← Chapters

တွေ့ဆုံလက်ဆောင်

Vol. 12 Ch. 171

တွေ့ဆုံလက်ဆောင်

Vol. 12 Ch. 171

ဂျန်.... ဆရာဦးလေးဂျန်?...

ရှိနေသည့်လူတိုင်း တစ်ညီတစ်ညွတ်တည်း ရေရွတ်လိုက်ကြ၏။

ဤအခိုက်အတန့်မှာ သူတို့အားလုံး ကျောက်ရုပ်ကြီးတွေလို ဖြစ်သွားကြ၏။

သူတို့လက်လမ်းမမှီနိုင်သည့်ပါရမီရှင်၊ ဒီမျိုးဆက်၏အမျိုးသမီးအင်ပါယာတစ်ယောက်....

အမှန်တကယ်ပဲ စိတ်ဝိညာဥ်အမြစ်မရှိသည့် အမှိုက်ကောင်ကို ဆရာဦးလေးဟု ခေါ်နေခဲ့သည်။

လျိုချင်းရှန် မျက်လုံးတွေ ပြူးကျယ်သွား၏။

စိတ်တွေယောက်ယက်ခတ်သွားပြီး သူမဘဝကိုတောင် မေးခွန်းထုတ်လိုက်၏။

သူမက ဂျန်ဖန်းနောက်ခံကို အခြားလူတွေထက်ပိုသိ၏။

သူက ဘယ်လိုလုပ်ပြီး ရှချောင်ကောနှင့် ဆက်ဆံရေးရှိမည်နည်း။

ထို့ပြင် ရှချောင်ကောက ဆရာဦးလေးဟုတောင် လေးလေးစားစားခေါ်နေခဲ့သည်။

ဂျန်ဖန်းကို ကောင်ကောင်းသိတယ်လို့ထင်ခဲ့ပေမယ့် အခုသူ့ကိုကြည့်ရတာ သူစိမ်းတစ်ယောက်လိုပင်။

ဂျန်ဖန်းလည်း ရုတ်တရက် မိတ်ဆက်မှုကြောင့် တစ်ခဏကြောင်သွား၏။

နောက်မှသာ ထိုအရာက ရှန်ဂွမ်းရှန်ကြောင့်ဆိုတာ နားလည်သွားပြီး အနည်းငယ်ပြုံးကာ ခေါင်းညိတ်လိုက်၏။

"ထိုင်ပါ, အရမ်းကြီးယဥ်ကျေးနေဖို့ မလိုပါဘူး..."

ရှချောင်ကော ခေါင်းညိတ်လိုက်ပြီး ဂျန်ဖန်းဘေးမှာထိုင်လိုက်၏။

ထိုအရာကြောင့် ရှိနေသည့်သိုင်းပညာရှင်အားလုံး မရည်ရွယ်ပဲ မတ်တပ်ရပ်သွား၏။

အဆင့်သုံးပါရမီရှင်က အဆင့်နိမ့်ခုံမှာထိုင်နေ၏။

သူတို့က ဘယ်လိုလုပ်ပြီး အမြင့်ခုံမှာ ထိုင်နိုင်မည်နည်း။

ထိုအရာက တကယ်ပဲ အားကောင်းသူထိုင်သည်ခုံက အဓိကခုံဆိုတာကို ပြသနေခဲ့၏။

လင်းဂုဟိုင် ကို့ရို့ကားယားမတ်တပ်ရပ်ပြီး ပြောလိုက်သည်။

"နတ်သမီးရှ, ကျေးဇူးပြုပြီး အဓိကခုံမှာထိုင်ပါ...."

ရှချောင်ကော အေးစက်သည့်အသံနှင့် တုန့်ပြန်လိုက်၏။

"မလိုပါဘူး။ ငါ ဆရာဦးလေးနဲ့ပဲထိုင်လိုက်မယ်..."

"လွတ်လွတ်လပ်လပ်နေကြပါ။ ငါကိုဂရုစိုက်မနေနဲ့...."

