ဂိုဏ်းချုပ်ဟောင်း
Vol. 12 Ch. 179
ဂျန်ဖန်း တစ်ခဏကြောင်သွား၏။
သူ့နှလုံးသားထဲမှာ မကောင်းသည့်ခံစားချက်တွေရနေခဲ့သည်။
ရှုယင်းရင် တစ်ခုခုဖြစ်ခဲ့သည်လား.....
"သူမ ဘာဖြစ်လို့လဲ...."
ဂျန်ဖန်း မေးလိုက်သည်။
လီချင်ဖုန်းနောင်တရပုံပေါ်နေပြီး သက်ပြင်းချလိုက်သည်။
"ရှုယင်းရင်း မနေ့က ငါ့ကိုလာနှုတ်ဆက်ပြီး ခရီးထွက်သွားတယ်...."
ခရီးထွက်တယ်?....
တစ်ယောက်တည်းလား....
ဂျန်ဖန်း မနေနိုင်ပဲ စိုးရိမ်သွား၏။
သူမက အရမ်းမသန်မာသည့်အပြင် လှလည်းအတော်လှ၏။ တစ်ယောက်တည်းအပြင်ထွက်တာက အတော်လေးအန္တရာယ်များ၏။
"စီနီယာလီက ဒါကို စိတ်ချတာလား...."
ဂျန်ဖန်း အံ့အာသင့်စွာဖြင့် မေးလိုက်သည်။
သဘာဝအတိုင်း လီချင်ဖုန်း သဘောမတူခဲ့ပေ။
ရှုယင်းရင် အသက်ရှင်လျက်ပြန်လာနိုင်ပါ့မလားဆိုတာ ပြောရခက်၏။
လီချင်ဖုန်း ဂျန်ဖန်းကို အပြစ်တင်သည့်အမူအရာဖြင့်ကြည့်လိုက်သည်။
"အထွတ်အမြတ်ခန်းမကနေပြန်ရောက်ကတည်းက ရက်အတော်ကြာ သူမ ရေတစ်စက်တောင် မသောက်ခဲ့ဘူး...."
"ငါသာခွင့်မပြုရင် သူမ ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားလိမ့်မယ်...."
ဂျန်ဖန်း အံ့အားသင့်သွား၏။
ထိုနေ့က ရှုရို့ရန်နှင့် ချန်းစီလင်တို့ ဂျန်ဖန်းအကူအညီကြောင့် တစ်ယောက်က သူမနှင့် အဆင့်တူသွားပြီး ကျန်တစ်ယောက်က သူမကို ကျော်တက်သွားခဲ့၏။
အရင်က သူမ၏ဂုဏ်ယူမှုအားလုံး ကွဲကျေသွားခဲ့ပြီပင်။
အမြဲသန်မာတဲ့စိတ်ဓာတ်ရှိခဲ့သည့်သူမ ပြင်းထန်သည့်တိုက်ခိုက်မှုတွေကြောင့် စိတ်ဝိညာဥ်က စိတ်ပျက်အားငယ်မှုအတွင်း ဆင်းသက်သွားခဲ့သည်။
တိမ်စိမ်းဂိုဏ်းမှထွက်ပြီး အပြင်ကိုခရီးသွားမှသာ သူမအတွက် အကူအညီရကောင်းရနိုင်မည်ဖြစ်သည်။
လီချင်ဖုန်း ဂျန်ဖန်းကို စူးစမ်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဂျန်ဖန်း, သူမကို နောက်တစ်ကြိမ်ပြန်လက်ခံပေးလို့မရဘူးလား..."
"ဘယ်သူက အမှားမလုပ်ဖူးလို့လဲ...."
အဆုံးမှာတော့ ရှုယင်းရင်းက သူ့တပည့်ဖြစ်၏။
သူမနာကျင်ခံစားနေရတာကို ဘယ်လိုလုပ်ကြည့်နေနိုင်မည်နည်း။
သူက သူ့တပည့်အတွက် နေရာကောင်းတစ်ခုရှာပေးချင်နေဆဲဖြစ်သည်။
ဂျန်ဖန်းလက်ချင်းယှက်ပြီး ပြောလိုက်သည်။
"စီနီယာလီ, မင်း နားလည်မှုလွဲနေပြီ....."
"ငါ သူမကို ဘယ်တုန်းကမှ အပြစ်မမြင်ခဲ့ဘူး။ အဲ့တုန်းက ဆက်ဆံရေးကိုအဆုံးသတ်ဖို့ ငါလက်ခံခဲ့တယ်...."
