← Chapters

အခန်း (၁၅၁၃)

Vol. 109 Ch. 1513

အခန်း (၁၅၁၃)

Vol. 109 Ch. 1513

အရွယ်အစား ပေတစ်ထောင်ရှည်လျားသော ရွှေရောင်သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်တစ်ဦးက အဝေးမှ ပျံသန်းလာပြီး လက်သီးထိုးလွှတ်လိုက်သည်။ ယင်းက ကောင်းကင်နှင့် မြေပြင်ကြားတွင် ရေအကာအကွယ်အလွှာတစ်ခုကို ပေါ်လျှိုးလာစေသည်။

“ လင်းရှောင်ကောင်းကင်နန်းတော်ရဲ့ တောင်စောင့်နတ်စစ်သူကြီး ”

အံ့ဩသော အသံက ယာဉ်ပျံထဲမှ ထွက်ပေါ်လာသည်။

နတ်စစ်သူကြီး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နောက်ထပ် ပုံရိပ်တစ်ခုပြီးတစ်ခုက ဆင်းသက်လာကြသည်။

လင်းရှောင်ကောင်းကင်နန်းတော်မှ ကျင့်ကြံသူအများအပြားက ရောက်ရှိလာကြလေရာ ဘေးပတ်ဝန်းကျင်မှ လေထုက တင်းကျပ်လာသည်။ သူတို့တစ်ယောက်စီက အင်မော်တယ်အလင်းကို ထုတ်လွှတ်လိုက်ကြပြီး ယာဉ်ပျံကို ဝိုင်းရံလိုက်ကြသည်။

သူတို့ထဲမှ မည်သူမဆို ချင်းကျောက်လင်ထက် အားမနည်းကြချေ။

“ သတ် ”

ကောင်းကင်ထက်တွင် ကျယ်လောင်သော အော်သံက ပဲ့တင်ထပ်သွားသည်။

ပေတစ်သောင်းရှည်လျားသော ရွှေရောင်ဓားက အောက်သို့ ဆင်းသက်လာလေရာ မိုင်ထောင်ပေါင်းများစွာ ကျယ်ပြောသော ဒီရေလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

ထိုဓားချက်ကြောင့် အရှေ့ပင်လယ်တစ်ခုလုံး တုန်လှုပ်သွားပြီး အချင်းမိုင်တစ်သန်းအတွင်းဝယ် တိမ်တိုက်များနှင့် လေကြမ်းများ ထွက်ပေါ်လာသည်။

ထိုဓားချက်အောက်မှာ အနောက်မှ လိုက်ဖမ်းနေသော ရွှေရောင်စစ်ချပ်ဝတ် စစ်သည်တော်များ၏ တိုက်ပွဲဝင်္ကပါက ချက်ချင်း ပြိုကွဲသွားသည်။

အရှေ့ဆုံးမှ ဦးဆောင်လာနေကြသော အင်မော်တယ်အဆင့်၊ ကောင်းကင်ဘုံအင်မော်တယ်အဆင့်နှင့် ခြေလှမ်းဝက် ရွှေအင်မော်တယ်အဆင့် ပုဂ္ဂိုလ်များသည်ပင် တုန်လှုပ်ချောက်ချားသွားကြသည်။

သူတို့က အစွမ်းကုန် ထုတ်လွှတ်လိုက်လေရာ ရွှေရောင်အကာအကွယ်အလွှာတစ်ခုက သူတို့၏ အရှေ့မှာ ထွက်ပေါ်လာသည်။

သို့သော်လည်း ထိုအကာအကွယ်အလွှာသည် မအက်ကွဲသွားမီ အသက်ရှူချိန်အနည်းငယ်မျှသာ တောင့်ခံနိုင်ခဲ့၏။

အစွမ်းထက်ပုဂ္ဂိုလ်များ၏ ခန္ဓာကိုယ်က ထိုဓားအောက်မှာ ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။

ဝိညာဉ်အမျှင်တန်းများက နေရာအနှံ့ ပြန့်ကျဲသွားသည်။

“ ဗုန်း ”

နတ်ဘုရားအလင်းက ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားပြီး မိုးကြိုးသွားများက ယှက်ထွေသွားကြသည်။

