← Chapters

အပိုင်း (၃၀၃)

Vol. 22 Ch. 303

အပိုင်း (၃၀၃)

Vol. 22 Ch. 303

ရှမ့်လန်သည် မည်သည့်စကားတစ်ခွန်းမှ မဆိုဘဲ ဆေးကို ဇွန်းတစ်ဇွန်းထဲ လောင်းထည့်ကာဖြင့် တစ်ခါတည်း မော့သောက်လိုက်၏။ ရှမ့်လန် အဆိပ်မိ၍ သေဆုံးသွားခြင်း ရှိ၊ မရှိကို အားလုံးသောသူတို့က တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။ ဤအရာမှာ ရှမ့်လန် ဖော်စပ်ထားသည့် စိတ်ငြိမ်ဆေးတစ်မျိုးသာ ဖြစ်၏။ အဘယ်သို့ အဆိပ်ဖြစ်နိုင်မည်နည်း။ ထိုအရာကို သောက်ပြီးသည့်နောက် အနည်းငယ် မူးဝေသွားရုံသာ ရှိ၏။ ရှမ့်လန်သည် အနည်းငယ်ကိုသာ သောက်ခဲ့၏။

၁၅ မိနစ်ခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ ရှမ့်လန်က မေးလိုက်သည်။ “အရှင်မင်းကြီး.. ဒါဆို ရပြီလား”

ချင်ဘုရင်က ခေါင်းညိတ်လိုက်၏။

“အရှင်မင်းကြီး... ဆေးသောက်ချိန်တန်ပါပြီ” ရှမ့်လန်က ပြောလိုက်သည်။

ချင်ဘုရင်က အံ့အားသင့်သွား၏။ ဤကဲ့သို့ ပြောရန် မလိုအပ်ဟုပင် သူက ထင်မှတ်မိ၏။ ပြီးနောက်မှာတော့ သူသည် ဆေးကို ကောက်ယူကာဖြင့် တစ်ကြိုက်တည်း မော့သောက်လိုက်၏။

ရှမ့်လန် ဖော်စပ်ထားသည့် စိတ်ငြိမ်ဆေးသည် ကျိုးပိုယု၏ ဆေးထက် များစွာသာလွန်လျက် ရှိနေသည်။ ထို့အပြင် အထူးပစ္စည်းများလည်း ပါဝင်၏။ ထိုအထဲတွင် ထုံဆေးအာနိသင်သာမက နာကျင်မှုကိုတားဆီးပေးသည့် အစွမ်းသတ္တိများလည်း ပါဝင်သည်။

ချင်ဘုရင်သည် ထိုအရာကို သောက်ပြီးနောက် နာကျင်မှုနှင့် ယားယံမှုတို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ခံစားမိ၏။ အံ့အားသင့်စရာပင်။ တကယ့်ပင် အစွမ်းသက်ရောက်မှု ရှိနေ၏။

ချင်ဘုရင်သည် အလွန် သက်တောင့်သက်သာရှိသော ခံစားမှုကို ရရှိလိုက်၏။ သူက အိပ်ချင်နေသော်လည်း တစ်ချိန်တည်းမှာပဲ လန်းဆန်းတက်ကြွသည့် ခံစားချက်မျိုးကို ရရှိ၏။ သူ၏စိတ်တစ်ခုလုံးက လန်းဆန်းလျက် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာထဲတွင် စိတ်ငြိမ်ဆေးများပါဝင်နေသောကြောင့်ပင်။

ရှမ့်လန်သည် အနည်းငယ်သာ သောက်ခဲ့သောကြောင့် အရေးမကြီးလှချေ။ ထိုအရာက သူ့ကို ဆေးစွမ်းပြလိမ့်မည် မဟုတ်ချေ။ ပြီးနောက် ရှမ့်လန်သည် အလွန်ပင် သေသပ်လှပစွာ ဖန်တီးထားသည့် ပုလင်းတစ်ခုကို ထုတ်ယူလိုက်၏။ ထိုအရာမှာ ရွှေချထားသော ကျောက်စိမ်းပုလင်း တစ်ခုပင် ဖြစ်၏။ ဆေးထည့်ရန် ဤမျှ အဖိုးတန်သော ပစ္စည်းကို အသုံးပြုသည်ဆိုလျှင် အထဲတွင်ရှိနေသည့်ဆေးသည် အံ့ဖွယ်ဆေးတစ်မျိုးသာလျှင် ဖြစ်ရပေလိမ့်မည်။

