← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၂)

Vol. 120 Ch. 1678

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၂)

Vol. 120 Ch. 1678

“ငါ့ကို မသိသလိုပဲနေ...”

ရုတ်တရက် အသိစိတ် ပင်လယ် အတွင်း တိုးဝင်လာသည့် ဝိညာဉ် ဆက်သွယ်မှုကြောင့် လင်းကျိရန် အံ့ဩသွားကာ လှည့်ကြည့်လိုက်၏။ ထိုအခါ စန်းယွန်းလီနှင့် ဝမ်မင်ယာတို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

“အမကြီး ယွန်းလီ...”

စန်းယွန်းလီ အသက်ရှင်လျက် ကောင်းကောင်းမွန်မွန် ရှိနေသည်ကို တွေ့မြင်လိုက်ရလေရာ ယီယွင် တစ်ယောက်ကတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့၏။

အခြား မိန်းကလေး တစ်ယောက်အား နှုတ်ဆက်ရန် အလျှင်အမြန် ပြေးထွက်သွားသည့် ယီယွင်ကို ကြည့်ရင်း ယီရွှယ်ဟန် နှုတ်ခမ်းကို မဲ့လိုက်မိသည်။ လက်ရှိ မည်ကဲ့သို့ ခံစားနေရသည်ကို တိတိကျကျ မဖော်ပြတတ်သော်လည်း သူမ မကြိုက်တာကတော့ အမှန်ပင်။

စန်းယွန်းလီက အချိန်မဖြုန်းပါချေ။ လင်းကျိရန်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် မည်သူ ဖြစ်ကြောင်း သူမ သိရှိလိုက်သည်။ ထိုမိန်းကလေးမှာ ဝေ့ဝူယင်၏ ချစ်သူများထဲမှ တစ်ယောက် ဖြစ်နိုင်သည်။ ဝေ့ဝူယင် အကြောင်း ထောက်လှမ်းရရှိသည့် အချက်အလက် တော်တော်များများက ထိုအချင်းအရာကို အတည်ပြုနေသည်။ တစ်ခါတုန်းက ထိုမိန်းကလေးမှာ သေလုမြောပါး ဒဏ်ရာများ ရရှိကာ ဒုက္ခိတ တစ်ပိုင်းအထိ ဖြစ်ခဲ့သည်။ ဝေ့ဝူယင်က သူမ၏ အသက်ကို ပြန်လည် ကယ်တင်ကာ ဘဝသစ်၊ ရည်ရွယ်ချက်သစ်များနှင့် ပြန်လည် မွေးဖွားစေခဲံသည်။

“ရှောင်ယန်ယွဲ့ကို ရှာဖို့ ဒါကို သုံးလိုက်...”

စန်းယွန်းလီက ပုလဲကို ထုတ်ပေးလိုက်၏။

“...”

ယီယွင်မှာ အံ့ဩသွားခဲ့သော်လည်း များများစားစား စဉ်းစားခြင်း မပြုပါချေ။ သူက ပုလဲကို လက်ခံကာ ၎င်းထံမှ ပြင်းပြသည့် ရနံ့ကို ရှူသွင်းလိုက်၏။ ထို့နောက် မျက်လုံးများကို မှိတ်ကာ ဦးခေါင်းကို မော့ရင်း အသက်ကို ညင်သာစွာ ရှူလိုက်သည်။

ဝမ်မင်ယာ၊ လင်းကျိရန်နှင့် ယီရွှယ်ဟန်တို့မှာ ယီယွင်ကို စိတ်ဝင်တစား ကြည့်နေကြ၏။ ထိုမျိုးစပ်၌ မည်သည့် စွမ်းရည်မျိုး ရှိနေသနည်း။ ခွေးမျိုးရိုး သွေးမျိုးဆက် မဟုတ်ပဲ အနံ့အာရုံကို အားကိုး၍ အရာဝတ္ထုများအား ရှာဖွေနိုင်သည့် စွမ်းရည်မျိုး သူတို့ မကြားဖူးကြချေ။

“တွေ့ပြီ... သူ့ကို တွေ့ပြီ...”

