ငါ့မောင်အတွက်လက်စားချေရမယ်
Vol. 12 Ch. 177
ဂျန်ဖန်း အစောကြီးကတည်းက သတိထားနေခဲ့၏။
သူ့မျက်လုံးတွေ အေးစက်သွားပြီး နောက်ထပ်ထိန်းမထားတော့ပေ။
တဖက်လှည့်ကာ ကောင်းကင်ဘုံတိုက်ပွဲပုံစံကိုးမျိုး၏ နောက်ဆုံးတိုက်ကွက်ကို ထုတ်ဖော်လိုက်၏။
"ကောင်ကင်ဖွင့်လှစ်ခြင်း...."
ခရက်!
လက်သီးနှင့် လက်ဝါး ကျယ်လောင်သည့်အသံနှင့် မတွေ့ဆုံသွားပေ။
ဂျန်ဖန်း၏အားကောင်းလှသည့် ခန္ဓာကိုယ်နည်းလမ်းအောက်၌ နဲ့ယွင်ကျောက်လက်ဝါးရှိ စိတ်ဝိညာဥ်စွမ်းအားက ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။
အားကောင်းသည့်စွမ်းအားက သူ့လက်ဝါးကို ထိမှန်လာပြီး လက်မောင်းရိုးတစ်လုံး တစ်လက်မချင်းစီ ကျိုးကျေသွား၏။
သစ်ကိုင်းခြောက်ကျိုးသံ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်လာခဲ့သည်။
"အား...."
နဲ့ယွင်ကျောက် မြေပြင်ပေါ်လဲကျသွားပြီး အရိုးကျိုးသည့်နာကျင်မှုကြောင့် ဝက်သေတစ်ကောင်လိုအော်ဟစ်နေခဲ့သည်။
"ငါ့လက်...."
"အား.... ငါ့လက်...."
သူက နာကျင်စွာဖြင့် မြေပြင်ပေါ်မှာလူးလိမ့်နေပြီး မျက်နှာက ဖျော့တော့ကာ နာကျင်မှုကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေခဲ့သည်။
"ယွင်ကျောက်...."
အရာရာတိုင်းက ဖြစ်ပျက်သွားတာ မြန်ဆန်လွန်းသည့်အတွက် နဲ့ယွင်ရှီ အချိန်မီမတားလိုက်နိုင်ပေ။
သူမအလျှင်အမြန်ပြေးလာပြီး မောင်ဖြစ်သူ၏ သနားစရာအခြေအနေကိုမြင်သည့်အခါ နှလုံးသားနာကျင်သွားခဲ့၏။
ထို့နောက် ဒေါသတကြီးခေါင်းမော့ကာ အော်ပြောလိုက်သည်။
"နင်ဘယ်လိုတောင် ဒီလောက်အကြင်နာမဲ့ရတာလဲ...."
ဂျန်ဖန်း အမူအရာကင်းမဲ့နေဆဲဖြစ်သည်။
"နင့်မောင်က အရင်တိုက်ခိုက်တာ။ နင်တစ်ဖက်ပိတ်အမြင်နဲ့ မမြင်ချင်ယောင်ဆောင်မနေနဲ့...."
နဲ့ယွင်ရှီ သူမငွေရောင်သွားလေးတွေကို ကိအံကြိတ်လိုက်သည်။
သူမ၌ ပြောစရာ စကားမရှိပေ။
ဂျန်ဖန်း တကယ်ပဲ အကြင်နာမဲ့ခဲ့၏။ သို့ပေမယ့် သူမမောင်က အရင်တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရခဲ့တာဖြစ်သည်။
သူတို့ဘယ်နေရာပဲသွားပါစေ, တရားမျှတမှုရမည်မဟုတ်ပေ။
သို့ပေမယ့် နဲ့ယွင်ကျောက် ဆန္ဒမရှိပေ။
သူက ကျိုးနေသည့်လက်ကိုဆုပ်ကိုင်ပြီး ရက်စက်စွာအော်ပြောလိုက်သည်။
"အမ, သူ့လက်ကိုချိုးပစ်လိုက်..."
