← Chapters

အပိုင်း (၂၉၆)

Vol. 22 Ch. 296

အပိုင်း (၂၉၆)

Vol. 22 Ch. 296

ရှမ့်လန်၏ အန္တိမ ရည်မှန်းချက်က ဘာဖြစ်သနည်း။

ချင်နိုင်ငံဆီသို့ လာရသည့် အဓိကရည်မှန်းချက်က ဘာဖြစ်သနည်း။

ချင်ဘုရင်ကို သတ်ဖြတ်ရန်ပင် ဖြစ်၏။ အခုတော့ မဟုတ်သေးချေ။ အနာဂတ် အလွန်မဝေးသော အချိန်တစ်ခုတွင် သူ သတ်ပစ်ရပေမည်။

ထိုအရာက အရမ်းခက်ခဲနေသည် မဟုတ်ပါလား။ ကောင်းကင်ပေါ်သို့ ခုန်တက်ပြီး နတ်ဘုရားများနှင့် ယှဉ်ပြိုင် တိုက်ခိုက်သည်ထက်ပင် ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချင်ဘုရင်သည် သတ်ဖြတ်ရန် ခက်ခဲလွန်းသော လူတစ်ယောက် ဖြစ်သောကြောင့်ပင်။ သို့ပေမည့် ပထမဆုံးအနေနှင့် ရှမ့်လန်သည် ချင်နိုင်ငံတော် ၏ ကယ်တင်ရှင်တစ်ယောက် ဖြစ်လာရန် စဉ်းစားထားခဲ့၏။

ယခု လက်ဆောင်များကို ပေးအပ်ခဲ့ပြီးပြီ ဖြစ်၏။ ထို့ကြောင့် အလုပ်ကိစ္စကို ဆက်လက်ပြောဆိုရန် အချိန် ကျရောက်လာ၏။ ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး.. ကျုပ်က ဆေးပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူ တစ်ယောက်ပါ။ ဒီတော့ ချင်နိုင်ငံထဲမှာ ပျံ့နှံ့နေတဲ့ ကျောက်ရောဂါကို ကုသနိုင်စွမ်း ရှိပါတယ်။ လူပေါင်းများစွာတို့က နေ့စဉ်နေ့တိုင်း သေဆုံးနေတယ်။ ကောင်းကင်က တကယ့်ကို သနား ညှာတာ တတ်ပါတယ်။ ဒီတော့ အရှင်မင်းကြီးကို ကျုပ်က လိုလိုချင်ချင်နှင့် ကူညီချင်ပါတယ်”

ချင်ဘုရင်က ပြောလိုက်၏။ “မလိုအပ်တော့ဘူးလို့ ကျုပ် ပြောထားတယ်လေ။ တစ်စုံတစ်ယောက်က ကျောက်ရောဂါကို ကုသပေးခဲ့ပြီ။ ဒီတော့ မင်းကို မလိုတော့ဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ဒီလူ တကယ် ကုသပေးနိုင်တယ်ဆိုတာ သေချာရဲ့လား”

ချင်ဘုရင်သည် အေးစက်စက်နှင့် ရယ်မောလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီလူက မင်းသားလေးရဲ့ နာမကျန်းဖြစ်မှုကို ကုသပေးခဲ့တယ် မဟုတ်လား။ တကယ်လို့ ကျုပ်သာ မမှားဘူးဆိုရင် မင်းသားလေးက အရှင်မင်းကြီးရဲ့ သွေးမျိုးဆက်ကို ဆက်ခံထားတဲ့ သူတစ်ယောက် မဟုတ်လား။ သူ့ရဲ့ မရီဒန်တွေက အရမ်းကို အားကောင်းတယ်။ ဒါ့ကြောင့် ကျောက်ရောဂါကနေ အသက်ရှင်သန်ခဲ့တာပဲ”

ဤအရာက မမှားယွင်းချေ။ ကျောက်ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ခြင်းဆိုသည်မှာ မရှိချေ။ တစ်စုံတစ်ယောက်အနေနှင့် မိမိ၏ ကိုယ်ခံအားကို အသုံးပြုကာဖြင့် အသက်ရှင်အောင် ကုသရမှာ ဖြစ်၏။ အသက်ရှင်ခဲ့ပါက ဆက်လက်ကာ နေထိုင်နိုင်စွမ်း ရှိပေမည်။ ထိုသို့ဆိုလျှင်တောင်မှ အမာရွတ်များ ကျန်ရစ်ပေလိမ့်မည်။ အသက်မရှင်နိုင်ဘူးဆိုပါက သေဆုံးပေလိမ့်မည်။ သောက်ကျိုးနည်း အမှန်တရားပင်။

