← Chapters

ပရိတ်သတ်ကိုအံ့အားသင့်စေခြင်း

Vol. 12 Ch. 169

ပရိတ်သတ်ကိုအံ့အားသင့်စေခြင်း

Vol. 12 Ch. 169

ဂျန်ဖန်း လျိုချင်းရှန်ကို ဒေါသတကြီးကြည့်လိုက်ပြီး အသံနိမ့်ကာ ပြောလိုက်သည်။

"ငါ့အကြောင်းမပြောရင် မင်းသေသွားမှာမိုလို့လား...."

လျိုချင်းရှန် မျက်လုံးတွေထဲ၌ ကောက်ကျစ်သည့်အရိပ်အယောင်တွေ ထွက်ပေါ်လာခဲ့သည်။

"စကားကိုလျှော့ပြော။ စိန်ခေါ်မှုကို လက်မခံသေးဘူးလား...."

ဒါပေါ့ ဂျန်ဖန်းကိုထည့်ပြောလျှင် ပစ်မှတ်ထားခံရမည်ဆိုတာ သူမသိ၏။

သို့ပေမယ့် သူမက ထိုအရာကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာဖြစ်သည်။

ထို့ပြင် ဂျန်ဖန်းထက်နိမ့်ကျသည်ဆိုသည့် အလွန်နာကျင်စရာကောင်းသည့်စကားကိုတောင် ပြောခဲ့သည်။

သူတို့ကို ဘယ်သူက ဂျန်ဖန်းအား အထင်သေးပြီး သူ့အကြောင်း မကောင်းပြောခိုင်းလို့နည်း။

ဂျန်ဖန်းအား ကောင်းကောင်းလုပ်ဆောင်ခိုင်းပြီး သူတို့မျက်နှာတွေကိုဖြတ်ရိုက်ရမည်ပင်။

ဂျန်ဖန်း၏ လျစ်လျူရှူတတ်သည့် သဘာဝနှင့် သူမသာ အစီမစဥ်မကျလျှင် ဤကိစ္စတွေကို လုံးဝ ဂရုစိုက်မည်မဟုတ်ပေ။

ထို့ကြောင့် ဤမြင်ကွင်း ဖြစ်ပေါ်လာတာဖြစ်သည်။

ဂျန်ဖန်း စကားမပြောနိုင်ဖြစ်သွား၏။

သူက တကယ်ပဲ အများရှေ့မှာ ဘာမှ မပြသချင်ပေ။

ထို့ကြာင့် လင်းဂုဟိုင်ဆီလက်ချင်းယှက်ကာ ပြောလိုက်သည်။

"ငါ့ဓားပညာက သာမန်ပါပဲ။ ငါ့ကိုယ်ငါ ဂိုဏ်း ၉ ဂိုဏ်း ပါရမီရှင်တပည့်တွေရှေ့မှာ အရှက်မရချင်ဘူး..."

"စီနီယာအမလျိုရဲ့စကားတွေကို စိတ်ထဲမထားပါနဲ့...."

သို့ပေမယ့် ဘယ်လိုလုပ် လင်းဂုဟိုင် ထိုကိစ္စကို ဒီတိုင်းထားနိုင်မည်နည်း။

လျိုချင်းရှန်စကားက သူ့ကို လူအများရှေ့မှာ ကို့ရို့ကားယားအခြေအနေကို ရောက်သွားစေ၏။

ဂျန်ဖန်းသာ မလှုပ်ရှားလျှင် သူမစကားကို သူဘယ်လိုလုပ် ချေပနိုင်မည်နည်း။

"ဂျူနီယာညီလေးဂျန်, မင်းငါ့ကို မျက်နှာသာမပေးတာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် မင်းက တိမ်စိမ်းဂိုဏ်းကိုလည်း မျက်နှာပျက်စေလိမ့်မယ်...."

