← Chapters

အပိုင်း (၃၀၆)

Vol. 22 Ch. 306

အပိုင်း (၃၀၆)

Vol. 22 Ch. 306

မင်းသမီးအာယုနာနာက တုန်လှုပ်သွားခဲ့၏။ “အရူးကြီး ရှင်ဘာလုပ်တာလဲ။ အခုလား။ ဒီနေရာမှာ လုပ်မှာလား”

အရူးကြီးသည် သူမပြောသည်ကို နားမလည်သော်လည်း ပြန်လည်ကာမေးမြန်းခြင်း မရှိချေ။ သူ၏မိန်းမ အဝတ်အစားများကို တစ်ခါတည်း ချွတ်လိုက်၏။ ပြီးနောက် သူသည် အနူးညံ့ဆုံးသော သဘက်တစ်ခုကို ရှာဖွေပြီး ကျို၍ အအေးခံထားသောရေနွေးနွေးဖြင့် သူ့မိန်းမ၏ ခန္ဓာကိုယ်တစ်ခုချင်းစီတိုင်းကို သုတ်သင်ပေးလျက် ရှိနေသည်။

ဤအချိန်မှာတော့ အာယုနာနာသည် တကယ့်ကို ဆိုးဝါးစုတ်ပြတ်လျက်ရှိနေသော အခြေအနေမျိုးတွင် ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ခန္ဓာကိုယ်တွင် ကျောက်ပေါက်မာ၊ ရေကျောက်များနှင့် ဖုံးလွှမ်းလျက် ရှိနေသောကြောင့်ပင်။ ထိုအပြင် အဖျားကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက နီရဲလို့နေ၏။

သို့သော်ငြား အရူးကြီး၏ မျက်လုံးထဲမှာတော့ သူမ၏ ခန္ဓာကိုယ်တစ်ခုချင်းစီတိုင်းသည် ရတနာတစ်ခုကဲ့သို့ပင် ဖြစ်ပြီး ထိုအရာများကို တစ်လက်မချင်းစီတိုင်း ဂရုတစိုက်နှင့် သုတ်သင်ပေးလျက်ရှိသည်။

ဟွမ်ဖန်သည် တကယ်ပင် စိတ်လှုပ်ရှားသွားမိ၏။ ဤမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ သူမ၏ အချစ်စိတ် တို့သည် အပြင်ဘက်သို့ပင် ထွက်ပေါ်လာခဲ့၏။ “ရှမ့်... ကျွန်မရှင့်ကို အရမ်းလွမ်းတာပဲ”

ပြီးနောက် သူမက အလျင်အမြန် ခေါင်းခါလိုက်၏။ ရှမ့်ဆယ့်သုံးကို ရှမ့်ဟုခေါ်၍ မဖြစ်ချေ။ မဟုတ်ပါက ဟိုလူယုတ်မာ ရှမ့်နာမည်ကို ခေါ်သလို ဖြစ်သွားပေလိမ့်မည်။ ဒီတော့ ဆယ့်သုံးဟုခေါ်ရပေလိမ့်မည်။

“ဆယ့်သုံး... ရှင့်ကို အရမ်းလွမ်းတာပဲ”

အာယုနာနာ၏ မျက်လုံးများမှ မျက်ရည်များ လှိမ့်ဆင်းလာ၏။ သူမသည် အရူးကြီးကို တွေဝေငေးငိုင်စွာဖြင့် စိုက်ကြည့်နေမိ၏။

မင်းသမီးနာနာ၏ ခန္ဓာကိုယ်ကို သုတ်သင်ပြီးသည့်နောက် အရူးကြီးသည် သန့်ရှင်းသည့် အဝတ်အစားတစ်စုံကို ယူကာဖြင့် လဲလှယ်ပေးလိုက်၏။ ပြီးနောက် စိုစွတ်သော သဘက်တစ်ထည်ကို ယူကာ သူ့မိန်းမ၏ နဖူးပေါ်သို့ တင်ပေးလိုက်သည်။