ချင်ဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ရေကျောက်နှင့် အဖုအပိမ့်များ ထွက်ပေါ်လာခြင်းသည် ထိတ်လန့် ကြောက်ရွံ့ဖွယ်ကောင်းလွန်းသော ရေယုံရောဂါ ကူးစက်ခံထားရခြင်းကြောင့်သာ ဖြစ်၏။ ကျိုးပိုယု သည် ချင်ဘုရင်အား ပြင်းထန်သော ဆေးတစ်ချို့ကို တိုက်ကျွေးခဲ့သောကြောင့် ပိုးသည် လျင်လျင်မြန်မြန်နှင့် စုပုံလာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့ထွက်ပေါ်လာသည့်အချိန်မှာတော့ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းစွာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။

သို့ပေမည့် ကုသမှုမှာတော့ အလွန်ပင် ရိုးရှင်းလွန်း၏။ ခေတ်သစ်တွင် အေဆိုင်ကလိုဗာနှင့် ကယ်လမင်းဆေးများကို သောက်လိုက်လျှင် လုံလောက်ပြီ ဖြစ်၏။ သို့ပေမည့် ဤကမ္ဘာတွင် အေဆိုင်ကလိုဗာ မရှိသော်လည်း တရုတ်ဆေးပညာ၏ ဆေးညွှန်းများစွာတော့ ရှိ၏။ ထို့ကြောင့် ရှမ့်လန်က ဆေးကို ဖန်တီးထားခြင်းပင်။

ထို့အပြင် ရှမ့်လန် ဖော်စပ်ထားသည့် ဆေးဘက်ဝင် လိမ်းဆေးကြီးသည် အလွန်ပင် ထိရောက်၏။ ပို၍ ရှင်းရှင်းလင်းလင်း ပြောရမည်ဆိုလျှင် ချင်ဘုရင်သည် ကုသမှုပင် မလိုအပ်ချေ။ ရက်အနည်းငယ်အတွင်း ပြန်လည်ကာ ကောင်းမွန်လာပေလိမ့်မည်။ ရှမ့်လန်၏ဆေးကြောင့် ပိုမိုလျင်မြန်စွာ ကောင်းမွန်လာခဲ့ပြီး အာနိသင်က ပိုမိုကာ ပြသမှာ ဖြစ်၏။

ရှမ့်လန်သည် လိမ်းဆေးတချို့ကို ထုတ်ယူပြီး အဆိပ်မရှိကြောင်း ပြသရန် လျက်ပြလိုက်၏။ မိနစ်အနည်းငယ် ကြာပြီးသည့်နောက် သူသည် ပိုးသားလက်အိတ်ကို ဝတ်ဆင်ကာဖြင့် ချင်ဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ရေကျောက်များပေါ်သို့ လိမ်းဆေးကို ဖြည်းညင်းစွာ လိမ်းပေးလိုက်သည်။

“ဟူး .....”

အိပ်ပျော်တော့မည့် ချင်နိုင်ငံသည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ‘တကယ့်ကို ဇိမ်ရှိလိုက်တာ။ တကယ့်ကို သက်တောင့်သက်သာ ရှိလိုက်တာ’

ရှမ့်လန်သည် အမှန်ပင် အံ့ဩဖွယ်ရာကောင်းလှ၏။ ဆေးစွမ်း သက်ရောက်မှု ရှိ၊ မရှိကို အနည်းငယ်လောက် စမ်းသပ်လိုက်ရုံနှင့် သိသာသည်။ ထို့အပြင် ချင်ဘုရင်အနေနှင့် အဘယ်သို့ သက်တောင့်သက်သာ မရှိဘဲ နေမည်နည်း။ အထဲတွင် သူဖော်စပ်ထားခဲ့သည့် ဆေးအတွင်း၌ ပူရှိန်းအေးများ ပါဝင်၏။ ထို့ကြောင့် အေးမြပြီး လန်းဆန်းမှုကို ခံစားရစေ၏။

“တကယ့်ကို ဆေးစွမ်းပြပြီ။ ဆေးစွမ်းပြပြီပဲ” ချင်ဘုရင်သည် တီးတိုးရေရွတ်ပြီးသည့်နောက် နှစ်ခြိုက်စွာဖြင့် အိပ်မောကျသွားခဲ့သည်။

“အပြင်ဘက်ကို ထွက်ခဲ့”

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားသည် ရှမ့်လန်အား လေသံတိုးတိုးဖြင့် ပြောလိုက်၏။

ရှမ့်လန်သည် ထိုသူ၏ အနောက်ဆီမှ အခန်းအပြင်သို့ တဖြည်းဖြည်းနှင့် ထွက်ခွာသွားလိုက်သည်။

...............