လင်းဂုဟိုင်မျက်နှာက အတော်လေး မကျေမနပ်ဖြစ်နေခဲ့သည်။

"ဂိုဏ်းပေါင်းစုံရဲ့ ပါရမီရှင်တွေအားလုံး ဒီမှာရှိနေတယ်။ ဒါဟာ သူတို့ဂိုဏ်းတွေရဲ့ ဂုဏ်သိက္ခာကိုကိုယ်စားပြုတယ်...."

"မင်းကြောက်လို့ မတိုက်ခိုက်ရင် တိမ်စိမ်းဂိုဏ်းပဲ အရှက်ရမှာ...."

ဘုရားရေ, ထိုအရာက သူမျက်နှာပြန်ရချင်နေတာ အသိသာကြီးပင်။

ဒါကို ဂိုဏ်းတွေပါ ပါဝင်လာခဲ့သည်။

ဤလောက်ထိပြောနေမှတော့ ဂျန်ဖန်း ရွေးချယ်စရာမရှိတော့ပေ။

သူက တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

"တိုက်ခိုက်တာကိုတော့ မလုပ်နဲ့တော့။ ငါကျင့်ကြံရေးက နိမ့်တယ်လေ။ ဓားရေးအချို့ပဲ ပြလိုက်မယ်...."

ဒါပေါ့ လင်းဂုဟိုင်းအဖြစ်စေချင်ဆုံးအရာက ဂျန်ဖန်းကိုရိုက်ပြီး သူ့ခွန်းအားကို ပြသချင်တာပဲဖြစ်သည်။

သို့ပေမယ့် ထိုအရာက မျှတသည့် အောင်မြင်မှုတစ်ခု ဖြစ်လိမ့်မည်မဟုတ်ပေ။

အဆုံးမှာတော့ သူက အမြုတေဖွဲ့စည်းခြင်းအဆင့်ဖြစ်ပြီး ဂျန်ဖန်းကတော့ အခြေခံတည်ဆောက်ခြင်းအဆင့်သာဖြစ်သည်။

(ရှေ့အပိုင်းမှာ လင်းဂုဟိုင်ကို အခြေခံတည်ဆောက်ခြင်းနောက်ပိုင်းအဆင့်လို့ရေးထားခဲ့သည်။ ဒီထဲပါတဲ့အတိုင်းပဲ ပြန်ထားတာပါ။)

ထို့ကြောင့် ဓားရေးပဲပြတာလည်း ကောင်း၏။

ဂိုဏ်းပေါင်းစုံမှ ပါရမီရှင်တွေရှိနေသည့်အတွက် သူတို့က တစ်ချက်ကြည့်ရုံဖြင့် ဓားပညာအရည်အချင်းကို သိနိုင်တာပဲဖြစ်သည်။

"ကောင်းပြီလေ, ဒါဆိုလည်း ဆက်လုပ်ပါ...."

ဂျန်ဖန်း လုပ်ဆောင်ဖို့ တွန်းအားပေးခံလိုက်ရပြီး တွန့်ဆုတ်စွာဖြင့် စင်ပေါ်ကိုတက်လိုက်သည်။

ထို့နောက် သာမန်အတိုင်း သူ၏အနက်ရောင်ဓားကိုဆွဲထုတ်ကာ လျော့ရဲရဲ ကိုင်ထားလိုက်၏။

သရုပ်ပြခြင်းဖြစ်သည့်အတွက်ကြောင့် အနည်းငယ်လေးလုပ်ပြလိုက်လျှင် အဆင်ပြေ၏။ အစွမ်းကုန်လုပ်ဆောင်ဖို့ မလိုအပ်ပေ။

ဤပုံစံက ချက်ချင်းပဲ သံသယများစွာကို ဆွဲဆောင်သွားခဲ့သည်။

"ဓားဆွဲထုတ်တာက ဘာအရှိန်အဝါမှမရှိဘူး။ သူ့ဓားပညာက လင်းဂုဟိုင်ထက်သာနိုင်မှာတဲ့လား...."

