← Chapters

ဂျန်ဖန်းလောက်မကောင်းဘူး

Vol. 12 Ch. 168

ဂျန်ဖန်းလောက်မကောင်းဘူး

Vol. 12 Ch. 168

ရေကဲ့သို့ပင်။

ညင်သာသင့်သည့်အခါမှာ ညင်သာပြီး မာကျောသင့်သည့်အချိန်မှာ မာကျောရမည်ဖြစ်သည်။

ထိုကဲ့သို့ မကောင်းသည့်ရည်ရွယ်ချက်ရှိသူမျိုးကို ယဥ်ကျေးနေစရာမလိုပေ။

လင်းဂုဟိုင် ချက်ချင်း တောင့်တင်းသွား၏။

သူက လူတိုင်းကိုလှုံ့ဆော်ပေးပြီး ဂျန်ဖန်းကို အရှက်ရအောင်လုပ်ချင်ခဲ့၏။ ထိုမှသာ ဂျန်ဖန်း ပျာယာခတ်သွားပြီး ထိုင်ခုံပေးမှာလို့ ထင်ခဲ့၏။

သို့ပေမယ့် ဂျန်ဖန်းက စည်းမျဥ်းအတိုင်း မလုပ်ခဲ့ပေ။

သူက ထိုင်ခုံဖယ်မပေးရုံသာမက နာမည်တွေပါ ထုတ်ပြောခဲ့သည်။ ထိုအရာကြောင့် လင်းဂုဟိုင် ဒေါ်သထွက်ရမလား ငြိမ်နေရမလား မသိတော့ပေ။

ဒေါသထွက်ရအောင်လည်း ထိုလူက လျိုချင်းရှန် ခေါ်လာခဲ့တာဖြစ်သည်။

ငြိမ်ခံနေလျှင်လည်း ရွှေရောင်စာရင်းအဆင့် ၉ က တကယ်ပဲ နောက်ဆုံးခုံမှာ ထိုင်ရတော့မည်ပင်။

ကံကောင်းစွာဖြင့်....

ဂျန်ဖန်းစကားတွေက အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့သည်။

"ရိုင်းစိုင်းလိုက်တာ, ဒီလိုပုံစံနဲ့ အကိုကြီးလင်းကို ဘယ်လိုတောင်ပြောရဲရတာလဲ..."

"မင်းမှာအသိစိတ်မရှိဘူးလား... ဖယ်စမ်း..."

"ဒါက မင်းထိုင်နိုင်တဲ့နေရာလား...."

သို့ပေမယ် ဂျန်ဖန်း မလှုပ်မယှက်ရှိနေဆဲပင်။

သူက အော်ဟစ်နေသည့်လူအနည်းငယ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"လင်းဂုဟိုင်က ငါ့ကိုဒီမှာထိုင်ခိုင်းတာ...."

"လင်းဂုဟိုင်စကားကိုဆန့်ကျင်ရအောင် မင်းကဘယ်သူလဲ...."

သိုင်းပညာရှင်အနည်းငယ် ဒေါသထွက်သွားကြ၏။

ဂျန်ဖန်းစကားတွေက အဓိပ္ပာယ်မရှိတာ သူတို့သိ၏။ သို့ပေမယ့် ပြန်မချေပနိုင်ကြပေ။

ရည်ရွယ်ချက်ကောင်းမရှိသည့် လင်းဂုဟိုင်ကိုပဲ အပြစ်တင်ရမည်ပင်။ သူက ဂျန်ဖန်းကို ဒုက္ခရောက်စေချင်ပေမယ့် ဂျန်ဖန်းက စည်းမျဥ်းအတိုင်း မလုပ်ခဲ့ပေ။

ထိုအစား, လင်းဂုဟိုင်ကို ဘေးကျပ်နံကျပ်ဖြစ်သွားစေ၏။

လျိုချင်းရှန် နောက်ဆုံးမှာတော့ လင်းဂုဟိုင်စကားနောက်ကွယ်ရှိ ရည်ရွယ်ချက်ကိုနားလည်သွား၏။ သူမမျက်နှာအေးစက်သွားပြီး စားပွဲကိုရိုက်ကာ ပြောလိုက်သည်။

"ဂျန်ဖန်းကိုဒီမှာထိုင်ဖို့ ငါပြောခဲတာ...."

"ဘာလဲ, လင်းဂုဟိုင်နဲ့ ငါတောင် မကန့်ကွက်တာ နင်တို့တွေက ဘာဖြစ်နေတာလဲ..."

