← Chapters

ဆရာဦးလေးဂျန်ကို အရိုအသေပေးခြင်း

Vol. 12 Ch. 170

ဆရာဦးလေးဂျန်ကို အရိုအသေပေးခြင်း

Vol. 12 Ch. 170

ဝှစ်! ဝှစ်! ဝှစ်!

မရေမတွက်နိုင်သည့်မျက်လုံးတွေ လင်းဂုဟိုင်ကို ကြည့်လိုက်ကြသည်။

"ဟာ, လင်းဂုဟိုင်တစ်ကယ် ရှချောင်ကောကို ဖိတ်နိုင်ခဲ့တာပဲ...."

"ရွှေရောင်စာရင်းမှာ ထိပ်တန်းအဆင့်ဖြစ်နေတာ မအံ့သြတော့ပါဘူး။ သူ့လိုလူကပဲ ရှချောင်ကောလိုပါရမီရှင်ကို ဖိတ်ဖို့ အရည်အချင်းရှိမှာ..."

လျိုချင်းရှန်လည်း အတော်စိတ်လှုပ်ရှားနေခဲ့သည်။

သူမက လင်းဂုဟိုင်ကို အသစ်ဖြစ်လာသည့် သဘောကျမှုနှင့်ကြည့်လိုက်သည်။

မမျှော်လင့်စွာပဲ လင်းဂုဟိုင် အမှန်တကယ် ရှချောင်ကောကို ဖိတ်ခေါ်နိုင်ခဲ့၏။ ရှချောင်ကောက သူမသဘောအကျဆုံး ဂုဏ်ယူရသူသမီးတော်ဖြစ်၏။

လူတိုင်း၏သဘောကျမှုကို ခံစားရပြီး...

အထူးသဖြင့် လျိုချင်းရှန် သဘောကျမှုကြောင့် လင်းဂုဟိုင်ချက်ချင်းပဲ လေပေါ်မြောက်သွားသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာဖြစ်လာခဲ့သည်။

အစောပိုင်းဖိအားတွေလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။

သူက ရင်ဘတ်ကိုပုတ်ပြီး စားပွဲထိုးကို ဂုဏ်ယူစွာပြောလိုက်သည်။

"နတ်သမီးရှကို ဖိတ်ထားတာ ငါပါ..."

"ကျေးဇူးပြုပြီး သူမကို အထဲခေါ်ခဲ့ပါ...."

အမှန်တကယ်တော့ ရှချောင်ကောလာမယ်လို့ သူ မျှော်လင့်မထားပေ။

ရှချောင်ကောဆီသွားတုန်းက သူမနှင့်မတွေ့ခဲ့ရပဲ ဖိတ်ခေါ်စာသာထားခဲ့ရ၏။

ထို့ပြင် ရှချောင်ကောက အနေအေးပြီး လူစုလူဝေးကို သဘောမကျပေ။

သူမ လူအများရှေ့မှာ ပေါ်လာတာ အလွန်ရှား၏။

ထို့ကြောင့် သူက ဘာမှမျှော်လင့်မထားခဲ့ပေ။

သို့ပေမယ့် အံ့အားသင့်စွာပဲ သူမအမှန်တကယ်လာခဲ့၏။

ဤအရာက သူ၏ မဟာဂုဏ်ယူမှုကြီးပဲဖြစ်သည်။

ရွှေရောင်စာရင်း အဆင့်ပိုမြင့်သည့်စစ်သည်တော်က ဖိတ်ခေါ်တာတောင် သူမက လျစ်လျူရှူထားခဲ့သည်။

ထို့နောက် လင်းဂုဟိုင် လူအုပ်ကိုကြည့်ပြီး လေးနက်စွာပြောလိုက်သည်။

"မင်းတို့တွေ နတ်သမီးရှချောင်ကောရဲ့စရိုက်ကို နားလည်သင့်တယ်..."

"ငါတို့ရဲ့ သိုင်းပညာဖလှယ်ပွဲသေးသေးလေးကို တက်ဖို့က သူမအတွက်မလွယ်ဘူး..."

"ဒါကြောင့် ငါတို့ သူမကို လျစ်လျူရှူထားလို့မရဘူး...."

"ထိုင်ခုံတွေကို အစီစဥ်တကျစဥ်လိုက်ရအောင်..."