ပင်မခန်းမဆောင်ထဲမှာတော့ ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “အင်း... ဆရာကြီးရှမ့်.. ကျောက်ရောဂါကို ကုသဖို့ ဆေးတစ်စုံတည်း ရှိတယ်ဆိုတာ အမှန်ပဲလား”

ရှမ့်လန်က ခေါင်းညိတ်ပြလိုက်သည်။

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ဆက်လက်ကာ မေးမြန်းလိုက်၏။ “ဒါဆို ကျောက်ရောဂါ ကူးစက် ခံထားရတဲ့ တခြားသာမန်ပြည်သူတွေကို ကုသလို့ မရတော့ဘူးပေါ့”

ရှမ့်လန်နှင့် ပတ်သက်၍ အာယုထိုင်သည် ယခင်နှင့် လုံးဝမတူညီဘဲ ကွဲပြားသွားသည်ကို သတိပြုမိ၏။ ချင်ဘုရင်၏အရှေ့တွင် အာယုထိုင်သည် အကြမ်းဖက်မှု၊ သွေးဆာမှုများနှင့် ပြည့်နှက်လျက် ရှိနေခဲ့၏။ သို့ပေမည့် ယခု အာယုထိုင်မှာမူ အလွန်တည်ငြိမ်နေ၏။ ဤလူသည် သူ၏ ဖခင်နှင့် တော်တော်လေးကို ကွာခြားလျက် ရှိနေသည်။

ရှမ့်လန်သည် ဆေးလိပ်တစ်လိပ်ကို ထုတ်ယူပြီး မီးခြစ်ကျောက်ဖြင့် မီးညှိကာ အားရပါးရ ရှိုက်သွင်းလိုက်၏။

ချင်နိုင်ငံ၏ အိမ်ရှေ့စံက အံ့အားသင့်သွား၏။ ရှမ့်လန်သည် ဆေးလိပ်တစ်လိပ်ကို ကမ်းပေးလိုက်၏။ သို့ပေမည့် အိမ်ရှေ့စံမင်းသားက ခေါင်းခါပြလိုက်သည်။

‘ဟမ့်.. လူတွေက သံသယလွန်ကဲတာပဲ။ ငါပေးတဲ့ ဆေးလိပ်ကိုတောင် မသောက်ရဲဘူး။ ငါက မင်းတို့ကို ဒုက္ခပေးမယ့်အတိုင်းပဲ။ ကောင်းပြီ။ ငါက မင်းကို အခုမှ တကယ် ဒုက္ခပေးတော့မှာပဲ’

ရှမ့်လန်သည် မီးခိုးကွင်းများကို တစ်ကွင်းပြီးတစ်ကွင်း မှုတ်ထုတ်ကာဖြင့် ဆေးလိပ်ဆက်သောက်နေ၏။ သူ၏ ပုံပန်းသွင်ပြင်သည် တကယ့်ကို အထက်တန်းကျသည့်ပုံ ပေါ်၏။ ရှမ့်လန်၏ ခန္ဓာကိုယ်သည် အားနည်းလွန်း လှချေ၏။ ထို့ကြောင့် ဆေးလိပ်သောက်လျှင် ကျန်းမာရေး ကောင်းမွန်မည် မဟုတ်ချေ။ သို့ပေမည့် သူ့၌ ရွေးချယ်စရာ မရှိချေ။ ချင်နိုင်ငံမှလူများ ဆေးလိပ်စွဲလမ်းစေရန် သူသည် ရှေ့ဆောင် လမ်းပြအဖြစ် ပြုလုပ်ပေးနေရ၏။

အိမ်ရှေ့စံမင်းသားသည် ရှမ့်လန်၏ ဆေးလိပ်အနံ့ကို အနံ့ခံကြည့်ရာ ဆေးရွက်ကြီး အနံ့နှင့် အလွန်ခြားနားလျက် ရှိပြီး သင်းကြိုင်နေသည်ကို သတိပြုမိ၏။ သူသည် စွဲလမ်းတတ်သူတစ်ဦးဖြစ်သောကြောင့် ရှမ့်လန်၏ မီးခိုးငွေ့များမှတစ်ဆင့် ထိုအရာကို လိုက်လံရှူရင်း တကယ်ပင် သဘောကျလို့နေခဲ့သည်။

“ကျောက်ရောဂါ ကူးစက်ခံရတဲ့ တခြားသူတွေကို ကုသလို့မရဘူးဆိုပေမဲ့ ကာကွယ်ပေးလို့ရပါတယ်” ရှမ့်လန်က ပြောလိုက်၏။

