အုတ်မြစ်ကိုထူးဖော်ခြင်း
Vol. 12 Ch. 173
နဲ့ယွင်ကျောက် ဒေါသတကြီးရယ်လိုက်၏။
သူက ဂျန်ဖန်းအကြောင်းကို အထူးတလည်စုံစမ်းထား၏။
ထိုကောင့်ကို ဂိုဏ်းချုုပ်လျိုက တပည့်အဖြစ်ခေါ်ယူခဲ့ပေမယ့် လုံးဝတန်ဖိုးမရှိပေ။
နောက်ဆုံးအကြိမ် သားရဲအမဲလိုက်သည့် အန္တရာယ်များသည့်တာဝန်မှာတောင် လျိုဝူချန်း သူ့ကို ဘာအရင်းအမြစ်မှ မပေးခဲ့ပေ။'
ထိုကဲ့သို့လူမျိုးမှာ ဘာပစ္စည်းကောင်းရှိမည်နည်း။
သူက အင်္ကျီလက်ထဲမှာ လက်သီးဆုပ်လိုက်ပြီးမြင့်မြတ်အစွမ်းထက်သည့်ပုံစံဖမ်းကာ ပြောလိုက်သည်။
"ပွင့်ပွင့်လင်းလင်းပြောခွင့်ပြုပါ။ မင်းက ငါ့ရဲ့ဂျူနီယာညီမနှစ်ယောက်နဲ့ မတန်ဘူး...."
"ဘာလို့ဆိုတော့ မင်းက သူတို့ကို ဘာမှမပေးနိုင်လို့ပဲ...."
"ကျေးဇူးပြုပြီး အနာဂတ်မှာ သူမတို့ကို မနှောက်ယှက်ပါနဲ့...."
ဂျန်ဖန်း ပခုံးတွန့်လိုက်သည်။
"ငါ့ဇနီးနှစ်ယောက် မကန့်ကွက်သရွေ့ ငါ့မှာပြဿနာမရှိဘူး...."
ထိုအရာကိုကြားသည့်အခါ....
ရှုရို့ရန် သူ့ကို ဒေါသတကြီး လက်သီးဖြင့်ထုလိုက်သည်။
"လုပ်ကြည့်လိုက်လေ။ နင်ငါတို့ကိုစွန့်ပစ်ရဲလားကြည့်ကြတာပေါ့...."
ချန်းစီလင် နဲ့ယွင်ကျောက်ကို စိတ်ပျက်စွာကြည့်ပြီး သူမနားထင်ကိုသပ်ကာ ပြောလိုက်သည်။
"ဒုတိယစီနီယာအကို, ငါတို့ကိုနှောက်ယှက်နေတာက နင်..."
"ကျေးဇူးပြုပြီး ထပ်မနှောက်ယှက်ပါနဲ့တော့။ ရို့ရန်နဲ့ ငါ ဒီကိစ္စနဲ့ပတ်သက်ပြီး အမြဲဒုက္ခရောက်ရတယ်...."
ဤကြမ်းတမ်းသည့်စကားတွေက နဲ့ယွင်ကျောက်မျက်နှာကို ပြောင်းလဲသွားစေ၏။
"ဂျူနီယာညီမစီလင်, ဒါပေမယ့် ငါပြောတဲ့စကားတွေက အမှန်တွေပဲ...."
"မင်းကိုယ်မင်းလည်း ရိုးရိုးသားသားမေးကြည့်လိုက်အုန်း။ သူမင်းကို ဘာတွေများပေးခဲ့လဲလို့..."
ချန်းစီလင် ခေါင်းကိုက်သွား၏။
ဂျန်ဖန်းသူမကိုပေးသည့်အရာတွေကို အလေးအနက်စဥ်းစားဖို့လိုအပ်သည်လား....
ယခုသူမမှာရှိသည့်အရာရာက ဂျန်ဖန်းပေးထားတာပင်။
ထိုကောင့်ကိုလက်လျော့သွားအောင်လုပ်ဖို့ သူမရှေ့ထွက်ဖို့ ဆုံးဖြတ်လိုက်၏။
"ငါ့ယောက်ျားငါ့ကိုပေးတဲ့အရာတွေက နင့်တစ်ဘဝလုံး ဘယ်တော့မှပေးနိုင်မှာမဟုတ်ဘူး...."
