← Chapters

အားကောင်းသည့် နောက်ခံ

Vol. 12 Ch. 166

အားကောင်းသည့် နောက်ခံ

Vol. 12 Ch. 166

အို...

ရှန်ဂွမ်းရှန် တစ်ခဏ အေးခဲသွား၏။

သူက ရယ်ပြီးပြောလိုက်သည်။

"ငါလက်မခံနိုင်မှာကို ကြောက်မိတယ်, ဟုတ်လား...."

"ဟောင်ယောင်, မင်းငါ့ကို မသိဘူးလား..."

ရှန်းဂွမ်းရှန် လက်မြောက်လိုက်ပြီး ကောင်းကင်သို့မော့ကာ တည်ငြိမ်စွာပြောလိုက်သည်။

"ဆေးပညာလမ်းကြောင်းမှာ ငါဘယ်တုန်းက စိတ်ပျက်ခဲ့ဖူးလဲ...."

"အားကောင်းတဲ့ပြိုင်ဘက်တွေကိုယှဥ်ပြိုင်ရတာက ငါ့ရဲ့ဆောင်ပုဒ်ပဲ..."

"ဂျန်ဖန်း အတိတ်က ငါကိုယ်တိုင်ထက်သာခဲ့ရင်တောင် ငါ တုန်လှုပ်မှာမဟုတ်ဘူး..."

"ပြောပါ, သူလူဘယ်လောက်ရှာတွေ့ခဲ့လဲ..."

ဝမ်ဟုန်ယောင် အတော်လေး တွေဝေနေဆဲဖြစ်သည်။

ရှန်ဂွမ်းရှန်ဟာ တကယ်ပဲ ခိုင်မာတဲ့စိတ်ဓာတ်ရှိပြီး အနှောက်အယှက်တွေကြောင့် ဘယ်သောအခါမှ စိတ်ဓာတ်ကျသွားမည့်သူမဟုတ်ပေ။

သို့ပေမယ့် ယနေ့ကိစ္စကတော့ အတော်ကြီးမား၏။

တစ်ခဏတွေဝေနေပြီးနောက် သူမက ရှန်ဂွမ်းရှန်အမူအရာကို ဂရုတစိုက်ကြည့်ပြီး ပြောလိုက်သည်။

"ဂျန်ဖန်း ရှာတွေ့ခဲ့တဲ့လူအရေအတွက်က..."

"၂၉ ယောက်ပါ...."

ဝမ်ဟုန်ယောင် အကြောက်ဆုံအရာက ဖြစ်လာပြီဖြစ်သည်။

ရှန်ဂွမ်းရှန်အမူအရာ ရုတ်တရက် တောင့်တင်းသွားပြီး အိုမင်းသည့်မျက်လုံးတွေက တဖြည်းဖြည်း ပြူးကျယ်လာခဲ့သည်။ ထို့နောက် နေရာမှာပဲ ကြက်သေသေသွား၏။

ခြောက်သွေ့သည့် သစ်ကိုင်းခြောက်တစ်ခုကဲ့သို့ပင်။

ဝမ်ဟုန်ယောင် အလျှင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

"အကိုကြီးရှန်ဂွမ်း, ယာယီရှုံးနိမ့်တာက အရာရာကို မဆိုလိုပါဘူး...."

"ဂျန်ဖန်း ကံကောင်းသွားတာ ဖြစ်မှာပါ...."

ရှန်ဂွမ်းရှန် ထိုအခြေအနေအတိုင်းရှိနေသေးတာကိုမြင်သည့်အခါ ဝမ်ဟုန်ယောင်ပြောလိုက်သည်။

"ဖြစ်နိုင်တာ ဂျန်ဖန်းက အလျှင်စလိုရှာခဲ့တယ်နဲ့တူတယ်။ သေချာပေါက် အမှားအယွင်းတွေရှိမှာပဲ...."

"ငါ သူတို့တစ်ယောက်ချင်းဆီကို စစ်ဆေးကြည့်လိုက်မယ်..."