မရေမတွက်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များ၏ ဝိညာဉ်က မိုးမြေထဲသို့ ပြန်ဝင်သွားသောအခါ ဝိညာဉ်စွမ်းအားက ဒီရေသဖွယ် မြှောက်တတ်လာသည်။

ကောင်းကင်ပေါ်တွင် အစောနက ဓားချက်ကို ထုတ်လွှတ်ခဲ့သော ပုံရိပ်က ယာဉ်ပျံပေါ်သို့ ဆင်းသက်သွားသည်။

ယာဉ်ပျံပေါ်မှ ကျင့်ကြံသူအားလုံးက မျက်လုံးပြူးကျယ်သွားကြပြီး ခန္ဓာကိုယ်တုန်ယင်သွားကြသည်။

“ မဟာဦးသျှောင်လော့ခွန်း ”

“ အဲ့ဒါအင်ပါယာပဲ ”

မိုးမြေအက်ကွဲစေနိုင်သည့် ထိုသို့ဓားချက်ကို ထုတ်လွှတ်နိုင်သူက ကျားဝိညာဉ်အပျက်အစီးနယ်မြေတစ်ခုလုံးမှာ တစ်ယောက်တည်းသာ ရှိသည်။ သူက ရွှမ်ချင်၏ အရှင်သခင် အင်ပါယာလော့ခွန်းမှလွဲ၍ တခြားလူမဟုတ်ပေ။

ဤအခိုက်အတန့်မှာ လော့ခွန်း၏ မျက်နှာက တည်ကြည်လေးနက်နေသည်။ သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ဟန်မူယဲ့နှင့် ဆယ်ပေအကွာသို့ သူရောက်ရှိသွားသည့်အခါ ဖြည်းညင်းစွာ ဒူးထောက်လိုက်သည်။

အခြားတစ်ဖက်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ဆင်းသက်လာသည်။ သူ၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။

“ တပည့်လော့ခွန်းက ဆရာဟန်ကို ဂါရဝပြုပါတယ် ”

“ တပည့်ရှုကျွယ်က ဆရာဟန်ကို ဂါရဝပြုပါတယ် ”

မဟာဦးသျှောင်လော့ခွန်း… ။

မဟာဦးသျှောင်ရှုကျွယ်… ။

ကျားဝိညာဉ်အပျက်အစီးနယ်မြေမှ အထွတ်အမြတ်ပုဂ္ဂိုလ်နှစ်ဦးက တစ်စုံတစ်ယောက်အရှေ့မှာ ဒူးထောက်ပြီး ဆရာဟု ခေါ်ဆိုနေသည်လား။

သူတို့ဆရာက မည်သူနည်း။

“ ကောင်းကင်ဘုံဓားဘုရင်… ”

ကျောက်မုန့်ဟဲက ခေါင်းလှည့်လိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

ကောင်းကင်ဘုံဓားဘုရင်… ။

သူက ဓားရေကန်၏ ဘိုးဘေးဆရာလည်း ဟုတ်သည်။

ဤအခိုက်အတန့်မှာ ယာဉ်ပျံတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်မြှောက်လိုက်သည်။

“ မင်းတို့တွေ ဒီနှစ်တွေမှာ ကောင်းကောင်း အလုပ်ကြိုးစားခဲ့ကြတယ် ”

ထိုစကားက ရှုကျွယ်နှင့် လော့ခွန်းကို ဖော်မပြနိုင်အောင် ဝမ်းသာပျော်ရွှင်သွားစေသည်။

ယင်းက သူတို့၏ ကြိုးစားအားထုတ်မှုအပေါ် အသိအမှတ်ပြုခြင်း ဖြစ်သည်။

ဤနှစ်များမှာ သူတို့၏ ပင်ပန်းဆင်းရဲမှုက အလဟဿ မဖြစ်သွားပေ။

“ ဝုန်း ”

အဝေးတွင် အစွမ်းထက် စစ်သင်္ဘောတစ်စင်းက သူတို့ဆီသို့ ပျံသန်းလာနေသည်။

စစ်သင်္ဘောက ပေတစ်သောင်းရှည်လျားပြီး ထွန်းလင်းတောက်ပသော နတ်ဘုရားအလင်းကို ထုတ်လွှတ်နေသည်။

