← Chapters

မှောင်ခိုဈေး

Vol. 12 Ch. 180

မှောင်ခိုဈေး

Vol. 12 Ch. 180

ဟမ်?...

ရှန်ဂွမ်းရှန် အေးခဲသွား၏။

သူက ဘယ်လိုလုပ်အမှားလုပ်နိုင်မည်နည်း။

ဂျန်ဖန်းက ဂိုဏ်းသခင်တောင်ထိပ်က မဟုတ်ဘူးလား....

ထိုထူးခြားသည့်ဆေးပညာစွမ်းရည်၊ သူက လူကိုယ်တိုင်မျက်စိနှင့်တပ်အပ်မြင်ခဲ့တာဖြစ်သည်။

ဤကဲ့သို့ဆေးပညာပါရမီရှင်တစ်ယောက်က အချိန်သာပေးလိုက်လျှင် ကမ္ဘာကြီးမှာ ပြိုင်ဘက်ကင်းလာမည်ပင်။

သူဆရာ့၏ကျော်ကြားမှုကို လိုက်မီဖို့က မခက်ပေ။

"သူက မဟုတ်...."

ရုတ်တရက် ရှန်ဂွမ်းရှန် နားလည်သွား၏။

လျိုဝူချန်းက ရူးချင်ယောင်ဆောင်နေခြင်းပင်။

သူက သူ့တပည့်၏အဆုံးမရှိတဲ့အလားအလာကို အစောကြီးထုတ်မပြချင်တာပဲဖြစ်သည်။

ထိုမှသာ မနာလိုမှုတွေကို ရှောင်ရှားနိုင်မှာဖြစ်သည်။

ရှန်ဂွမ်းရှန် မနေနိုင်ပဲရယ်လိုက်၏။

"မင်း... မင်းကတကယ်အဝှက်ကောင်းတာပဲ။ ငါသာကိုယ်တိုင်မြင်ခဲ့လို့မဟုတ်ရင် အရူးလုပ်ခံနေရအုန်းမှာ...."

"ကောင်းပြီလေ, မင်းမပြောချင်ဘူးဆိုမှတော့, မင်းအတွက် ဒီလျို့ဝှက်ချက်ကို ထိန်းပေးထားပါ့မယ်...."

"ဂိုဏ်းချုပ်ဟောင်အခြေအနေတိုးတက်လာပြီဆိုမှတော့ ငါလည်းပြန်တော့မယ်....."

ထို့နောက် အင်္ကျီလက်ကိုခါကာ ထွက်ခွာသွားခဲ့သည်။

အခန်းထဲရှိလူတွေသာ အံ့သြစွာဖြင့် ကျန်ခဲ့၏။

ကျွမ်းယွမ်ယင် သံသယဖြင့်မေးလိုက်သည်။

"ဝူချန်း, တကယ်ပဲ အဲ့လိုတပည့်မျိုး ဖုံးကွယ်ထားတာလား...."

လျိုဝူချန်း ရယ်ရမလို ငိုရမလိုဖြစ်သွား၏။

"ဒီနှစ်တွေမှာ ဖုန်းဂုချန်းရဲ့ဖိအားတွေကိုခံခဲ့ရတယ်...."

"ကျွန်တော့်မှာသာ အဲ့လိုတပည့်မျိုးရှိရင် အစောကြီးကတည်းကခေါ်ထုတ်ပြီး အခြေအနေတွေတည်ငြိမ်အောင်လုပ်ပစ်လိုက်ပြီ...."

ထိုအရာက အမှန်ပင်။

သို့ပေမယ့် ရှန်ဂွမ်ရှန် ဘာကြောင့် ထိုကဲ့သို့ပြောရသနည်း။

လျိုချင်းရှန် မျက်မှောင်ကြုတ်သွား၏။

ရှန်ဂွမ်းရှန် ပြောသည့်လူက ဂျန်ဖန်းဖြစ်နိုင်၏။

နောက်ဆုံးအကြိမ် သုခဘုံအဆောက်အဦးတုန်း၌ ရှချောင်ကောက ဂျန်ဖန်းကို ဦးလေးဆရာဟုခေါ်ခဲ့၏။ သူမထိုအကြောင်းကိုတွေးလေလေ ပိုပြီဖြစ်နိုင်ခြေရှိလေလေပင်။

သို့ပေမယ့်... ဘာကြောင့်လဲ?....

