← Chapters

အခန်း (၁၅၂၀)

Vol. 109 Ch. 1520

အခန်း (၁၅၂၀)

Vol. 109 Ch. 1520

ရှေးဦးအပျက်အစီးတောအုပ်သည် သွေးမျိုးဆက်စွမ်းအားပေါ်မှာ အခြေခံသည်။ သို့ဖြစ်၍ သက်ရှိများကြားတွင် နက်ရှိုင်းသော သွေးသားဆက်နွယ်မှု ရှိသည်။

အမှန်တကယ်ပင် ထိုအတိုင်းဖြစ်သည်။

လူငယ်က သူ့ဦးလေးအကြောင်း ထုတ်ပြောလာသည့်အခါ ကျူးရုန်က လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်သည်။

“ ငါ သူ့ကို ကယ်တင်မယ်… ငါတို့ သူ့ကို ရအောင် ကယ်တင်မယ်… ရှီလျန် မင်းက ဒီမှာနေပြီး ဒဏ်ရာကုသနေပါ… ငါ လူခေါ်ပြီး ဦးလေးကို သွားကယ်မယ် ”

ကျူးရုန်က စိတ်ဓာတ်ပြတ်သားစွာ ပြောသည်။ သူက မူလအားဖြည့်ဆေးလုံးကို လူငယ်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်ပြီး အပြင်သို့ ထွက်သွားသည်။

သိပ်မကြာမီ လျောင်ယွမ်မျိုးနွယ်စုထဲမှာ ကြုံးဝါးသံများဖြင့် ပြည့်နှက်သွားသည်။ အရိုးချပ်ဝတ် ဝတ်ဆင်ထားကြသော လျောင်ယွမ်မျိုးနွယ်ဝင်ဒါဇင်ခန့်က အပြင်ထွက်လာကြပြီး လက်နက်များ ကိုင်ဆွဲ၍ ကျူးရုန်နောက်သို့ လိုက်သွားကြသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။

ကျူးရုန်၏ လက်ရှိတိုက်ပွဲစွမ်းအားက မဆိုးလှသော်လည်း သူက အတွေ့အကြုံရင့်ကျက်သူ မဟုတ်ပေ။ ထို့ပြင် သူက ရှေးဦးအပျက်အစီးတောအုပ်အကြောင်းကို ကောင်းမွန်စွာ နားလည်မထားပေ။

ယခုကဲ့သို့ တဇွတ်ထိုး ချီတတ်သွားခြင်းက ကပ်ဘေးဖိတ်ခေါ်လိုက်ခြင်းနှင့် မခြားပေ။

ထို့ပြင် ရှေးဦးအပျက်အစီးတောအုပ်ထဲမှ နတ်သားရဲများနှင့် မိစ္ဆာသားရဲများက အသိဉာဏ်မမဲ့ကြချေ။ ၎င်းတို့က အလွန်ဉာဏ်များကြသည်။

ဟန်မူယဲ့ လက်မြှောက်တင်လိုက်သည့်အခါ အဝေးတွင် အနားယူနေသော မီးခိုးရောင်ဝံပုလွေက သူ့ဆီသို့ အပြေးအလွှား ရောက်လာသည်။

ထိုအကောင်က အလွန်ဉာဏ်ကောင်းသည်။ လျောင်ယွမ်မျိုးနွယ်စု၏ အင်အားက သိသိသာသာ တိုးမြှင့်သွားကြောင်း ၎င်းသတိထားမိသောအခါ အဝေးသို့ မထွက်သွားတော့ဘဲ ဤအနီးနားမှာ လှည့်ပတ်နေထိုင်လိုက်သည်။