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားက မေးလိုက်သည်။ “ဒါ ဘာကို ဆိုလိုတာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ချင်နိုင်ငံက လူတွေရဲ့ ရှစ်ပုံတစ်ပုံလောက်က ကျောက်ရောဂါ ကူးစက်ခံထား ရတယ်။ ကူးစက်ပြီးသားလူတွေရဲ့ ကံကြမ္မာကိုတော့ အလျှော့ပေးလိုက်ရုံပဲ ရှိတာပေါ့။ ဒါပေမဲ့ ကျောက်ရောဂါ မဖြစ်သေးတဲ့လူတွေကိုတော့ ကာကွယ်ပေးလို့ရတယ်။ သူတို့ ဘယ်တော့မှ ကျောက်ရောဂါထပ်ပြီး ဖြစ်မှာ မဟုတ်ဘူး”

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားသည် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ “ဆရာကြီးရှမ့် ဆိုလိုတာက ချင်နိုင်ငံကို ကျောက်ရောဂါ ခြိမ်းခြောက်မှုကနေ ထာဝရ ကယ်တင်နိုင်မယ့် နည်းလမ်းရှိတယ်လို့ ပြောချင်တာလား”

သူသည် စိတ်လှုပ်ရှားမှုကို မည်သို့မှ မထိန်းချုပ်နိုင်တော့ချေ။

ကျောက်ရောဂါဆိုသည်မှာ ချင်နိုင်ငံအတွက် သေမင်းကြီးတစ်ပါးနှင့် ဆင်တူ၏။ နှစ်စဉ်နှစ်တိုင်းဆိုသလို ထိုသေမင်းက ရောက်ရှိလာခဲ့ပြီး မရေတွက်နိုင်သည့် အသက်ပေါင်းများစွာကို ခုတ်ပိုင်းရိတ်သိမ်းသွားလေ့ ရှိသည်။

ကျွန်တစ်ဦးဖြစ်စေ၊ တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်စေ အရေးမကြီးချေ။ ကြောက်မက်ဖွယ်ရာကောင်းသည့် ကျောက်ရောဂါ၏ရှေ့တွင် အားလုံးသောသူတို့သည် တန်းတူညီမျှမှုကို ခံစားရ၏။

အာယုထိုင်၏ အစ်ကိုကြီးနှင့် သူ၏ညီတချို့တို့သည် ကျောက်ရောဂါဖြင့် သေဆုံးသွားခဲ့ကြသည်။

“ဟုတ်တယ်”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် ချင်နိုင်ငံကို ကျောက်ရောဂါကနေ လုံးဝ ကယ်တင်ပေးနိုင်တယ်။ အလုပ်ဖြစ်၊ မဖြစ်တော့ စမ်းကြည့်မှ သိမှာပဲ။ ကျောက်ရောဂါ မဖြစ်သေးတဲ့ ကျွန်အနည်းငယ်ကို ရှာပြီး ကျုပ်ကိုပေး။ ကျုပ် သူတို့ကို ကာကွယ်လို့ရအောင် ဖန်တီးပြီးတော့ ကျောက်ရောဂါသည်တွေရဲ့ အထဲ ထည့်လိုက်မယ်။ သူတို့သာ ကျောက်ရောဂ ါမဖြစ်ဘူးဆိုရင် ကျုပ်ပြောတဲ့အတိုင်း အမှန်ဖြစ်ပြီပေါ့။ ဒါဆိုရင် ကျုပ်က ဒီရောဂါကို ကောင်းကောင်းကြီး ကာကွယ်ပေးနိုင်ပြီ။ တကယ်လို့ ကျုပ်သာ ဒါကို အောင်မြင်အောင် မလုပ်နိုင်ဘူးဆိုရင် ခင်ဗျား ကျွန်တော့်ရဲ့ခေါင်းကို ဖြတ်ပစ်နိုင်တယ်”

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားသည် ချက်ချင်းပဲ ဦးညွှတ်လိုက်သည်။ “ဒီလိုသာဆိုရင် ချင်နိုင်ငံက ဆရာကြီးရှမ့်ရဲ့ ကျေးဇူးကြွေးကို ဘယ်တော့မှ မမေ့ပါဘူး”

ရှမ့်လန်သည် အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ စောဏကလေးတင် တစ်ခါတည်း သတ်ပစ်မည်ဟု အော်ဟစ် ပြောခဲ့သည် မဟုတ်ပါလား။ လျှာကိုထုတ်၊ လက်ကို ဖြတ်ပစ်မည်ဟုပင် ခြိမ်းခြောက်ခဲ့သေး၏။