ရှန်ဂွမ်းရှန်က ဆေးပညာလိုက်စားသူဖြစ်၏။ သူက ဂျန်ဖန်း၏အနန္တစိတ်ဝိညာဥ်အမြစ်ကိုရှာတွေ့လျှင်တောင် ညီအကိုအဖြစ်သတ်မှတ်စရာအကြောင်းမရှိပေ။

သူမက မျက်မှောင်တင်းကြပ်စွာကြုတ်ပြီး ရေရွတ်လိုက်သည်။

"ဒီကောင့်မှာ ငါမသိသေးတဲ့လျို့ဝှက်ချက်တွေရှိနေသေးတာလား....."

ထိုစဥ်, ကျွမ်းယွမ်ယင် အချိန်အတော်ကြာစဥ်းစားနေပေမယ့် အဖြေမရခဲ့ပေ။

ထို့ကြောင့် သူက ခေါင်းခါယမ်းလိုက်သည်။

"ထားလိုက်, အဲ့ကိစ္စကိုစိုးရိမ်မနေနဲ့တော့။ အရင်ဆုံး ပါဝင်ပစ္စည်းတွေ စုဆောင်ကြတာပေါ့...."

"အခြားဆေးပစ္စည်းတွေအတွက်တော့, ဝူချန်း, မင်း အဲ့တာတွေရှာဖို့ အခြားဂိုဏ်းတွေဆီလူလွတ်လိုက်....."

"နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ရှိတဲ့ သားရဲလိင်တံအတွက်တော့.... ငါကိုယ်တိုင်ပဲ သွားလိုက်မယ်...."

"နှစ်ပေါင်းများစွာတံခါးပိတ်နေတော့ လေ့ကျင့်ခန်းအချို့လုပ်ဖို့ အချိန်ကောင်းပဲ...."

လျိုဝူချန်း စိုးရိမ်သွား၏။

"ဘယ်လိုလုပ်ဖြစ်မှာပဲ။ ရှာဖို့ ကျွန်တော်လူလွတ်လိုက်ပါ့မယ်....."

ဂိုဏ်းချုပ်ဟောင်းက အားနည်းနေဆဲဖြစ်သည်။

တစ်ခုခုဖြစ်သွားလျှင် ဘယ်လိုလုပ်မည်နည်း။

ကျွမ်းယွမ်ယင် သူ့ကို ဒေါသတကြီးစိုက်ကြည့်လိုက်၏။

"ငါ သားရဲလိင်တံရှာနေတယ်ဆိုတာ မင်းက တစ်လောကလုံးကို သိသွားစေချင်လို့လား...."

ဂိုဏ်းချုုပ်ဟောင်းက သားရဲလိင်တံကိုရှာတာဟာ ဆေးဖော်ဖို့အတွက်ဆိုတာ သူတို့သုံးယောက်သာသိ၏။

သို့ပေမယ့် အခြားလူတွေကတော့ အသက်ကြီးမှ အားမာန်တွေပြန်ရဖို့ကြိုးစားနေတာလို့ပဲထင်ကြမှာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သားရဲလိင်တံ၏မူလအသုံးပြုက ထိုကဏ္ဍအတွက်ပင်ဖြစ်သည်။

လျိုချင်းရှန် မျက်နှာနီရဲသွားပြီး တိတ်တဆိတ်ဘေးဖက်လှည့်လိုက်သည်။

လျိုဝူချန်းလည်း နှာခေါင်းပွတ်လိုက်၏။ ထိုပစ္စည်းတကယ်ပဲ အခြားလူတွေကို ခိုင်းလို့မဖြစ်ပေ။

ထိုစကားသာထွက်သွားလျှင် ကောလဟာလတွေဘယ်လောက်ပျံ့သွားမလဲဆိုတာ မည်သူမှမသိပေ။

ဂိုဏ်းချုပ်ဟောင်း၏ တစ်ဘဝစာဂုဏ်သတင်းလည်း ရေစုန်မျောပြီပင်။

ဂျန်ဖန်းအတွက်တော့.....

ကောင်းကင်ဓားတောင်ထိပ်မှထွက်လာပြီးနောက်....

ဆေးတောင်ထိပ်မှဆင်းလာသည့်ဝမ်ရှန်နန်ဆီ ပြေးသွားလိုက်သည်။

တစ်ယောက်ယောက်ကိုမြင်သည့်အခါ ဝမ်ရှန်နန် သေတ္တာတစ်လုံးကို အလိုအလျှောက် နောက်ဖက်ဖွက်ထားလိုက်၏။

ဂျန်ဖန်းဆိုတာသိသွားသည့်အခါမှသာ စိတ်သက်သာယာရသွားပြီး ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်...."

