← Chapters

အခန်း (၁၅၂၆)

Vol. 109 Ch. 1526

အခန်း (၁၅၂၆)

Vol. 109 Ch. 1526

လျောင်ယွမ်မျိုးနွယ်စု၏ စခန်းဆီသို့ ပြန်ရောက်သွားသည့်အခါ ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံခြင်းသို့ ချက်ချင်း ဝင်ရောက်သွားသည်။

ဤတစ်ကြိမ်တွင် ကမ္ဘာဦးကောင်းကင်ဘုံတာအို၏ အစွမ်းတိုးမြှင့်ပေးမှုကြောင့် မီးတောက်စွမ်းအားအပေါ် သူ၏ ဆင်ခြင်နားလည်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

သူက ထိုဉာဏ်အလင်းများကို ချေဖျက်နိုင်မည်ဆိုလျှင် မီးဒြပ်စင်အထူးပြု ကမ္ဘာဦးအုပ်ချုပ်သူများထဲမှတစ်ယောက် ဖြစ်လာလိမ့်မည်။

“ ဝီး ”

သူ၏ အရှေ့တွင် ရွှေရောင်မီးတောက်စာလုံးအများအပြား ထွက်ပေါ်လာကြသည်။

ယင်းတို့က ကမ္ဘာဦးလောကထဲမှာ အဓိက အသုံးပြုလေ့ရှိသော နတ်ဘုရားအင်းသင်္ကေတများ ဖြစ်ကြသည်။

ကမ္ဘာဦးလောကထဲတွင် သက်ရှိအများစုက ထိုနတ်ဘုရားအင်းသင်္ကေတများကို လက်နက်သန့်စင်ခြင်း သို့မဟုတ် လူသားများကို ထိန်းချုပ်ရန် အသုံးပြုကြသည်။

မှန်ပေသည်။ နတ်ဘုရားအင်းသင်္ကေတများ၏ အသုံးဝင်ပုံက ထိုမျှသာ မဟုတ်ပေ။

နတ်ဘုရားအင်းသင်္ကေတအားလုံးက သူ့အရှေ့မှာ စုဝေးသွားပြီး ရွှေရောင်မျဉ်းကွေးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။

စည်းမျဉ်း… ။

မူလစွမ်းအား… ။

ပြီးပြည့်စုံသော မဟာတာအို…။

ထွန်းလင်းတောက်ပသော အလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဤတစ်ကြိမ် တံခါးပိတ်ကျင့်ကြံခြင်းက သုံးနှစ်ကြာမြင့်သွားသည်။

အစတွင် ဟန်မူယဲ့က ထွက်သွားရန် စီစဉ်ခဲ့သည်။ သို့သော်လည်း ယခု ထိုအစီအစဉ်က ရွှေ့ပြောင်းခံလိုက်ရသည်။

ဤသုံးနှစ်အတွင်းမှာ ဟန်မူယဲ့က အမြဲတမ်း တံခါးပိတ်ကျင့်ကြံမနေပေ။ သူက ရံဖန်ရံခါ အပြင်သို့ ထွက်လာခဲ့သည်။

“ ကျီ ကျီ ”

ရွှေရောင်ငှက်တစ်ကောင်က အတောင်ပံဖြန့်ကား၍ ဟန်မူယဲ့၏ ကျောက်တုံးအိမ်အရှေ့သို့ ဆင်းသက်လိုက်သည်။ ၎င်းဆင်းသက်လာသည့်အခါ ဖုန်မှုန့်နှင့် ကျောက်ခဲများက အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားသည်။

ရွှေငှက်၏ ခန္ဓာကိုယ်က သုံးပေရှည်လျားပြီး ၎င်း၏ ငှက်မွှေးများပေါ်မှာ အနီရောင်တစ်စွန်းတစ်စ ရှိသည်။ ယင်းက မီးတောက်မူလစွမ်းအား၏ ပြယုဂ်ဖြစ်သည်။

