မြင့်မြတ်အကြီးအကဲ
Vol. 12 Ch. 175
နဲ့ယွင်ရှီမျက်နှာ အနည်းငယ်ပြောင်းလဲသွား၏။
ဤအခြေအနေထိတိုင်အောင် သူမက သူမမောင်ရှုံးသွားပြီဟုထင်၏။
အရင်းအမြစ်အရဖြစ်စေ၊ အကူအညီအရဖြစ်စေ ဂျန်ဖန်း မိန်းခလေးနှစ်ယောက်ကိုပေးတာက သူမမောင်လက်လှမ်းမှီနိုင်သည့်အရာ မဟုတ်ပေ။
ဤဂျူနီယာညီမနှစ်ယောက်ကို လုယူဖို့က မဖြစ်နိုင်တော့ပေ။
အရှုံးပေးတာကသာ ဉာဏ်ရှိသည့်လုပ်ရပ်ဖြစ်၏။
တိုက်ခိုက်လျှင် ထပ်ပြီး အကုန်အကျများမည်ပဲဖြစ်သည်။
အဆုံးမှာတော့ ဘယ်လိုပဲပြောပြော ဂျန်ဖန်းက ဂိုဏ်းချုပ်၏ တပည့်တစ်ယောက်ဖြစ်၏။
ကောင်းကင်ဓားတောင်ထိပ်ကိုလာပြီး ဒဏ်ရာရသွားလျှင် မကောင်းပေ။
"ယွင်ကျောက်, နောက်ပြောင်နေတာတွေကို ရပ်လိုက်တော့..."
နဲ့ယွင်ရှီ ဆူပူလိုက်၏။
"ငါနဲ့ပြန်လိုက်ခဲ့...."
သို့ပေမယ့် နဲ့ယွင်ကျောက် လူအများရှေ့မှာ ခက်ထန်သည့်စကားတွေပြောပြီးသွားပြီဖြစ်သည်။
ပြန်ရုတ်သိမ်းဖို့ ခက်ခဲသည့်အခြေအနေကို ရောက်ရှိသွား၏။
"မစိုးရိမ်ပါနဲ့, ငါသူ့ကို အရမ်းကြီးမလုပ်ပါဘူး..."
နဲ့ယွင်ကျောက် သူမလက်ကို ခါထုတ်လိုက်ပြီး ဂျန်ဖန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ဘာလဲ, ကြောက်နေပြီလား...."
"မင်းကြောက်နေရင်, ဝန်ခံပြီး ကောင်းကင်ဓားတောင်ထိပ်ကနေ ထွက်သွားလိုက်တော့..."
"မင်းကို ဒီနေရာက မကြိုဆိုဘူး..."
ရှုရို့ရန်နှင့် ချန်းစီလင် ဒေါသကြီး စိုက်ကြည့်လိုက်ကြသည်။
နဲ့ယွင်ကျောက်အပေါ် သူမတို့၏မနှစ်မြို့မှုက အထွတ်အထိပ်ကို ရောက်ရှိသွား၏။
"နဲ့ယွင်ကျောက်..."
ရှုရို့ရန် သူမငွေရောင်သွားလေးတွေကို အံကြိတ်ပြီး ပြောလိုက်သည်။
"ထွက်သွားသင့်တာကနင်...."
ချန်းစီလင်လည်း ဂျန်ဖန်းရှေ့မှာရပ်ပြီး အေးစက်စွာပြောလိုက်သည်။
"နင် ငါ့ယောက်ျားကို အနိုင်ကျင့်ချင်ရင် ငါကိုအရင်ကျော်မှရလိမ့်မယ်...."
သူမတို့က ဂျန်ဖန်းစွမ်းရည်ကို ယုံကြည်ပေမယ့်...
နဲ့ယွင်ကျောက်က အခြေခံတည်ဆောက်ခြင်းအဆင့် ၇ သန်မာသူတစ်ယောက်ဖြစ်၏။
သူ့ခွန်အားက ဂိုဏ်းထဲမှာ ထိပ်တန်း ၃၀ အဆင့်ဝင်၏။
ဂျန်ဖန်း ဘယ်လိုလုပ် ယှဥ်ပြိုင်နိုင်မည်နည်း။
ရုတ်တရက်...