ထိုအခါမှသာ ရှန်ဂွမ်းရှန်အမူအရာ သက်သာရာရသွား၏။

ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ နံပါတ်တစ်နတ်ဆေးဆရာဟု ကိုယ့်ကိုယ်ကိုဂုဏ်ယူသည့်လူတစ်ယောက်အတွက် မထင်မရှားကောင်လေးတစ်ယောက်ကိုရှုံးနိမ့်ရတာဟာ သည်းမခံနိုင်စရာပင်။

သူက အမှန်တကယ်ပဲ ဂျန်ဖန်းရှာဖွေမှုကို သံသယရှိ၏။

သူက လူရဖို့အတွက် အလျှင်အမြန်ရှာဖွေခဲ့တာဖြစ်နိုင်၏။

ထိုသို့ဆိုမှ အဓိပ္ပာယ်ရှိအုန်းမည်ဖြစ်သည်။

ဝမ်ဟုန်ယောင် ပြောလိုက်သည်။

"ဂျန်ဖန်း ငါနဲ့လိုက်ခဲ့။ တပည့်တစ်ယောက်ချင်းဆီရဲ့ရောဂါလက္ခဏာတွေကို ငါအတည်ပြုဖို့ ရှင်းပြပေး...."

ဂျန်ဖန်း လက်ချင်းယှက်ပြီးပြောလိုက်သည်။

"ကောင်းပါပြီ..."

"ဒီတပည့်က အသက်စွမ်းအားကို အလွန်အကျွံ့သုံးစွဲထားတာ..."

"ဒီတပည့်ရဲ့အသားအရေက အဆိပ်ကြောင့် မသိမသာအစိမ်းရောင်ပြောင်းသွားတာ...."

"ဒီတစ်ယောက်ကတော့...."

ဂျန်ဖန်း တစ်ယောက်ချင်းစီကို လက်ညိုးထိုး ရှင်းပြနေကာ ဝမ်ဟုန်ယောင်က သွေးကြောတွေစမ်းသပ်ပြီး မေးခွန်းတွေမေးနေခဲ့သည်။

အားလုံး၏ရောဂါတွေက ဂျန်ဖန်းပြောတာတွေနှင့် ကိုက်ညီနေခဲ့သည်။

အဆုံးမှာတော့, တပည့် ၂၉ ယောက်လုံး၏ရောဂါရှာဖွေမှုက ချွင်းချက်မရှိ လုံးဝတိကျနေခဲ့သည်။

ထိုအရာကြောင့် ဝမ်ဟုန်ယောင် ပါးစပ်အဟောင်းသားဖြင့်ကြောင်အသွားခဲ့သည်။

ရှန်ဂွမ်းရှန် ခန္ဓာကိုယ်ဆို ပိုလို့တောင် တုန်ယင်နေခဲ့သည်။

ဤကဲ့သို့ကြီးမားသည့်ထိုးနှက်မှုကို မခံစားနိုင်ပဲ သူက ရုတ်တရက် ကုလားထိုင်ပေါ် ဖင်ထိုင်ချသွားခဲ့သည်။

သူ၏တစ်ခါက နုပျိုသည့်အသွင်အပြင်လည်း ချက်ချင်းဆိုသလို နှစ်ပေါင်းများစွာ အိုမင်းလာခဲ့သည်။

ကိုယ်ကိုယ့်ကိုလှောင်ပြောင်သည့်အနေဖြင့် တီးတိုးပြောလိုက်သည်။

"ဆရာ, တပည့် ဆရာ့ကို အရှက်ရစေပြီ...."

"ငါ့တစ်ဘဝလုံးကြိုးစားလာခဲ့ပေမယ့် လူငယ်တစ်ယောက်ကိုတောင် မယှဥ်နိုင်ပါ့လား..."

သူ့မျက်လုံးတွေ မှိန်ကျသွားပြီး ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေနှင့် ပြည့်နှက်သွား၏။

ဝမ်ဟုန်ယောင် စိုးရိမ်သွား၏။

အကျိုးဆက်က သူမမျှော်လင့်ထားသည်ထက် ပိုပြင်းထန်နေခဲ့သည်။

ရှန်ဂွမ်းရှန် တာအိုနှလုံးသာ ပြိုကွဲသွားပြီပဲဖြစ်သည်။

အခုချိန်မှစ၍ သူ့ဟာစိတ်ဓာတ်ကျသွားပြီး အဆုံးသတ်မကောင်းတော့မှာ ဧကန်မုချပင်။

ထိုအခိုက်အတန့်၌...