နှစ်စက္ကန့် အကြာ၌ ယီယွင်က ပြောလိုက်၏။ အားလုံး၏ နှလုံးသားများက အနည်းငယ် တုန်ခါ သွားခဲ့သည်။

စန်းယွန်းလီမှာ အံအားသင့် သွားခဲ့၏။ ထိုမျှလောက် လျှင်မြန်သလော။ ယီယွင်၏ ပုံမှန် မဟုတ်သည့် အနံ့ခံအာရုံကို သူမပင်လျှင် အကျွမ်းတဝင် မရှိခဲ့ချေ။

ဆန်ယုံလီသည် အံ့အားသင့်ခဲ့သည်။ ထိုမျှလောက် လွယ်ကူသလား? ရီယွန်၏ ပုံမှန်မဟုတ်သော အနံ့ခံအာရုံနှင့် သူမပင်လျှင် အလွန်အကျွမ်းတဝင် မရှိခဲ့ပေ။

“သွားကြမယ်...”

စန်းယွန်းလီ များများစားစား မစဉ်းစားတော့ပဲ ယီယွင်ကို ခါးမှ ဆုပ်ကိုင်လိုက်၏။

“ဘယ်နေရာကို သွားရမလဲ...”

ယီယွင်က လမ်းကြောင်း တစ်ခုကို ညွှန်ပြလိုက်သည်။ စန်းယွန်းလီမှာ ထိုအရပ်မျက်နှာသို့ ဦးတည်ကာ ကောင်းကင်သို့ ပျံတက်သွားခဲ့တော့သည်။

“...”

ဝမ်မင်ယာက အခြား မိန်းကလေး နှစ်ယောက်ကို ကြည့်ကာ နောက်မှ လိုက်သွားခဲ့၏။ လင်းကျိရန်၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေသည်။ သူမသည်လည်း တုန့်ဆိုင်းခြင်း မရှိပါချေ။

စန်းယွန်းလီက ယီယွင်အား ကိုင်ထားသည့်ပုံကို ကြည့်ကာ ယီရွှယ်ဟန် စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ ထိုမိန်းကလေးက ယီယွင်ကို သူ့ လက်ခုပ်ထဲမှ ရေလို သဘောထား နေသည်လား။ ရုတ်တရက် မနာလို ဖြစ်နေကြောင်း မိမိကိုယ်ကို သဘောပေါက်လိုက်လေရာ ယီရွှယ်ဟန်၏ မျက်လုံးများမှာ ပြူးကျယ်လာခဲ့၏။ ထိုနှစ်ယောက်ကို သူမ အဘယ်ကြောင့် မနာလို ဖြစ်ရမည်နည်း။ သူမ အံကို တင်းတင်းကြိတ်ရင်း လေကို ရှူထုတ်လိုက်သည်။ မည်သို့ပင် ဆိုစေ... ယီယွင်မှာ သူမ အသက်ကို ကယ်တင်ထားသူ ဖြစ်သည်။ သူ့ကို အန္တရာယ် အတွင်း တစ်ယောက်တည်း ဝင်ခွင့် မပြုနိုင်ချေ။

ဝှစ်... ဝှစ်...

မိန်းကလေးမှာ အလွယ်တကူပင် နောက်မှ လိုက်မှီသွားခဲ့၏။ ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့်တိုင် သူမမှာ သေမျိုးတစ်ပိုင်း အရှင် တစ်ဦး ဖြစ်နေသေးသည် မဟုတ်ပါလား။

....

“အကိုကြီးယောင်...”

ရွှေဖုန်းပေါင်က ခေါ်လိုက်ရင်း မီးတောက်များကို မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ယောက်ထံသို့ ဦးတည်၍ ပစ်လွှတ်လိုက်သည်။

ထိုမကောင်းဆိုးဝါ စောင့်ကြပ်သူမှာ လောဘအလင်းရောင်များ တဖိတ်ဖိတ် တောက်ပနေသည့် မျက်ဝန်းများနှင့် သူတို့ထံသို့ ဦးတည် ပြေးဝင်လာခဲ့ခြင်း ဖြစ်သည်။ တမုဟုတ်ချင်းပင် မီးတောက်မီးလျှံများမှာ သူ့တစ်ကိုယ်လုံးကို ဝါးမြိုသွားခဲ့၏။ ထိတ်လန့်တကြား အော်ဟစ်သည့် စူးစူးဝါးဝါး အသံများ ထွက်ပေါ်လာပြီး မကြာခင် အရေခွံ လောင်ကျွမ်းသည့် ရနံ့များ ထွက်ပေါ်လာခဲ့၏။

