ဆက်တိုက်အဆင့်ချိုးဖြတ်ခြင်း
Vol. 12 Ch. 174
အချိန်အတော်ကြာစောင့်ပြီးနောက် စိတ်ဝိညာဥ်အစားအသောက်တွေ မရသေးပေ။
ဂျန်ဖန်း အချိန်ဖြုန်းနေရသည်ဟု ခံစားရ၏။
တိုက်ရိုက်ပဲ နဲ့ယွင်ရှီရှေ့၌ သူကအညိုရောင်စက္ကူထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။
"ရို့ရန်, စီလင် အရင်ဆုံးနည်းနည်းစားထားလိုက်ရအောင်...."
"စိတ်ဝိညာဥ်အစားအသောက်တွေရောက်လာလို့ မင်းတို့ထပ်စားချင်သေးတယ်ဆိုရင် နည်းနည်းထပ်စားကြပေါ့...."
ပြောပြီးနောက် စက္ကူကိုဖယ်လိုက်သည့်အခါ သွေးစွန်းနေသည့်အသားတုံးတစ်တုံး ပေါ်လာခဲ့သည်။
ရှုရို့ရန် မျက်မှောင်ကြုတ်လိုက်၏။
"ဘာကြီးလဲ။ စားလို့ကောရရဲ့လား...."
ချန်းစီလင်လည်း အတော်လေး မသတီဖြစ်နေ၏။
ထိုအရာက ကောင်းကင်ဘုံစိတ်ဝိညာဥ်နှင့်မြေကြီးနှင်းစက်လိုအရာမျိုးဖြစ်မည်ဟု ထင်ခဲ့၏။
သို့ပေမယ့် လက်စသတ်တော့ အသားစိမ်းကြီးတစ်ခုဖြစ်နေခဲ့သည်။
သို့ပေမယ့် ဘေးမှာရပ်နေသည့်နဲ့ယွင်ရှီ မျက်လုံးတွေ အံ့အာသင့်မှုကြောင့် ပြူးကျယ်သွား၏။
"အသားအနှစ်သာရ... သားရဲဘုရင်ရဲ့ အသားအနှစ်သာရ..."
နဲ့ယွင်ရှီမျက်လုံးတွေ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားပြီး မနေနိုင်ပဲ အော်ပြောလိုက်သည်။
"ဒါက အခြေခံတည်ဆောက်ခြင်းအဆင့် သိုင်းပညာရှင်အတွက် အကောင်းဆုံးပစ္စည်းပဲ...."
"အခြေခံတည်ဆောက်ခြင်းအဆင့်မှာ အဆင့်တစ်ဆင့်ချိုးဖြတ်ဖို့လုံ့လောက်တယ်...."
"ဂျူနီယာမောင်လေးဂျန်, ငါ ရ..."
"ဒါပဲရှိတော့တာမလို့, တောင်းပန်ပါတယ်...."
ဂျန်ဖန်း ပြတ်ပြတ်သားသားပဲ ငြင်းဆန်လိုက်၏။
ထိုအရာက အစကတည်းက သူတို့သုံးယောက်အတွက်သာ လုံလောက်၏။
ထို့ပြင် နဲ့မောင်နှမက သူ့အမျိုးသမီးတွေကို လုယူဖို့လဲကြိုးစားနေသေး၏။
သူရူးသွားမှသာလျှင် သူတို့နှင့် ဝေမျှမည်ဖြစ်သည်။
ပြောပြီးနောက် အနက်ရောင်ဓားကိုထုတ်ပြီး အသားကိုသုံးပိုင်းပိုင်းကာ ချန်းစီလင်နှင့် ရှုရို့ရန်တို့ကို ကမ်းပေးလိုက်သည်။
ထိုအခါမှသာ ထိုအရာက ထိပ်တန်းအဆင့်အစားအစာဆိုတာ အမျိုးသမီးနှစ်ယောက် နားလည်သွားကြ၏။
သူတို့ အတော်ပျော်ရွင်သွားပြီး အနည်းငယ်လှီးဖြတ်ကာ ပါးစပ်ထဲထည့်လိုက်၏။
စိတ်ကူးထားသည့်သွေးညှီနှံ့က ရောက်မလာခဲ့ပေ။ ထိုအစား အသားအနှစ်သာရက မွေးကြိုင်ပြီး နူးညံ့လှ၏။
သူမတို့က ညင်သာစွာဝါးလိုက်ပြီး မျိုးချလိုက်သည်။
ချိုပြီး အရသာရှိလှ၏။
အလွန်အရသာရှိ၏။
စိတ်အားထက်သန်စွာဖြင့် ချက်ချင်းပဲ အသားအနှစ်သာရအားလုံးကို ချက်ချင်းစားလိုက်ကြ၏။
အသားထဲရှိ များပြားသည့်စိတ်ဝိညာဥ်စွမ်းအင်တွေ အလျှင်အမြန်ပဲ သူမတို့၏ စိတ်ဝိညာဥ်ကန်ထဲကို စီးဝင်သွားပြီး အထဲရှိ စိတ်ဝိညာဥ်စွမ်းအင်တွေ တိုးပွားလာခဲ့သည်။
ဂျန်ဖန်းခပ်ဖွဖွပြုံးလိုက်ပြီး သူ့အပိုင်း အသားအနှစ်သာရကို စားလိုက်သည်။
ထို့နောက် မျက်စိမှိတ်ကာ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဥ်စွမ်းအင်ကို လမ်းညွှန်ပေးလိုက်၏။
သုံးယောက်သား နဲ့ယွင်ရှီရှေ့မှာပဲ စတင်ကျင့်ကြံလိုက်ကြ၏။
သိမကြာလိုက်ပေ...