"သူက ဓားပညာလေ့ကျင့်ဖူးတဲ့လူတစ်ယောက်နဲ့တောင် မတူဘူး...."

"လင်းဂုဟိုင် ဓားဆွဲထုတ်တုန်းက ဓားနဲ့တစ်သားတည်းပဲ။ အခု သူ့ကျတော့ကော...."

ကျီရုယွဲ့ သူမအနီရောင်နှုတ်ခမ်းလေးကိုကိုက်ပြီး မျက်လုံးထဲမှာ ရွံ့ရှာသည့်အရိပ်အယောင်တွေ ပြသလာခဲ့သည်။

သူမက ထေ့ငေါ့လှောင်ပြောင်လိုက်၏။

"လူတိုင်းပဲ ဂရုစိုက်ကြပါ...."

"သူ ဓားတောင်မကိုင်နိုင်လို့ လွင့်ထွက်လာရင် အန္တရာယ်အရမ်းများတယ်နော်....."

ထိုအရာကို ကြားသည့်အခါ လူတိုင်း ကျယ်လောင်စွာရယ်လိုက်ကြသည်။

လင်းဂုဟိုင်လည်း အထင်သေးသည့်အရိပ်အယောင်တွေ ပြသလာ၏။

ဤကဲ့သို့လူမျိုးက သူနှင့် ဓားပညာယှဥ်ပြိုင်ဖို့ ထိုက်တန်သည်လား....

သို့ပေမယ့်....

ကျယ်လောင်သည့်ပေါက်ကွဲသံကြောင့် ရယ်သံတွေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ဂျန်ဖန်း ဓာပညာ စတင်သရုပ်ပြနေပြီဖြစ်သည်။

"အလင်းခွဲဓား...."

ဓားချီတွေ ပေါက်ကွဲထွက်လာပြီး သူ့ရှေ့က လေထုကို ရိုက်ခတ်ကာ ကျယ်လောင်သည့်မိုးခြိမ်းသံတွေ ထွက်ပေါ်လာခဲ့သည်။

အခန်းက အလုံပိတ်အခန်းဖြစ်သည့်အတွက် မိုးခြိမ်းသံတွေပဲ့တင်ထပ်နေပြီး အရှိန်အဟုန်ကို အဆများစွာ တိုးမြှင့်သွားစေခဲ့သည်။

ချက်ချင်းဆိုသလိုပဲ ရယ်သံတွေ ရပ်တန့်သွားပြီး လူတိုင်း၏မျက်နှာတွေ အေးခဲသွားကြသည်။

"ဘာဖြစ်သွားတာလဲ...."

"ဒီအသံကြီးက ဘယ်ကထွက်လာတာလဲ...."

"ဒါ အဲ့ဒီဓားရဲ့ အထူးစွမ်းရည်လား...."

"ဒါမှမဟုတ်, ဂျန်ဖန်း ဓားပညာကြောင့်လား..."

သူတို့ စဥ်းစားနေစဥ်....

ဂျန်ဖန်း ဒုတိယဓားကွက်ကို သရုပ်ပြလိုက်၏။

"ပင်လယ်ထက်ကနေမင်း..."

ဤတစ်ချိန်၌ သူတို့တွေ ရှင်းရှင်းလင်းလင်း မြင်လိုက်ကြ၏။

အားကောင်းသည့်ဓားချီက ပင်လယ်ထဲမှာကူးခတ်နေသည့် ကြီးကျယ်ခမ်းနားသည့်နဂါးတစ်ကောင်ကဲ့သို့ သူတို့ရှေ့က လေထုကို ထိုးဖြဲသွားခဲ့သည်။

ပေါက်ကွဲထွက်လာသည့်ဓားချီက မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာ၏။

ထိုအရာကြောင့် သူတို့နားတွေ အူသွားကြသည်။

နံရံပေါ်ရှိ အလှဆင်ပစ္စည်းတွေလည်း တုန်လှုပ်ကာ ပြုတ်ကျကုန်၏။

ကြမ်းပြင်ပေါ်မှာထိုင်နေသည့်လူတွေလည်း ကြမ်းခင်းတုန်ခါသွားတာကိုခံစားမိပြီး သူတို့ခန္ဓာကိုယ်တွေ ထုံကျင်သွားကြ၏။

"ဒါက.... ဓာသိုင်းလား...."