သူမက ထိုသို့ပြောပေမယ့်လည်း မည်သူက တကယ် သူမကို ဂရုမစိုက်ပဲ နေရဲမည်နည်း။

လူတိုင်း အတော်လေး သတိထားနေခဲ့ကြ၏။

ဂျန်ဖန်း ရယ်ရမလို ငိုရမလိုဖြစ်သွား၏။

ဤကဲ့သို့လေထုဖြင့် သိုင်းပညာဆွေးနွေးမှု ဆက်လုပ်နိင်ပါ့မလားဆိုတာ သိချင်နေ၏။

သို့ပေမယ့် လူစုမခွဲခင် လျိုချင်းရှန် ဆန္ဒကို ဖြည့်ဆည်းပေးရမည်ပင်။

"ချောင်ကော, ဒါက လျိုချင်းရှန်တဲ့။ တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်လေ။ သူမက မင်းကို အချိန်အတော်ကြာတကည်းက လေးစားအားကျနေတာ...."

"မင်းသူမကို လမ်းညွှန်မှုအချို့ပေးနိုင်မလား...."

ရှန်ချောင်ကော လျိုချင်းရှန်ကို ကြည့်လိုက်ပြီး သူမ၏အေးစက်စက်မျက်နှာပေါ်မှာ ဖျော့တော့သည့်အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။

ထို့နောက် မတ်တပ်ရပ်ကာ ပြောလိုက်သည်။

"ငါအရင်က နင့်အကြောင်းတွေ အများကြီးကြားဖူးပါတယ်....."

"ဆုံတွေ့ရဖို့ဆိုတာမလွယ်ဘူး။ ငါတို့ ဘာလို့ မယှဥ်ပြိုင်ကြည့်တာလဲ...."

အာ?...

လျိုချင်းရှန် မြှောက်ခံရပြီး ပျော်ရွင်သွား၏။

ရုတ်တရက်ပျော်ရွင်မှုက သူမကို ဘာပြောရမှန်းမသိဖြစ်သွားစေခဲ့သည်။

ဂျန်ဖန်းအားပေးလိုက်မှာသာ သတ္တိစုဆောင်းပြီး သူမနှစ်အတော်ကြာလေးစားအားကျခဲ့ရသည့် ပါရမီရှင်နှင့်လှုပ်ရှားမှုအနည်းငယ်ယှဥ်ပြိုင်ဖို့ စင်မြင့်ပေါ်ကိုတက်သွားလိုက်သည်။

သိပ်မကြာလိုက်ပေ ယှဥ်ပြိုင်မှု ပြီးစီးသွား၏။

ရှချောင်ကော အံ့အားသင့်သည့်အရိပ်အယောင်တွေ ပြသလာ၏။

"မင်းက ကဏ္ဍအမျိုးမျိုးမှာ ကျွမ်းကျင်တာပဲ..."

"မင်းလေ့ကျင့်တာ မြေကမ္ဘာအဆင့်လက်ချောင်းသိုင်းလား...'

လျိုချင်းရှန် မျက်နှာနီမြန်းနေပြီး ခေါင်းညိတ်လိုက်သည်။ သူမက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားခဲ့သည်။

"ဟုတ်ပါတယ်၊ အဲ့ဒါကို ကောင်းကင်ဘုံပျက်သုဥ်းခြင်းလက်ချောင်း လို့ခေါ်တယ်..."

ရှချောင်ကော စိတ်ရင်းမှန်ဖြင့် သဘောကျသွား၏။

"မင်းအသက်အရွယ်မှာ မြေကမ္ဘာအဆင့်လက်ချောင်းသိုင်းကို ဒီပမာဏထိနားလည်ထားတယ်ဆိုတော့ မင်းရဲ့နားလည်နိုင်စွမ်းက ငါ့ထက်အားကောင်းသားပဲ...."