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားသည် အပြစ်ရှိသော လေသံဖြင့် မဝံ့မရဲ ပြောလိုက်သည်။

“ကျုပ် ခမည်းတော် ရှေ့မှာ အကြမ်းဖက်တဲ့ပုံစံကို ဟန်ဆောင်ပြီး နေရပါတယ်။ ဆရာကြီးရှမ့် ကျုပ်ကို မရယ်မောဖို့ မျှော်လင့်မိပါတယ်”

ရှမ့်လန်သည် တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်၏။ ဤအိမ်ရှေ့စံမင်းသားသည် လုံးဝ မရိုးရှင်းချေ။ သူ၏ ဖခင်ထက်တော့ အထင်ကြီးဖွယ်ကောင်း၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဘာပဲပြောပြော ချင်ဘုရင်ကို အရင်ဆုံး ကုသလိုက်ကြရအောင်”

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “ခင်ဗျားက ချင်နိုင်ငံက ပြည်သူပြည်သားတွေရဲ့ ခန္ဓာကိုယ် ထဲမှာ ကာကွယ်ဆေးတစ်မျိုးကို ထည့်သွင်းပေးမယ်ဆိုရင် သူတို့က ဘယ်တော့မှ ကျောက်ရောဂါရဲ့ ခြိမ်းခြောက်မှုကို မခံရတော့ဘူးပေါ့။ ဒါဆိုရင် ကျင်းမိသားစုက ချင်နိုင်ငံအတွက်တော့ အကောင်းဆုံး မိတ်ဆွေတွေ ဖြစ်လာမှာပါ”

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်တို့ မျိုးနွယ်က စုမျိုးနွယ်အစား ရွှဲ့ပြည်နယ်အတွက် တစ်ဦးတည်းသော မိတ်ဖက်ဖြစ်လာနိုင်မှာလား”

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားသည် ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။ “အင်း.. သူတို့ကို လုံးဝ အစားထိုးပစ်လိုက်ဖို့တော့ ခက်ခဲတယ်။ ကျုပ် ပြောလို့မရတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်”

ဆိုလိုသည်မှာ သူ၏ဖခင်သည် အာဏာရှိနေသေး၏။ သူ၏ဖခင်၏ အာဏာကို သူရရှိသည်ဆိုပါက အရာအားလုံး ကို ညှိနှိုင်းနိုင်သည်ဟူသော အဓိပ္ပာယ်ပင်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း.. ကောင်းကင်ဘုံက မေတ္တာကြီးမားတဲ့အတွက်ကြောင့်မို့လို့ ချင်နိုင်ငံက မရေတွက်နိုင်တဲ့ ပြည်သူတွေသေဆုံးနေတာကို ကျုပ် ဒီအတိုင်း ထိုင်ပြီး ကြည့်မနေနိုင်ပါဘူး။ ကျုပ် ချင်နိုင်ငံမှာ ရှိနေတဲ့ ကျောက်ရောဂါကပ်ဘေးကို ကယ်တင်ပေးဖို့ စိတ်ဆန္ဒ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ခြွင်းချက် နှစ်ချက် ရှိတယ်”

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “အင်း... ကျေးဇူးပြုပြီး ပြောပါအုံး”

ရှမ့်လန်က ပြောလိုက်၏။ “ပထမဦးဆုံးတစ်ချက်အနေနဲ့ လှောင်အိမ်ထဲမှာ ရှိနေတဲ့ ရွှဲ့ပြည်နယ်သား ကျွန်တွေကို ကျုပ်က အရင်ဦးဆုံး ကာကွယ်ဆေးသွင်းပေးမယ်။ ပြီးတော့ ကျုပ် အဲဒီလူတွေကို ရွှဲ့ပြည်နယ်ဆီ ပြန်ခေါ်သွားခဲ့မယ်”

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “ကောင်းပြီ”

ကျွန်တစ်ထောင်မျှသာ ဖြစ်သောကြောင့် တန်ဖိုးကြီးစွာ မရှိလှချေ။

ရှမ့်လန်က ပြောလိုက်၏။ “ဒုတိယအချက်အားဖြင့် ချင်နိုင်ငံရဲ့ နယ်မြေပေါ်မှာ ကျုပ် ဘုံကျောင်းတစ်ကျောင်း အမြန်ဆုံး ဆောက်ချင်တယ်”