ယခု ချင်နိုင်ငံတော်တွင် ကျောက်ရောဂါ ကြီးကြီးမားမား ဖြစ်တည်လျက်ရှိနေပြီး တော်ဝင်မျိုးနွယ်စု တစ်ခုလုံး ကိုပင် ကူးစက်လျက်ရှိနေ၏။ ရေတွက်၍မရအောင်များပြားသည့် မင်းသားများသည် ကျောက်ရောဂါကြောင့် သေဆုံးသွားခဲ့ကြ၏။ ကျောက်ရောဂါပျောက်ကင်း၍ အသက်ရှင်ကျန်ခဲ့သော မင်းသားအား အိမ်ရှေ့စံမင်းသား အဖြစ်ပင် သူက ခန့်အပ်ခဲ့သေး၏။

အရှေ့ပိုင်းလူမျိုးစုများကြားထဲတွင် ကျောက်ရောဂါ ကူးစက်ပြီးနောက် အသက်ရှင်ကျန်ရှိသည့် လူသည် သုံးပုံတစ်ပုံခန့်သာ လျှင်ရှိ၏။ ချင်နိုင်ငံတော်အတွင်း၌ အသက်ရှင်သန်နိုင်မှုနှုန်းသည် ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းလျက် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် တစ်ကိုယ်ရေတစ်ကာယ သန့်ရှင်းမှု နည်းပါးသောကြောင့်ပင်။

သေဆုံးခြင်းသည် ကျောက်ရောဂါကြောင့် မဟုတ်ချေ။ များပြား ရှုပ်ထွေးလွန်းသည့် ရောဂါများ ဝင်ရောက်ခြင်း၊ အတွင်းအင်္ဂါများ သွေးယိုစိမ့်ခြင်း သို့မဟုတ် ယောင်ရမ်းခြင်း ..... ထိုကဲ့သို့သော အရာများကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ရှမ့်လန်က ဆက်ပြောလိုက်၏။ “တကယ်လို့ ကျုပ်သာ မမှားဘူးဆိုရင် မင်းသားလေးကို ကုသတဲ့ နေရာမှာ နှစ်နှစ်ခြိုက်ခြိုက်နှင့် အိပ်မောကျသွားအောင် ပြုလုပ်ခဲ့တာပဲ ဖြစ်လိမ့်မယ်”

ကျောက်ရောဂါ အတွက် မည်သည့်အရာက ကြောက်လန့်စရာ အကောင်းဆုံးဖြစ်မည်နည်း။ ကုတ်ခြစ်ခြင်းပင် ဖြစ်၏။ အလွန်နာကျင်သည့် ခံစားချက်များကို ရရှိပြီး မခံမရပ်နိုင်အောင် ယားယံမှုသည် ကျောက်ရောဂါ၏ အဓိက အကြောင်းအရင်းပင် ဖြစ်၏။ ထို့ကြောင့် ထိုကဲ့သို့ ကုတ်ခြစ်ခြင်းများမှ ကင်းဝေးရန်အတွက် မင်းသားလေး အား အေးအေးဆေးဆေးနှင့် အိပ်စက်နေစေရန် ဆေးတစ်မျိုးကို အသုံးပြုခဲ့ခြင်းသာလျှင်ဖြစ်မည်။

ရက်အနည်းငယ်ကြာ အိပ်မောကျခဲ့ပြီးနောက် ကျောက်ရောဂါကြောင်း ဖြစ်သည့် အနာဖေးများ ကွာကျ သွားပေလိမ့်မည်။ ထို့ကြောင့်သာလျှင် ချင်နိုင်ငံတော်၏ မင်းသားလေးက အသက်ရှင်ခဲ့ခြင်းဖြစ်မည်။ ထိုလူသည် ကျိန်းသေပေါက် ကျောက်ရောဂါကို ဤကဲ့သို့သော နည်းလမ်းဖြင့် ကုသခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

ဟုတ်ပေ၏။ ထိုအရာက တွက်ချက်မှုတစ်ခုသာ ဖြစ်၏။ သူ၏ တွက်ချက်မှု မှန်ကန်သည်ဆိုပါက တစ်ဖက်လူသည် သူ့ထက် ခြေတစ်လှမ်းဦးထားခဲ့၏။

ချင်ဘုရင်သည် အေးစက်စက်ရယ်မောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် သူက မင်းသားလေးရဲ့ ကျောက်ရောဂါကို ကုသပေးခဲ့ပြီ။ ဒီနေ့ကစပြီး သူက ငါတို့ရဲ့ နန်းတွင်းသမားတော်ကြီးပဲ။ ငါ မင်းဆီက လက်ဆောင်ကို လက်ခံခဲ့တယ်။ ပြီးတော့ မင်းကို မသတ်ဖို့အတွက် နတ်ဘုရားမရွှယ်ရင်ကို ကတိပေးခဲ့တယ်။ ဒါပေမယ့် မင်း ခေါ်လာတဲ့လူတွေကိုတော့ ငါ သတ်ချင်သေးတယ်။ မဟုတ်ရင် ငါ့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းလိမ့်မယ်။ မနက်ဖြန်ကနေစပြီး ငါ မင်းခေါ်လာတဲ့ လူပေါင်း ၁၀၀ ကျော်တို့ကို သတ်ပစ်မယ်”

