်ကျရောက်လာခဲ့သည်။
ဘန်း...
နဂါးလေးသည် လုံးဝရပ်တန့်ခြင်းမရှိဘဲ နောက်ထပ်တိုက်ခိုက်မှုများအား ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ သူသည် ဧရာမဂေါ်လောခ့်အားပြားကပ်နေအောင် ထုရိုက်လိုခဲ့သည်။
ဧရာမဂေါ်လောခ့်၏အရေပြားသည် အလွန်ပင်ထူထဲပေသည်။ ၎င်းသည် ဆဌမအဆင့်သို့ရောက်ရှိနေခြင်းမရှိသော်လည်း ၎င်း၏ခန္ဓာကိုယ်သည် ဆဌမအဆင့်သားရဲတစ်ကောင်ကဲ့သို့ သန်မာပေသည်။ နဂါးလေး၏တိုက်ခိုက်မှုသည် နာကျင်မှုကိုခံစားရစေသော်လည်း သူ့အားသတ်ဖြတ်ရန်မလုံလောက်ပေ။
ထိုဧရာမဂေါ်လောခ့်သည် လီယိုနာဒိုဘက်မှ မှော်ဆရာများဆီသို့ စတင်ခြေဦးလှည့်လာခဲ့သည်။ လောလောဆယ်တွင် သူ့အားမှော်ဆရာများမှ မှော်မန္တန်များဖြင့်အဆက်မပြတ်တိုက်ခိုက်နေသောကြောင့် သူ၏တိုက်ခိုက်ရေးလမ်းကြောင်းအပေါ် ကန့်သတ်ချက်များစွာရှိခဲ့သည်။ ဧရာမဂေါ်လောခ့်သည် သူ၏တစ်သက်တာတွင်ယခုလို ဝိုင်းဝန်းတိုက်ခိုက်မှုအားတစ်ကြိမ်မှ မကြုံတွေ့ခဲ့ရပေ။
မည်သို့ပင်ဆိုစေ သူ၏ခန္ဓာကိုယ်၌ ပြင်းထန်သောဒဏ်ရာဒဏ်ချက်များကို မတွေ့ရပေ။ သို့သော် သူသည် တန်ပြန်တိုက်ခိုက်ရန်ပင်နည်းလမ်းရှာမတွေ့ပေ။ မှော်ဆရာများ၏တိုက်ခိုက်မဧျစွမ်းအားသည် အလွန်ပင်အားကောင်းလှပြီး ၎င်းတို့၏တိုက်ခိုက်မှုများက သူ့အပေါ်ဆက်တိုက်ကျရောက်လာခဲ့သည်။ ထို့ပြင် သူသာတိုက်ခိုက်ရန်အခွင့်အရေးရလာလျှင်ပင် ရန်သူဘက်မှသူရဲကောင်းများက သူ့အားရပ်တန့်ရန်ကြိုးစားကြမည်ဖြစ်သည်။
သို့သော် ယခုအတိုင်းသာဆက်ဖြစ်နေပါကလည်း သူသေဆုံးသွားမည်ကို နားလည်ထားပေသည်။
အဆုံးသတ်တွင် ဧရာမဂေါ်လောခ့်သည် ဆက်လက်တောင့်ခံနိုက်စွမ်းမရှိတော့ပေ။ သူသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး ငုတ်တုတ်ထိုင်ချလိုက်ကာ လေးမှပစ်လွှတ်လိုက်သည့်မြှားတစ်စင်းကဲ့သို့ တဟုန်ထိုးပြေးထွက်သွားခဲ့သည်။ ဧရာမဂေါ်လောခ့်သည် ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြောင့် တင့်ကားတစ်စီးနှင့်အလားသဏ္ဍာန်တူနေခဲ့သည်။
" ဖွဲ့စည်းပုံကိုဆက်လက်လုပ်ဆောင်လိုက် ... "
လီယိုနာဒိုကအော်ဟစ်လိုက်သည်။ သာမန်မှော်ဆရာများနှင့် သူရဲကောင်းများသည် မူးမေ့လဲခြင်း နောက်ပြန်ဆုတ်ခြင်းတို့ရှိနိုင်သော်လည်း ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူသည်လုံးဝနောက်ပြန်မဆုတ်နိုင်ပေ။
မှော်ဆရာများသည် ကောင်းစွာလေ့ကျင့်ထားသည့်အတွက်ကြောင့် သူတို့၏စိတ်ဝိညာဉ်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ သူတို့၏အခြေအနေကို ချက်ချင်းပြန်လည်တည်ငြိမ်စေခဲ့သည်။ သူတို့သည် သတိဝင်လာလာချင်း ဧရာမဂေါ်လောခ့်ကိုအရှိန်လျော့စေရန် တိုက်ခိုက်ခဲ့ကြသော်လည်း အသုံးမဝင်ခဲ့ပေ။
" လူအိုကြီးတာအို တိုက်တော့ "
လီယိုနာဒိုကအော်ဟစ်လိုက်သည်။ သူသည် ဧရာမဂေါ်လောခ့်အား တစ်နည်းနည်းဖြင့်ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း သူနားလည်ခဲ့သည်။ ထိုသို့မဟုတ်ပါက သူတို့သည်အကျအရှုံးများစွာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
လူအိုကြီးတာအိုဆိုသည်မှာ ရှောင်ယုတို့နှင့်ရင်ဆိုင်ခဲ့ဖူးသော ဓားနှစ်လက်ကိုင်ဆောင်ထားသည့် ကျွမ်းကျင်သူဖြစ်သည်။ ထိုအချိန်ကသူသည် ဂရင်းနှင့်ယှည်ပြိုင်တိုက်ခိုက်ခဲ့သော်လည်း ယခုအခါသူ၏ခွန်အားအလုံးစုံကို ပြသခဲ့ပြီဖြစ်သည်။
သူသည် လီယိုနာဒို၏အမိန့်ကြောင့် ချက်ချင်းပြေးထွက်လာခဲ့ကာ လေဆင်နှာမောင်းကဲ့သို့ ဧရာမဂေါ်လောခ့်ကိုတိုက်ခိုက်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် လှပသောအကွေ့အကောက်တစ်ခုအား ပုံဖော်လိုက်ကာ တိုးဝင်လာသောဂေါ်လောခ့်ကိုရှောင်တိမ်း၍ ညာဘက်ခြမ်းမှတိုက်ခိုက်လိုက်သည်။
ဧရာမဂေါ်လောခ့်သည် ထိုလူသားကိုစိတ်မဝင်စားပေ။သူသည် ရှေ့သို့တဟုန်ထိုးပြေးဝင်ရန် သူ၏မူလအရှိန်နှုန်းအား ထိန်းသိမ်းထားခဲ့သော်လည်း တစ်စုံတစ်ခုမှားယွင်းနေကြောင်းတွေ့ရှိခဲ့သည်။ သူ၏ညာဘက်ခြမ်းသည် သူ၏အမိန့်ကိုမနာခံတော့ပေ။ ဂေါ်လောခ့်သည် အောက်သို့ငုံ့ကြည့်လိုက်ရာ သူ၏ညာဘက်လက်အပေါ်ခြမ်းတွင် အရိုးကိုပင်တွေ့မြင်ရသည်ထိ နက်ရှိင်းသောဒဏ်ရာအရှည်ကြီးတစ်ခုအား တွေ့လိုက်ရသည်။
" ကြောက်စရာကောင်းလိုက်တဲ့ ကျွမ်းကျင်သူပဲ "
ရှောင်ယုသည်ပင် တိတ်တဆိတ်ချီးကျူးမိလိုက်သည်။ ထိုလူအိုကြီးသည် ဧရာမဂေါ်လောခ့်၏ရှေ့ဘက်သို့တိုးဝင်ကာ ညာခြမ်းတစ်ခုလုံးအား ဖြတ်တောက်နိုင်ခဲ့သည်။