"နှစ်ဖက်လုံးချိုး။ မဟုတ်ရင်, ငါသေလိမ့်မယ်။ ငါသေသွားလိမ့်မယ်..."
နဲ့ယွင်ရှီ ချော့မော့ပြောလိုက်သည်။
"ယွင်ကျောက်, ဒီလိုမလုပ်ပါနဲ့။ အရင်ဆုံး နင့်ဒဏ်ရာကို ကုကြရအောင်...."
"ငါဂရုမစိုက်ဘူး...."
နဲ့ယွင်ကျောက် အော်ပြောလိုက်၏။
"နင် ငါ့ကိုမကူညီရင်, ငါ့ခေါင်းငါခွဲပြီး သတ်သေမှာနော်။ အဲ့ဒါဆို နဲ့မိသားစုမှာ မျိုးဆက်ရှိတော့မှာ မဟုတ်ဘူး...."
ဘေးနားရှိ ကျောက်တုံးနှင့် ခေါက်ခွဲသေမည်ဟု ခြိမ်းခြောက်လိုက်၏။
နဲ့ယွင်ရှီ မောင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်သွား၏။
အကူအညီမဲ့စွာပဲ အံကြိတ်ကာ ဂျန်ဖန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ငါ့မောင်မှားခဲ့တာမှန်တယ်။ ဒါပေမယ့် နင်ဒီလောက်ထိမလုပ်သင့်ဘူး...."
"နင့်ကိုသင်ခန်းစာပေးရမယ်လို့ငါထင်တယ်။ မဟုတ်ရင် ပေါ့ပါးမှုနဲ့ လေးနက်မှုကြားက ခြားနားချက်ကို နင်နားလည်မှာမဟုတ်ဘူး...."
သူမက ရုတ်တရက် သူမ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ၈ စွမ်းအားကို ထုတ်ဖော်လိုက်၏။
ကျောက်တုံးနောက်၌....
ရှီခိုင်ထျန်း မျက်လုံးတွေ အံ့အားသင့်နေခဲ့သည်။
"ဒီကလေးကတစ်ချိန်လုံး ခွန်အားထိန်ချန်ထားခဲ့တာပဲ...."
"လျိုဝူချန်းမှာ တကယ်ကို စူးရှတဲ့အမြင်ရှိသားပဲ။ သူ ဒီကောင်လေးကိုရွေးခဲ့တာ ငါတောင်လေးစားမိတယ်...."
ထို့နောက် နဲ့ယွင်ကျောက်ကိုကြည့်ပြီး သူ့မျက်လုံးတွေ အနည်းငယ် ကျဥ်းမြောင်းသွား၏။
"ပါရမီကတော့ကောင်းပါတယ်။ ဒါပေမယ့် စိတ်ဓာတ်က ကတယ်ကို သုံးစားမရဘူး...."
လီချင်ဖုန်းမျက်နှာ အချိန်အတော်ကြာ နီရဲသွား၏။
အရှုံးကအရှံးပင်။ သူ့တပည့်ရှုံးတာကို လီချင်ဖုန်း မရှက်ပေ။
သို့ပေမယ့် နောက်မှခိုးတိုက်တာကတော့ သူနှင့် ကောင်းကင်ဓားတောင်ထိပ်ကို မျက်နှာပျက်စေ၏။
ထို့ပြင် မြင့်မြင်အကြီးအကဲရှေ့မှာ ဖြစ်သွားခဲ့တာဖြစ်သည်။
"ကျွန်တော်သူ့ကို သုံးနှစ်အကျယ်ချုပ်ချထားလိုက်ပါ့မယ်။ အခန်းထဲကနေ ခြေတစ်လှမ်းမှ မထွက်စေရပါဘူး...."