ထူးခြားသည့်လှိုင်းသုံးခုရောက်ရှိလာပြီး သူတို့အားလုံး အတူတကွ အဆင့်ချိုးဖြတ်သွားကြ၏။
ဂျန်ဖန်းက အစကတည်းက အခြေခံတည်ဆောက်ခြင်းအဆင့် ၆ အထွတ်အထိပ်မှာရှိနေသည်ဖြစ်၍ အလွယ်တကူပဲ အတားအဆီးကိုချိုးဖြတ်ကာ အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ကို ရောက်ရှိသွား၏။
ရှုရို့ရန်က အခြေခံတည်ဆောက်ခြင်းအဆင့် ၃ ပြီးပြည့်စုံခြင်းအဆင့်မှ အခြေခံတည်ဆောက်ခြင်းအဆင့် ၄ သို့ တိုးတက်သွားခဲ့သည်။
ချန်းစီလင်လည်း တစ်ဆင့်တက်သွားပြီး ဒုတိယအဆင့်မှ အခြေခံတည်ဆောက်ခြင်း အဆင့် ၃ ကို ရောက်ရှိသွားခဲ့သည်။
ဤအခိုက်အတန့်၌ နဲ့ယွင်ရှီ ခံစားချက်တွေ ဖော်မပြနိုင်လောက်အောင်ဖြစ်နေခဲ့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်၌ အဆင့်ချိုးဖြတ်ဖို့က ဘယ်လောက်ခက်ခဲလိုက်သနည်း။
အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်နေ့တစ်လုံးပုံမှန်သောက်လျှင်တောင် တစ်လနေမှ တစ်ဆင့်လောက်ပဲ ချိုးဖြတ်နိုင်မှာဖြစ်သည်။
ရှုရို့ရန်နှင့် ချန်းစီလင်တို့က မကြာသေးခင်ကမှ အဆင့်ချိုးဖြတ်ထားကြတာဖြစ်၏။
သဘာဝအတိုင်းဆိုလျှင် နောက်တစ်ဆင့်တက်ဖို့က အချိန်အတော်အကြာ ယူရမည်ပဲဖြစ်သည်။
ယခု ဂျန်ဖန်းပေးသည့်အသားအနှစ်သာရကြောင့် အဆင့်တစ်ဆင့် အသာအယာ တိုးတက်သွားခဲ့၏။
သူမ မနာလိုဖြစ်လာ၏။
သူမကို အသားအနှစ်သာရပေးမည့်ယောက်ျားတစ်ယောက်ရှိလျှင် ဘယ်လောက်ကောင်းမည်နည်း။
"ဒင်! ဒင်! ဒင်!...."
နဲ့ယွင်ကျောက် အရသာရှိစွာပြင်ဆင်ထားသည့် စိတ်ဝိညာဥ်အစားအသောက်ပန်ကန်ပြားကို သယ်ဆောင်ကာ လျှောက်လမ်းလာခဲ့သည်။
"ငါ သေသေချာချာလေးပြင်ဆင်ထားတဲ့ စိတ်ဝိညာဥ်အစားအသောက် ရောက်ပါပြီ...."
"ဒါစားတာက အခြေခံတည်ဆောက်ခြင်းဆေးလုံး ငါးရက်သောက်တာနဲ့ညီမျှတယ်..."
"ဂျူနီယာညီမရို့ရန်, ဂျူနီယာညီမစီလင်, မြည်းကြည့်ကြပါအုန်း။ ဒါက အကို့ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရဲ့ သင်္ကေတပါ...."