ဤကဲ့သို့ နှလုံးကွဲကျေစေသည့်စကားတွေကို နဲ့ယွင်ကျောက် တောင့်မခံနိုင်ပေ။
သူက ဂျန်ဖန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
ပြင်းထန်လာသည့်မြင်ကွင်းကို မြင်သည့်အခါ....
အစောပိုင်း နဲ့ယွင်ကျောက်နှင့်ယှဥ်ပြိုင်နေသည့် အမျိုးသမီးတပည့် သက်ပြင်းချလိုက်ပြီး သူမဓားကို သိမ်းလိုက်သည်။
သူမက နဲ့ယွင်ကျောက်၏ အမကြီး နဲ့ယွင်ရှီပင်။
လီချင်ဖုန်း သူတို့နှစ်ယောက်ကို ကောင်းကင်ဓားတောင်ထိပ် ခေါ်ယူခဲ့သည့်နှစ်က အံဖွယ်နှစ်ပင်။
သူတို့နှစ်ယောက်လုံးက ဂုဏ်သတင်းအတော်အတန်ရှိ၏။
အထူးသဖြင့် အမဖြစ်သူပင်။ သူမက အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ကို ရောက်ရှိနေပြီဖြစ်ပြီး အစစ်အမှန် စီနီယာအမကြီးတစ်ယောက်ပင်။
နဲ့ယွင်ကျောက်ကတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ဖြစ်ပြီး ဒုတိယစီနီယာအကိုကြီးပင်။
စီနီယာအကိုကြီးတစ်ယောက်သာ သူတို့အထက်မှာရှိ၏။
နဲ့ယွင်ရှီကို ဒုက္ခရောက်စေသည့်အရာက....
ရှုရို့ရန်နှင့် ချန်းစီလင်တို့ရောက်ကတည်းက အစောပိုင်းကျင့်ကြံရေးမှာသာ အာရုံစိုက်ထားသည့် နဲ့ယွင်ကျောက်က စိတ်ဝိညာဥ်ဆုံးရှုံးသွားသလိုပင်။
မကြာခဏဆိုသလို နွေးထွေးသည့်အမူအရာတွေပြသပြီး လက်မလွတ်နိုင်ဖြစ်နေ၏။
အမျိုးသမီးနှစ်ယောက်က ထပ်ခါတလဲလဲငြင်းဆန်နေပေမယ့် သူက ထိုအရာကို အဆုံးမရှိပျော်ရွင်နေခဲ့သည်။
သူက အမျိုးသမီးနှစ်ယောက်လုံးကိုလိုချင်နေခဲ့ပြီး ဘေးနားမှာအလှလေးတွေရှိသည့်ကောင်းချီးကို နှစ်သက်နေခဲ့သည်။
ယခု ထိုအမျိုးသမီးနှစ်ယောက် ယောက်ျားတစ်ယောက်နှင့်စကားပြောရယ်မောနေတာမြင်သည့်အခါ ကျင့်ကြံရေးကို ချက်ချင်းရပ်ကာ အပြေးလာခဲ့ပြီး ပြဿနာဖြစ်စေခဲ့၏။
သူမက ဝင်မပါချင်ပေမယ့် အခုတော့ ရွေးချယ်စရာမရှိတော့ပေ။
"လူတိုင်းပဲ, စိတ်အေးအေးထားကြပါ...."
နဲ့ယွင်ရှီ ကျက်သရေရှိစွာလျောက်လမ်းလာပြီး မျက်နှာပေါ်မှာ ကြင်နာမှုတွေရှိနေခဲ့သည်။
သူမအသံက ရေကဲ့သို့ ညင်သာနူးညံ့ပြီး လူတိုင်းနှလုံးသားကို တည်ငြိမ်စေ၏။
ရှုရို့ရန်နှင့် ချန်စီလင်တို့နှစ်ယောက် သူမကို လေးစားမှုပြလိုက်ပြီး အတူတကွနှုတ်ဆက်လိုက်၏။
"စီနီယာအမကြီး..."
