အပိုင်း (၂၉၇)
Vol. 22 Ch. 297
“ရှမ့်... မင်းက ကျုပ်ကို စွပ်စွဲခဲ့တယ်နော်။ မင်းဆီမှာ သက်သေရှိလို့လား။ အင်း… သက်သေသာ မရှိဘူးဆိုရင် ဒါက အရှင်မင်းမြတ်ကို စော်ကားတာနဲ့ အတူတူပဲ။ ပြီးတော့ မိဖုရားတွေကို သိက္ခာကျအောင်လုပ်တာနဲ့ အတူတူပဲ။ မင်း ကောင်းကင်ရဲ့ အပြစ်ပေးမှုကို ခံရလိမ့်မယ်။ ပြီးတော့ မင်းရဲ့သွေးကို စတေးပြီး ကောင်းကင်ကို တောင်းပန်ရလိမ့်မယ်”
တာအိုဘုန်းကြီး ကျိုးပိုယုသည် သူတော်စင်တစ်ယောက်၏ ဟန်ပန်အမူအရာမျိုး ပျောက်ကွယ်သွားခဲ့၏။ သူသည် ပိုမိုကာ ကြမ်းတမ်း ရိုင်းစိုင်းလာခဲ့၏။ သေခြင်းနှင့် ရှင်ခြင်း၏ကြားတွင် ဟန်ဆောင်နေရန် မလိုအပ်တော့ချေ။
ဟုတ်ပေ၏။ ရှမ့်လန် သည် X-Ray အမြင်နှင့် ကြည့်ရှုခဲ့သည်။ မှော်ဆန်လွန်းလှချေ၏။ အဓိကသော့ချက်အားဖြင့် တာအိုဘုန်းကြီးသည် မိန်းမတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် ထိုငု၏ ဝမ်းဗိုက်ထဲတွင် သုတ်ပိုးတစ်ခု လှည့်လည် ကူးခတ်သွားလာနေခြင်းကို သူ မမြင်ရချေ။
ဟုတ်ပေ၏။ ရှမ့်လန်၏ X-Ray အမြင်သည် ထိုမျှလောက်လည်း အားမကောင်းပေ။ သုတ်ပိုးကို မမြင်နိုင်ချေ။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ရှမ့်လန်သည် တာအိုဘုန်းကြီး ကျိုးပိုယုမှာ မိဖုရား တစ်ပါးပါးနှင့် ဖောက်ပြန်နေကြောင်း ပြောဆိုခဲ့ရသနည်း။ အဘယ်ကြောင့်ဆိုသော် ကျိုးပိုယုသည် ရွှေချည် ထိုးထားသည့် အတွင်းခံဝတ်စုံကို ဝတ်ဆင်ထားခဲ့သောကြောင့်ပင်။ ထိုအရာက သက်သေတစ်ခု မဟုတ်သေးချေ။
ပိုမို၍ အရေးကြီးသည်မှာ ထိုအတွင်းခံပိုးထည်ပေါ်တွင် စာများ ရေးထိုးထားခဲ့၏။
‘သေခြင်းတရားကို တောင့်တမျှော်လင့်နေတုန်း အသက် ပြန်ရှင်လာခဲ့၏။ လက်မှတ် ‘ရန်’ ‘
ချင်ဘုရင်၏ မိဖုရားများထဲမှတစ်ယောက်၏ နာမည်သည် လော့ရန်ပင် ဖြစ်၏။ ဤနေရာတွင် တကယ့်ကို ဇာတ်လမ်းတစ်ပုဒ် တည်ရှိနေမှာ သေချာသွားခဲ့သည်။
ချင်ဘုရင် အနောက်ဘက်နိုင်ငံများဆီသို့ လှည့်လည်သွားလာနေတုန်း ဤကျိုးပိုယုသည် အခွင့်အရေးကို အရယူကာဖြင့် ချင်ဘုရင်၏ မိဖုရားလော့ရန်နှင့် ဖောက်ပြန်ခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ချင်ဘုရင်သည် တကယ့်ကို နှိုင်းယှဉ်၍မရအောင် ရက်စက်သည့် လူတစ်ယောက်ဖြစ်ပြီး သူသည် သားရဲတစ်ကောင်ကဲ့သို့ ပြုမူ ဆက်ဆံတတ်သူ ဖြစ်သောကြောင့် မိန်းကလေးများကို အဆုံးမဲ့သော နာကျင်မှုကို ရရှိစေခဲ့၏။
ဤတာအိုဘုန်းကြီး ကျိုးပိုယုမှာတော့ အန္တိမလူသားတစ်ယောက်၏ ဟန်ပန်မူရာမျိုး တည်ရှိပြီး အလုံးစုံ ကြင်နာတတ်သည့် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး ပေါ်၏။ ထို့ကြောင့်ပင်လျှင် သူနှင့် မိဖုရားတို့နှစ်ယောက် ကြားတွင် ချစ်ခြင်းဟူ၍ ဖြစ်တည်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အမျိုးသမီးသည် သူ့အတွက် ရွှေရောင်အတွင်းခံတစ်ခုကိုပင် ဖန်တီးကာ ရက်လုပ်ခဲ့သေး၏။ တာအိုဘုန်းကြီး ကျိုးပိုယုသည် ဤဝတ်စုံကို အတွင်း၌ ဝတ်ဆင်ထားခဲ့သောကြောင့် မည်သူမှ မြင်ရလိမ့်မည် မဟုတ်ဟု ထင်မှတ်ခဲ့၏။ ထို့ကြောင့်ပင်လျှင် ရဲရဲရင့်ရင့် ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် မည်သူက ထင်မှတ်မိမည်နည်း။ ရှမ့်လန်သည် X-Ray ၏အမြင်ကို အသုံးပြုကာဖြင့် တစ်ဖက်လူ၏ အတွင်းခံကိုပင် ကြည့်ရှုနိုင်စွမ်း ရှိနေ၏။