လူတိုင်း ရုတ်တရက် ပြောစရာစကား ပျောက်ဆုံးသွား၏။

လျိုချင်းရှန် ကြားဝင်လာပြီဖြစ်၍ သူတို့ ဘယ်လိုလုပ် မယဥ်မကျေးလုပ်ရဲမည်နည်း။

သိို့ပေမယ့် အချို့က လင်းဂုဟိုင်အတွက် ပြောပေးနေကြတုန်းဖြစ်သည်။

ပါးလွာသည့်ဝတ်စုံကိုဝတ်ဆင်ထားသည့် ရမ္မက်ဂိုဏ်းမှအမျိုးသမီးတပည့်တစ်ယောက် ကျက်သရေရှိစွာဖြင့် လင်းဂုဟိုင်ဘေးမှာဝင်ထိုင်လိုက်သည်။

သူမက သူမ၏စွဲမက်ဖွယ်ခန္ဓာကိုယ်ကို လင်းဂုဟိုင်လက်မောင်းပေါ်မှီလိုက်ပြီး ညို့ယူဖွယ်ကောင်းစွာပြောလိုက်သည်။

"ဂျူနီယာမောင်လေးလင်း ဘယ်မှာပဲထိုင်ထိုင် အဲ့နေရာက ခေါင်းဆောင်ထိုင်ခုံပဲ...."

လင်းဂုဟိုင် အနည်းငယ်ပြုံးလိုက်၏။

"နတ်သမီးရုယွယ်က အရမ်းကြင်နာတတ်တာပဲ..."

ထိုအရာက လင်းဂုဟိုင်ကိုမျက်နှာချိုသွေးဖို့ အကောင်းဆုံးအခွင့်အရေးဆိုတာ အခြားသိုင်းပညာရှင်တွေလည်း နားလည်လိုက်ကြ၏။

နောက်ပိုင်း သိုင်းပညာဖလှယ်ပွဲ၌ လင်းဂုဟိုင်သာ စိတ်အခြေအနေကောင်းလျှင် တစ်ကွက်နှစ်ကွက်လောက်ထောက်ပြပေးနိုင်၏။ ထို့သို့ဆိုလျှင် တစ်နှစ်နှစ်နှစ်လောက် ခက်ခက်ခဲခဲလေ့ကျင့်တာထက် ပိုအကျိုးများမည်ပဲဖြစ်သည်။

ထို့ကြောင့် သူတို့အားလုံး မတ်တပ်ရပ်လိုက်ကြ၏။

"အမှန်ပဲ၊ ထိုင်ခုံအဆင့်ကို ထိုင်ခုံက ဆုံးဖြတ်တာမဟုတ်ဘူး။ ထိုင်တဲ့လူကပဲ ဆုံးဖြတ်တာ....."

"ဂျူနီယာညီလေးလင်း, ဒီခုံက အမြင့်ဆုံးထိုင်ခုံပဲ...."

သူတို့တွေ ထိုင်ခုံနဲ့ပတ်သက်ပြီး ရေးကြီးခွင်ကျယ်လုပ်နေတာကိုမြင်သည့်အခါ....

ဂျန်ဖန်း တွန့်ဆုတ်စွာပြောလိုက်သည်။

"ငါမလာချင်ပါဘူးလို့ မင်းကိုပြောခဲ့သားပဲ...."

"အချိန်ဖြုန်းနေမဲ့အစား ဘာလို့ကျင့်ကြံရေးကို အာရုံမစိုက်တာလဲ...."

လျိုချင်းရှန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"တော်တော်စိတ်ရှုပ်စရာပဲ, ရည်ရွယ်ချက်ကောင်းနဲ့ကျင်းပတဲ့ သိုင်းပညာဖလှယ်ပွဲက ဘယ်လိုလုပ်ပြီး အခုပုံစံပြောင်းသွားရတာလဲ...."

"ခဏနလောက်စောင့်လိုက်ရအောင်၊ ရှချောင်ကောမလာတော့ရင် ငါတို့လည်း ပြန်ရအောင်...."

ဤအခြေအနေကို သူမနောက်ထပ် သည်းမခံနိုင်တော့ပေ။

သို့ပေမယ့် လင်းဂုဟိုင် အာရုံစိုက်မှုအလယ်ရောက်နေ၍ အတော်လေး ပျော်ရွင်နေခဲ့သည်။

သူက သမန်ကာဆန်ကာပြုံးပြီး ပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန်, ငါ့ထိုင်ခုံမှာ မင်းကြိုက်သလိုထိုင်ပါ..."