"စွဲလမ်းပြီးလွတ်မချနိုင်တာက သူမပဲ...."
"သူမကို လက်ခံတာ လက်မခံတာအတွက်ကတော့... ငါထင်တယ်, လက်ထပ်တယ်ဆိုတာ စိတ်ခံစားချက်ပေါ်မူတည်သင့်တယ်လို့လေ...."
"သူမနဲ့ ရေစက်မရှိမှတော့, ဘာလို့ အတင်းအကြပ်လုပ်နေမှာလဲ...."
ထိုအရာကိုကြားသည့်အခါ လီချင်ဖုန်း သက်ပြင်းချလိုက်သည်။
ရှုယင်းရင်၏လက်ရှိပြဿနာကိုသိသည့်အတွက် ဂျန်ဖန်းကို အပြစ်မတင်နိုင်ပေ။
သူက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဒါဆိုလည်ကောင်းပြီလေ။ မင်းတို့လူငယ်တွေကြားကကိစ္စ, မင်းတို့လူငယ်တွေပဲ ဖြေရှင်းကြပါ...."
"ဒါပေမယ့်, တစ်နေ့ မင်း သူမနဲ့တွေ့လို့ သူမဒုက္ခရောက်နေရင်, ငါတပည့်ဖြစ်နေတာကိုထောက်ပြီး ကျေးဇူးပြုပြီး ကူညီပေးလိုက်ပါ..."
ဂျန်ဖန်း ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
လီချင်ဖုန်းအတွက် မဟုတ်လျှင်တောင် ရှုရို့ရန်နှင့် ရှုကျန်ယန်တို့အတွက် သူက ရှုယင်းရင်းကို ကူညီမည်ပဲဖြစ်သည်။
အကြောင်းပြချက်က သူမအကူအညီလိုဖို့ပင်။
ဂိုဏ်းသခင်တောင်ထိပ်...
အစောင့်ထူထပ်သည့်ဘေးခန်းမတစ်ခု၌....
လျိုဝူချန်း ဖြူဖတ်ဖြူရော်မျက်နှာဖြင့် လူအိုကြီးတစ်ယောက်ကို တွဲကူနေခဲ့သည်။
သူ့မျက်တွင်းတွေကချိုင့်ဝင်မဲနက်နေပြီး အသက်ရူသံဟာလည်းပုံမှန်မဟုတ်ပဲ ရှုပ်ထွေးနေ၏။
အတော်လေးအားနည်းပုံပေါ်၏။
သို့ပေမယ့် လျိုဝူချန်းက အတော်လေး လေးစားနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူက ဂိုဏ်းသခင်တောင်ထိပ်၏ မြင့်မြတ်အကြီိအကဲဖြစ်သော်ကြောင့်ပင်။
အရင်ဂိုဏ်းချုပ်လည်းဖြစ်၏။
သူအကူအညီကြောင့် လျိုဝူချန်းနောက်ဆုံးမှာ ဂိုဏ်းချုပ်နေရာကို ရရှိခဲ့တာဖြစ်သည်။
"နတ်ဆေးဆရာရှန်ဂွမ်း, ကျွန်တော့်ဆရာအခြေအနေဘယ်လိုရှိလဲ...."
ဘေးနားရှိရှန်ဂွမ်းရှန်ကို လျိုဝူချန်း စိုးရိိမ်စွာဖြင့်မေးလိုက်သည်။
အခုလေးတင် မြင့်မြတ်အကြီးအကဲက တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီး အတော်အားနည်းနေကာ မတ်တပ်ရပ်နိုင်ရုံသာရပ်နိုင်တော့၏။
ထို့ကြောင့် သူက ရှန်ဂွမ်းရှန်ကို ရေးကြီးသုတ်ပြာခေါ်ပြီး လျိုချင်းရှန်ကိုလည်း ဆင့်ခေါ်ခဲ့တာဖြစ်သည်။
နောက်ဆုံးဖြစ်လာနိုင်သည့်အခြေအနေတွေကို ပြင်ဆင်ထားဖို့ပင်။
ရှန်ဂွမ်းရှန် အနည်းငယ်ခေါင်းညိတ်လိုက်၏။
"ဂိုဏ်းချုပ်ဟောင်းက ယာယီတော့ စိတ်ချရပါပြီ...."
"ဒါပေမယ့် သူ့ရဲ့ဒဏ်ရာဟောင်းတွေက ကျန်နေဆဲပဲ။ အပြည့်အဝမကုသနိုင်ရင် တဖြည်းဖြည်းနဲ့ အသက်ရှုံးဆုံးသွားနိုင်တယ်...."
