လူပြက်က ငါကိုယ်တိုင်ဖြစ်နေတာပဲ
Vol. 12 Ch. 178
ထို နလပိန်းတုံးက အခြားသူမဟုတ်ပေ။
သူပဲဖြစ်သည်။
"ပြောစမ်းပါ...."
ရှီခိုင်ထျန်း သူ့အင်္ကျီလက်ကို ဝှေ့ယမ်းပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်၏။
"မြန်မြန်ပြောစမ်းပါ။ ဘယ်တောင်ထိပ်ကလဲဆိုတာ ပြောစမ်းပါ...."
"ငါ ခုချက်ချင်း သူတို့ရဲ့မြင့်မြတ်အကြီးအကဲဆီသွားမယ်...."
"အဲ့ကောင်တွေကို သေချင်စိတ်ပေါက်သွားအောင်ကို လှောင်ရယ်ပစ်လိုက်အုန်းမယ်...."
"ဟ..ဟ...ဟ..."
ရှီခိုင်ထျန်း ခုလေးတင်မှ ဂိုဏ်းကိုပြန်ရောက်ပြီး ဤကဲ့သို့ရယ်စရာကောင်းသည့်အရာတစ်ခုတွေ့လိုက်ရသည့်အတွက် အတော်လေး စိတ်ဓာတ်တက်ကြွနေခဲ့သည်။
သူ့စိတ်ထဲ၌ အခြားတောင်ထိပ်မြင့်မြတ်အကြီးအကဲ၏ပုံရိပ်ကို မြင်ယောင်နေ၏။ သူတို့သာ အနန္ဒစိတ်ဝိညာဥ်အမြစ်ကိုလွဲချော်သွားတာသိသွားလျှင် ရူးသွပ်သွားမည်ကိုတွေးပြီး တစ်ခစ်ခစ်ရယ်နေလိုက်၏။
ယခုအချိန်မှစပြီး ထိုမြင့်မြတ်အကြီးအကဲ သူတို့သက်ကြီးပိုင်းတွေထဲမှာ ခေါင်းဖော်နိုင်တော့မည်မဟုတ်ပေ။
လီချင်းဖုန်းမျက်နှာ တောင့်တင်းသွားပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
"သူ.... သူက...."
ရှီခိုင်ထျန် မျက်မှောင်ကြုတ်လိုက်၏။
"မင်းဘာဖြစ်နေတာလဲ...."
"အဲ့အကြီအကဲက မင်းနဲ့ရင်းနှီးလို့ သူတို့ရဲ့မြင့်မြတ်အကြီးအကဲက အပြစ်ပေးမှာစိုးလို့လား...."
ထို့နေက် ရင်ဘတ်ပုတ်ကာ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့၊ ငါရှိပါတယ်...."
"အပြစ်မပေးစေရဘူးလို့ အာမခံတယ်...."
လီချင်ဖုန်း သတိထားပြီး သူကိုကြည့်လိုက်သည်။
"ဆရာ, အပြစ်မပေးဘူးဆိုတာသေချာလား...."
ရှီခိုင်ထျန်း စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။
"မင်းငါ့ကို ခုမှသိတာလည်းမဟုတ်ပဲနဲ့..."
"ငါက ပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့သူပါ..."
"ငါ သူတို့ကိုအပြစ်မပေးရဘူးဆိုရင်, မပေးစေရဘူး...."
ဤသို့ဖြင့်....
လီချင်ဖုန်း သတ္တိအားလုံးစုကာ ပြောလိုက်သည်။
"အဲ့ဒီအကြီးအကဲကလေ.... ကျွန်တော်ပဲ...."
အာ?...
ရှီခိုင်ထျန်းအေးခဲသွားပြီး လီချင်ဖုန်းကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေခဲ့သည်။
သူ့နားကြားမှားတာလားဟုပင်ထင်သွား၏။
လီချင်ဖုန်း အနည်းငယ်ထိတ်လန့်သွားပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။
"ဂျန်ဖန်းကို ကျွန်တော်အထီးကျန်လှေမြို့ကနေ ခေါ်လာတာလေ...."
"သူ့မှာ ဘာစိတ်ဝိညာဥ်အမြစ်မှမရှိတာနဲ့ ရင်ပြင်မှာထားခဲ့လိုက်တယ်...."
"ဆရာ, အဲ့ဒါ ငါ့မှာ အမြင်မရှိလို့မဟုတ်ဘူး...."