ရှီခိုင်ထျန်း အနည်းငယ်ခေါင်းညိတ်လိုက်၏။
သူ့ပုံမှန်စိတ်နှင့်သာဆိုလျှင် နဲ့ယွင်ကျောက်လိုတပည့်မျိုးကို ကန်ထုတ်ပြီးတာကြာပြီဖြစ်သည်။
အမှားပြင်ဖို့ အခွင့်အရေးတောင် ရမည်မဟုတ်ပေ။
ကံမကောင်းစွာဖြင့် ကောင်းကင်ဓားတောင်ထိပ်၌ အတိတ်ကလို ပါရမီရှင် မပေါများတော့ပေ။ တစ်ယောက်ဆိုတစ်ယောက် အရေးပါ၏။
ရန်မူနေသည့်နဲ့ယွင်ရှီကိုလည်း တစ်ချက်ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"အဲ့ဒီအမျိုးသမီးတပည့်ကိုလည်း ရက်အနည်းငယ်ပြန်သုံးသပ်ခိုင်းလိုက်...."
"ဘယ်လိုတောင် အရှက်မရှိတာလဲ...'
သူမမောင် ခိုးတိုက်တာမအောင်မြင်ပြီး ဒဏ်ရာရသွားတာဖြစ်ပေမယ့် သူမက ဘယ်တုန်းကမှ ဖျန်ဖြေမပေးခဲ့ပေ။
လီချင်ဖုန်း မောင်နှမနှစ်ယောက်ကြောင့် အကြီးအကျယ်အရှက်ရသွား၏။
သူက စိတ်ပျက်စွာဖြင့် လျှောက်လမ်းသွားခဲ့သည်။
"ပြန်လာခဲ့...."
ရုတ်တရက်, ရှီခိုင်ထျန်း လမ်းအော်လိုက်၏။ သူအိုမင်းသည့်မျက်လုံးတွေက ကွင်းပြင်ရှိ ဂျန်ဖန်းကို ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်နေခဲ့သည်။
"သူ့မှာ စိတ်ဝိညာဥ်အမြစ်မရှိဘူးလို့ မင်းပြောခဲ့တယ်မလား...."
လီချင်ဖုန်းကြည့်လိုက်သည့်အခါ ဂျန်ဖန်းပတ်လည်၌ စိတ်ဝိညာဥ်စွမ်းအင်တွေကို တွေ့လိုက်၏။
သူက အံ့သြမသွားပေ။
"အလားအလာအကုန်သုံးပြီး အဆင့်မြှင့်တင်ထားရုံပါပဲ...."
အလားအလာအကုန်သုံးပြီး အဆင့်မြှင့်တင်တယ်....
ရှီခိုင်ထျန်း ကြောင်သွားပြီး စိတ်ရှုပ်သွား၏။
"အရင်ဆုံးအခြေအနေကို စောင့်ကြည့်ကြတာပေါ့...."
စင်မြင့်ပေါ်၌....
နဲ့ယွင်ရှီ ချက်ချင်းပဲ မပြည့်စုံသည့်သိမ်မွေ့အဆင့်မြင့်လက်ချောင်းသိုင်းကို ထုတ်သုံးလိုက်သည်။
"တိမ်လွန်းပျံလက်ချောင်း...."
ဂျန်ဖန်းခန္ဓာကျင့်ကြံနည်းလမ်းက ကောင်းကင်ကိုဆန့်ကျင်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်ဟု သူမမယုံပေ။
သို့ပေမယ့်....
နဲ့ယွင်ရှီကို အံံ့အားသင့်သွားစေတာက ဂျန်ဖန်း ခန္ဓာကျင့်ကြံနည်းလမ်းကို ဆက်အသုံးမပြုတော့ပေ။
ထိုအစား, ခန္ဓာကိုယ်ပတ်လည်၌ စိတ်ဝိညာဥ်စွမ်းအင်တွေလှည့်ပတ်လာပြီး ထူးဆန်းသည့်လက်ဝါးနည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။
"တုန်လှုပ်နေသောနဂါး...."
