← Chapters

ချစ်ဇနီးတွေဆီသို့အလည်သွားခြင်း

Vol. 12 Ch. 172

ချစ်ဇနီးတွေဆီသို့အလည်သွားခြင်း

Vol. 12 Ch. 172

ထိုစကားတွေက ဂိုဏ်းပေါင်းစုံမှ ပါရမီရှင်တပည့်တွေကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သည်။

"ဂျူနီယာညီလေးလင်း, မင်းနဲ့ အဲ့ဒီဒုဥက္ကဠချန်းရဲ့ ဆက်ဆံရေးက ဘာများလဲ...."

ရိုးရိုးသိကျွမ်းမှုဆိုလျှင် ဘာမှထူးခြားမနေပေ။ ဒုဥက္ကဠချန်းကိုသိသည့်လူတွေက အများကြီးပဲဖြစ်သည်။

လင်းဂုဟိုင် ခပ်ဖွဖွရယ်လိုက်၏။

"ဆက်ဆံရေးလား...."

"ငါက သူ့ကို ဒေါ်လေးချန်းလျိုယွဲ့လို့ ခေါ်တာ...."

ဘာ?....

လူတိုင်း တုန်လှုပ်သွားကြ၏။

သူတို့က တကယ့်ကို ဆွေမျိုးတွေဖြစ်နေခဲ့၏။

ချက်ချင်းပဲ အားလုံး၏စိတ်တွေ တက်ကြွလာကြ၏။

ဂျန်ဖန်းကို မျက်နှာချိုသွေးတာ ကျရှုံးခဲ့သည့် ကျီရူယွဲ့ လင်းဂုဟိုင်ကို သဘောကျသည့်မျက်လုံးတွေနှင့် ပြန်ကြည့်လာ၏။

"ဂျူနီယာမောင်လေးလင်း, မင်းက ငါတို့ကို နောက်ထပ်အံံ့သြစရာတစ်ခုပေးလိုက်တာပဲ...."

"ငါတို့ပါရမီရှင်တွေ ဒီမှာစုဝေးနေရတာ ကိစ္စနှစ်ခုကြောင့်ပဲ။ တစ်ခုက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်နိုင်တဲ့ လမ်းစဥ်းချိုးဖြတ်ခြင်းအမှုန့်ကြောင့်။ နောက်တစ်ခုက ခုခံရေး၊တိုက်ခိုက်ရေးလက်နက်တွေကို ဖြစ်နိုင်သလောက်များများဝယ်ဖို့ပဲ...."

"ဂျူနီယာမောင်လေးလင်းသာကူညီရင်, ငါတို့လိုချင်တဲ့ပစ္စည်းတွေကို ဈေးနည်းနည်းနဲ့ဝယ်နိုင်ကောင်းဝယ်နိုင်လောက်တယ်...."

ကျန်ရှိသည့်သိုင်းပညာရှင်တွေလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

"ငါက လမ်းစဥ်းချိုးဖြတ်ခြင်းအမှုန့်ကို မမျှော်လင့်ထားပါဘူး။ လူများစွာက အဲ့ဒါအတွက် ဒီမှာရှိနေတာလေ။ ငါ့အလှည့်ဘယ်လိုလုပ်ရောက်နိုင်မှာလဲ...."

"ဒါပေမယ့် ခုခံရေး၊ တိုက်ခိုက်ရေးလက်နက်အနည်းငယ်တော့ ရမှဖြစ်မယ်...."

"ကြားတာတော့ သားရဲလှိုင်းက ဂိုဏ်း ၉ ဂိုဏ်းနယ်စပ်ကိုရောက်နေပြီတဲ့။ မကြာခင် ဂိုဏ်း ၉ ဂိုဏ်းနယ်မြေထဲကို ဝင်ရောက်လာကြတော့မှာ...."

"အဲ့အချိန်မှာ, ဘယ်သူကမှ ဝေမျှနေမှာမဟုတ်ဘူး။ လက်ထဲမှာ လက်နက်များများရှိမှ ပိုလုံခြုံမှာ...."

ဂျန်ဖန်း နှလုံးသားထဲမှာ အနည်းငယ်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

သားရဲလှိုင်းရောက်လာပြီလား?....