ထို့နောက် သူက ဂျန်ဖန်းကိုကြည့်လိုက်ပြီး ဖြောင့်မတ်စွာပြောလိုက်သည်။

"ဂျန်ဖန်း, ငါက နောက်ဆုံးခုံမှာထိုင်နိုင်တယ်...."

"ဒါပေမယ့် မင်း နတ်သမီးရှကိုတော့ နောက်ဆုံးခုံမှာ မထိုင်ခိုင်းဘူးမလား...."

ဂျန်ဖန်း စိတ်ထဲမထားပေ။

အစောပိုင်းဖယ်မပေးတာက လင်းဂုဟိုင် လှည့်ကွက်တွေ လာကစားနေပြီး သူကို မပျော်ရွင်အောင်လုပ်လို့ပဲဖြစ်သည်။

အဓိကခုံလို့ခေါ်နေသည့်ထိုအရာကို သူ လုံးဝ မတပ်မက်ပေ။

ချက်ချင်းပဲ ဘေးကိုလျှောက်ထွက်သွား၏။

လျိုချင်းရှန်နှုတ်ခမ်းလှုပ်ရှားသွားပေမယ့် ထိုအရာက ရှချောင်ကောဆိုတာ တွေးလိုက်မိ၏။

ဤကဲ့သို့ပါရမီရှင်နှင့်တွေ့ဆုံတာဟာ ကြီးမားသည့်ဂုဏ်ကျက်သရေပင်။

ခုံတစ်ခုအတွက်ကြောင့် သူမကို မပျော်ရွင်အောင်လုပ်လို့မဖြစ်ပေ။

ထို့ကြောင့် သူမ သူ့ကို မတားတော့ပေ။

ဤသို့ဖြင့်....

ခုံတွေ စီစဥ်ပြီးသွား၏။

လင်းဂုဟိုင်၊ လျိုချင်းရှန်နှင့် မကြာခင်ရောက်လာတော့မည့် ရှုချောင်ကောတို့က အဓိကခုံတွေမှာ ထိုင်ကြ၏။

ကျန်ခုံတွေက ခွန်အားအရ စီထားတာဖြစ်သည်။

ဂျန်ဖန်းအတွက်တော့....

သူ့ဓားပညာက လုံလောက်အောင်သန်မာသော်လည်း ခွန်အားကောင်းမည်လို့တော့ ဘယ်သူမှ လက်မခံကြပေ။

အဆုံးမှာတော့ သူတို့အားလုံးက အခြေခံတည်ဆောက်ခြင်းအဆင့် ၈၊ အဆင့် ၉ တွေ ဖြစ်ကြ၏။

ထို့ကြောင့် ဂျန်ဖန်း နောက်ဆုံးခုံရသွား၏။

အစောပိုင်းလင်းဂုဟိုင်ထိုင်သည့်ခုံနှင့် အတူတူပင်ဖြစ်သည်။

သို့ပေမယ့် ကျီရူယွဲ့လို အတူထိုင်ပေးမည့်လူ ရှိမနေခဲ့ပေ။

ကွာခြားချက်က သိသာလှပြီး လင်ဂုဟိုင်ကို သက်တောင့်သက်သာဖြစ်စေ၏။

ထိုအရာက ဖြစ်သင့်၏။

ထိုင်ခုံတွေ နေရာချပြီးသည်နှင့်...

အပြင်ဘက်မှ ခြေလှမ်းသံတွေ ထွက်ပေါ်လာခဲ့၏။

လူတိုင်း အသက်ရူသံကို ထိန်းညှိလိုက်ကြ၏။

ဒဏ္ဍာရီလာ ရှချောင်ကော ရောက်လာပြီဖြစ်သည်။

လင်းဂုဟိုင် ပြောလိုက်သည်။

"မတ်တပ်ရပ်ပြီး ကြိုဆိုဖို့ပြင်ကြ...."

လူတိုင်းမတ်တပ်ရပ်လိုက်ကြ၏။

ဂျန်ဖန်းတစ်ယောက်သာ မျက်မှောင်ကြုတ်လိုက်ပြီး မလှုပ်မရှားရှိနေခဲ့သည်။

ပါရမီရှင်တပည့်တွေကြား ဤလောက်ထိ အောက်ကျို့ခယနေတာကို သူမခံစားနိုင်တော့ပေ။

အားလုံးက ထိပ်တန်းတွေဖြစ်ကြပြီး တန်းတူညီမျှ ဆက်ဆံဖို့လုံလောက်၏။

တစ်ဖက်လူက သန်မာတယ်ဆိုရင်တောင် လေးစားမှုထားတာက လုံလောက်၏။

ဤကဲ့သို့ မျက်နှာချိုသွေးတာကြီးကတော့ မလိုအပ်ပေ။

ထို့ပြင် လင်းဂုဟိုင်က ဂျန်ဖန်းကို တိုက်ရိုက်ပစ်မှတ်ထားနေသည်ဖြစ်၍ သူ၏ပုံမှန်မဟုတ်မှုကို သတိမထားမိဖို့က ခက်ခဲ၏။