စစ်သင်္ဘောက မိုင်တစ်ထောင်အဝေးမှာသာ ရှိနေသေးသော်လည်း သင်္ဘောပေါ်မှ နတ်ဘုရားအလင်းက စတင်စုဝေးသွားပြီး ရွှေရောင်အလင်းထောင့်တိုင်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

လော့ခွန်းနှင့် ရှုကျွယ်က မတ်တတ်ရပ်လိုက်ကြသည်။ သူတို့၏ မျက်နှာက ပိုပြီးတည်ကြည်လေးနက်သွားသည်။

“ ဆရာ… အဲ့ဒါက လင်းလုံနယ်မြေက ဖုထျန်းစစ်သင်္ဘောပါ… အရမ်းအားကောင်းတဲ့ စစ်လက်နက်တစ်ခုက အင်မော်တယ်တစ်ပါးရဲ့ တိုက်ပွဲစွမ်းအားကို ပစ်လွှတ်နိုင်ပါတယ် ”

“ ပုံမှန်ဆိုရင် အဲ့ဒီလိုရတနာက ဒီနေရာမှာ မထွက်ပေါ်လာသင့်ပါဘူး ”

ရှုကျွယ်က လက်ဝှေ့ယမ်းလိုက်လေရာ ပေတစ်သောင်းရှည်လျားသော ရွှေရောင်စစ်ဗိုလ်ချုပ်များက ထွက်ပေါ်လာကြပြီး ယာဉ်ပျံအရှေ့မှာ မတ်တတ်ရပ်လိုက်ကြသည်။

“ အကိုလော့… ဆရာနဲ့ တခြားလူတွေကို ခေါ်ပြီး ဒီကနေ အရင်ထွက်သွားပါ ”

ရှုကျွယ်နှင့် လော့ခွန်း၏ စွမ်းအားဖြင့်ဆိုလျှင်ပင် သူတို့က ဖုထျန်းစစ်သင်္ဘောဖြင့် ရင်ဆိုင်ရသည့်အခါ သတိထားရလိမ့်မည်။

လော့ခွန်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ ထွက်သွားဖို့လား ”

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်လေရာ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ရဲ့ စစ်သင်္ဘောကို ငါစိတ်ဝင်စားတယ် ”

သူလက်ဝှေ့ယမ်းလိုက်သည့်အခါ စစ်ပွဲရုပ်သေးရုပ်တစ်ခုက ဆင်းသက်လာသည်။

၎င်းက ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ် ဖြစ်သည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်သည် အင်မော်တယ်အရှင်သခင်ထက် သာလွန်သော တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်ပေသည်။

ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲတွင် အသန်မာဆုံးစွမ်းအားက အင်မော်တယ်အရှင်သခင်အဆင့် ဖြစ်သည်။

ထိုထက် သာလွန်သော မည်သည့်စွမ်းအားမဆို သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်မဆို အပျက်အစီးနယ်မြေထဲမှ တိုက်ရိုက် ကန်ထုတ်ခံရလိမ့်မည်။

“ အဲ့ဒါ ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်ပဲ ”

သူ့အရှေ့မှ ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်ကို မြင်သွားသောအခါ ရှုကျွယ်က စိတ်လှုပ်ရှားသွားသည်။

သူက အတိတ်မှာ ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်၏ ချပ်ဝတ်အပိုင်းအစတစ်ခုကို ရရှိခဲ့သည်။

ထိုချပ်ဝတ်အပိုင်းအစကြောင့် သူ၏ လက်နက်သန့်စင်ခြင်းပညာရပ်က တစ်ဟုန်ထိုး တိုးတတ်လာခဲ့သည်။

ယခု သူ၏ အရှေ့မှာ ပြီးပြည့်စုံသော ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်တစ်ရုပ် ထွက်ပေါ်လာ၏။

အကယ်၍ သူတို့၏ လက်ရှိအခြေအနေကြောင့် မဟုတ်လျှင် သူက ထိုစစ်ပွဲရုပ်သေးရုပ်ထံသို့ ခုန်အုပ်လိုက်လိမ့်မည်။

“ စစ်ပွဲရုပ်သေးရုပ်ကို ဘယ်လိုထိန်းချုပ်ရမလဲ မင်းသိတယ်မလား ”