၎င်းက ဟန်မူယဲ့၏ စီးတော်သားရဲဖြစ်သော်လည်း လူများကို မည်သို့ဖားရမည်ဖြစ်ကြောင်း ကောင်းကောင်း သိသည်။ ၎င်းက လျောင်ယွမ်မျိုးနွယ်စုမှ လူရွယ်များနှင့် ကလေးများကို ၎င်း၏ ကျောပေါ်မှာ စီးခွင့်ပေးသည်။ ထို့ပြင် ၎င်းက အမဲလိုက်ခြင်းတွင်လည်း ပါဝင်ကူညီပေးသည်။

ထိုနည်းလမ်းကြောင့် မီးခိုးရောင်ဝံပုလွေက လျောင်ယွမ်မျိုးနွယ်စုထဲမှာ သက်တောင့်သက်သာရှိသော ဘဝကို ပိုင်ဆိုင်သွားသည်။

ဤမီးခိုးရောင်ဝံပုလွေ၏ ခွန်အားက မသေးငယ်သော်လည်း ၎င်းက နတ်သားရဲတစ်ကောင်နှင့် နှိုင်းယှဉ်လျှင် အလွန်နိမ့်ကျနေဆဲပင်။

ယခု ၎င်းက မျိုးနွယ်စုနှင့် ရောနှောနေထိုင်နေလေရာ နတ်သားရဲများ၏ အမဲလိုက်ဖမ်းခံရမည်ကို စိုးရိမ်စရာမလိုတော့ဘဲ နေ့စဉ်နေ့တိုင်း ဗိုက်ဝအောင် စားသောက်နိုင်သွားသည်။ ယင်းက မည်မျှဇိမ်ကျလိုက်သနည်း။

မီးခိုးရောင်ဝံပုလွေက ဉာဏ်ကောင်းလေရာ မျိုးနွယ်စုထဲမှာ အမှန်တကယ် အရေးကြီးဆုံးလူက မည်သူဖြစ်ကြောင်း ၎င်းသိသည်။

သို့ဖြစ်၍ ဟန်မူယဲ့က လှမ်းခေါ်လိုက်သည်နှင့် ၎င်းက ချက်ချင်း အပြေးရောက်လာသည်။

ဟန်မူယဲ့က ပေါ့ပါးစွာ ခုန်လိုက်ပြီး မီးခိုးရောင်ဝံပုလွေ၏ ကျောပေါ်သို့ တတ်လိုက်သည်။ သူက ခြေထောက်ဖြင့် ပုတ်လိုက်လေရာ မီးခိုးရောင်ဝံပုလွေက မြန်ဆန်စွာ ပြေးသွားသည်။

ကျောက်တုံးအိမ်ရှေ့မှာ မတ်တတ်ရပ်နေသော ရှီလျန်၏ မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်သော အမူအရာ ထွက်ပေါ်လာသည်။

မကြာသေးခင်အချိန်က ရိုးရာနတ်ဆရာတစ်ယောက်က လျောင်ယွမ်မျိုးနွယ်စုဆီသို့ ရောက်ရှိလာကြောင်း သူကြားခဲ့ရသည်။ ကြည့်ရသည်မှာ သူ၏ ဝမ်းကွဲအကိုက ကံကြမ္မာကောင်းတစ်ခုကို ရှာတွေ့သွားဟန် ရသည်။

သို့သော်လည်း မျိုးနွယ်စုနှစ်ခုက အနည်းငယ် အလှမ်းဝေးလေရာ အလွယ်တကူ မတွေ့ဆုံနိုင်ကြချေ။ အမဲလိုက်သည့်အခါမှသာ သူတို့က အပြန်အလှန် တွေ့ဆုံပြီး သတင်းအချက်အလက်များ လဲလှယ်နိုင်ကြသည်။ သို့ဖြစ်၍ ဤအတောအတွင်းမှာ သူတို့က ထိုသတင်း အမှန်ဟုတ်မဟုတ် စုံစမ်းရန် လူမလွှတ်နိုင်ခဲ့ပေ။

ယခု ကြည့်ရသည်မှာ ထိုသတင်းက အမှန်ဟုတ်ရန် ရာခိုင်နှုန်းများသည်။

“ အရမ်း နောက်မကျသွားဖို့ ငါမျှော်လင့်တယ်… ”