သူက အလျှင်အမြန်ပြောလိုက်သည်။

"ဂျန်ဖန်း, မင်းဘာလုပ်နေတာလဲ။ မြန်မြန်ထလေ..."

လူတိုင်းကြည့်လိုက်သည့်အခါ သူ၏ပေါ့ပေါ့ဆဆသဘောထားကြောင့် တုန်လှုပ်သွားကြသည်။

"ဂျူနီယာမောင်လေးဂျန်, လာမယ့်လူက ဂိုဏ်း ၉ ဂိုဏ်းရဲ့ အဆင့်သုံး ရှချောင်ကောနော်။ နင်ဘယ်လိုတောင် လျစ်လျူရူရဲရတာလဲ...."

"သူမရောက်လာမှုက ငါတို့အတွက် မဟာဂုဏ်ယူမှုကြီးပဲ။ လေးစားမှုထားရမှာ သဘာဝပဲ...."

"မြန်မြန်မတ်တပ်ရပ်။ နင့်ကြောင့် ရှချောင်ကော မကျေမနပ်ဖြစ်သွားရင် တာဝန်ယူနိုင်လို့လား...."

ဂျန်ဖန်းကို အတော်ကြာကတည်းက မကျေမနပ်ဖြစ်နေသည့် ကျီရူယွဲ့ မျက်စိမှေးပြီး ပြောလိုက်သည်။

"နင်ကဒါကို မျက်နှာပျက်စရာလို့ ထင်နေတာလား...."

"မဟုတ်ဘူးဟဲ့၊ ငါတို့အားလုံးက လေးစားမှုထားနေကြတာ..."

"နင့်ကိုယ်နင်ဘယ်သူထင်နေလဲ။ နင့်မျက်နှာက ငါတို့ထက် ကြီးနေလို့လား...."

လျိုချင်းရှန် မျက်မှောင်ကြုတ်သွား၏။

ရိုးရိုးသားသားပြောရလျှင် သူမလည်း ထိုအရာက ဖားလွန်းသည်ဟု ခံစားမိ၏။

ရှချောင်ကောသာ သူမအလွန်သဘောကျသည့်လူမဟုတ်လျှင် ကြိုဆိုဖို့ မတ်တပ်ရပ်မည်မဟုတ်ပေ။

ဂျန်ဖန်း တွန့်ဆုတ်နေတာမြင်သည့်အခါ သူမက သူ့အစားပြောပေးလိုက်သည်။

"ထားလိုက်ပါ။ ရှချောင်ကောသာ ဒီလိုခမ်းနားမှုတွေကို သဘောကျနေရင် တစ်သီးတစ်ခြားနေမှာမဟုတ်ဘူး...."

"ဂျန်ဖန်း နေချင်သလိုနေပါစေ...."

လင်းဂုဟိုင် အခိုင်အမာပြောလိုက်သည်။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

"ရှချောင်ကောကိုဖိတ်ဖို့ အတော်အားစိုက်ထားရတာ။ သူ့ကြောင့်သူမထွက်သွားရင် ဂျန်ဖန်း တာဝန်ယူနိုင်လို့လား...."

"ဂျန်ဖန်း, မတ်တပ်ရပ်ပါ...."

"ဒီကိစ္စသာမင်းကြောင့်ပျက်စီးသွားရင် မင်းနဲ့ငါ မပြီးဘူးနော်...."

အငြင်းပွားမှုကနေ တဖြည်းဖြည်းအမုန်းတရားသို့ပြောင်းလဲနေတာမြင်သည့်အခါ..

