← Chapters

ဂိုဏ်း ၉ ဂိုဏ်း ရွှေရောင်စာရင်း

Vol. 12 Ch. 167

ဂိုဏ်း ၉ ဂိုဏ်း ရွှေရောင်စာရင်း

Vol. 12 Ch. 167

ဂျန်ဖန်း အံ့အာသင့်သွားပြီး မေးလိုက်သည်။

"သုခဘုံအဆောက်အဦး? တစ်ခုခုဖြစ်လို့လား..."

သတင်းလာပို့သည့်တပည့် စိုးရိမ်သည့်အမူအရာပြသလာပြီး ပြောလိုက်သည်။

"စီနီယာအမ ပြဿနာတက်နေတယ်။ မင်းကို အဲ့ဒီမြန်မြန်လာခဲ့ပါတဲ့...."

ဘာ?....

ဂျန်ဖန်း အံ့အားသင့်သွား၏။

သို့ပေမယ့် စိတ်လည်းရှုပ်သွား၏။

အဆုံးမှာတော့ ဤအရာက တိမ်စိမ်းဂိုဏ်းပိုင်နက်ဖြစ်ပြီး မည်သူက လျိုချင်းရှန်ကို အနိုင်ကျင့်ရဲမည်နည်း။

သို့ပေမယ့် လူလွတ်ပြီး အကူအညီတောင်းမှတော့ နှောင့်နှေးနေလို့မရပေ။

သူက ချက်ချင်းပဲ ရှန်းဂွမ်းရှန်ကို လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"စီနီယာအကို, ကျေးဇူးပြုပြီး ခဏစောင့်ပါအုန်း..."

ထို့နောက် သုံခဘုံအဆောက်အဦးကို အပြေးသွားတော့၏။

ရှန်ဂွမ်းရှန် တစ်ခဏစဥ်းစားလိုက်၏။

"ငါ ဂျူနီယာညီလေးဂျန်ကို ကူညီသင့်လား..."

ဝမ်ဟုန်ယောင် ပြုံးလိုက်၏။

"တိမ်စိမ်းဂိုဏ်းပိုင်နက်မှာ ဂိုဏ်းချုပ်သမီးက ဘာပြဿနာဖြစ်မှာမိုလို့လဲ...."

"လူငယ်မျိုးဆက်ကြားက ပြဿနာအသေးစားလေးတွေပဲနေမှာပါ။ သူတို့ကိုယ်တိုင်ပဲ ကိုင်တွယ်ခိုင်းလိုက်ပါ...."

ရှန်ဂွမ်းရှန် အနည်းငယ် ခေါင်းညိတ်လိုက်၏။

"ဒီလေလံပွဲက ဂိုဏ်းပေါင်းများစွာက ပါရမီရှင်တပည့်တွေကို ဆွဲဆောင်နေတယ်။ ရလဒ်အနေနဲ့ကတော့ လူမျိုးစုံရောထွေးသွားပြီး အငြင်းပွားမှုတွေ ဖြစ်သွားတာပဲ..."

"ငါ့တပည့်ကြီးကိုလည်းသွားခိုင်းလိုက်တာပိုကောင်းမယ်၊ ဂျူနီယာညီလေးဂျန် အကူအညီလိုရင် ကူညီပေးလို့ရတာပေါ့..."

ဝမ်ဟုန်ယောင် ခေါင်းညိတ်လိုက်၏။

ရှန်ဂွမ်းရှန်၏ တပည့်ကြီးက မြင့်မြတ်ဂိုဏ်း၏ ခေါင်းဆောင်တပည့်ဖြစ်ပြီး ဂိုဏ်း ၉ ဂိုဏ်း ရွှေရောင်စာရင်း အဆင့်သုံးဖြစ်သည်။

သူမက သူမတူတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်၏။

သူမ၏တည်ရှိမှုနှင့် မည်သူက မဆင်မခြင် လုပ်ရဲမည်နည်း။

ထိုစဥ်, ဂျန်ဖန်း....