ပြီးနောက် သူသည် စတင်ကာဖြင့် ဆေးကို ကြိုချက်တော့၏။ “မိန်းမ... အရူးလေးက ပြောတယ်။ မင်း ရက်အနည်းငယ်အတွင်း ကောင်းသွားလိမ့်မယ်တဲ့။ ငါ့ရဲ့ညီလေးက အရမ်းတော်တယ်။ သူပြောသမျှ အရာအားလုံးက မှန်တယ်”

အရူးကြီးသည် ဆေးကြိုရင်းဖြင့် စိတ်လှုပ်ရှားစွာဖြင့် ပြောနေ၏။ သူသည် ယုံကြည်ချက် လွန်ကဲလျက် ရှိနေသည်။

မင်းသမီးအာယုနာနာသည် အရူးကြီးကိုလှမ်းကာ ကြည့်ရှုရင်းဖြင့် ပြောလိုက်၏။ “ဒီလောကကြီးထဲမှာ ကျွန်မကတော့ ရှင်နဲ့ ဆရာ့ကိုပဲ ယုံတယ်”

မှန်ပေ၏။ နာနာ၏ ဆရာသည် လူများကို ကယ်တင်ရန် သွားခဲ့သည်မှာ သေချာ၏။ ချင်နိုင်ငံ၊ ရွှဲ့ပြည်နယ် သို့မဟုတ် သဲကန္တာရမျိုးနွယ်စု မည်သည့်နေရာတွင်ဖြစ်ဖြစ် ဘေးအန္တရာယ်တစ်ခုခုဖြစ်သည်ဆိုသည့် အသံကြားတိုင်း ဆရာသည် ထိုလူများကို ကယ်တင်ရန်အတွက် အခင်းဖြစ်ပွားခဲ့ရာ တည်နေရာဆီသို့ အပြေးအလွှားဖြင့် သွားလေ့ရှိသည်။

အရေးကြီးဆုံးမှာ သူမသည် အာယုနာနာကို အကြိမ်တိုင်း ခေါ်ဆောင်သွားခဲ့ခြင်းပင်။ ယခု သူမသည် ဆရာ၏ စေတနာနှင့် တန်ဖိုးကို နားလည်သွားခဲ့ပြီဖြစ်၏။ ကျောက်ရောဂါဖြစ်ပြီးသည့်နောက် သူမ၏ ဖခင်သည် သူမကို လာမကြည့်သလို သူမ၏ မိခင်ကလည်း သူမကို လာမကြည့်ခဲ့ချေ။ သူမ၏ အစ်ကိုများထဲမှ တစ်ယောက်မှလည်း သူမကို လာမကြည့်ခဲ့ချေ။

အားလုံးသောသူတို့သည် သူမကို မြွေတစ်ကောင်၊ အဆိပ်ပြင်းသော ကင်းမြီးကောက်တစ်ကောင်ကဲ့သို့ပင် ရှောင်ရှားခဲ့ကြ၏။ သူမသည် လူတိုင်း၏ အမေ့လျော့ခံအဖြစ် ရှိနေခဲ့ရ၏။ အရူးကြီး တစ်ယောက်တည်းသာ သူမ၏ ဘေးနားတွင် အစဉ်အမြဲရှိနေပြီး သူမကို ကာကွယ်ပေး၏။ အင်း .... ပြီးတော့ ဟွမ်ဖန်လည်း ရှိလ၏။ ဟုတ်ပေ၏။ သူမက သိပ်အရေးမကြီးချေ။

နတ်သမီးရွှယ်ရင်သည် အပြင်ဘက်တွင် ရပ်နေသော်လည်း အတွင်းသို့ ဝင်မလာခဲ့ချေ။ သူမ၏ မျက်လုံးများတွင် စိတ်ချမ်းသာမှုများနှင့် ပြည့်နှက်လျက်ရှိ၏။ ပြီးနောက် သူမသည် လေနှင့်အတူ လွင့်ပါးပြီး ပျောက်ကွယ် သွားခဲ့၏။ လူများကို ဆက်လက်ကယ်တင်ရန် ကြိုးစားနေခဲ့ခြင်းပင်။

..............