ဒါပေါ့ သူက ဂျန်ဖန်းကို လှောင်ပြောင်ဖို့ မမေ့ခဲ့ပေ။
"ဒါက ဂျူနီယာညီမနှစ်ယောက်အတွက် ပြင်ဆင်ထားတာနော်။ မင်းအတွက်မပါဘူး..."
"မင်းစားချင်ရင်တော့ ကိုယ့်ဘာသာဝယ်စားပေါ့...."
အဟမ်း! အဟမ်း!
နဲ့ယွင်ရှိ သူမမျက်နှာကိုပွတ်သပ်လိုက်ပြီး မောင်ဖြစ်သူအတွက် ရှက်ရွံ့နေခဲ့သည်။
ဂျန်ဖန်းက ခုလေးတင်မှ ထိပ်တန်းအဆင့်ပစ္စည်းဖြစ်သည့် သားရဲဘုရင်အနှစ်သာရကို စားထားတာဖြစ်သည်။
ဤစိတ်ဝိညာဥ်အစားအသောက်တွေက သလင်းကျောက်ရာအနည်းငယ်သာ တန်ဖိုးရှိပြီး ယှဥ်ကြည့်လိုက်လျှင် အမှိုက်လိုပင်။
သူ့ကို အလကားပေးလျှင်တောင် မစားချင်ပေ။
"ယွင်ကျောက်, နင်ဘယ်လိုလုပ်ပြီး ဒီလိုပြောနိုင်ရတာလဲ...."
နဲ့ယွင်ရှီ သူမမောင်မျက်နှာကို အဖတ်ဆယ်ဖို့ ပြောလိုက်သည်။
"ဂျူနီယာမောင်လေးဂျန်ဖန် စားချင်ရင်, ဒါက နင့်ကို မျက်နှာသာပေးတာပဲ...."
"ဒါတွေက သာမန်အစားအသောက်တွေပဲ၊ ဘာမှထူးခြားမနေဘူး...."
"နင်, ကမ္ဘာကြီးကို မမြင်ဖူးသလို လုပ်မနေနဲ့...."
ဟမ်?....
နဲ့ယွင်ကျောက် အံ့အားသင့်သွား၏။
ဤအရာတွေက သာမန်အစားအသာက်တွေလား...
ဤအရာတွေရဖို့ သလင်းကျောက်နှင့် အရင်းအမြစ် ဘယ်လောက်များများသုံးခဲ့ရလဲဆိုတာ သူ့အမလည်း မသိတာမဟုတ်ပေ။
ထို့ပြင် ဂျန်ဖန်းကစားပေးလျှင် သူ့ကိုမျက်နှာသာပေးတာဟုတောင် ပြောနေ၏။
သူက ဒေါ်သတကြီး ပြန်ပြောလိုက်၏။
"ဂျန်ဖန်း စားချင်ရင်တောင်, ငါပေးမှာမဟုတ်ဘူး...."
"ဂျူနီယာညီမတို့, မြည်းကြည့်ကြပါ...."
ရှုရို့ရန် အသားအနှစ်သာရကြောင့် ဗိုက်ပြည့်နေပြီဖြစ်သည်။
များပြားသည့်စိတ်ဝိညာဥ်အစားအသောက်တွေကိုကြည့်ပြီး လုံးဝကို စားချင်စိတ်မရှိပေ။
"ငါဗိုက်ပြည့်နေပြီ။ ကျေးဇူးတင်ပါတယ်...."
ချန်းစီလင် သူမပါးစပ်ထဲရှိ အသားအနှစ်သာရ၏ချိုမြိန်မှုကို ခံစားနေရဆဲဖြစ်သည်။
သူမရှေ့ရှိ စိတ်ဝိညာဥ်အစားအသောက်တွေကိုမြင်သည့်အခါ သူမမစားနိုင်တော့ပေ။
"ငါလည်းဗိုက်ပြည့်နေပြီ၊ နင့်ဘာသာနင်ပဲစားပါ...."
အာ....
နဲ့ယွင်ကျောက် ကြောင်အသွား၏။
ထိပ်တန်းအဆင့်ပစ္စည်းတွေဖြစ်ပေမယ့် သူမတို့က လုံးဝစိတ်မဝင်စားပေ?
"ဂျူနီယာညီမတို့, မင်းတို့ ဒီအခွင့်အရေးကိုလွဲချော်သွားရင်, နောက်ထပ်ရတော့မှာ မဟုတ်ဘူးနော်...."