ဂုန်ချိုင်းယီပြောတာအရ ထိုအရာကို နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ နတ်ဆိုးအင်ပါယာတစ်ယောက်က ဦးဆောင်လာတာဖြစ်သည်။

နတ်ဆိုးအင်ပါယာ။ ထိုအရာက သန္ဓေသားကျင့်ကြံခြင်းအဆင့်နှင့်ညီမျှသည့် တည်ရှိမှုဖြစ်၏။

၎င်းသာလှုပ်ရှားလျှင် သူသွားတဲ့နေရာတိုင်း ပျက်စီးမှုမှလွဲပြီး မည်သည့်အရာမှ ကျန်မည်မဟုတ်ပေ။

ဤလေလံပွဲက နေရာပေါင်းစုံမှပါရမီရှင်တွေကို ဆွဲဆောင်နေတာ အံ့သြစရာမရှိတော့ပေ။

လမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်အပြင် များစွာသော ခုခံရေး၊တိုက်ခိုက်ရေးပစ္စည်းတွေက လူတိုင်း၏ ထိပ်တန်းရွေးချယ်မှုတွေပင်။

လင်းဂုဟိုင် လူတိုင်း၏တုံ့ပြန်မှုကြောင့် အတော်လေးကျေနပ်နေခဲ့သည်။

ထိုအရာကြောင့် သူက ယုံကြည်မှုအတော်များများ ပြန်ရရှိသွား၏။

ရှချောင်ကော၌ အားကောင်းသည့်ဦးလေးတစ်ယောက်ရှိတော့ကောဘာဖြစ်နည်း။

သူက အခြားလူတွေဆီ အကျိုးအမြတ်တွေယူဆောင်ပေးနိုင်လို့လား....

မဟုတ်ပေ။

လေလံပွဲ၌ ပစ္စည်းများများကို ဈေးနည်းနည်းနှင့်ရဖို့ သူ့ကိုအားကိုးတာကမှ အကောင်းဆုံးဖြစ်သည်။

"မင်းဘာပြောမလဲ, ဂျူနီယာညီလေးဂျန်...."

လင်းဂုဟိုင်လက်နောက်ပစ်ထားပြီး ဂုဏ်ယူစွာပြောလိုက်သည်။

"မင်းဆန္ဒရှိရင် ခုချင်းချင်းလေလံပွဲကိုခေါ်သွားပြီး ငါ့ဒေါ်လေးနဲ့မိတ်ဆက်ပေးမယ်...."

"မလိုပါဘူး...."

ဂျန်ဖန်း တုံ့ပြန်မှုက သူ့မျက်နှာကို တောင့်တင်းသွားစေ၏။

ပထမဦးစွာ သူက ချန်းလျိုယွဲ့နှင့်ရင်းနှီးသည့်အတွက် ဘာမှနောက်တစ်ကြိမ်မိတ်ဆက်နေစရာမလိုပေ။

ဒုတိယအနေဖြင့် ချန်းလျိုယွဲ့ကိုသိရုံဖြင့် လေလံပစ္စည်းတွေကို အောက်ဈေးဖြင့်ရမည်ဆိုတာက အရမ်းအဝေးကြီးတွေးနေတာဖြစ်သည်။

လင်းဂုဟိုင် စိတ်ဓာတ်ကျသွားပြီ စိတ်ပျက်သည့်အသံဖြင့်ပြောလိုက်သည်။

"မင်းသေချာလား...."

"ဒီလိုမြင့်မားတဲ့အဆက်အသွယ်ရဖို့တာ အတော်ရှားပါးတဲ့အခွင့်အရေးနော်...."

ဂျန်ဖန်း ပခုံးတွန့်လိုက်၏။

သူက ဘာမှမပြောတော့ပဲ ထွက်ခွာသွားခဲ့သည်။

လျိုချင်းရှန် တစ်ခဏတွေဝေနေပြီး ဂျန်ဖန်းကို တားချင်နေ၏။

သူမအမြင်၌ ချန်းလျိုယွဲ့ကိုသိတာ ဂျန်ဖန်းအတွက် တကယ်အကျိုးရှိ၏။

သို့ပေမယ့် သူမက ဂျန်ဖန်းဆုံးဖြတ်ချက်ကို လေးစား၏။

အလျှင်အမြန်ပဲ နောက်ကနေ လိုက်သွားခဲ့သည်။

လင်းဂုဟိုင်းသာ မဲမှောင်သည့်မျက်နှာဖြင့် ကျန်ခဲ့၏။

"ကျေးဇူးမသိတတ်တဲ့အရူးပဲ...."