"အထီးကျန်လှေမြို့လို နေရာသေးသေးလေးမှာ အနန္ဒစိတ်ဝိညာဥ်အမြစ်ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ...."
ရှီခိုင်ထျန်း ကမ္ဘာကြီးချာချာလည်သလို ခံစားလိုက်ရပြီး နောက်ကို တယိမ်းတယိုင်ဆုတ်သွားကာ လဲကျလုနီးပါဖြစ်သွား၏။
သူ့မျက်နှာက ဖြူဖျော့နေပြီး လက်တွေတုန်ယင်နေခဲ့သည်။
သူက ရေရွတ်လိုက်သည်။
"မင်းဆိုလိုတာ... အနန္ဒစိတ်ဝိညာဥ်အမြစ်ကို လွဲချော်သွားတာက... ငါတို့ကောင်းကင်ဓားတောင်ထိပ်ပေါ့...."
လီချင်ဖုန်း လည်ပင်းကျုံ့ပြီး ခေါင်းညိတ်လိုက်သည်။
ဖူး!
ရှီခိုင်ထျန်း ပါးစပ်ပြည့်သွေးတစ်လုပ်အန်လိုက်ရ၏။
လက်စသတ်တော့ လူပြက်က သူကိုယ်တိုင်ပင်ဖြစ်နေခဲ့၏။
လီချင်ဖုန်း ထိတ်လန့်သွားပြီး အလျှင်အမြန်ထိန်းပေးလိုက်သည်။
"ဆရာ, ငါ့ကိုမခြောက်ပါနဲ့...."
သူ့စိတ် ဗြောင်းဆန်သွား၏။
ခုလေးမှပြန်လာသည့် သူ့ဆရာကို သွေးအန်သည်အထိ ဒေါသထွက်အောင်လုပ်မိသည်။
သူက အနားတောင် မကပ်ရဲပေ။
ကပ်သွားတာနှင့် ရှီခိုင်ထျန်း ဒေါသလိမ့်ထွက်လာပြီး သူ့ကို ပိတ်ရိုက်လိုက်သည်။
"မင်း, ခွေးမသား...."
အားကောင်းသည့်စွမ်အားက ချက်ချင်းပဲ လီချင်ဖုန်းကို အဝေးလွင့်စင်သွားစေပြီး ကျောက်တုံးကို ဝင်ဆောင့်သွားစေ၏။
ကျောက်တုံးထူကြီး အပိုင်းပိုင်းကွဲကြေကာ နေရာအနှံ့ပြန့်ကျဲသွားခဲ့သည်။
အဟွန့်! အဟွန့်!
လီချင်ဖုန်း ပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်ရပြီး ဆက်ရိုက်ဖို့ပြင်နေသည့် ဒေါ်သထွက်နေသောရှီခိုင်ထျန်းကို ကြည့်လိုက်သည်။
သူက အလျှင်အမြန်ပြောလိုက်သည်။
"ဆရာ, ဆရာ... စောနကပြောတော့ ငါ့ကို အပြစ်မပေးဘူးဆို...."
ရှီခိုင်ထျန်း စိတ်ပျက်သည့်မျက်နှာဖြင့် လီချင်ဖုန်းကို ကန်ကျောက်ထိုးကြိတ်ကာ အော်ပြောလိုက်၏။
"မင်းကို မရိုက်ရရင်, ဒေါသကြောင့် ငါသေသွားနိုင်တယ်...."
"ခွေးမသား, မျက်ကန်းစောက်ရူး...."
"မင်းကိုသေတဲ့အထိရိုက်သတ်မယ်..."
သနားစရာကောင်းသည့် လီချင်ဖုန်း ထုကြိတ်ခံနေရပြီး ပါးစပ်ထဲမှာ သွေးတွေအပြည့်ပင်။
ဂျန်ဖန်းနှင့် အခြားလူတွေ ထိုအရာကိုကြည့်ပြီး အံ့အားသင့်နေခဲ့ကြ၏။
ဂုဏ်သရေရှိတောင်ထိပ်သခင်က စုတ်ပြတ်နေသည့်လူအိုကြီးတစ်ယောက်၏ ရိုက်နှက်ခြင်းကိုခံနေရပြီး ပြန်တောင်မတိုက်ရဲပေ။
ဂျန်ဖန်း တုန်လှုပ်သွား၏။
သူက လူအိုကြီး၏အထောက်အထားကို ချက်ချင်းသိလိုက်၏။
ကောင်းကင်ဓားတောင်ထိပ်၏မြင့်မြတ်အကြီးအကဲဖြစ်ရမည်ပင်။
ဆက်မနေရဲတော့ပဲ ရှုရို့ရန်နှင့် ချန်းစီလင်လက်ကိုဆုပ်ကိုင်ကာ တိတ်တိတ်လေးထွက်သွားဖို့ပြင်လိုက်၏။
သို့ပေမယ့် သူတို့အဝေးတောင်မရောက်သေးပေ။
ရှီခိုင်ထျန်း လှမ်းအော်လိုက်၏။
"လူငယ်လေး, ငါမင်းကို သွားခိုင်းလို့လား....."