နဲ့ယွင်ရှီ ဂျန်ဖန်းကို တစ်ချက်ကြည့်လိုက်သည်။
သူမမောင်ပြောသည့်ဂျန်ဖန်းအကြောင်းတွေကို ပြန်တွေးမိပြီး အစကတည်းက သူမမှာ တစ်ဖက်စောင်းနင်းအတွေးက ရှိပြီးသားဖြစ်သည်။
ယခုကိုယ်တိုင် မြင်သည့်အခါ သူမလည်း ဂျန်ဖန်းက ရှုရို့ရန်နှင့် ချန်းစီလင်တိုနှင့် မထိုက်တန်ဘူးဟုခံစားရ၏။
နှိုင်းယှဥ်ကြည့်လျှင် သူမမောင်လေးကမှ ဂျူနီယာညီမအလှလေးနှစ်ယောက်နှင့် ပိုသင့်တော်၏။
မောင်ဖြစ်သူက စိတ်ပိုင်းဖြတ်ထားသည့်အတွက်...
ယခုကစပြီး ကျင့်ကြံရေးမှာ အာရုံစိုက်နိုင်အောင် သူမက ကူညီဖို့ဆုံးဖြတ်လိုက်သည်။
"ဂျူနီယာမောင်လေးဂျန်, ကောင်းကင်ဓားတောင်ထိပ်ကနေ ကြိုဆိုပါတယ်...."
နဲ့ယွင်ရှီမျက်နှာက ရင်းနှီးသည့်အပြုံးတွေနှင့် ပြည့်နှက်နေခဲ့သည်။
"ငါ့မောင်က ငယ်ရွယ်ပြီး ကျိုးကြောင်းမဆီလျော်ဘူး။ သူ့ကိုအပြစ်မတင်ပါနဲ့...."
"ဒီလိုဆိုရင်ကောဘယ်လိုလဲ။ သူ့ကိုယ်စားတောင်ပန်ဖို့ မင်းတို့ကို ထမင်းလိုက်ကျွေးမယ်လေ....."
ထိုအမျိုးသမီး၏ စာနာထောက်ထားမှုကို ကြားသည့်အခါ...
ဂျန်ဖန်း နော်ကထပ်မငြင်းခုံဖို့ ဆုံးဖြတ်ကာ နှုတ်ဆက်လိုက်၏။
"အရမ်းယဥ်ကျေးနေဖို့မလိုပါဘူး, စီနီယာအမနဲ့...'
"ငါ ရို့ရန်နဲ့စီလင်ကို အခြားနေရာပဲ ခေါ်သွားလိုက်ပါ့မယ်....."
သူ့လက်ထဲရှိအသားအနှစ်သာရက အတော်တန်ဖိုးကြီး၏။
ပြဿနာတွေရှောင်ရှားဖို့ သီးသန့်နေရာတစ်ခုမှာ စားတာ ပိုကောင်း၏။
နဲ့ယွင်ရှီ စိတ်အားထက်သန်စွာ တုံ့ပြန်လိုက်သည်။
"အဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲ....."
"မင်းက ငါ့ဂျူနီယာညီမနှစ်ယောက်ရဲ့ ယောက်ျားလေ။ မင်းအတွက်လာဖို့ဆိုတာ မလွယ်ဘူး။ မင်းကိုဒီအတိုင်းထွက်သွားခိုင်းလိုက်ရင် လူတွေက ငါ့တို့ကောင်းကင်ဓားတောင်ထိပ်ကို မကောင်းပြောကြလိမ့်မယ်....."
ဂျန်ဖန်း ဆွံ့အသွား၏။
အကြီးမားဆုံးအတင်းအဖျင်းတွေကို မည်သူမှဖြန့်တာမဟုတ်ပေ။ ကောင်းကင်ဓားတောင်ထိပ်ကပဲ ဖြန့်တာမဟုတ်လား....
အလားအလာအကုန်သုံးပြီး အဆင့်ချိုးဖြတ်ခဲ့ရတယ်လို့ ဘယ်သူပြောခဲ့တာလဲ။
ကောင်းကင်ဓားတောင်ထိပ်သခင် လီချင်ဖုန်းပဲမဟုတ်ဘူးလား....