"ငါ့အဒေါ်လိုအရေးကြီးပုဂ္ဂိုလ်နဲ့မိတ်ဆက်ပေးမယ်ဆိုတာကို တကယ်ငြင်းဆန်သွားတယ်...."

"လေလံပွဲကိုတက်ရင်တော့ သူသေချာပေါက်နောင်တရလိမ့်မယ်...."

သုခဘုံအဆောက်အဦးမှထွက်ခွာပြီးနောက်....

လျိုချင်းရှန် ဂျန်ဖန်းကို ချက်ချင်းပဲ ဘေးဘက်ဆွဲခေါ်သွားပြီး သံသယအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"နင်နဲ့ ရှချောင်ကောကဘာတွေလဲ...."

"သူက နင့်ကို ဘာလို့ ဦးလေးလို့ခေါ်တာလဲ...."

ဂျန်ဖန်း အကူအညီမဲ့စွာပြောလိုက်သည်။

"ဒါက နတ်ဆေးဆရာရှန်ဂွမ်းကြောင့် ဖြစ်မယ်ထင်တယ်...."

လျိုချင်းရှန် ပိုလို့တောင် ပဟေဠိဖြစ်သွား၏။

"နတ်ဆေးဆရာရှန်ဂွမ်းက ဘာလို့ ဒီလိုလုပ်မှာလဲ။ သူက နင့်ကို တစ်တန်းတည်းဆက်ဆံတယ်။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

"ငါအဖေသူ့ကိုတွေ့ရင်တောင် လေးလေးစားစားနဲ့ စီနီယာလို့ခေါ်ရတယ်...."

တစ်ယောက်က ဂိုဏ်းချုပ်၊ တစ်ယောက်က မြင့်မြတ်ဂိုဏ်း မဟာအကြီးအကဲဖြစ်ပေမယ့်....

စီနီယာအရနှင့် ဂုဏ်သတင်းအရ ရှန်ဂွမ်းရှန်က လျိုဝူချန်းထက်ပိုအဆင့်မြင့်၏။

ဝီ! ဝီ! ဝီ!

ရုတ်တရက်...

လျိုချင်းရှန်ခါးရှိ ဆက်သွယ်ရေးကျောက်စိိမ်းပြားအသံမြည်လာပြီး သူမမျက်နှာ အနည်းငယ်ပြောင်းလဲသွား၏။

"ငါက မြို့ထဲမှာပဲရှိတာကို အဖေကဘာလို့ သတင်းပို့နေတာလဲ...."

သူမ ထိုအရာကို ချေလိုက်သည့်အခါ အလင်းတန်းတွေက လေထဲမှာ စာလုံးတွေအဖြစ်သိပ်သည်းသွား၏။

"မြင့်မြတ်အကြီးအကဲ အခန်းအောင်းရာကနေ ထွက်လာပြီ။ မြန်မြန်ပြန်လာခဲ့...."

မြင့်မြတ်အကြီးအကဲဆိုတာ သဘာဝအတိုင်း ဂိုဏ်းသခင်တောင်ထိပ်၏ မြင့်မြတ်အကြီးအကဲကို ရည်ညွှန်းတာဖြစ်သည်။

သူက မြင့်မြတ်အကြီအကဲအားလုံးထဲမှာ အသန်မာဆုံးတည်ရှိမှုလဲဖြစ်သည်။

လျိုဝူချန်း ဂိုဏ်းချုပ်ဖြစ်လာတာမှာလည်း သူက အကြီးမားဆုံးအထောက်အပံ့ဖြစ်ခဲ့၏။

လျိုချင်းရှန် ဘယ်လိုလုပ် လျစ်လျူရူရဲမည်နည်း။

သူမက ဂျန်ဖန်းလျို့ဝှက်ချက်ကို စိတ်မဝင်စားတော့ပဲ အလျှင်အမြန်ပြောလိုက်သည်။

"ငါနင့်ကို နောက်မှလာရှာမယ်...."

ပြောပြီးနောက အလျှင်အမြန်ထွက်သွားခဲ့သည်။

ဂျန်ဖန်းသက်သာယာရသွား၏။

ဆေးတောင်ထိပ်ကို ပြန်ရောက်သည့်အခါ...