သူက လှုပ်ရှားမှုနည်းလမ်းကို အသုံးပြုပြီး သုခဘုံအဆောက်အဦးဆီသို့ အလျှင်အမြန်သွားနေခဲ့သည်။

တွေးထားသည့် လျိုချင်းရှန်ဒုက္ခရောက်နေသည့်မြင်ကွင်းက ပေါ်မလာခဲ့ပေ။

သူမက စားသောက်ဆိုင်ဝင်ပေါက်မှာ လုံခြုံစွာမတ်တပ်ရပ်နေပြီး ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် သူမပုံရိပ်က ဖြတ်သွားဖြတ်လာတွေ၏အကြည့်ကို ဆွဲဆောင်နေခဲ့သည်။

သူမဘေး၌ ခန့်ညားပြီး အရပ်ရှည်သည့် အမျိုးသားတစ်ယောက်ရှိနေပြီး ကျင့်ကြံရေးက အမြုတေဖွဲ့စည်းခြင်းအဆင့်နားကို ရောက်နေပြီပဲဖြစ်သည်။

သူက ကြင်နာစွာပြောလိုက်သည်။

"ဂျူညီနာညီမလျို, မင်း အစွမ်းထက်စီနီယာအကိုတစ်ယောက်ယောက်ကို စောင့်နေတာလား..."

ဤလေလံပွဲ၌ လမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်နှင့်ပတ်သက်ပြီး ကောလဟာလတွေထွက်ပေါ်လာခဲ့သည်။ ထိုကိစ္စက ဂိုဏ်း ၉ ဂိုဏ်းကို ပျံ့နှံ့သွားသည့်အခါ မရေအတွက်နိုင်သည့် အခြေခံတည်ဆောက်ခြင်းအဆင့်အထွတ်အထိပ် ပါရမီရှင်တပည့်တွေကို ဆွဲဆောင်သွားခဲ့သည်။

သူ့မရှေ့ရှိ လူငယ်က အသင်္ချေဓားဂိုဏ်း၏တပည့်တစ်ယောက်ဖြစ်သည့် လင်းဂုဟိုင်ဖြစ်၏။

အလွန်အားကောင်းပြီး ရွှေရောင်စာရင်း အဆင့် ၉ ဖြစ်သည်။

သူက ဂိုဏ်း ၉ ဂိုဏ်း တပည့်တွေနှင့် သိုင်းပညာဆွေးနွေးဖို့ စီစဥ်ထားခဲ့၏။

အမြုတေဖွဲ့စည်းခြင်းအဆင့် မကြာသေးခင်မှချိုးဖြတ်ထားပြီး နန်းကုန်းရှောင်ယွင်ကို အနိုင်ယူထားသည့် လျိုချင်းရှန်ကိုလည်း သဘာဝအတိုင်း ဖိတ်ခေါ်ထားခဲ့သည်။

ထိုပွဲအကြောင်းကြားသည့်အခါ လျိုချင်းရှန် ချက်ချင်းပဲ ဂျန်ဖန်းကို သတိရလိုက်၏။

ဂိုဏ်းပေါင်းစုံမှပါရမီရှင်တွေ စုဝေးပြီး သိုင်းပညာအကြောင်းဆွေးနွေးကြတာဟာ အတော်လေးရှားပါးသည့် အခွင်းအရေးဖြစ်၏။

သူမ ဘယ်လိုလုပ် ဂျန်ဖန်းကို မေ့နိုင်မည်နည်း။

ရုတ်တရက်....

လျိုချင်းရှန် အဝေးမှ ဂျန်ဖန်းကို မြင်လိုက်၏။ သူမ၏အေးစက်သည့်မျက်နှာက ချက်ချင်း အပြုံးတစ်ခုနှင့် တောက်ပသွားပြီး ပျော်ရွင်စွာလက်ဝှေ့ယမ်းပြလိုက်သည်။

"မြန်မြန်လာခဲ့, နင်ဘာလို့ အဲ့မှာရပ်နေတာလဲ..."

ဂျန်ဖန်း ပဟေဠိဖြစ်သွား၏။

"စီနီယာအမ, မင်း ပြဿနာတက်နေတာမဟုတ်ဘူးလား...."

လျိုချင်းရှန် ကျီစယ်ပြီး ပြောလိုက်သည်။

"ငါလိမ်မပြောရင်, နင်ကလာမှာတဲ့လား...."