ဂျန်ဖန်း ရှန်ဂွမ်းရှန်ရှေ့လာလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

"စီနီယာရှန်ကွမ်း, ဒီလိုဖြစ်ဖို့ မလိုပါဘူး..."

"ငါ့ဆေးပညာအားလုံးကလည်း စီနီယာ့ရဲ့ဆရာ, မသေမျိုးနတ်ဆေးဆရာဆီက လာတာပါ..."

ကိစ္စအတိမ်အနက်ကိုသိပြီး ဂျန်ဖန်း နောက်ထပ်ဖုံးကွယ်မထားတော့ပေ။

ထိုအခါမှသာ ဤဂိုဏ်း ၉ ဂိုဏ်း နယ်မြေ၏ ထိပ်တန်းနတ်ဆေးဆရာကို မထိခိုက်စေမှာဖြစ်သည်။

"ဘာ, ငါ့ဆရာ ဟုတ်လား..."

ရှန်ဂွမ်းရှန်ဦးခေါင်း ရုတ်တရက် မော့လာပြီး မျက်နှာက မယုံကြည်နိုင်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

ဝမ်ဟုန်ယောင်လည်း အလားတူ တုန်လှုပ်နေခဲ့သည်။

"ဂျန်ဖန်း, နင်က မသေမျိုးနတ်ဆေးဆရာရဲ့ တပည့်လား။ နေပါအုန်း, အသက်တွေမှ မကိုက်ညီတဲ့ဟာကို...."

မသေမျိုးနတ်ဆေးဆရာ ကွယ်လွန်သွားတာ ဆယ်စုများစွာကြာပြီဖြစ်သည်။

ဂျန်ဖန်းအသက်က ဘယ်လောက်ရှိသေးလို့နည်း။

ဂျန်ဖန်းပြောလိုက်သည်။

"ကျွန်တော် မတော်တဆ မသေမျိုးဆေးကျမ်းရဲ့စာမျက်နှာအနည်းငယ်ကို နားလည်ခဲ့တာပါ..."

"ဒီနေ့ စီနီယာရှန်ဂွမ်းနဲ့ အကြီးအကဲဝမ်ရှေ့မှာ ကိုယ့်ကိုယ်ကို အရှက်ရစေမိပြီ...."

သူတို့တုန်လှုပ်မှုတွေ လျော့ကျမသွားသည့်အပြင် ပိုလို့တောင် ပြင်းထန်လာခဲ့သည်။

ရှန်ဂွမ်းရှန် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သူ၏အိုမင်သည့်လက်တွေဖြင့် ဂျန်ဖန်းလက်မောင်းကိုဆုပ်ကိုင်လိုက်ကာ မျက်လုံးတွေထဲမှာ အံ့အားသင့်မှုတွေရှိနေခဲ့သည်။

"မင်းဘာပြောလိုက်တယ်၊ မင်းက မသေမျိုးဆေးကျမ်းကို နားလည်ခဲ့တယ်.... ဟုတ်လား...."

ထိုစဥ်က မသေမျိုးနတ်ဆေးဆရာ ရုတ်တရက် သူသေတော့မည်ဆိုတာသိသွားချိန်....

သူ့တစ်ဘဝစာနည်းပညာတွေကို တပည့်တွေဆီသို့ လက်ဆင့်ကမ်းပေးဖို့ အချိန်မရှိတော့ပေ။

ထို့ကြောင့် အလျှင်အမြန်ပဲ မသေမျိုးဆေးကျမ်းကို ပြုစုခဲ့သည်။

သူ့တစ်ဘဝစာကြိုးစားမှုတွေက ထိုအထဲမှာပင်။

မသေခင် တပည့်တွေဆီအပ်နှင်းခဲ့ပြီး နားလည်ဆင်ခြင်ခိုင်းခဲ့၏။ မလုပ်နိုင်ခဲ့လျှင် ကမ္ဘာအနှံ့ဖြန့်ချီပြီး ၎င်း၏အစစ်အမှန်အနှစ်သာရကို နားလည်နိုင်သည့် ရေစက်ရှိသူကိုရှာကာ သူ၏ဆေးပညာများကို ဆက်လက်သယ်ပိုးရမည်ဟု မှာကြားခဲ့၏။