ဤသည်မှာ ရှမ့်လန်၏ တာဝန်တစ်ခုလည်း ဖြစ်၏။ ပထမတာဝန်သည် ချင်ဘုရင်အား တောင်းပန်ဝန်ခံလွှာ ရေးခိုင်းခြင်းဖြစ်ပြီး ဒုတိယတာဝန်မှာတော့ ချင်နိုင်ငံတွင် ဘုံကျောင်းတစ်ခု တည်ဆောက်ရန်ပင် ဖြစ်၏။ ပထမတာဝန်က ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။

ချင်လူမျိုးများသည် ရွှဲ့ပြည်နယ်၏ မြင့်မြတ်သော ဘုံကျောင်းကြီးကို မီးရှို့ခဲ့၏။ ဤသည်မှာ ရွှဲ့ပြည်နယ် အတွက်တော့ ကြီးမားသည့် အရှက်တရားနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့ခြင်းပင် ဖြစ်၏။

မည်ကဲ့သို့ ပြန်လည်ကာ ကုစားမည်နည်း။ ချင်နိုင်ငံအား ဖျက်ဆီးပစ်ရန် တပ်များကို စေလွှတ်မည်လား။ ဤသည်မှာ အလွန်ခက်ခဲပြီး ပြုလုပ်၍ ရနိုင်သည့်ကိစ္စရပ်မျိုး မဟုတ်ချေ။ ပေးဆပ်ရမည့်တန်ဖိုးမှာ အလွန် ကြီးမားသောကြောင့်ပင်။

ထို့ကြောင့် ချင်နိုင်ငံတော်တွင် မြင့်မြတ်လွန်းသော ဘုံကျောင်းတစ်ခုကို တည်ဆောက်ပြီး သူတော်စင်တို့၏ အရှိန်အဝါ ရောင်ခြည်များကို လူရိုင်းတို့၏ ခန္ဓာကိုယ်ပေါ်သို့ ထွန်းလင်းတောက်ပစေရမည်။ ဤအရာမှာ အကောင်းမွန်ဆုံးသော နည်းလမ်းပင် ဖြစ်၏။ ထိုအရာနှင့် အရှေ့တိုင်းယဉ်ကျေးမှု တစ်ခုလုံး၏ ဂုဏ်သိက္ခာကို ပြန်လည်ကာ ကုစားပေးနိုင်ပေလိမ့်မည်။

ရှမ့်လန်သည် ဤအခြေအနေနှစ်ခုကို ဖြည့်ဆည်းပေးနိုင်သည်နှင့် တပြိုင်နက် သူ၏ ယောက္ခမကြီးသည် ရွှမ်ဝူနယ်စားကြီးဘွဲ့ကို လက်ခံရရှိမှာ ဖြစ်ပြီး နုရှောင့်မြို့ကလည်း ကျင်းမိသားစု တရားဝင်ပိုင်ဆိုင်ရာ ဖြစ်လာပေလိမ့်မည်။ ဘုရင်မင်းမြတ်သည် ဤအရာကို ကိုယ်တိုင်ကိုယ်ကျ သဘောတူညီခဲ့သည် မဟုတ်ပါလား။

သို့ပေမည့် ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားသည် ထိုအရာကို ကြားသည့်အချိန်မှာတော့ မည်သို့မှမနေနိုင်ဘဲ ထ၍ ခုန်လုမတတ်ပင် ဖြစ်သွားခဲ့၏။ ချင်နိုင်ငံတွင် ဘာသာရေးတစ်ခုတည်းသာ ရှိနေပြီး ထိုအရာက ကောင်းကင်ဘုံ၏ နတ်ဘုရားများသာ ဖြစ်၏။ သူတို့သည် မြင့်မြတ်သော နှင်းတောင်နတ်ဘုရားကျောင်းကိုသာ ကိုးကွယ်၏။ ယခု ရှမ့်လန်သည် ချင်နိုင်ငံထဲတွင် ဘုံကျောင်းတစ်ခုကို တည်ဆောက်စေလို၏။ မည်သို့ ဖြစ်နိုင်မည်နည်း။

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားသည် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။ “ချင်နိုင်ငံက လူတွေကို ကယ်တင်တာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘုံကျောင်းတစ်ခု တည်ဆောက်ပေးရတာ ကျုပ်အတွက် သိပ်ပြီး အရေးကြီးတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ချင်နိုင်ငံက လူတွေက ကောင်းကင်ဘုံရဲ့ နတ်ဘုရားကိုသာ ကိုးကွယ်ပြီး ဒုတိယ ဘုရားသခင်အတွက် သူတို့ရဲ့ စိတ်ထဲမှာ နေရာမရှိပါဘူး”