ဂျန်ဖန်း တုန်ယင်သွား၏။
မင်းဘာမင်းရိုက်စရာရှိတာရိုက်လေ။ ငါနဲ့ဘာဆိုင်လို့လဲ....
သူက ကြောက်လန့်တကြားရပ်လိုက်ပြီး လက်ချင်းယှက်ကာပြောလိုက်သည်။
"ဂိုဏ်းသခင်တောင်ထိပ်ဂျန်ဖန်း စီနီယာကို နှုတ်ဆက်ပါတယ်။ စီနီယာတစ်ခုခုများ ညွှန်ကြားစရာရှိလို့လား...."
ရှီခိုင်ထျန်း လီချင်ဖုန်းကို နောက်မှာချန်ထားခဲ့ပြီး ဂျန်ဖန်းဆီသို့ လျှောက်လာကာ အနီးကပ်ကြည့်ရှုလိုက်၏။
တစ်ခဏ သူက သဘောကျမှုကော, မုန်းတီးမှုကော ခံစားလိုက်ရ၏။
ဂျန်ဖန်း၌ ထူးခြားသည့်စိတ်ဝိညာဥ်အမြစ်ရှိသည့်အတွက် သဘောကျ၏။
ကောင်းကင်ဓားတောင် မရလိုက်တာကို သူမုန်း၏။
တစ်ခဏကြာစိုက်ကြည့်ပြီးနောက် သူက နှာမှုတ်လိုက်၏။
"ပြန်ရောက်ရင် အဲ့ခွေးမသာလျိုဝူချန်းကိုပြောလိုက်။ ငါမှတ်ထားတယ်လို့...."
ဟမ်?....
မေးခွန်းကြီးတစ်ခုက ဂျန်ဖန်းခေါင်းထဲမှာ ထွက်ပေါ်လာ၏။
ဆရာက ဒီမြင့်မြတ်အကြီးအကဲနဲ့ ရန်ငြိုးများရှိတာလား...
ထိုအရာကိုတွေးမိပြီး သူက မနေနိုင်ပဲ ရှုရို့ရန်နှင့် ချန်းစီလင်တို့၏အခြေအနေကို စိုးရိမ်သွား၏။
နောက်တစ်ကြိမ်လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ, စီနီယာ...."
ခဏရပ်လိုက်ပြီး အားမွေးကာပြောလိုက်သည်။
"စီနီယာမှာ ကျွန်တော်နဲ့ပတ်သက်ပြီး မကျေနပ်တာရှိရင် တိုက်ရိုက်ပြောပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ဇနီးနှစ်ယောက်ကိုတော့ အခက်တွေ့အောင်မလုပ်ပါနဲ့...."
အို?....
ရှီခိုင်ထျန်း အံ့အားသင့်သွား၏။
သူက တိတ်တဆိတ်ခေါင်းညိတ်လိုက်သည်။
ဂျန်ဖန်းသူ့ကိုရန်စဖို့မတတ်နိုင်တာ သူသိ၏။ သို့ပေမယ့် ဇနီးနှစ်ယောက်အတွက် တောင်းပန်ပေးနေတုန်းပင်။
သစ္စာရှိပြီး ဖြောင့်မတ်၏။
တစ်ခဏတွေးပြီး...
ကောင်းကင်ဓားတောင်ထိပ်က အနန္ဒစိတ်ဝိညာဥ်အမြစ်ကို လွဲချော်သွားပေမယ့် သူ၏ရတနာဇနီးနှစ်ယောက်ကတော့ ကောင်းကင်ဓားတောင်ထိပ်မှာ ရှိနေ၏။
သူမတို့ကို ကောင်းကောင်းဆက်ဆံခြင်းဖြင့် ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်၏။
အနာဂတ်၌ သူသာ ကျင့်ကြံရေးမှာ အောင်မြင်မှုကြီးရလာလျှင် ဤကြင်နာမှုကို မမှတ်မိပဲ ဘယ်လိုလုပ်နေမည်နည်း။
ထိုအရာကိုတွေးပြီး သူ့ခံစားချက်တွေ ပိုကောင်းလာခဲ့သည်။
ခမ်းနားသည့်အမူအရာဖြင့် သူက ရှုရို့ရန်နှင့် ချန်းစီလင်ဆီကို တန်ဖိုးကြီးကောင်းကင်နှင့်မြေကြီးရတနာနှစ်ခု ပစ်ပေးလိုက်၏။
"လက်ဆောင်သေးသေးလေးပါ, ယူလိုက်...."