ထိုငှက်၏ နာမည်က လီသဲဖြစ်ပြီး နတ်ငှက်ဘီဖန်၏ မျိုးဆက်ဖြစ်သည်။

ဤသုံးနှစ်အတွင်းမှာ လီသဲသည် ကောင်းကင်ဝါးမျိုနွားမိစ္ဆာများ၏ သွေးမျိုးဆက်ကျောက်တုံးများကို စားသုံးပြီးနောက် လူတိုင်း၏ မျက်စိအရှေ့မှာတင် အံ့မခန်း အရွယ်ရောက်လာသည်။

၎င်း၏ ရုပ်ခန္ဓာကိုယ်သည်သာ ကြီးထွားလာခြင်း မဟုတ်ပေ။ ၎င်း၏ ဉာဏ်ရည်သည်လည်း အံ့မခန်း ထူးချွန်သည်။

ဟန်မူယဲ့က မီးတောက်စွမ်းအားအကြောင်းကို သင်ခန်းစာပို့ချသည့်အခါ ကျူးရုန်နှင့် တခြားမျိုးနွယ်ဝင်များက ဇဝေဇဝါဖြစ်နေကြစဉ် လီသဲက ယင်းကို ချက်ချင်း နားလည်သဘောပေါက်သွားသည်။

“ ဝူး ဝူး ”

ကျောက်တုံးအိမ်ရှေ့မှာ စောင့်ကြပ်နေသော မီးခိုးရောင်ဝံပုလွေက ဆွဲငင်စွာ အော်လိုက်သည်။ ဤသည်မှာ ၎င်းက လီသဲအား ဟန်မူယဲ့၏ တံခါးပိတ်ကျင့်ကြံခြင်းကို မနှောင့်ယှက်ရန် သတိပေးနေသည့်အလားပင်။

မီးခိုးရောင်ဝံပုလွေသည် ဤသုံးနှစ်အတွင်းမှာ သွေးမျိုးဆက်ကျောက်တုံးအများအပြားကို စုပ်ယူပြီးနောက် ၎င်း၏ မူလသွေးမျိုးဆက်တစ်စွန်းတစ်စကို ဆင်ခြင်နားလည်သွားခဲ့သည်။ သို့ဖြစ်၍ နောက်ဆုံးမှာ ၎င်းက နတ်သားရဲတစ်ကောင်၏ သွေးမျိုးဆက်ကို နိုးထနိုင်သွားသည်။

ယင်းက အဆင့်နိမ့်သွေးမျိုးဆက်ဖြစ်လင့်ကစား အတိတ်မှာ ၎င်းတစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးသောအရာ ဖြစ်၏။

ထို့ကြောင့် ဟန်မူယဲ့အပေါ် မီးခိုးရောင်ဝံပုလွေ၏ သစ္စာရှိမှုက ဖော်မပြနိုင်သောအဆင့်ထိ ရောက်ရှိသွားသည်။

ယခု လျောင်ယွမ်မျိုးနွယ်စုထဲတွင် နတ်သားရဲများက လီသဲနှင့် မီးခိုးရောင်ဝံပုလွေအပြင် လွင့်မျောမိုးတိမ်သားရဲ၊ အတောင်ပံပါကျားနက်နှင့် ကောင်းကင်ဝါးမျိုနွားမိစ္ဆာဟူ၍ စုစုပေါင်းငါးကောင် ရှိသွားသည်။ ထိုနွားမိစ္ဆာက သွေးမျိုးဆက်ကျောက်တုံးများကို စုပ်ယူပြီးမှ နတ်သားရဲအဖြစ်သို့ အဆင့်တတ်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။

လျောင်ယွမ်မျိုးနွယ်စုထဲတွင် အစောင့်အရှောက်နတ်သားရဲများသာ ရှိ၏။ တိုတမ်နတ်သားရဲများ မရှိကြတော့ချေ။