လျိုချင်းရှန် ဂျန်ဖန်းအားအတင်းခေါ်လာမိတာကို နောင်တရသွား၏။

ဤကဲ့သို့ဖြစ်မည်သာကြိုသိခဲ့လျှင် ဂျန်ဖန်းကို လာခိုင်းမည်မဟုတ်ပေ။

ယခု, မလိုအပ်သည့်အမုန်းတရားတွေကို ရှောင်ရှားဖို့ သူမ ဂျန်ဖန်းကို သာပြောနိုင်တော့၏။

တောင်းပန်သည့်အမူအရာနှင့် ပြောလိုက်သည်။

"ဂျန်ဖန်း, မတ်တပ်ရပ်လိုက်ပါ။ ကြိုဆိုတာအတွက်တော့ နင်ကြိုက်သလိုလုပ်ပါ...."

လင်းဂုဟိုင် မျက်မှောင်ကြုတ်လိုက်၏။

သို့ပေမယ့် အချိန်မရှိတော့သည်ဖြစ်၍ နောက်ထပ်ငြင်းခုန်မနေတော့ပေ။

ခြေလှမ်းသံ တံခါးနားနီးကပ်လာသည့်အခါ သူက ချက်ချင်း တိုက်တွန်းလိုက်၏။

"နောက်နားမှာမတ်တပ်ရပ်ပြီး မသံမထွက်နဲ့...."

"ရှချောင်ကော မင်းကို သတိမထားမိစေနဲ့...."

လျိုချင်းရှန်၏ တောင်းပန်သည့်အကြည့်တွေကိုကြည့်ပြီး ဂျန်ဖန်းအကူအညီမဲ့သွား၏။

သူက လျိုချင်းရှန်သဘောအကျဆုံးသူကို ထွက်မသွားစေချင်ပေ။

သက်ပြင်းချလိုက်ပြီး ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်၏။

ကျီ!

တံခါးပွင့်လာ၏။

လူတိုင်းနှလုံးခုန်သံရပ်လုနီးပါးဖြစ်သွားကာ သူတို့မျက်လုံးတွေက တံခါးကိုသာ အာရုံစိုက်နေခဲ့ကြသည်။

အဖြူရောင်ဝတ်စုံကို ရိုးရိုးစင်းစင်းဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် တံခါးမှာ မတ်တပ်ရပ်နေတာကို မြင်လိုက်ကြ၏။

သူမ၏ဆံပင်ရှည်က ကျောဘက်ကို ဖြာကျနေပြီး နူးညံ့သည့်မိုးမခပုံစံမျက်ခုံးတွေအောက်ရှိ မျက်လုံးတစ်စုံက ဆောင်းဦးနောင်းပိုင်းကဲ့သို့ အေးစက်လှ၏။

မြင့်မားဖြောင့်တန်းသည့်နှာတံနှင့် နှုတ်ခမ်းပါးလေးတွေကလည်း မက်ပွန်းပွင့်ဖတ်လေးကဲ့သို့ နူးညံ့လှ၏။

ပါးစုန်လေးတွေကလည်းဖောင်းကားနေကာ မှိန်ဖျော့ဖျော့အလင်းပြန်နေ၏။

သူမက မျက်နှာမှာ ဘာမှလိမ်ကျံမထားသော်လည်း မှင်သက်လောက်သည့်အလှတရားကို ပေးစွမ်းနေ၏။

အသွင်အပြင်အရတော့ ဂိုဏ်း ၉ ဂိုဏ်ရှိ လျိုချင်းရှန်၏ကျော်ကြားမှုထက်မနိမ့်ကျပေ။

ပုံစံက ကျက်သရေရှိလှပြီး အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့်သူမက အတော်ဆုံးပန်းပုဆရာထုဆစ်ထားသည့် ကျောက်စိမ်းရုပ်လေးတစ်ခုကဲ့သိုပင်ဖြစ်သည်။

သူမသာ အနည်းငယ်ပိန်သွားလျှင် ပိန်ပိန်သွယ်သွယ်လေးဖြစ်သွားပြီး အနည်းငယ်ဝသွားမည်ဆိုလျှင် ပြည့်ပြည့်ဝဝလေးဖြစ်သွားမည်ပင်။

ပြီးပြည့်စုံလွန်းလှ၏။

ဤကဲ့သို့ထိပ်တန်းအလှတရားက ခန်းမထဲရှိ လူတိုင်းကို ငေးကြောင်သွားစေ၏။

သူတို့က သူမကို ကြားသာကြားဖူးပြီး တစ်ခါမှ မမြင်ဘူးပေ။

ယခုအခါမှာတော့ ရှချောင်ကောက ပြိုင်ဘက်ကင်းပြီးပြည့်စုံသည့်အလှလေးဆိုတာ သူတို့သိလိုက်ကြ၏။

လင်းဂုဟိုင်မျက်လုံးထဲမှာ နှစ်သက်မှုတွေပေါ်လာပြီး အလျှင်အမြန် ဦးညွတ်ကြိုဆိုလိုက်၏။

"လင်းဂုဟိုင် နတ်သမီးရှကို နှုတ်ဆက်ပါတယ်...."