ရှီလျန်က မြေပြင်ပေါ်မှာ ဒူးထောက်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို မြေပေါ်သို့ ဖိချကာ တီးတိုးရေရွတ်လိုက်သည်။

မီးခိုးရောင်ဝံပုလွေက သိပ်မမြန်ပေ။ ၎င်းက ကျူးရုန်နှင့် သူ့အဖွဲ့၏ အနောက် ဆယ်မိုင်အကွာမှာ ရှိသည်။

အရှေ့တွင် ကျူးရုန်၏ သွေးချီစွမ်းအားက တစ်ဟုန်ထိုး လှုံ့ဆော်နေလေရာ မီးတောက်များက ကောင်းကင်ပေါ်သို့ မြှောက်တတ်နေသည်။ ယင်းကို ဆယ်မိုင်အဝေးမှပင် လှမ်းမြင်နိုင်သည်။

တစ်နာရီကြာပြီးနောက် မိုင်နှစ်ရာအကွာအဝေးကို ဖြတ်ကျော်ပြီးသွားသောအခါ ကျယ်လောင်သော ဆူညံသံက အရှေ့မှ မြည်ဟိန်းထွက်လာသည်။

ကျူးရုန်၏ ဒေါသတကြီး အော်သံက မိုးမြေကို လှုပ်ခါသွားစေပြီး မီးတောက်အလင်းကို ထွန်းလင်းသွားစေသည်။

ထိုအချိန်မှာ မီးခိုးရောင်ဝံပုလွေကို စီးနင်းထားသော ဟန်မူယဲ့က ရောက်ရှိလာသည်။ သို့သော်လည်း ထိုနေရာမှ တိုက်ပွဲသည်တော့ အဆုံးသတ်သွားပြီ ဖြစ်၏။

မိစ္ဆာသားရဲအများအပြားက မီးလောင်ကျွမ်းပြီး သေဆုံးနေကြသည်။ ၎င်းတို့၏ လက်သည်းများနှင့် အစွယ်များက ဆွဲထုတ်ခံထားရသည်။

ထိုမိစ္ဆာသားရဲများသည် မီးခိုးရောင်ဝံပုလွေထက် အားမနည်းကြချေ။ ယခု ၎င်းတို့၏ ဆိုးဝါးသော အဆုံးသတ်ကို မီးခိုးရောင်ဝံပုလွေ မြင်သွားသောအခါ ၎င်းက ခေါင်းငုံ့လိုက်ပြီး တိုးညင်းစွာ ဆွဲငင်အူလိုက်သည်။

အတိတ်မှာ ၎င်းက မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့ဟန် ရ၏။ သို့မဟုတ်လျှင် ၎င်းက ယခုကဲ့သို့ မီးကင်ခံနေရလောက်၏။

ပေါက်ကွဲသံများက အရှေ့မှ ဆက်လက် ထွက်ပေါ်လာနေသည်။ ရှင်းလင်းစွာပင် ကျူးရုန်က အရှေ့သို့ အတင်းအဓမ္မ ချီတတ်သွားနေသည်။

မည်သည့်မိစ္ဆာသားရဲမှ သူ၏ လမ်းကြောင်းကို မတားဆီးနိုင်ပေ။ သူ့အနောက်မှ လျောင်ယွမ်မျိုးနွယ်ဝင်များသည်တော့ သူတို့က မိစ္ဆာသားရဲများ၏ လက်သည်းများ၊ အစွယ်များနှင့် တခြားအစိတ်အပိုင်းများကို လိုက်လံစုဆောင်းနေကြသည်။

နောက်ထပ် မိုင်တစ်ရာအဝေးသို့ ခရီးဆက်ပြီးသောအခါ ရွှေရောင်အလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် ရွှေရောင်အလင်းလွှာတစ်ခုက သူ၏ အရှေ့မှာ ပေါ်လျှိုးလာသည်။