သူတို့၏ မျိုးနွယ်စုအလံတိုင်ရွက်ပေါ်မှာ ရွှေရောင်မီးတောက်ပုံ အမှတ်အသားတစ်ခုရှိသည်။

ထိုမီးတောက်အမှတ်အသားက သူတို့မျိုးနွယ်စု၏ တိုတမ်ဖြစ်သည်။

ယခင် သူတို့အသုံးပြုခဲ့သော ယဇ်ပလ္လင်က ယခု မျိုးနွယ်စု၏ တိုက်ခိုက်ရေးနှင့် လေ့ကျင့်ရေးအတွက် စင်မြင့်တစ်ခုဖြစ်လာသည်။

“ ကျီ ”

လီသဲက တိုးညင်းစွာ အော်လိုက်ပြီး ပါးစပ်ဟလိုက်သည်။ ထို့နောက် ၎င်းက အနက်ရောင်ကျောက်တုံးတစ်တုံးကို ထွေးထုတ်လိုက်သည်။

မီးခိုးရောင်ဝံပုလွေ၏ အကြည့်က အနက်ရောင်ကျောက်တုံးပေါ်သို့ ကျရောက်သွားသည့်အခါ အံ့ဩမှုက ၎င်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ အဲ့ဒီကျောက်တုံးထဲမှာ မူလစွမ်းအားရှိတဲ့ပုံပဲ ”

မီးခိုးရောင်ဝံပုလွေ၏ နတ်ဘုရားစိတ်အာရုံကို ကြားသောအခါ လီသဲက ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းညိတ်လိုက်သည်။

“ ဆရာဟန်က လက်နက်နဲ့ ချပ်ဝတ်တွေကို ဖန်တီးဖို့ ဒီလိုကျောက်တုံးတွေကို လိုက်ရှာနေတာမဟုတ်လား ”

“ ငါ မိုင်သုံးသောင်းဧရိယာကို လှည့်ပတ်ရှာပြီးတဲ့နောက် ဒီကျောက်တုံးကို တိမ်ကျတောင်ရဲ့ အောက်ခြေမှာ ရှာတွေ့ခဲ့တယ် ”

လီသဲ၏ နတ်ဘုရားစိတ်အာရုံထဲမှာ မရင့်ကျက်မှုနှင့် ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်က ပါဝင်နေသည်။

ယင်းက ကလေးငယ်တစ်ယောက် အောင်မြင်မှုတစ်စုံတစ်ရာ ရရှိပြီးနောက် လူကြီးထံမှ ချီးကျူးမှုကို တောင်းခံနေသကဲ့သို့ပင်။

“ တိမ်ကျတောင်လား… အဲ့ဒါက ဒီနေရာနဲ့ အရမ်းဝေးတယ် ”

မီးခိုးရောင်ဝံပုလွေက လီသဲကို ကြည့်လိုက်ပြီး မနာလိုစွာ ပြောသည်။

“ မင်းက အရမ်းမြန်တာပဲ ”

မိုင်သုံးသောင်းအကွာအဝေးကို နေ့တစ်ဝက်တည်းနှင့် ပျံသန်းသွားလာနိုင်ခြင်းက မမြန်လွန်းပေဘူးလော။

မဟာတာအိုအကြောင်း သခင်ရှင်းပြသည့်အခါတိုင်းမှာလည်း ထိုကောင်လေးက အလွန်မြန်ဆန်စွာ နားလည်သဘောပေါက်ခဲ့သည်။

ယခင်တစ်ခေါက်မှာ ၎င်း၏ သခင်က လေနှင့်တိမ်၏ မဟာတာအိုအကြောင်း ရှင်းပြခဲ့ကြောင်း မီးခိုးရောင်ဝံပုလွေ မှတ်မိနေသေး၏။ ယင်းက အလျင်၏ ကောင်းချီပေးမှုစွမ်းအား ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က လေနှင့်တိမ်ကို ဆင်ခြင်နားလည်သွားမည်ဆိုလျှင် တစ်ချက်ခုန်လိုက်ရုံဖြင့် မိုင်ရှစ်သောင်းအကွာအဝေးကို ခုန်ပျံကျော်လွှားနိုင်လိမ့်မည်။