ချင်ဘုရင်သည် အလွန်လျင်မြန်စွာဖြင့် ပြန်လည်ကောင်းမွန်လာခဲ့၏။ ရှမ့်လန် မျှော်လင့်ထားသည်ထက်ပင် ပိုမိုကာ မြန်ဆန်စွာ ကောင်းမွန်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ တကယ့်ကို အထင်ကြီးလောက်စရာ သန်မာကြံ့ခိုင်လွန်းသောကြောင့်ပင်။

မည်သို့ပင်ဆိုစေကာမူ ချင်ဘုရင်သည် ရှမ့်လန်ကို လုံးဝအသိအမှတ်ပြုခဲ့၏။ မည်ကဲ့သို့ တော်လွန်းသည့် နတ်ဆေးဆရာဖြစ်သနည်း။ တကယ့်ကို တော်လွန်းသူတစ်ယောက်ဖြစ်၏။ ဤလူငယ်သည် တကယ့်ကို အစွမ်းထက်လွန်းသည့် သမားတော်တစ်ယောက်ဖြစ်၏။

ချင်ဘုရင်သည် အလွန်လျင်မြန်စွာ ကောင်းမွန်လာသည်ဆိုသော်လည်း အပြင်ဘက်တွင် ရှိနေသည့် လူပေါင်း များစွာတို့မှာတော့ နေ့စဉ်နှင့်အမျှ သေဆုံးနေခဲ့ကြ၏။ နေ့စဉ် သေဆုံးသူအရေအတွက်သည် တဖြည်းဖြည်းနှင့် ပိုမိုကာ များပြားလာခဲ့၏။ ကျောက်ရောဂါ၏ ဘေးအန္တရာယ်ကပ်ဆိုးကြီးက ပိုမိုကာ ဆိုးရွားလာခဲ့သည်။

နောက်ဆုံးမှာတော့ ချင်ဘုရင်သည် ရှမ့်လန်အား ဘုံကျောင်းတစ်ခု ဆောက်လုပ်ရန် သဘော တူညီပေးခဲ့၏။ ဤဘုံကျောင်းတွင် ဆိုင်းဘုတ် သို့မဟုတ် ရုပ်ထုများ မထားရှိချေ။ ရှမ့်လန်သည် ချင်နိုင်ငံသားများ အတွက် ကျောက်ရောဂါ ကာကွယ်ဆေးများ ဖန်တီးပေးရန်အတွက်သာ အသုံးပြုနိုင်၏။

ရှမ့်လန်က သဘောတူညီလိုက်၏။ ထို့ကြောင့် ချင်ဘုရင်သည် စစ်သည်ငါးထောင်ကို စေလွှတ်ပြီး နှစ်ရက်အတွင်း ဘုံကျောင်းကြီးတစ်ခုကို စတင်ဆောက်လုပ်ခဲ့၏။ ၎င်းသည် စတုရန်းမီတာငါးရာနီးပါးခန့် ကျယ်ဝန်း၏။ တချို့က ထင်ကောင်းထင်ပေလိမ့်မည်။

‘ဒါဘယ်လို ဘုံကျောင်းကြီးလဲ။ ဆောက်တာ ဒီလောက်မြန်ရသလား။ ချင်နိုင်ငံမှာ လျှို့ဝှက်ဆောက်လုပ်ရေး သမားတွေ တည်ရှိနေတာလား’

ဤ ဘုံကျောင်းဟု ခေါ်ဆိုသော အရာသည် အမှန်တကယ်မှာတော့ တဲကြီးတစ်လုံးမျှသာဖြစ်၏။ သစ်သား အများအပြားကို အသုံးပြုကာ တည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး အပေါ်မှ ထူထဲလွန်းသော မိုးကာစဖြင့် ဖုံးအုပ်ထားခဲ့၏။ ဘုံကျောင်းဟု ခေါ်ဆိုခြင်းထက် အခြေခံအဆောက်အဦးတစ်ခု၏ ပထမခြေလှမ်းမျှသာ ဖြစ်လေ၏။

ပြီးနောက် ရှမ့်လန်သည် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲရန်နှင့် ကွန်ဖြူးရှပ်ရုပ်ထုများကို ထားရှိရန် နည်းလမ်းတစ်ခုကို စဉ်းစားရပေလိမ့်မည်။