ရှန်ဂွမ်းရှန်နှင့် ဝမ်ဟုန်ယောင်တို့နှစ်ယောက်လုံး ဂိုဏ်းသခင်တောင်ထိပ်ကို သွားကြသည်ဟု ပြော၏။

"လူတိုင်း အလုပ်များနေကြတာပါ့လား..."

ဂျန်ဖန်း အကူအညီမဲ့စွာပြောလိုက်သည်။

ကိစ္စတွေကထိုကဲ့သို့ဖြစ်နေမှတော့ သူလည်း ပျင်းရိနေလို့မရတော့ပေ။

သားရဲလှိုင်းနီးကပ်နေပြီး အနာဂတ်အန္တရာယ်က မသိရပေ။

သူ့ခွန်အားကို အလျှင်အမြန်တိုးမြှင့်ရမည်ပဲဖြစ်သည်။

ထို့ပြင် ရှုရို့ရန်နှင့် ချန်းစီလင်တို့ခွန်အားတို့မြှင့်အောင်လည်း ကူညီရမည်ဖြစ်သည်။

ထို့ကြောင့်....

သူက ကောင်ကင်ဓားတောင်ထိပ်ကို ထွက်လာခဲ့လိုက်သည်။

ပတ်ဝန်းကျင်ကို မေးမြန်ပြီးနောက် ရှုရို့ရန်နှင့် ချန်းစီလင်တို့ကို တွေ့လိုက်၏။

သူမတို့က ဓားနှလုံးသားထွင်းထုခြင်းကို လေ့ကျင့်ရေးကွင်းပြင်၌ အပြင်းအထန်လေ့ကျင့်နေကြတာပဲဖြစ်သည်။

သူမတို့က ကောင်းမွန်သည့်ဟန်ပန်တွေဖြင့် ကျွမ်းကျင်စွာလေ့ကျင့်နေကြ၏။

အားနည်းချက်များစွာရှိနေပေမယ့် ထိုအရာက ဂျန်ဖန်းကို အံ့အားသင့်စေ၏။

"တစ်ယောက်ယောက်က သူမတို့ကို သင်ပေးနေတာလား။ တိုးတက်မှုက မြန်လွန်းတယ်...."

ထိုနည်းလမ်းဘယ်လောက်ခက်လည်းဆိုတာ လျိုချင်းရှန်ကိုကြည့်လျှင်သိနိုင်၏။

သူ၏လက်ချင်းထပ်သင်ကြားပေးမှုသာမရှိလျှင် နှစ်ဝက်လောက်ကြာမြင့်မည်ပဲဖြစ်သည်။

သို့ပေမယ့် ရှုရို့ရန်နှင့် ချန်းစီလင်တို့က နှစ်ရက်သုံးရက် ကိုယ့်ဘာသာလေ့ကျင့်ရုံဖြင့် လျိုချင်းရှန်နှင့်အဆင့်တူသွား၏။

ရုတ်တရက်....

ရှုရို့ရန် ဂျန်ဖန်းကို တွေ့သွားပြီး ပျော်ရွင်မှုတွေနှင့် ပြည့်နှက်သွား၏။ သူမက ဓားကိုသိမ်းကာ အလျှင်အမြန်ပြေးလာတော့၏။

"ယောက်ျား, ဒီကိုဘာလာလုပ်တာလဲ...."

ဂျန်ဖန်း အံ့အားသင့်သွား၏။

"မင်းရဲ့ဓားသိုင်းတိုးတက်တာ မြန်လှကြီလား...."

ရှုရို့ရန် ဖြည်းညင်းစွာလျှောက်လာတဲ့ ချန်းစီလင်ကို ညွှန်ပြလိုက်သည်။

"သူမ သင်ပေးတာ...."

အမ်?....

ချန်းစီလင်ပင်ကိုယ်ပါရမီက ရှုရို့ရန်ထက် အနည်းငယ်နိမ့်ကျ၏။

ဘယ်လိုလုပ် ရှုရို့ရန်ကို သင်ကြားပေးတာနည်း။

ဂျန်ဖန်း၏ အံ့အားသင့်သည့်အမူအရာကိုမြင်သည့်အခါ ချန်းစီလင် ကြီးမားတဲ့အောင်မြင်မှုကို ခံစားလိုက်ရ၏။

သူမအသံကိုမြင့်ပြီး လျို့ဝှက်ချက်တစ်ခုကို ရောင်းလိုက်သည်။

"နင်က ငါ့ကို သုံးရက်တောင်လာမကြည့်ခဲ့ဘူး။ အခုအမြင်သစ်နဲ့ကြည့်သင့်တယ်...."