ယခု ထိုကောင်လေးမှာ မိုင်သုံးသောင်းအကွာအဝေးကို နေ့တစ်ဝက်တည်းနှင့် ပျံသန်းသွားလာနိုင်စွမ်း ရှိ၏။

သို့ဆိုလျှင် ထိုကောင်လေး အရွယ်ရောက်လာသည့်အခါ ၎င်း၏ သခင် ရှင်းပြခဲ့သည့်အတိုင်း မိုင်ရှစ်သောင်းအကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်နိုင်လိမ့်မည်လော။

“ အဲ့ဒါ ဘာကျောက်တုံးလဲ ကြည့်ကြည့်ရအောင် ”

ဟန်မူယဲ့က ကျောက်တုံးအိမ်အပြင်သို့ ထွက်လျှောက်လာသည်။ သူလက်မြှောက်လိုက်လေရာ ကျောက်တုံးက သူ၏ လက်ဖဝါးပေါ်သို့ ပျံသန်းလာသည်။

ကျောက်တုံးက အနည်းငယ် လေးလံပြီး မူလစွမ်းအားတစ်စွန်းတစ်စကို ထုတ်လွှတ်နေသည်။ ယင်းကို အာရုံခံမိသောအခါ ဟန်မူယဲ့က ခပ်ရေးရေး ပြုံးလိုက်သည်။

“ မာကျောတယ်… မီးဒြပ်စင်ကို ခုခံနိုင်တယ်… အရမ်းမလေးဘူး… ဒီကျောက်တုံးက ချပ်ဝတ်ဖန်တီးဖို့ အရမ်းကောင်းတယ် ”

“ ကျူးရုန်ကို သွားခေါ်လိုက်ပါ… သားရဲစစ်ချပ်ဝတ်အတွက် သင့်တော်တဲ့ သတ္ထုကို ရှာတွေ့ပြီလို့ ”

ယင်းကို ကြားသောအခါ မီးခိုးရောင်ဝံပုလွေက အမြန်ပြေးသွားပြီး ကျူးရုန်ကို သွားရှာသည်။

မျက်မှောက်ကာလတွင် လျောင်ယွမ်မျိုးနွယ်စု၏ ပိုင်နက်က ယခင်ထက် အဆပေါင်းများစွာ ပိုပြီးကျယ်ပြောသွားသည်။ မျိုးနွယ်ဝင်အရေအတွက်သည်လည်း သုံးထောင်ကျော်သွားသည်။

ထိုလူများက တခြားမျိုးနွယ်စုများမှ ဤနေရာသို့ ရွှေ့ပြောင်းလာကြခြင်း ဖြစ်သည်။

ရှေးဦးအပျက်အစီးတောအုပ်က အလွန်ကျယ်ပြောသည်။ တိုတမ်နတ်သားရဲများ၏ အကာအကွယ်မရှိကြသော လူသားမျိုးနွယ်စုများက မနည်းမနောပေ။

ကျူးရုန်က ယဇ်ပလ္လင်၏ အနီးနားမှ တောင်ကုန်းတစ်ခုပေါ်မှာ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။

ထိုနေရာတွင် မည်သည့်အခါမှ မငြိမ်းသတ်သွားမည့် မီးတောက်များ ရှိသည်။ မျိုးနွယ်ဝင်များသည် အဝေးမှပင် တောင်ကုန်းပေါ်မှ မီးတောက်များကို လှမ်းမြင်နိုင်သည်။

မည်သူမှ သတိမထားမိခင်မှာ ကျူးရုန်က လျောင်ယွမ်မျိုးနွယ်စု၏ တိုတမ်နတ်သားရဲသဖွယ် အစွမ်းထက်တည်ရှိမှုတစ်ခု ဖြစ်လာသည်။