သူအနားမယူခင်တုန်းက ဧရာမဂိုဏ်းယခင်ဂိုဏ်းချုပ်နဲ့ တိုက်ပွဲကြီးတစ်ခု တိုက်ခိုက်ခဲ့၏။
ထိုတိုက်ပွဲ၌ မတော်တဆ နှလုံးနှင့်အဆုပ် အပြင်းအထန်ဒဏ်ရာရခဲ့ပြီး ခုချိန်ထိပြန်မကောင်းသေးပေ။
လျိုဝူချန်းဦးညွှတ်အရိုအသေပေးကာ ပြောလိုက်သည်။
"နတ်ဆေးဆရာရှန်ဂွမ်း, ကျေးဇူးပြုပြီး ဆရာ့ကိုကယ်ပါအုန်း။ အဲ့တာဆို ကျွန်တော် အရမ်းကျေးဇူးတင်မိမှာပါ...."
ရှန်ဂွမ်းရှန် အကူအညီမဲ့စွာပြောလိုက်သည်။
"အဲ့တုန်းက ငါ့ဆရာ မသေမျိုးနတ်ဆေးဆရာက ဂိုဏ်းချုပ်ဟောင်းကို ကုသေပေးခဲ့တယ်...."
"သူတောင်မအောင်မြင်ခဲ့တာ ငါကဘာလုပ်နိုင်မှာလဲ...."
"ဒီဒဏ်ရာက ထိန်ထားလို့ပဲရတယ်...."
လျိုဝူချန်း နှလုံးသားထဲမှာ လေးပင်စွာသက်ပြင်းချလိုက်သည်။
မဟာအကြီးအကဲက ဤနှစ်တွေတစ်လျှောက်၌ သူ့ရာထူးကို ဘာကြောင့် အကြိမ်ကြိမ်စိန်ခေါ်နေခဲ့သနည်း။
သိသာသည့်အကြောင်းပြချက်ကတော့ ဂိုဏ်းချုပ်ဟောင်းရဲ့ကျန်းမာရေးက မကြာခဏဆိုးဝါးလာပြီး ကြိုတင်ခန့်မှန်းလို့ မရသောကြောင့်ပင်။
မဟုတ်လို့ ဂိုဏ်းချုပ်ဟောင်းသာ အထွတ်အထိပ်အခြေအနေမှာရှိနေလျှင် မဟာအကြီးအကဲ ဤလောက်ထိ ရဲရဲတင်းတင်း လုပ်ဆောင်ရဲမည်မဟုတ်ပေ။
ထိုအခိုက်အတန့်၌ ဂိုဏ်းချုပ်ဟောင်း ကျွမ်းယွမ်ယင်က အသံအက်အက်ဖြင့် ပြောလိုက်သည်။
"နတ်ဆေးဆရာရှန်ဂွမ်းကို ခက်ခဲအောင်မလုပ်ပါနဲ့တော့...."
"ငါ့မှာအချိန်ချိန်နဲနဲပဲကျန်တော့တယ်။ အတင်းအကျပ်လုပ်တာက အသုံးမဝင်ဘူး...."
"ဒီတစ်ချိန် ငါ့ကိုယ်ငါအားတင်းပြီး တံခါးပိတ်ရာကနေထွက်လာတာ။ ဘာလို့လဲဆိုတော့ ကျန်ရှိတဲ့ခွန်အားနဲ့ တိမ်စိမ်းဂိုဏ်းကို နောက်ဆုံးအနေနဲ့ကာကွယ်ရအောင်လို့ပဲ...."
သားရဲလှိုင်းသတင်းက မြင့်မြတ်အကြီးအကဲအားလုံးကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေ၏။
အချို့ကပြန်လာကြပြီး အချို့က တံခါးပိတ်ရာကနေ ထွက်လာကြ၏။
လျိုဝူချန်းနှင့် လျိုချင်းရှန်တိတ်ဆိတ်နေကြပြီး သူတို့နှလုံးသားထဲမှာ ဝမ်နည်းမှုတွေနှင့် ပြည့်နှက်နေကြ၏။
ကျွမ်းယွမ်ယင်စကားတွေက တကယ်ပဲ သူ့အချိန်ကုန်တော့မှာကို ပြသနေခဲ့သည်။
"ဒါပေမယ့် သားရဲလှိုင်းကလာတော့မယ်၊ ငါ့ခန္ဓာကိုယ်က အားနည်းနေတုန်းပဲ...."