ဂျန်းဖန်း အော်ရယ်လုနီးပါးဖြစ်သွား၏။

နာမည်ကြီးစကားပုံကို ဖျက်လို့ပျက်ဆီးလုပ်နေတာပဲဖြစ်သည်။

ဘိုးဘေးတွေ သင်္ချိုင်းထဲမှပြန်ထလာမှာတောင် မကြောက်မရွံ့ပင်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်မှမေးမယ်။ မင်းတို့ရဲ့နယ်ပယ်ကို အရင်ဆုံးမြင့်တင့်ကြတာပေါ့...."

"ဟမ်? ငါတို့ မကြာသေးခင်ကမှ အဆင့်ချိုးဖြတ်ထားတာမဟုတ်ဘူးလား...."

ရှုရို့ရန် အံ့သြစွာဖြင့် ပြောလိုက်သည်။

ချန်းစီလင်လည်း သူမမျက်လုံးတွေကို ကျယ်ကျယ်ဖွင့်လိုက်သည်။

"အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေကို မြေပဲလိုစားတာက ငါတို့ကို မြန်မြန်တိုးတက်စေမှာမဟုတ်ဘူးနော်...."

ဂျန်ဖန်း အညိုရောင်စက္ကူဖြင့်ပတ်ထားသည့် အသားအနှစ်သားရအချို့ထုတ်ယူလိုက်၏။

သူက တစ်ဝက်ကို တိမ်နေမင်းမြို့ရှိ လင်းမိသားစုခေါင်းဆောင်အား ပေးလိုက်ပေမယ့် သူတို့သုံးယောက်စားဖို့လုံလောက်သေး၏။

၎င်းအထဲမှာပါဝင်သည့်စိတ်ဝိညာဥ်စွမ်းအားက သူတို့သုံးယောက် အဆင့်တစ်ဆင့်ထက်ပိုပြီး ချိုးဖြတ်ဖို့လုံလောက်၏။

သူက ထူးဆန်းစွာဖြင့် အညိုရောင်စက္ကူကို လှုပ်ယမ်းပြလိုက်သည်။

"ယောက်ျားမှာ ပစ္စည်းကောင်းတွေ ရှိပါတယ်...."

"လာ, ဒါစားဖို့ တိတ်ဆိတ်တဲ့နေရာတစ်ခု ရှာကြတာပေါ့...."

အမျိုးသမီးနှစ်ယောက် တောက်ပစွာပြုံးလိုက်ပြီး မျက်လုံးတွေက မျှော်လင့်မှုတွေ ပြည့်နှက်နေ၏။

ဂျန်ဖန်းသူမတို့ကို ပေးသည့်အရာတိုင်းက သာမန်တွေမဟုတ်ကြပေ။

သို့ပေမယ့်...

သူတို့သုံးယောက် လေ့ကျင့်ရေးကွင်းပြင်မှာ ရပ်ပြီးရယ်မောစကားပြောနေကြတာက လူအများ၏အာရုံကို ဆွဲဆောင်သွား၏။

ချောမောခန့်ငြားပြီး ပညာရှိပုံပေါ်သည့် လူငယ်တစ်ယောက် ထိုမြင်ကွင်းကိုမြင်လိုက်၏။ သူက သူ့ဓားကိုသိမ်းကာ လျှောက်လာခဲ့သည်။

ဂျန်ဖန်းကို သတိပေးသည့်အကြည့်ဖြင့်ကြည့်ပြီး မေးလိုက်သည်။

"မင်းကဘယ်သူလဲ...."

အခြားတောင်ထိပ်တပည့်က ကောင်းကင်တောင်ထိပ်၏အလှဆုံးအမျိုးသမီးနှစ်ယောက်နှင့် အကြည်ရှိုက်နေခဲ့သည်။

အတော်ကြည့်ရဆိုး၏။

ရှုရို့ရန် အနည်းငယ်မျက်မှောင်ကြုတ်ပြီ ပြောလိုက်သည်။

"စီနီယာအကိုနဲ့, ဒါက ကျွန်မတို့ယောက်ျားပါ...."