ရှမ့်လန်သည် သူနှင့်အတူ လူပေါင်း ၁၀၀ ကျော်တို့ကို ခေါ်ဆောင်လာခဲ့၏။ တော်တော်များများသည် ရွှဲ့ပြည်နယ်မှ စစ်သည်များ ဖြစ်ပြီး တခြားသောသူများမှာတော့ ကျင်းမိသားစုနှင့် ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ စစ်သည်များ ဖြစ်၏။ ချင်ဘုရင် ဤအရူးသည် တကယ်ပဲ ရှမ့်လန်ခေါ်ဆောင်လာခဲ့သည့် လူပေါင်းများစွာ တို့ကို သတ်ဖြတ်ချင်စိတ် ရှိလို့နေခဲ့၏။

“မင်းအတွက်ကတော့”

ချင်ဘုရင်က ပြောလိုက်၏။ “ငါ မင်းကို သတ်မှာမဟုတ်ဘူး။ ဒါပေမယ့် မင်းကိုလည်း လက်လွှတ်မပေးချင်သေးဘူး။ ဒီတော့ မင်း ချင်နိုင်ငံမှာ ကျေးကျွန်လုပ်ရမယ်။ ကိုယ့်လူတို့... ရှမ့်လန် နဲ့ ဒီနှစ်ယောက်ကို အကျဉ်းထောင်ထဲကို ခေါ်သွားလိုက်။ မနက်ဖြန်ကစပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို ကြိုးတွေနဲ့ တုတ်ပြီး ကျေးကျွန်လုပ်ခိုင်းလိုက်”

ဘယ်လိုဖြစ်နိုင်မည်နည်း။ ရှမ့်လန်သည် ချင်နိုင်ငံတော်၏ ကယ်တင်ရှင်ဖြစ်ရမည်။ ထို့အပြင် ဤအရာသည် စုကလန်ကို ဖျက်ဆီးမည့် အရေးကြီးသော ခြေလှမ်းတစ်ခုပင် ဖြစ်သည်။

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... ကျေးဇူးပြုပြီး စောင့်ပါအုံး။ မင်းသားလေးရဲ့ ရောဂါကို ကုသပေးခဲ့တဲ့ ပါရမီရှင်သမားတော် ဆိုတာက လူလိမ်တစ်ယောက်ပဲ ဖြစ်ရမယ်။ တကယ်လို့ ခင်ဗျား ကျုပ်ကို မယုံကြည်ဘူး ဆိုရင် သူ့ကို ခေါ်ပေးခဲ့။ ကျုပ် သူ ဘယ်သူလဲဆိုတာ ဖော်ထုတ်ပေးမယ်”

ချင်ဘုရင်သည် ရှမ့်လန်ကို စူးစိုက်ကာ ကြည့်ရှု၏။ ပြီးနောက် တစ်လုံးချင်း ပြောဆိုလိုက်သည်။ “သူက ငါ့ရဲ့ ကျေးဇူးရှင်ပဲ။ တကယ်လို့ မင်းသူ့အပေါ် မကောင်းပြောမယ်ဆိုရင် ငါ မင်းကို မသတ်ဘူး။ ဒါပေမယ့် မင်းရဲ့ လျှာကို ဆွဲဖြတ်ပစ်မယ်။”

ဤအရူးသည် ကျိန်းသေပေါက် ပြောသည့်အတိုင်း လုပ်မှာ သေချာ၏။

သို့ပေမည့် ရှမ့်လန်သည် ဤကဲ့သို့သော အရာများကို ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။ ထို့အပြင် တစ်ဖက်လူ၏ စကားများကို အခြေခံပြီး အရေးကြီးသည့် သတင်းအချက်အလက်တစ်ခုကို သူက သိရှိခဲ့ရ၏။ တစ်ဖက်လူသည် ဘုရင်၏ ကျေးဇူးရှင်ဖြစ်လို့နေခဲ့သည်။

ချင်ဘုရင်သည် မည်မျှ ရိုင်းစိုင်းပြီး တစ်ကိုယ်ကောင်းဆန်သည့် လူတစ်ယောက် ဖြစ်နေသနည်း။ ထိုကဲ့သို့သော သူသည် ကျေးဇူးတရားကို သိရှိနားလည်နေသည်လား။ ကျိန်းသေပေါက် ဤလူလိမ်သည် ရိုးရှင်းသည့် လူတစ်ယောက် မဟုတ်တော့ချေ။