“အရှင်မင်းကြီး... ရှမ့်လန်သာ ဘာသက်သေမှ မပြနိုင်ဘူးဆိုရင် ကျုပ်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးသလို ဖြစ်ပါလိမ့်မယ်။ ပြီးတော့ အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာကိုလည်း ဖျက်ဆီးပစ်သလို ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ အပြစ်က ခွင့်လွှတ်ပေးလို့ မရပါဘူး” ကျိုးပိုယုက အေးစက်စက်နှင့် ပြောလိုက်သည်။
ချင်ဘုရင်သည် ရှမ့်လန်ကို စူးစိုက်ကြည့်ရှုပြီး စကားလုံးချင်းစီကို ရှင်းရှင်းလင်းလင်း ပြောလိုက်၏။ “ရှမ့်လန်... မင်း တကယ်လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်သေမပြနိုင်ဘူးဆိုရင် နတ်မိမယ်ရွှယ်ရင်ဆီ ပေးခဲ့တဲ့ ကတိကို မတည်တဲ့အတွက် ငါ့ကို ပြဿနာ အပြစ်မတင်နှင့်တော့။ ငါ ကျိန်းသေပေါက် ကောင်းကင်အပြစ်ပေးမှုကို ပြုလုပ်ပစ်မယ်။ မင်းကို ဆိုးဆိုးရွားရွား သေဆုံးအောင် လုပ်ပစ်မယ်”
ရှမ့်လန်ကတော့ တည်ငြိမ်စွာ ပြောလိုက်သည်။ “ချင်ဘုရင်... ဒီတာအိုဘုန်းကြီးရဲ့ ဝတ်စုံကို ခင်ဗျား ဆွဲချွတ်လိုက်၊ သိသွားလိမ့်မယ်”
ထိုစကားကိုကြားရချိန်မှာတော့ တာအိုဘုန်းကြီးကျိုးပိုယုသည် ကြောင်အသွားခဲ့၏။ သူ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။
မည်သို့ ဖြစ်နိုင်မည်နည်း။ ရှမ့်လန်သည် တကယ်ပင် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေသည်လား။ မဖြစ်နိုင်ချေ။ သူသည် လော့ရန် ပေးထားသည့် ဤပိုးထည်အတွင်းခံဝတ်စုံကို အမြဲ ဝတ်ဆင်ထားခဲ့၏။ ဘယ်တော့အခါမှ တခြားသောသူများ၏ ရှေ့တွင် ချွတ်ခြင်းမျိုး မလုပ်ခဲ့ချေ။ အိပ်သည့်အချိန်တွင်ပင်လျှင် သူ ထိုအရာကို ဝတ်ဆင်ထားခဲ့၏။ ဘယ်တုန်းကမှလည်း မချွတ်ခဲ့ချေ။
ဟုတ်ပေ၏။ အပြင်ဘက်တွင် ရာသီဥတုက အေးလွန်း၏။ ချင်နိုင်ငံမှ လူများသည် တော်ရုံတန်ရုံ အခြေအနေမျိုး တွင် ရေချိုးခြင်းအမှုကို မပြုလုပ်ကြချေ။ ထို့ကြောင့်ပင်လျှင် တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းသောကြောင့် ကျောက်ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ချင်နိုင်ငံသားများထဲ၌ နေ့စဉ်နေ့တိုင်း ရေချိုးသူဟူ၍ အနည်းငယ်သာလျှင် ရှိ၏။ တော်ဝင်မျိုးနွယ်များသာဖြစ်သည်။
“ပေါက်ပန်းလေးဆယ်တွေ။ ဒီကောင် ပေါက်ကရကောင်ပဲ”
တာအိုဘုန်းကြီး ကျိုးပိုယုသည် ဒေါသတကြီးဖြင့် အေးစက်စက် ပြောလိုက်၏။ “ကျုပ်က လောကရဲ့ သဘာဝတွေကို ကြည့်ရှုလေ့လာ လေ့ကျင့်နေတဲ့ လူတစ်ယောက်ပဲ။ ဘယ်လိုဖြစ်ပြီး ဒီလိုအရှက်ခွဲမှုကို ခံရမှာလဲ။ ခင်ဗျားက ကျုပ်ရဲ့ အဝတ်ကို ဘာလို့ ချွတ်ချင်နေရတာလဲ။ အဓိပ္ပာယ် မရှိလိုက်တာ”
သို့ပေမည့် ချင်ဘုရင်သည် သံသယကြီးမားသည့် လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် အေးစက်စက် ပြောလိုက်သည်။ “တာအိုဘုန်းကြီး... ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ဝတ်စုံကို ချွတ်လိုက်ပါ”