"ဘယ်လိုဓားသိုင်းမျိုးက ဒီလောက်ကြောက်စရာကောင်းတဲ့စွမ်းအားရှိတာလဲ...."

ထို့နောက် တတိယဓားကွက် သရုပ်ပြလိုက်၏။

"ကောင်းကင်နှင့် မြေကမ္ဘာကြယ်ကြွေခြင်း...."

ပိုကြောက်စရာကောင်းတာက ပေါက်ကွဲထွက်လာသည့် ဓားချီစွမ်းအားပင်။

အတွေ့အကြုံရှိသည့် သိုင်းပညာရှင်တွေ၏မျက်နှာတွေ အကြီးအကျယ်ပြောင်းလဲသွားကြပြီး အာမေဋိတ်သံတွေ ထွက်ပေါ်လာ၏။

"ပြတင်းပေါက်တွေ မြန်မြန်ဖွင့်၊ ပြတင်းပေါက်တွေမြန်မြန်ဖွင့်... မဟုတ်ရင် ငါတို့အားလုံး နားလေးကုန်မယ်...."

ပြတင်းပေါက်နားရှိ သိုင်းပညာရှင်များစွာ အလျှင်အမြန်ပြေးဖွင့်လိုက်ကြသည်။

ထိုအချိန်မှာပဲ ကျယ်လောင်သည့် ပေါက်ကွဲသံက အခန်းကို တုန်ခါသွားစေ၏။

လူတိုင်း၏နားတွေ နားတွေ နာကျင်မှုကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်တွေ တုန်ယင်သွားကြသည်။

ကျယ်လောင်သည့်မိုးခြိမ်းသံက သူတို့အကြားအာရုံကိုဖျက်ဆီးပစ်လိုက်ပြီး တဝီဝီမြည်သံတွေသာ ကြားရတော့၏။

ဆယ်စက္ကန့်လောက်ကြာပြီးသည့်နောက်၌ သူတို့အကြားအာရုံတဖြည်းဖြည်း ပြန်ကောင်းလာခဲ့သည်။

ပတ်ပတ်လည်ကိုကြည့်လိုက်သည့်အခါ...

ခေါင်းမိုး၌ အပေါက်ကြီးရှိနေပြီး နံရံပေါ်ရှိ အလှတန်ဆာတွေလည်း ကြမ်းပြင်ပေါ်ပြုတ်ကျကာ ရှုပ်ပွနေ၏။

စင်မြင့်လည်း ဓားချီပေါက်ကွဲမှုကြောင့် ကြီးမားသည့်အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာခဲ့သည်။

မျက်စိတစ်မိတ်အတွင်းမှာပဲ အခန်းက ဖရိုဖရဲဖြစ်သွား၏။

ထို့ပြင် ထိုအရာက ပြတင်းပေါက်တွေ အချိန်မှီပိိတ်လိုက်၍သာ ပေါက်ကွဲမှု၏အကျိုးသက်ရောက်မှုကို လျော့ကျသွားစေတာဖြစ်သည်။

မဟုတ်လျှင် ရှိနေသည့်လူတိုင်း ဒဏ်ရာရသွားမည်ပင်။

သူတို့က ဂျန်ဖန်းကို တုန်လှုပ်စွာကြည့်လိုက်ပြီး မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

ဤဓားသိုင်းပညာက လင်းဂုဟိုင်ထက်များစွာ သာလွန်နေခဲ့သည်။

နှစ်ယောက်က တူညီသည့်အဆင့်မှာကို မရှိပေ။

"တိမ်စိမ်းဂိုဏ်းမှာ တကယ်ပဲ ဒီလိုအားကောင်းတဲ့ဓားသိုင်းပညာတစ်ခုရှိတာပဲ...."