“အားလုံးပဲ နားထောင်စမ်း။ ရှမ့်လန်က တာအိုဆရာကြီး ပိုယုအကြောင်းကို ထပ်ပြီး မကောင်းပြောရဲတယ်ဆိုရင် သူ့ရဲ့ လျှာကို ဖြတ်ပစ်လိုက်” ချင်ဘုရင်က အမိန့်ပေးလိုက်၏။

“ကောင်းပါပြီ” ပတ်ဝန်းကျင်တွင် ရှိနေသည့် လူများက အော်ဟစ်လိုက်ကြသည်။

ထိုအချိန်မှာပင် အလွန်မွှေးပျံ့သည့် ရနံ့တစ်ခုက ထွက်ပေါ်လာခဲ့၏။ ဟုတ်ပေ၏။ ထိုအရာသည် နတ်မိမယ် ရွှယ်ရင်၏ အနံ့အသက်မျိုး မဟုတ်ချေ။ သို့ပေမည့် အထူးဖန်တီးထားခဲ့သည့် အမွှေးရနံ့မျိုးပင် ဖြစ်၏။ လူကို မမြင်ခင်မှာပဲ အနံ့ကို အရင်ဆုံး ရှူရှိုက်ရ၏။ ကျိန်းသေပေါက် ထူးခြားသည့်လူတစ်ယောက် ဖြစ်ပေလိမ့်မည်။

ထိုသူသည် တချို့သော ဆေးများကို အသုံးပြုထားခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချင်ဘုရင်သည် ရွှယ်ရင်ကို နှစ်သက်နေကြောင်း အားလုံးသိရှိကြသည်။ ထို့ကြောင့် ရွှယ်ရင်နှင့် အနံ့တူသည့် ရနံ့မျိုးကို အသုံးပြုထားခြင်း ဖြစ်၏။ တကယ့်ကို ကျွမ်းကျင်လွန်းသည့် လူလိမ်လူညာ တစ်ယောက်သာလျှင် ဖြစ်ပေလိမ့်မည်။

ထို့အပြင် ချင်ဘုရင်အား မည်ကဲ့သို့သောရောဂါမျိုး ကုသပေးခဲ့သောကြောင့် ကျေးဇူးရှင်အဖြစ် ဖော်ညွှန်း သတ်မှတ်နေရသနည်း။ ပြီးနောက်မှာတော့ သူတော်စင်တစ်ပါးကဲ့သို့သော တာအိုပညာရှင် တစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာခဲ့၏။ သူသည် လက်ထဲတွင် မြင်းမြီးတုတ်တံတစ်ခုကို ကိုင်ဆောင်ထား၏။ ထင်မှတ်သည့်အတိုင်းပင် အသွင်အပြင်ကောင်းမွန်သည့် အမူအရာမျိုး တည်ရှိ၏။ တကယ့်ကို ကမ္ဘာခြားမှ နတ်မင်းတစ်ပါးကဲ့သို့ပင် ထင်မှတ်မှားရသည့် အရှိန်အဝါမျိုးပင်။

သို့ပေမည့် ရှမ့်လန်သည် ဤကဲ့သို့သော အဆင့်မြင့် လူလိမ်လူညာများကို မြင်ခဲ့ဖူးပြီ ဖြစ်၏။ ဤကဲ့သို့ ထူးခြားလွန်းသည့် ပုံပန်းသွင်ပြင်မျိုးနှင့် ထွက်လာသည့်လူများသည် ကျိန်းသေပေါက် သရုပ်ဆောင်ရာ၌ ကောင်းမွန်လွန်း၏။ အစစ်အမှန် ကျွမ်းကျင်သည့် လူများသည် ဤကဲ့သို့ ဟန်ထုတ်နေစရာ မလိုအပ်ချေ။

ဥပမာအားဖြင့် ရှမ့်လန်သည် နင်ပုကျင်း၏ အနီးနား ဆယ်မီတာပတ်လည်အနီးသို့ သွားသည်ဆိုပါက မသက်မသာ ခံစားရ၏။ သို့ပေမည့် တစ်ဖက်လူသည် မည်သည့်ဟိတ်ဟန်ကိုမှ ထုတ်ဖော် ထားခြင်း မရှိချေ။ ထိုသဘောပင်

ဤလူသည် ကျိန်းသေပေါက် ဆိုးယုတ်သည့် နည်းလမ်းများကို အသုံးပြုထားသည့် လူလိမ်လူညာ တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

ဤလူကို ကြည့်ရှုရသည်မှာ အနည်းငယ်ရင်းနှီးနေသည်ဟု ရှမ့်လန်က ခံစားမိ၏။ သူ သေသေချာချာ ပြန်လည်ကာ စဉ်းစားကြည့်လိုက်၏။ မကြာခင်မှာပဲ သူသည် ဦးနှောက်ထဲတွင် ရှိနေသည့် AI ကို အသုံးပြုပြီး လိုက်လျောညီထွေရှိသည့် အရာများကို တွက်ချက်ကြည့်လိုက်၏။