ကျိုးပိုယုသည် အလောတကြီးဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး... ဒီရှမ့်လန် ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောနေတာပါ။ သူ့ကို မယုံပါနဲ့”
ချင်ဘုရင်က ပြောလိုက်သည်။ “ခင်ဗျားရဲ့ ဝတ်စုံကို ချွတ်လိုက်”
သူကိုယ်တိုင် ရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီး ကျိုးပိုယု၏ ပခုံးကို ဖိနှိပ်လိုက်၏။ ပြီးနောက် အင်္ကျီစကို ဆွဲကိုင်ကာဖြင့် ဆွဲဖြဲလိုက်၏။
ဇွိ .... ။
ကျိုးပိုယု၏ ဝတ်စုံသည် ပြဲသွားခဲ့ပြီး အောက်တွင် ပိုးထည်အတွင်းခံသာလျှင် ကျန်ရှိတော့၏။ ရင်းနှီးနေသည့် စာလုံးများ ပေါ်ပေါက်လာခဲ့၏။ ချင်ဘုရင်၏ မျက်နှာသွင်ပြင် တစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။ သူသည် ကျိုးပိုယု၏ ခန္ဓာကိုယ်တွင် ရှိနေသည့် ပိုးထည်အတွင်းခံဝတ်စုံကို တစ်ခါတည်း ချွတ်ယူလိုက်သည်။
ဤအပေါ်တွင် ရေးထားထားသည့် ကဗျာသည် တကယ့်ကို အံ့ချီးလောက်စရာပင်။
ချင်ဘုရင်သည် ပညာတတ်တစ်ယောက်မဟုတ်သော်လည်း ဤအရာမှာ အချစ်ကဗျာတစ်ခု ဖြစ်မှန်း သိသာ ထင်ရှားနေ၏။ ချက်ချင်းဆိုသလိုပဲ သူ၏ အကြည့်များ၌ သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်သွားခဲ့၏။ “ကျိုးပိုယု... ခင်ဗျား အခု ဘာပြောချင်သေးလဲ”
ရှမ့်လန်သည် သဘောတကျဖြင့် သက်ပြင်းချလိုက်မိ၏။ တကယ့်ကို အရေးကြီးသည့် ကိစ္စရပ်မျိုး ပါဝင်နေသော ဇာတ်ကြောင်းပင် ဖြစ်၏။ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် မိမိချစ်သူ ပေးအပ်ထားခဲ့သည့် အတွင်းခံဝတ်စုံကို ဝတ်ဆင်ထားခဲ့ခြင်းသာလျှင် ဖြစ်ပေမည်။ သို့ပေမည့် ဤကဲ့သို့ အန္တရာယ်များသည့် ကိစ္စရပ်များကို အဘယ်ကြောင့် ဤချစ်သူနှစ်ဦးတို့က ပြုလုပ်ထားသနည်း။
ပိုမိုကာ အန္တရာယ်ကြီးမားလေ ပိုမိုကာ စိတ်လှုပ်ရှားစရာ ကောင်းလေ ဖြစ်နေသည်လား။
ကျိုးပိုယု၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ ပြီးနောက် တုန်ယင်စွာဖြင့် မြေပေါ်တွင် ဒူးထောက်ထိုင်ချလိုက်၏။ ပြီးနောက် ဝမ်းနည်းတကြီးဖြင့် ပြောလိုက်၏။ “ဒီလိုကိစ္စတွေ ဖြစ်လာပြီဆိုမှတော့ ကျုပ် အရှင်မင်းကြီးကို ဖုံးကွယ် မထားတော့ပါဘူး။ လော့ရန်နဲ့ ကျုပ်က ဝေးကွာနေတာ ကြာပြီဖြစ်တဲ့ မောင်နှမတွေပဲ ဖြစ်ပါတယ်။ ကျုပ် သူ့ကြောင့်ပဲ အရှင်မင်းကြီးရဲ့အနားလာပြီး အလုပ်အကျွေး ပြုစုနေရတာပေါ့။ ပြီးတော့ သူ့ကြောင့်ပဲ မင်းသားငယ်လေးကို ကယ်တင်ပေးခဲ့တာပေါ့။ ဒီမင်းသားငယ်လေးက ကျုပ်ရဲ့ တူ တော်ပါတယ်”
“သောက်ကျိုးနည်း”
ရှမ့်လန်က ကြောင်အသွားခဲ့၏။ အလှည့်အပြောင်းက မြန်လွန်းလှသည်။ သို့ပေမည့် ချင်ဘုရင် ယုံကြည်လိမ့်မည်ဟု ထင်မှတ်နေသည်လား။ ကျိန်းသေပေါက် ထိုကဲ့သို့ အဓိပ္ပာယ်မရှိသည့် ရှင်းပြချက်မျိုးကို ချင်ဘုရင်ယုံကြည်လိမ့်မည် မဟုတ်ချေ။ ချင်ဘုရင်အား သုံးနှစ်သားကလေးဟု ထင်မှတ်နေသည်လား။
ချင်ဘုရင်သည် အေးစက်စက် အမိန့်ပေးလိုက်သည်။ “ဒါဆိုရင် လော့ရန်ကို အထဲလာခိုင်းလိုက်”