ထိုအလင်းလွှာထဲတွင် ကျူးရုန်က သူ၏ စစ်ပွဲလှံကို အစွမ်းကုန်သုံး၍ လွှဲယမ်းနေသည်။ ထိုအခါ သူ့ဘေးမှ မီးတောက်များက နဂါးများအဖြစ် ပြောင်းလဲသွားပြီး သူ့ကို ရစ်ပတ်လိုက်ကြသည်။

သူ၏ လမ်းကြောင်းအရှေ့မှ မိစ္ဆာသားရဲအားလုံးက မီးနဂါးများ၏ ဝါးမျိုဖျက်ဆီးခြင်း ခံလိုက်ကြရသည်။

မီးတောက်စွမ်းအားက ပဲ့တင်ပြန်သွားသည့်အခါ အားနည်းသော မိစ္ဆာသားရဲများက နေရာမှာတင် ချက်ချင်း ပြာဖြစ်သွားကြသည်။ အစွမ်းထက် မိစ္ဆာသားရဲများသည်တော့ ပူပြင်းသော မီးတောက်များကြောင့် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်ကြသည်။

ယင်းက မီးတောက်စည်းမျဉ်းဖြစ်ပြီး မူလစွမ်းအား၏ ခွန်အားပြမှု ဖြစ်သည်။ အဆင့်မတူသော သက်ရှိများက ယင်းကို မခုခံနိုင်ကြချေ။

ကျူးရုန်က ပင်ပန်းနွမ်းနယ်သွားသည့်အခါ သူ့အနောက်မှ မျိုးနွယ်ဝင်များက ရိုးရှင်းသော တိုက်ပွဲပုံစံတစ်ခုကို ခင်းကျင်း၍ အရှေ့သို့ ဆက်လက် ချီတတ်သွားကြလိမ့်မည်။

သူတို့၏ လက်နက်များထဲမှာ မီးတောက်စွမ်းအားက ကိန်းအောင်းနေသည်။ သို့ဖြစ်၍ သူတို့က အားနည်းသော သန္ဓေပြောင်းသားရဲများနှင့် မိစ္ဆာသားရဲများကို တိုက်ခိုက်ရန် မီးနဂါးများကို ဆင့်ခေါ်နိုင်ကြသည်။

“ ဝေါင်း ”

ကောင်းကင်ဘုံ တုန်လှုပ်စေနိုင်သော ဟိန်းသံက အဝေးမှ တောင်တန်းများထဲမှ ပဲ့တင်ထပ်လာသည်။

ထို့နောက် အတောင်ပံပါသော ကျားနက်တစ်ကောင်က တောင်ပေါ်မှ ဆင်းသက်လာသည်။

အတိတ်မှာ မိစ္ဆာကျားအမြောက်အများကို နှိမ်နင်းခဲ့ဖူးသော ဟန်မူယဲ့သည် ထိုအတောင်ပံပါကျားနက်နှင့် ရင်းနှီးကျွမ်းဝင်သည်။

ရှေးဟောင်းကျားကလန်သည် ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ အလွန်သန်မာသည်။ ၎င်းတို့က ကျားဖြူကဲ့သို့ တမူထူးခြားသော မျိုးစိတ်များဖြစ်ကြပြီး တခြားသားရဲကလန်များက ၎င်းတို့ကို နတ်သားရဲများဟု သမုတ်ကြသည်။

ဤအတောင်ပံပါကျားနက်က ကောင်းကင်ဘုံကျားနက်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး အလွန်သန်မာရုံသာမက အလွန်မြန်ဆန်သော အလျင်ကိုလည်း ပိုင်ဆိုင်ထားသေး၏။ သို့သော်လည်း ၎င်း၏ အလျင်နှင့် ခွန်အားက မျှခြေညီလေရာ အတောင်ပံပါကျားနက်က နတ်သားရဲများထဲမှာ အောက်ဆုံးအဆင့်တွင် ရှိ၏။