ဧရာမဂေါ်လောခ့်သည် နောက်ထပ်ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက်မြေပေါ်သို့လဲကျသွားခဲ့သည်။
ဂေါ်လောခ့်သည် မှော်ဆရာများ၏တိုက်ခိုက်ခြင်းကို အချိန်အတော်ကြာအောင် ခံထားရပြီးဖြစ်သည်။ သို့သော်လည်း လူအိုကြီးတာအိုသည် ဂေါ်လောခ့်၏ကိုယ်အင်္ဂါအစိတ်အပိုင်းအား တိကျသောတိုက်ခိုက်မှုကိုပြုလုပ်ခဲ့ကာ သူ၏တိုက်ခိုက်မှုကိုအောင်မြင်စေခဲ့သည်။ လူတိုင်းသည် ထိုသို့သောတိုက်ခိုက်မှုကိုစွမ်းဆောင်နိုင်မည်မဟုတ်ပေ။
ဂေါ်လောခ့်ရပ်တန့်သွားသည်ကိုမြင်သောအခါ မှော်ဆရာများသည် အခွင့်အရေးအားချက်ချင်းဖမ်းဆုပ်၍ စတင်တိုက်ခိုက်လိုက်ကြသည်။
သာမန်အားဖြင့် မှော်ဆရာများ၏ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် မည်သူမဆိုသေဆုံးသွားနိုင်သော်လည်း ဧရာမဂေါ်လောခ့်က ခံနိုင်ရည်ရှိခဲ့သည်။
" အားဂီးး ... "
ထိုအချိန်တွင် ဧရာမဂေါ်လောခ့်သည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ရာ သူ၏ပါးစပ်မှနေ၍ အလင်းတန်းများပျံထွက်လာပြီး ဒဏ်ရာရနေသောခြေဖမိုးထံသို့ စီးဆင်းလာခဲ့သည်။ ထို့နောက် ဒဏ်ရာများသည် သာမန်မျက်စိဖြင့်မြင်နိုင်သောအရှိန်နှုန်းဖြင့် သက်သာလာခဲ့သည်။
" သေစမ်း ... အဲ့ဒါကဘယ်လိုအကောင်မျိုးလဲ "
ရှောင်ယုက အော်ဟစ်လိုက်သည်။ သူသည် မသေမျိုးများနှင့်ကြုံတွေ့နေရသလိုမျိုး ခံစားလာရသည်။
" မကောင်းတော့ဘူး ... တိုက်ခိုက်မှုတွေကိုဆက်လုပ်ကြ "
လီယိုနာဒိုက အော်ဟစ်လိုက်သည်။ ဧရာမဂေါ်လောခ့်၏စွမ်းအားသည် သူတို့၏မျှော်မှန်းချက်ကို ကျော်လွန်သွားခဲ့သည်။
လူအိုကြီးတာအိုသည် ဧရာမဂေါ်လောခ့်ကို တိုက်ခိုက်ရန်အတွက် နောက်တစ်ကြိမ်လှုပ်ရှားလာခဲ့သည်။ သို့သော် ယခုတစ်ကြိမ်၌သူသည် ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။
ဘန်း...
ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာပြီးနောက် ရုပ်ပုံနှစ်ခုလွှင့်ထွက်လာခဲ့သည်။
ယခုတစ်ကြိမ်တွင် ဧရာမဂေါ်လောခ့်သည် လူအိုကြီးတာအို၏တိုက်ခိုက်မှုဒဏ်ကို ခုခံနိုင်စွမ်းရှိခဲ့သော်လည်း လူအိုကြီးတာအိုကမူ သွေးများဆက်တိုက်အန်ထုတ်လိုက်ရသည်။
" ဒိုင်းနံရံဖွဲ့စည်းမှု ... ဒိုင်းနံရံကိုမြန်မြန်ဖွဲ့စည်းကြ ... မှော်ဆရာတွေနောက်ဆုတ်ပြီးတော့ လူခွဲကြ "
လီယိုနာဒိုသည် အခြေအနေမကောင်းကြောင်းသတိထားမိလိုက်၍ ချက်ချင်းအော်ဟစ်အမိန့်ပေးလိုက်သည်။
အခန်း ၃၇၄ - အနီးကပ်တိုက်ခိုက်ခြင်း
လီယိုနာဒိုသည် အမိန့်ထုတ်လိုက်သည်နှင့် ဒိုင်းကိုအသုံးပြုသောသူရဲကောင်းများသည် ဒိုင်းနံရံကိုဖွဲ့စည်းရန် ပြေးထွက်လာကြသည်။..
ဒိုင်းတစ်ခုစီကြားမှကွာဟချက်သည် အလွန်သေးငယ်လှသည့်အတွက်ကြောင့် လူသားတို့၏လက်ချောင်းသည်ပင် တိုးမဝင်နိုင်ပေ။ ဒိုင်းနံရံဖွဲ့စည်းပုံတွင် ရှေ့ဆုံးတန်းနှင့်နောက်တန်းရှိစစ်သည်များအကြားတွင် လှုပ်ရှားရလွယ်ကူစေရန်အတွက် လမ်းကြောင်းသေးသေးလေးတစ်ခုသာ ချန်ထားခဲ့သည်။ ဤနည်းအားဖြင့် ရန်သူ၏တိုက်ခိုက်လာမှုစွမ်းအားကို ဒိုင်းနံရံဆီသို့ပျံ့နှံ့သွားစေမှာဖြစ်ပြီး အနည်းဆုံးပမာဏအထိလျော့ကျစေမှာဖြစ်သည်။
ရှောင်ယုသည် ဒိုင်းနံရံဖွဲ့စည်းပုံကိုကြည့်ရင်း ခေါင်းညိတ်လိုက်မိသည်။ ဤကာကွယ်ရေးပုံစံသည် သူ၏ခြေလျင်တပ်သားများ အသုံးပြုသည့်ဖွဲ့စည်းမှုထက် များစွာပိုမိုအားကောင်းပေသည်။သို့သော်လည်း ထိုသို့ဖြစ်ရခြင်း၏အဓိကအကြောင်းရင်းမှာ လီယိုနာဒိုသည် ဒိုင်းနံရံဖွဲ့စည်းပုံကိုတည်ထောင်ရန်အတွက် အဆင်မြင့်ကျွမ်းကျင်စစ်သည်များကို အသုံးပြုနေခြင်းဖြစ်သည်။
" ခြေလျင်တပ်သားတွေရဲ့ ချပ်ဝတ်တန်ဆာနှင့်ဒိုင်းတွေကို အဆင့်၃ထိတိုးမြင့်လိုက်မည်ဆိုရင် သူတို့ရဲ့ခံစစ်အင်အားကိုလည်း အဆင့်မြင့်ပေးနိုင်လိမ့်မယ် "
ရှောင်ယုကညည်းညူလိုက်သည်။
ထို့ပြင် လီယိုနာဒို၏အဖွဲ့မှ မှော်ဆရာများနှင့်သူရဲကောင်းများအကြား ပူးပေါင်းဆောင်ရွက်မှုသည် အလွန်ပင်ကောင်းမွန်နေခဲ့သည်။ သူတို့သည် ယခုလိုအခြေအနေမျိူးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားကြောင်း သိသာပေသည်။
ထိုအချိန်တွင် ဧရာမဂေါ်လောခ့်သည် ပြေးဝင်လာပြီး ဒိုင်းနံရံအားဖြိုခွဲရန်အတွက် သူ၏ခန္ဓာကိုယ်အားအသုံးပြုခဲ့သည်။ သို့သော်လည်း ဒိုင်းနံရံသည် ထိုဂေါ်လောခ့်၏တိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့သည်။
ဘန်း....