သူမတို့ခါးတွေတင်းကြပ်သွားပြီး ဂျန်ဖန်းပွေ့ဖက်တာကို ခံလိုက်ကြရသည်။
သူက အလှလေးနှစ်ယောက်ကို ပွေ့ဖက်ပြီး အနည်းငယ်ပြုံးလိုက်သည်။
"ငါ့ဇနီးနှစ်ယောက်ရဲ့ကြင်နာမှုကို ကျေးဇူးတင်ပါတယ်...."
"ဒါပေမယ့် ငါ မိန်းမတွေနောက်မှာ ပုန်းမနေချင်ဘူး..."
သူက လက်မြှောက်ပြီး နဲ့ယွင်ကျောက်ကို ကြည့်လိုက်သည်။
"ဒါဆိုလည်း ပြိုင်ကြတာပေါ့...."
ဟမ်?...
လူတိုင်း အတော်လေး အံံ့သြသွားကြ၏။
ဂျန်ဖန်းက စိတ်ဝိညာဥ်အမြစ်မရှိပြီး အားနည်းသည့်တပည့်အဖြစ်ကျော်ကြား၏။
နဲ့ယွင်ကျောက်က ဂိုဏ်းထဲမှာ ထင်ရှားသည့်ပုံရိပ်တစ်ခုဖြစ်၏။
နှစ်ယောက်ယှဥ်ပြိုင်ကြမည်ဆိုလျှင် စစ်သည်တော်တစ်ယောက်က ခွေးတစ်ကောင်ကို တိုက်ခိုက်နေတာနှင့်တူနေပြီပဲဖြစ်သည်။ ကွာခြားချက်ကကြီး၏။
စိန်ခေါ်မှုကိုလက်ခံဖို့ ဂျန်ဖန်း ဘယ်လောက်တောင် သတ္တိစုဆောင်းလိုက်ရမည်နည်း။
"သူက အလှလေးတွေရှေ့မှာ မျက်နှာရဖို့ကြိုးစားနေတာပါကွာ။ သူကိုယ်သူတွန်းအားပေးပြီး လက်ခံလိုက်တာပဲနေမှာ...."
"ငယ်လွန်းတယ်။ ဒီအချိန်မှာ ခေါင်းငုံ့ပြီး အရှုံးကိုဝန်ခံလိုက်သင့်တယ်။ ဒါဆို နောက်သန်မာလာရင် ပြန်လက်စားချေလို့ရတယ်...."
အချို့က နောင်တရနေပြီး အချို့က သူ၏ကံဆိုးမှုကို ပျော်ရွင်နေကြ၏။
ကိစ္စက မရပ်တော့ဘူးဆိုတာမြင်သည့်အခါ နဲ့ယွင်ရှိ ရွေးချယ်စရာမရှိတော့ပဲ ပြောလိုက်သည်။
"နင်ပြိုင်လို့ရတယ်။ ဒါပေမယ့် အရမ်းကြီးလုပ်လို့တော့မရဘူးနော်, နားလည်လား...."
"ပြဿနာမရှိဘူး...."
နဲ့ယွင်ကျောက် ဟန်လုပ်ပြုံးလိုက်၏။
သူက ဂျန်ဖန်းအပြင်းအထန်ဒဏ်ရာရသွားဖို့ စီစဥ်မထားပေ။
အစောပိုင်း အစောကားခံရမှုကို လက်စားချေဖို့ ဂျူနီယာညီမနှစ်ယောက်ရှေ့မှာ အရှက်ရစေချင်စေရုံသာဖြစ်သည်။
ဂျန်ဖန်းလည်း မကန့်ကွက်ပေ။
သို့ဖြစ်၍...
လူအုပ်က အနီးနားရှိကွင်းပြင်ကို ရွေ့သွားကြ၏။
အခြေအနေတွေပိုကြီးထွားလာတာ ကာကွယ်ဖို့ နဲ့ယွင်ကျီ ကြည့်ရူသူအားလုံးကို ဖယ်ရှားလိုက်ပြီး သူတို့သာ ကျန်တော့၏။
ထိုစဥ်..
လီချင်ဖုန်း ဆံပင်မွေးဖြူနှင့်လူအိုကြီးတစ်ယောက်ကို ကိုယ်တိုင်ကြိုဆိုနေ၏။ ထိုလူအိုကြီး၏မုတ်ဆိတ်မွေးတွေက ရှုပ်ပွနေကာ ဟောင်းနွမ်းသည့်အဝတ်ကို ဝတ်ဆင်ထားခဲ့သည်။
"မြင့်မြတ်အကြီးအကဲ, ရုတ်တရက်ကြီး ဘာလို့ပြန်ရောက်လာတာလဲ...."