သူ လက်သီးနှစ်လုံးပစ်သွင်းလိုက်သည့်အခါ နဂါးတွေမိုးကြိုးလျှပ်စီးကဲ့သို့ သမုဒ္ဒရာထဲမှ ခုန်ထွက်လာသကဲ့သို့ပင်။
နဂါးဟိန်းသံကိုသယ်ဆောင်ကာ နဲ့ယွင်ရှီ၏ တိမ်လွန်းပျံလက်ချောင်းဖြင့် တွေ့ဆုံသွားခဲ့သည်။
ရွစ်! ရွစ်! ရွစ်!
နှစ်ယောက်သား ခြေလှမ်းအနည်းငယ် ဆုတ်သွားကြ၏။
နဲ့ယွင်ရှီလည်း အတော်တုန်လှုပ်သွား၏။
"နင်...."
ဂျန်ဖန်း သူမတိုက်ခိုက်မှုကို အမှန်တကယ်ခုခံနိုင်၏။
သူမက အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ဖြစ်ပြီး ဂိုဏ်း၏ထိပ်ဆုံး ၂၀ အတွင်း အဆင့်ဝင်၏။
ဂျန်ဖန်းကကော။ သူက စိတ်ဝိညာဥ်အမြစ်မရှိသည့်တပည့်တစ်ယောက်ဖြစ်ပြီး သူမနှင့် ခွန်အားချင်းတူနေခဲ့သည်။
သူမက ခွန်အားကုန်မသုံးထားသော်လည်း....
ဂျန်ဖန်းလည်း ခွန်အားကုန်သုံးမှာ မဟုတ်ပေ။
မြေပြင်ပေါ်မှာထိုင်နေသည့် နဲ့ယွင်ကျောက် အကြီးအကျယ်တုန်လှုပ်သွား၏။
သူ၏အားကိုးရာက ပါရမီမြင့်သည့်အမဖြစ်သူပင်။
သို့ပေမယ့် သူမက ဂျန်ဖန်းကို အနိုင်မယူနိုင်ပေ?
ဂျန်ဖန်းကို နောက်တစ်ကြိမ်ကြည့်လိုက်သည့်အခါ, သူ့မျက်လုံးတွေ နောက်ဆုံးမှာတော့ ကြောက်ရွံ့မှုတွေပြသလာ၏။
နောက်ထပ် အထင်သေးမှုတွေ မရှိတော့ပေ။
ကျောက်တုံးနောက်၌....
လီချင်ဖုန်း ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက်မတ်တပ်ရပ်နေပြီး ကွင်းပြင်ကိုကြည့်သည့်သူ့အကြည့်က ဗလာဖြစ်နေခဲ့သည်။
ရှီခိုင်ထျန်းတောင် မနေနိုင်ပဲ ပင့်သက်ရှိုက်လိုက်သည်။
"အခြေခံတည်ဆောက်ခြင်းအဆင့် ၇...."
"မင်းကိုထပ်မေးပါအုန်းမယ်၊ ဒီကလေးက တကယ်ပဲ စိတ်ဝိညာဥ်အမြစ်မရှိဘူးလား...."
လီချင်ဖုန်း အံ့သြသွားပြီး အခိုင်အမာပြောလိုက်သည်။
"စမ်းသပ်မှုကတော့ သူ့မှာ စိတ်ဝိညာဥ်အမြစ်မရှိဘူးလို့ တကယ်ပြခဲ့တာ...."
"ဒါပေမယ့် သူရဲ့တိုးတက်မှုက ဘာလို့ ဒီလောက်မြန်နေရတာလဲ။ နောက်ဆုံးအကြိမ်တိုက်ခိုက်တုန်းက အခြေခံတည်ဆောက်ခြင်းအဆင့် ၃ ပဲ ရှိသေးတာ..."
"လဝက်တည်းနဲ့ အဆင့် ၇ ကို ချိုးဖြတ်သွားတယ်...."