မြင့်မြတ်ဂိုဏ်းမှာလည်း မပြီးပြည့်စုံသည့် မြေကမ္ဘာအဆင့်သိုင်းကျမ်းတစ်ခုရှိ၏။

သူမက နှစ်ပေါင်းများစွာလေ့ကျင့်ခဲ့ပေမယ့် အခြေခံလောက်သာနားလည်ခဲ့သည်။

လျိုချင်းရှန်ထက် အများကြီးပိုအားမကောင်းပေ။

သို့ပေမယ့် လျိုချင်းရှန်က သူမထက်အများကြီးငယ်ပြီး ကျင့်ကြံချိန်အများကြီးပိုနည်း၏။

ထိုအရာက သူမကို မနာလိုဖြစ်စေ၏။

"ဒီလိုနားလည်မှုမျိုးနဲ့ဆို ငါ့ကိုကျော်တက်ဖို့ အချိန်တစ်ခုပဲလိုမှာ...."

ထိုကဲ့သို့ချီကျူးခံရသည့်အတွက် လျိုချင်းရှန် ပျော်ရွင်သွား၏။ သူမက တုန်ယင်စွာဖြင့် ဂျန်ဖန်းဘေးမှာဝင်ထိုင်လိုက်သည်။

မျက်နှာနီနေပြီး တီးတိုးပြောလိုက်သည်။

"ဂျန်ဖန်း, ကျေးဇူးတင်ပါတယ်၊ နင်က ငါ့အိမ်မက်ကို တကယ်ဖြစ်အောင်လုပ်ပေးလိုက်တာပဲ...."

လူများစွာရှိနေလို့သာမဟုတ်လျှင် ဂျန်ဖန်းကို စိတ်လှုပ်တရှား ပွေ့ဖက်ပြီနေပြီဖြစ်သည်။

ထိုအခိုက်အတန့်၌....

သင်းပျံ့သည့်ရနံ့တစ်ခု ပျံ့လွင့်လာခဲ့သည်။

ပါးလွာသည့်ပိတ်အင်္ကျီကိုဝတ်ဆင်ထားပြီး ခန္ဓာကိုယ်တစ်စွန်းတစ်စမြင်နေရသည့် ကျီရူယွဲ့ ကျက်သရေရှိစွာ လျှောက်လမ်းလာခဲ့သည်။

သူမက ဂျန်ဖန်းဘေးတစ်ဖက်မှာဝင်ထိုင်လိုက်ပြီး ခန္ဓာကိုယ်ကို သူ့လက်မောင်းပေါ်မှီကာ ပြုံးလိုက်၏။

"ဂျူနီယာမောင်လေးဂျန်, စီနီယာအမ မင်းရဲကျော်ကြားမှုတွေကို ကြားဖူးနေတာ အတော်ကြာပါပြီ...."

"ဂိုဏ်းချုပ်လျိုက စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်ကို ရွေးမှတော့ သေချာပေါက် ထူးခြားတာတစ်ခုခုရှိရမှာပေါ့...."

"အခုမြင်မှပဲ မင်းက ငါတို့မျိုးဆက်ရဲ့ ပါရမီရှင်တစ်ယောက်ဆိုတာ သိတော့တယ်...."

"စီနီယာအမ မင်းကို ရမ္မက်ဂိုဏ်းကိုယ်စား ဂိုဏ်းကိုအလယ်လာဖို့ ဖိတ်ပါတယ်..."

