← Chapters

မင်းခန့်မှန်းတာလွဲနေပြီ

Vol. 12 Ch. 176

မင်းခန့်မှန်းတာလွဲနေပြီ

Vol. 12 Ch. 176

နဲ့ယွင်ကျောက်မျက်နှာ၌ လှောင်ပြောင်သည့်အမူအရာရှိနေခဲ့သည်။

"မင်းရဲ့စင်မြင့်ပေါ်တက်ရဲတဲ့သတ္တိကြောင့် သုံးကွက်အကြောပေးမယ်..."

ပြောပြီးနောက် သူ၏စိတ်ဝိညာဥ်စွမ်းအားတွေ လိမ့်တက်လာပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၇၏ အားကောင်းသည့်စွမ်းအားက စိတ်ဝိညာဥ်စွမ်းအင်အကာအကွယ်တစ်ခုကို ဖန်တီးလိုက်၏။

အားနည်းသည့်ပြိုင်ဘက်တွေက သူရပ်နေလျှင်တောင် ထိနိုင်မည်မဟုတ်ပေ။

ဂျန်ဖန်း အမူအရာကင်းမဲ့နေဆဲဖြစ်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

"မင်းခွန်းအားကုန်သုံးတာကောင်းမယ်..."

နဲ့ယွင်ကျောက် ဟက်ဟက်ပက်ပက် ရယ်လိုက်၏။

"မင်းနဲ့ရင်ဆိုင်ဖို့ ခွန်အားကုန်သုံးရမယ်...."

"မင်းကငါ့ကို အထင်သေးနေတာပဲ။ မဟုတ်ရင် မင်းကိုယ်မင်း အထင်ကြီးနေတာပဲ...."

"မင်း ၁၀ ကွက်၊ အကွက်၁၀၀ တိုက်ရင်တောင် ဘာမှထူးခြားသွားမှာမဟုတ်ဘူး...."

"မင်းကို ၃ ကွက်ထဲအသာပေးတာကကို ငါအတော် သဘောထားသေးသိမ်နေပြီ..."

ဂျန်ဖန်း ခေါင်းခါယမ်းပြီး ပြောလိုက်သည်။

"ကောင်းပြီလေ။ ဒါဆိုလည်း မင်းအရိုးတွေခိုင်အောင် သေချာလုပ်ထား....."

ပြောပြီးသည်နှင့် ဂျန်ဖန်း စိတ်ဝိညာဥ်စွမ်းအင်တောင်မသုံးပဲ....

မြားတစ်စင်းကဲ့သို့ နဲ့ယွင်ကျောက်ဆီပြေးဝင်သွားခဲ့သည်။

သူက ရုပ်ခန္ဓာခွန်အားကိုသာမှီခိုပြီး သိမ့်မွေ့အဆင့်မြင့်ခန္ဓာကိုယ်သိုင်းကျမ်းနှင့် ပေါင်းစပ်ထားခဲ့သည်။

"ကောင်းကင်ဘုံတိုက်ပွဲပုံစံကိုးမျိုး- တောင်ခွဲခြေခြင်း...."

ပုံစံကိုးမျိုးထဲရှိ ပထမပုံစံက အားအနည်းဆုံးပင်။

သို့ပေမယ့် သူ၏သံမဏိအရိုးကြေးဝါအသားအရည်နှင့် ပေါင်းစပ်လိုက်သည့်အခါ ပေါက်ကွဲထွက်လာသည့်စွမ်းအားက အတော်လေးကြမ်းတမ်းလှ၏။

ဘန်း!

လက်သီးတစ်ချက်တည်းဖြင့် နဲ့ယွင်ကျောက်ပတ်လည်ရှိအတားအဆီး မီးခိုးကဲ့သို့ ကျေမွသွား၏။

ပထမဆုံးတိုက်ခိုက်မှုက နဲ့ယွင်ကျောက် ဝမ်ဗိုက်ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။

ဖုန်း!