ယင်ယွမ်အဖွဲ့အစည်းမှ ရှုတင်းယုကို သူ မြင်ခဲ့ဖူး၏။ ဟုတ်ပေ၏။ ဤနှစ်ယောက်သည် အနည်းငယ် ဆင်တူလွန်း၏။ အသွင်အပြင် အမူအရာသက်သက် ကြည့်ရှုရမည်ဆိုရင်တော့ အလုံးစုံ ခြားနားလျက်ရှိနေ၏။ ရှုတင်းယုသည် အလွန်ဝ၏။ သို့ပေမည့် ဤလူမှာတော့ ပိန်လှီလွန်း၏။ သို့ပေမည့် မျက်နှာကျနှင့် အခြေခံ မျက်နှာသွင်ပြင်သည် တူညီနေ၏။ အထူးသဖြင့် အကြည့်များပင် ဖြစ်၏။ ဤလူနှင့် ရှုတင်းယုသည် ကျိန်းသေပေါက် ဝမ်းကွဲများပင် ဖြစ်ပေလိမ့်မည်။ သို့မဟုတ် ညီအစ်ကိုရင်းများလည်း ဖြစ်နိုင်သည်။

ဤတာအိုဘုန်းကြီးသည် ရှမ့်လန်၏ ရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် ကြည်ကောင်းလွန်းသော အပြုအမှုဖြင့် ဦးညွှတ်ကာ ပြောလိုက်၏။ “ကျိုးပိုယုက သခင်လေးရှမ့်ကို ဂါရဝပြုပါတယ်”

ရှမ့်လန်က မေးလိုက်သည် “လူကြီးမင်းကျိုး... ခင်ဗျားက ချင်နိုင်ငံရဲ့ မင်းသားငယ်လေးကို ကုသပေးခဲ့တယ်လို့ ကျုပ်ကြားခဲ့တယ်”

ကျိုးပိုယုက ပြန်ဖြေလိုက်၏။ “အင်း... ကျုပ် အရမ်းကြီး မဝင့်ရဲပါဘူး။ ဒါပေမယ့် ကောင်းကင်ကြီးရဲ့ ကောင်းချီး ကြောင့် ဒါမှမဟုတ် မင်းသားလေးရဲ့ ကောင်းချီးကြောင့်ပဲ ဒီရောဂါက ကုသပျောက်ကင်းသွားခဲ့တာပါ။ ကျုပ်က ဒီအရာကို နာမည်ကောင်း မယူဝင့်ပါဘူး”

ဤလူသည် တကယ့်ကို ကောက်ကျစ်လွန်းလှ၏။ အသွင်အပြင်အမူအရာက နှိမ့်ချလျက်ရှိနေပြီး မည်သည့် စိတ်ဆန္ဒ၊ လောဘမှ မရှိသည့် ပုံမျိုးပင်။

ဤကဲ့သို့သော အမူအကျင့်သည် ကျိန်းသေပေါက် အဆင့်မြင့် လူလိမ်လူညာများ၏ အမူအကျင့်ပင် ဖြစ်သည်။

တစ်ဖက်လူ၏ အိတ်ကပ်ထဲမှ ပိုက်ဆံများကို လိုချင်၏။ သို့ပေမည့် ကိုယ်ကိုယ်တိုင် ယူဆောင်လိုခြင်း မရှိချေ။ တစ်ဖက်လူသည် သူ၏ အိတ်ကပ်ထဲမှ ပိုက်ဆံများကို ကိုယ်တိုင် ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးရမည့်အပြင် ကျေးဇူးတင်ကြောင်းပါ ပြောဆိုရမည့် လူလိမ်လူညာမျိုးပင်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ခင်ဗျားက ချင်ဘုရင်ရဲ့ ရောဂါကိုလည်း ကုသပေးခဲ့တယ်မဟုတ်လား”

ချင်ဘုရင်၏ ရောဂါများထဲမှာ တစ်ခုကို ကုသပေးခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျေးဇူးရှင်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်ပေမည်။

ဤကဲ့သို့သော နာမကျန်းမှုသည် တကယ့်ကို နာကျင်ဖွယ်ရာ ဖြစ်ရပေလိမ့်မည်။ မည်ကဲ့သို့သော နာကျင်မှုဖြစ်မည်နည်း။ အနာကျင်ဆုံးသော ကိစ္စရပ် ... ထိုအရာသည် သေဆုံးလောက်သည့် အရာမျိုးဖြစ်နေပြီး ကုသ၍ မရနိုင်သည့် အရာမျိုးလည်း ဖြစ်ရပေလိမ့်မည်။