လူအုပ်မနေနိုင်ပဲ လှောင်ပြောင်လိုက်၏။

ကျီရုယွယ် သူမ၏လှပသည့်မျက်တောင်လေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး လင်းဂုဟိုင်ကို ပိုမိုမြှောက်ပင့်လိုက်၏။

"ဂျူနီယာမောင်လေးလင်း, ငါနင့်ရဲ့ထူးခြားတဲ့ဓားပညာကို အချိန်အတော်ကြာတကည်းက ကြားဖူးတယ်။ ဂိုဏ်း ၉ ဂိုဏ်းမှာတော့ နင့်ဓားပညာက ပြိုင်ဘက်ကင်းပဲ...."

"ရုယွဲ့ အချိန်အတော်ကြာကတည်းက အဲ့ဒါကို သဘောကျနေခဲ့တာ။ ငါ့ဆန္ဒတွေပြည့်ဝသွားဖို့ ဖြစ်နိုင်ရင် ဓားရေးတစ်ကွက်လောက် ပြပေးပါ့လား...."

သူမစကားတွေနှင့်အတူ....

လူတိုင်း စိတ်ဝင်စားလာကြသည်။

အချို့က အသင်္ချေဓားဂိုဏ်းမှ ဤပါရမီရှင်တပည့်၏ဓားပညာကို အမှန်တကယ် မြင်ချင်နေကြ၏။

လင်းဂုဟိုင်လည်း လျိုချင်းရှန်ရှေ့မှာ ရှိုးပြချင်၏။

လျိုချင်းရှန်က ဓားပညာကိုအဓိကထားကျင့်ကြံတာအား သူကြားသိခဲ့၏။

ထို့ပြင် အသင်္ချေဓားဂိုဏ်း၏ဓားပညာက ထိုအပိုင်း၌ ပြိုင်ဘက်ကင်းဖြစ်သည်။

ထို့ကြောင့် သူက တောက်ပသည့်အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

"လူတိုင်းမြင်ချင်နေမှတော့, ငါရဲ့နှိမ့်ကျတဲ့ အရည်အချင်းကို ပြပေးပါ့မယ်...."

သူက မတ်တပ်ထရပ်လိုက်ပြီး အခန်းအလယ်ရှိစင်မြင့်အသေးလေးပေါ် သွားလိုက်သည်။

ထို့နောက် သူ့ဓားရိုးကိုဆုပ်ကိုင်ကာ ရုတ်တရုတ် ဆွဲထုတ်လိုက်၏။

အေးစက်စက်အလင်းတစ်ချက်လက်သွားပြီး ကျောချမ်းဖွယ်ဓားအလင်းတန်းက သူတို့နှလုံသားတွေကိုပိုင်းဖြတ်လိုက်သကဲ့သို့ တခိုက်ခိုက်တုန်ယင်သွားစေခဲ့သည်။

ဂိုဏ်းများစွာမှ ပါရမီရှင်တပည့်အားလုံး သူတို့မျက်လုံးထဲမှာ အံ့အာသင့်သည့်အမူအရာတွေ ပြသလာကြသည်။

"တော်တော်အထင်ကြီးဖို့ကောင်းတဲ့ဓားချီပဲ။ ဓားဆွဲထုတ်ရုံလေးနဲ့ ဒီလို အရှိန်အဝါမျိုးရှိနေတယ်...."

"အသင်္ချေဓားဂိုဏ်းရဲ့ဓားပညာက တကယ့်ကိုးချဲ့ကားပြောထားတာ မဟုတ်ဘူးပဲ...."

"လင်းဂုဟိုင်ရဲ့ ရွေးရောင်စာရင်းအဆင့် ၉ က တကယ်ထိုက်တန်တယ်...."

လင်းဂုဟိုင် တိတ်တဆိတ် ကျေနပ်နေခဲ့သည်။ လျိုချင်းရှန်ကိုကြည့်လိုက်သည့်အခါမှာတော့ သူမအာရုံစိုက်နေတာကိုမြင်ပြီး ပိုလို့တောင် ပျော်ရွင်သွားခဲ့သည်။

သူက ချက်ချင်းပဲ သူ၏အကောင်းဆုံးဓားသိုင်းတစ်ခုကို တင်ဆက်ပြလိုက်၏။

"လနောက်လိုက်သောဥက္ကာခဲ...."

"နေကိုဖြတ်သော ကောင်းကင်သက်တံ့...."

"မဟာချိုးဖြတ်ခြင်းအထွေထွေကြယ်...."

.....