သို့သော်လည်း လျောင်ယွမ်မျိုးနွယ်စုသည် တိုတမ်နတ်သားရဲထံ ယဇ်ပူဇော်သော ဓလေ့ကို နောက်ထပ် မပြုလုပ်တော့ချေ။

အချိန်တစ်ခဏကြာပြီးနောက် မီးခိုးရောင်ဝံပုလွေက ပြန်ရောက်လာသည်။ တစ်ချိန်တည်းမှာ ကျူးရုန်က အော်သံနက်ကြီးက လေထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ဆရာဟန်က ကျုပ်ကို ရှာနေတယ်ဆို ”

ဟန်မူယဲ့ထံမှ မဟာတာအိုအကြောင်းကို သင်ကြားခွင့်ရရှိပြီးနောက် ကျူးရုန်က သူ့ကိုယ်သူ ဟန်မူယဲ့၏ တပည့်တစ်ယောက်အဖြစ် သတ်မှတ်လိုက်သည်။ သူက ဟန်မူယဲ့ကို ညီအကိုတစ်ယောက်ကဲ့သို့ ဆက်ပြီး သဘောမထားဝံ့တော့ချေ။

ဟန်မူယဲ့က ပြုံးလိုက်ပြီး အနက်ရောင်ကျောက်တုံးကို ကျူးရုန်ဆီသို့ ပစ်ပေးလိုက်သည်။

ကျူးရုန်က ကျောက်တုံးကို ဖမ်းယူလိုက်ပြီး စစ်ဆေးကြည့်လိုက်လေရာ မီးတောက်တစ်ခုက သူ၏ လက်ဖဝါးထဲမှ ထွက်ပေါ်လာသည်။ မီးတောက်က ကျောက်တုံးကို လွှမ်းခြုံသွားသည့်အခါ ငွေရောင်စေးပျစ်ပျစ်အရည်က မြေပေါ်သို့ တတောက်တောက် ကျဆင်းသွားသည်။

မီးတောက်မူလစွမ်းအားကို ထုတ်လွှတ်နိုင်သော ကျူးရုန်ဆီမှာသာ ထိုသို့လုပ်ဆောင်နိုင်စွမ်း ရှိသည်။

သို့မဟုတ်လျှင် ကျောက်တုံးက ထိုသို့အလွယ်တကူ အရည်ပျော်သွားလိမ့်မည် မဟုတ်ချေ။

“ အရမ်းကောင်းတယ်… ဒီဟာက အရည်အသွေးမြင့်တဲ့ ဝိညာဉ်သံမဏိကျောက်ပဲ ”

ဝမ်းသာပျော်ရွှင်သော အမူအရာက ကျူးရုန်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်နှင့် သူက မီးအပူရှိန်ကို ထပ်မံ တိုးမြှင့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သံမဏိကျောက်က လက်သီးဆုပ်အရွယ်ခန့် အလုံးတစ်လုံးအဖြစ် အသွင်ပြောင်းလဲသွားသည်။

တဖန် သူ၏ လက်ဖဝါးပေါ်မှ မီးတောက်က အပြာရောင်သို့ ပြောင်းလဲသွားပြီး သံမဏိအလုံးကို ရစ်ပတ်သွားသည်။

အပြာရောင်မီးတောက်က အေးစက်စက်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ မီးတောက်က သံမဏိအလုံးကို ရစ်ပတ်သွားသည်နှင့် အပူတစ်လှည့် အအေးတစ်လှည့်ကို ဖြစ်ပေါ်စေသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ကျူးရုန်၏ မီးတောက်ထိန်းချုပ်နိုင်စွမ်းက မြင့်မားသော အဆင့်တစ်ခုထိ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားပေသည်။