အာ?...
ရှုရို့ရန်နှင့် ချန်းစီလင် အံ့အားသင့်စွာဖြင့် ဖမ်းယူလိုက်၏။
ခန့်ငြားသည့်ပုံရှိသည်ဖြစ်၍ သူမတို့က ရှိခိုင်ထျန်းကို ကောင်းကင်ဓားတောင်ထိပ် မြင့်မြတ်အကြီးအကဲဖြစ်ရမည်ဟု ခန့်မှန်းလိုက်ကြ၏။
"ကျေးဇူးတင်ပါတယ်, မြင့်မြတ်အကြီးအကဲ...."
မိန်းခလေးနှစ်ယောက် အလျှင်အမြန် အရိုအသေပေးလိုက်၏။
သို့ပေမယ့် သူမတို့ကို ပိုအံ့အားသင့်သွားစေတာက...
ရှီခိုင်ထျန်း သူ့မုတ်ဆိတ်မွေးကိုသပ်ပြီး ပြောလိုက်သည့်စကားပင်။
"ဒီနေ့ကစပြီး, မင်းတို့ရဲ့ကျင့်ကြံရေးကို ငါကိုယ်တိုင် လမ်းညွှန်းပေးမယ်...."
ဘာ?....
မိန်းခလေးနှစ်ယောက် အလွန်အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။ ထို့နောက်အသိပြန်ဝင်လာပြီး ပျော်ရွင်စွာဒူးထောက်လိုက်ကြ၏။
အဝေးရှိ နဲ့ယွင်ရှီ ကြောင်အသွား၏။
မြင့်မြတ်အကြီးအကဲက ခုလေးတင်ပြန်ရောက်လာပြီး ရှုရို့ရန်နှင့် ချန်းစီလင်တို့ကို လက်ဆောင်ပေးခဲ့၏။
ထိုအရာက လုံလောက်နေပြီဖြစ်သည်။
သို့ပေမယ့် သူက သူမတို့ကို လူကိုယ်တိုင် သင်ကြားပေးချင်နေသေး၏။
ကောင်းကင်ဓားတောင်ထိပ်စီနီယာတပည့်တစ်ယောက်အနေဖြင့် မြင့်မြတ်အကြီးအကဲက သူမကို တစ်ချက်တောင်မကြည့်ပေ။
ဘာကြောင့်လဲ....
သူမက တကယ်ပဲ သူမတို့ထက် နိမ့်ကျသည်လား....
ဂျန်ဖန်းလည်း အံ့အားသင့်သွား၏။
မြင့်မြတ်အကြီးအကဲ ရှုရို့ရန်နှင့် ချန်းစီလင်တို့ကို ဤလောက်ထိ ဘာကြောင့်ဂရုစိုက်နေလဲ သူနားမလည်ပေ။
အနည်းငယ်တွေးပြီးနောက် ထိုအရာက ကိစ္စကောင်းတစ်ခုဆိုတာ သိလိုက်၏။
မြင့်မြတ်အကြီးအကဲကြည့်ရှုစောင့်ရှောက်ထားသည်ဖြစ်၍ နဲ့ယွင်ကျောက်နှင့် သူ့အမကိုမပြောနှင့် ကောင်းကင်ဓားတောင်ထိပ်ရှိ မည်သူမှ အနာဂတ်မှာ သူမတို့ကို နှောက်ယှက်ရဲတော့မည်မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ်, စီနီယာ။ ဒီတပည့်က မင်းရဲ့ကြင်နာမှုကြီးကို အမြဲအမှတ်ရနေမှာပါ...."