ဤကဲ့သို့ ဆွေးနွေးပွဲမျိုးအတွက် ဂျန်ဖန်း ထုံစံအတိုင်း စိတ်မဝင်စားပေ။

အမှန်တိုင်းပြောရလျှင် သူက သေချာပေါက် ငြင်းမှာပဲဖြစ်သည်။

"လာ,အသင်္ချေဓားဂိုဏ်းက စီနီယာအကိုလင်းကို နှုတ်ဆက်လိုက်အုန်း။ ဆွေးနွေးပွဲကို သူကဦးဆောင်ကျင်းပပေးတာလေ..."

"နင်က မကြာခင် တပည့်အဆင့်သတ်မှတ်ခြင်းကို ရင်ဆိုင်ရတော့မှာ။ ဒီပွဲမှာပါဝင်တာက နင့်အတွက် အကျိုးရှိတယ်...."

ထိုအရာက သိုင်းပညာဆွေးနွေးပွဲဆိုတာ သိသည့်အခါ ဂျန်ဖန်း မျက်လုံးလှန်လိုက်သည်။

သူက လျိုချင်းရှန်အန္တရာယ်ရှိသည်ထင်၍ ဒီနေရာကို အပြေးလာခဲ့ခြင်းဖြစ်သည်။

သူက လင်းဂုဟိုင်ဆီသို့ လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"ငါ့နာမည်က ဂျန်ဖန်း၊ တိမ်းစိမ်းဂိုဏ်း ဂိုဏ်းသခင်တောင်ထိပ်တပည့်တစ်ယောက်ပါ၊ စီနီယာအကိုလင်းကို နှုတ်ဆက်ပါတယ်..."

"ဂျန်ဖန်း?..."

လင်းဂုဟိုင်းတစ်ခဏတွေးပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်လျိုလက်ခံထားတဲ့ စိတ်ဝိညာဥ်အမြစ်မရှိဘူးဆိုတဲ့ အဲ့ဒီတပည့်လား...."

"ဂျူနီယာညီလေးဂျန်, မင်းအကြောင်းတွေကတော့ အသင်္ချေဓားဂိုဏ်းထိကို ပျံ့နေပြီ။ ငါမင်းအကြောင်း ကြားဖူးတယ်...."

သူက အပြုံးတစ်ခုနှင့်ပြောလိုက်ပေမယ့် အထင်သေးမှုတွေကတော့ အထင်းသားပင်။

လက်စသတ်တော့ သူတို့စောင့်နေတာ ဒုက္ခိတတစ်ယောက်ဖြစ်နေခဲ့သည်။

ပါရမီရှင်တပည့်တွေက ရောက်ရှိပြီးနေပြီဖြစ်သည်။

ဂျန်ဖန်း ဤကဲ့သို့ဆွေးနွေးပွဲမျိုးကို စိတ်မဝင်စားပေ။ သူက ပြန်ပြီး ရှန်ဂွမ်းရှန်နှင့်သာ ဆေးပညာအကြောင်းဆွေးနွေးချင်၏။

"စီနီယာအကိုလင်း, စီနီယာအမလျို, ဒီပွဲကို ငါမလိုက်တော့ဘူး..."

"ငါ့မှာ အခြားလုပ်စရာလေးရှိလို့, နှုတ်ဆက်ပါတယ်....."

လင်းဂုဟိုင် မာနတရားကို ခံစားလိုက်ရ၏။

အနည်းဆုံး ထိုကောင်က ဤကဲ့သို့ဆွေးနွေးပွဲမျိုးက သူနှင့်မသင့်လျှော်ဘူးဆိုတာနားလည်ပြီး ထွက်သွားဖို့ဆုံးဖြတ်ခဲ့၏။

သို့ပေမယ့်...

လျိုချင်းရှန်က မကြာသေးခင်ကမှ အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုချိုးဖြတ်ထားသည်ဖြစ်၍ အခြေခံတည်ဆောက်ခြင်းအဆင့်သိုင်းပညာဖလှယ်ပွဲကို အများကြီး စိတ်မဝင်စားပေ။

မူလတုန်းက သူမ ဂျန်ဖန်းထိုပွဲကို ပါဝင်ပြီး အကျိုးကျေးဇူးရစေချင်တာပဲဖြစ်သည်။

ဂျန်ဖန်းထွက်သွားဖို့ဆုံးဖြတ်လိုက်မှတော့ သူမလည်း ပါဝင်ဖို့စိတ်မဝင်စားတော့ပေ။

"ဒါဆို ငါလည်း မသွားတော့ဘူး...."