သို့ပေမယ့် ရှန်ဂွမ်ရှန်အပါအဝင် တပည့်အချို့ စွမ်းအားမဲ့ခဲ့ကြ၏။

နောက်ဆုံးမှာတော့ သူတို့က အမိန့်ကိုနာခံပြီး မြို့အသီးသီးသို့ ဖြန့်ဝေခဲ့၏။

ဆယ်စုနှစ်တွေကုန်ဆုံးသွားပေမယ့် ထိုဆေးကျမ်းကိုနားလည်နိုင်သည့် လူတစ်ယောက်တောင် ပေါ်မလာခဲ့ပေ။

ဤသို့ဖြင့် အချိန်ကြာလာတာနှင့်အမျှ မသေမျိုးနတ်ဆေးဆရာ၏ အမွေအနှစ်က ကွယ်ပျောက်သွားပြီဟု ယုံကြည်ခဲ့ကြ၏။

ဆယ်စုနှစ်တွေကြာပြီးနောက်....

ရုတ်တရက် လူငယ်လေးတစ်ယောက်ပေါ်လာပြီး မသေမျိုးဆေးကျမ်းကိုနားလည်ထားသည်ဟု အခိုင်အမာဆိုနေခဲ့သည်။

မသေမျိုးနတ်ဆေးဆရာ၏တပည့်တစ်ယောက်အနေဖြင့် ရှန်ဂွမ်းရှန် ဘယ်လိုလုပ် မတုန်လှုပ်ပဲနေမည်နည်း။

ဂျန်ဖန်း အများကြီးမပြောတော့ပေ။ လက်ချောင်းနှစ်ချောင်းကိုသုံးပြီး သူ့မျက်လုံးတွေကို ပွတ်လိုက်သည့်အခါ စိတ်ဝိညာဥ်စွမ်းအင်တစ်မျှင် မျက်လုံးပတ်လည်မှာ လည်ပတ်လာပြီး ထူးဆန်းသည့်ပုံစံတစ်ခုဖန်တီးလိုက်၏။

ထိုအရာက သူ့မျက်လုံးပေါ်၌ မှန်ဘီလူးနှစ်ခုတပ်ထားလိုက်သကဲ့သို့ပင်ဖြစ်သည်။

ထိုအရာကိုမြင်သည့်အခါ ရှန်ဂွမ်းရှန် လုံးဝကို အံ့အားသင့်သွားခဲ့သည်။

"ချီ အကဲခတ်ခြင်းနည်းလမ်း... ဒါက ဆရာရဲ့ပြိုင်ဘက်ကင်း ချီအကဲခတ်ခြင်းနည်းလမ်းပဲ...."

"ဒီချီအကဲခတ်ခြင်းနည်းလမ်းနဲ့ဆိုရင် ရောဂါရှာဖွေတာက နတ်ဘုရားတစ်ပါးလိုဖြစ်နေလိမ့်မယ်...."

ဝမ်ဟုန်ယောင် တုန်လှုပ်သွား၏။

ချီအကဲခတ်ခြင်းနည်းလမ်း....

ထိုအရာက အတိတ်၌ မသေမျိုးနတ်ဆေးဆရာ၏ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သူ့တပည့်တွေ တစ်ယောက်မှ မတတ်မြောက်ပေ။

မသေမျိုးဆေးကျမ်းမှလွဲပြီး ဂျန်ဖန်းသင်ယူနိုင်သည့်အခြားနေရာကို သူမမတွေးနိုင်ပေ။

ဂျန်ဖန်း ပြောလိုက်သည်။

"အခုယုံပြီလား...."