နောက်တစ်နေ့မှာတော့ ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ မြင်းလှည်းပေါင်းမြောက်များစွာ ရောက်ရှိလာခဲ့၏။ ထောင်ပေါင်းများစွာသော မှန်များ ပါဝင်လာခဲ့ပြီး ထိုအရာများကို ချင်ဘုရင်ထံသို့ ပို့ဆောင်ပေးခဲ့၏။ ချင်ဘုရင်သည် အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့၏။ ဤမှန်သည် ကြီးမားသော ဓနဥစ္စာဖြစ်သောကြောင့် သူသည် ထိုအရာများကို ရောင်းချရန် မနှမြောခဲ့ချေ။ ထို့အတူ ကောင်းမွန်လွန်းသည့် မှန်များကို သိမ်းဆည်းပြီး တခြားသောသူများကို ကြွားဝါရန် စောင့်ဆိုင်းလျက်ရှိသည်။

ကောင်းကင်တာအိုအဖွဲ့အစည်းသည် ကြီးမားလွန်းသည့် သတ္တုတိုင်ကြီးတစ်တိုင်အပြင် များပြားလွန်းသည့် ကြေးနီနှင့် သံချောင်းများကိုလည်း လာရောက်ပို့ဆောင်ပေးခဲ့၏။ ထိုညမှာတော့ ရှမ့်လန်သည် ကျင်းမိသားစု စစ်သည်များကို တစ်ညလုံး အလုပ်လုပ်ခိုင်းကာဖြင့် စတင်ကာ ပြင်ဆင်စေခဲ့၏။

နောက်ရက်အနည်းငယ်အတွင်းမှာတော့ ....

နတ်သမီးရွှယ်ရင်သည် လူများကို နေ့စဉ် ကယ်ဆယ်လျက်ရှိနေတုန်းပင်။ သူမသည် ကျောက်ရောဂါကို မည်ကဲ့သို့ ကုသရမည်ဖြစ်ကြောင်း မသိပေ။ သို့ပေမည့် ရောဂါမကူးစက်သည့်သူများနှင့် ကူးစက်ပြီးသူများကိုတော့ ခွဲခြားနိုင်၏။ ထိုကဲ့သို့သော အရာများကို ပြုလုပ်ရင်း ရောဂါကူးစက်နိုင်ခြေကို လျော့ချပေးနိုင်သည်။

ချင်နိုင်ငံ၏ အိမ်ရှေ့စံ အာယုထိုင်သည် ကူးစက်ခံရသူများကို သတ်ဖြတ်ရန် ကြံစည်ခဲ့သော်လည်း သူမသည် ထိုအရာကို တားဆီးခဲ့၏။ ချင်ဘုရင်သည် သူမကို အလွန်အမင်း စွဲလမ်းချစ်ခင်နေသောကြောင့် သူမ၏ တောင်းဆိုမှုအများအပြားကို မငြင်းဆန်နိုင်ခဲ့ချေ။

နတ်သမီးရွှယ်ရင်သည် ချင်နိုင်ငံတွင် နေထိုင်သည့် လူပေါင်းများစွာတို့၏ မျက်လုံးထဲတွင်တော့ တကယ့်ကို သူတော်စင်မတစ်ပါးပင် ဖြစ်၏။

နောက်ရက်အနည်းငယ် ကြာပြီးနောက် နတ်သမီးရွှယ်ရင်သည် လူများကို ကယ်တင်ရန် နေ့စဉ် အပြင်ဘက်သို့ ထွက်နေဆဲပင် ဖြစ်၏။ သို့ပေမည့် သူမ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် တောင့်တင်းလာခဲ့၏။ လည်ပင်း၏ အောက်ပိုင်းမှ စတင်ကာ ရင်ဘတ်၊ ခါး၊ ဒူးခေါင်း၊ စသဖြင့် တဖြည်းဖြည်း အောက်သို့ ဆင်းသက်လာခဲ့သည်။