ဧရာမဂေါ်လောခ့်သည် ဖွဲ့စည်းပုံ၏အရှေ့သို့ ဗုံးဆံတစ်ခုလိုကျရောက်သွားခဲ့သည်။ သို့သော်လည်း သူသည်ခြေတစ်လှမ်းလှမ်းပြီးနောက် ရပ်တန့်ထားလိုက်ပြီး သူ၏အကြည့်များသည်တောက်ပလာခဲ့သည်။ ဂေါ်လောခ့်သည် လူသားများအားပျော့ညံ့သူဟု သတ်မှတ်ထားသည့်အတွက်ကြောင့် အမြဲရှုတ်ချခဲ့သည်။ သို့သော်လည်း ထိုအားနည်းသောအကောင်များသည် သူ့အားတားဆီးနိုင်မည်ဟု မထင်ထားခဲ့ပေ။
ဒိုင်းနံရံ၏ရှေ့ဆုံးတွင်ရှိ၍ ဧရာမဂေါ်လောခ့်၏ တိုက်ခိုက်မှုနှင့်တိုက်ရိုက်ထိတွေ့ရသည့် စစ်သည်အနည်းငယ်သည် ပွဲချင်းပြီးသေဆုံးသွားခဲ့ရသည်။ သို့သော်လည်း အနောက်ဘက်မှစစ်သည်များသည် ဒိုင်းများကိုချက်ချင်းကောက်ယူကာ ဒိုင်းနံရံ၏လစ်လပ်သွားသည့်နေရာများကို ချက်ချင်းဖြည့်တင်းခဲ့သည်။ ဧရာမဂေါ်လောခ့်၏ တိုက်ခိုက်မှုမှထွက်ပေါ်လာသည့် ပြင်းထန်သောသက်ရောက်မှုကို သာမန်စစ်သည်များကမခုခံနိုင်ကြောင်း မှတ်သားထားရမည်ဖြစ်သည်။ ထိုသို့ဟန့်တားခံရမှုကြောင့် ဧရာမဂေါ်လောခ့်သည် အလွန်ဒေါသထွက်လာပြီး အရာအားလုံးကိုနင်းခြေရန်အတွက် သူ၏ကြီးမားသောခြေထောက်များကို အသုံးပြုလာခဲ့သည်။
" အားလုံး ... စပြီးတော့တိုက်ခိုက်ကြတော့ "
လီယိုနာဒိုသည် ဒိုင်းကိုင်စစ်သည်များ သေဆုံးသွားသည်ကိုလုံးဝဂရုမစိုက်ပေ။ မှော်ဆရာများနှင့်ယှည်လျင် သူရဲကောင်းများနှင့်ဒိုင်းကိုင်စစ်သည်များသည် လီယိုနာဒိုအတွက်အရေးမပါပေ။ ဤတိုက်ကြီးတွင် သူရဲကောင်းလမ်းစဉ်သည် အထွန်းပေါက်ဆုံးဖြစ်ရာ စွမ်းအားကြီးသောသူရဲကောင်းများအား ပြန်လည်စုစည်းရန်မခက်ခဲပေ။
မတူညီသောဒြပ်စင်များကို ကိုယ်စားပြုသည့်ရောင်စုံမှော်တိုက်ခိုက်မှုများက ဧရာမဂေါ်လောခ့်ထံသို့ကျရောက်လာခဲ့သည်။ ဧရာမဂေါ်လောခ့်များသည် နောက်သို့ဆုတ်ခွာလိုက်ရသည်။ ဧရာမဂေါ်လောခ့်သည် မှော်တိုက်ခိုက်မှုသာမက ဒိုင်းနံရံမှပစ်လွှတ်လာသည့် လှံရှည်များဖြင့်ပါတိုက်ခိုက်ခံရ၍ မည်သို့မှတောင့်ခံနိုင်စွမ်းမရှိခဲ့ပေ။
လူအိုကြီးတာအိုသည် မတ်တပ်ရပ်လိုက်ကာ ဧရာမဂေါ်လောခ့်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက်သူသည် ဓားရှည်ကြီးကိုဆွဲထုတ်ဝှေ့ယမ်းရင်း နောက်ထပ်တစ်ကြိမ်ပြေးထွက်လာခဲ့သည်။ လူအိုကြီးတာအို၏ တိုက်ခိုက်မှုများသည် လိုက်လျောညီထွေရှိပြီး ပြင်းထန်သည့်အတွက် ဧရာမဂေါ်လောခ့်သည် အကြိမ်ကြိမ်တိုက်ခိုက်ခံလိုက်ရသည်။ လူအိုကြီးတာအိုသည် ဒိုင်းကိုင်စစ်သည်များထက် များစွာပိုမိုအစွမ်းထက်ပေသည်။
ရှောင်ယုနှင့်လီယိုနာဒိုတို့သည် သူတို့၏ကိုယ်ပိုင်ရန်သူများဖြင့် ရုန်းကန်နေရချိန်တွင် နီကိုးလပ်စ်သည် အခြားသောဧရာမဂေါ်လောခ့်များနှင့် ရင်ဆိုင်နေရသည်။
ဂေါ်လောခ့်ခေါင်းဆောင်ကမူ သူ၏ကနဦးကိုယ်ဟန်အနေအထားကို ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး စစ်မြေပြင်အားစောင့်ကြည့်နေခဲ့သည်။ သူ့ရှေ့တွင်ဖြစ်ပွားနေသောတိုက်ပွဲသည် ဂေါ်လောခ့်ခေါင်းဆောင်နှင့် လုံးဝသက်ဆိုင်မှုမရှိသလိုပင်ဖြစ်သည်။
ရှောင်ယု ၊ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏တပ်များသည် ဧရာမဂေါ်လောခ့်၄ကောင်ကို တိုက်ခိုက်နေကြသည့်အတွက် အဖွဲ့ခေါင်းဆောင်၃ယောက်လုံးက ဂေါ်လောခ့်ခေါင်းဆောင်ကိုအမြဲစောင့်ကြည့်နေကြသည်။ ဂေါ်လောခ့်ခေါင်းဆောင်သာ ရုတ်တရက်စတင်လှုပ်ရှားလာပါက စစ်မြေပြင်၏အခြေအနေကိုပြောင်းလဲစေမည်ဖြစ်သောကြောင့် ထိုအပြောင်းအလဲများကို အချိန်မှီရင်ဆိုင်နိုင်စွမ်းမရှိမည်ကို သူတို့စိုးရိမ်နေကြသည်။
မဟာမိတ်တပ်များ၏ အဓိကတပ်များသည် ဧရာမဂေါ်လောခ့်၃ကောင်နှင့် ရင်ဆိုင်နေချိန်တွင် ကျန်စတုတ္ထမြောက်ဂေါ်လောခ့်ကို တပ်ဖွဲ့၃ခုမှပူးပေါင်းရင်ဆိုင်ကြသည်။ ရှောင်ယုသည် နဂါးလေးကိုပြန်ခေါ်လိုက်ပြီး ဂေါ်လောခ့်ခေါင်းဆောင်ကို စောင့်ကြည့်ရန်အမိန့်ပေးခဲ့သည်။ အဆုံးသတ်တွင် သူတို့မဟာမိတ်အတွက် အစွမ်းအထက်ဆုံးနှင့်အန္တာရယ်အရှိဆုံးသောရန်သူမှာ ဂေါ်လောခ့်ခေါင်းဆောင်ဖြစ်သည်။
ဤနေရာတွင် ဂေါ်လောခ့်ခေါင်းဆောင်၏တိုက်ခိုက်မှုအား နဂါးလေးမှတစ်ပါး အခြားမည်သူမှခံနိုင်ရည်မရှိကြောင်း ရှောင်ယုယုံကြည်ထားခဲ့သည်။
သူတို့၏အစီအစဉ်သည် အလွန်ရိုးရှင်းသော်လည်း လက်တွေ့ဘဝတွင် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် အလွန်ခက်ခဲပေသည်။ ဧရာမဂေါ်လောခ့်၏အရေပြားသည်ပင် အလွန်ထူထဲပြီး သူတို့သည်သေခြင်းကိုမသိသော မသေမျိုးများနှင့်ပင်ဆင်တူပေသည်။