လျှို့ဝှက် ကြယ်တာရာ အဆင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ တစ်ခဏအတွင်းမှာပင် နာကျင်ဖွယ် သေခြင်းတရားနှင့် ကြုံတွေ့သွားခဲ့ရပြီ ဖြစ်သည်။

တရားခံဖြစ်သူ ရွှေဖုန်းပေါင်ကတော့ ယောင်ဟုန်ရီ၏ နံဘေးတွင် စိတ်မရှည်သည့် အမူအရာဖြင့် မျက်မှောင်ကြုတ် နေခဲ့၏။ လေးသမားမှာ ယခုအချိန်အထိ မလှုပ်ရှားသေးချေ။ မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ တစ်ယောက်ပြီး တစ်ယောက် သူတို့ထံသို့ တိုးဝင်လာနေသော်လည်း ယောင်ဟုန်ရီက ထိုသတ္တဝါ အားလုံးအား ကိုင်တွယ်ရန် အတွက် တာဝန်ကို သူ့အတွက်သာ ချန်ထားခဲ့သည်။

မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ များစွာ အားကောင်းခြင်း မရှိသော်လည်း ရွှေဖုန်းပေါင် သိပ်စိတ်မရှည်တော့ချေ။ အခြားတစ်ဖက်၌ ယောင်ဟုန်ရီကတော့ မျက်လုံးကို အဝတ်ဖြင့် စည်းထား၏။ သူ၏ မျက်နှာ အမူအရာက တည်ငြိမ်နေကာ နှုတ်ခမ်းမှ မျက်ခုံးအထိ ဖတ်ရှုလို့ မရပါချေ။ သူက လေထဲတွင် တိတ်ဆိတ်စွာ ဝဲပျံနေ၏။

“အကိုကြီးယောင်...”

ရွှေဖုန်းပေါင်က နောက်တစ်ကြိမ် အော်ခေါ်လိုက်သည်။ ဤတစ်ကြိမ်၌ သူက စကျင်ကျောက် အသားအရေ ပိုင်ရှင် မကောင်းဆိုးဝါး စောင့်ကြပ်သူထံမှ လာသည့် ဝိညာဉ်အသံလှိုင်းများကို တန်ပြန်ရန် ကျင့်စဉ် တစ်ခုကိုပါ ထုတ်လွှတ်လိုက်၏။ ထိုမိန်းမမှာ ရပ်နားခြင်း မရှိပဲ မိုင်ထောင်ပေါင်းများစွာကို ဖြန့်ကျက်ကာ အဆက်မပြတ်ပင် တိုက်ခိုက် နေခဲ့သည်။ မကြာခဏ ဆိုသလို အာဏာရှင်များပင်လျှင် အာရုံပျက်သွားခြင်းကြောင့် အသက်များကို ဆုံးရှုံးနေရသည်။

“ဒီမိန်းမ...”

ရွှေဖုန်းပေါင်၏ မျက်နှာ အမူအရာက သိသိသာသာပင် မှောက်မိုက်သွားကာ ဘယ်ဘက် မျက်လုံးထောင့်မှ ပွက်ပွက်ဆူနေသည့် အရည်များ ယိုစိမ့်ကျလာခဲ့၏။ ပါးထက်ထိ ဆက်လက် စီးကျလာသည့် သွေးကို သူ လက်ဖြင့် သုတ်ပစ်လိုက်သည်။ ရွှေဖုန်းပေါင်မှာ ကြယ်တာရာ အမြုတေ အဆင့်ရှစ် လောကီမျက်လုံး အဆင့်ကို မကြာသေးခင်ကမှ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သူ့ထံတွင် မီးနှလုံးသား ရည်ရွယ်ချက်၊ ထူးခြားသည့် ဝိညာဉ် အင်အားနှင့် မီးတာအို အော်ရာတို့ ရှိသော်လည်း ၎င်းကို ကာကွယ်ဖို့ အတွက်က စိန်ခေါ်မှု အလွန် ကြီးမားသည့် အလုပ် ဖြစ်သည်။