ဂျန်ဖန်း ပဟေဠိဖြစ်သွား၏။

"မင်းဘာလုပ်နေတာလဲ...."

အတော်ခိုးကြောင်းခိုးဝှက်နိုင်လှ၏။

ဝမ်ရှန်နန် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

"ငါအဒေါ်ဆီကယူလာတဲ့ ဆေးဝါးအချို့ကို မှောင်ခိုဈေးမှာ သလင်းကျောက်နဲ့သွားလဲမလို့ပါ...."

ဘယ်လိုဆေးဝါးမျိုးက မှောင်ခိုဈေးမှာ ရောင်းဖို့လိုသနည်း။

မှောင်ခိုဈေးက နေ့အလင်းရောင်မမြင်နိုင်သည့်ပစ္စည်းများစွာဖြင့် ပြည့်နှက်နေ၏။

သူက သံသယဖြစ်စွာဖြင့် ကြည့်လိုက်သည်။

ဝမ်ရှန်နန် ဂျန်ဖန်းနားလည်မှုလွဲသွားမည်စိုး၍ သေတ္တာကိုပြလိုက်သည်။ အထဲ၌ ခြောက်သွေ့နေသည့်သားရဲလိင်တံများစွာ ရှိနေခဲ့သည်။

"မကြောသေးခင်က လူအများကြီး တိမ်စိမ်းမြို့မှာ စုဝေးလာကြတယ်လေ။ ယောက်ျားသားတွေအများကြီးရှိတာကြောင့် ဒီပစ္စည်းရဲ့ဝယ်လိုအားက မြင့်လာပြီး ဈေးကောင်းကောင်းနဲ့ရောင်းလို့ရတယ်...."

"ဂျူနီယာမောင်လေးဂျန် ကျေးဇူးပြုပြီး ငါ့ကိုမရယ်ပါနဲ့နော်...."

သူမက ကို့ရို့ကားယားဖြင့် သေတ္တာကိုသိမ်းဆည်းကာ နှုတ်ဆက်လိုက်၏။

"ငါသွားလိုက်အုန်းမယ်။ မှောင်ခိုဈေးမှာကြ ဖောက်သည်ပိုများတယ်လေ...."

"ခဏနေအုန်း...'

ဂျန်ဖန်း တွေးလိုက်၏။

"ငါကို့ပါခေါ်သွားပါ့လား...."

သူက သလင်းဖြူသားရဲအစိတ်အပိုင်းများစွာရရှိခဲ့ပြီး ကြီးမားသည့်သားရဲလိင်တံကြီးသာ ကျန်တော့၏။

လူအနည်းငယ်သာ ထိုအရာကိုလိုအပ်ကြ၏။

ထို့ပြင် လေလံပွဲမှာတင်ရောင်းဖို့ကလည်း အဆင်မပြေပေ။

အဆုံးမှာတော့ ထိုပစ္စည်းကဘာအတွက်သုံးလဲဆိုတာ လူတိုင်းသိကြ၏။

ဝယ်သူသည့်လူတိုင်းက သူတို့ဟာ ဟိုဟာကင်းမဲ့သည်ဟု ပြောနေသလိုပင်ဖြစ်သည်။

ထို့ကြောင့် မှောင်ခိုဈေးက အကောင်းဆုံးနေရာတစ်ခုပင်။

"ကောင်းပြီလေ..."

ဝမ်ရှန်နန် ဂျန်ဖန်းနှင့် ပိုရင်းနှီးဖို့ စိတ်အားထက်သန်နေ၏။

"ငါ့နောက်လိုက်ခဲ့..."

သူမက ဂျန်ဖန်းကိုဦးဆောင်ကာ တိမ်စိမ်းမြို့သို့ထွက်လာလိုက်သည်။

လမ်းမကြီးကနေထွက်လာပြီးနောက် ကွေ့ကောက်မှောင်မဲနေသည့်လမ်းကြားတစ်ခုကို ဝင်လာလိုက်ကြသည်။

အချိန်အတော်ကြာလျှောက်ပြီးနောက်....

နောက်ဆုံးမှာ ရှည်လျားသည့်လမ်းကြားတစ်ခုကို ရောက်လာကြ၏။ ထိုနေရာ၌ မှိန်ဖျော့ဖျော့အလင်းရောင်တွေလင်းလက်နေပြီး လူရိပ်တွေ တဖြတ်ဖြတ်လှုပ်ရှားနေ၏။

"တကယ်ကို လူအတော်များတာပဲ...."