ခဏလောက် ကြာမြင့်ပြီးနောက် ကြည့်ကောင်းလွန်းသည့် အမျိုးသမီးတစ်ယောက်သည် အထဲသို့ လှမ်းလျှောက် ဝင်ရောက်လာခဲ့၏။ ဤအမျိုးသမီးသည် ချင်ဘုရင်၏ မိဖုရားလော့ရန်ပင် ဖြစ်၏။
သူမသည် လှပလွန်း၏။ ချင်ဘုရင်၏ ကြမ်းတမ်းလွန်းသည့် ရမ္မက်ဇောအောက်တွင် ဤသို့ သွယ်လျလှပသည့် ခန္ဓာကိုယ်သည် ကြံ့ကြံ့ခံကာ အဘယ်သို့ နေထိုင်နိုင်ခဲ့သနည်း။ သူမသည် သေဆုံးချင်သည်အထိ နာကျင်မှုမျိုးကို ခံစားရမှာ သေချာသည်။
မြေပေါ်တွင် ဒူးထောက်ထိုင်ချနေသည့် ကျိုးပိုယုနှင့် ချင်ဘုရင်၏ လက်ထဲမှ ပိုးထည်ဝတ်စုံကို မြင်ရသည့် အချိန်မှာတော့ သူမ၏မျက်နှာက ပြောင်းလဲသွားခဲ့၏။
“အစ်ကို... ကျွန်မတို့ရဲ့ ကိစ္စကို ချင်ဘုရင် သိသွားပြီလား”
ရှမ့်လန်သည် ကြက်သီးမွှေးညင်းများပင် ထသွားခဲ့၏။ နောက်ထပ် ကျွမ်းကျင်သူ သရုပ်ဆောင်တစ်ယောက် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။ တကယ့်ကို မောင်နှမနှစ်ယောက် ဖြစ်လို့နေသည်လား။
‘သောက်ကျိုးနည်း။ တကယ့် ကျွမ်းကျင်သူတွေပဲ’
ရှမ့်လန်သည် သေသေချာချာ ကြည့်ရှုလိုက်၏။ တကယ်ပင် ဤနှစ်ယောက်သည် မျက်နှာသွင်ပြင်ချင်း ဆင်တူလျက် ရှိနေ၏။ မျက်နှာချင်းက တစ်ထပ်တည်း တူညီနေသည် မဟုတ်ချေ။ မျက်နှာအကျ၊ မျက်လုံးများက တူညီနေခြင်းပင်။ ကျိန်းသေပေါက် ဝမ်းကွဲ သို့မဟုတ် နှစ်ဝမ်းကွဲလောက်ဖြစ်မှာ သေချာ၏။ ယင်ယွမ်အဖွဲ့အစည်းသည် သူတို့လူအား ချင်ဘုရင်နှင့် လက်ထပ်ထိမ်းမြားစေပြီး သူတို့လူအား မိဖုရားပင် ဖြစ်စေခဲ့သည်။
ရှမ့်လန် ရရှိထားသည့် သတင်းအချက်အလက်များ အရဆိုလျှင် ဤလော့ရန်သည် ချင်ဘုရင်တစ်ယောက် ချောင်နိုင်ငံကို သွားရောက်တိုက်ခိုက်စဉ်က တွေ့ရှိခဲ့သောကြောင့် စုံမက်၍ တော်ကောက်ခဲ့သော မိန်းမလှလေး ဖြစ်သည်။
ဤအရာက ယင်ယွမ်အဖွဲ့အစည်း၏ အစီအစဉ် ဖြစ်နေ၏။ လက်ရှိအချိန်မှာတော့ ကျိုးပိုယုသည် အစီအစဉ် အတိုင်း လိုက်ပါ တာဝန်ထမ်းဆောင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ချင်ဘုရင်သည် တစ်စုံတစ်ခုကို နားလည်လိုက်၏။ ပုံမှန်အားဖြင့် သူ သတိမပြုမိချေ။ သို့ပေမည့် လော့ရန်နှင့် ကျိုးပိုယုတို့ အတူတူ ဘေးချင်းယှဉ်ကာ ရှိနေသည့် အချိန်မှာတော့ တူညီသည့် အရာများရှိနေကြောင်း သတိပြုမိ၏။
ချင်ဘုရင်၏ မိဖုရား လော့ရန်သည် သနားစဖွယ် ငိုရှိုက်ကာ ပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်မက ချင်ဘုရင်ရဲ့ ရွေးချယ်ခြင်းကို ခံရပြီး ချင်နိုင်ငံဆီ ရောက်ရှိ ခဲ့တယ်။ ကျွန်မရဲ့ မိဘတွေ၊ အစ်ကိုကြီးတွေက ကျွန်မကို နေရာအနှံ့မှာ လိုက်ပြီး ရှာခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာမြင်ပြီးတဲ့နောက်မှာ သူတို့က ကျွန်မကို ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ သူတို့က ကျွန်မကို အသိအမှတ် မပြုရဲဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မက ချင်ဘုရင်ရဲ့ဘေးနား ရောက်ခဲ့စဉ်က မိသားစု မရှိဘူးလို့ ပြောခဲ့ဖူးတာကိုး။ ဒါမှ ကျွန်မကို ချင်ဘုရင်က ကာကွယ်ပေးမှာလေ။