ပြေနေရင်းဖြင့် သူမက ရင်ဘတ်ကိုလှုပ်ယမ်းကာ ဂျန်ဖန်းလက်မောင်းကို ပွတ်သပ်နေခဲ့၏။

ပတ်ဝန်းကျင်ရှိသိုင်းပညာရှင်တွေ ဆံထွေးမြိုချလိုက်ကြ၏။

ကျီရူယွဲ့က ရမ္မက်ဂိုဏ်း၏ အထူးချွန်ဆုံးတပည့်တစ်ယောက်ဖြစ်၏။

လှပဆွဲဆောင်မှုရှိပြီး မနာလိုစရာကောင်းသည့် ကိုယ်လုံးကိုယ်ပေါက်ရှိ၏။

အစောကတင်, သူမ လင်းဂုဟိုင်ကို မျက်နှာလိုမျက်နှာရလုပ်ခဲ့ပေမယ့် ယခုလို အားကျိုးမာန်တက်မရှိခဲ့ပေ။

ယခု သူမက ဂျန်ဖန်းပေါ်ကို တွယ်တက်လုနီးပါးပင်။

ဘယ်သူက မနာလိုမဖြစ်ပဲနေမည်နည်း။

လျိုချင်းရှန် ဒေါသမထွက်ပဲ မနေနိုင်ဖြစ်သွား၏။

ဒီမြေခွေးမကတော့....

ကံကောင်းစွာနှင့် သူမ ကျီရူယွဲ့ကို တွန်းမဖယ်ခင်...

ဂျန်ဖန်းမျက်မှောင်ကြုတ်ပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်၏။ သူက ကျီရူယွဲ့ကို တွန်းဖယ်လိုက်ပြီး ထူးမခြားနားစွာပြောလိုက်သည်။

"အခွင့်အရေးရရင် လာခဲ့ပါ့မယ်...."

အရင်ကလိုဆက်လက်လှောင်ပြောင်နေလျှင် ဂျန်ဖန်း သူမကို အထင်ကြီးအုန်းမည်ဖြစ်သည်။

အနည်းဆုံးတော့, သူမက တစ်ဖက်တည်းမှာ ရပ်တည်ခဲ့၏။

သို့ပေမယ့် ဤကဲ့သိုဆန့်ကျင်ဘက်အပြုအမူက ဂျန်ဖန်းကို ရွံ့ရှာသွားစေခဲ့သည်။

သူက သူမကို ထိတောင်မထိချင်ပေ။

ရှချောင်ကောလည်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

သူမလည်း ဂျန်ဖန်းကဲ့သို့ပင် ဤကဲ့သို့ ဖရိုဖရဲမြင်ကွင်းမျိုးကို သဘောမကျပေ။

"ဆရာဦးလေး, ချောင်ကောမှာ အလုပ်ရှိသေးလို့ အရင်ပြန်နှင့်ပါတော့မယ်...."

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။

ရုတ်တရက် ဤအရာက ထိုဂျူနီယာတူမလေးနှင့် ပထမဆုံးတွေ့ဆုံတာကို အမှတ်ရသွား၏။

သူက လက်ဆောင်ပေးသင့်၏။

တစ်ခဏတွေးပြီးနောက် အထုတ်တစ်ခုကို ထုတ်ယူလိုက်သည်။

"ဒါက မင်းအတွက်ပဲ...."

ရှချောင်ကော တွေ့ဆုံလက်ဆောင်ကို မျှော်လင့်ထားပြီး အပြုံးနှင့် လက်ခံလိုက်၏။

အဟတစ်ခုကြားမှ အထဲကို ကြည့်လိုက်သည့်အခါ အသားတုံးတစ်ခုကို တွေ့လိုက်ရ၏။

သူမက သိချင်စွာနှင့်ပဲ ဖွင့်ကြည့်လိုက်၏။

ရှန်ဂွမ်းရှန် အနှစ်သက်ဆုံးတပည့်တစ်ယောက်အနေဖြင့် သူမမှာ အမြင်ကောင်းရှိပြီး မျက်နှာမှာ ပျော်ရွင်သည့်အရိပ်အယောင် ပြသလာခဲ့၏။

"ဒါက နတ်ဆိုးသားရဲရဲ့ အစာအိမ်အိတ်ပဲ..."

"ဆေးဖက်ဆိုင်ရာပါဝင်ပစ္စည်းအတွက် အထူးသင့်တော်တယ်...."