ခန္ဓာကိုယ်တစ်ခုလုံးသည် ကျောက်စိမ်းရုပ်ထုတစ်ခုကဲ့သို့ တဖြည်းဖြည်း ပြောင်းလဲသွားသကဲ့သို့ပင်။ သူမသည် လမ်းလျှောက်နိုင်သေးသော်လည်း သူမ၏ လှုပ်ရှားမှုများမှာတော့ အလွန်တရာ နှေးကွေး လေးလံလာခဲ့၏။ လှပသည့် မျက်နှာသည် လုံးဝ အေးခဲတောင့်တင်းနေပြီ ဖြစ်၏။ စကားပြောချိန်တွင် နှုတ်ခမ်းများကို မလှုပ်ရှားနိုင်ချေ။ ကြည့်ရှုရမည်ဆိုလျှင် အလွန်လှပလွန်းသော ရုပ်သေးရုပ်တစ်ရုပ်နှင့်ပင် ဆင်တူ၏။

သူမသည် နေ့စဉ်ရေချိုးဆဲ ဖြစ်သော်လည်း အချိန်ပို၍ ကြာလာခဲ့၏။ သူမသည် ရှမ့်လန်၏ အခန်းထဲတွင် နေထိုင်ဆဲဖြစ်ပြီး အခန်းကိုတော့ နှစ်ခန်းအဖြစ် ခွဲခြားထားခဲ့၏။ တစ်ခါတစ်ရံ နာကျင်မှုကို ခံစားနေရဆဲ ဖြစ်သော်လည်း ယခင်ကလောက် နာကျင်မှုကို မခံစားရတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ခန္ဓာကိုယ်သည် အာရုံခံစားနိုင်စွမ်း လျော့ပါးလာခဲ့သောကြောင့်ပင်။

ရှမ့်လန်သည် နေ့စဉ် သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်၏။ သွေးခုန်နှုန်းက တဖြည်းဖြည်း အားနည်းလာသည်ကို သိရှိ၏။ ထို့အပြင် နှလုံးခုန်သံများကလည်း တဖြည်းဖြည်း ပိုမို၍ တိုးညှင်းလာခဲ့၏။ သူမသည် အသက် ရှင်လျက်နှင့် သေဆုံးနေသည့် လူတစ်ယောက်နှင့် ဆင်တူလာခဲ့၏။ သူမ၏ အသက်ရှင်နိုင်မှုသည် ဆယ်ရက်ပင် မပြည့်တော့ချေ။

“ရှမ့်လန်.. ငါ သေသွားတဲ့အခါကြရင် ငါ့ရဲ့ခန္ဓာကိုယ်ကို မီးရှို့ပေးပါ။ ပြီးတော့ ပြာတွေကို ပင်လယ်ပြင်ထဲကို လွှင့်ပေးပါ”

“ကောင်းပါပြီ” ရှမ့်လန်က ပြန်လည်ကာ ပြောလိုက်၏။

“အင်း.. ပြီးတော့ ငါသေသွားတဲ့အချိန်ကျရင် လှလှလေးပြင်ပေးပါ။ ရုပ်မဆိုးချင်ဘူး”

“ကောင်းပါပြီ” ရှမ့်လန်က ပြန်လည်ကာ ပြောလိုက်ပြန်သည်။

“ကျေးဇူးတင်ပါတယ်” သူမ၏ အသံက အမြဲတမ်း သိမ်မွေ့နူးညံ့လျက်ရှိ၏။ သူမသည် သေခြင်းတရားကို ရင်ဆိုင်ရမည်ဆိုသော်လည်း ကြောက်ရွံ့ခြင်းအလျဉ်းမရှိချေ။ မျက်လုံးထဲတွင် တည်ငြိမ်အေးချမ်းမှုသာ ရှိ၏။ သူမသည် ဤလောကကို စွန့်ခွာသွားရမည်ဆိုသော်လည်း ဘဝတွင် နောင်တတရားဟူ၍ မရှိခဲ့ချေ။

.............