"လာ, စီနီယာအမ မင်းကို အရက်လိုက်တိုက်မယ်...."

"နင်က ငါ့ကို အများကြီးကူညီထားခဲ့တယ်လေ...."

လင်းဂုဟိုင် ကြောင်သွား၏။

သူ သိုင်းပညာဖလှယ်ပွဲစီစဥ်တာဟာ သူ၏ အဆင့် ၉ ရွှေရောင်စာရင်းကိုပြပြီး လျိုချင်းရှန်ကို လွမ်းမိုးဖို့ပဲဖြစ်သသည်။

သူက လျိုချင်းရှန်၏ နှစ်သက်မှုကို လိုချင်နေတာဖြစ်သည်။

လျိုချင်းရှန်သာမတက်ရောက်တော့လျှင် ဆွေးနွေးပွဲက အဓိပ္ပာယ်မဲ့သွားမည်ပင်။

"ဂျူနီယာညီလေးဂျန်, ခဏနေပါအုန်း...."

လင်းဂုဟိုင် ရွေးချယ်စရာမရှိတော့ပဲ ဂျန်ဖန်းကိုတားလိုက်သည်။

"ဂိုဏ်းပေါင်းစုံက ပါရမီရှင်တွေ့ဆုံပွဲထက် ဘာတွေကများ ပိုအရေးကြီးနိုင်မှာမိုလို့လဲ...."

"ငါက သန်မာတဲ့ကျွမ်းကျင်သူ အတော်များများကို ဖိတ်ခေါ်ထားတယ်။ မြင့်မြတ်ဂိုဏ်းရဲ့ တပည့်ခေါင်းဆောင် ရှချောင်ကောတောင် အပါအဝင်ပဲ...."

ရှချောင်ကော နာမည်ကို ကြားသည့်အခါ....

လျိုချင်းရှန် ရုတ်တရက် အံ့သြပျော်ရွင်သွား၏။

"သူမလည်း တိမ်စိမ်းမြို့မှာ ရှိတာလား...."

လင်းဂုဟိုင်ပြုံးလိုက်သည်။

"ဟုတ်တယ်၊ သူမက သူမဆရာ ရှန်ဂွမ်းရှန်နဲ့ အတူလာတာလေ...."

လျိုချင်းရှန်မျက်လုံးထဲ၌ သဘောကျမှုတွေ တစ်ဖျက်ဖျက်လက်နေခဲ့သည်။

"သူမကကော ဒီဖလှယ်ပွဲကို တက်မှာလား...."

ဒါက....

လင်းဂုဟိုင် မသေချာပေ။

"ငါသူမကို ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမယ့် လာမလာတော့ မသိဘူး...."

"အဆုံးမှာတော့ ရှချောင်ကောရဲ့အဆင့်အတန်းနဲ့ ငါ့တို့ဆွေးနွေးပွဲကို မလာလောက်ဘူး...."

လျိုချင်းရှန် စဥ်းစားလိုက်၏။'

"ဂျန်ဖန်း, သွားကြည့်ရအောင်...."

"ရှချောင်ကောက ရွှေရောင်စာရင်းမှာ အဆင့်သုံးပဲ။ သူမရဲ့စွမ်းရည်တွေက ထူးခြားတယ်...."

"သူမနဲ့သာ သိုင်းပညာဖလှယ်ရမယ်ဆိုရင် ငါတို့နှစ်ယောက်လုံးအတွက် အကျိုးရှိလိမ့်မယ်...."

သူမက ရှချောင်ကောကို အမြဲတမ်း စံနမူနာအဖြစ်သတ်မှတ်ထားခဲ့သည်။

ယခု နောက်ဆုံးမှာ တွေ့ဖို့အခွင့်အရေးရလာသည့်ဖြစ်၍ မလွဲချော်သွားချင်ပေ။

ဂျန်ဖန်းတွန့်ဆုတ်နေတာကိုမြင်သည့်အခါ လျိုချင်းရှန် ခြေဆောင့်လိုက်၏။

"ငါ့အတွက်တောင် နေပေးလိုမရဘူးလား...."