သူ့ရှေ့ရှိခေါင်းမွေးဖြူလူအိုကြီးက ကောင်းကင်ဓားတောင်ထိပ် မြင့်မြတ်အကြီးအကဲ ရှီခိုင်ထျန်းမှ လွဲပြီအခြားလူမဟုတ်ပေ။
အနားယူပြီးနောက် ဂိုဏ်၏အဓိကနေရာတွေကို စောင့်ကြပ်ပေးနေသည့် အခြားမြင့်မြတ်အကြီအကဲတွေနှင့်မတူပဲ....
သူက လောကကြီးထဲကို လွတ်လပ်စွာ လှည့်လှည်သွားလာနေခဲ့ပြီး ပြန်မလာတာ ၁၀နှစ်ကျော်ကြာပြီပဲဖြစ်သည်။
"ငါသာပြန်မလာရင်, မင်းက နတ်ဆိုးသာရဲတွေရဲ့ပြဿနာကို ဖြေရှင်းမှာမိုလို့လား...."
ရှီခိုင်ထျန်းက ဒေါသကြီးသူဖြစ်ပြီး သူစကားတွေက ဘယ်တုန်းကမှ ချိုသာမနေပေ။
လီချင်ဖုန်း ထိုအရာနှင့် ကျင့်သားရနေပြီး စိတ်ခံစားချက်ပြင်းစွာဖြင့်ပြောလိုက်သည်။
"မြင့်မြတ်အကြီးအကဲ ငါတို့ကို အမှတ်ရနေသေးတာ ကံကောင်းခြင်းပါပဲ...."
တောင်ထိပ်ကိုရောက်သည့်အခါ...
ရှီခိုင်ထျန်း မနေနိုင်ပဲမေးလိုက်သည်။
"ကောင်းကင်ဓားတောင်ထိပ်ကော အခု ဘယ်လိုရှိလဲ...."
လီချင်ဖုန်း ရှက်ရွံ့သည့်အမူအရာ ပြသလာ၏။
"ကျွန်တောက အရည်အချင်းမရှိပါဘူး။ အခု ကောင်းကင်ဓားတောင်ထိပ်က တောင်ထိပ် ၁၀ခုမှာ အဆင့် ၅ ပါ...."
ရှီခိုင်ထျန်းရှိစဥ်က ကောင်ကင်ဓားတောင်ထိပ်က အဆင့်သုံးဖြစ်၏။
သူလက်လွဲယူပြီးနောက် အဆင့် ၂ ဆင့် ပြုတ်ကျသွား၏။
ထိုအရာကိုကြားသည့်အခါ ရှီခိုင်ထျန်း အပြစ်မတင်ပဲ သူ့ပခုံးကိုပုတ်လိုက်သည်။
"ဒါ မင်းအမှားမဟုတ်ပါဘူး...."
"တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင်, ငါ့ကိုပဲအပြစ်တင်ရမှာပါ....."
"ငါက နှစ်ပေါင်းများစွာ လှည့်လည်သွားနေခဲ့တာ။ အခြားမြင့်မြတ်အကြီးအကဲတွေကတော့ သူတို့ရဲ့တောင်ထိပ်တွေကို ကာကွယ်နေခဲ့တာလေ..."
"အောက်ဆုံးမရောက်အောင် မင်းကောင်းကောင်းလုပ်ခဲ့ပါတယ်...."
ဤစကားတွေက လီချင်ဖုန်းကို ခံစားသွားစေပြီး မျက်လုံးတွေ စိုစွတ်လာခဲ့သည်။
ဤနှစ်တွေအတွင်း ကောင်းကင်ဓားတောင်ထိပ်ခံစားခဲ့ရသည့်ဒုက္ခတွေကို သူသာလျှင်အသိဆုံးဖြစ်၏။
အရင်းအမြစ်များရပ်ဆိုင်းခံရခြင်း၊ အကူအညီရှာသော်လည်း ဘာမှမတွေ့ခြင်း။
ဤအခြေအနေထိရောက်ဖို့ သူတို့က ရေခဲပါးပေါ်မှာလျှောက်လမ်းခဲ့ရတာဖြစ်သည်။
"စိတ်ချလက်ချနေပါ, မြင့်မြတ်အကြီးအကဲ။ မကြာသေးခင်က ကျွန်တော် ကံကောင်းပြီး ပင်ကိုယ်ပါရမီကောင်းတဲ့တပည့်နှစ်ယောက်ကို ရှာတွေ့ထားတယ်...."