နောက်ဆုံးမှာတော့ မင်းသမီးလေးအာယုနာနာသည် ကျောက်ရောဂါမှ လုံးဝပျောက်ကင်းသွားခဲ့၏။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ကျောက်ပေါက်မာများသည် အမာရွတ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ မျက်နှာပေါ်တွင် အမာရွတ် အနည်းငယ်သာလျှင် ကျန်ရှိခဲ့၏။ သို့ပေမည့် ထိုအရာက သူမ၏ အလှကို မထိခိုက်စေခဲ့ချေ။ သို့ပေမည့် သူမသည် ယခင်ကထက် ပိုမိုကာ တည်ငြိမ်ရင့်ကျက်လာခဲ့၏။

သူမသည် အရူးကြီးကို ယခင်ကထက် ပိုမိုကာ ချစ်လာသည်။ “အရူးကြီး ကျွန်မ ရှင့်ကို ချစ်တယ်”

“ကျုပ်လည်း ချစ်တယ်” အရူးကြီးက ပြန်လည်ကာ ဖြေ၏။ သူတို့နှစ်ယောက်သည် အချင်းချင်း ပွေ့ဖက်ထားခဲ့၏။ မျက်လုံးထဲတွင်တော့ ချစ်ခြင်းမေတ္တာတရားများနှင့် ပြည့်နှက်လို့နေ၏။

...........

ထိုအချိန်မှာတော့ ရှမ့်လန်သည် သူ၏ ဘုံကျောင်းကြီးကို ဆောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်၏။ သူသည် ကျောက်ရောဂါ ကာကွယ်ဆေးကို လူများဆီသို့ စတင်ကာ ထိုးနှံပေးတော့မည် ဖြစ်၏။ လူပေါင်းများစွာတို့၏ အသက်ကို ကယ်တင်နိုင်လိမ့်မည်ဟုလည်း သူက ခန့်မှန်းထားခဲ့၏။ သူသည် ကတိ တည်ရပေလိမ့်မည်။

သို့ပေမည့် တာဝန်များ ပြီးမြောက်သွားသည့် အချိန်တွင် သူသည် ချင်နိုင်ငံဆီမှ ထွက်ခွာရပေလိမ့်မည်။ ပြီးသည့်နောက် ကိစ္စတစ်ခုကို ပြုလုပ်ရပေဦးမည်။ တကယ့်ကို ကြီးမားလွန်းလှသော သတ်ဖြတ်မှုကြီး တစ်ခုကို ပြုလုပ်ရမည်ဖြစ်၏။

အများဆုံး ဆယ်ရက်အတွင်း ဤနေရာမှ သူ ထွက်ခွာသွားရတော့မည်။

....................

ဤအချိန်မှာတော့ နတ်သမီးရွှယ်ရင်သည် အတွင်းခန်းထဲ၌ ရေချိုးလျက်ရှိ၏။

ရှမ့်လန်သည် အပြင်ဘက်တွင် စာဖတ်နေ၏။ ကျုံးချူးကဲ့မထွက်ခွာခင်က နတ်သမီးရွှယ်ရင်သည် ဆယ်ရက်သာ အသက်ရှင်တော့မည်ဟု ပြောခဲ့၏။ ယခုသည် ခြောက်ရက်မြောက်နေ့ ဖြစ်သောကြောင့် လေးရက်သာလျှင် ကျန်ရှိတော့သည်။

ရှမ့်လန်သည် စဉ်းစားနိုင်သမျှ နည်းလမ်းအားလုံးကို စဉ်းစားပြီး အကြိမ်ကြိမ် အခါခါလည်း ပြန်လည်ကာ သုံးသပ် ခဲ့၏။ သူသည် ရွှယ်ရင်၏ ရောဂါအကြောင်းကို သေသေချာချာ ရှာမတွေ့နိုင်ခဲ့ချေ။ သူမ မည်သည့် အဆိပ်မိနေသည်ကိုလည်း ရှာမတွေ့နိုင်ခဲ့ချေ။ အမှန်တကယ်တွင်လည်း ရှမ့်လန်သည် သူမ အဆိပ်မိသည်ဟူ၍ပင် မပြောနိုင်ခဲ့ချေ။ ထို့ကြောင့် သူမကို မကယ်တင်နိုင်ခြင်းဖြစ်သည်။