သူ့ဓားပညာက ၎င်း၏စွမ်းအားကြောင့် နာမည်ကြီးပြီး တစ်ကွက်ချင်းစီက နောက်ဆုံးတစ်ခုထက်ပိုသန်မာ၏။

ဓားချီက အားကောင်းသည့်ဓားအလင်းတန်းထောင်ချီအဖြစ် ပိုင်းဖြတ်သွား၏။

သူခြေအောက်ရှိ ကျောက်တုံးစင်မြင့်၌ မျက်စိနှင့်မမြင်နိုင်သည့် ဓားရာများဖြစ်ပေါ်လာခဲ့သည်။

နံရံပေါ်ရှိအလှဆင်စာလိပ်များလည်း အစိတ်စိတ်အမြွာမြွာဖြစ်ကာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

ကြည့်နေကြသည့်လူများလည်း ကျယ်ပြောသည့်သမုဒ္ဒရာထဲမှာရှိနေသကဲ့သို့ အသက်ရူကြပ်မှုကို ခံစားလိုက်ရသည်။

လင်းဂုဟိုင် အမှားအယွင်းတစ်ခုခုဖြစ်သွားပြီး ဓားချီထိန်းချုပ်မှုရှုံးဆုံးကာ သူတို့ကိုပါထိခိုက်သွားမည်ကို ကြောက်ရွံ့နေခဲ့ကြ၏။

ရွပ်!

ဓားရှည် ဓားအိမ်ထဲပြန်ထဲပြီးသည့်အခါ ဓားရေးပြသမှု ပြီးစီးသွားခဲ့၏။

လူတိုင်းနှလုံးသားထဲရှိ တင်းမာနေသည့်ကြိုးများ နောက်ဆုံးမှာ ပြေလျော့သွားပြီး သက်ပြင်းရှည်ကြီးချလိုက်ကြသည်။

ကျီရုယွဲ့ သူမနဖူးမှချွေးတွေကိုသုတ်လိုက်ပြီး မျက်လုံးထဲမှာ သဘောကျမှုတွေနဲ့ပြည့်နှက်နေခဲ့သည်။ သူမက ကြောက်ရွံ့သည့်ပုံစံဖြင့် ရင်ဘတ်ကို အသာအယာပုတ်လိုက်၏။

"ဂျူနီယာမောင်လေးလင်း, မင်းက ဓားရေးပြသတဲ့အချိန်မှာ အတော်ကြောက်စရာကောင်းတာပဲ...."

"ငါ့ကိုထိခိုက်မှာတောင် ကြောက်မိတယ်...."

အခြားလူတွေလည်း ကြောက်ရွံ့နေကြ၏။

"လူကြီးလူကောင်းပုံစံရှိပြီး လှုပ်ရှားတဲ့အခါမှာတော့ မိုးကြိုးသွားတစ်စင်းလိုပဲ။ ဒါက စီနီယာအကိုလင်းကို ဖော်ပြဖို့ အကောင်းဆုံး စကားလုံးပဲ....."

"ရွှေရောင်စာရင်း အဆင့် ၉ က ဘာကိုဆိုလိုလဲဆိုတာ ငါဘယ်တုန်းကမှ နားမလည်ခဲ့ဘူး။ ဒါပေမယ့် အခုတေ့ နောက်ဆုံးမှာ ငါနားလည်သွားခဲ့ပြီ။ အခြေခံတည်ဆောက်ခြင်းအဆင့်မှာရှိတဲ့ ငါတို့တွေ အသက်တောင်မရူနိုင်ဘူး။ တိုက်ခိုက်ဖို့ဆိုရင်တော့ မပြောနဲ့တော့...."

ဤတစ်ချိန်၌ သူတို့ မျက်နှာချိုသွေးရုံ မဟုတ်တော့ပေ။

ထိုစကားတွေက နှလုံးသားထဲမှလာသည့် အရာတွေဖြစ်သည်။

သူ့အကျင့်စရိုက်ကိုမကြိုက်သည့် ဂျန်ဖန်းတောင် မနေနိုင်ပဲ ချီးကျူးလိုက်၏။

"ဒီကောင်က တကယ် အရည်အချင်းရှိသားပဲ...."