ဂျန်ဖန်းအကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။

"ကောင်းပါပြီ...."

လျိုချင်းရှန် ချိုသာစွာပြုံးလိုက်ပြီး ဂျန်ဖန်းနှင့်အတူ ဘေးချင်းယှဥ်ပြီး ပျော်ရွင်စွာ လျှောက်လမ်းသွားခဲ့သည်။

လင်းဂုဟိုင် မျက်မှောင်ကြုတ်သွား၏။

သူက မနာလိုမှုကို ခံစားလိုက်ရသည်။

ယောကျ်ားတွေအပေါ် အမြဲအေးစက်ပြီး အကြင်နာကင်းမဲ့သည့် လျိုချင်းရှန်က အမှန်တကယ်ပဲ ဂျန်ဖန်ရှေ့မှာ ရှက်ဟန်ဆောင်နေသည်လား....

ဂျန်ဖန်းနှင့် နှိုင်းယှဥ်လျင် သူက ဘာတွေများချို့တဲ့နေသနည်း။

မကျေနပ်သည့်အမူအရာဖြင့် သူတို့နောက်ကနေ စားသောက်ဆိုင်ထဲကို လိုက်ပါလာခဲ့သည်။

လင်းဂုဟိုင်က အကောင်းဆုံးအခန်းကို ငှားထားခဲ့၏။

အခန်းက အတော်ကျယ်ကာ အလယ်၌ သိုင်းပညာဖလှယ်ဖို့ ကွင်းအသေးစားလေးတစ်ခုရှိနေခဲ့သည်။

လျိုချင်းရှန် အခန်းတွင်းကို ဝင်လိုက်သည်နှင့် လှုပ်လှုပ်ရှားရှာဖြစ်သွား၏။

"ဒါ လျိုချင်းရှန်ပဲ, သူမကို တကယ်ပဲ ဖိတ်ခေါ်ခဲ့တာပဲ...."

"သူမအော်ရာက တကယ့်ကို အမြုတေဖွဲ့စည်းခြင်းအဆင့်ပဲ။ ကောလဟာလတွေက အမှန်တွေပဲကိုး. သူမက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်သွားပြီ...."

"ဒါဆို, နန်းကုန်းရှောင်ယွင်ကိုရိုက်တာက ကောလဟာလသက်သက် မဟုတ်ဘူးပဲ..."

"သူမ အလျှင်အမြန်တိုးတက်ရတဲ့ နောက်ကွယ်ကကျွမ်းကျင်သူက ဘယ်သူများလဲ..."

.....

လျိုချင်းရှန် လက်ချင်းယှက်နှုတ်ဆက်လိုက်၏။ ထို့နောက် မတွေဝေပဲ အဓိကထိုင်ခုံမှာ ထိုင်လိုက်၏။

"ငါ့နားမှာလာထိုင်...."

ထိုအရာတင်မကသေး, သူမက ဂျန်ဖန်းကိုပါ သူမဘေးမှာထိုင်ဖို့ ပြောလိုက်၏။

ရှိနေကြသည့် ပါရမီရှင်တွေ အံ့သြသင့်သည့်အမူအရာတွေ ထုတ်ဖော်လာကြသည်။

'သူက ဘယ်သူလဲဟ, လျိုချင်းရှန်ဘေးနားမှာတောင် ထိုင်နိုင်တယ်....'

ထိုအခိုက်အတန့်၌....

လင်းဂုဟိုင် လျှောက်ဝင်လာခဲ့သည်။

ဤအရာက ခွန်အားအပေါ်အခြေခံထားသည့် သိုင်းပညာဖလှယ်ပွဲတစ်ခုဖြစ်သည်။

ထို့ကြောင် ထိုင်ခုံတွေက ကျပန်းမဟုတ်ပေ။

လျိုချင်းရှန်ဘေးမှာထိုင်ရဖို့က သူသာထိုက်တန်၏။

ဂျန်ဖန်းက တကယ်ပဲ ထိုနေရာမှာသာ ထိုင်ဖို့ အရည်အချင်းပြည့်မှီသည်လား....