သူသည် တကယ်ပင် စိုးရိမ်ပူပန်လျက်ရှိနေ၏။ သူမ သေဆုံးတော့မည့်အချိန်သည် လေးရက်သာ လိုတော့သည်။ ထိုကဲ့သို့သော မိန်းကလေးကို သူက သေဆုံးခွင့်ပြုရမည်လား။ မဖြစ်နိုင်ပေ။ ရှမ့်လန်သည် ဦးနှောက် ခြောက်မတတ် စဉ်းစားနေခဲ့ပြီး သူ၏ ခေါင်းထဲတွင် ရှိနေသည့် AI ကို အသုံးပြုကာ အချက်အလက်အားလုံးကို စစ်ဆေး ကြည့်ရှုနေ၏။ သူသည် ရွှယ်ရင်ကို ကယ်တင်ရန် နည်းလမ်းတစ်ခုခုကို ရှာဖွေနိုင်မည်ဟု ယုံကြည်မိ၏။

ထို့အပြင် ရွှယ်ရင်သည် မကြာသေးမီကက ဖျားနာခဲ့၏။ ရှမ့်လန်သည် အကြောင်းအရင်းကို ယခုထိ ရှာဖွေ မတွေ့နိုင်ခဲ့ချေ။ အတွင်းဘက်ဆီမှ ရေကျသံများကို ကြားနေရ၏။ နတ်သမီးရွှယ်ရင် ရေချိုးနေခြင်းသာ ဖြစ်မည်။ ဤသည်မှာ သူမအတွက် တစ်နေ့တာအတွက် အပျော်ရွှင်ဆုံးသော အချိန်ပင်ဖြစ်သည်။

“နတ်သမီး ဘယ်လိုဖြစ်ပြီး နေ့တိုင်း အငြိမ်မနေ လှုပ်ရှားသွားလာနေရတာလဲ။ ဒီကိစ္စက ဂရုဏာတရား ကြီးမားနေရုံနဲ့ ကျန်းမာရေး ကောင်းလာတာမျိုး မဟုတ်ဘူး” ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ လှမ်းကာ ပြောလိုက်၏။ တကယ်မှာတော့ ရှမ့်လန်သည် သူ၏ မွေးရာပါပင်ကိုယ်ဗီဇအရ သူတော်စင်တစ်ယောက်ကဲ့သို့ နေထိုင်ရသည်ကို နှစ်သက်သူတစ်ယောက် မဟုတ်ချေ။ သူက လူဆိုးစစ်စစ် ဖြစ်၏။

ရွှယ်ရင်က ပြောလိုက်၏။ “အင်း... အပြစ်တွေချေဖျက်ဖို့အတွက် ကောင်းမှု ပြုလုပ်ရမှာပေါ့”

ရှမ့်လန်က ပြောလိုက်သည်။ “သိုင်းပညာရှင်ကြီး ကျုံးချူးကဲ့ မထွက်ခွာခင်က ဒါက ခင်ဗျားရဲ့အမှား မဟုတ်ဘူးလို့ ပြောခဲ့သေးတယ်”

ရွှယ်ရင်က ပြောလိုက်၏။ “ဘာပဲပြောပြော အတွင်းစိတ် မိစ္ဆာဆိုးကို ဖြေရှင်းလို့မှ မရတာ။ ဒီကိစ္စရဲ့ ကပ်ဘေးက ကျွန်မရဲ့ အမှားပါပဲ”

ဤစကားများက တကယ့်ကို နားလည်ရန် ခက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် အခု ဘယ်သူ့အတွက် ကုသိုလ်ကောင်းမှု လုပ်နေတာလဲ”

ရွှယ်ရင်က ပြန်လည်ကာ ဖြေဆိုသည်။ “အင်း... ငါ သေချာမသိဘူး။ ဒါပေမယ့် လူတစ်ယောက်အတွက်လို့ ထင်တယ်”

ထိုစကားစုများသည် အလွန်ကို ရှုပ်ထွေးပြီး နားလည်ရန် ပိုမို ခက်ခဲ၏။ ရှမ့်လန်သည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ “နတ်သမီး.. ခင်ဗျားမှာ အသက်ရှင်ဖို့ လေးရက်ပဲ ကျန်တော့တယ်လို့ ပြောတယ်နော်”