များစွာသော နတ်ဆိုးသားရဲတွေက ကောင်းကင်နှင့်မြေကြီးရတနာတွေစားသုံးသည့်အတွက် သူတို့အစာအိမ်က ထိုအရာတွေ၏အနှစ်သာရကို ထိန်းသိမ်းထား၏။

ဆေးဝါးထုတ်လုပ်နေစဥ် နည်းနည်းသာထည့်လိုက်လျှင် ဆေး၏အာနိသင်ကို တိုးမြှင့်ပေးနိုင်၏။

"နေပါအုန်း. ဒါက သားရဲဘုရင် အစာအိမ်အိတ်ပဲ...."

နောက်တစ်ခေါက်ကြည့်လိုက်သည့်အခါ သူမ၏ ပုံမှန်အေးစက်နေသည့်မျက်နှာ၌ စိတ်လှုပ်ရှားမှုတွေ ပေါ်လာခဲ့သည်။

ဘာ?...

ရှိနေသည့်တပည့်တွေ လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။

သားရဲဘုရင်ရဲ့ အစာအိမ်အိတ်?...

သားရဲဘုရင် တစ်ကိုယ်လုံးက အဖိုးမဖြတ်နိုင်ပေ။ သို့ပေမယ့် အစာအိမ်အိတ်၊ ဤကဲ့သို့အရေးကြီးအစိတ်အပိုင်းမျိုးက ကံကြမ္မာတစ်ခုလောက်တန်ဖိုးရှိ၏။

သူတို့က ဂျန်ဖန်းကို လုံးတမတူသည့် အကြည့်တွေနှင့် ကြည့်လိုက်ကြသည်။

ဤစိတ်ဝိညာဥ်အမြစ်မရှိသည့်အမှိုက်ကောင်က ရှချောင်ကော၏ ဆရာဦးလေးဖြစ်နေရုံသာမက မယုံနိုင်လောက်အောင်လည်း ချမ်းသာ၏။

လက်ဆောင်ကကို ကံကြမ္မာတစ်ခုစာလောက်ရှိသည့် သားရဲဘုရင် အစာအိမ်အိတ်ဖြစ်နေခဲ့သည်။

ခဏနေတော့ သူတို့ ပိုလို့တောင် အံ့အားသင့်သွား၏။

ရှချောင်ကော အနီးကပ်စစ်ဆေးကြည့်လိုက်သည့်အခါ သူမ၏ပျော်ရွင်သည့်အမူအရာက အံ့အာသင့်မှုကို ပြောင်းလဲသွား၏။

"ဒါ သလင်းဖြူသားရဲ့အစာအိမ်အိတ်ပဲ...."

"သလင်းဖြူသားရဲမှာ နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ရှိတယ်...."

အလျှင်အမြန်ပဲ သူမပြန်ပေးလိုက်၏။

"ဦးလေးဆရာ, ဒါက တန်ဖိုးကြီးလွန်းတယ်။ ကျွန်မလက်မခံနိုင်ဘူး...."

သာမန်အစာအိမ်အိတ်ဆိုလျှင် လက်ဆောင်တစ်ခုအဖြစ် သူမ ဝမ်းမြောက်ဝမ်းသာလက်ခံမည်ဖြစ်သည်။

သို့ပေမယ့် သလင်းဖြူသားရဲအစာအိမ်က သလင်းကျောက် တစ်သောင်းတန်ဖိုးရှိ၏။

သူမ ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း။

ဂျန်ဖန်း လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"ယူလိုက်ပါ...."

"ဒီပစ္စည်းက ဆေးပညာလိုက်စားတဲ့လူတစ်ယောက်အတွက် အသင့်တော်ဆုံးပဲ...."

"မင်းဒါကိုအသုံးပြုတဲ့အခါ ဦးလေဆရာအတွက် ရောဂါတွေကုသပြီး အသက်တွေကယ်ပေးတယ်လို့ မှတ်ယူလိုက်။ ဦးလေးဆရာလည်း ကုသိုလ်ရတာပေါ့...."