ဟန်မူယဲ့က ရှုကျွယ်ကို ကြည့်လိုက်သည်။

ထိုမေးခွန်းက အစတွင် ရှုကျွယ်ကို အံ့ဩသွားစေသည်။ ထို့နောက် သူ၏ မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားသည်။

ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်တစ်ရုပ်ကို အမှန်တကယ် သူအမိန့်ပေးနိုင်တော့မည်လော။

သူက အရှေ့သို့ အလျှင်အမြန် လျှောက်သွားပြီး စစ်ပွဲရုပ်သေးရုပ်၏ ဦးခေါင်းပေါ်သို့ လက်တင်လိုက်သည်။

“ ကျီး ”

ရုပ်သေးရုပ်က အနည်းငယ် တုန်ယင်သွားပြီး ရွှေရောင်အလင်းက ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းလာသည်။ ထို့နောက် တလက်လက်တောက်ပသော အလင်းတန်းများက ၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်လာကြသည်။

နတ်ဘုရားခန္ဓာကိုယ် အကာအကွယ်… ။ စည်းမျဉ်းအားလုံးအတွက် ပြိုင်ဘက်ကင်း… ။

ယင်းက အင်မော်တယ်အရှင်သခင်၏ အထက်အဆင့်မှ အစွမ်းထက်ပုဂ္ဂိုလ်များသာ အသက်သွင်းနိုင်သော အစွမ်းထက် ကာကွယ်ရေးအတတ်ပညာတစ်ခု ဖြစ်သည်။

နတ်ဘုရားခန္ဓာကိုယ် အကာအကွယ်အလွှာဖြင့်ဆိုလျှင် တစ်စုံတစ်ယောက်က ရန်သူများကြားထဲမှာ ပြိုင်ဘက်ကင်းလိမ့်မည်။

“ ဗုန်း ”

ကျယ်လောင်သော‌ မြည်သံက ရွှေရောင်စစ်ပွဲရုပ်သေးရုပ်ထံမှ ထွက်ပေါ်လာသည်။ ထို့နောက် ရုပ်သေးရုပ်က ပေသုံးဆယ်ရှည်လျားသော ရွှေရောင်စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ် အသွင်ပြောင်းလဲသွားပြီး လှံရှည်ကို ဆုပ်ကိုင်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက် နတ်ဘုရားအလင်းက လှံရှည်ထံမှ ထွက်ပေါ်နေသည်။

ရုပ်သေးရုပ်၏ တည်ရှိမှုတစ်ခုတည်းကပင် အနီးနားဝန်းကျင်မှ လူများကို အသက်ရှူရခက်ခဲစေသည်။

ယင်းကို ကြည့်ခြင်းအားဖြင့် ထိုစစ်ပွဲရုပ်သေးရုပ်က မည်မျှအစွမ်းထက်ကြောင်း မြင်သာပေသည်။

အဝေးမှ စစ်သင်္ဘောပေါ်တွင် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ လူများက မျက်နှာမည်းမှောင်သွားကြသည်။ သူတို့အားလုံးက စစ်ပွဲရုပ်သေးရုပ်ကို အာရုံစိုက်လိုက်ကြသည်။

ပေသုံးဆယ်ရှည်လျားသော စစ်ပွဲရုပ်သေးရုပ်က အပေါ်သို့ ခုန်လိုက်ပြီး ၎င်း၏ လက်ထဲမှ လှံရှည်ကို ထိုးသွင်းလိုက်သည်။

ထိုလှံထိုးချက်ထဲမှာ ကိန်းအောင်းနေသော စွမ်းအားက အပျက်အစီးနယ်မြေ၏ လက်ခံနိုင်စွမ်းအကန့်အသတ်ထက် ကျော်လွန်သွားလေရာ ဘေးပတ်ဝန်းကျင်မှ မိုးမြေက ပုံရိပ်ယောင်သဖွယ် ဖြစ်လာသည်။

လှံက အရှေ့သို့ ပျံသန်းသွားလေရာ နဂါးပုံရိပ်ဆယ်ခုက လှံအလင်းနှင့်အတူ ထွက်ပေါ်လာကြသည်။