အကြမ်းဖျင်းရေတွက်ကြည့်လျှင် အနည်းဆုံး လူတစ်ရာလောက်ရှိ၏။

မြေပြင်၌ ဆိုင်ခန်းငယ် ၁၀ ခုကျော်ရှိ၏။

ရောင်းချသည့်ပစ္စည်းအားလုံးက မသာမာသည့်နည်းဖြင့်ရရှိထားသည့် ဆေးလုံးများ၊ ကျင့်ကြံရေးနည်းလမ်းများ နှင့် ကောင်းကင်နှင့်မြေကြီးရတနာများပင်ဖြစ်ကြသည်။

ကန့်သတ်ထားသည့် နတ်ဆိုးမှော်ရတနာအချို့တောင်ရှိ၏။

ဝမ်ရှန်နန် ထိုနေရာနှင့်ရင်းနှီးနေပြီး ထောင့်တစ်ထောင့်ကိုရှာကာ သန့်ရှင်းသည့်အခင်းတစ်ခုဖြန့်လိုက်၏။

ထို့နောက် သေတ္တာဖွင့်ကာ သားရဲလိင်တံ အခု ၂၀ ကျော်ကို ခင်းကျင်းလိုက်၏။

သူမ ဈေခန်းဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက်...

ဝတ်ကောင်းစားလှဝတ်ထားသည့်သက်လတ်ပိုင်အမျိုးသားတစ်ဦး တိတ်တဆိတ်ချည်းကပ်လာခဲ့သည်။

သူက သားရဲလိင်တံတွေကို တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

ဘာတစ်ခွန်းမှမပြောပဲ သားရဲလိင်တံတွေကိုညွှန်ပြပြီး သူ့ကိုယ်သူကို ညွှန်ပြလိုက်၏။

ဆိုလိုတာ ထိုအရာကိုလိုချင်ပြီး ဈေးဘယ်လောက်လဲဆိုတာပင်။

ဝမ်ရှန်နန် နားလည်သွားပြီး လက်နှစ်ချောင်းထောင်ပြလိုက်၏။

သက်လတ်ပိုင်လူ အချိန်မဖြုန်းတော့ပဲ သလင်းကျောက်နှစ်ရာထုတ်ယူလိုက်၏။ ထို့နောက် ရှေ့မှာချကာ သားရဲလိင်တံတစ်ခုကို ကောက်ယူ၍ လျှင်မြန်စွာထွက်ခွာသွားတော့သည်။

အရာအားလုံးက တိတ်တဆိတ်ဖြစ်ပျက်သွားခြင်းပင်။

ဂျန်ဖန်း လင်းလက်နေသည့်သလင်းကျောက်နှစ်ရာကို အံ့သြစွာကြည့်လိုက်သည်။

"နှစ်ရာ?..."

ထိုအရာက သာမန်သားရဲလိင်တံသာဖြစ်၏။

အများဆုံးမှ သလင်းကျောက်နှစ်ဆယ်သာ တန်ဖိုးရှိ၏။

သို့ပေမယ့် အမျိုးသားက ဈေးမဆစ်ပဲ ဆယ်ဆလောက်ရှိသည့်ဈေးဖြင့် ဝယ်သွားခဲ့သည်။

ဝမ်ရှန်နန် ပျော်ရွင်စွာဖြင့် သလင်းကျောက်တွေကိုသိမ်းလိုက်ပြီး သူမ၏ကုန်သွယ်မှုလျို့ဝှက်ချက်ကို မျှဝေလိုက်၏။

"နှစ်ရာကတန်ပါတယ်...."

"ဒီပစ္စည်းဝယ်တဲ့လူအများစုက အလျင်လိုပြီး ဈေးနှုန်းကို ဂရုမစိုက်ကြဘူး...."

"ဒါ့ပြင်, အများစုက မသမာတဲ့လူအိုကြီးတွေလေ။ သူတို့ကိုသတ်တာက သိုင်းပညာလမ်းကြောင်းကို ကောင်းမှုပြုနေတာပဲ..."

ဂျန်ဖန်း ဖြေးညင်းစွာ ခေါင်းညိတ်လိုက်၏။

ထို့နောက် သလင်းဖြူသားရဲလိင်တံကို ထုတ်ယူလိုက်သည်။

သာမန်သားရဲလိင်တံတွေနှင့်ယှဥ်လျှင် ထိုအရာက ငါးဆလောက်ပိုကြီးပြီး ပိုများသည့်အနှစ်သာရတွေပါဝင်၏။

ဝမ်ရှန်နန်ကြည့်လိုက်ပြီး အံ့အာသင့်စွာပြောလိုက်သည်။

"ကြီးလှကြီလား?... ဖြစ်နိုင်တာ သားရဲဘုရင်ရဲ့လိင်တံလား....'