ရှချောင်ကော တွန့်ဆုတ်စွာဖြင့် လက်ခံလိုက်၏။

သူမက နောက်တစ်ကြိမ်အရိုအသေပေးလိုက်၏။

"ကျေးဇူးတင်ပါတယ်, ဦးလေးဆရာ...."

သူမ၌ ထိုရုတ်တရက် ပေါ်လာသည့်ဦးလေးဆရာအတွက် ခံစားချက်မရှိပေ။

သူမဆရာ၏အမိန့်ကိုနာခံပြီး လာကြည့်ရုံသာဖြစ်သည်။

မမျှော်လင့်စွာပဲ သူတို့၏ပထမဆုံးတွေ့ဆုံမှုမှာတင် ဤကဲ့သို့ လက်ဆောင်မျိုးပေးနေ၏။

ထင်မြင်ချက်တစ်ခုမကျန်ခဲ့ဖို့က ခက်ခဲလွန်း၏။

ရှချောင်ကော ထွက်သွားပြီးနောက်....

အခန်းထဲရှိလေထုက အများကြီးတိုးတက်မလာပေ။

သူတို့က ဂျန်ဖန်းကို ရှုပ်ထွေးသည့်မျက်လုံးတွေဖြင့် ကြည့်လိုက်ကြ၏။

အချို့က အားကျနေပြီး၊ အချို့က မနာလိုဖြစ်နေကာ အချို့က ကြောက်ရွံံ့ရိုသေနေကြ၏။

ဂျန်ဖန်း နောက်ထပ်မနေချင်တော့၍ မတ်တပ်ရပ်လိုက်သည်။

"စီနီယာအမ, ပြန်ရအောင်...."

လျိုချင်းရှန် ရှချောင်ကောနှင့် တွေ့ပြီးသွားပြီဖြစ်၍ သူမဆန္ဒ ပြည့်ဝသွားပြီဖြစ်သည်။

သူမက ပျော်ရွင်စွာခေါင်းညိတ်လိုက်၏။

"ဂျူနီယာညီလေးဂျန်, ခဏနေပါအုန်း...."

မမျှော်လင့်စွာပဲ လင်းဂုဟိုင် သူ့ကို တားလိုက်သည်။

ဂျန်ဖန်း ကြည့်လိုက်၏။

"စီနီယာအကိုလင်းမှာ ပြောစရာတစ်ခုခုရှိလို့လား...."

လင်းဂုဟိုင် ရှုပ်ထွေးသည့်အမူအရာဖြင့် ပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန်, မင်းက မင်းရဲ့အရည်အချင်းကို ကောင်းကောင်းဖုံးကွယ်ထားတာပဲ။ ငါ့ကို အမြင်သစ်နဲ့မြင်သွားစေတယ်...."

"မင်းမှာ ဒီလို့အဆင့်အတန်းမျိုးရှိမှတော့ စီနီယာအကို အရေးကြီးတဲ့လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်...."

"ဒါမှ ငါတို့ဆုံဆည်းမှုက အလကားမဖြစ်မှာပေါ့..."

အို?....

ဂျန်ဖန်း တစ်ခဏတွေးလိုက်၏။

"ဘယ်က အရေးကြီးတဲ့လူလဲ...."

လင်းဂုဟိုင် ဂုဏ်ယူမှုအချို့နှင့် ပြောလိုက်သည်။

"ဒီလေလံပွဲရဲ့ ဒုဥက္ကဠချန်း...."

"ချန်းလျိုယွဲ့ပဲ...."

သူက လုံးဝ အရေးကြီးသည့်လူနှင့် မိတ်ဆက်ပေးတာ မဟုတ်ပေ။

သူ့အဆက်အသွယ်ကို ပြချင်နေတာ အသိသာကြီးပင်။ ထိုမှသာ ဂျန်ဖန်းရှေ့မှာ မျက်နှာအချို့ပြန်ရမှာဖြစ်၏။

All Chapters