"နောက်တစ်ကြိမ် ဒီလိုကောင်းမွန်တဲ့အစားအသောက်မျိုးမစားရလို့ နောင်တရကုန်မယ်...."
ရှုရို့ရန် သူ့စကားနားထောင်ပြီး ဆွံ့အသွား၏။
ချန်းစီလင် မျက်လုံးလှန်လိုက်ပြီး ရေရွတ်လိုက်သည်။
"ဘယ်သူက စိတ်ဝင်စားလို့လဲ...."
သူတို့ဘေးမှာထိုင်နေသည့် နဲ့ယွင်ရှီ နောက်ထပ်နားထောင်မနေနိုင်တော့ပေ။
ဆက်သာပြောလျှင် သူမမောင်မျက်နှာ ရစရာရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့် အလျှင်အမြန်ပြောလိုက်သည်။
"ဂျူနီယာမောင်လေးဂျန်က ဂျူနီယာညီမတွေအတွက် သားရဲဘုရင်အနှစ်သာရအသား ယူလာတယ်...."
"ခုလေးတင်စားပြီးလို့ သူတို့က အဆင့်ချိုးဖြတ်ထားကြတာ...."
"အခု သူမတို့ဗိုက်ပြည့်နေတာ့ ဒီအစားအသောက်တွေကို အခြားဂျူနီယာညီလေး၊ ညီမတွေကိုပေးလိုက်ပါ...."
ဘာ?....
နဲ့ယွင်ကျောက် နေရာတင်ပဲ အေးခဲသွား၏။
"သားရဲဘုရင်ရဲ့ အနှစ်သာရအသား? အဆင့်ချိုးဖြတ်ထားတယ်...."
ထိုအရာကို သူမယုံနိုင်ဖြစ်နေ၏။
"အမ, နင်နောက်နေတာမလား...."
"ဒီကောင်က သားရဲဘုရင်ရဲ့ အနှစ်သာရအသားကို ဘယ်ကရမှာမိုလို့လဲ။ ပြီးတော့ ဂျူနီယာညီမတွေကို အဆင့်ချိုးဖြတ်ဖို့ ကူညီလိုက်သေးတယ်ပေါ့...."
"သူမှာ ဒီလိုစွမ်းရည်ရှိလို့လား..."
ရှုရို့ရန် သူမ၏ မိုးမခပုံစံမျက်ခုံးလေးတွေကို အနည်းငယ်ကြုတ်လိုက်၏။
ဂျန်ဖန်းဆက်တိုက်အထင်သေးခံနေရတာကို သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူမ၏စိတ်ဝိညာဥ်စွမ်းအင်ကို တိုက်ရိုက်ပဲ လှည့်ပတ်လိုက်၏။
အခြေခံတည်ဆောက်ခြင်းအဆင့် ၄ ဖြစ်သည့် သူမ၏ကျင့်ကြံရေးအဆင့်ကို ထုတ်ဖော်ပြသလိုက်၏။
"စိတ်မကောင်းပါဘူး။ စီနီယာအမပြောတာတွေကအမှန်တွေပဲ....."
ချန်းစီလင်လည်း သူမ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ၃ စွမ်းအားကို ထုတ်ဖော်ပြလိုက်၏။
ထို့နောက် ဂျန်ဖန်းလက်မောင်းကို ချစ်ခင်စွာကိုင်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ယောက်ျား။ ငါ့ကို အခြေခံတည်ဆောက်ခြင်းအဆင့် ၃ ရောက်အောင် ကူညီပေးလို့...."
"နင်က အကောင်းဆုံးပဲ...."
ဂျန်ဖန်း သဘောကျမှုကို ခံစားလိုက်ရသည်။
စိတ်သက်သာယာရသွားပြီး အမျိုးသမီးနှစ်ယောက်လက်ကို ကိုင်လိုက်သည်။
"မင်းတို့တွေဗိုက်မဆာတော့ဘူးဆိုမှတော့, သွားရအောင်...."
"မင်းတို့ကို ဓားနှလုံးသားထွင်းထုခြင်း လမ်းညွှန်ပေးမယ်...."
"အစောပိုင်းလေ့ကျင့်တုန်းက ငါအားနည်းချက်အချို့မြင်လိုက်တယ်...."