ရှန်ဂွမ်းရှန် ဂျန်ဖန်းကို တင်းကြပ်စွာဆုပ်ကိုင်ထားဆဲဖြစ်ပေမယ့် အရင်လိုတုန်လှုပ်နေတာတော့မဟုတ်ပေ။

သူ၏အိုမင်းသည့်မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုတွေနှင့်ပြည့်နှက်နေပြီး မျက်လုံးထဲမှာမျက်ရည်တွေဝဲလာခဲ့သည်။ သူက ဆို့နင့်သည့်အသံဖြင့်ပြောလိုက်သည်။

"ဆရာမကွယ်လွန်ခင်ကဆန္ဒ..., ဒါကို နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က အောင်မြင်သွားခဲ့ပြီ...."

"နောက်ဆုံးမှာတော့, တစ်စုံတစ်ယောက်က အောင်မြင်သွားပြီ...."

ဝမ်ဟုန်ယောင်လည်း ဝမ်နည်းသွား၏။

ရှန်ဂွမ်းရှန် ကြီးစွာပူဆွေးပြီး ကျမ်းမာရေးထိခိုက်မှာကို သူမစိုးရိမ်၏။

"အကို့ဆရာ့ရဲ့ ပြိုင်းဘက်ကင်းစွမ်းရည် နေ့အလင်းရောင်ကို နောက်တစ်ကြိမ်ပြန်မြင်ရတာ ကျွန်မတို့ဆေးပညာလောကရဲ့ ကြီးကျယ်တဲ့ အဖြစ်အပျက်တစ်ခုပါပဲ။ အကိုကြီးရှန်ဂွမ်း ပျော်သင့်တယ်..."

ထိုအရာကိုကြားသည့်အခါ, ရှန်ဂွမ်းရှန် အလျှင်အမြန်ပဲ သူ့မျက်ရည်တွေကို သုတ်လိုက်သည်။

"ဟုတ်တယ်, ငါဘာလို့ ငိုနေပါလိမ့်... ငါပျော်သင့်တယ်...."

သူက အလျှင်အမြန်ပဲ သူ့ပုံရိပ်ကိုပြန်ထိန်းလိုက်ကာ စိတ်သက်ရစွာဖြင့် ပြောလိုက်သည်။

"ဆရာ့ရဲ့ဆက်ခံသူကိုရှုံးရတာ ဖြစ်သင့်ပါတယ်။ ဒါလုံးဝကိုဖြစ်သင့်ပါတယ်.... ဟား..ဟား...ဟား..."

ချီအကဲခတ်ခြင်းနည်းလမ်းအကူအညီဖြင့် ဂျန်ဖန်း လူ ၂၉ ယောက်ရှာတွေ့တာ ပုံမှန်ပဲဖြစ်သည်။

ရုတ်တရက် သူက အစောပိုင်း သဘောတူညီမှုကို သတိရသွား၏။

မီးတောက်ပြာငွေအပ်သေတ္တာကိုထုတ်ယူပြီး ရယ်လိုက်သည်။

"လောင်းကြေးက လောင်းကြေးပဲ။ ဒါက မင်းအပိုင်ပဲ...."

ဂျန်ဖန် ငြင်းဆန်လိုက်၏။

"ကျွန်တော်က ကျွန်တော့်အရည်အချင်းကိုစမ်းသပ်ရုံပါ။ မီးတောက်ပြာငွေအပ်က စီနီယာရှန်ဂွမ်းပစ္စည်းပါ။ ဂျူနီယာတစ်ယောက်အနေနဲ့ ကျွန်တော်လက်မခံပါရစေနဲ့...."

သို့ပေမယ့် ရှန်ဂွမ်းရှန်က ဂျန်ဖန်းလက်ထဲသို့ အခိုင်အမာ ထိုးထည့်ပေးပြီး တင်းမာစွာပြောလိုက်သည်။

"ငါကပေးရင် ယူလိုက်..."

"ဒါ့ပြင်, အနာဂတ်မှာ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် အခေါ်အဝေါ်ပြောင်းရမယ်..."

တစ်ယောက်နဲ့တစ်ယောက် အခေါ်အဝေါ်ပြောင်းမယ်?....