ကျွန်မရဲ့ အကြီးဆုံးအစ်ကိုက ချင်ဘုရင်ရဲ့ စွမ်းရည်ကို ချီးကျူး အားကျတဲ့ လူတစ်ယောက်ပါ။ ဒါကြောင့် ဒီမှာ လာနေပြီး ကောင်းကောင်းမွန်မွန် အလုပ်အကျွေး ပြုနေတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူက ချင်ဘုရင်လောက်တော့ ဉာဏ်ပညာ ကြီးမားခြင်း မရှိပါဘူး။ အခုလိုမျိုး လွယ်လွယ်ကူကူ သိရှိသွားလိမ့်မယ်လို့ သူ ဘယ်လိုလုပ် ထင်မှာလဲ။ ကျွန်မက သူ့ကို အစ်ကိုကြီးအဖြစ် အသိအမှတ် မပြုရဲပါဘူး။ ဒါကြောင့် သူ့ကို ပိုးချည်ဘောင်းဘီ တစ်ထည် ထိုးပြီး လက်ဆောင်ပေးရုံပဲ တတ်နိုင်ခဲ့ပါတယ်။ ဒါ ကျွန်မ မှားလား”
တကယ့်ကို အထင်ကြီးလောက်စရာပင်။ ကောင်းမွန်သည့် သရုပ်ဆောင်ချက်များပင်။
ရှမ့်လန်သည် အံ့အားသင့်စွာဖြင့် သက်ပြင်းကိုပင် ချလိုက်မိ၏။ ဤကဲ့သို့သော သရုပ်ဆောင်မှုသည် ၉၀ မှတ်လောက် ပေးရမည့် အရာမျိုး ဖြစ်၏။ သူကိုယ်တိုင် သိရှိထားသည့်အချက်အလက်များသာ မရှိပါက ဤနှစ်ယောက် မောင်နှမအရင်းများဖြစ်ကြောင်း ကျိန်းသေ ယုံကြည်မိသွားနိုင်သည်။
ရှမ့်လန်က ပြောလိုက်၏။ “သူတို့ရဲ့ မျက်နှာအကျတွေက တူညီနေတယ်။ ဒါကြောင့် ဝမ်းကွဲတွေ ဖြစ်နိုင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် မောင်နှမအရင်းတွေလည်း ဖြစ်ရင်ဖြစ်နေနိုင်တယ်။ ပြီးတော့ ဒါက ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ကဗျာတစ်ခုပဲ”
ချင်ဘုရင်၏ မိဖုရားလော့ရန်သည် ရှမ့်လန်ကို စိတ်ပျက်သည့် အကြည့်နှင့် လှမ်းကာ ကြည့်ရှုလိုက်သည်။ “ဒါကို အချစ်ကဗျာလို့ ဘယ်သူ ပြောလဲ။ ဒါက မိသားစုကို လွမ်းဆွတ်လို့ ရေးထားတဲ့ ကဗျာတစ်ပုဒ်ဆိုတာ ရှင်းနေတာပဲကို။ ကျွန်မဆီမှာ မိသားစုရှိတယ်ဆိုတာ ရှင်းလင်းတယ်။ ကျွန်မ သူတို့ကို အသိအမှတ် မပြုနိုင်ဘူး။ ပြီးတော့ ကျွန်မရဲ့ မိဘအိမ်ဆီ မပြန်နိုင်ဘူး။ ပြီးတော့ ကျွန်မဆီမှာ အိမ်အသစ် ရှိနေပြီ။ ပြီးတော့ ကျွန်မ ချစ်ရတဲ့လူ ရှိနေပြီ။ ပြီးတော့ ကလေးလည်း ရှိနေပြီ။ ကျွန်မ သေပြီးနောက်မှပဲ ကျွန်မရဲ့ မိဘတွေကို တွေ့နိုင်မှာပေါ့”
တကယ့်ကို အထင်ကြီးလောက်စရာပင်။ ရှင်းပြချက်များသည် အဓိပ္ပာယ် ပြည့်ဝပြီး ပြည့်စုံသည့် အကြောင်းအချက်များပင်။ ပြောရမည်ဆိုလျှင် ဤကဗျာသည် ယောက်ျားနှင့် မိန်းမကြားထဲတွင် တည်ရှိနေသည့် ချစ်ခြင်းမေတ္တာတရားကို ဖော်ညွှန်းထားသည့် အရာဖြစ်သလို မိသားစုကြား ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းသည့် အရာလည်း ဖြစ်နေ၏။
ပြီးနောက် ချင်ဘုရင်၏ မိဖုရားလော့ရန်သည် မျက်ရည်အဝိုင်းသားဖြင့် ပြောဆိုလိုက်သည်။ “အရှင်မင်းကြီး... ကျွန်မရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ နည်းလမ်းတစ်ခု ရှိပါသေးတယ်”
ပြီးနောက် သူမသည် သူမ၏ စကတ်ကို အသာပင် ဆွဲဟလိုက်၏။ သူမသည် အတွင်းခံဝတ်စုံကို ချွတ်ယူလိုက်ခြင်း ဖြစ်၏။
တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းသည့် မိန်းမပင်။ ဤအပြုအမူအားဖြင့် သူမသည် ရှမ့်လန်ကို သတ်ဖြတ်ချင်ခြင်း ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ရှမ့်လန်နှင့် ချင်ဘုရင်တို့သာလျှင် မတ်တပ်ရပ်လျက် ရှိနေ၏။ ကျိုးပိုယုသည် မြေပေါ်တွင် ဒူးထောက်ကာ ခေါင်းငုံ့ထား၏။ ဤအမျိုးသမီးသည် သူမ၏ ပေါင်နှင့် ဖင်ကို ရှမ့်လန် မြင်အောင် တမင်တကာ ပြသခဲ့ခြင်း ဖြစ်သည်။
ချင်ဘုရင်ကဲ့သို့ ကြမ်းတမ်းသည့် စိတ်ဆန္ဒကို ပိုင်ဆိုင်သည့် လူတစ်ယောက်အနေနှင့် သူ့မိန်းမ၏ ဖင်ကို တခြားသော ယောက်ျားတစ်ယောက်က မြင်တွေ့သွားပါက ကျိန်းသေပေါက် ထိုသူကို သတ်ဖြတ်ပစ်မှာ အသေအချာပင်။
သို့ပေမည့် ရှမ့်လန်၏ တုံ့ပြန်မှုက ပိုမို၍ မြန်ဆန်သည်။ သူမ စကတ်ကို မ မရသေးခင်မှာပဲ ခန္ဓာကိုယ်ကို တဖက်လှည့်ကာဖြင့် ရှောင်ရှားပြီးဖြစ်သည်။ ထို့ကြောင့် ဤအမျိုးသမီး၏ ရက်စက်ကြမ်းကြုတ်မှုသည် မအောင်မြင်ခဲ့ချေ။
ချင်ဘုရင်သည် တကူးတက ကြည့်နေစရာ မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် လော့ရန်၏ အတွင်းဘက်ပေါင်တွင် မွေးရာပါ သွေးနီရောင် မှဲ့သုံးခုရှိကြောင်း သိရှိပြီးသား ဖြစ်၏။
“ဒါက အရှင်မင်းကြီးရဲ့ မိဖုရားဆီမှာ ရှိနေတဲ့ မွေးရာပါ အမှတ်တွေပါပဲ။ ဒါ ကျွန်မအစ်ကိုမှာလည်း ဒါတွေ ရှိပါတယ်။ ဒါပေမဲ့ သူကတော့ ဘယ်ဘက်ခြမ်းမှာပါ” လော့ရန်က ပြောလိုက်သည်။
ပြီးနောက် တာအိုဘုန်းကြီး ကျိုးပိုယုသည် သူ၏ ညာဘက်ပေါင် အတွင်းဘက်ပိုင်းကို လှန်ကာ ပြလိုက်၏။ လော့ရန်၏ မွေးရာပါအမှတ်နှင့် တူညီသည့် အရာမျိုးကဲ့သို့ပင်။ ထို့အပြင် အနီရောင်လည်း ဖြစ်လို့နေ၏။
ရှမ့်လန်သည် ထိုအရာမှာ အတုဖြစ်ကြောင်း မြင်လိုက်ရုံဖြင့် သိရှိ၏။ ထို့အပြင် ဤမှဲ့သုံးခုသည် မှဲ့များ မဟုတ်ချေ။ သေးငယ်သည့် သွေးအကြိတ်ထုံး လုံးလေးများသာ ဖြစ်ပြီး လွယ်လွယ်ကူကူ ပြုလုပ်၍ ရသည့်အရာမျိုးပင်။
သို့ပေမည့် ချင်ဘုရင်က ထိုအရာကို နားမလည်ချေ။ ထိုအရာမှာ သဘာဝအတိုင်းဖြစ်သည်ဟုသာ ခံစားမိ၏။ ထိုနှစ်ယောက်တို့သည် တူညီသည့် မွေးရာပါအမှတ်များ တည်ရှိနေ၏။ ထို့ကြောင့် ကျိန်းသေပေါက် မောင်နှမ များသာ ဖြစ်ပေလိမ့်မည်။
ဟုတ်ပေ၏။ ချင်နိုင်ငံတော်မှ လူများ၏ နေထိုင်မှုပုံစံသည် အလွန်ပင် ရှုပ်ထွေးလွန်း၏။ မောင်နှမများဖြစ်သည် ဆိုလျှင်တောင်မှ အပြစ်ကင်းစင်မှုကို သက်သေပြ၍ မဖြစ်နိုင်ချေ။ သို့ပေမည့် အနည်းဆုံးအားဖြင့် ကျိုးပိုယုသည် လော့ရန် ချည်ထိုးပေးထားသည့် ဘောင်းဘီဝတ်စုံကို ဝတ်ဆင်ခြင်းဆိုသည်မှာ သာမန်ပင် ဖြစ်၏။ ထိုအရာနှင့် ဤလူနှစ်ယောက်တို့သည် အချစ်နယ်ကျွံလျက် ရှိနေသည်ဟု စွပ်စွဲ၍မဖြစ်နိုင်ပေ။
သို့ပေမည့် ချင်ဘုရင်သည် ထိုကိစ္စကို လွယ်လွယ်ကူကူနှင့် လက်လွှတ်ထားလိမ့်မည် မဟုတ်ချေ။ သူ၏ နှလုံးသားထဲတွင် အကြိတ်အခဲတစ်ခု ဖြစ်တည်နေခဲ့၏။ ယခုအချိန်မှာတော့ သူသည် တွေဝေငေးငိုင်လို့ နေ၏။ လော့ရန်နှင့် ကျိုးပိုယုတို့သည် အချစ်နယ်ကျွံနေကြောင်း သူ သက်သေ မပြနိုင်ချေ။ ထို့အတူ ဤနှစ်ယောက်တို့ အပြစ်ကင်းစင်သည်ဟုလည်း သက်သေမပြနိုင်ချေ။
ရုတ်တရက် လော့ရန်က အေးစက်စက် ပြောလိုက်၏။ “ဆရာရှမ့်လန်... ကျွန်မရဲ့အစ်ကိုက ဒီဝတ်စုံကို ဝတ်ဆင်ထားတယ်ဆိုတာကို ရှင် ဘယ်လိုသိတာလဲ”