“ကျုပ် ချင်နိုင်ငံထဲမှာ ဘုံကျောင်းတစ်ခု တည်ဆောက်ပေးခဲ့တယ်ဆိုရင်တောင် ဒါက မီးရှို့ခံရတာပဲဖြစ်ဖြစ်၊ လူတွေက ပုန်ကန်ပြီး ဖျက်ဆီးတာပဲဖြစ်ဖြစ် ဖြစ်လာမှာပဲ။ ကျုပ် ဒါကို သဘောမတူနိုင်ဘူး။ ကျုပ် သဘောတူပြီး ခမည်းတော် သဘောတူပြီးရင်တောင်မှ ချင်နိုင်ငံက လူတွေက သဘောတူမှာ မဟုတ်ဘူး။ ဒါကို လုပ်လို့မဖြစ်ဘူး။ ဒါကို လုံးဝ လုပ်လို့မဖြစ်ဘူး”

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားက အမှန်အတိုင်း ပြောနေခြင်း ဖြစ်၏။ ဤသည်မှာ ချင်နိုင်ငံ၏ ဘာသာတရားနှင့် သက်ဆိုင်နေ၏။ ထို့ကြောင့် တော်ဝင်မိသားစု သဘောတူလျှင်ပင် လူပေါင်းများစွာတို့က သဘောတူလိမ့်မည် မဟုတ်ချေ။

အလယ်ခေတ်တွင် ဥရောပ၏ ဘုရင်တစ်ပါးသည် ဗုဒ္ဓဘာသာဝင်ဖြစ်လာရန်အတွက် မြို့တော်အတွင်းတွင် ဗုဒ္ဓဘုရားကျောင်းတစ်ခုကို တည်ဆောက်ရန် တောင်းဆိုခဲ့သကဲ့သို့ပင်။ မည်သို့ ဖြစ်နိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတွင်းရှိ ဘုရင်အားလုံးတို့သည် ပုပ်ရဟန်းမင်းကြီးမှ သရဖူဆောင်းပေးခဲ့ခြင်း ဖြစ်သောကြောင့်ပင်။ ဘာသာ သာ ပြောင်းရဲသည်ဆိုပါက ကျိန်းသေပေါက် လောကကြီးတစ်ခုလုံး လှုပ်ခတ် သွားပေလိမ့်မည်။

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ် အိမ်ရှေ့စံမင်းသားကို နန်းတော်နှင့် မနီးမဝေး ကွက်လပ်တစ်ခုမှာ အိမ်ကြီးတစ်လုံး ဆောက်ပေးဖို့ တောင်းဆိုလို့ရမလား။ ဘုံကျောင်းလည်း မဟုတ်ဘူး။ အထဲမှာ ရုပ်ထုတွေလည်း မရှိဘူး။ ချင်နိုင်ငံကလူတွေကို ကုသဖို့အတွက် အဲဒီနေရာကို ကျုပ် အသုံးပြုပေးမယ်”

ပြီးနောက် ရှမ့်လန်က တစ်ဆက်တည်း ပြောလိုက်သည်။ “ခင်ဗျား ဒီအခြေအနေကိုမှ သဘောမတူနိုင်ဘူးဆိုရင် ချင်နိုင်ငံကို ကယ်တင်ပေးဖို့ ကျုပ်နဲ့ ဆွေးနွေးစရာ မလိုတော့ဘူး”

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်၏။ “အင်း... ကျုပ် ဒါကို အဖေ့ဆီကို တင်ပြပေးပါ့မယ်။ ဒီကိစ္စကတော့ ဖြစ်နိုင်လောက်ပါတယ်”

ချင်ဘုရင်သည် အမှန်တကယ်ပင် ကောင်းမွန်စွာ အိပ်စက်ခဲ့လ။ ၁၂ နာရီမှ ၁၄ နာရီအပြည့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခဲ့၏။ နိုးထလာသည့်အခါမှာတော့ ခန္ဓာကိုယ်တစ်ခုလုံးသည် စွမ်းအင်များနှင့် ပြည့်နှက်နေသကဲ့သို့ပင် ခံစားနေ၏။ သူက ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ရှေ့တွင် မှန်ကြီးတစ်ချပ် ရှိပြီး အရာအားလုံးကို သူက မှန်ထဲမှ ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အဖုအပိန့်များ၏ သုံးပုံတစ်ပုံက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး မနေ့ကနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ပုံမှန်သွင်ပြင်မှာ အနည်းငယ် ပိုမိုကာ ကောင်းမွန်လာခဲ့၏။ ထို့အပြင် သည်းမခံနိုင် လောက်သည့် ယားယံမှုလည်း မရှိတော့ပေ။ သူသည် ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားမိ၏။