ရုတ်တရက်တိုက်ခိုက်မှုက နဲ့ယွင်ကျောက်ကို ခုခံဖို့အချိန်မရစေပဲ ထိမှန်သွားခဲ့သည်။

ပြင်းထန်သည့်နာကျင်မှုကြောင့် သူ့ခန္ဓာကိုယ်ကွေးခေါက်သွားကာ သွေးအများအပြားအန်လိုက်ရ၏။

ထိုမြင်းကွင်းကြောင့် ရှိနေသည့်လူတိုင်း ကြောင်အသွားကြသည်။

ချန်းစီလင်မျက်လုံးတွေပြူးကျယ်နေပြီး ရှုရို့ရန်အင်္ကျီလက်ကို ဆုပ်ကိုင်လိုက်သည်။

"ရို့ရန်, ငါမြင်နေရတာ မှန်ပါတယ်နော်...."

"ဂျန်ဖန်က စိတ်ဝိညာဥ်စွမ်းအားမသုံးပဲနဲ့ နဲ့ယွင်ကျောက်ကို ဒဏ်ရာရစေခဲ့တယ်တဲ့...."

ရှုရို့ရန်လည်း အကြီးကျယ်တုန်လှုပ်နေ၏။ သို့ပေမယ့် အတိတ်ကဂျန်ဖန်း၏ သားရဲအမဲလိုက်ရလဒ်ကိုပြန်တွေးမိသည့်အခါ ရုတ်တရက်နားလည်သွား၏။

"ဖန်းအရမ်းအားကောင်းနေတာ မအံ့သြတော့ပါဘူး။ သူက ခန္ဓာသန့်စင်ခြင်းနည်းလမ်းတစ်ခုခု လေ့ကျင့်ခဲ့တာဖြစ်မယ်....."

မဝေးသည့်နေရာမှာရပ်နေသည့် နဲ့ယွင်ရှီလည်း မျက်လုံးတွေပြူးကျယ်နေခဲ့သည်။

သူမက နဲ့ယွင်ကျောက် ဂျန်ဖန်းကို ထိခိုက်အောင်လုပ်မည်စိုး၍ သေသေချာချာ စောင့်ကြည့်နေခဲ့တာဖြစ်သည်။

သူမများ အမြင်မှားသည်လား....

ဂျန်ဖန်းမှာ ဤကဲ့သို့သန်မာသည့် ခန္ဓာသန့်စင်နည်းလမ်း ရှိသည်လား....

ကျောက်တုံးနောက်၌....

ရှီခိုင်ထျန်း အံ့အားသင့်သွား၏။

"ဝိုး...."

"ဒီကောင်လေး အခြေခံတည်ဆောက်ခြင်း အဆင့် ၇ ကို စိန်ခေါ်ရဲတာ အံ့သြစရာမရှိတော့ပါဘူး။ သူက အတော်ကောင်းတဲ့ ခန္ဓာကိုယ်နည်းလမ်းတစ်ခုကို ဖုံးကွယ်ထားတာပဲ...."

"ခန္ဓာကိုယ်ကို ဒီအဆင့်ထိလေ့ကျင့်ဖို့က ဧရာမဂိုဏ်းမှာတောင် အတော်ရှားတယ်..."

သူက လီချင်ဖုန်းကိုကြည့်ပြီး ပြောဖို့တွေဝေနေခဲ့သည်။

တစ်ဖက်မှာတော့ လီချင်ဖုန်း ရှက်ရွံ့နေပြီး အနည်းငယ်နောင်တရနေ၏။

"သူက ခန္ဓာသန့်စင်နည်းလမ်းမှာ ထူးချွန်မယ်လို့ သတိမထားမိခဲ့ဘူး...."

"သိခဲ့ရင် သူ့ကိုခေါ်ယူခဲ့မိမှာ...."

ရှီခိုင်ထျန်း သက်ပြင်းချလိုက်သည်။

"မေ့လိုက်တော့။ငါတို့တောင်ထိပ်က ခန္ဓာသန့်စင်တာကို အထူးပြုတာမဟုတ်ဘူး...."

"သူတို့ကိုရပ်ခိုင်းလိုက်တော့။ အဲ့ကလေးရဲ့ ခန္ဓာသန့်စင်ခြင်းက အတော်ရှားတယ်။ မင်းတပည့်ကြောင့် ဒဏ်ရာမရသွားစေနဲ့...."

လီချင်ဖုန်း အလျှင်အမြန် ပြန်ပြောလိုက်၏။

"ကောင်းပါပြီ...."