“ မင်းက လီသဲနဲ့အတူ လူတချို့ကို ခေါ်ပြီး အဲ့ဒီသံမဏိကျောက်ကို သွားတူးပါ… အခုက သားရဲစစ်ချပ်ဝတ်တွေ ဖန်တီးဖို့ သင့်တော်တဲ့ အချိန်ပဲ ”

“ ဒီရက်အနည်းငယ်အတွင်းမှာ သားရဲစစ်တပ်က ချပ်ဝတ်တွေ ဝတ်ဆင်နိုင်ကြလိမ့်မယ် ”

ဟန်မူယဲ့က သူ့ဘေး၌ ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် မတ်တတ်ရပ်နေသည့် လီသဲကို လက်ညှိုးညွှန်ပြလိုက်ပြီး ပြောသည်။

ဤနေရာက ရှေးဦးအပျက်အစီးတောအုပ်ဖြစ်ပြီး ဤနေရာတွင် မိုးမြေစွမ်းအားက တည်ငြိမ်သည်။

အကယ်၍ လူသားမျိုးနွယ်က ပိုပြီးသန်မာချင်သည်ဆိုလျှင် သူတို့က ကျူးရုန်ကဲ့သို့ ကိုယ်ပိုင်သွေးမျိုးဆက်ကို နိုးထခြင်း သို့မဟုတ် ပြင်ပလက်နက်များကို မှီခိုအားထားရလိမ့်မည်။

လျောင်ယွမ်မျိုးနွယ်စုမှ လူများသည်လည်း ကျင့်ကြံနေကြသည်။ သို့သော်လည်း ကျင့်ကြံခြင်းဟူသည် နေ့ချင်းညချင်း အောင်မြင်နိုင်သောအရာ မဟုတ်ပေ။ အချိန်တိုလေးအတွင်း မြန်ဆန်စွာ အင်အားတိုးမြှင့်နိုင်ရေးအတွက် သူတို့က စီးတော်မိစ္ဆာသားရဲများနှင့် လက်နက်များအပေါ် မှီခိုအားထားရလိမ့်မည်။

ယင်းက ဟန်မူယဲ့နှင့် ကျူးရုန် နှစ်ရှည်လကြာ အစီအစဉ်ဆွဲနေခဲ့သောအရာ ဖြစ်၏။

“ ကောင်းပြီ… လီသဲ… နောက်ကျရင် သွေးမျိုးဆက်ကျောက်တုံးတွေကို မင်းစိတ်ကြိုက်ယူစားနိုင်ပြီ ”

ကျူးရုန်က လီသဲကို အပြုံးဖြင့် ပြောသည်။

ထိုစကားကို ကြားသောအခါ လီသဲက စိတ်လှုပ်ရှားစွာ အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။

တစ်ရက်ကြာပြီးနောက် ကျူးရုန်သည် လီသဲနှင့် လွင့်မျောမိုးတိမ်သားရဲ၏ ကာကွယ်ပေးမှုအောက်မှာ မိုင်သုံးသောင်းကျော် အကွာအဝေးမှ တိမ်ကျတောင်ဆီသို့ ထွက်ခွာရန် မျိုးနွယ်ဝင်ရှစ်ရာကျော်ကို ဦးဆောင်လိုက်သည်။

ပထမအသုတ် သံမဏိကျောက်များကို တူးဖော်ပြီး မျိုးနွယ်စုဆီသို့ ပြန်သယ်ဆောင်လာသည်နှင့် သူတို့က ချပ်ဝတ်များကို စတင်သန့်စင်နိုင်လိမ့်မည်။

“ မိုင်သုံးသောင်းအကွာအဝေးက မနီးဘူး… ပြီးတော့ ခရီးတစ်လျှောက်မှာ နတ်သားရဲတွေ၊ မိစ္ဆာသားရဲတွေနဲ့ တခြားလူသားကလန်တွေ ရှိတယ်… ခရီးစဉ် ချောမွေ့ဖို့ မလွယ်ကူဘူး ”