အာ?...
ရှီခိုင်ထျန်း တုန်လှုပ်သွား၏။
"မင်းဘာပြောလိုက်တယ်? လွန်ခဲ့တဲ့လဝက်က သူ အခြေခံတည်ဆောက်ခြင်းအဆင့် ၃ ပဲရှိသေးတယ်။ ဟုတ်လား..."
ဘယ်လိုကြောက်စရာကောင်းသည့်ပါရမီရှင်မျိုး သူမမြင်ဖူးလို့နည်း။
သို့ပေမယ့် လဝက်တည်းနှင့် အဆင့် ၄ ဆင့် ချိုးဖြတ်သွားတာမျိုးတော့ တစ်ခါမှမကြားဖူးပေ။
လီချင်ဖုန်းလည်း ကို့ရို့ကားယားဖြစ်သွား၏။
"ဒီကောင် ဘယ်လိုအလားအလာအကုန်သုံးတဲ့နည်းလမ်းများသုံးလိုက်လဲမသိဘူး။ တော်တော်ကြီးကို ယုတ္တိမတန်ဘူး...."
ဖြန်း!
ရှီခိုင်ထျန်း သူ့နှောက်စိကိုပိတ်ရိုက်ပြီး ဆူပူလိုက်၏။
"မင်းဦးနောက် ပျက်သွားတာလား...."
"ဘယ်လိုအလားအလားအကုန်သုံးတဲ့နည်းလမ်းကများ လူတစ်ယောက်ကိုချီကျင့်ကြံခြင်းအဆင့် ၁ ကနေ အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ထိ မြှင့်တင်ပေးနိုင်မှာလဲ...."
"ငါနေရာစုံရောက်ဖူးပြီး အလားအလာအကုန်သုံးတဲ့နည်းလမ်းသုံးတဲ့လူ မရေမတွက်နိုင်အောင်မြင်ဖူးတယ်။ ဒါပေမယ့် အနည်းငယ်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်ကြတာ...."
"အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ဆိုရင်တော့ ပြောကိုမနေနဲ့တော့...."
အာ?...
လီချင်ဖုန်းကြောင်အသွားပြီး မယုံသင်္ကာဖြစ်နေ၏။
"တစ်ချိန်လုံး ငါထင်တာတွေက မှားနေခဲ့တာလား...."
ရှီခိုင်ထျန်း ဒေါသတကြီးပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာ...."
"အဲ့လို နည်းလမ်းမျိုးရှိရင် ငါတို့တိမ်စိမ်းဂိုဏ်း ဒီကမ္ဘာကြီးထဲမှာ နေစရာရှိပါအုန်းမလား...."
လီချင်ဖုန်း ချက်ချင်း ထိတ်လန့်သွား၏။
အမှန်တကယ်ပင်။
ဤကဲ့သို့အားကောင်းသည့် အလားအလားအကုန်သုံးနည်းလမ်းမျိုးရှိခဲ့လျှင် အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တွေ မှိုလိုပေါက်နေမည်ပဲဖြစ်သည်။
ဤပါရမီရှင်တွေက တိမ်စိမ်းဂိုဏ်းမှာဆက်လေ့ကျင့်ဖို့ နေတော့မည်မဟုတ်ပေ။
သို့ပေမယ့် သူက ပိုလို့တောင် ပဟေဠိဖြစ်သွား၏။
"အလားအလာအကုန်သုံးနည်းလမ်းမဟုတ်ဘူးဆိုရင် သူက အဆင့် ဘယ်လိုချိုးဖြတ်လိုက်တာလဲ။ သူ့မှာ စိတ်ဝိညာဥ်အမြစ်မရှိဘူးလေ...."
ရှီခိုင်ထျန်းမျက်လုံးတွေမှေးကျဥ်းသွားပြီး မုတ်ဆိတ်မွေးသပ်ကာ အချိန်အတော်ကြာ စဥ်းစားနေ၏။
"ဖြစ်နိုင်ချေတစ်ခုပဲရှိတော့တယ်...."