ဂျန်ဖန်း စိတ်ရှုပ်သွား၏။

ရှန်ဂွမ်းရှန် ဂျန်ဖန်းကို ကြင်နာသည့်အမူအရာဖြင့် ကြည့်ပြီးပြောလိုက်သည်။

"မင်းက ငါ့ဆရာ့ရဲ့ပြိုင်ဘက်ကင်းစွမ်းရည်ကို အမွေဆက်ခံခဲ့မှတော့, မင်းကို ဆရာ့ရဲ့ တပည့်တစ်ဝက်လို့ပြောလို့ရတယ်..."

"အခုကစပြီး, မင်းငါ့ကို စီနီယာအကိုလို့ ခေါ်သင့်တယ်...."

စီနီယာအကို?....

ရုတ်တရက် ကျော်ကြားသည့်စီနီယာအကိုရသွားသည့်အတွက် ဂျန်ဖန်း တစ်ခဏကြာ လက်မခံနိုင်ဖြစ်သွား၏။

ဝမ်ဟုန်ယောင်အလွန်ပျော်ရွင်သွားပြီး အလျှင်အမြန် ဂျန်ဖန်းလက်မောင်းကိုပုတ်လိုက်သည်

"ဘာတွေတွေဝေနေတာလဲ။ အခုချက်ချင်း စီနီယာအကိုလို့ခေါ်လိုက်လေ...."

ဂိုဏ်း ၉ ဂိုဏ်း၌ ရှန်ဂွမ်းရှန်လွမ်းမိုးမှုက အတော်မြင့်၏။

ဤကဲ့သို့စီနီယာအကိုတစ်ယောက်ရှိတာဟာ အားကောင်းသည့်နောက်ခံတစ်ခုရှိတာနှင့် အတူတူပင်ဖြစ်သည်။

ဂျန်ဖန်းလို သာမန်နောက်ခံအသိုင်းအဝိုင်းမှာလာသူအတွက် ထိုအရာက အကောင်းဆုံးဆက်သွယ်မှုတစ်ခုပဲဖြစ်သည်။

ဂျန်ဖန်း နောက်ဆုံမှာတော့ လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"စီနီယာအကိုရှန်ဂွမ်း..."

ရှန်ဂွမ်းရှန် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

"ဂျူနီယာညီလေးဂျန်,လာ... နောက်ထပ် ဆေးပညာအကြောင်းတွေ ဆွေးနွေးကြတာပေါ့...."

"ဒီနှစ်တွေတစ်လျှောက် ငါမှာ မဖြေရှင်းနိုင်တဲ့ပြဿနာတွေအများကြီးရှိတယ်။ ဒါပေမယ့် တိုင်ပင်ဖို့ ဘယ်သူမှ မရှိခဲ့ဘူး..."

"ဒီနေ့ ဂျူနီယာညီလေးဂျန်ကိုမေးပြီး ဉာဏ်အလင်းပွင့်အောင်လုပ်ရမယ်..."

ဝမ်ဟုန်ယောင်မျက်လုံးတွေတောက်ပလာပြီး စိတ်အားထက်သန်စွာဖြင့် အနားကပ်လာခဲ့သည်။

ထိုအရာက ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၏ အထွတ်အထိတ်ဆေးပညာဆွေးနွေးမှုဖြစ်၏။ တစ်ခဏလောက်နားထောင်လိုက်ခြင်းက ၁၀ နှစ်တာခက်ခက်ခဲခဲလေ့ကျင့်တာထက်ပိုအကျိုးရှိ၏။

ဂျန်ဖန်း သဘာဝအတိုင်းမငြင်းပဲ ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ...."

ထိုအခိုက်အတန့်၌....

ဂိုဏ်းသခင်တောင်ထိပ်မှတပည့်တစ်ယောက် အပြေးရောက်လာပြီး အမောတကောပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန်, မင်း ခုထိ စိတ်ဝိညာဥ်ဆေးယူလို့မပြီးသေးဘူးလား...."

"စီနီယာအမလျိုက မင်းကို တိမ်းစိမ်းမြို့ သုခဘုံစားသောက်ဆိုင် မြန်မြန်လာခဲ့ဖို့ မှာလိုက်တယ်... မကြာစေနဲ့နော်...."

All Chapters