ရှောင်ယုသည် လီအာနှင့်ကဲလ်သက်တို့အား တိုက်ပွဲဝင်ရန်အမိန့်ပေးခဲ့သည်။ ကဲလ်သက်သည် တာဝေးပစ်တိုက်ခိုက်မှုအား တာဝန်ယူရမည်ဖြစ်ကာ လီအာသည် ဂေါ်လောခ့်များအားစိတ်အနှောင့်အယှက်ဖြစ်စေရန်အတွက် အခါအားလျော်စွာခြုံခိုတိုက်ခိုက်ရန် သူမ၏လုပ်ကြံသူအစွမ်းအား အသုံးပြုရမည်ဖြစ်သည်။
ကဲလ်သက်၏အစွမ်းထက်သော မီးတောက်မှော်သည် သာမန်လူများတားဆီးနိုင်စွမ်းရှိသည့်အရာမဟုတ်ပေ။ ထူထဲပြီး ခိုင်ခံသောအရေပြားကိုပိုင်ဆိုင်ထားသည့် ဂေါ်လောခ့်များသည်ပင် အချိန်ကြာမြင့်ပါက လောင်ကျွမ်းသွားစေနိုင်သည်။
လီအာ၏လက်နက်များသည် အလွန်ကောင်းမွန်ပေသည်။ ဧရာမဂေါ်လောခ့်၏ ကြောက်မက်ဖွယ်ကုသနှုန်းဖြင့်ပင် သူမကြောင့်ရသည့်ဒဏ်ရာများကို အချိန်မှီမကုသနိုင်ပေ။ ဒဏ်ရာတစ်စိတ်တစ်ပိုင်းသက်သာလာခဲ့လျှင်တောင်မှ သွေးကဆက်တိုက်ထွက်နေမှာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လီအာသည်ဧရာမဂေါ်လောခ့်နှင့် အကြိမ်များစွာအနီးကပ်မတိုက်ခိုက်ဝံ့ပေ။ ဧရာမဂေါ်လောခ့်နှင့်ယှဉ်လျင် သူမ၏ခွန်အားသည် အလွန်အားနည်းနေပြီး သူမသာလုံလောက်စွာဂရုမစိုက်ပါက ပြင်းထန်စွာဒဏ်ရာရသွားမည်ဖြစ်သည်။ သို့သော် အတွေ့အကြုံရှိသောလုပ်ကြံသူတစ်ယောက်အနေဖြင့် ရှောင်ယုပေးအပ်ထားသည့်အစွမ်းထက်ကိရိယာများ၏ အကူအညီဖြင့်ဆိုလျှင် ဧရာမဂေါ်လောခ့်ကိုအလွယ်တကူနှောင့်ယှက်နိုင်ပေသည်။
လီယိုနာဒိုဘက်မှ အမျိုးသမီးလုပ်ကြံသူသည်ပင် စိတ်မထိန်းနိုင်ဘဲရေရွတ်မိလိုက်သည်။
" လီအာကဘယ်နေရာကနေပြီး ခုလိုအစွမ်းထက်တဲ့ကိရိယာတွေကိုရလာခဲ့တာလဲ ... အရင်ကဆိုရင် သူမကငါ့လောက်တောင်မသန်မာပေမဲ့ ခုချိန်မှာဆိုရင်အဲ့ဒီကိရိယာတွေရဲ့အကူအညီနဲ့ ငါ့ထက်အဆပေါင်းများစွာ ပိုမိုအားကောင်းနေခဲ့ပြီ "
နီကိုးလပ်စ်သည် ဧရာမဂေါ်လောခ့်ကိုတိုက်ခိုက်ရန်အတွက် အမြင့်ဆုံးပဥ္စမအဆင့်သူရဲကောင်းတစ်ယောက်ကို စေလွှတ်ခဲ့သည်။ ထိုသူရဲကောင်းသည် ဧရာမဂေါ်လောခ့်ကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိပြီး ခုခံနိုင်စွမ်းရှိပေသည်။ သူ၏ကြွက်သားများသည် သံများဖြင့်ပြုလုပ်ထားပုံရပြီး ကြွေးဝါချပ်ဝတ်ကိုလည်းဝတ်ဆင်ထားခဲ့သည်။ ထိုလူသည် ကြီးမားသည့်ဒိုင်းလွှားနှင့်ဓားကိုလည်း အသုံးပြုခဲ့သည်။ သူသည် ထိုဒိုင်းလွှားကိုအသုံးပြု၍ ဧရာမဂေါ်လောခ့်၏ခြေသည်းများမှ သူ၏အသက်ကိုကာကွယ်ကာ ဓားကိုအသုံးပြု၍တိုက်ခိုက်နေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ နီကိုးလပ်စ်သည် ထိုသူရဲကောင်းကိုထောက်ပံ့ရန် အခြားမည်သူ့ကိုမှမစေလွှတ်ခဲ့ပေ။ သူသည် သူ့လက်ထဲရှိကတ်များအားလုံးကို ထုတ်မသုံးလိုသေးပေ။
လီယိုနာဒိုသည် မှော်ဆရာများစွာကိုအသုံးပြုနေသော်လည်း တကယ်တမ်းတွင် အလယ်အဆင့်ပဥ္စမအဆင့်မှော်ဆရာနှင့်သူရဲကောင်းများကိုသာ တိုက်ပွဲဝင်ရန်စေလွှတ်ထားခဲ့ခြင်းဖြစ်သည်။ မှော်ဆရာသည် လွန်စွာအစွမ်းမထက်လှသော်လည်း သူ၏ထူးခြားသောအမျိုးအစားကြောင့် လူတိုင်း၏မျက်လုံး၌ထင်ပေါ်နေခဲ့သည်။ သူသည် တုံ့ဆိုင်းခြင်းနှင့်ချုပ်နှောင်ခြင်းကို အထူးပြုသည့်မှော်ဆရာဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သောကျွမ်းကျင်မှုဟုထင်ရသော်လည်း စစ်မြေပြင်၌ထိုကျွမ်းကျင်မှုများသည် အလွန်အရေးကြီးပေသည်။
ဧရာမဂေါ်လောခ့်သည် သူ၏မဟာမိတ်တပ်သားများအား အသက်အန္တာရယ်စိုးရိမ်ရသည့် အခြေအနေထိဖိအားပေးလာလျှင် ထိုမှော်ဆရာကစတင်လှုပ်ရှားမည်ဖြစ်သည်။ ထိုအချိန်တွင် ဧရာမဂေါ်လောခ့်သည် ခေတ္တတုံ့ဆိုင်းခြင်းသို့ မူးဝေခြင်းတို့ဖြစ်သွားမည်ဖြစ်သည်။ အလယ်အဆင့်ပဥ္စမအဆင့်သူရဲကောင်းကမူ ဓားမြှောင်ကိုအထူးပြုပြီး အလွန်အရေးကြီးသောအချိန်များ၌ ဧရာမဂေါ်လောခ့်ကို တိုက်ခိုက်မည်ဖြစ်သည်။
ဤနည်းအားဖြင့် တပ်ဖွဲ့၃ခုမှ မှော်ဆရာနှင့်သူရဲကောင်း၅ယောက်တို့သည် အခြားအားနည်းသည့်စစ်သည်များနှင့်အတူ ဧရာမဂေါ်လောခ့်ကိုရင်ဆိုင်နိုင်ခဲ့သည်။ ရှောင်ယုသည်လည်း ဂရစ်ဖင်များကိုအသုံးပြုရန် စီစဉ်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ လူသားများသည်စစ်မြေပြင်၌ အသာစီးရယူနိုင်ခြင်းမရှိခဲ့ပေ။ ဂေါ်လောခ့်အရေအတွက်သည် သူတို့အတွက်အလွန်များပြားပေသည်။ မဟာမိတ်တပ်များသည် လုံလောက်စွာအားကောင်းပြီး ကြီးမားသောတိုက်ပွဲများနှင့်ရင်းနှီးမှုရှိသောကြောင့် ကံကောင်းခဲ့ပေသည်။