အမျိုးသမီးနှစ်ယောက် ပျော်ရွင်စွာခေါင်းညိတ်လိုက်၏။
သူမတို့က ဂျန်ဖန်း ကောင်းကင်ဓားတောင်ထိပ်မှာ အမြဲနေပြီး သူမတို့နှင့် ပိုများများအချိန်ဖြုန်းပေးဖို့ ဆန္ဒရှိကြ၏။
နဲ့ယွင်ကျောက် အတော်လေး တုန်လှုပ်သွား၏။
ထိုအရာက အမှန်တကယ်ပင်။
ဂျန်ဖန်း အမှန်တကယ်ပင် သူတို့ကို သားရဲဘုရင်၏ အသားအနှစ်သာရပေးခဲ့၏။
စိတ်ဝိညာဥ်အစားအသောက်တွေကို ရတနာတစ်ခုကဲ့သို့ ဂုဏ်ယူစွာယူလာပြီး အမျိုးသမီးနှစ်ယောက်ရှေ့၌ ဘယ်လိုကြွားဝါခဲ့လဲဆိုတာ တွေးပြီး...
သူ့ပါးတွေ မီးကဲ့သို့ပူလောင်သွားကာ ရှက်ရွံ့မှုကော ဒေါသကော ခံစားလိုက်ရသည်။
ဂျန်ဖန်းက သူ့၌အသားနှစ်သာရရှိတာကို စောစောတုန်းက ဘာကြောင့် မပြောခဲ့သနည်း။
ထိုကောင်က သူအရှက်ရအောင် တမင်လုပ်ခဲ့သည်လား....
ဂျန်ဖန်း ကို အမျိုးသမီးနှစ်ယောက်က ချစ်ခင်သည့်မျက်လုံးတွေဖြင့် ဖက်ထားခဲ့သည်။ သူတို့ ထွက်သွားတာကိုကြည့်ပြီး သူက နှာမှုတ်လိုက်၏။
"မင်း အရမ်းအဝေးကြီးသွားနေတာပဲ...."
ဂျန်ဖန်း လှည့်ကြည့်လိုက်ပြီး စိတ်ရှုပ်သွား၏။
သူက ထိုကောင့်ကို ဘယ်လိုရန်စမိသနည်း။
ပြဿနာဖြစ်တော့မည်ကိုမြင်သည့်အခါ နဲ့ယွင်ကျီ သူမမောင်ကို အလျှင်အမြန်တားလိုက်သည်။
"ယွင်ကျောက်, စိတ်အေးအေးထားစမ်း...."
ဤတစ်ချိန်၌ နဲ့ယွင်ကျောက် မရပ်တော့ပေ။
"နင် ဝင်မပါနဲ့...."
"ဂျန်ဖန်း, ဒါကပျော်စရာကောင်းတယ်လို့ ထင်လား...."
"ဂိုဏ်းချုပ်လျိုက စီနီယာတွေကိုလေးစားရမယ်လို့ မင်းကို သင်မပေးလိုက်ဘူးလား...."
ကျယ်လောင်သည့်ငြင်းခုံမှုက ချက်ချင်းပဲ ထမင်းစားခန်းထဲရှိ တပည့်အားလုံးကို ဆွဲဆောင်သွား၏။
သူတို့အားလုံးက သိချင်စွာဖြင့် ကြည့်လိုက်ကြသည်။
"စီနီယာအကိုနဲ့ ဂိုဏ်းသခင်တောင်ထိပ်ကကောင်ကို သင်ခန်းစာပေးတော့မှာလား...."
"အချိန်တန်ပြီ။ ငါတို့ကောင်းကင်ဓားတောင်ထိပ်ကိုလာပြီး ကြွားဝါနေတယ်။ ငါတို့ကို သတ်သတ်လွတ်သမားတွေများမှတ်နေလား...."
များစွာသောအသံတွေ ထွက်ပေါ်လာခဲ့၏။
ထိုအရာက နဲ့ယွင်ကျောက်၏ဆုံးဖြတ်ချက်ကို ပိုသေချာသွားစေ၏။
ဂျန်ဖန်းမျက်လုံးတွေ အနည်းငယ်ကျဥ်းမြောင်းသွား၏။
အနာဂတ်မှာ ရှုရို့ရန်နှင့် ချန်းစီလင် ငြိမ်းငြိမ်းညမ်းညမ်းနေရဖို့ နဲ့ယွင်ကျောက်ကို သင်ခန်းစာပေးရမည်ပင်။
"မလေးစားဘူး။ ဟုတ်လား.... အဲ့တော့ဘာဖြစ်လဲ...."
နဲ့ယွင်ကျောက် ထိုစကားကို စောင့်နေတာပဲဖြစ်သည်။
"အရမ်းတွေသတ္တိရှိနေတယ်ပေါ့။ ဟမ့်.... ဒါဆို မင်းမှာ ငါနဲ့ယှဥ်ပြိုင်ဖို့လည်း သတ္တိရှိမှာပေါ့နော်..."