"သူတို့ကိုပျိုးထောင်ပေးလိုက်ရင် ကောင်းကင်ဓားတောင်ထိပ်ရဲ့အထောက်အပံ့တွေဖြစ်လာပြီး အရင်ကဂုဏ်ကျက်သရေတွေ ပြန်ရယူနိုင်မှာပါ...."
ရှီခိုင်ထျန်း အံ့အားသင့်သွား၏။
"တကယ်လား?...."
"ငါ့ကိုလိုက်ပြ... သူတို့ပါရမီဘယ်လောက်ကောင်းလဲ ငါမြင်ချင်တယ်...."
ရုတ်တရက်....
အဝေးရှိ ကျောက်တုံးရှေ့မှာစုဝေးနေသည့်တပည့်အုပ်ကို တွေ့လိုက်၏။
လီချင်ဖုန်းအချိန်ကိုကြည့်လိုက်သည့်အခါ ထမင်းစားချိန်ကိုကျော်နေပြီဆိုတာ နားလည်လိုက်၏။
သူ့မျက်နှာရှုံ့မဲ့သွားပြီး ဆူပူကြိမ်မောင်းလိုက်၏။
"မင်းတို့အားလုံး ဘာကြောင့် မလေ့ကျင့်နေပဲ ဒီမှာဘာလုပ်နေကြတာလဲ...."
တပည့်တွေ ကြောက်လန့်သည့်ငှက်အုပ်လို ပျံ့ကျဲသွားကြ၏။
ထိုအခါမှသာ လီချင်ဖုန်းနားလည်သွား၏။ သူတို့က ကျောက်တုံးကွယ်မှ အနီးနားရှိတိုက်ပွဲကွင်းပြင်ကို ချောင်းကြည့်နေကြတာဖြစ်သည်။
ထိုကွင်းပြင်၌ လူနှစ်ယောက် ယှဥ်ပြိုင်နေ၏။
ရှီခိုင်ထျန်းလည်း ထိုအရာကို မြင်ပြီး စိတ်ဝင်စားသွား၏။
"သွားကြည့်ရအောင်...."
သူတို့ကိုလန့်သွားမည်စိုး၍ နှစ်ယောက်က သူတို့ကိုယ်သူတို့ မထုတ်ဖော်ခဲ့ပေ။
ကျောက်တုံးနောက်ကွယ်မှာ မတ်တပ်ရပ်ပြီး ကြည့်နေခဲ့ကြသည်။
ကွင်းပြင်ထဲက နှစ်ယောက်ကို မြင်သည့်အခါ လီချင်ဖုန်းအမူအရာ ထူးဆန်းသွား၏။
"ဘာလို့ ဂျန်ဖန်းဖြစ်နေတာလဲ...."
ရှီခိုင်ထျန်း မေးလိုက်သည်။
"ဂျန်ဖန်းက ဘယ်သူလဲ...."
လီချင်ဖုန်း သက်ပြင်းချလိုက်သည်။
"သူက အဲ့ထောင့်နားမှာရပ်နေတဲ့ တပည့်မနှစ်ယောက်ရဲ့ယောက်ျားလေ။ ဂိုဏ်းချုပ်လျိုရဲ့ တပည့်သစ်လည်းဟုတ်တယ်...."
ရှီခိုင်ထျန်းအံ့သြသွား၏။
"ဒါဆို သူ့ပါရမီက အတော်ကောင်းမှာပေါ့, ဟုတ်တယ်မလား...."
"အဲ့တုန်းက လျိုဝူချန်းက ဂိုဏ်းချုပ်နေရာကို ကပ်သီလေးအနိုင်ရခဲ့တာ။ ဒီနှစ်တွေတစ်လျှောက်မှာ ဖုန်းဂုချန်းက သူ့ကို အမြဲခြိမ်းခြောက်နေခဲ့တာ...."
"သူက တပည့်တွေလေ့ကျင့်ပေးရာမှာ အတော်အားစိုက်သင့်တယ်...."
"ပင်ကိုယ်ပါရမီနိိမ့်တဲ့တပည့်တွေက သူ့မျက်လုံးကို ဖမ်းစားနိုင်မှာ မဟုတ်ဘူး...."