" ငါတို့ဒီတိုင်းဆက်သွားနေမှာလား ... ဒါကပျော်စရာမကောင်းဘူးနော် ... ဒီကောင်ကြီးတွေရဲ့အရေပြားကဘယ်လောက်ထိထူနေတာလဲ "
ရှောင်ယုသည် အခြားနှစ်ယောက်ကိုကြည့်ရင်း အော်ဟစ်လိုက်သည်။ လက်ရှိအခြေအနေသည် ရှေ့မတိုးနိုင်နောက်မဆုတ်နိုင်ဖြစ်၍ အခြေအနေကိုပြောင်းလဲရန်အတွက် သူတို့၏ဝှက်ဖဲအချို့အား ထပ်မံထုတ်ဖော်ရမည်ဖြစ်သည်။
နီကိုးလပ်စ်ကခေါင်းညိတ်ပြလိုက်သလို လီယိုနာဒိုကလည်းအေးစက်သောလေသံဖြင့်ပြောလိုက်သည်။
" မင်းရဲ့တပ်တွေကို မင်းကိုယ်တိုင်ပြောလိုက် "
ရှောင်ယုသည် ဧရာမဂေါ်လောခ့်တစ်ကောင်အား အစောဆုံးသတ်ဖြတ်ရန်ဆုံးဖြတ်လိုက်ကာ ကဲလ်သက်အား အစွမ်းထက်သောမှော်မန္တန်အား ထုတ်ဖော်ခိုင်းလိုက်သည်။ ကံမကောင်းစွာဖြင့် ကဲလ်သက်သည် ဖီးနစ်ကိုဆင့်ခေါ်လိုက်စဉ်ကပင် ဧရာမဂေါ်လောခ့်ကသေဆုံးသွားခဲ့ရသည်။ ဖီးနစ်သည် လေပေါ်၌ဝိုင်းပတ်၍ ဧရာမဂေါ်လောခ့်အသေကောင်ကို မီးလောင်တိုက်သွင်းလိုက်သည်။ ထိုအခါ ဧရာမဂေါ်လောခ့်အသေကောင်ပေါ်၌ အနက်ရောင်အကွက်များထွက်ပေါ်လာခဲ့သည်။
ကဲလ်သက်သည် ပဥ္စမအဆင့်သို့တက်လှမ်းပြီးနောက် သူ၏မီးလုံးများသည် ကြောက်မက်ဖွယ်ကောင်းသောအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏သာမန်တိုက်ခိုက်မှုတိုင်းသည် ဧရာမဂေါ်လောခ့်ကို နောက်သို့ခြေလှမ်းများဆုတ်ခွာသွားစေနိုင်သည်။ ထို့နောက် ကဲလ်သက်နှင့်ဖီးနစ်တို့သည် အခြားဧရာမဂေါ်လောခ့်တစ်ကောင်ကို နာကျင်စေရန်ပူးပေါင်းလုပ်ဆောင်ခဲ့သည်။
သို့သော်လည်း ဧရာမဂေါ်လောခ့်အား အဆုံးမသတ်နိုင်သေးသည်ကိုမြင်သောအခါ ရှောင်ယုသည် ဂရစ်ဖင်များအား တိုက်ပွဲ၌ပါဝင်ရန်အမိန့်ပေးခဲ့သည်။ ဂရစ်ဖင်များသည် ရှောင်ယု ၊ အမိန့်ကို အသင့်စောင့်နေကြခြင်းဖြစ်သည်။ ယခုလည်း ရှောင်ယု၏အမိန့်ကိုရသည်နှင့် သူတို့သည်ဧရာမဂေါ်လောခ့်အား တိုက်ခိုက်ရန်လျှပ်စီးကြောင်းများကို ပစ်လွှတ်လိုက်ကြသည်။
ဂရစ်ဖင်တစ်ကောင်၏တိုက်ခိုက်မှုသည် ပြင်းထန်ခြင်းမရှိသော်လည်း သူတို့အားလုံးသည် ပစ်မှတ်တစ်ခုတည်းအားအာရုံစိုက်၍ တိုက်ခိုက်လိုက်ချိန်တွင် သူတို့၏စွမ်းအားသည်တောင်တစ်ခုကိုပင် ပေါက်ကွဲသွားစေနိုင်သည်။
ဧရာမဂေါ်လောခ့်သည် နာကျင်စွာအော်ဟစ်လိုက်၍ ရှောင်ယု၏မျက်နှာပေါ်၌ ကျေနပ်နေသောအပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။ ဤပုံစံအတိုင်းဆိုလျှင် ဧရာမဂေါ်လောခ့်ကိုသတ်ဖြတ်ရန် အချိန်များစွာမကြာသင့်ပေ။ အဆုံးသတ်တွင် သူ၏တပ်များကထုတ်ဖော်လိုက်သည့်စွမ်းအားသည် လွန်စွာပြင်းထန်ပေသည်။
အခန်း ၃၇၅ - ထူးဆန်းသောလူ
ရှောင်ယုသည် စစ်မြေပြင်၌ အစီအစဉ်တကျတိုက်ခိုက်နေသော တပ်ဖွဲ့များကိုကြည့်ရင်း သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
သူသည်ကျိုးကြောင်းဆီလျော်မှုရှိသော အစီအစဉ်တစ်ခုအားဖော်ဆောင်ရန် များစွာအားထုတ်ကြိုးပမ်းခဲ့ရသည်။ သူသည် တပ်ဖွဲ့ဝင်များ၏စွမ်းအားကို အနိမ့်ဆုံးသုံးစွဲ၍ ရန်သူအားကြီးကြီးမားမားထိခိုက်စေရန် ထိန်းချုပ်စီစဉ်ခဲ့သည်။
ဤစစ်မြေပြင်တွင် အရေးအကြီးဆုံးသောပြဿနာမှာ အဆက်မပြတ်ဖြစ်ပွားနေသည့် ပြင်းထန်သောတိုက်ပွဲများအတွင်း၌ တပ်ဖွဲ့များ၏ခွန်အားသုံးစွဲမှုအား ထိန်းချုပ်ထားရန်ဖြစ်သည်။
" အရမ်းနှေးလွန်းတယ် ... တိုင်ရန်ဒီ နဂါးမီးမြှားတွေကိုသုံးလိုက်တော့ "
ရှောင်ယုသည် ခဏလောက်စဉ်းစားပြီးနောက် အော်ဟစ်လိုက်သည်။ ဧရာမဂေါ်လောခ့်တစ်ကောင်အား ပိုမိုမြန်ဆန်စွာသတ်ဖြတ်နိုင်လေလေ အခြေအနေကိုထိန်းချုပ်နိုင်ရန် ပိုမိုလွယ်ကူလေလေဟု ရှောင်ယုယူဆထားသည်။ ထို့ပြင်ရှောင်ယုသည် သူ၏တပ်များကိုပင်ပန်းနွမ်းနယ်စေသည်အထိ များစွာဖိအားမပေးလိုပေ။
ထို့ပြင် သူ၏တပ်များကိုသာအသုံးပြု၍ ဧရာမဂေါ်လောခ့်ကိုသတ်ဖြတ်နိုင်လျှင်ပင် ဆုံးရှုံးမှုများသည် အမြတ်များထက်ပိုမိုများပြားနေမှာဖြစ်သည်။
တိုင်ရန်ဒီကခေါင်းညိတ်ပြလိုက်ပြီး နဂါးမီးမြှားကိုထုတ်ယူလိုက်သည်။ ထို့နောက် ဧရာမဂေါ်လောခ့်ကိုချိန်ရွယ်ရင်း သူမ၏အကြည့်များတောက်ပလာခဲ့သည်။
နဂါးမီးမြှားသည် လေးမှထွက်ခွာသွားသည်နှင့် တောက်ပသောအလင်းရောင်ထွက်ပေါ်လာခဲ့သည်။