ဂျန်ဖန်းက ခန္ဓာကျင့်ကြံခြင်းမှာ ထူးခြားသော်လည်း နဲ့ယွင်ကျောက်ယှဥ်နိုင်မယ်လို့တော့ ဘယ်သူကမှ မထင်ကြပေ။

စောနက နဲ့ယွင်ကျောက် ဂရုမစိုက်မိဖြစ်သွားတာဖြစ်၏။

သူသာသတိထားလုပ်လျှင် ဂျန်ဖန်း ဒုက္ခများပြီပင်။

မျှော်လင့်ထားသည့်အတိုင်း....

နဲ့ယွင်ကျောက် အပြုံးတွေပျောက်ကွယ်သွားပြီး ဒေါသတွေထွက်ပေါ်လာခဲ့သည်။

သူက အစော်ကားခံလိုက်ရသည့်အတွက် ဒေါသထွက်နေခဲ့သည်။

ဂျန်ဖန်းကို အရှက်ခွဲဖို့ကြိုးစားပေမယ့် သူသာ ဂျန်ဖန်းကြောင့် ဒဏ်ရာရသွားခဲ့သည်။

"မင်း..."

နဲ့ယွင်ကျောက် ဂျနဖန်းကို လက်ညိုးထိုးလိုက်၏။

သို့ပေမယ့် သုံးကွက်အကြောပေးပြီး ကြွားဝါခဲ့တာသူဆိုတာ အမှတ်ရသွားပြီး တိတ်ဆိတ်သွား၏။

ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်။

"ငါပြောသားပဲ။ ခွန်အားကုန်သုံးလို့...."

"အကြောပေးအုန်းမယ်ဆိုရင်လည်း ငါယဥ်ကျေးမနေတော့ဘူး....."

နဲ့ယွင်ကျောက် ဒေါသတကြီးရယ်လိုက်၏။

"ခုနက မင်း ငါ့ရဲ့သတိမထားမိတာကို အခွင့်ကောင်းယူသွားရုံပဲ...."

"မင်းကိုယ်မင်း အားကောင်းလှပြီလို့ တကယ်ထင်နေတာလား....."

"ကောင်းပြီလေ, ဒါဆိုလည်း အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ရဲ့စွမ်းအားကို ပြရသေးတာပေါ့....."

သူ နောက်ထပ် ထိန်းမထားနိုင်တော့ပေ။

စိတ်ဝိညာဥ်စွမ်းအင်တွေလိမ့်တက်လာပြီး သူ၏ပထမဆုံးအကွက်ဖြစ်သည့် သိမ်မွေ့အလယ်အလတ်အဆင့် လက်ဝါးသိုင်းကို ထုတ်ဖော်လိုက်၏။

"ငန်းကျရှုံးခြင်းလက်ဝါး..."

ဂျန်ဖန်းလည်း ထိန်းမထားတော့ပေ။

"တိမ်ကွဲကျေခြင်း...."

ဘန်း...

ကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာပြီး နှစ်ယောက်သား ထိပ်တိုက်တွေ့ဆုံသွား၏။

ဤအရာက နဲ့ယွင်ကျောက်ကို အကြီးအကျယ်တုန်လှုပ်သွားစေ၏။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...."

သူက ခွန်အားကုန်သုံးပေမယ့် ဂျန်ဖန်းက အသာအယာရင်ဆိုင်နိုင်နေတုန်းပင်။

နဲ့ယွင်ရှီမျက်လုံးတွေ ပြူးကျယ်နေ၏။

"ငါ့မောင် အလေးအနက်လုပ်တာတောင် သူကို မနိုင်သေးဘူး...."

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....."

ကျောက်တုံးကွယ်၌....

တိုက်ပွဲတားဖို့ ရှေ့ထွက်တော့မည့်လီချင်ဖုန်း သစ္ဆေသရဲမြင်သလို မတ်တပ်ရပ်နေခဲ့၏။

ရှီခိုင်ထျန်း အိုမင်းသည့်မျက်လုံးတွေလည်း ပြူးကျယ်သွား၏။

"မဖြစ်နိုင်တာ.... ဒီကောင်လေးရဲ့ ခန္ဓာကိုယ်က ဒီလောက်တောင်အားကောင်းတယ်ပေါ့....."

"ရုပ်ခန္ဓာတစ်ခုတည်းနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ကို ယှဥ်နိုင်တယ်...."

"ဧရာမဂိုဏ်းမှာဆိုရင်တောင် ဒီလိုတပည့်မျိုး အများကြီးမရှိဘူး...."