အခြားလူတွေလည်း အသိပြန်ဝင်လာပြီး လေးလေးစားစားနှုတ်ဆက်လိုက်ကြ၏။

ဂျန်ဖန်းသာ မတ်တပ်ရပ်နေပြီး မြှောက်ပင့်ခြင်းမရှိသလို ခယခြင်းလည်းမရှိပေ။

ရှချောင်ကော အနည်းငယ်မျက်နှာပျက်သွားပြီး အေးစက်ကြည်လင်သည့်အသံဖြင့်ပြောလိုက်သည်။

"နင်တို့တွေ ကြင်နာလွန်းနေပါပြီ။ ကျေးဇူးပြုပြီး ထိုင်ကြပါ..."

လင်းဂုဟိုင် အလွန်ပျော်ရွင်နေခဲ့၏။

အခြားလူတွေ ရှချောင်ကောကို မဖိတ်ခေါ်နိုင်ပဲ သူ, လင်းဂုဟိုင်က လုပ်နိုင်ခဲ့၏။

ချက်ချင်းပဲ ပြောလိုက်သည်။

"နတ်သမီးရှ, ကျေးဇူးပြုပြီးထိုင်ပါ..."

အလယ်က အဓိကထိုင်ခုံကိုဆွဲယူလိုက်ပြီး ရှချောင်ကောကိုထိုင်ဖို့ ဖိတ်ခေါ်လိုက်၏။

သို့ပေမယ့် ရှချောင်ကော မတုံ့ပြန်ခဲ့ပေ။ သူမက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေပြီး ပြောလိုက်သည်။

"မေးလို့ရမလား, သခင်လေးဂျန် ဒီမှာရှိလားမသိဘူး...."

ဟမ်?...

ဂျန်ဖန်း?....

လင်းဂုဟိုင် အံ့သြသွား၏။

"နတ်သမီးရှ, မင်းက ဘာလို့ ဂျန်ဖန်းကို ရှာနေတာလဲ...."

တစ်ယောက်ကမိုးကောင်းကင်ဖြစ်ပြီး အခြားတစ်ယောက်မြေကြီးပေါ်ကဖြစ်ကာ ဘယ်လိုလုပ် အဆက်အသွယ်ရှိနိုင်မည်နည်း။

ဘယ်လိုလုပ် တစ်ယောက်နဲ့တစ်ယောက် သိနိုင်မည်နည်း။

လူတိုင်း ထပ်တူ ကို့ရို့ကားယားဖြစ်သွားပြီး ဂျန်ဖန်းကိုကြည့်လိုက်ကြသည်။

သူတို့က မနေနိုင်ပဲ အဓိပ္ပာယ်မရှိသည့်အတွေးတစ်ခုကို တွေးလိုက်မိကြသည်။

ဖြစ်နိုင်တာ စာပွဲထိုးပြောတဲ့ ရှချောင်ကောရှာနေတဲ့သူဆိုတာ... လင်းဂုဟိုင်မဟုတ်ပဲ ဂျန်ဖန်းလား....

သို့ပေမယ့် ချက်ချင်းဆိုသလိုပဲ ထိုရူးကြောင်ကြောင်အတွေးကို မေ့လိုက်ကြ၏။

သို့ပေမယ့်...

နောက်ထပ်မြင်ကွင်းက သူတို့၏အသိဉာဏ်ကို လုံးဝကို ကျော်လွန်သွား၏။

ရှချောင်ကော သူတို့အကြည့်နောက်ကို လိုက်ကြည့်လိုက်သည့်အခါ ဂျန်ဖန်းကိုမြင်လိုက်၏။

ထို့နောက် သင်းပျံသည့်ရနံ့တစ်ခုနှင့်အတူ ကျက်သရေရှိစွာလျှောက်လမ်းသွားခဲ့သည်။

သူမက လေးလေးစားစားအရိုအသေပးလိုက်သည်။

"ရှချောင်ကော, ဆရာဦးလေးဂျန်ကို နှုတ်ဆက်ပါတယ်...."

All Chapters