ရှေးဦးအပျက်အစီးတောအုပ်ထဲတွင် အချိန်အတော်ကြာ နေထိုင်ပြီးနောက် ဟန်မူယဲ့သည် ဤနေရာမှ နတ်သားရဲများ၏ ခွန်အားအဆင့်ကို ယေဘုယျအားဖြင့် နားလည်သွားသည်။

နတ်သားရဲသွေးမျိုးဆက်မရှိသော သားရဲကောင်များကို မိစ္ဆာသားရဲဟုသာ သတ်မှတ်နိုင်သည်။ ထိုမိစ္ဆာသားရဲများက သာမန်ဖြစ်ပြီး အန္တရာယ်မရှိပေ။ တမူထူးခြားသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည့် မိစ္ဆာသားရဲတချို့မှလွဲလျှင် ကျန်မိစ္ဆာသားရဲများက နတ်သားရဲများ၏ တည်ရှိမှုနှင့် လုံးဝ မနှိုင်းယှဉ်နိုင်ပေ။ ၎င်းတို့၏ အရေအတွက်က မည်မျှများပြားပါစေ နတ်သားရဲတစ်ကောင်ကို မယှဉ်နိုင်ပေ။

နတ်သားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော သားရဲများကို နတ်သားရဲများဟု ယေဘုယျအားဖြင့် ခေါ်ဆိုကြသည်။

သို့သော်လည်း နတ်သားရဲအားလုံးက အဆင့်မတူကြချေ။

တချို့နတ်သားရဲသွေးမျိုးဆက်များက အပုံတစ်ထောင်ပုံ တစ်ပုံသာ သန့်စင်ပြီး တခြားနတ်သားရဲသွေးမျိုးဆက်များက တစ်ရာခိုင်နှုန်းသာ သန့်စင်ကြသည်။ အစွမ်းထက် နတ်သားရဲများသည်တော့ ၎င်းတို့က သန့်စင်သော နတ်သားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသလို သွေးမျိုးဆက်စွမ်းရည်အများကြီးကိုလည်း အသုံးပြုနိုင်ကြသည်။

ဥပမာ ရှေးဦးအပျက်အစီးကုန်းမြေထဲတွင် ရွှေကျီးကန်းကလန်၏ သွေးမျိုးဆက်စွမ်းအားကို ပူပြင်းသောနေမင်း၊ တောက်ပသောနေမင်း၊ အစွန်းရောက်နေမင်း၊ မဟာရွှေနေမင်း အစရှိသဖြင့် အဆင့်အများကြီး ခွဲခြားထားသည်။

ထိုအတောင်ပံပါကျားနက်က ကောင်းကင်ဘုံကျားနက်၏ နတ်သားရဲသွေးမျိုးဆက်ကို အပုံတစ်ထောင်ပုံတစ်ပုံသာ ပိုင်ဆိုင်ထားသည်။

ကျူးရုန်၏ မူလသွေးမျိုးဆက်က မသိပ်သည်းသော်လည်း ယင်းက သူ့အရှေ့မှ အတောင်ပံပါကျားနက်နှင့် နှိုင်းယှဉ်လျှင် အများကြီး ပိုသန်မာသည်။

ကျူးရုန်နိုးထထားသော သွေးမျိုးဆက်က ယင်း၏ အလားအလာကို သုံးပုံတစ်ပုံခန့် ထုတ်သုံးနိုင်နေပြီ ဖြစ်၏။

“ သတ် ”

အတောင်ပံပါကျားနက် ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျူးရုန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲမှ လှံရှည်ကို အရှေ့သို့ ထိုးလွှတ်လိုက်သည်။

သူ့အနောက်မှ မီးတောက်က အတောင်ပံတစ်စုံအဖြစ် ပြောင်းလဲသွားပြီး ဆယ်ပေခန့် ဖြန့်ကားသွားသည်။