နောက်တစ်ကြိမ် သူက လီချင်ဖုန်းကို ကြည့်လိုက်သည်။

ဤတစ်ချိန်၌ သူက မနေနိုင်ပဲ အပြစ်တင်လိုက်၏။

"မင်းက တကယ်ပဲ ပါရမီရှင်တစ်ယောက်ကို လွဲချော်သွားတာပဲ...."

လီချင်ဖုန်း ရှက်သွား၏။ သူက ဂျန်ဖန်း၏ ခန္ဓာသန့်စင်ခြင်းပါရမီကို မစစ်ဆေးခဲ့မိသည့်အတွက် ပိုလို့တောင် နောင်တရလာခဲ့သည်။

တိုက်ပွဲကွင်းပြင်၌....

နဲ့ယွင်ကျောက် တုန်လှုပ်နေခဲ့သည်။

ဂျန်ဖန်းကို နင်းခြေမည့် မျှော်လင့်ထားသည့်မြင်ကွင်းက သူထင်သလောက်မလွယ်ကူပေ။

သူက အလေးအနက်ဖြစ်လာ၏။

"ကောင်းကင်တုန်ခါခြင်းလက်ဝါး...."

ဂျန်ဖန်း ဆက်လက်လှုပ်ရှားလိုက်၏။

လှုပ်ရှားမှုတိုင်းက ပိုမိုသန်မာခဲ့သည်။

"တိမ်ခွဲခြေခြင်း...."

"တုန်လှုပ်ခြင်းမိုးကြိုး...."

"လေချိုးဖြတ်ခြင်း...."

တစ်ဖက်၌ နဲ့ယွင်ကျောက်မှာ လက်ဝါးသိုင်းသုံးမျိုးသာရှိသည်။

ပိုပိုအားကောင်းလာသည့် ဂျန်ဖန်းနှင့်ရင်ဆိုင်ရသည့်အခါ ထိပ်ထိပ်ပျာပျာဖြစ်လာကာ မဖြစ်နိုင်ဘူးဟု ဆက်တွေးနေခဲ့၏။

သို့ပေမယ့် တကယ့်လက်တွေ့က ရက်စက်လွန်း၏။

ဂျန်ဖန်း၏ ၈ ကွက်မြောက်က သူ့ရင်ဘတ်ကို အားပြင်းပြင်းဖြင့် ထိမှန်သွားခဲ့သည်။

ဘုန်း...

အားကောင်းသည့်လက်ဝါးအားက ချက်ချင်းပဲ သူ၏ကိုယ်တွင်းအင်္ဂါတွေကို ဒဏ်ရာရသွားစေခဲ့၏။

နဲ့ယွင်ကျောက် နောက်လွင့်ထွက်သွားပြီး သွေးအန်လိုက်ရသည်။

ပြိုင်ပွဲက အဆုံးသတ်သွားပြီပင်။

ဂျန်ဖန်း အပြတ်အသတ်ကို အနိုင်ရသွားခဲ့၏။

ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး အဝေးရှိ ငှက်အော်သံတွေတောင် ကြားနေရ၏။

နဲ့ယွင်ရှီစိတ် ဗလာဖြစ်သွား၏။

အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ပါရမီရှင်တစ်ယောက်ဖြစ်သည့် သူမမောင်က စိတ်ဝိညာဥ်အမြစ်မရှိသည့် ဂျန်ဖန်းကို ရှုံးနိမ့်သွားခဲ့သည်။

သူမ အိမ်မက်မက်နေသည်လား....

ရှုရို့ရန်နှင့် ချန်းစီလင်တို့မျက်လုံးတွေ ကြယ်တွေကဲ့သို့ တောင်ပနေပြီး မျက်နှာပေါ်မှာ ဂုဏ်ယူမှုတွေ ရှိနေခဲ့သည်။

ဤအရာက သူမတို့၏အမျိုးသားပင်။

အချိန်အတော်ကြာငြိမ်သက်နေပမယ့် သူလှုပ်ရှားလျှင်လည်း လူတိုင်းကို အံ့အားသင့်သွားစေ၏။

ကျောက်တုံးနောက်၌....

လီချင်ဖုန်း အနည်းငယ် သံသယရှိနေခဲ့သည်။

"သူ... ငါ့တပည့်ကို အနိုင်ရသွားပြီ...."