လီချင်ဖုန်း ရယ်စရာကောင်းတာနှင့် ကို့ရို့ကားယားဖြစ်မှုကို ခံစားလိုက်ရသည်။
သူကလက်ချင်းယှက်ပြီးပြောလိုက်သည်။
"မြင့်မြတ်အကြီးအကဲ, ရှင်းပြပါ့မယ်။ ဂိုဏ်းချုပ်က တကယ်ပဲ မဟာအကြီးအကဲရဲ့ဖိအားကို အမြဲလိုလိုခံစားနေရတာပါ...."
"သူ့လက်အောက်ကတပည့်အားလုံးကလည်း ပါရမီရှင်တွေပါပဲ...."
"ဒါပေမယ့် ဂျန်ဖန်းကတော့ ချွင်းချက်ပဲ...."
"သူက စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်တစ်ယောက်ပါ...."
ဟမ်?...
ရှီခိုင်ထျန်း ပဟေဠိဖြစ်သွား၏။
"စိတ်ဝိညာဥ်အမြစ်မရှိဘူး။ မင်းသေချာလား? လျိုဝူချန်း ရူးသွားရင်တောင် စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်ကို ရွေးချယ်မှာမဟုတ်ဘူး...."
လီချင်ဖုန်း ပြောလိုက်သည်။
"ဂိုဏ်းချုပ် သူ့ကို ဘာလို့လက်ခံခဲ့လဲ ငါမသိပေမယ့် သူမှာတကယ်ပဲ စိတ်ဝိညာဥ်အမြစ်မရှိပါဘူး...."
"ဒါကို စမ်းသပ်ရေးမျှော်စင်ကော ငါကိုယ်တိုင်ပါ အတည်ပြုခဲ့တာပါ။ မမှားနိုင်ပါဘူး...."
ဒါက....
ရှီခိုင်ထျန်း အလားတူ စိတ်ရှုပ်ထွေးသွား၏။
သူက နဲ့ယွင်ကျောက်ကို ညွှန်ပြလိုက်သည်။
"သူက ငါတို့တောင်ထိပ်ကလား...."
လီချင်ဖုန်း ဂုဏ်ယူမှုသည့်အမူအရာ ပြသလာ၏။
"ဟုတ်ပါတယ်။ သူက ကျွန်တော်ဂုဏ်ယူရတဲ့တပည့်တွေထဲကတစ်ယောက်လေ။ အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ကို ရောက်နေပါပြီ...."
ရှီခိုင်ထျန်း ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။
"ဒီအသက်အရွယ်နဲ့ အဆင့် ၇ ကို ရောက်တယ်ဆိုတော့ တကယ်အထင်ကြီးစရာပါပဲ။ အလားအလာကောင်းတယ်...."
"ဒါပေမယ့် စိတ်ဝိညာဥ်အမြစ်မရှိတဲ့ ဂျန်ဖန်းက ဘာလို့ သူနဲ့ပြိုင်နေတာလဲ...."
လီချင်းဖုန်းလည်း စိတ်ရှုပ်သွား၏။
"ကျွန်တော်လည်း နားမလည်ဘူး...."
"ကျွန်တော သူနဲ့ပြောဆိုဆက်ဆံဖူးတာအရတော့ သူက အရူးတစ်ယောက်တော့မဟုတ်ဘူး။"
"နဲ့ယွင်ကျောက်နဲ့ယှဥ်ပြိုင်တာ ကိုယ်ဒုက္ခကိုယ်ရှာတာပဲ...."
ထိုအရာကို တွေးပြီးနောက်...
လီချင်ဖုန်းပြောလိုက်သည်။
"ကျွန်တော် သူတို့ကို သွားတားလိုက်မယ်...."
"ဂျန်ဖန်းက သိုင်းပညာလမ်းကြောင်းမှာ အနာဂတ်မရှိပေမယ့် ကျွန်တော့တပည့်မနှစ်ယောက်ကို ကောင်းကောင်းဆက်ဆံတယ်။ သူက နှိမ့်ချပြီးတော့ ရေမွန်တဲ့ကလေးတစ်ယောက်ပါ...."
"သူခံစားရမှာကို ကြည့်မနေနိုင်ဘူး...."
လီချင်ဖုန်း သူ့ကိုယ်သူထုတ်ပြတော့မည်အချိန်မှာပဲ...
ကွင်းပြင်၌ ပြိုင်ပွဲက စတင်နေပြီပဲဖြစ်သည်။