ဧရာမဂေါ်လောခ့်သည် အန္တာရယ်အားခံစားရာ၌ အလွန်ပင်ထက်မြက်ပေသည်။ တိုင်ရန်ဒီသည် နဂါးမီးမြှားကိုပစ်လွှတ်လိုက်သည့်အခိုက်အတန့်တွင် ဧရာမဂေါ်လောခ့်သည် ကြီးမားသောအကျပ်အတည်းအားခံစားမိပေသည်။ ထို့ကြောင့် ဧရာမဂေါ်လောခ့်သည် တိုင်ရန်ဒီဘက်သို့လှည့်လိုက်ပြီး နဂါးမီးမြှားကိုဖမ်းယူရန် သူ၏ကြီးမားသောလက်သည်းများကို မြှောက်လိုက်သည်။
" ဟင်း ... ဒီကောင်က နဂါးမီးမြှားရဲ့အစွမ်းကိုမသိဘူးလား "
ရှောင်ယုကညည်းညူလိုက်သည်။
ဘန်း...
ကျယ်လောင်သောပေါက်ကွဲသံက စစ်မြေပြင်တလျှောက်ပဲ့တင်ထပ်လာခဲ့ပြီး စစ်မြေပြင်တစ်ခုလုံး၏အာရုံကိုဆွဲဆောင်သွားခဲ့သည်။
နောက်ခဏအကြာတွင် ဧရာမဂေါ်လောခ့်သည် နာကျင်စွာအော်မြည်လိုက်သည်။ သူသည် သူ၏ခန္ဓာကိုယ်အားတည်ငြိမ်အောင် မထိန်းနိုင်တော့ဘဲ အနောက်သို့ခြေလှမ်း၅လှမ်း၊၆လှမ်းဆုတ်ခွာပေးလိုက်ရသည်။
ထိုပေါက်ကွဲမှုအပြီးတွင် နဂါးမီးမြှားကိုဖမ်းရန် ကြိုးစားခဲ့သည့် ဧရာမဂေါ်လောခ့်၏ဘယ်ဘက်ခြေသည်းသည် ပျောက်ကွယ်သွားခဲ့သည်။ သူ၏မျက်နှာပေါ်၌လည်း ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။ သာမန်အခြေအနေအောက်တွင် ဆဌမအဆင့်သူရဲကောင်းသည် ဤတိုက်ခိုက်မှုအောက်၌ ရှင်သန်နိုင်မည်မဟုတ်သော်လည်း ဧရာမဂေါ်လောခ့်ကမူသေဆုံးသွားခြင်းမရှိပေ။
မည်သို့ပင်ဆိုစေကာမူ ဧရာမဂေါ်လောခ့်သည် သူ၏ခွန်အားတစ်ဝက်ခန့်ကိုဆုံးရှံးလိုက်ရကာ ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။ ထို့ပြင် ၎င်းထံ၌ထူးခြားသောပြန်လည်ရှင်သန်နိုင်စွမ်းရှိလျှင်ပင် အချိန်တိုအတွင်း ပြင်းထန်သောဒဏ်ရာများမှနေ၍ ပြန်လည်သက်သာကောင်းမွန်လာမည်မဟုတ်ပေ။
ထို့နောက်တိုင်ရန်ဒီသည် နဂါးမီးမြှားများကိုထပ်မသုံးတော့ဘဲ အရိပ်မြှားများကိုအစားသုံးကာ ဧရာမဂေါ်လောခ့်၏ မျက်နှာ၊မျက်လုံး၊ပါးစပ်၊နားနှင့်အခြားထိခိုက်လွယ်သောနေရာများကို ဦးတည်၍ပစ်ခတ်ခဲ့သည်။
အရိပ်မြှားများသည် သေးသွယ်ပြီးထွင်းဖောက်နိုင်စွမ်း အားကောင်းပေသည်။ ယခုအခါတွင် တိုင်ရန်ဒီသည် ဧရာမဂေါ်လောခ့်၏ခန္ဓာကိုယ်အား ထိုးဖောက်နိုင်ရန်အတွက် လုံလောက်သောစွမ်းအားကိုပိုင်ဆိုင်ရန် သူမ၏ကိုယ်ပိုင်စွမ်းအားကို အသုံးပြုနေခဲ့သည်။ ထို့ကြောင့် တစ်ခဏအတွင်း ဧရာမဂေါ်လောခ့်၏မျက်နှာသည် ဖြူကောင်အဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
ဧရာမဂေါ်လောခ့်သည် ရူးသွပ်လုနီးပါးဒေါသပေါက်ကွဲသွားခဲ့သည်၊၎င်းသည် သူ၏မျက်နှာပေါ်၌စိုက်နေသောမြှားတံအားလုံးကို ရိုက်ချိုးလိုက်ကာ သူ့အားထိခိုက်နာကျင်စေသောတိုင်ရန်ဒီအားသတ်ဖြတ်ရန် အလျင်စလိုပြေးဝင်သွားခဲ့သည်။
သူသည် ရူးသွပ်လုနီးပါးဒေါသထွက်နေ၍ သူ၏လက်ရှိအခြေအနေကိုမေ့လျောနေခဲ့သည်။ သူသည် တိုင်ရန်ဒီ၏တိုက်ခိုက်ခြင်းကိုသာခံနေရခြင်းမဟုတ်ဘဲ ရှောင်ယု၏စွမ်းအားကိုရင်ဆိုင်နေရခြင်းဖြစ်သည်။
ဧရာမဂေါ်လောခ့်သည် ဒေါသကြောင့်သူ၏ခွန်အားကို အနည်းငယ်ပြန်လည်ရရှိခဲ့သည်။
သို့သော်လည်း ကဲလ်သက်နှင့်ဖီးနစ်တို့သည် ထိုဧရာမဂေါ်လောခ့်အား စတင်အာရုံစိုက်နေပြီဖြစ်သည်။ ဖီးနစ်သည် ဧရာမဂေါ်လောခ့်အားတိုက်ခိုက်ရန်အတွက် ပြင်းထန်သောမီးတောက်များအားမှုတ်ထုတ်ခဲ့သည်။
မူလက နဂါးမီးတောက်မြှား၏စွမ်းအားကြောင့် ၎င်း၏မေးရိုးသည်ပျက်စီးနေခဲ့ပြီဖြစ်သည်။ ယခုအခါဖီးနစ်က သူ၏မျက်နှာကိုဦးတည်တိုက်ခိုက်နေခဲ့သည်။ ဧရာမဂေါ်လောခ့်သည် တိုက်ခိုက်ခံရပြီးနောက် သူ၏ခန္ဓာကိုယ်သည် နောက်သို့တိမ်းဆုတ်သွားခဲ့ကာ မူးဝေလာခဲ့သည်။
" မင်းအမေ ... ငါ့တစ်သက်မှာဒီလောက်ခံနိုင်ရည်အားကောင်းတဲ့သားရဲကိုမတွေ့ဖူးဘူး ... ဒီကောင်ကြီးကိုသတ်ဖြတ်ဖို့ခွန်အားနည်းနည်းထပ်ထည့်ရမယ် "
ရှောင်ယုကညည်းညူလိုက်သည်။ ယခုလိုအရေးကြီးသည့်အခိုက်အတန့်တွင် သူသည်အခွင့်အရေးအား မဆုံးရှုံးလိုပေ။ ဧရာမဂေါ်လောခ့်သည် အရာအားလုံးကိုနှောင့်နှေးစေခဲ့မည်ဆိုလျှင် မည်သူကမှ အာမမခံရဲပေ။ ဧရာမဂေါ်လောခ့်၏ခုခံကာကွယ်မှုသည် အလွန်ပင်မြင့်မားလှပြီး သူ၏ပြန်လည်ကုသနိုင်စွမ်းကလည်း အကန့်အသတ်ကိုကျော်လွန်နေခဲ့သည်။
တိုက်ပွဲ၌ပါဝင်သူတိုင်းသည် သူတို့၏အစွမ်းအထက်ဆုံးတိုက်ကွက်များကို စတင်ထုတ်ဖော်လိုက်သည်။ ဧရာမဂေါ်လောခ့်သည် ဆက်တိုက်တိုက်ခိုက်ခံရပြီးနောက် ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ နာကျင်စွာအော်ငြီးလိုက်သည်။
" အိုးး ...."