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်။ သလင်းဖြူသားရဲဟာလေ...."

"ဘာ? နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ရှိတဲ့သားရဲ..."

သူမအသံ တဖြည်းဖြည်းတိမ်ဝင်သွား၏။

အဘယ်ကြောင့်ဆိုသော် တိတ်ဆိတ်နေသည့်လမ်းကြား၌ သူမ၏အံ့အားသင့်စွာအော်ပြောမှုက မိုးခြိမ်းသံကဲ့သို့ပင်။'

မှောင်ခိုဈေးတစ်ခုလုံး ထိုအရာကို ကြားနိုင်၏။

မျက်လုံးအားလုံး သူတို့ဘက်ကို လှည့်ကြည့်လာကြသည်။

သားရဲဘုရင်၊ နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ရှိသည့်သားရဲ၊ ထိုစကားတွေက စိတ်လှုပ်ရှားစရာပင်။

ချက်ချင်းပဲ...

ဆိုင်ခန်းက လူများစွာဖြင့် ပြည့်နှက်သွား၏။

အားလုံးက သားရဲလိင်တံအကြောင်းကို သိချင်နေကြ၏။

ဝမ်ရှန်နန်လည်း အံ့သြနေပြီး မျက်နှာနီရဲစွာဖြင့် မေးလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, ဒါကြီးကိုစားတာ ပြဿနာမဖြစ်လောက်ဖူးလား...."

အာနိသင်ဘယ်လိုရှိမလဲဆိုတာ သူမစိတ်ကူးမကြည့်နိုင်ပေ။

ဂျန်ဖန်းပါးစပ်တွန့်လိမ်သွား၏။

"ငါ ဘယ်လိုလုပ်သိမှာလဲ။ ငါမှ ဒီပစ္စည်းကို မသုံးဖူးတာ...."

ထိုအခိုက်အတန့်၌....

ဖောက်သည်တစ်ယောက်, ဂရုတစိုက်စစ်ဆေးပြီးနောက် သဘောကျသည့်အမူအရာတွေပြသလာ၏။

တိတ်တဆိတ်ပဲ ဈေးမေးသည့်အမူအရာလုပ်ပြလိုက်သည်။

ဂျန်ဖန်းတွေးလိုက်၏။

ဤပစ္စည်းက ပုံမှန်ဆို သလင်းကျောက်နှစ်သောင်းတန်၏။

သို့ပေမယ့် မှောင်ခိုဈေး၌ ဈေးမြင့်တာက ကျိုးကြောင်းဆီလျော်၏။

သူက လက်ထောင်ပြလိုက်၏။

ငါးသောင်း...

ဈေးဝယ်သူ စုတ်သပ်လိုက်ပြီး အဝေကိုလျှောက်ထွက်သွား၏။

ပတ်ဝန်းကျင်မှလူတွေလည်း ခေါင်းယမ်းကာ လူစုခွဲလိုက်ကြသည်။

ဝမ်ရှန်နန် အံ့အားသင့်စွာကြည့်လိုက်၏။

"ငါးသောင်း... ဘယ်အရူးကဝယ်မှလဲ...."

"သူတို့တွေ သားရဲလိင်တံဝယ်တယ်ဆိုတာ တစ်ညတာပျော်ရွင်ကြရုံလောက်ပဲ...."

"နတ်ဘုရားမဆင်းသက်လာတာမဟုတ်ရင် ဘယ်သူမှ ဒီလောက်ပမာဏအများကြီးသုံးမှာ မဟုတ်ဘူး..."

ဂျန်ဖန်း ရှက်ရွံ့သွား၏။

ထိုမှသာ သူ၏စီးပွားရေးလုပ်နိုင်စွမ်းက ညံ့ဖျင်းတယ်ဆိုတာ နားလည်လိုက်၏။

ထို့နောက်....

စိတ်လှုပ်ရှားနေသည့် အသက်ကြီးကြီးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ငါးသောင်း, ငါယူမယ်...."

အသစ်ရောက်လာသူက ကျွမ်းယွမ်ယင်မှလွဲပြီး အခြားသူမဟုတ်ပေ။

All Chapters