"နတ်ဆေးဆရာရှန်ဂွမ်း, ငါ့ကိုအထွတ်အထိပ်ယာယီရောက်သွားစေမယ့် ဆေးမျိုးမရှိဘူးလား...."
ကျွမ်းယွမ်ယင်မျက်လုံးတွေ မျှော်လင့်ချက်တွေနှင့် ပြည့်နှက်နေခဲ့၏။
သူ၏လက်ရှိအခြေအနေနှင့် ဂိုဏ်းသခင်တောင်ထိပ်ကိုတောင် မကာကွယ်နိုင်ပေ။ တိမ်စိမ်းဂိုဏ်းဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ။
သူ၏အထွတ်အထိပ်အခြေအနေကိုပြန်ရောက်မှသာ စွမ်းရည်အချို့ကို သုံးနိုင်မှာဖြစ်သည်။
ရှန်ဂွမ်းရှန် မုတ်ဆိတ်မွေးသပပြီး စဥ်းစားနေ၏။ သူက အတော်လေ အခက်တွေ့နေခဲ့သည်။
"အဲ့လိုဆေးမျိုးတကယ်ရှိတယ်။ ဒါပေမယ့် အလားအလာတိုးမြှင့်တဲ့ဆေးလုံးတွေက အတော်လေးကြမ်းကြုတ်ပြီး ထိခိုက်နိုင်တယ်....."
"နောက်ပြီး ဂိုဏ်းချုပ်ဟောင်းရဲခန္ဓာကိုယ်ကို ပျက်စီးတာပိုမြန်သွားစေလိမ့်မယ်...."
"ဒါက ရွေးချယ်လို့ကောင်းတဲ့အရာတော့ မဟုတ်ဘူး...."
"ကိစ္စမရှိပါဘူး...."
ကျွမ်းယွမ်းယင် လုံးဝ စိတ်ထဲမထားပေ။
သူ့အသံက အားနည်းနေသော်လည်း စိတ်ဓာတ်က ခိုင်မာပြတ်သားလှ၏။
"ငါ့ခန္ဓာကိုယ်ကနဂိုတည်းကပျက်စီးနေပြီဆိုမှတော့ တိုက်ပွဲမှာသေရတာပိုကောင်းတယ်...'
ရှန်ဂွမ်းရှန် မနေနိုင်ပဲ စိတ်လှုပ်ရှားသွား၏။
နောက်ထပ်ဘာမှမပြောတော့ပဲ ဆေးညွှန်းတစ်ခုရေးကာ ကျွမ်းယွမ်းယင်လက်ထဲထည့်ပေးလိုက်သည်။
ကျွမ်းယွမ်းယင် ထိုအရာကိုယူလိုက်၏။ ၎င်းက အတော်လေးရှားပါးသည့်ရတနာတွေနှင့် ပြည့်နှက်နေခဲ့၏။
လျိုဝူချန်းကြည့်လိုက်သည့်အခါ အကြီးအကျယ်မျက်မှောင်ကြုတ်သွား၏။
"ဒါတွေကို, ကျွန်တော်ဂိုဏ်း ၉ ဂိုဏ်းကနေ တစ်စုံတော့စုဆောင်းနိုင်တယ်...."
"ဒါပေမယ့် သားရဲအင်ပါယာမျိုးဆက်ရဲ့ သားရဲလိင်တံကတော့... ရှာတွေ့ဖို့မဖြစ်နိုင်မှာစိုးတယ်..."
"နတ်ဆေးဆရာရှန်ဂွမ်း အခြားပါဝင်ပစ္စည်းတစ်ခုနဲ့အစားထိုးပေးလို့ရမလား..."
ယခုလက်ရှိသိရသည့် သားရဲအင်ပါယာမျိုးဆက်က သားရဲလှိုင်းဦးဆောင်လာသူပင်။
သူ့မျိုးဆက်တွေကိုသတ်ပြီး သားရဲလိင်တံဖြတ်ယူရမည်လား...
ဘယ်သူလုပ်နိုင်မည်နည်း။
ရှန်ဂွမ်းရှန် ခေါင်းခါလိုက်၏။
"ဒါက အရေးကြီးဆုံးပါဝင်ပစ္စည်းပဲ။ အစားထိုးလို့မရနိုင်ဘူး...."