နဲ့ယွင်ကျောက်က သူဂုဏ်ယူရသည့်တပည့်ဖြစ်ပြီး တပည့်ဟောင်းတစ်ယောက်လည်းဖြစ်၏။

သို့ပေမယ့် ဂျန်ဖန်းက တပည့်အသစ်လေးသာဖြစ်၏။

မည်သူက တပည့်ဟောင်း၊ မည်သူက တပည့်အသစ်လဲဆိုတာ တစ်ခဏ မခွဲခြားနိုင်ဖြစ်သွား၏။

ရှီခိုင်ထျန်း အံ့အားသင့်နေ၏။

"သေစမ်း...."

"လျိုဝူချန်း ဖြောင့်မတ်တယ်တင်ရပေမယ့် ဖုံးကွယ်ထားတဲ့ဗျူယာတစ်ခုရှိခဲ့တာပဲ...."

"ဒီကောင်ဘာလို့ စိတ်ဝိညာဥ်အမြစ်မရှိတဲ့ တပည့်ကို လက်ခံခဲ့လဲ ငါသိချင်နေခဲ့တာ...."

"လက်စသတ်တော့ ဒီကလေးက စိတ်ဝိညာဥ်အမြစ်မရှိပေမယ့် ခန္ဓာသန့်စင်ခြင်းမှာ ပါရမီရှင်ဆိုတာ သူ အစောကြီးကတည်းက သိပြီးသားကိုး...."

"ဒါကြောင့်ပဲ သူ့ကို တိတ်တဆိတ်ခေါ်ယူခဲ့တာ...."

လီချင်ဖုန်း ရုတ်တရက် နားလည်သွား၏။

သူက မနေနိင်ပဲ အပြစ်တင်လိုက်၏။

"တော်တော်ကောင်းတဲ့ လှည့်ကွက်ပဲ...."

"ငါတို့သာဒီနေ့ မတော်တဆမတွေ့ခဲ့ရင် သူက အရူးဆက်လုပ်နေအုန်းမှာ...."

သူက ဂျန်ဖန်းကို မကျေမနပ် စိုက်ကြည့်လိုက်၏။

သူ့မှာအရည်အချင်းရှိလျက်နှင့် ထိုကောင်က အရင်က ဘာကြောင့်မပြောခဲ့ရသနည်း။

သူသာပြောခဲ့လျှင် သူက ရင်ပြင်မှာထားခဲ့မှာ မဟုတ်ပေ။

"ငါ ဒီကောင့်ကို ခေါ်မေးရမယ်..."

ထိုအခိုက်အတန့်၌....

တိုက်ပွဲကွင်းပြင်၌ ပြောင်းလဲမှုတစ်ခု ဖြစ်သွား၏။

ဂျန်ဖန်း မြေပြင်ပေါ်မှာသွေးအန်နေသည့် နဲ့ယွင်ကျောက်ကို ထူးမခြားနားကြည့်ပြီး ပြောလိုက်သည်။

"မင်း ငါ့ဇနီးနှစ်ယောက်နဲ့ တောင်ထိပ်တစ်ခုဖြစ်နေတာကို ထောက်လို့ ဒီနေ့ လွတ်ပေးလိုက်မယ်...."

"မင်းနားလည်မှုရှိပြီး သူတို့ကို မနှောက််ယှက်တော့ဖို့ မျှော်လင့်တယ်...."

ပြောပြီးနောက် သူက ရှုရို့ရန်နှင့် ချန်းစီလင်တို့ဆီသို့ လက်နှောက်ပစ်ကာ ထွက်ခွာသွားခဲ့သည်။

နဲ့ယွင်ကျောက် ကြီးမားသည့်အရှက်ရမှုကို ခံစားလိုက်ရသည်။

ဂျန်ဖန်းကို သင်ခန်းစာပေးဖို့ ကျရှုံးခဲ့ရုံသာမက ဂျန်ဖန်းသင်ခန်းစာပေးတာပါ ပြန်ခံလိုက်ရသည်။

ဘာကြောင့်လဲ...

ဘာကြောင့်လဲ....

ရက်စက်သည့်အလင်းတစ်ချက် သူ့မျက်လုံးထဲမှာ လင်းလက်သွား၏။

ဂျန်ဖန်းကျောပေးနေတာကို အခွင့်ကောင်းယူပြီး ရုတ်တရက်ခုန်အုပ်ကာ တိုက်ခိုက်လိုက်၏။

"သေစမ်း...."

All Chapters