ရှုရို့ရန်နှင့် ချန်းစီလင်တို့ အကြည့်ချင်းဖလှယ်လိုက်ပြီး အနည်းငယ်ခက်ခဲမှုတွေ ပြသလာ၏။
စီနီယာအမကြီးက သူတို့ကို နွေးထွေးစွာဖိတ်ခေါ်နေသည်ဖြစ်၍ ထပ်ခါထပ်ခါငြင်းဆိုတာက သူမကိုခံစားစေမည်ဖြစ်သည်။
သူမတို့ကလည်း ကောင်းကင်ဓားတောင်ထိပ်မှာ အချိန်ခဏဆက်နေရအုန်းမည်ဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် နေ့တိုင်း ဆက်ဆံနေရအုန်းမည်ပင်။
ထိုအရာကိုနားလည်ပြီး ဂျန်ဖန်း ရွေးချယ်စရာမရှိတော့ပဲပြောလိုက်သည်။
"ကောင်းပြီလေ, ဒါဆိုလည်း မင်းကို ဒုက္ခပေးရတော့မယ်၊ စီနီယာအမနဲ့....."
"မဟုတ်တာ။ ငါတို့အားလုံး မိသားစုတွေပဲကိုး။ လာခဲ့ကြ...."
သူမက ဦးဆောင်ထွက်ခွာသွား၏။
နဲ့ယွင်ကျောက်ကို ဖြတ်သွားသည့်အခါ အဓိပ္ပာယ်ပါသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
နဲ့ယွင်ကျောက်နားလည်သွား၏။ ဤအရာက သူ့အမ သူအတွက်ဖန်တီးပေးသည့် အခွင့်အရေးတစ်ခုပင်။
ဘယ်လိုအခွင့်အရေးမျိုးနည်း?...
သေချာပေါက် ထမင်းစားပွဲမှာ တောက်ပရမည့်အခွင့်အရေးပင်။
သူသာ ဂျန်ဖန်းထက်သာကြောင်းပြသနိုင်လျှင် အမျိုးသမီးနှစ်ယောက် စိတ်မလှုပ်ရှားပဲနေမည်လား....
ကောင်းကင်ဓားတောင်ထိပ် ထမင်းစားခန်း၌...
၎င်းက လူတွေနှင့် ပြည့်နေခဲ့၏။
နဲ့ယွင်ရှီ အကြီးဆုံးစားပွဲကိုရွေးပြီး ထိုင်လိုက်၏။
ပတ်ဝန်းကျင်ရှိတပည့်တွေ အလိုက်သိစွာပဲ ဧရိယာကို ရှင်းလင်းလိုက်ပြီး သူတို့အတွက် နေရာတစ်ခုပြုလုပ်ပေးလိုက်သည်။
နဲ့ယွင်ကျောက် မီးဖိုချောင်ကိုသွားပြီး သူအသေးစိတ်ပြင်ဆင်ထားသည့်အစားအစာတွေကို ယူလာခဲ့၏။
အားလုံးက အရသာရှိရှားပါးအစားအသောက်တွေဖြစ်ကြပြီး တိမ်စိမ်းမြို့နေရာအနှံ့အပြားမှ ဝယ်ယူထားတာဖြစ်သည်။
သူကိုယ်တိုင်တောင် မစားရက်သည့်ရတနာတွေဖြစ်ပြီး သလင်းကျောက်ရာပေါင်းများစွာ ကုန်ကြခဲ့၏။
စားပွဲ၌ နဲ့ယွင်ရှီ အမျိုးသမီးနှစ်ယောက်နဲ့ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေခဲ့သည်။
"စီလင်, ဒီလအတွက် မင်းရဲ့ အခြေခံတည်ဆောက်ခြင်း ဆေးလုံးယူပြီသွားပြီလား..."
ချန်းစီလင်မျက်လုံးတွေ အရောင်လက်သွားပြီး အနည်းငယ်အပြစ်ရှိမှုကို ခံစားလိုက်ရသည်။
"ယူပြီးပါပြီ..."
ဂိုဏ်းကထုတ်ပေးသည့် အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေက အနိမ့်ဆုံးအရည်အသွေးတွေ ဖြစ်ကြ၏။
သို့ပေမယ့် ဂျန်ဖန်း သူမနှင့် ရှုရို့ရန်တိုကို ပေးသည့်အရာတွေက ထိပ်တန်းအဆင့်တွေ ဖြစ်ကြ၏။
ထို့ကြောင့် သူမတို့က ဂိုဏ်းကထုတ်ပေးသည့် အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေကို ထုတ်ယူပြီး ချက်ချင်းရောင်းကြ၏။ ထိုအရာတွေကို စားဖို့ လုံးဝဆန္ဒမရှိကြပေ။
ထိုအရာကို နားမလည်သည့် နဲ့ယွင်ရှိ အလေးအနက်ပြောလိုက်သည်။
"အနာဂတ်မှာ ယူဖို့မမေ့နဲ့နော်..."