မူလ အာဏာရှင် တစ်ယောက် ပင်လျှင် ထိုမျှ ကြီးမားသည့် သက်ရောက်မှုများကို ခံစားနေရပါက အခြားလူများ ဆိုလျှင် မည်ကဲ့သို့ ခံစားနေရမည်ကို စိတ်ကူးယဉ် ကြည့်နိုင်ပေသည်။

မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ဦးတည်းကပင် အာဏာရှင်များ၏ နယ်မြေ ပိုင်စိုးမှုကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ သို့သော်လည်း... သူမက သာမန် မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ဦး မဟုတ်ချေ။ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသည့် မြေကြီး ရှန့်ထို အဆင့် ဝိညာဉ် ကျင့်ကြံသူ ဖြစ်သည်။ ထို့အပြင်... သူမမှာ နယ်မြေ ကျွမ်းကျင်မှု အပြင် မကောင်းဆိုးဝါး ကျင့်ကြံသူ တစ်ဦး၏ ဆိုးယုတ်သော နည်းလမ်းများကို ပိုင်ဆိုင်ထားသည်။

အမှန်တကယ်အားဖြင့် မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူသာ ယီရွှယ်ဟန်ကို အာရုံစိုက်ခဲ့ခြင်း မရှိပါက၊ ထိုမှ တစ်ဆင့် ရှောင်ယန်ယွဲ့နှင့် ရင်ဆိုင်ခဲ့ခြင်း မရှိပါက… သူ့ကြောင့် ဖြစ်ပေါ်လာခဲ့ သက်ရောက်မှုများမှာလည်း စကျင်ကျောက် အသားအရေ ပိုင်ရှင် မကောင်းဆိုးဝါး စောင့်ကြပ်သူထက် လျော့နည်းလိမ့်မည် မဟုတ်ပါချေ။

ဝှစ်...

ရုတ်တရက် သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်၏ ဝိညာဉ် အော်ရာမှာ သူတို့ အပေါ်သို့ ကျဆင်းလာခဲ့၏။ ထို့နောက်... မြူခိုးများနှင့် လွှမ်းခြုံနေသည့် စိမ်းပြာရောင် အလင်းတန်း တစ်ခုမှာ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် အပြည့်နှင့် သူတို့ထံသို့ အလျှင်အမြန် ပျံသန်းလာနေခဲ့သည်။ သူက လျှို့ဝှက် တစ်ပိုင်း အဆင့်အတွင်းကိုပင် ဝင်ရောက်ထား၏။

“အကိုကြီးယောင်...”

ထိုနားမလည်နိုင်သည့် အော်ရာက သူတို့ နှစ်ယောက်အား အာရုံ စူးစိုက်မှု အပြည့်ဖြင့် ပစ်မှတ်ထားနေသည်ကို ခံစားမိပြီးနောက် ရွှေဖုန်းပေါင်က အော်ခေါ်လိုက်၏။

“...”

သို့သော်လည်း ယောင်ဟုန်ရီမှာ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူ၏ မျက်နှာ အမူအရာက မပြောင်းလဲပါချေ။ ရွှေဖုန်းပေါင် အံကို တင်းတင်းကြိတ်လိုက်ရင်း ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများကို စုစည်းကာ လျှို့ဝှက် တစ်ပိုင်း အဆင့်ကို ထုတ်ဖော်ထားသည့် သေမျိုးတစ်ပိုင်း အရှင်ထံသို့ အလျှင်အမြန် ပြေးဝင်သွားခဲ့လေ၏။

ဘုန်း...

သူတို့ နှစ်ယောက် ထိပ်တိုက် တွေ့ဆုံသည်နှင့် အလွန် တောက်ပလှသည့် အလင်းတန်းများ ဖြစ်ပေါ်လာကာ မီးလျှံနှင့် မြူခိုးများမှာ နေရာတိုင်းကို ပက်ဖျန်း သွားလေတော့သည်။

***

All Chapters