နဂါးများက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြပြီး အတူတကွ ပေါင်းစည်းသွားကြသည်။ သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ ဟင်းလင်းပြင်ထဲတွင် မိုင်တစ်ထောင်ရှည်လျားသော ဧရာမနဂါးတစ်ကောင် ထွက်ပေါ်လာသည်။

ဧရာမနဂါးက အရှေ့မှ စစ်သင်္ဘော၏ အလင်းတန်းဖြင့် တွေ့ဆုံသွားသည့်အခါ မိုးမြေက ပရမ်းပတာ တုန်လှုပ်သွားသည်။

ဤအခိုက်အတန့်မှာ ကျားဝိညာဉ်အပျက်အစီးနယ်မြေတစ်ခုလုံး စတင်တုန်လှုပ်သွားသည်။ ဤသည်မှာ အပျက်အစီးနယ်မြေက အချိန်မရွေး ပျက်စီးသွားတော့မည့်အလားပင်။

အကယ်၍ ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ အခြေခံအုတ်မြစ်သာ မခိုင်မာလျှင် ယင်းက ထိုသို့အစွမ်းထက်သော ထိပ်တိုက်တွေ့ဆုံမှုကို ထိန်းသိမ်းနိုင်လိမ့်မည် မဟုတ်ချေ။

“ လော့ခွန်း… အဲ့ဒီစစ်သင်္ဘောကို သွားသိမ်းပါ ”

ဟန်မူယဲ့က ပြောသည်။

စစ်သင်္ဘောကို သိမ်းရမှာလား။

ထိုစကားက လူတိုင်းကို အံ့ဩသွားစေသည်။

နောက်အခိုက်အတန့်မှာ ချပ်ဝတ်တစ်စုံက လော့ခွန်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ကမ္ဘာဦးအဆင့် တိုက်ပွဲချပ်ဝတ်… ။

နောက်ထပ် ကမ္ဘာဦးအဆင့်လား… ။

လော့ခွန်းက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ သူ၏ လက်ကို ချပ်ဝတ်ပေါ်သို့ ဖိချလိုက်သည်။

ချပ်ဝတ်က ရွှေရောင်ထွန်းလင်းလာပြီး အလင်းတန်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ လော့ခွန်းက ကမ္ဘာဦးအဆင့် တိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်လိုက်ပြီး သုံးပေရှည်လျားသော ဓားကို ကိုင်ဆွဲလိုက်သည်။

ကမ္ဘာဦးအဆင့် တိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်လိုက်သည့်အခါ လော့ခွန်း၏ ခွန်အားက အထွတ်အထိပ်သို့ တိုးမြှင့်သွားသည်။

လော့ခွန်းသည် အစကတည်းက ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ယခု သူ၏ တိုက်ပွဲစွမ်းအားက အပျက်အစီးနယ်မြေတစ်ခုလုံးကို သိမ်းပိုက်ရန် လုံလောက်သွားသည်။

သူက ဓားရှည်ကို ကိုင်စွဲ၍ ညင်သာစွာ တစ်ချက်လွှဲလိုက်သည်။

“ ရွှတ် ”

အချင်းမိုင်တစ်ထောင်အတွင်းဝယ် မီးတောက်မီးလျှံများက သမုဒ္ဒရာတစ်စင်းနှယ် ပြည့်လျှံသွားသည်။

မိုးမြေကြားထဲမှ တိမ်တိုက်များက ထိုဓားချက်ကြောင့် လောင်ကျွမ်းပြာကျသွားသည်။

လေထဲတွင် သူက အရှေ့သို့ တစ်ချက်ခုန်လိုက်ပြီး စစ်သင်္ဘောထံသို့ ဦးတည်ပျံသန်းသွားသည်။

ဓားအလင်းဖြတ်သန်းသွားသည့်အခါ မည်သူမှ လော့ခွန်း၏ ဓားကို မခုခံနိုင်ကြချေ။

ထိုစစ်သင်္ဘောပေါ်တွင် ကာကွယ်ရေးဝင်္ကပါတစ်ခု ရှိသည်။ သို့သော်လည်း လော့ခွန်း၏ ဓားအရှေ့မှာ ထိုကာကွယ်ရေးဝင်္ကပါက စက္ကူတစ်ရွက်နှင့် မခြားပေ။