ဂျန်ဖန်း?....

နဲ့ယွင်ကျောက် မကျေနပ်မှုတွေ လိမ့်တက်လာ၏။

ဤလှပသည့်ဂျူနီယာညီမနှစ်ယောက်က အမှန်တကယ်ပဲ ထိုအမှိုက်ကောင်၏ စေ့စပ်ထားသည့်ဇနီးတွေဖြစ်နေခဲ့၏။

ဘယ်လောက်တောင် အရည်အချင်းဖြုန်းတီးလိုက်သနည်း။

သူက ဂျန်ဖန်းကို မိတ်ဆက်သည့်အနေဖြင့် တုံးတိပဲခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ဂျန်ဖန်းရှေ့မှာပဲ ရှုရို့ရန်နှင့် ချန်းစီလင်ကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်၏။

"ဂျူနီယာညီမတို့, အခုက ထမင်းစားချိန်ရောက်ပြီ။ အကို မင်းတို့ကို ထမင်းလိုက်ကျွေးပါရစေ..."

"မင်းတို့ရဲ့အုတ်မြစ်အခြေခိုင်ဖို့ အကို စိတ်ဝိညာဥ်အစားအစာ အထူးတလည်ပြင်ဆင်ထားတယ်...."

ဂျန်ဖန်း ပြုံးလိုက်၏။

သူ့ရှေ့မှာ သူ့ဇနီးတွေကို ထမင်းစားဖို့ဖိတ်နေ၏?

ဂျန်ဖန်းကို မရှိဘူးလို့သတ်မှတ်နေသည်လား....

"မလိုဘူး...."

ဂျန်ဖန်း အမျိုးသမီးတွေအတွက် ငြင်းဆန်ပေးလိုက်သည်။

"ငါ့ဇနီးတွေက ငါနဲ့ထမင်းသွားစားမှာ...."

"စီနီယာအကိုနဲ့ ဒုက္ခမခံပါနဲ့...."

ရှုရို့ရန်လည်း တိုက်ရိုက်ပဲငြင်းဆန်လိုက်သည်။

"စီနီယာအကို, ကိုယ့်ကိုယ်ကို ဒုက္ခမရှာပါနဲ့။ စီလင်နဲ့ ငါ နင့်ရဲ့ကြင်နာမှုကို လက်မခံနိုင်ဘူး...."

ဤလူက အမျိုးသမီးနှစ်ယောက်ကို ဆက်တိုက်နှောက်ယှက်နေခဲ့၏။

ထိုအရာက သူမတို့ကို စိတ်အနှောက်အယှက်ဖြစ်စေ၏။

နဲ့ယွင်ကျောက် ပါးတွေ တွန့်လိမ်သွား၏။

ဤဂျူနီယာညီမနှစ်ယောက်က ဂျန်ဖန်းကို ဘာကြောင့် ဒီလောက်ထိသစ္စာရှိနေလဲ သူနားမလည်နိုင်ပေ။ ထိုကောင်က သူ့ထက် အဆတစ်ထောင်လောက်နိမ့်ကျတာ အသိသာကြီးပင်။

နဲ့ယွင်ကျောက် ဂျန်ဖန်းကို အေးစက်စွာကြည့်လိုက်ပြီး ထူးမခြားနားစွာ ပြောလိုက်သည်။

"တကယ်လား...."

"မင်းမှာရှိတဲ့ဘယ်အစားအစာကများ ငါပြင်ဆင်ထားတဲ့စိတ်ဝိညာဥ်အစားအစာထက်ပိုကောင်းနေတာလဲ...."

"ငါ့ဂျူနီယာညီမတွေက အနာဂတ်ရဲ့ဂုဏ်ယူရသူတွေပဲ။ ကောင်းကင်နဲ့မြေကြီးရတနာတွေလိုအပ်တယ်။ မင်းထုတ်ပေးနိုင်လား...."

ရန်လိုလွန်း၏။

ဂျန်ဖန်းလည်း ယဥ်ကျေးမနေတော့ပဲ သူ့လက်ထဲက အညိုရောင်စက္ကူကို မြောက်ပြလိုက်သည်။

သူက စကားလုံးသုံးလုံးကို တည်ငြိမ်စွာပြောလိုက်သည်။

"မင်းထက်ပိုကောင်းတယ်....."

All Chapters