ကျူးရုန်သည် မထွက်သွားခင် ဟန်မူယဲ့ဆီသို့ ရောက်လာပြီး အကြံဉာဏ်တောင်းသည်။ ထိုစဉ်က ဟန်မူယဲ့က သူ့ကို ဤသို့ပြန်ပြောခဲ့သည်။

“ တကယ်လို့ မင်းတိုက်ခိုက်ချင်တယ်ဆိုရင် ဘာမှထိန်ချန်မထားနဲ့ ”

ဟန်မူယဲ့ လက်မြှောက်လိုက်သည့်အခါ ရွှေရောင်နတ်ဘုရားအင်းသင်္ကေတတစ်ခုက ကျူးရုန်၏ လက်ဖဝါးပေါ်သို့ ကျဆင်းသွားသည်။

မဟာတာအိုနတ်ဘုရားအင်းသင်္ကေတ… ။

ထိုနတ်ဘုရားအင်းသင်္ကေတက ဟန်မူယဲ့၏ စွမ်းအားကို ချေးငှားနိုင်သည်။

နတ်ဘုရားအင်းသင်္ကေတက ကျူးရုန်၏ လက်ဖဝါးပေါ်သို့ ကျဆင်းသွားသည့်အခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ မီးတောက်များက ပေါက်ကွဲသွားတော့မည်ဟု သူခံစားမိသွားသည်။

ကံကောင်းစွာဖြင့် ယခု သူက မီးတောက်မူလစွမ်းအားကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်နေပြီ ဖြစ်၏။ သူလက်မြှောက်လိုက်သည့်အခါ ရွှေရောင်အလင်းက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာပြီး နတ်ဘုရားအင်းသင်္ကေတကို ဖိနှိပ်လိုက်သည်။

နတ်ဘုရားအင်းသင်္ကေတစွမ်းအားက ငြိမ်သက်သွားသည့်အခါ အင်းသင်္ကေတက တစ်လက်မခန့်ရှိသော မြွေသေးသေးလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ကျူးရုန်သည် ဟန်မူယဲ့၏ ကျောက်တုံးအိမ်ထဲမှ ပြန်ထွက်လာသည်နှင့် အံ့ဩမှုကြောင့် နှလုံးတုန်ယင်သွားသည်။

မီးတောက်စွမ်းအားအပေါ် ဆရာဟန်၏ နားလည်သဘောပေါက်မှုက မည်မျှနက်နဲသိမ်မွေ့ကြောင်း သူစိတ်ကူးမကြည့်နိုင်တော့ပေ။

သူက ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် ကျောက်တုံးစင်မြင့်ဆီသို့ ရောက်ရှိသွားသည်။

ယင်းက အတိတ်မှာ မျိုးနွယ်စု၏ မီးတောက်ယဇ်ပလ္လင်ဖြစ်ခဲ့သည်။

ဤအခိုက်အတန့်မှာ ကျောက်တုံးစင်မြင့်အောက်တွင် လျောင်ယွမ်မျိုးနွယ်ဝင်များက တည်ကြည်လေးနက်စွာ မတ်တတ်ရပ်နေကြသည်။

ယခင် လျောင်ယွမ်မျိုးနွယ်စုထဲမှာ စည်းမျဉ်းအများကြီး မရှိပေ။ မျိုးနွယ်ဝင်များက လွတ်လပ်စွာ ပြုမူဆောင်ရွက်ကြလေ့ ရှိသည်။

ဟန်မူယဲ့က သူတို့ကို ကျင့်ကြံခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုအကြောင်း သင်ကြားပေးပြီးသည့်နောက်မှာ ယခင်က မရှိခဲ့ဖူးသော စည်းမျဉ်းအသစ်များက ထွက်ပေါ်လာသည်။

ကျူးရုန်က ကျောက်တုံးစင်မြင့်ပေါ်သို့ ခုန်တတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူက မြေပြင်ပေါ်မှ လူများကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ထွက်ခွာကြမယ် ”

All Chapters