"အသင်္ချေဓားဂိုဏ်းရဲ့ အသန်မာဆုံးဓားသိုင်းတောင် ဒီလောက် အံ့သြစရာကောင်းမှာမဟုတ်ဘူး...."

"ဒီဂျန်ဖန်းမှာ စိတ်ဝိညာဥ်အမြစ်မရှိဘူးဆိုတာ ဟာသတစ်ခုပဲနေမှာ..."

"ဒီလိုသန်မာတဲ့ဓားပညာနဲ့ဆို ဂိုဏ်း ၉ ဂိုဏ်းနယ်မြေမှာ ထိပ်တန်းအဆင့်ဝင်တယ်...."

"ကျင့်ကြံရေးသာလုံလောက်ရင် ဒီဓားသိုင်းနဲ့ လင်းဂုဟိုင်ကို အနိုင်ယူပြီး ရွှေရောင်စာရင်းအဆင့် ၉ ကို သိမ်းပိုက်ဖို့က အသေအချာပဲ...."

....

သရုပ်ပြမှုပြီးနောက် လူတိုင်းက ဂျန်ဖန်းကို အသစ်ဖြစ်လာသည့်လေးစားမှုတွေနှင့်ကြည့်လာကြ၏။

မည်သူမှ သူ့ကို စိတ်ဝိညာဥ်အမြစ်မရှိသည့် တပည့်ဟု နောက်ထပ် မပြောရဲကြတော့ပေ။

လင်းဂုဟိုင်မျက်နှာ၌ မကျေနပ်မှုတွေ ရှိနေခဲ့၏။

ဤဓားသိုင်းက သူ့ထက်များစွာ သာလွန်နေခဲ့သည်။

သူနှင့် လူအားလုံးကို အတုန်လှုပ်စေဆုံးကတော့....

ဂျန်ဖန်း သူ့ထိုင်ခုံကိုပြန်ရောက်သည့်အခါ လျိုချင်းရှန်က သူ့ကို သူမလက်သီးဖြင့် အသာအယာထိုးပြီး စောတကတက်လိုက်တာပဲဖြစ်သည်။

"ဘာလို့ နင် အစွမ်းကုန်ထုတ်မပြခဲ့တာလဲ...."

အနည်ထိုင်တော့မည့် သူတို့၏တုန်လှုပ်မှုတွေလည်း တစ်ဖန် ပြန်လည် ဖြစ်ပေါ်လာခဲ့၏။

လက်စသတ်တော့ အစောပိုင်းက ဂျန်ဖန်း အလေးအနက်မထားပဲ သမန်ကာဆန်ကာ လုပ်ခဲ့တာပဲဖြစ်သည်။

ဓားကိုလျော့တိလျော့ရဲကိုင်ထားသည့် သူ့ပုံစံကိုပြန်တွေးမိသည့်အခါ မည်သူမှ လျိုချင်းရှန် ပြောတာကို သံသယမရှိတော့ပေ။

လင်းဂုဟိုင်မျက်နှာ အနည်းငယ် အရုပ်ဆိုးသွား၏။

လက်စသတ်တော့ လျိုချင်းရှန် မှန်နေခဲ့၏။

သူက အမှန်တကယ်ပဲ ဂျန်ဖန်းထက်နိိမ့်ကျ၏။

ကျီရုယွဲ့ သူမအနီရောင်နှုတ်ခမ်းလေးကို အနည်းငယ်ကိုက်လိုက်၏။ အစောပိုင်း သူမ၏လှောင်ပြောင်မှုတွေက ကိုယ့်မျက်နှာကိုယ်ပြန်ရိုက်သလိုဖြစ်နေပြီး အတော်လေး ရှက်ရွံ့သွားခဲ့သည်။

သူမက လှောင်ပြောင်စွာပြောလိုက်သည်။

"သူက အားကောင်းတဲ့ဓားသိုင်းပညာတစ်ခုကို သိတာ တိုက်ဆိုင်မှုတစ်ခုပါပဲ...."