သူက အတောင်ပံတစ်ချက်ခတ်လိုက်လေရာ ပေတစ်ထောင်အကွာအဝေးကို တိုက်ရိုက် ဖြတ်ကျော်သွားပြီး လေပေါ်သို့ ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာ မီးနဂါးက သူ၏ လှံထိုးချက်ထဲမှ ပေါ်လျှိုးလာသည်။

မီးနဂါးက အရှေ့သို့ ဦးတည်သွားပြီး သူ့အရှေ့မှ လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်။

အတောင်ပံပါကျားနက်က ၎င်း၏ အရှေ့လက်သည်းကို မြှောက်လိုက်ပြီး မီးနဂါးကို အကြင်နာမဲ့စွာ ရိုက်ချလိုက်သည်။

မီးနဂါးက ဟိန်းဟောက်လိုက်ပြီး ပေါက်ကွဲသွားကာ မရေမတွက်နိုင်သော မီးဘောလုံးများက ဘေးပတ်ဝန်းကျင်မှာ ပြန့်ကျဲသွားသည်။

ထိုအခိုက်အတန့်မှာ လှံရှည်က အတောင်ပံပါကျားနက်၏ လည်ပင်းဆီသို့ တိုးဝင်သွားပြီး အနက်ရောင်အက်ကွဲရာတစ်ခုကို ကျန်ရစ်စေခဲ့သည်။

အတောင်ပံပါကျားနက်က ခေါင်းလှည့်လိုက်ပြီး လှံကို ကိုက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ကျူးရုန်၏ လက်ထဲမှာ လှံက အမြန်လားရာပြောင်းသွားသည်။

လှံပေါ်မှာ တပ်ဆင်ထားသော လခြမ်းကွေးဓားက အတောင်ပံပါကျားနက်၏ ခန္ဓာကိုယ်ပေါ်မှာ ကြီးမားသော ဒဏ်ရာကို ဖြစ်ပေါ်စေသည်။ ဒဏ်ရာမှ ပန်းထွက်လာသော သွေးက မီးတောက်များကြောင့် အငွေ့ပျံသွားသည်။

ထို့နောက် ကျူးရုန်က ပေတစ်ရာအကွာအဝေးသို့ ခုန်ဆင်းသွားပြီး အနောက်လှည့်ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုအရိပ်အယောင် ထွက်ပေါ်နေသည်။

အတိတ်တွင် ဟန်မူယဲ့နှင့် လက်ရည်စမ်းသည့်အခါတိုင်း သူက ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့သည်။ သို့ဖြစ်၍ သူ၏ ခွန်အားက မလုံလောက်သေးကြောင်း အမြဲခံစားမိခဲ့သည်။

ယခု ဤနတ်သားရဲနှင့် တိုက်ခိုက်သည့်အခါမှာ သူက အသာစီးရရှိထားသည်။

ကြည့်ရသည်မှာ သူက အားနည်းနေခြင်းမဟုတ်ဘဲ ညီအကိုဟန်က အလွန်သန်မာနေခြင်း ဖြစ်ရမည်။

“ သေစမ်း ”

ကျူးရုန်က ကြုံးဝါးလိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားကာ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ သူ၏ လှံကို ဝှေ့ယမ်းလိုက်သည့်အခါ မီးနဂါးများက ဘေးပတ်ဝန်းကျင်မှ မီးတောက်များဖြင့် ယှက်ထွေသွားကြပြီး အတောင်ပံပါကျားနက်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

အတောင်ပံပါကျားနက်သည် အစောနက တိုက်ခိုက်မှုတွင် လည်ပင်းပေါ်မှာ ဒဏ်ရာရရှိသွားခဲ့ပြီး ၎င်း၏ သွေးက လောင်ကျွမ်းခံလိုက်ရသည်။ သွေးထွက်ခြင်းက ချက်ချင်း ပြန်ကောင်းမွန်သွားသော်လည်း ယင်းက ၎င်းအား စော်ကားလိုက်ခြင်း ဖြစ်၏။