ရှမ့်လန်သည် မျက်လုံးမှိတ်ပြီး ချင်ဘုရင်နှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ပြန်လည်ကာ စဉ်းစားလိုက်၏။ ချင်ဘုရင်သည် ချင်နိုင်ငံဆီသို့ လွန်ခဲ့သည့် နှစ်လလောက်ကမှ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ လွန်ခဲ့သည့် လအနည်းငယ်က စစ်ပွဲတစ်ခုထဲသို့ ရောက်ရှိနေခဲ့၏။

ဤအရာက သာမန်ပင် ဖြစ်၏။ သူသည် တစ်နှစ်ပတ်လုံး တခြားသောနေရာများသို့ သွားရောက်ကာ တစ်ပါးသူတို့ ပိုင်ဆိုင်သည့် အရာများကို လုယက်ခြင်းဖြင့် အချိန်ကုန်ခဲ့သည် မဟုတ်ပါလား။ ကောင်းကင်နှင့် မြေပြင် တစ်ခွင်သို့ လှည့်လည်တိုက်ခိုက်ခြင်းသည် သူ့အတွက် ပန်းခြံထဲ လမ်းလျှောက်သွားရသလို လွယ်ကူသည့် အရာမျိုးဖြစ်သည်။

ရွှဲ့ပြည်နယ်နှင့် ချောင်ပြည်နယ်တို့သည် ငြိမ်းချမ်းရေးအတွက် ပိုက်ဆံများကို အသုံးပြုနေရ့၏။ ထို့အပြင် သဲကန္တာရလူရိုင်းများသည်လည်း တကယ့်ကို ဆင်းရဲနွမ်းပါးသည့် လူများ ဖြစ်၏။ ထို့ကြောင့် အရှေ့ဘက်ကြော တစ်ခုလုံးက ငြိမ်းချမ်းနေခြင်း ဖြစ်၏။

ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ သတင်းအချက်အလက်များအရဆိုလျှင် ချင်ဘုရင်သည် စစ်ပွဲမပြီးဆုံးခင် ချင်နိုင်ငံဆီသို့ ပြန်လာခဲ့၏။ ထိုအချိန်က ချင်နိုင်ငံတော်ထဲတွင် ကျောက်ရောဂါ ကပ်ဘေးကြီးက မဖြစ်ခဲ့သေးချေ။ အဘယ်ကြောင့် စစ်ပွဲမပြီးခင်မှာပဲ ချင်ဘုရင်က ပြန်လာရသနည်း။ ကျိန်းသေပေါက် ဤနေရာတွင် မကောင်းသည့် အချက်အလက် ရှိရပေလိမ့်မည်။ ထိုအရာသည် နာမကျန်းဖြစ်မှုနှင့် ဆက်စပ်နေသည့် အရာသာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ထုတ်ဖော်ပြောဆို၍ မရနိုင်သည့် နာမကျန်းမှုမျိုးလည်း ဖြစ်ပေလိမ့်မည်။

ထိုရောဂါသည် ကျိုးပိုယုကြောင့် ပျောက်ကင်းသွားခဲ့ခြင်း ဖြစ်ပေမည်။ ဤအရာက ဖြစ်နိုင်ဖွယ်ရာ ရှိ၏။ ချင်ဘုရင်သည် နေ့စဉ်နေ့တိုင်းဆိုသလို မိန်းမ မရှိပါက မပျော်ရွှင်တတ်သည့် လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော ရောဂါများကို ထိတွေ့ခြင်းဆိုသည်မှာ သာမန်ပင် ဖြစ်၏။

ဥပမာအားဖြင့် ကာလသား သို့မဟုတ် လိင်အင်္ဂါကြွက်နို့ တစ်ခုခုပင် ဖြစ်ပေလိမ့်မည်။ သေးငယ်သည့် ရောဂါတစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှ ထိုရောဂါများသည် အလွန်နာကျင်သည်။

အထူးသဖြင့် ချင်ဘုရင်ကဲ့သို့ မိန်းမမရှိလျှင် မပျော်ရွှင်နိုင်သော လူများပင် ဖြစ်၏။ ဤကဲ့သို့သော နာမကျန်းမှု သည် ဘဝတစ်ခုလုံးကို အဓိပ္ပာယ်ကင်းမဲ့သွားသလို ခံစားရစေ၏။ ထို့ကြောင့်ပင်လျှင် နတ်ဘုရားသမားတော် တစ်ယောက် အချိန်ကိုက် ရောက်ရှိလာခဲ့ပြီး သူ၏ရောဂါကို ကုသပေးသည့်အချိန်မှာတော့ ချင်ဘုရင်သည် ကြီးမားသည့် ကျေးဇူးရှင်အဖြစ်ပင် သတ်မှတ်ခဲ့၏။ ထို့အပြင် ရောဂါသည် သူ့ဘဝ၏ ပျော်ရွှင်မှုတစ်ခုလုံးနှင့် ပတ်သက်ဆက်နွယ်နေသည် မဟုတ်ပါလား။