“ကောင်းတယ်၊ ကောင်းလိုက်တာ”

သူသည် ရှမ့်လန်၏ ပခုံးကိုပုတ်ကာ ဆိုလိုက်သည်။ “မင်းက တကယ့်ကို အံ့ဖွယ်သမားတော် တစ်ဦးပဲ။ အံ့ဖွယ်ဆေးကိုလည်း သုံးနိုင်တယ်။ ဒီလို ပြင်းထန်လွန်းတဲ့ ကျောက်ရောဂါကို မြန်မြန်ဆန်ဆန် ကုသနိုင်ခဲ့တာပဲ”

ရှမ့်လန်က ပြောလိုက်၏။ “အရှင်းပျောက်ဖို့ ဆယ်ရက်လောက် ကျန်ပါအုံးမယ်။ ဒါပေမဲ့ ပျောက်ကင်းဖို့ဆိုတာ စိတ်ပူစရာမလိုပါဘူး”

ချင်ဘုရင်က ရယ်မောလိုက်သည်။ “အင်း.. ဒီလိုဆိုရင်တောင်မှ အထင်ကြီးစရာ ကောင်းနေပါပြီ”

အိမ်ရှေ့စံမင်းသား အာယုထိုင်နှင့် မိန်းမစိုးအိုကြီး၊ ထို့အပြင် လူရိုင်းဆန်လွန်းသည့် သမားတော်ကြီး နှစ်ယောက်တို့သည် ရှမ့်လန်မှာ အလွန်အံ့ဩစရာကောင်းသည့် လူတစ်ယောက် ဖြစ်ကြောင်း ခံစားလိုက်မိကြ၏။ ပြင်းထန်လွန်းသော ကျောက်ရောဂါသည် ကျိန်းသေပေါက် သေဆုံးမည့် အရာမျိုး ဖြစ်၏။ သို့ပေမည့် ရှမ့်လန်သည် ထိုအရာကို အမှန်တကယ်ပင် ကုသပေးနိုင်ခဲ့၏။ အံ့ဖွယ် သမားတော်တစ်ယောက်ပင် ဖြစ်၏။ ကျွမ်းကျင်မှုက ဩချလောက်၏။

ပြီးနောက် ချင်ဘုရင်သည် ယိမ်းယိုင်သွားသည်။

“ငါ ဘာလို့ ဒီလိုမူးပြီး တစ်ကိုယ်လုံး ပူနေရတာလဲ။ ငါ့အဖျားက ပိုပြီး ဆိုးလာတာလား”

လူရိုင်းဆန်သော သမားတော်များသည် ရှေ့ဆီသို့ လှမ်းတက်ပြီး ချင်ဘုရင်၏ နဖူးကို ဂရုတစိုက်နှင့် ကိုင်ကြည့် လိုက်၏။ အဖျားသည် တကယ့်ကို ပြင်းထန်လျက် ရှိနေ၏။ အဘယ်သို့ မဆိုးရွားဘဲ နေမည်နည်း။ ရေယုန်ပိုး၏ လက္ခဏာတစ်ခုသည် အဖျားကြီးခြင်း ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည် “အရှင်မင်းကြီး... ကျုပ်ရဲ့ အံ့ဖွယ်ဆေးက ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ကျောက်ရောဂါနဲ့ အပြင်းအထန် တိုက်ပွဲဝင်နေတာလေ။ တိုက်ပွဲက ပြင်းထန်လေ အဖျားက ပိုပြီး ကြီးလေပဲ”

ချင်နိုင်ငံမှ သမားတော်များသည် ဤသဘောတရားကို နားလည်ကြ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒါကြောင့် အဖျားကြီးတယ်ဆိုတာက သိပ်ပြီး အရေးကြီးတဲ့ ကိစ္စရပ်မျိုး မဟုတ်ဘူး။ ကျောက်ရောဂါ ကုသမှုကိုလည်း ထိခိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဖျား အရမ်းကြီးလာပြီ ဆိုရင်တော့ .....”

“ဘာဖြစ်မှာလဲ” ချင်ဘုရင်က မေးလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း ဦးနှောက်အမှေးပါး ရောင်တာတို့၊ မျက်စိကွယ်တာတို့၊ နားမကြားတာတို့ ဖြစ်နိုင်တယ်”

All Chapters