ထို့ကြောင့် အတောင်ပံပါကျားနက်က အကြီးအကျယ် ဒေါသထွက်သွားသည်။

သာမန်လူသားတစ်ယောက်က ၎င်းကို ဒဏ်ရာရစေသည်လား။

အတောင်ပံပါကျားနက်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ၎င်း၏ အတောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်သည်။ ထိုအခါ ဘေးပတ်ဝန်းကျင်မှ လေက ထက်ရှသော ဓားသွားများအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာ ၎င်း၏ အမြှီးက စကြာသဖွယ် လှည့်ပတ်သွားပြီး သဲနှင့် ကျောက်ခဲများကို အဝေးသို့ လွင့်စင်သွားစေသည်။

ကျူးရုန်က လှံကို ထိုးသွင်းလိုက်ပြီး ထက်ရှသော လေဓားသွားများကို ချိုးဖြတ်လိုက်သည်။ ထို့နောက် မီးနဂါးက အတောင်ပံပါကျားနက်၏ အမြှီးရှည်နှင့် တွေ့ဆုံသွားသည်။

မီးတောက်အလွှာများက ဆက်လက် ပျံ့ပွားသွားပြီး မူလစွမ်းအား၏ တစ်စွန်းတစ်စကို လှုံ့ဆော်လိုက်သည်။

“ ဗုန်း ”

အတောင်ပံပါကျားနက်၏ ခန္ဓာကိုယ်က ထိုခွန်အားကြောင့် အဝေးသို့ လွင့်စင်သွားသည်။

ဒါ... ဒါဘယ်လိုဖြစ်နိုင်မှာလဲ… ။

အတောင်ပံပါကျားနက်က မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားသည်။ ထို့နောက် ၎င်း၏ မျက်နှာပေါ်မှာ အကြောက်တရား ထွက်ပေါ်လာသည်။

ကျူးရုန်က ပိုပြီးတိုက်ခိုက်လေ ပိုပြီးစိတ်လှုပ်ရှားလာလေပင်။ သူက လှံကို အဆက်မပြတ် လွှဲယမ်းပြီး ဟန်မူယဲ့သင်ကြားပေးသော တိုက်ခိုက်ရေးနည်းစနစ်များနှင့် ခုခံရေးနည်းစနစ်များကို လေ့ကျင့်လိုက်သည်။

ရုတ်ချည်းဆိုသလို လှံပုံရိပ်အများအပြားက ၎င်းကို လွှမ်းခြုံလာကြောင်း အတောင်ပံပါကျားနက် ခံစားမိသွားသည်။ ၎င်းက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး အရှေ့ခြေနှစ်ချောင်းကို မြှောက်လိုက်ကာ လှံပုံရိပ်များကို ခုခံတားဆီးလိုက်သည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးများက လေထဲမှာ ပြန့်ကျဲသွားသည်။

အတောင်ပံပါကျားနက်၏ နာကျင်သော အော်သံက လေထဲမှာ ပျံ့လွင့်သွားသည်။

အစတွင် အတောင်ပံပါကျားနက်က ကျူးရုန်ကို ယှဉ်ပြိုင်နိုင်သေးသည်။ သို့သော်လည်း နေ့တစ်ဝက်ကြာပြီးနောက် ၎င်းက ရှောင်တိမ်းခြင်းကိုသာ ပြုလုပ်နိုင်တော့သည်။

ထိုမြင်ကွင်းကို မီးခိုးရောင်ဝံပုလွေ မြင်သွားသောအခါ ၎င်းက ၎င်း၏ ဆုံးဖြတ်ချက်အပေါ် ပိုပြီးကျေနပ်သွားသည်။

ယင်းက ဉာဏ်ကောင်းသော ဆုံးဖြတ်ချက် မဟုတ်ပါလော။

All Chapters