နတ်သမီးရွှယ်ရင်က ပြန်လည်ကာ ပြောသည်။ “အင်း... ဖြစ်နိုင်ပါတယ်”

ရှမ့်လန်က တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။ ရုတ်တရက် လေထုထဲတွင် မွှေးရနံ့များက ပိုမိုကာ ပျံ့နှံ့လာခဲ့၏။ ယခင်အချိန်ကထက် ပိုမိုကာ ပြင်းပျလာခဲ့၏။ တကယ့်ကို အပြင်းဆုံးသော ဝိုင်ရနံ့ကဲ့သို့ပင်။ ပြီးနောက် နာကျင်စွာ ညည်းညူသံတစ်ခု ထွက်ပေါ်လာ၏။

ရှမ့်လန်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီး မေးလိုက်သည်။ “နတ်သမီး... ခင်ဗျားရောဂါ ပြန်ထပြန်ပြီလား”

နတ်သမီးရွှယ်ရင်က ပြော၏။ “ဟုတ်တယ်”

ရှမ့်လန်သည် အံ့အားသင့်သွားသည်။ “ဒါဆိုရင် ခင်ဗျားရဲ့ လက်နှစ်ဖက်လုံး အေးခဲသွားတော့မှာလား”

နတ်သမီးရွှယ်ရင်က ပြောလိုက်၏။ “ဟုတ်တယ်။ ပြီးရင် ကိုယ့်ကိုယ့်ကိုယ် ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားတော့မယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ် မိန်းကလေးတစ်ယောက်ယောက်ကို လှမ်းခေါ်လိုက်မယ်”

အဘယ်ကြောင့်ဆိုသော် နတ်သမီးရွှယ်ရင်သည် လက်ရှိအခြေအနေ၌ ရေချိုးလျက်ရှိနေ၏။ သူမ၏ နတ်သမီးကဲ့သို့ လှပသော ခန္ဓာကိုယ်တွင် အဝတ်အစားဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရောဂါထလာပြီ ဖြစ်သောကြောင့် လက်များ၏ လှုပ်ရှားနိုင်စွမ်းက ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ထို့အပြင် သူမသည် လုံးဝ ကိုယ်တုံးလုံး ဖြစ်လို့နေခဲ့သောကြောင့် အမျိုးသမီးတစ်ယောက်ဝင်၍ ကူညီမှ ဖြစ်ပေလိမ့်မည်။

“အင်း”

နတ်သမီးရွှယ်ရင်က ပြောလိုက်၏။ “မလိုပါဘူး။ ရှမ့်လန်.. အထဲကို ဝင်လာပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်ကို သန့်ရှင်းအောင် သုတ်ပေး။ ပြီးရင် ကုတင်ပေါ် သယ်ပြီး အဝတ်အစား ဝတ်ပေးစမ်းပါ”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမယ့် ခင်ဗျားမှာ အဝတ်အစားမပါဘူးလေ။ ယောင်္ကျားနဲ့မိန်းမက ဒီလိုလုပ်လို့ မဖြစ်ဘူး”

နတ်သမီးရွှယ်ရင်က ပြောလိုက်၏။ “စိတ်မပူနေနဲ့။ မင်းက လိမ္မာတဲ့ ကလေးတစ်ယောက်ပါပဲ”

ရှမ့်လန်က ပြန်လည်ပြောလိုက်သည်။ “ဒါပေမယ့် ကျုပ်စိတ်ထဲမှာ ခင်ဗျားအပေါ် မကောင်းတဲ့အတွေးတွေ ရှိနေတယ်”

ရွှယ်ရင်က ပြောလိုက်၏။ “မကောင်းတဲ့ အတွေးတွေ ရှိရင်လည်း မင်းက လိမ္မာတဲ့ ကလေးတစ်ယောက်ပဲလေ။ ဝင်ခဲ့ပါ။ မင်းငါ့ရဲ့ ခန္ဓာကိုယ်ကို မြင်ဖူးပြီးသားပဲ ကိစ္စမရှိပါဘူး”

လေထုထဲတွင် မွှေးရနံ့များက ပိုမိုကာ ပြင်းပျလာခဲ့သည်။

All Chapters