ရှမ့်လန်က ပြန်ပြောလိုက်သည်။ “တစ်စုံတစ်ယောက်က ကျုပ်ကို ပြောခဲ့တာပဲ။ ခင်ဗျားတို့ နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းကို ဘယ်သူမှ မသိဘူးလို့ ထင်နေတာလား”
လော့ရန်က ခွန်းတုံ့ပြန်လိုက်၏။ “ကျွန်မကို လာပြီး ချောက်ချမနေနဲ့။ ရှင့်ကို ကျွန်မ ထပ်မေးမယ်။ စုကလန်က သေသေချာချာ သတင်းပို့ခဲ့ပြီးပြီ။ ချင်နိုင်ငံတော်က လူတွေ ဘုံကျောင်းမီးရှို့အောင် စနက်တံ မီးရှို့ခဲ့တာ ရှင့်ပဲတဲ့။ ဒီကိစ္စက ရှင့်ရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေပဲ မဟုတ်လား”
ဤအမျိုးသမီးသည် ကျိန်းသေပေါက် ရှမ့်လန်ကို ကိုက်ခဲရန် ကြိုးစားလျက် ရှိနေ၏။ သေသည်အထိ ကိုက်ခဲကာ လွှတ်ပစ်ရန် ပြင်ဆင်ထားခဲ့သည်။
ရှမ့်လန်က ပြန်လည်ကာ ပြောဆိုလိုက်၏။ “အင်း... ဒါ အမှန်ပါပဲ”
လော့ရန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ဒီလူ ဝန်ခံနေပြီ။ သူက ချင်ပြည်နယ်ရဲ့ သံတမန်တွေကို သတ်ဖြတ်ပစ်ရဲတယ်။ အရှင်မင်းကြီး... ကျေးဇူးပြုပြီး သူ့ကို အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပေးပါ”
ချင်ဘုရင်၏ စိတ်တစ်ခုလုံးသည် ဒေါသတရားများနှင့် ပြည့်နှက်လျက် ရှိနေတုန်းပင်။ သို့ပေမည့် ထိုဒေါသကို မည်သည့်နေရာသို့ ပုံချရမှန်း မသိချေ။ လော့ရန်၏ စကားကိုကြားသည့်အချိန်မှာတော့ သူ သတိရသွား၏။
ရှမ့်လန်ကို သူ အရင်တုန်းက ဤအကြောင်းအရာကို မေးခဲ့ဖူး၏။ ရှမ့်လန်ကလည်း ထိုအရာများမှာ သူ၏ ဇာတ်လမ်းဇာတ်ကွက်များ ဖြစ်ကြောင်း ကြိုတင်ကာ ပြောကြားခဲ့ပြီးသား ဖြစ်လေ၏။ ချင်ဘုရင်၏ သံတမန်များ၏ သေဆုံးခြင်းသည် သူ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းကိုပင် ဝန်ခံခဲ့၏။ ထို့ကြောင့် ချင်ဘုရင်သည် ရှမ့်လန်၏ နောက်လိုက်ဖြစ်သော ရှမ့်ဆယ့်သုံးနှင့် ဟွမ်ဖန်တို့ကို သတ်ဖြတ်ချင်ခြင်းသာ ဖြစ်သည်။
အဆုံးမှာတော့ ရှမ့်လန်သည် အလွန်ရက်ရောလွန်းသည့် လက်ဆောင်များကို အသုံးပြုပြီး ထိုနှစ်ယောက်ကို သေတွင်းမှ ကယ်တင်သွားခဲ့၏။ ထို့အပြင် ချင်ဘုရင်သည် တကယ့်ကို လောဘကြီးသည့် လူတစ်ယောက် ဖြစ်၏။ လက်ရှိအချိန်တွင် အကြောင်းအရာသည် နောက်တစ်မျိုးသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
ချင်ဘုရင်သည် အေးစက်စက် ပြောလိုက်သည်။ “ရှမ့်လန်... မင်း ချင်နိုင်ငံတော်ရဲ့ သံတမန်တွေကို သတ်ဖြတ်အောင် ဇာတ်လမ်းဇာတ်ကွက် ဆင်ခဲ့တယ်။ မင်း သေချင်နေတာလား။ ဘာကြောင့်လဲ။ မင်း ငါ့ကို ဖြေရှင်းချက် ကောင်းကောင်း မပေးဘူးဆိုရင် ဒီနေရာကနေ အသက်ရှင်ရင် ထွက်သွားဖို့ စဉ်းတောင် မစဉ်းစားနဲ့”
ရှမ့်လန်သည် စိတ်ထဲ၌ကြိတ်ကာ ဆဲဆိုလိုက်၏။ ဤချင်ဘုရင်သည် တကယ့်ကို အကျိုးအကြောင်း မဆီလျော်ချေ။ ထို့အပြင် အောက်ခြေစည်းမျဉ်းဟူ၍လည်း မရှိချေ။ စောနကလေးတင် အရာအားလုံး ပြီးဆုံးသွားခဲ့ပြီဟု ပြောဆိုခဲ့ပြီး ဖြစ်၏။ အမူအကျင့်နှင့် စိတ်ဓာတ်သည် ခွေးတစ်ကောင် ထက်ပင် မြန်မြန်ဆန်ဆန် ပြောင်းလဲလို့နေ၏။