ရှမ့်လန်၏ စကားကို ကြားသည့်နောက်မှာတော့ ကျိုးပိုယုက ပြောလိုက်၏။ “အဓိပ္ပာယ် မရှိတာတွေ .... အရှင်မင်းကြီးက ကျန်းမာပြီး နတ်ဘုရားတွေရဲ့ ကောင်းချီးကို ခံယူထားခဲ့တာ။ ဘယ်လိုဖြစ်ပြီး သူက ရောဂါ ဖြစ်ရမှာလဲ”

ဤလူသည် တကယ့်ကို ကောက်ကျစ်ပြီး ရင်ဆိုင်ရန် ခက်ခဲသည့် လူတစ်ယောက်ဖြစ်သည်။

ပြီးနောက် တာအိုဘုန်းကြီးက ပြောလိုက်၏။ “သခင်လေးရှမ့်... ခင်ဗျားက အဆိပ် အသုံးပြုတဲ့နေရာမှာ အရမ်း ကျွမ်းကျင်တယ်လို့ ကျုပ်ကြားခဲ့တယ်။ ပြီးတော့ ခင်ဗျားက ကောင်းကင်က သဘောမတွေ့လောက်ဖွယ်ရာ အရာအားလုံးကိုလည်း ပြုလုပ်ခဲ့တဲ့ လူတစ်ယောက်လို့ ကျုပ်ကြားတယ်”

“ချီးတဲ့မှ...”

ဤစကားလုံးများသည် တကယ့်ကို ကြမ်းတမ်းလွန်းလှချေ၏။ ဤတာအိုဘုန်းကြီးသည် ရှမ့်လန်ကို သတ်ရန် အစပျိုးနေခြင်းဖြစ်သည်။ သူ၏ အဓိပ္ပာယ်က ရှင်းလင်း၏။ ကျောက်ရောဂါ ကုသပေးမည်ဟု ဆိုကာ ရှမ့်လန်သည် ချင်နိုင်ငံမှ လူပေါင်းများစွာတို့ကို သတ်ဖြတ်ပစ်လိမ့်မည်ဟု သတိပေးနေခြင်း ဖြစ်၏။ ဤလူသည် ရှမ့်လန်ကို စစတွေ့ခြင်းမှာပဲ သတ်ဖြတ်ချင်စိတ်ရှိနေ၏။ တကယ့်ကို ကြမ်းတမ်းလွန်းလှချေသည်။

ချင်ဘုရင်က ပြောလိုက်၏။ “ဘာကိုဆိုလိုတာလဲ တာအိုဘုန်းကြီး”

တာအိုဘုန်းကြီး ကျိုးပိုယုက ပြောလိုက်သည်။ “ရှမ့်လန်က ချင်းကန်နယ်စားအိမ်တော်ရဲ့ လူပေါင်း ၁၀၀ ကျော်တို့ကို အဆိပ်သုံးပြီး သတ်ဖြတ်ခဲ့ဖူးတယ်။ ပြီးတော့ သူက ပင်လယ်ဓားပြ ချောင်ထျန်းဝေရဲ့ လူပေါင်း ၃၀၀၀၀ ကျော်တို့ကိုလည်း အကွက်ချပြီး သတ်ဖြတ်ခဲ့တဲ့ လူ။ ဒီလူ့ဆီမှာ အောက်ခြေစည်းမျဉ်းဆိုတာ တစ်ခုလေးမှ ရှိတာ မဟုတ်ဘူး။ သူက ကောင်းကင်ကြီးရဲ့ ကောင်းချီးကို ဆန့်ကျင်နေတဲ့ လူတစ်ယောက်ပဲ”

ချက်ချင်းပင် ချင်ဘုရင်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်သွားခဲ့၏။ ရှမ့်လန်ကြောင့် ချင်နိုင်ငံတစ်ခုလုံး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလိမ့်မည်ဟု ချင်ဘုရင်က မယုံကြည်ချေ။ ထို့အပြင် အနောက်တိုင်း သို့မဟုတ် ချင်နိုင်ငံ မည်သည့်နေရာတွင် ဖြစ်ဖြစ် ကျောက်ရောဂါသည် နှစ်စဉ်နှစ်တိုင်းဆိုသလို ပေါ်ပေါက် လာတတ်သည့် အရာမျိုးဖြစ်၏။ သို့ပေမည့် ဤတစ်ကြိမ် အနည်းငယ် လေးနက်သွားခြင်းသာလျှင် ရှိ၏။ လူပေါင်း ၁၀၀၀၀ ကျော်တို့ သေဆုံးနှင့်နေပြီ ဖြစ်၏။