ဓားအလင်း ပြန့်ကျဲသွားသည့်အခါ သင်္ဘောပေါ်မှ သက်ရှိအားလုံး တုန်လှုပ်သွားကြသည်။

အဝေးတွင်လည်း ရှုကျွယ်၏ ရွှေရောင်စစ်ဗိုလ်ချုပ်ဖြင့် တိုက်ခိုက်နေကြသူများက နောက်ထပ် မတောင့်ခံနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။

“ ပြေးကြဟေ့ ”

စစ်သင်္ဘောပေါ်တွင် ပုံရိပ်အများအပြားက ထွက်ပြေးရန် အပေါ်သို့ ပျံတတ်သွားကြသည်။ ထို့အတူ အဝေးမှ ရွှေရောင်စစ်သည်တော်များသည်လည်း ထွက်ပြေးသွားကြသည်။

ထွက်မပြေးဘဲ ဤနေရာမှာ ဆက်နေမည်ဆိုလျှင် သူတို့က သေချာပေါက် အသက်ဆုံးရှုံးသွားလိမ့်မည်။

ဤတိုက်ပွဲက တစ်ဖက်သတ်ဆန်လွန်းလှသည်။

ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်နှင့် တိုက်ပွဲချပ်ဝတ်ကို ပိုင်ဆိုင်ထားကြသော ရှုကျွယ်နှင့် လုခွန်းက သူတို့၏ ပြိုင်ဘက်မဟုတ်တော့ပေ။

ယင်းက တစ်ဖက်သတ်ဆန်သော သတ်ဖြတ်ပွဲကြီး ဖြစ်သွားသည်။

စစ်သင်္ဘောပေါ်မှ သာမန်ကျင့်ကြံသူများကို မဆိုထားနှင့် လူသားအင်မော်တယ်များ၊ ကောင်းကင်ဘုံအင်မော်တယ်များသည်ပင် ရှုကျွယ်နှင့် လုခွန်း၏ ပြိုင်ဘက် မဟုတ်ကြတော့ချေ။

ရန်သူများ ထွက်ပြေးသွားသည်ကို မြင်သောအခါ ရှုကျွယ်က တုံ့ဆိုင်းမနေဘဲ စစ်ပွဲရုပ်သေးရုပ်ကို ထိန်းချုပ်၍ သူတို့နောက်သို့ လိုက်ဖမ်းသည်။ ၎င်းက လက်ထဲမှ လှံဖြင့် ရန်သူတစ်ယောက်ပြီးတစ်ယောက်ကို တိုက်ခိုက်လိုက်သည်။

လှံအလင်းရောင် တဝင်းဝင်းလက်သွားသည့်အခါ မီးနဂါးများက အချင်းမိုင်တစ်ထောင်အတွင်းမှာ ထွက်ပေါ်လာကြသည်။

ထိုမီးနဂါးများက အစောနက လော့ခွန်းဖန်တီးခဲ့သော မီးလျှံသမုဒ္ဒရာနှင့် ပေါင်းစပ်သွားသည့်အခါ မီးစွမ်းအားက အဆပေါင်းများစွာ တိုးမြှင့်သွားသည်။ နောက်အခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မီးလျှံများက မိုင်ထောင်ပေါင်းများစွာ အကွာအဝေးဆီသို့ ပျံ့နှံ့သွားကြသည်။

အဝေးသို့ ထွက်ပြေးနေကြသော ထိုကျင့်ကြံသူများက မီးတောက်မီးလျှံများဖြင့် လောင်ကျွမ်းသွားကြပြီး ဝိညာဉ်အလင်းအဖြစ် ပြောင်းလဲသွားကြသည်။

ထိုအစွမ်းထက်ဝိညာဉ်အမျှင်တန်းများက အပျက်အစီးနယ်မြေမှ ထွက်ပြေးရန် ကြိုးစားလိုက်ကြသော်လည်း မီးနဂါးများ၏ ဝါးမျိုဖျက်ဆီးခံလိုက်ကြရသည်။ သူတို့က နာကျင်စွာ အော်ဟစ်ညည်းညူလိုက်ကြသည်။

အဝေးတွင် ရွှေရောင်စစ်သည်တော်များ၏ တိုက်ပွဲဝင်္ကပါက အရှေ့သို့ ချီတတ်လာနေကြောင်း မြင်သူမဆို မြင်နိုင်ပေသည်။