ဂျန်ဖန်း သူ့သဘောထားကို မည်သို့ဖော်ပြရမည် မသိတော့ပင်။
အဆုံးမှာတော့ သူက မြင့်မြတ်အကြီးအကဲနှင့် ဆက်ဆံနေရတာဖြစ်သည်။
သူက ဘာလိုချင်မှာနည်း။
သို့ပေမယ့် ဂျန်ဖန်းမသိတာက ရှီခိုင်ထျန်းလိုချင်တာက ဤစကားတွေပဲဖြစ်သည်။ သူက ရယ်လိုက်ပြီး ဂျန်ဖန်းပခုံးကိုပုတ်လိုက်သည်။
"မင်းကျေးဇူးတင်ချင်ရင် လုံ့လဝီရိယရှိရှိကျင့်ကြံပါ...."
"ကောင်းပြီလေ, ငါမိတ်ဆွေဟောင်ကြီးတွေကို သွားတွေ့လိုက်အုန်းမယ်...."
"ချင်ဖုန်း, ဒီနေရာကကိစ္စတွေကို မင်းဖြေရှင်းထားလိုက်။ တစ်ခုခုထပ်မှားလို့ကတော့ မင်းကိုငါသတ်မယ်...."
သူက တုန်ယင်နေသည့်လီချင်ဖုန်းကို ဒေါသတကြီးကြည့်လိုက်သည်။
နဲ့ယွင်ရှီ နဲ့ယွင်ကျောက်ကိုကူညီကာ နာကျည်းချက်အပြည့်ဖြင့် လျှောက်လာခဲ့သည်။
"ဆရာ, ကျွန်မမောင်လေးလက်ကျိုးသွားပြီ...."
"ဒီဂျန်ဖန်း အတင်းလုပ်လိုက်လို့ပါ...."
သူမ ဘာမှမပြောလျှင် ပိုကောင်းသေး၏။
သူမပြောပြီးပြီးချင်း လီချင်ဖုန်း ဒေါသထွက်သွား၏။
သူတို့အနိုင်ကျင့်လို့မဟုတ်လျှင် ဂျန်ဖန်း သူ့ခွန်အားကို ထုတ်ပြမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် မြင့်မြတ်အကြီးအကဲလည်းတွေ့သွားမည်မဟုတ်ပေ။
ဘယ်လိုတောင် သူတို့က နစ်နာသူလို့ ပြောရဲသနည်း။
သူက ချက်ချင်းပဲ ဟိန်းဟောက်လိုက်၏။
"ရှက်စရာကောင်းတဲ့ဟာတွေ...."
"နဲ့ယွင်ရှီ, နင်လည်း တစ်လပိတ်လှောင်ခံရမယ်...."
နဲ့ယွင်ရှီမျက်နှာ အေးခဲသွား၏။
ထိုမှသာ သူမနှင့် သူမမောင်လုပ်ခဲ့သည့်အရာကို လီချင်ဖုန်းတွေ့သွားပြီဆိုတာ သိလိုက်သည်။
ချက်ချင်း ရှက်ရွံ့စွာဖြင့်ခေါင်းငုံ့လိုက်ပြီး အထွန့်မတက်ရဲတော့ပေ။ ထို့နောက် နဲ့ယွင်ကျောက်ကိုခေါ်ကာ ထွက်ခွာသွားခဲ့သည်။
သူ့ဒေါသကို တည်ငြိမ်စေပြီးနောက် လီချင်ဖုန်း ရှုရို့ရန်နှ့် ချန်းစီလင်ကို ကြည့်လိုက်သည်။
သူက မနေနိုင်ပဲ ကျေးဇူးတင်သွား၏။
"နင်တို့တွေငါ့ရဲ့လျို့ဝှက်ခန်းမှာ သွားကျင့်ကြံရီကြ။ အဲ့မှာ စိတ်ဝိညာဥ်စွမ်းအင်ပိုများတယ်...."
ရှုရို့ရန်နှင့် ချန်းစီလင်တို့ အလွန်ပျော်ရွင်သွားကြသည်။
လီချင်ဖုန်း ဂျန်ဖန်းနှင့် နှစ်ယောက်တည်းဆွေးနွေးစရာရှိတာ မြင်သည့်အခါ သူမတို့က အလိုက်သိစွာပဲ ထွက်ခွာသွားကြသည်။
အဆုံးမှာတော့ ဂျန်ဖန်းနှင့် လီချင်ဖုန်းသာ ကျန်ခဲ့တော့၏။.
ဂျန်ဖန်းကို ကြည့်သည့်လီချင်ဖုန်းအကြည့်တွေ၌ စိတ်ခံစားချက်တွေရှုပ်ထွေးနေပြီး သက်ပြင်းချလိုက်သည်။
"ငါမင်းကိုပြောစရာရှိတယ်...."
"ရှုယင်းရင်း အကြောင်းပါ...."