ထိုသို့အော်ငြီးသံထွက်ပေါ်လာချိန်တွင် လူတိုင်းသည်သူတို့၏ခံစားချက်များကိုပင် မထိန်းနိုင်ဖြစ်သွားရသည်။ အချိန်အတော်ကြာအောင် တိုက်ခိုက်ခဲ့ပြီးနောက် စွမ်းအားကုန်ဆုံးသည့်ခံစားချက်ကို ခံစားခဲ့ရသည်။ ယခုအခါတွင် ရန်သူများအားလုံးမသေဆုံးသေးသော်လည်း ယခုအခါဧရာမဂေါ်လောခ့်တစ်ကောင်ကို သတ်ဖြတ်နုင့်သည်နှင့် မျှော်လင့်ချက်ရောင်ခြည်ဖြစ်လာမည်ဖြစ်သည်။
သို့သော်လည်း ရှောင်ယုသည် နဂါးမီးမြှားများ၏အကူအညီကြောင့် ဧရာမဂေါ်လောခ့်ကိုနှိမ်နင်းရန်အတွက် အဆင်ပြေခဲ့ပေသည်။ အကယ်၍ ကျန်ဧရာမဂေါ်လောခ့်များကိုသာ သတ်ဖြတ်ရန်အလွန်ခဲယဉ်းမယ်ဆိုပါက ဂေါ်လောခ့်ခေါင်းဆောင်ဆိုလျှင်မည်သို့ဖြစ်မည်နည်း။
ရှောင်ယုသည် ပထမဆုံး ဧရာမဂေါ်လောခ့်အား သတ်ဖြတ်လိုက်သည်ကိုကြည့်ပြီး နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် စတင်၍ဖိအားများခံစားလာကသည်။ သူတို့သည် ရလဒ်ပိုင်းအရဆိုလျှင် ရှောင်ယုနှင့်ဝေးဝေးလံလံနောက်ကျကျန်နေ၍မရပေ။ သာမန်နည်းဖြင့်ဆိုလျှင် ဧရာမဂေါ်လောခ့်များကိုသတ်ဖြတ်ရန် အလွန်ခက်ခဲကြောင်းသိသာပေသည်။
သူ၏စိတ်ခံစားချက်များကို မထိန်းသိမ်းနိုင်တော့ဘဲ ပထမဆုံးစတင်လှုပ်ရှားလာသူမှာ လီယိုနာဒိုဖြစ်သည်။ သူသည် လူအိုကြီးတာအိုကိုအချက်ပြလိုက်ပြီး တစ်ချိန်တည်းမှာပင်ဒိုင်းကိုင်စစ်သည်များက သူတို့၏နည်းဗျူဟာကိုပြောင်းလဲလိုက်ကြသည်။ သူတို့သည် ဧရာမဂေါ်လောခ့်၏လုပ်ဆောင်ချက်အကွာအဝေးအား ကန့်သတ်ရန်အတွက် ရှေ့သို့ပြေးဝင်သွားကြသည်။
လူအိုကြီးတာအိုသည် ဘေးဘက်သို့ဆုတ်ခွာသွားပြီး နေရာလွတ်တစ်ခုအားရှာဖွေ၍ ဆေးနီပုလင်းကိုထုတ်ယူကာ တစ်ချက်တည်းမြိုချလိုက်သည်။
" အား ... "
လူအိုကြီးတာအို၏မျက်နှာပေါ်၌ ဆိုးညစ်သောအပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။ သူ့ကိုကြည့်ရသည်မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ထားသည့်နတ်ဆိုးတစ်ကောင် ငရဲမှလွတ်မြောက်လာသည်နှင့်တူနေခဲ့သည်။
ဒိုင်းကိုင်စစ်သည်များသည် ထိုမြင်ကွင်းအားတွေ့မြင်ချိန်၌ တုန်လှုပ်သွားခဲ့သည်။ မူလကပင် လူအိုကြီးတာအိုသည်ရက်စက်ကြမ်းကြုတ်သောစစ်သည်တော်ဖြစ်သည်။ လီယိုနာဒိုသည် လူအိုကြီးတာအို၏ ကွယ်ဝှက်ထားသောသဘောဝဘာဝများအား ထုတ်လွှတ်ပေးကာ သူ၏ခွန်အားအလုံးစုံကိုထုတ်ဖော်နိုင်စေရန် ဤဆေးကိုအသုံးပြုစေခဲ့သည်။
သို့သော်ဆေး၏ဘေးထွက်ဆိုးကျိုးသည် သေးငယ်သည်မဟုတ်ပေ။ သူသည် ဤဆေးကိုအချိန်အတော်ကြာအသုံးပြုပါက သေလုမျောပါးခံစားရမည်ဖြစ်သည်။
အတိုချုပ်ပြောရမည်ဆိုပါက ဤဆေးရည်သည် စိတ်ရိုင်းဝင်ဆေးရည်နှင့်တူညီပေသည်။ သို့သော်လည်း ဘေးထွက်ဆိုးကျိုးပိုနည်းကာ ပိုမိုအစွမ်းထက်ပေသည်။ ထို့ပြင် အသုံးပြုသူကသာ မှန်မှန်ကန်ကန်အသုံးပြုနိုင်ပါက အမြင့်မားဆုံးအစွမ်းကိုထုတ်ဖော်နိုင်မည်ဖြစ်သည်။ လူအိုကြီးတာအိုသည် အနီရောင်ဆေးရည်ကိုသောက်သုံးပြီးနောက် သတ်ဖြတ်ခြင်းကိုပိုမိုနှစ်သက်ခုံမင်လာခဲ့ကာ သူ၏တိုက်ခိုက်ရေးစွမ်းအားသည် ခုန်ပျံကျော်လွှားသွားခဲ့သည်။ ယခုအခါတွင် သူသည်ဆဌမအဆင့်သူရဲကောင်းထက် များစွာပိုမိုသန်မာလာခဲ့သည်။
ဝွီး...