သူ့အနေနှင့် ချင်ဘုရင်ကို ဆက်လက်ကာ သိမ်းသွင်းရမည်လား။ မဖြစ်နိုင်ချေ။ ကြမ်းတမ်းရက်စက်လွန်းသည့် ဝံပုလွေတစ်ကောင်ကို သိမ်းသွင်းမွေးမြူ၍ မဖြစ်နိုင်ချေ။ တစ်ဖက်လူကို သတ်ဖြတ်ခြင်းကသာလျှင် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... ကျုပ် ဒီကိစ္စကို လုပ်ခဲ့တယ်ဆိုတာက ရည်ရွယ်ချက်တစ်ခု ရှိပါတယ်။ ဒါက စုကလန်ကို ဖျက်ဆီးပစ်ဖို့ပါပဲ။ ပြီးတော့ သူတို့အစား ကျုပ် နေရာယူချင်လို့ပဲ။ ပြီးတော့ ချင်နိုင်ငံ နဲ့ ရွှဲ့ပြည်နယ်ကြားမှာ ရှိနေတဲ့ နိုင်ငံရေးအရ ဆက်ဆံမှုအားလုံးကို ကျုပ်က မောင်ပိုင်စီးချင်ပါတယ်”
ချင်ဘုရင်၏ မျက်လုံးသူငယ်အိမ်လေးများသည် ကျုံ့ဝင်သွားခဲ့၏။ သူ ဤအကြောင်းအရာကို လက်ခံ၏။ သို့ပေမည့် သူသည် စုကလန်နှင့် ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်လျက် ရှိနေ၏။ အဘယ်ကြောင့် ပြောင်းလဲရ မည်နည်း။
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... စုကလန်က နှစ်စဉ်နှစ်တိုင်း ခင်ဗျားကို ငွေကြေးတွေ ပေးနေတယ်ဆိုတာ ကျုပ်သိပါတယ်။ ကျုပ်တို့ ကျင်းမိသားစုကလည်း ပေးနိုင်ပါတယ်။ ဒါတင်မကဘူး ကျုပ်တို့ ကျင်းမိသားစုက သူတို့ထက် ပိုပြီး ပေးနိုင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ရွှေဒင်္ဂါး တစ်သိန်းတိတိကို ပေးနိုင်တယ်ဆိုရင် လုံလောက်ပြီလား”
ထိုစကားကိုကြားတော့ ချင်ဘုရင်၏ မျက်လုံးများက လင်းလက်သွားခဲ့၏။ စုကလန် တစ်နှစ်တာ ပေးအပ်သည့် အခွန်ငွေကြေးသည် ရွှေဒင်္ဂါး လေးသောင်းမှ ငါးသောင်းနီးပါးခန့်သာလျှင် ရှိ၏။ ချင်ဘုရင် အနေနှင့် တစ်စုံတစ်ခု ပြုလုပ်ပေးရမည့် အချိန်မျိုးတွင်သာလျှင် မျိုးမျိုးမြတ်မြတ် ရရှိတတ်၏။ ဥပမာအားဖြင့် ချင်ဘုရင်၏ လက်ကို အသုံးပြုပြီး ရှမ့်လန်ကိုသတ်ဖြတ်ရန် ငှားရမ်းခဲ့သည့် အခြေအနေမျိုးတွင် ရွှေဒင်္ဂါး တစ်သိန်းတိတိကို လာရောက်ကာ ပေးအပ်ခဲ့သည်။
သို့ပေမည့် ရှမ့်လန်သည် နှစ်စဉ်နှစ်တိုင်း ဆိုသလို ရွှေဒင်္ဂါး တစ်သိန်းတိတိကို ပေးအပ်မည် ဖြစ်ကြောင်း ပြောဆိုနေ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါတင်မကသေးပါဘူး။ ချင်ဘုရင်ရဲ့ အကူအညီကို ကျုပ်တို့ လိုအပ်တဲ့အချိန်မျိုးမှာ စုကလန်ထက် ပိုပြီးရက်ရောတဲ့ အရာမျိုးနဲ့ ပေးဆပ်ပါ့မယ်”
ချင်ဘုရင်သည် အေးစက်စက် ရယ်မောလိုက်၏။ “ငါ မင်းကို ဘယ်လိုယုံရမှာလဲ။ မင်းတို့ ကျင်းမိသားစု အကြောင်းကို ငါ သေသေချာချာ မသိဘူး။ စုကလန်ထက် ပိုပြီးတော့ ဆင်းရဲတယ်မဟုတ်လား”
ရှမ့်လန်က ပြောလိုက်သည်။ “အရူးကြီး.. သယ်ခဲ့တော့”
အရူးကြီးသည် နောက်ထပ် သေတ္တာတစ်ခုကို သယ်ဆောင်လာခဲ့၏။ ရှမ့်လန်က သေတ္တာကို ဖွင့်လိုက်၏။ ပြတင်းပေါက်မှ ကျဆင်းလာသည့် နေရောင်ဘက်ကို လှည့်ကာ ဖွင့်ခြင်း ဖြစ်၏။ ရုတ်တရက် တောက်ပသည့် အလင်းတန်းများသည် အားလုံးသောသူတို့၏ မျက်လုံးများကို စူးကန်းသွားစေလောက် နီးပါးပင်။
ကြီးမားသည့် မှန်ကြီးတစ်ချပ်ပင် ဖြစ်၏။ ၃ မီတာခန့် ရှည်လျားပြီး ၁ မီတာခန့် ကျယ်ပြော၏။
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ဒီမှန်အသစ်အကြောင်းကို ကောင်းကောင်းသိပြီး ဖြစ်မှာပါ”