သို့ပေမယ့် သူက မကျေနပ်ချက်ကို ဖုံးကွယ်လိုက်ကာ ရည်ရွယ်ချက်ရှိရှိ နောက်ဆုံးမှာရှိသည့် ထိုင်ခုံမှာ ဝင်ထိုင်လိုက်၏။

ဤအရာကြောင့် ပတ်ဝန်းကျင်ရှိသိုင်းပညာရှင်တွေ အံ့အားသင့်သွားကြသည်။

လင်းဂုဟိုင်က ရွှေရောင်စာရင်း အဆင့် ၉ ဖြစ်ပြီး စစ်မှန်သည့်ပါရမီရှင်တစ်ယောက်ဖြစ်၏။

ထို့ပြင် သူက ဤဆွေနွေးပွဲကို ဦးစီးကျင်းပသူလည်းဖြစ်သည်။

ဘယ်လိုလုပ် သူ့ကို နောက်ဆုံးခုံမှာ ထိုင်ခိုင်းလို့ဖြစ်မည်နည်း။

"စီနီယာအကိုလင်း, ဘာလို့အဲ့မှာထိုင်နေတာလဲ။ မင်းက ထိပ်ဆုံးခုံမှာထိုင်သင့်တယ်...."

လင်းဂုဟိုင် စိတ်မဝင်စားဟန်ဆောင်လိုက်၏။

"ရပါတယ်, ဂျူနီယာညီလေးဂျန်ကိုပဲ ငါ့ခုံမှာထိုင်ခိုင်းလိုက်ပါ...."

သူက သိသာစွာပဲ ဂျန်ဖန်းနာမည်ကို တပ်ပြောလိုက်၏။

ထိုအရာကိုကြားသည့်အခါ လူတိုင်း ကြောင်သွား၏။

"ဂျန်ဖန်း? တိမ်စိမ်းဂိုဏ်း ဂိုဏ်းချုပ်လက်ခံထားတဲ့ စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်လား...."

"သူက အမှိုက်တစ်ယောက်မလား...."

"ဘယ်လိုလုပ်ပြီး ဖိတ်ခေါ်ခံရတာလဲ...."

"ပြိုင်ပွဲကွင်းနားက စီနီယာအကိုလင်းခုံမှာထိုင်နေတယ်တဲ့။ သူ့မှာ အသိစိတ်မရှိဘူးလား...."

လျိုချင်းရှန်ဘေးက ဂျန်ဖန်းဆိုတာ သိသွားသည့်အခါ...

သူတို့က လင်းဂုဟိုင်အတွက် ဒေါသထွက်သွားကြသည်။

ဂျန်ဖန်း မျက်မှောင်ကြုတ်လိုက်၏။

ထိုင်ခုံဆိုတာ သူ့အတွက် ဘာမှအရေးမကြီးပေ။

လင်းဂုဟိုင်ကိုပေးလိုက်ရတာက ပြဿနာမရှိပေ။ သို့ပေမယ့် နစ်နာသူဟန်ဆောင်ပြီး လူမုန်းအောင်လုပ်တာက အဆင့်နိမ့်လုပ်ရပ်ဖြစ်၏။

အစတုန်း၌ သူက အလျော့ပေးဖို့စဥ်းစားထား၏။ သို့ပေမယ့် ယခုအခါမှာတော့ သူက ထိုင်ခုံမှာ ခိုင်မြဲစွာထိုင်နေပြီး တည်ငြိမ်စွာပြောလိုက်သည်။

"ဒါထိုင်ခုံက လင်းဂုဟိုင်အတွက်ပဲ...."

"ဒါပေမယ့်, ငါ ဂျန်ဖန်း လည်း ဒီမှာထိုင်ဖို့ ထိုက်တန်တယ်...."

"လင်းဂုဟိုင်က နောက်ဆုံးမှာထိုင်ရတာကြိုက်ရင်, သူ့ကို အဲ့မှာပဲ ထိုင်ခိုင်းလိုက်ပါ...."

All Chapters