အခန်းထဲရှိလူတိုင်း တိတ်ဆိတ်သွား၏။
ဤဆေးညွှန်းက မဖြစ်နိုင်သည့်အိမ်မက်တစ်ခုလိုပင်။
ကျွမ်းယွမ်းယင် သူ့ခြေထောက်ကိုအပြစ်ရှိစွာထုလိုက်ပြီး ကောင်းကင်သို့မော့ကာ သက်ပြင်းချလိုက်သည်။
"အားလုံးငါ့အမှားတွေပဲ။ အဲ့တုန်းက စာအုပ်ကြီးအတိုင်းလုပ်မိလို့ ဧရာမဂိုဏ်းက အလစ်ချောင်းနေတဲ့ကောင်ကို အခွင့်အရေးရသွားစေခဲ့တာ...."
"ငါတစ်ယောက်ပဲခံစားရရင် ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ဂိုဏ်းသခင်တောင်ထိပ်နဲ့ တိမ်စိမ်းဂိုဏ်းတစ်ခုလုံးကိုပါ ပါဝင်ပတ်သက်စေမိပြီ...."
ကျွမ်းယွမ်ယင် နောင်တကြီးစွာရနေတာကိုမြင်သည့်အခါ ရှန်ဂွမ်းရှန်လည်း သက်ပြင်းချလိုက်သည်။
ရုတ်တရက်, သူက တစ်စုံတစ်ခုကို တွေးမိပြီး မနေနိုင်ပဲပြုံးလိုက်မိသည်။
"ဂိုဏ်းချုပ်ဟောင်း, အနာဂတ်မျိုးဆက်အတွက် ဘာကြောင့်စိုးရိမ်နေမှာလဲ...."
"မင်းရဲ့ဂိုဏ်းမှာ ဒီလောက်ထူးချွန်တဲ့တပည့်တစ်ယောက်ရှိတာပဲကို၊ ၁၀နှစ်အတွင်း ဂိုဏ်းသခင်တောင်ထိပ်က သေချာပေါက်မြင့်တက်သွားမှာပါ..."
သူက ဂျန်ဖန်းအကြောင်းတွေးလိုက်မိ၏။
ဤကဲ့သို့ထူးကဲသည့်ဆေးပညာပါရမီရှင်တစ်ယောက်။ သူသာကြီးထွားလာလျှင် သူရဲ့တည်ရှိမှုက ဂိုဏ်း ၉ ဂိုဏ်းကို တုန်လှုပ်သွားစေမှာ အသေအချာပင်။
တစ်ချိန်က မသေမျိုးနတ်ဆေးဆရာကဲ့သို့ပင်။
ဂိုဏ်းသခင်တောင်ထိပ်၌ သူရှိနေသည်ဖြစ်၍ အခြားတောင်ထိပ် ၈ ခုကယှဥ်ပြိင်နိုင်အုန်းမည်လား...
ကျွမ်းယွမ်ယင် လျိုဝူချန်းကို အံ့အားသင့်စွာကြည့်လိုက်သည်။
ငါတို့မှာ ထိုကဲ့သို့ထူးခြားသည့်တပည့်မျိုး ရှိလားဟု မေးနေသလိုပင်။
ရှန်ဂွမ်းရှန် အဆင့်အတန်းက အတော်မြင့်၏။ သူက လွယ်လွယ်နှင့် လူတစ်ယောက်ကို ချီးကျူးခဲ၏။
လျိုချင်းရှန် လုပ်ဆောင်မှုက အတော်ကောင်း၏။
မကြာသေးခင်က နန်းကုန်ရှောင်ယွင်ကို ရိုက်ခဲ့၏။
သို့ပေမယ့် အစောပိုင်း ရှန်းဂွမ်းရှန် သူမကို မြင်သည့်အခါ မဆိုးပါဘူးဟုသာ မှတ်ချက်ပေးခဲ့၏။
သူပြောသည့်ထူးချွန်သည့်တပည့်ကို ဂိုဏ်းသခင်တောင်ထိပ်က ပိုင်ဆိုင်သည်လား...
ဤကဲ့သို့တပည့်မျိုးရှိခဲ့လျှင် လျိုဝူချန်းက ဘာကြောင့်မပြောရသနည်း။
လျိုဝူချန်း စိတ်ရှုပ်ထွေးနေပြီး ပြောလိုက်သည်။
"နတ်ဆေးဆရာရှန်ဂွမ်း, မင်းမှားများနေလား..."
ငါ့မှာအဲ့လိုထူးခြားတဲ့တပည့်မျိုးရှိလို့လား...
ဘာလို့ငါကမသိရတာလဲ....