"ဒါက, သူ့ရဲ့စိတ်ဝိညာဥ်အမြစ်က မှော်ရတနာရဲ့စမ်းသပ်နိုင်တဲ့အကန့်အသတ်ကို ကျော်လွန်နေလို့ပဲ။ ဒါကြောင့် စိတ်ဝိညာဥ်အမြစ်မရှိဘူးလို့ ဖော်ပြလိုက်တာ...."
"ဒါကပဲ သူ့ရဲ့ကျင့်ကြံရေး နတ်ဘုရားကူညီသလို ဖြစ်နေတာကို ရှင်းပြနိုင်တယ်...."
လီချင်ဖုန်း တစ်ခုခုကိုသတိရပြီး ရေရွတ်လိုက်သည်။
"အကြီးအကဲဆိုလိုတာ, သူ့မှာရှိတာ.... အနန္ဒစိတ်ဝိညာဥ်အမြစ်ပေါ့...."
ဒဏ္ဍာရီအရဆိုလျှင် ထိုအနန္ဒစိတ်ဝိညာဥ်အမြစ်က ကမ္ဘာကြီးမှာ အတော်ရှား၏။
အကန့်အသတ်မဲ့တဲ့အလားအလာတွေနှင့် စိတ်ဝိညာဥ်အမြစ်တစ်ခု....
ရှီခိုင်ထျန်း အသက်ပြင်းပြင်းရူလိုက်ပြီး ပြောလိုက်သည်။
"ဒါက တစ်ခုတည်းသော ဖြစ်နိုင်ချေရှိတဲ့ ရှင်းပြချက်ပဲ...."
"ငါတို့တိမ်စိမ်းဂိုဏ်းမှာ တကယ်ပဲ ဒီလိုပါရမီရှင်တစ်ယောက်ရှိတာပဲ...."
"တစ်နေ့မှာ ငါတို့ဂိုဏ်းမကြီးပွားဘူးဆိုမှ ခက်နေအုန်းမယ်...."
သူ့မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် တွန့်လိမ်သွား၏။
ချက်ချင်းပဲ သူ နောင်တရသွား၏။
"မင်း အစကတည်းက သူ့ကို မရွေးချယ်ခဲ့တာ ဝမ်းနည်းစရာပဲ။ လျိုဝူချန်းကို ဒီလိုကြီးမားတဲ့အခွင့်အရေးမျိုးပေးလိုက်တယ်...."
ထိုအခိုက်အတန့်၌ လီချင်ဖုန်း အတော်လေး မသက်မသာဖြစ်နေတာ သတိထားမိလိုက်၏။
သူက ပခုံးပုတ်ပြီး နှစ်သိမ့်လိုက်၏။
"မင်းက ဆုံးဖြတ်ချက်မှားသွားရုံပါ...."
"ဒါပေမယ့် သူ့ကိုဂိုဏ်းထဲခေါ်လာပြီး ရင်ပြင်မှာထားခဲ့တဲ့လူကတော့ သေချင်လောက်အောင်ရှက်နေမှာ သေချာတယ်...."
"ချင်ဖုန်း, မြန်မြန်ငါ့ကိုပြောစမ်းပါ။ ဘယ်တောင်ထိပ်ရဲ့ နလပိန်းတုံးအကြီးအကဲက ဒါကိုလုပ်ခဲ့လဲဆိုတာပြောစမ်းပါ...."
"ဒီသတင်းကို သူ့ရဲ့မြင့်မြတ်အကြီးအကဲဆီပို့ရမယ်။ အဲ့တာမှ အဲ့အကြီးအကဲ သေလောက်အောင်ဒေါသထွက်သွားမှာ ....ဟ...ဟ...ဟ..."
ထိုအရာကို ကြားသည့်အခါ....
လီချင်ဖုန်း ကျောက်ရုပ်ဖြစ်သွား၏။