သို့ပေမည့် တာအိုဘုန်းကြီး ကျိုးပိုယုသည် သတ်အောင် အစဆွဲထုတ်ခဲ့သည်။ ရှမ့်လန်သည် အဆိပ်ပြင်းသည့် မြွေတစ်ကောင်ဖြစ်သည်ဆိုပါက သူ တစ်ဖက်လူကို သတ်ဖြတ်ပစ်လိုက်ရုံသာလျှင် ရှိ၏။ ဘေးတစ်ဖက်တွင် ထားရှိပြီး ပြဿနာတက်နိုင်မည့် အခြေအနေမျိုးကို မပေးချင်ပေ။

ရှမ့်လန်သည် ချင်နိုင်ငံသို့ရောက်ရောက်ချင်း ထောင်ချောက်တစ်ခုထဲသို့ ရောက်ရှိသွားလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ဤတာအိုဘုန်းကြီးသည် ယင်ယွမ်အဖွဲ့အစည်းမှ စေလွှတ်လိုက်သည့် လူသာလျှင် ဖြစ်ပေလိမ့် မည်။

‘ခင်ဗျား ကျုပ်ကို သတ်လို့ရတယ် ထင်နေတာလား။ ရယ်စရာပဲ’

ရှမ့်လန်သည် အသက်ကို ပြင်းပြင်းရှူပြီး ကျိုးပိုယုအား ခေါင်းအစခြေအဆုံး သေသေချာချာ ကြည့်ရှုလိုက်၏။ ပြီးနောက် ရုတ်တရက် ပြောလိုက်၏။ “ချင်ဘုရင်.. ဒီတာအိုဘုန်းကြီး ကျိုးပိုယုက ခင်ဗျားရဲ့ မိန်းမနဲ့ ဖောက်ပြန်နေတယ်။ ခင်ဗျားကို သူက နွားဖြစ်အောင် လုပ်ခဲ့တာပဲ။ သူ့ကို အပိုင်းပိုင်း ခုတ်ပြီးတော့ ခွေးစာ ကျွေးပစ်လိုက်တော့”

ထိုသို့ပြောသည့်အချိန်မှာတော့ တာအိုဘုန်းကြီး ကျိုးပိုယု၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူ၏ ခြေထောက်များကလည်း တုန်ယင်သွားခဲ့၏။ သို့ပေမည့် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ကာဖြင့် ပြောလိုက်သည်။

“အရှင်မင်းကြီး... ရှမ့်လန်က ကျုပ်ကို ချောက်တွန်းဖို့ ကြိုးစားနေတာ အဆင်ပြေပါသေးတယ်။ ဒါပေမယ့် မင်းသားတွေကိုပါ ဒုက္ခရောက်အောင် လုပ်နေတာပဲ။ သူက မိဖုရားတစ်ပါးပါး အကြောင်း လျှောက်ပြောနေတာပဲဖြစ်မယ်။ ဒါက မိဖုရားမွေးထားတဲ့ သားတွေကိုပါ သိုလော၊ သို့လော ထင်ရစေပါတယ်။ ဒါကအရှင်မင်းကြီးကို အရှက်ခွဲတာပါ။ သူ့ကို ကောင်းကင်ရဲ့ အပြစ်ပေးမှုနဲ့ အပြစ်ပေးဖို့ မလုံလောက်တော့ဘူး”

ဘာကို ကောင်းကင်ရဲ့ အပြစ်ပေးမှုလဲ။ ဆိုလိုသည်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို အပိုင်းပိုင်းခုတ်ဖြတ်ပြီး ရှိရှိသမျှသော သွေးများဖြင့် ကောင်းကင်အား ယဇ်ပူဇော်ခြင်းသာလျှင် ဖြစ်၏။

ရှမ့်လန်နှင့် ဤတာအိုဘုန်းကြီးတို့သည် စစတွေ့ချင်းမှာပဲ တိုက်ပွဲတစ်ခုကို စတင်ဖန်တီးနေပြီ ဖြစ်သည်။

အခြေအနေသည် ပိုမိုကာ ရိုးရှင်းလာခဲ့၏။ ရှမ့်လန်နှင့် ကျိုးပိုယုတို့ ကြားတွင် တစ်ယောက်သာလျှင် အသက်ရှင် ကျန်ရှိရပေလိမ့်မည်။ ‘ခင်ဗျားသေရင် သေ မဟုတ်ရင် ကျုပ်သေ’ သို့ပေမည့် ရှမ့်လန်နှင့် ရင်ဆိုင်သည့် လူများသည် မည်မျှထူးချွန်သည်မဆို သေဆုံးသွားကြရ၏။ ဤအရာကို သတိချပ်သင့်၏။

All Chapters