"အခြေခံတည်ဆောက်ခြင်းနယ်ပယ်မှာ အရင်းအမြစ်တွေက အရမ်းအရေးကြီးတယ်...."
"ဒါပေမယ့် ဂိုဏ်းက နည်းနည်းပဲထုတ်ပေးနိုင်တာ။ မြန်မြန်အဆင့်တက်ဖို့အတွက်တော့ မင်းက အခြားနေရာတွေကနေ ပိုများတဲ့အရင်းအမြစ်တွေရဖို့လိုတယ်...."
"မဟုတ်ရင် မင်းမှာ အရည်အချင်းဘယ်လောက်ပဲရှိရှိ အောင်မြင်ဖို့ခက်ခဲတယ်...."
ချန်းစီလင်နှင့် ရှုရို့ရန် သူမရည်ရွယ်ချက်ကို သတိမထားမိပဲ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ဂျန်ဖန်း တစ်ခုခုကို အရိပ်အမြွက်ခံစားမိလိုက်၏။
နဲ့ယွင်ရှီပြောပုံက သူ,ဂျန်ဖန်းဟာ လုံလောက်သည့်အရင်းအမြစ်ထုတ်မပေးနိုင်ဘူးဟုပြောနေသည်နှင့် ဘာကြောင့်တူနေရသနည်း။
နဲ့ယွင်ရှီ ယေဘူယအခြေအနေကနေ တိကျသည့်အခြေသို့ရောက်အောင် လိမ္မာပါးနပ်စွာ စကားကို ဆွဲယူပြောနေခဲ့သည်။
သူမက ချန်းစီလင်ကို လေ့လာလိုက်၏။
"မင်းမှာဘာလို့ခုထိ မှော်ရတနာတစ်ခုမရှိသေးတာလဲ..."
ထို့နောက် သူမက ဂျန်ဖန်းကို ကြည့်လိုက်သည်။
အဓိပ္ပာယ်ကရှင်း၏။
ဂျန်ဖန်း မင်းကို ဘာမှမပေးဘူးလားဆိုသည့် အဓိပ္ပာယ်ပင်။
ထိုအရာကြားသည့်အခါ ချန်းစီလင် ဂျန်ဖန်းကို မကျေမနပ်ကြည့်ပြီး ရေရွတ်လိုက်သည်။
"ဒါကဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်က သူတို့ကတိကို မဖြည့်ပေးသေးလို့လေ..."
ဂျန်ဖန်း တစ်ခဏကြောင်သွား၏။
ရှုရို့ရန်ကျောပေါ်ရှိ အစိမ်းရောင်ဓားကိုမြင်သည့်အခါမှသာ ရုတ်တရက်မှတ်မိသွား၏။
တိမ်စိမ်းဂိုဏ်းကို စရောက်ချိန်၌ သူက သူမတို့နှစ်ယောက်ကိုခေါ်ကာ တပည့်ဈေးတန်းကို လည်ပတ်ခဲ့၏။
ထိုအချိန်က ရှုရို့ရန်ကို အလယ်အလတ်အဆင့် မှော်ရတနာတစ်ခုဝယ်ပေးခဲ့၏။
သို့ပေမယ့် ချန်းစီလင်အတွက် သင့်လျော်သည့်အရာမရှိသည့်အတွက် နောက်တစ်ခါမှဝယ်ပေးမည်ဟု ကတိပေးခဲ့၏။
နောက်ပိုင်း အလုပ်တွေရှုပ်နေပြီး သူက ထိုအကြောင်းကို မေ့သွားခဲ့သည်။
ဂျန်ဖန်း အတော်လေး ရှက်သွား၏။
ထိုအရာကို မြင်သည့်အခါ နဲ့ယွင်ရှီနှုတ်ခမ်း အနည်းငယ်တွန့်ကွေးသွား၏။
ပြဿနာမီးမွေးပေးရတာ လုံးဝမခက်ပေ။
သို့ပေမယ့်...