"သိုင်းပညာလမ်းကြောင်းမှာ အလုံးစုံခွန်အားကမှ အဓိကပဲ။ ဓားသိုင်းဆိုတာ အစိတ်အပိုင်းလေးတစ်ခုပဲလေ..."

လူတိုင်း သဘောတူကြ၏။

ဂျန်ဖန်းဓားသိုင်းက လင်းဂုဟိုင်ထက်များစွာ သာလွန်နေသော်လည်း....

မည်သူမှ ဂျန်ဖန်းအဆင့်အတန်းက လင်းဂုဟိုင်ထက်မြင့်တယ်လို့ မထင်ကြပေ။

သူက အစစ်အမှန်ခွန်းအားဖြင့် ရွှေရောင်စာရင်းပေါ်မှာ အဆင့် ၉ ရခဲ့တာဖြစ်သည်။

ဂျန်ဖန်းကကော?...

သူက နာမည်မရှိသည့်လူဖြစ်သည်။ ပိုကောင်းအောင်ပြောရလျှင် ဂိုဏ်း ၉ ဂိုဏ်းမှာ စိတ်ဝိညာအမြစ်မရှိသည့်တပည့်ဟု ကျော်ကြား၏။

အဆင့်အတန်းအရဆိုလျှင် သူက လုံးဝ လင်းဂုဟိုင်ကို မယှဥ်နိုင်ပေ။

ထို့ကြောင့် တစ်ခဏတုန်လှုပ်ပြီးနောက် လူတိုင်း လင်းဂုဟိုင်ကို ဆက်လက်ချီးကျူးလိုက်ကြ၏။

လျိုချင်းရှန် မနေနိုင်ပဲ အထင်သေးစွာပြောလိုက်သည်။

"သာကူးတစ်သိုက်ပါ့လား...."

"ဂျန်ဖန်းခွန်းအားတိုးတက်လာရင် နင်တို့ဘာပြောမလဲကြည့်ကြတာပေါ့..."

သို့ပေမယ့် သူမထိုအရာပြောတာ သိပ်ယုံကြည်မှုမရှိပေ။

ဘယ်လောက်ပဲတိုးတက်တိုးတက် ဂျန်ဖန်းအဆင့်အတန်းက လင်းဂုဟိုင်ကို အချိန်တိုအတွင်းတော့ ယှဥ်နိုင်မည်မဟုတ်ပေ။

လင်းဂုဟိုင်ကျော်ကြားမှုက ကောင်းကောင်းတည်ထောင်ထားပြီးပြီဖြစ်သည်။

ဂျန်ဖန်း ဘယ်လိုလုပ် ထိုအရာနှင့် ယှဥ်ပြိုင်နိုင်မည်နည်း။

သို့ပေမယ့် ထိုအခိုက်အတန့်၌...

စားပွဲထိုးတစ်ယောက် အလျှင်အမြန်ပဲ ပြေးတက်လာခဲ့သည်။

"ဧည့်သည်တော်တို့, နတ်သမီးရှချောင်ကော ဆိုတဲ့နာမည်ကို သိလားမသိဘူး...."

"သူမက တစ်ယောက်ကိုရှာနေတယ်... နာမည်ကဘာဆိုတုန်းပဲ...."

သူက ပြောလိုက်သည့်နာမည်ကို မေ့သွားခဲ့၏။

သို့ပေမယ့် အခန်းထဲရှိလူတိုင်း စိတ်လှုပ်ရှားမှုကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။

ရှချောင်ကော?....

သူမ တကယ်ပဲ လာခဲ့သည်။

All Chapters