ခုလေးတင်ပြသခဲ့သည့် ဓားသိုင်းက ချောမွေ့နေပြီး စွမ်းအင်ချုပ်မှုကလည်း ကောင်း၏။

ရွှေရောင်စာရင်းအဆင့် ၉ ကို ရောက်ဖို့ သူမှာတကယ်ပဲ ဝှက်ဖဲအချို့ရှိနေခဲ့သည်။

ချီးကျူးမှုတွေကြားသည့်အခါ လင်းဂုဟိုင် စိတ်ထဲမှာပျော်ရွင်းသွား၏။ သူက တစ်လျှောက်လုံး စကားတစ်ခွန်းမှ မပြောသည့် လျိုချင်းရှန်ကို ပြုံးပြလိုက်သည်။

"ဂျူနီယာညီမလျို, ငါ့ဓားပညာကို ထောက်ပြစရာတစ်ခုခုများရှိလား...."

လူတိုင်းနားလည်၏။

လင်းဂုဟိုင်က လျိုချင်းရှန်နှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ ဓားပညာကို အသုံးပြုနေတာပဲဖြစ်သည်။

သူတို့အားလုံး ကျီစယ်သည့်အမူအရာတွေ ပြသလာကြ၏။

လင်းဂုဟိုင် ဤကျော်ကြသည့်ဂိုဏ်း ၉ ဂိုဏ်းအလှလေး၏နှလုံးသားကို ဘယ်လိုအနိုင်ယူမလဲဆိုတာ မြင်ချင်နေကြ၏။

မမျှော်လင့်စွာပဲ....

လျိုချင်းရှန် အမူအရာက ထူးမခြားနား ရှိနေဆဲပင်။ သူက စကားလေးလုံးကို ရိုးစင်းစွာပဲပြောလိုက်သည်။

"ဂျန်ဖန်းလောက် မကောင်းဘူး....."

လင်းဂုဟိုင်ဓားပညာက အမှန်တကယ်ထူးချွန်တာကို သူမဝန်ခံ၏။

သို့ပေမယ့် ဂျန်ဖန်း၏ 'ဓားနှလုံးသားထွင်းထုခြင်း'ကို မြင်ပြီးနောက် လင်းဂုဟိုင်ဓားပညာက ဘာမှမဟုတ်တော့ပေ။

၎င်း၏ကြောက်စရာကောင်းသည့် ဓားချီအလင်းတန်းတွေကို သူမ ခုချိန်ထိ ရှင်းရှင်းမှတ်မိနေဆဲဖြစ်သည်။

ထို့ကြောင့် လင်းဂုဟိုင်ဓားပညာက သူမကို လုံးဝမဆွဲဆောင်နိုင်ခဲ့ပေ။

အခန်းထဲရှိလေထု ရုတ်တရက် အေးစိမ့်သွား၏။

လူတိုင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး သူတို့နားသူတို့ မယုံနိုင်ဖြစ်သွားကြ၏။

ဂျန်ဖန်းလောက်မကောင်းဘူး?....

လင်းဂုဟိုင်ဓားပညာက ဂျန်ဖန်းလောက် မကောင်းဘူး။

လျိုချင်းရှန် တကယ်ပြောနေတလား....

ထို့ပြင် စိတ်ရောကိုယ်ပါ ရှိုးပြဖို့ကြိုးစားနေသည့် လင်းဂုဟိုင် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရ၏။

အဆုံးမှာတော့ သူ၏ကြိုးစားမှုတွေက ဤကဲ့သို့အဖြေသာပြန်ရခဲ့သည်။

မနေနိုင်ပဲ ဂျန်ဖန်းကို ကြည့်လိုက်ပြီး မျက်လုံးတွေထဲမှာ စိတ်ရှုပ်ထွေးမှုတွေ ပြည့်နှက်သွား၏။

ဘယ်လိုလုပ်ပြီး စိတ်ဝိညာဥ်အမြစ်မရှိသည့် လူတစ်ယောက်လောက်တောင် မတော်ရတာနည်း။

တဲ့တိုးပြောရလျှင် ထိုကောင်က အမှိုက်တစ်ယောက်ဖြစ်၏။

သူ့နှလုံးသားထဲမှာ နက်ရှိုင်းတဲ့ဆန္ဒမရှိမှုတွေ ဖြစ်ပေါ်လာပြီး တင်းမာသည့်အမူအရာဖြင့် ပြောလိုက်သည်။

"အဲ့လိုလား?... ဒါဆို ဂျူနီယာညီလေးဂျန်ရဲ့ ဓားပညာက အတော်လေးထူးချွန်မှာပဲ...."

"ဂျူနီယာညီလေးဂျန် ဖြစ်နိုင်ရင် သရုပ်ပြပေးနိုင်မလား...."

"ဒါဆို ငါ့ထက်ဘာတွေပိုကောင်းလဲဆိုတာ နားလည်သွားတာပေါ့...."

All Chapters