နောက်တစ်ခဏ၌ နဲ့ယွင်ရှီအပြုံး အေးခဲသွား၏။
ဂျန်ဖန်း အိတ်တစ်လုံးကို တိုက်ရိုက်ထုတ်ယူလိုက်ပြီး ချန်းစီလင်ကို ပေးလိုက်သည်။
"တောင်းပန်ပါတယ်။ ငါမေ့သွားလို့ပါ...."
"ဒီသလင်းကျောက်တွေကိုယူပြီး မင်းကြိုက်တာရှိရင်ဝယ်လိုက်ပေါ့..."
အမှန်တကယ်တော့ ချန်းစီလင် စိတ်မဆိုးပေ။
ဂျန်ဖန်းက သူမကို ပစ္စည်းအနည်းငယ် ပေးပြီးပြီဖြစ်သည်။
မှော်ရတနာလေးတစ်ခုအတွက်နှင့် သူမက ဘယ်လိုလုပ် အထွန့်တက်နိုင်မည်နည်း။
အပိုရသည့်သလင်းကျောက်တုံးအိတ်က ကျေနပ်စရာအံ့အားသင့်မှုတစ်ခုပင်။ သူမ ဖွင့်ကြည့်လိုက်သည့်အခါ အလယ်အလတ်အဆင့် သလင်းကျောက် တစ်ရာကို တွေ့လိုက်၏။
ထိုအရာက အဆင့်နိမ့်သလင်းကျောက် တစ်ထောင်နှင့်ညီမျှ၏။
ချန်းစီလင်အတော်လေး ပျော်သွားသည်။
"ဝိုး... သလင်းကျောက်တစ်ထောင်၊ ကျေးဇူးတင်ပါတယ်, ယောက်ျား...."
ရှုရို့ရန် မကျေမနပ်ဖြစ်သွားပြီး လက်ဆန့်ထုတ်လိုက်သည်။
"ငါ့အတွက်ကကော...."
ဂျန်ဖန်း မနေနိုင်ပဲ ရယ်လိုက်၏။ သူက နောက်ထပ်တစ်အိတ်ထုတ်ကာ သူမကို ပေးလိုက်သည်။
ထိုအရာတွေအားလုံးက ဧရာမဂိုဏ်းတပည့် ရှုဂန်လီဆီမှ ရိတ်သိမ်းမှုပင်ဖြစ်သည်။
သူက ထိုအရာတွေကို လုံးဝမလိုအပ်ပေ။
ရှုရို့ရန် အထဲကို ကြည့်လိုက်သည့်အခါ သူမမျက်နှာ ပျော်ရွင်မှုကြောင့် တောက်ပသွား၏။
"သလင်းကျောက်တစ်ထောင်အတွက် ကျေးဇူးတင်ပါတယ်, ယောက်ျား...."
နဲ့ယွင်ရှီ အံ့သြမှင်သက်နေခဲ့သည်။
သူက ချက်ချင်းပဲ သလင်းကျောက်နှစ်ထောင်ကို ထုတ်ပေးခဲ့၏။
သူမနှင့် သူမမောင် နှစ်ယောက်ပေါင်းလျှင်တောင် ထိုပမာဏမရှိပေ။
အမျိုးသမီးနှစ်ယောက် ဂျန်ဖန်းကို ဒီလောက်ထိ သစ္စာရှိနေတာ မအံ့သြတော့ပေ။
ဂျန်ဖန်းက အရင်းအမြစ်လုံးဝ မပြတ်လတ်ပေ။
ကြည့်ရတာ ဂျန်ဖန်းနှင့်ယှဥ်ပြိုင်ဖို့ သူမမောင်ပြင်ဆင်လာသည့် စိတ်ဝိညာဥ်အစားအသောက်ပေါ်မှာပဲ မှီခိုရတော့မည်ပင်။
ထိုအရာက ပိုက်ဆံရှိတိုင်း ဝယ်လို့မရပေ။
အဆက်အသွယ်တွေလည်း လိုအပ်၏။
သေချာပေါက် ဂျန်ဖန်း၌ စိတ်ဝိညာဥ်အစားအသောက်ထက်ပိုကောင်းသည့်အရာ မရှိနိုင်ပေ။