လော့ခွန်းနှင့် ရှုကျွယ်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စစ်ပွဲရုပ်သေးရုပ်နှင့် ချပ်ဝတ်၏ အစွမ်းကို တစ်ဟုန်ထိုး လှုံ့ဆော်လိုက်ကြသည်။

“ ဘန်း ”

ရွှေရောင်တိုက်ပွဲဝင်္ကပါများက ပျက်စီးသွားကြပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။

စက္ကန့်ပိုင်းလေးအတွင်းမှာ အပျက်အစီးနယ်မြေနှစ်ခု၏ စစ်မြေပြင်တစ်ခြမ်းက တုန်ယင်သွားပြီး မရေမတွက်နိုင်သော ပုံရိပ်များက အရပ်ရှစ်မျက်နှာဆီသို့ ထွက်ပြေးသွားကြသည်။

ထိုမြင်ကွင်းက ယာဉ်ပျံပေါ်မှ ကျောက်မုန့်ဟဲနှင့် တခြားလူများကို အံ့ဩသွားစေသည်။

ယင်းက ဤလောက၏ အထွတ်အထိပ် ပုဂ္ဂိုလ်များဖြစ်ကြသော မဟာဦးသျှောင်ရှုကျွယ်နှင့် မဟာဦးသျှောင်လော့ခွန်း၏ အစစ်အမှန် စွမ်းအားလော။

ထိုသို့တိုက်ပွဲစွမ်းအားက လူတစ်ထောင်နှင့်တစ်ယောက် ယှဉ်ပြိုင်နိုင်လေရာ ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲတွင် အမှန်တကယ် ပြိုင်ဘက်ကင်းသည်။

“ လောကကို သိမ်းပိုက်နိုင်တဲ့ တိုက်ပွဲစွမ်းအားဆိုတာ အဲ့ဒါကို ပြောတာပေါ့… ”

ကုချန်းမင်က မဟာဦးသျှောင်လော့ခွန်းနှင့် မဟာဦးသျှောင်ရှုကျွယ်၏ ပုံရိပ်များကို ကြည့်နေရင်း သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

သူက အလွန်သန်မာသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခဲ့သည်။

သို့သော်လည်း သူ၏ စွမ်းအားက အစွမ်းထက်ပုဂ္ဂိုလ်များ၏ အရှေ့မှာ ပုရွက်ဆိတ်မျှသာဖြစ်ကြောင်း ယခု သူနားလည်သွားသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။

သူ၏ ဘေးမှ လက်ရွေးစင်ကျင့်ကြံသူများက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ရှိနေကြပြီး မနာလိုသော အရိပ်အယောင်က သူတို့၏ မျက်နှာပေါ်မှာ ထင်ရှားစွာ ပေါ်လွင်နေသည်။

တိုက်ပွဲက မြန်ဆန်စွာ စတင်ခဲ့ပြီး လျှင်မြန်စွာ အဆုံးသတ်သွားခဲ့သည်။

နာရီဝက်ကြာပြီးနောက် လော့ခွန်းနှင့် ရှုကျွယ်သည် စစ်သင်္ဘောသုံးစင်းကို သယ်ဆောင်လျက် ပြန်ရောက်လာကြသည်။

ဟန်မူယဲ့က ယဉ်ကျေးမနေဘဲ စစ်သင်္ဘောတစ်စင်းကို သူ့ကိုယ်ပိုင်အတွက် သိမ်းယူလိုက်သည်။

“ လင်းလုံနယ်မြေက တကယ်ပဲ ဘာဖြစ်နေတာလဲ ”

ဟန်မူယဲ့က ရှုကျွယ်နှင့် လော့ခွန်းကို ကြည့်လိုက်သည်။

သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားဖြင့်ဆိုလျှင် လင်းလုံအပျက်အစီးနယ်မြေကို အလွယ်တကူ ဖြေရှင်းနိုင်သင့်သည် မဟုတ်ပါလော။

ယင်းကို ကြားသောအခါ လော့ခွန်းနှင့် ရှုကျွယ်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခါးသီးစွာ ပြုံးလိုက်ကြသည်။

All Chapters