လူအိုကြီးတာအိုသည် လေပြင်းကဲ့သို့ပြေးဝင်လာပြီး သူလက်ထဲရှိ ဧရာမဓားကြီးကိုဝှေ့ယမ်းလိုက်သည်။ သူသည် ဧရာမဂေါ်လောခ့်နှင့်နီးကပ်လာသည့်အခါ ဧရာမဂေါ်လောခ့်၏ခါးကိုဦးတည်၍ ခုတ်ပိုင်းလိုက်သည်။ ဧရာမဂေါ်လောခ့်၏ခန္ဓာကိုယ်၌ သူ၏ခါးနေရာသည် ခုခံမှုအကောင်းဆုံးနှင့်အမာကျောဆုံးနေရာဖြစ်သောလည်း လူအိုကြီးတာအိုကဂရုမစိုက်ပေ။
လူအိုကြီးတာအိုသည် သူ၏ဓားကိုပြန်လည်ဆွဲယူလိုက်ပြီး သူမြေပေါ်သို့ပြန်လည်ဆင်းသက်လာသည်နှင့် နောက်ထပ်တစ်ကြိမ်ဓားကိုဝှေ့ယမ်းကာတိုက်ခိုက်လိုက်သည်။
ဧရာမဂေါ်လောခ့်သည် တစ်ချက်ပြီးတစ်ချက်ခုတ်ပိုင်းခံနေရပြီး သူ၏ခန္ဓာကိုယ်ထဲရှိ အရိုးများသည်ပင်နာကျင်လာခဲ့သည်။ ထို့ကြောင့်သူသည် ဒေါသတကြီးဟိန်းဟောက်ကာ လူအိုကြီးတာအိုကိုကိုက်ဖြတ်ရန်ကြိုးစားလိုက်သည်။
လူအိုကြီးတာအို၏မျက်နှာပေါ်၌ ကြောက်ရွံ့မှုအရိပ်အယောင်လုံးဝမရှိခဲ့ပေ။ သူ၏မျက်နှာပေါ်၌ အချိန်တိုင်းလိုလိုပင် ဆိုးသွမ်းသောအပြုံးတစ်ခုရှိနေပြီး ရူးသွပ်မှု၊သွေးဆာလောင်မှုတို့ကို ဖော်ပြနေသည်။ အချိန်တစ်ခုကြာပြီးနောက် လူအိုကြီးတာအိုနှင့်ဧရာမဂေါ်လောခ့်တို့သည် အချင်းချင်းထိတွေ့မိကြသည်။ လူအိုကြီးတာအိုသည် အနီရောင်ဆေးရည်ကိုသောက်သုံးပြီးနောက် သူ၏ကြောက်မက်ဖွယ်ရာအစွမ်းသတ္တိကိုပြသခဲ့ပြီး ဆဌမအဆင့်သို့ရောက်ရန်နီးကပ်နေသော ဂေါ်လောခ့်ကိုဒုက္ခပေးနိုင်ခဲ့သည်။
သာမန်ဆဌမအဆင့်သူရဲကောင်းများသည်ပင် လူအိုကြီးတာအိုကို မကျော်လွန်နိုင်ပေ။
" မှော်ဆရာတွေ ... ချုပ်နှောင်ခြင်းမှော်ကိုသုံးကြ "
လီယိုနာဒိုသည် စစ်မြေပြင်ကိုစစ်ဆေးရင်း အော်ဟစ်လိုက်သည်။ သူသည် လူအိုကြီးတာအို၏အခြေအနေကို အခြားသူများထက်ရှင်းရှင်းလင်းလင်းပိုသိပေသည်။ ယခုအချိန်တွင် လူအိုကြီးတာအိုသည် ရန်သူမိတ်ဆွေခွဲခြားသိမြင်ခြင်းမရှိပေရာ သူသည်မည်သူ့ကိုမှသွားရောက်ကူညီရန် အမိန့်ပေးမည်မဟုတ်ပေ။
မှော်ဆရာများသည် ချုပ်နှောင်ခြင်းမှော်ကိုအသုံးပြု၍ ဧရာမဂေါ်လောခ့်၏ ကြီးမားသောခန္ဓာကိုယ်အား ရပ်တန့်စေလိုက်သည်။ မှော်ဆရာများသည် တုံ့ဆိုင်းခြင်းနှင့်ချုပ်နှောင်ခြင်းမှော်တို့အား ဆက်တိုက်အသုံးပြုလာချိန်တွင် ဂေါ်လောခ့်ကရူးသွပ်သွားခဲ့သည်။ သူသည် သူ၏ခန္ဓာကိုယ်အား အလိုရှိသလိုလှုပ်ရှားသွားလာ၍မရတော့ပေ။ လူအိုကြီးတာအိုကမူ အလိုရှိသလိုသူ၏ဓားကိုဝှေ့ယမ်းကာ ဆက်တိုက်ခုတ်ထစ်နေခဲ့သည်။
ခဏအကြာတွင် လူအိုကြီးတာအိုနှင့်ဧရာမဂေါ်လောခ့်တို့သည် တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်ရင်း ရပ်တန့်လိုက်ကြသည်။
အားဂီးး ...
ဧရာမဂေါ်လောခ့်သည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ချိန်တွင် သူ၏ခြေလက်များသည်မြေပေါ်ပြုတ်ကျလာခဲ့သည်။
လူအိုကြီးတာအိုသည် ဤအချိန်တိုလေးအတွင်း ဧရာမဂေါ်လောခ့်၏ခြေလက်များကို အကြိမ်၅၀၀ထက်မနည်း အဆက်မပြတ်တိုက်ခိုက်ခဲ့ကြောင်း သတိထားရမည်ဖြစ်သည်။
လူအိုကြီးတာအို၏ ပြင်းထန်သောတိုက်ခိုက်မှုများကို အချက်၅၀၀ခန့်အဆက်မပြတ်ရင်ဆိုင်ရပါက ဧရာမဂေါ်လောခ့်နေရာတွင် အစွမ်းထက်သောဆဌမအဆင့်သားရဲတစ်ကောင်ပင် ခုခံနိုင်မည်မဟုတ်ပေ။
ယခုလည်း ဧရာမဂေါ်လောခ့်သည် ကြိုးစားရုန်းကန်နေသော်လည်း ခြေလက်များမရှိတော့၍ လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။ သူ့အားစောင့်မျှော်နေသည့် သေခြင်းကံကြမ္မာသာရှိတော့သည်။
" ဟားဟားဟား ... သတ်သတ် .. သတ်ကြ "
လူအိုကြီးတာအိုသည် ကျယ်လောင်စွာရယ်မော၍ ပြေးထွက်သွားခဲ့သည်။
လူအိုကြီးတာအိုသည် သာမန်ဂေါ်လောခ့်များဆီသို့ အပြေးအလွှားသွားရောက် တိုက်ခိုက်နေသည်ကိုမြင်သောအခါ လီယိုနာဒိုကစိတ်သက်သာရာရသွားခဲ့သည်။ လူအိုကြီးတာအိုသည် အနီရောင်ဆေးရည်ကိုသောက်သုံးပြီးနောက် သူကိုယ်တိုင်ပင်မထိန်းချုပ်နိုင်ကြောင်း လီယိုနာဒိုသာသိထားပေသည်။
Thank For Reading.